အခန်း(၁၃၉) ရှားဝမ်ချွေ့ အနိုင်ကျင့်ခံရသောကြောင့် စီအီးအိုလီ အမျက်ထွက်ခြင်း
Vol. 10 Ch. 139
အခန်း(၁၃၉) ရှားဝမ်ချွေ့ အနိုင်ကျင့်ခံရသောကြောင့် စီအီးအိုလီ အမျက်ထွက်ခြင်း
ဒီနေ့ ရှားဝမ်ချွေ့မှာ Keep Running ရိုက်ကူးရေးပြီးကာ ကုမ္ပဏီသို့ ပြန်လာခဲ့သည်။
ကုမ္ပဏီ တစ်ခုလုံးရှိ အခြေအနေကြီးက ထိုင်းမှိုင်းလို့ နေ၏။
စားပွဲပေါ်မှာလည်း စာရွက်စာတမ်း အပုံလိုက်ကြီး ရှိနေသည်။
စီအီးအိုလီက ဘာတစ်ခွန်းမှ မပြောဘဲ ထိုင်နေ၏။
ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနှင့် အခြားသူများလည်း ခေါင်းများ ငုံ့ထားကြသည်။
စုရှောင်းယွီ၏ မျက်လုံးများက အနည်းငယ် နီရဲနေ၏။
ရှားဝမ်ချွေ့က မြန်မြန်လျှောက်လာပြီး စားပွဲပေါ်က စာရွက်စာတမ်းများကို ကြည့်လိုက်ပါသည်။
စာရွက်စာတမ်း တစ်ခုချင်းစီတိုင်းတွင် စာချုပ်တစ်ခုစီပါသည်။
"Wahaha နှင့် ရှားဝမ်ချွေ့တို့ တရားဝင် လမ်းခွဲခြင်း အသိပေးစာ"
"Auspicious Air Conditioner နဲ့ ရှားဝမ်ချွေ့တို့ တရားဝင် စာချုပ်ဖျက်သိမ်း အသိပေးစာ"
"Lenovo နဲ့ ရှားဝမ်ချွေ့တို့အကြား စာချုပ်ဖျက်သိမ်းခြင်း တရားဝင် အသိပေးစာ"
"Refreshing Facial Mask ကုမ္ပဏီနဲ့ ရှားဝမ်ချွေ့တို့အကြား စာချုပ်ဖျက်သိမ်းခြင်း တရားဝင် အသိပေးစာ”
"AA Skincare နဲ့ ရှားဝမ်ချွေ့တို့အကြား စာချုပ်ဖျက်သိမ်းခြင်း တရားဝင် အသိပေးစာ”
စုစုပေါင်း စာရွက်စာတမ်း ၂၈ ခုရှိနေပြီး ထောက်ခံချက်ကုမ္ပဏီ ၁၈ ခု၊ ကြော်ငြာကုမ္ပဏီ ၁၀ ခုတို့က ရှားဝမ်ချွေ့နဲ့ စာချုပ်များ ဖျက်သိမ်းလိုက်ကြသည်။
ရှားဝမ်ချွေ့၏ ထောက်ခံချက်ကုမ္ပဏီ ၉၅ ရာခိုင်နှုန်းက သူမနှင့် စာချုပ်များ ဖျက်သိမ်းသွားကြသည်။
ထို့အပြင် စာချုပ်ဖောက်ဖျက်သည့်အတွက် ဒဏ်ကြေးမြင့်မြင့်လည်း ရှိသေးသည်။
ထောက်ခံချက်နှင့် ကြော်ငြာကုမ္ပဏီများက စာချုပ် ချိုးဖောက်ခြင်း မဟုတ်သဖြင့် ရှားဝမ်ချွေ့က ဒဏ်ကြေးမြင့်မြင့် ပေးဆောင်ရမည်။
စာချုပ်ထဲတွင် ရှားဝမ်ချွေ့သာ ထိုဘရန်းများအတွက် အနုတ်သဘောဆောင်သော အာနိသင်များ သက်ရောက်စေခဲ့ပါက ကုမ္ပဏီက ချွင်းချက်မရှိ စာချုပ်ကိုဖျက်သိမ်းပြီး နာမည်ကျော်က ဒဏ်ကြေးကို ပေးဆောင်ရမည်ဟု စည်းမျဥ်း ရှိသည်။
အင်တာနက်ပေါ်က ဓာတ်ပုံများက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ တိတ်တခိုး ချစ်ကျွမ်းဝင်နေကြကြောင်း သက်သေမပြနိုင်သော်လည်း ထိုမကောင်းသော ကောမန့်များက ရှားဝမ်ချွေ့အား ပြင်းပြင်းထန်ထန် ထိခိုက်သွားစေပါသည်။
အင်တာနက်ပေါ်က ပရိသတ်များစွာက သူမကို ဝေဖန်နေကြသည်။ ထို့အပြင် မုန်းတီးရေးသမားများစွာက ရှားဝမ်ချွေ့ကို နာမည်ဖျက်နေကြပါသည်။ ဒီတစ်ခေါက် ရှားဝမ်ချွေ့ကို ဖျက်ဆီးချင်သည့် ဖျော်ဖြေရေးကုမ္ပဏီများ အလွန် များပြားလွန်းပါသည်။
ရှားဝမ်ချွေ့က ယွဲ့ဟွာဖျော်ဖြေရေး၏ နံပါတ်တစ် အမျိုးသမီးသရုပ်ဆောင်ဖြစ်ပြီး ကုမ္ပဏီထဲက ကြယ်ပွင့်ကြီးတစ်ယောက်လည်း ဖြစ်ပါသည်။
