အခန်း(၁၃၇) သန်းချီအမြတ်ကြောင့် လင်းဖန် ချမ်းသာလာခြင်း၊ မိန်းမဖြစ်သူနဲ့ မိသားစုဂုဏ်ချင်း ယှဥ်ပြိုင်ခြင်း
Vol. 10 Ch. 137
အခန်း(၁၃၇) သန်းချီအမြတ်ကြောင့် လင်းဖန် ချမ်းသာလာခြင်း၊ မိန်းမဖြစ်သူနဲ့ မိသားစုဂုဏ်ချင်း ယှဥ်ပြိုင်ခြင်း
iQiyi လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
ဒီရုပ်သံဒရမ်မာက ယွဲ့ဟွာကိုပဲ စျေးကွက်တန်ဖိုး မြင့်တက်အောင် ကူညီပေးခဲ့တာ မဟုတ်ပါ။
Tencent Arts နဲ့ iQiyi တို့ကိုလည်း ဝင်ရောက်သူ များပြားစေခဲ့ပါသည်။
လက်ရှိ ခေတ်က ဒီလိုပင်။ လူကြိုက်များမှုက ဘုရင်တစ်ပါး ဖြစ်သည်။
သို့သော်လည်း ဒီလိုဝင်ရောက်သူများပြားစေဖို့ လိုအပ်ချက်ကတော့ လက်ရာကောင်းကောင်း ရှိထားဖို့ ဖြစ်ပါသည်။
ကုမ္ပဏီကြီးနှစ်ခုက ဘဝရဲ့ပျော်ရွှင်မှု ထုတ်လွှင့်ပြသမူပိုင်ခွင့်ကို ဝယ်ယူခဲ့ကြသည်။ ထို့ကြောင့်လည်း အခုလို အောင်မြင်သွားရခြင်း ဖြစ်သည်။
အမှန်ပင်။ အောင်မြင်မှုဆိုတာ ကြာရှည်မခံပေ။
Nokia နဲ့ Subor တို့လည်း တစ်ချိန်က အောင်မြင်ခဲ့ဖူးသည်။
ဒီခေတ်မှာ ခေတ်ရေစီးကြောင်းကိုလည်း လိုက်တတ်ဖို့လိုသည်။
ကုမ္ပဏီကြီးနှစ်ခု အောင်ပွဲခံပြီးနောက် ၎င်းတို့၏ အနာဂတ် ဗျူဟာများကို အမြန်ဆုံးဖြတ်ကြပါသည်။
Tencent Arts စီအီးအိုက အစည်းအဝေးပွဲတစ်ခုကို ကျင်းပသည်။
စီအီးအိုက ပြောလိုက်၏။ "အားလုံးပဲ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာရဲ့ လူကြိုက်များမှုကို မြင်တွေ့ပြီးကြပြီလို့ ယုံကြည်ပါတယ်။ ကျုပ်ပြောချင်တာကတော့ အပြင်လူတွေက ဒီရုပ်သံဒရမ်မာဟာ ဘာကြောင့် နာမည်ကြီးလာသလဲဆိုတာ နားမလည်လောက်ဘူး။ ဒါပေမယ့် ဒီရုပ်သံဒရမ်မာက လင်းဖန် မပါဘဲ ဖြစ်မလာဘူးဆိုတာကိုတော့ ကျုပ်တို့အားလုံး သိကြတယ်။”
စီးပွားရေးဌာနခေါင်းဆောင်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဇာတ်ညွှန်းပဲဖြစ်ဖြစ်၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေပဲဖြစ်ဖြစ်၊ နောက်ဆက်တွဲတည်းဖြတ်ရေးက အသေးစိတ်တွေကအစ လင်းဖန်နဲ့ ဆက်နွယ်နေတယ်။ လင်းဖန်က ပါရမီရှင်တစ်ယောက်ပဲ။"
Tencent Arts စီအီးအိုက ဆက်ပြော၏။ "ဟုတ်ပါတယ်။ ကျုပ်အမြင်မှာတော့ လင်းဖန်က ပါရမီရှင်ဆိုတာထက်တောင် ပိုတယ်။ နောက်ဆက်တွဲတည်းဖြတ်ရေးမှာ သူ ဘာတွေလုပ်ခဲ့လဲ မသိပေမယ့် လက်ရာမြောက်တဲ့ ဇာတ်ညွှန်းကိုတော့ သေချာပေါက် လင်းဖန် ရေးခဲ့တာပါ။ ရုပ်သံစီးရီးရဲ့ ခေါင်းဆောင် မင်းသားကလည်း လင်းဖန် သရုပ်ဆောင်ထားတာပဲ။”
"ကျုပ်ပြောချင်တာက ကုမ္ပဏီက ချက်ချင်းပဲ လင်းဖန်နဲ့ ယွဲ့ဟွာဖျော်ဖြေရေးကို ဆက်သွယ်ပြီး ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ဝယ်ယူဖို့ ငွေတွေ အများကြီး သုံးတော့မယ် ဆိုတာပါပဲ။” Tencent Arts ၏ စီအီးအိုက ပြောလိုက်သည်။
အားလုံး စီအီးအိုကို ကြည့်လိုက်ကြပြီး ထိတ်လန့်သွားကြ၏။
ဒါ ဘော့စ်တစ်ယောက်ရဲ့ အမြော်အမြင်လား။
ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေး မစရသေးဘဲ၊ ဇာတ်ညွှန်းတောင် မပြီးသေးဘဲ Tencent Arts ၏ စီအီးအိုက ဒုတိယတွဲအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်နေလေပြီ။
သူတို့ လက်ဦးမှု ရယူချင်နေပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ အောင်မြင်မှုကြောင့်ပဲ Tencent Arts မြန်မြန် လှုပ်ရှားရခြင်း ဖြစ်ပါသည်။
ဒါက လင်းဖန်အပေါ် သူတို့၏ ယုံကြည်မှု ဖြစ်ပါသည်။
လင်းဖန်သာ ရှိနေပါက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ၏ ဇာတ်ညွှန်းက သေချာပေါက် ဆိုးမှာ မဟုတ်မှန်း ယုံကြည်ပါသည်။
ဒီလို ဇာတ်ဝင်ခန်းများကို ရိုက်ကူးခြင်း၊ နောက်ဆက်တွဲတည်းဖြတ်မှု၊ သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်တို့နဲ့တင် Tencent Arts ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို တန်းဝယ်ယူဖို့ အကြောင်းပြချက် လုံလောက်ပါပြီ။
တစ်ချိန်တည်းမှာပင် iQiyi ကလည်း လှုပ်ရှားသည်။ Tencent Arts လိုပဲ သူတို့ ယွဲ့ဟွာဖျော်ဖြေရေးကို ကြိုတင်ဆက်သွယ်ခဲ့ပါသည်။
ကုမ္ပဏီကြီးနှစ်ခုက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် ရင်းနှီးမြှုပ်နှံသူများပင် ဖြစ်ချင်နေကြပါသည်။
ဒီဒရမ်မာ၏ လူကြိုက်များမှုက ဖျော်ဖြေရေး လောကတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
ကုမ္ပဏီများစွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲတွင် ရင်းနှီးမြှုပ်နှံချင်နေပါသည်။
တစ်နည်းအားဖြင့် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် ရင်းနှီးမြှုပ်နှံသူ မရှားတော့ပေ။
ရင်းနှီးမြှုပ်နှံသူအားလုံးနီးပါးက ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ ၏ အောင်မြင်မှုကို မြင်ပြီးကြပါပြီ။
ထုတ်လွှင့်ပြသခွင့်အတွက် ယှဥ်ပြိုင်တိုက်ခိုက်ဖို့ Tencent Arts နဲ့ iQiyi တို့ တစ်ချိန်တည်းမှာပဲ လှုပ်ရှားကြပါသည်။
တစ်ချိန်တည်းမှာပင် ယွဲ့ဟွာက ထိုကုမ္ပဏီနှစ်ခုနဲ့ သဘောတူစာချုပ် ချုပ်ခဲ့ပါသည်။
သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ၃ နှစ်အတွင်း ထုတ်လွှင့်လိမ့်မည်ဟုသာ အာမခံနိုင်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ ထုတ်လွှင့်နိုင် မထုတ်လွှင့်နိုင်ခြင်းက လင်းဖန် ဇာတ်ညွှန်းကို ရေးနိုင် မရေးနိုင်အပေါ်မှာ မူတည်နေပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် ထုတ်လွှင့်ပြသမူပိုင်ခွင့်များကို သန်း ၁၈၀ ဖြင့် ရောင်းခဲ့ပါသည်။
ပထမတွဲနဲ့ ယှဥ်ကြည့်ပါက ထုတ်လွှင့်ပြသခွင့်များမှာ ၂ ဆနီးပါး တိုးသွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ကုမ္ပဏီကြီးများစွာမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ထောက်ခံချက်များလည်း ပေါ်လာပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးတစ်ခုလုံး အလုပ်များနေခဲ့သည်။
ဘဝရဲ့ပျော်ရွှင်မှုက အလွန်အမင်း ရေပန်းစားပြီး ဒီရုပ်သံဒရမ်မာ၏ ရင်းနှီးမြှုပ်နှံသူတစ်ယောက် အနေဖြင့် လင်းဖန် အကျိုးအမြတ် အများကြီး ရခဲ့ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေး၊ ရုံးခန်းထဲတွင်။
စီအီးအိုလီက လင်းဖန်ကို ပြုံးကာ ကြည့်လိုက်ပါသည်။ "လင်းဖန် ဒီအချိန်တောအတွင်း ဘဝရဲ့ပျော်ရွှင်မှုကနေ ရတဲ့ အမြတ်အစွန်းက သန်း ၆၀၀ တောင် ရှိသွားပြီ"..."
"အမြတ် သန်း ၆၀၀ ဆိုတာ ငါတို့ တစ်ခါမှ မမျှော်မှန်းဖူးတဲ့ ပမာဏပဲ။ မင်းကလည်း ဒီရုပ်သံဒရမ်မာရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဆိုတော့ ကုမ္ပဏီက မင်းကို အမြတ်ငွေ သန်း ၂၀၀ ပေးမယ်။ ဘယ်လို သဘောရလဲ" စီအီးအိုလီက ပြုံးလိုက်၏။
လင်းဖန်သာ ဒီရုပ်သံဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံခြင်း မပြုခဲ့ပါက ဒီလောက် ငွေအများကြီး ရလာမှာ မဟုတ်ပါ။
တစ်နည်းအားဖြင့် လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှုမှ သန်း ၂၀၀ ကျော်ရခဲ့ပါသည်။
ဒါကလင်းဖန် ထောက်ခံချက်များလည်း လက်မခံ၊ ကြော်ငြာများ မရိုက်ခဲ့သောကြောင့် ဖြစ်သည်။မဟုတ်ပါက ဒီ့ထက်တောင် ငွေတွေ အများကြီး ပိုရနိုင်ပါသည်။
ယွမ်သန်း ၆၀၀၏ သုံးပုံတစ်ပုံ အမြတ်ကို လင်းဖန်အား ပေးလိုက်သည်။ ဒါက လင်းဖန်အပေါ် စီအီးအိုလီ၏ ယုံကြည်မှုအား ပြသနေခြင်းပင်။
"ကောင်းပါပြီ" လင်းဖန်က ပြုံးလိုက်ပါသည်။ သူရုပ်သံဒရမ်မာတစ်ခုသာ ရိုက်ရသေးသည်။ ငွေတွေ ဒီလောက်တောင် ရနေပါပြီ။ မထင်ထားပေ။
အနုပညာလောကထဲတွင် သရုပ်ဆောင်များက ငွေတွေ အများကြီး ရတတ်သော်လည်း သရုပ်ဆောင်များ အမြတ်ယူပေးနိုင်ပါက ငွေတကယ်ရသည့် လူက သရုပ်ဆောင်များ၏ နောက်ကွယ်ကုမ္ပဏီ၏ ဘော့စ်ကြီးတွေပဲ ဖြစ်သည်။
"လင်းဖန် နောက်ကို မင်း ရုပ်သံဒရမ်မာတွေမှာ ထပ်ပြီး သရုပ်ဆောင်ဦးမယ်ဆိုရင် မင်းရဲ့လစာက အဆပေါင်းများစွာ တက်သင့်တယ်။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ကြည့်ရှုသူပေါင်းများစွာကို သိမ်းပိုက်ထားပြီးပြီ။" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါသည်။ "တကယ်တော့ ကျွန်တော်က သက်သက်သာသာပဲ သရုပ်ဆောင်ချင်တာပဲ။ ချွေ့ချွေ့နဲ့ သရုပ်ဆောင်ရတာ တော်တော်လေး အဆင်ပြေပါတယ်။”
စီအီးအိုလည်း ပြုံးလိုက်ပါသည်။ ထိုအချိန်တုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အရမ်းနီးစပ်နေတာကို သူ မတားခဲ့ပါ။ အခုတော့ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သွားပုံရပါသည်။
ကုမ္ပဏီ၏ အကျိုးအမြတ်အတွက်နဲ့ ရှားဝမ်ချွေ့ကို လင်းဖန်နဲ့ ဆက်ဆံရေးအား ရှင်းလင်းငြင်းဆန်ဖို့ သူသာ ဖိအားပေးခဲ့ပါက သို့မဟုတ် ရှားဝမ်ချွေ့ကို သတင်းဆိုး မထွက်စေဖို့ အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပါက သူ့ကုမ္ပဏီမှာ လင်းဖန်လိုပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရလောက်ပါသည်။
ဧကန္တ ကုမ္ပဏီမှ ရှားဝမ်ချွေ့ကိုပါ ဆုံးရှုံးခဲ့ရလောက်ပါသည်။
ရှားဝမ်ချွေ့က ကုမ္ပဏီ၏ ထိပ်တန်း အမျိုးသမီးသရုပ်ဆောင် ဖြစ်သည်။ သူမက အလွန်ရေပန်းစားပြီး တောက်ပသည့် အနာဂတ်လည်း ရှိပါသည်။
"လင်းဖန် ကြည့်ရှုသူပေါင်းများစွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မျှော်လင့်နေကြပြီ။ ဗီဒီယို ကုမ္ပဏီကြီးနှစ်ခုကတောင် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ ကြိုပြိုင်နေကြပြီ။ မင်းဇာတ်ညွှန်း ဘယ်လိုအခြေအနေရှိလဲ။ မင်းဇာတ်ညွှန်းကောင်းကောင်းရေးနိုင်ရင် သေချာပေါက် အရမ်းမြင့်တဲ့စျေးနဲ့ ရောင်းနိုင်မှာပါ" စီအီးအိုက မေးလိုက်ပါသသည်။
လင်းဖန်က ပြုံးကာ ပြောလိုက်၏။ "စီအီးအိုလီ။ ကျွန်တော် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် စဥ်းတောင် စဥ်းစားနေပါပြီ။ ထုတ်နိုင်ဖို့ သိပ်မကြာတော့ဘူး။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက ပိုပြီးတောင် ရေပန်းစားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”
ဒါက လင်းဖန်၏ ယုံကြည်မှု ဖြစ်သည်။
သူက ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်ညွှန်းများကို တိုးတက်စေချင်၏။ အထူးသဖြင့် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် ဇာတ်လမ်းကို ပိုပြီး ပြောင်မြောက်စွာ လင်းဖန် ရေးသားခဲ့ပါသည်။
၎င်းတို့အနက် ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့အကြားက အကြင်နာပေးခန်း၊ အချစ်ရေးဇာတ်ဝင်ခန်းများ ပိုများလာပါသည်။
တခြား ခေါင်းဆောင်မင်းသမီးများနဲ့ ဇာတ်ဝင်ခန်းများလည်း ရှိပါသေးသည်။ တခြား နည်းလမ်း မရှိပါ။ ဇာတ်ညွှန်းကို ပိုပြီး ပြီးပြည့်စုံစေရန် ခေါင်းဆောင်မင်းသားက စုရှောင်းယွီနဲ့လည်း အကြင်နာပေးခန်းများ ရိုက်ကူးရမည်။
ဒီလိုဆုံးဖြတ်ချက်က ကြောင်မလေးကို ဒေါသထွက်စေနိုင်သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။
"ကောင်းတာပေါ့ လင်းဖန်။ ငါလည်း မင်းကို ယုံကြည်ပါတယ်။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲမှာ မင်းအဆင့်တွေ ပိုမြင့်လာပြီး စိတ်ဝင်စားဖို့ ပိုကောင်းတဲ့ ဇာတ်ညွှန်းမျိုး ရေးနိုင်မှာပါ" စီအီးအိုလီက ပြုံးလိုက်ပါသည်။
တစ်ချိန်တည်းမှာပင် ဆောက်လုပ်ရေးဘဏ်ဆီမှ လင်းဖန် မက်ဆေ့တစ်စောင် ရလိုက်ပါသည်။
အခွန်များကို နုတ်ပြီးနောက် ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ မှ သူရလိုက်သည့် သန်း ၂၀၀ မှာ သူ့အကောင့်ထဲ ဝင်လာခဲ့ပါပြီ။
(၆၁၁၅ ဖြင့် ဆုံးသော သင့်ငွေစုအကောင့်ထဲ ၁၀:၀၃ သြဂုတ်လ ၃ရက်နေ့တွင် ၂၀၀,၀၀၀,၀၀၀ ယွမ် လက်ခံရရှိပါသည်။)
ငွေ သန်း ၂၈၀ ကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်၏။
အခုတော့ သူ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ပြီး သူဌေးဖြစ်လာနိုင်ပါပြီ။
အမှန်ပင်။ လုံတော့ မလုံလောက်သေးပါ။
သူ့မိန်းမမှာ စုငွေပိုများတာ လင်းဖန် သိပါသည်။
သူ့မိန်းမကိုသာ အနိုင်ယူချင်ပါက သူ ငွေပိုရှာဖို့ လိုသေးသည်။
ဒါက မိသားစုဂုဏ်ချင်း ပြိုင်ဆိုင်မှုဖြစ်၏။
လင်းဖန်၏ နောက်ထပ်အစီအစဥ်က ဇာတ်ညွှန်းသစ်တစ်ခုကို ရေးသားကာ လက်ရှိစံချိန်ကိုချိုးပြီး ပြည်တွင်းရုပ်သံဒရမ်မာများ၏ အထွတ်အထိပ်ကို ထပ်ပြီး ရောက်နိုင်ဖို့ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှားဝမ်ချွေ့ထက်ကျော်အောင် ငွေရဖို့ ဖြစ်သည်။
မဟုတ်ပါက သူ့မိန်းမနဲ့ မိသားစုဂုဏ်ချင်း ဘယ်လိုယှဥ်ပြိုင်နိုင်မည်နည်း။