ဖျော်ဖြေရေးလောကထဲတွင် ရှားဝမ်ချွေ့၏ လူကြိုက်များမှုက အလွန် မြင့်မား၏။ သို့သော်လည်း သူမ နောက်ကွယ်က တွန်းအားများကြောင့် ရှားဝမ်ချွေ့ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရပါသည်။
စာချုပ်ဖျက်သိမ်းခြင်း အသိပေးစာ များစွာ ရောက်လာတာကြောင့် ရှားဝမ်ချွေ့ စုစုပေါင်း ဒဏ်ကြေး သန်း ၂၈၀ ပေးဆောင်ရမည်။
အမှန််ပင်။ ဒဏ်ကြေးပေးဆောင်ဖို့ ရှားဝမ်ချွေ့ မတတ်နိုင်ပါက ထိုစာချုပ်များပေါ်တွင် ထပ်ဆောင်း စည်းမျဥ်းများ ရှိသေးသည်။
ဒဏ်ကြေးကို မပေးဆောာင်ပါက ရှားဝမ်ချွေ့ တခြား ထောက်ခံချက်များကို လက်ခံလို့ မရတော့ပေ။ ဘယ်လို ကော်မာရှယ်လှုပ်ရှားမှုမှာမှ ပါဝင်လို့တောင် ရမည် မဟုတ်တော့ပေ။ တနည်းအားဖြည့် သူမ လုံးဝ အဘန်းခံလိုက်ရခြင်း ဖြစ်ပါသည်။
အလွယ်ပြောရပါက အမျိုးသမီးအနုပညာရှင်ဖြစ်စေ အမျိုးသားသရုပ်ဆောင်ဖြစ်စေ လိင်ကိစ္စအရှုပ်အရှင်းများပေါ်လာပါက ချက်ချင်း အဘန်းခံရသလို ဖြစ်ပါသည်။
ထုတ်ကုန်အားလုံးနှင့် ဒီနာမည်ကျော်၏ ကြော်ငြာပေးခံထားရသော ရှိုးပွဲများလည်း သက်ရောက်မှု ရှိလိမ့်မည်။
ထို့ကြောင့် ထိုထုတ်ကုန်နှင့် ပရိုဂရမ်များစွာက နာမည်ကျော်များနှင့် စာချုပ်ကို ဖျက်သိမ်းပြီး လျော်ကြေး တောင်းဆိုကြလိမ့်မည်။
ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့အကြား ခိုင်လုံသည့် သတင်း မရှိသေးသော်လည်း အင်တာနက်ပေါ်က မကောင်းသော ကောမန့်များကြောင့် ထိုကုမ္ပဏီများ ထိခိုက်နေပြီဖြစ်သည်။
ထို့ကြောင့် စာရွက်စာတမ်း ၂၈ ခုက ရှားဝမ်ချွေ့ကို လုံးလုံး အဘန်းလိုက်သလို ဖြစ်နေပါသည်၊။
ရှားဝမ်ချွေ့ ဒဏ်ကြေးမြင့်မြင့် ပေးဆောင်နိုင်မှ ဖြစ်မည်။
ဒီလိုမှ ရှားဝမ်ချွေ့ မထိခိုက်နိုင်မှာ ဖြစ်ပါသည်။
အမျိုးသမီးသရုပ်ဆောင်ကိုသာ ဆုံးရှုံးလိုက်ရပါက သူတို့ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ဘယ်လို ရိုက်ကူးရတော့မည်နည်း။
ဒီလို ရုပ်သံဒရမ်မာ၏ ဒုတိယတွဲရေပန်းစားလာဖို့အတွက် မူလသရုပ်ဆောင်များကိုပဲ ပြန်သုံးရမည်ဖြစ်သည်။
ခေါင်းဆောင်မင်းသမီးကိုသာ ပြောင်းလိုက်ပါက ပရိသတ်များစွာက ဒရမ်မာကို စွန့်လွှတ်လိုက်ကြမည်။ My Fair Princess Season 3 လိုပင်။
ရှားဝမ်ချွေ့က အထိခိုက်ဆုံးဖြစ်ပြီး ယွဲ့ဟွာလည်း ထိခိုက်မှု ရှိပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို စတင်ရိုက်ကူးဖို့ နည်းလမ်း မရှိတော့ပါ။
ရှားဝမ်ချွေ့၏ ရှိုးပွဲများနှင့် Variety Shows များအားလုံးလည်း ထိခိုက်မှု ရှိလာသည်။
ရှားဝမ်ချွေ့အကြောင်း ဒီတစ်ခေါက် မကောင်းသတင်းများစွာက ကောလဟာလများ ဖြစ်ကြသည်။
သို့သော်လည်း လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က နီးစပ်လွန်းပြီး တစ်ယောက်နှင့် တစ်ယောက် အထင်လွဲစရာကိစ္စများ လုပ်သဖြင့် ထိုကောလဟာလများနှင့် ပေါင်းလိုက်သောအခါ ရှားဝမ်ချွေ့ မျှော်လင့်ချက်မဲ့သော အခြေအနေ တစ်ခုဆီသို့တောင် ရောက်သွားခဲ့ပါသည်၊။
ငွေသား ယွမ် သန်း ၂၈၀ ပေးလိုက်ပါက ရှားဝမ်ချွေ့မှာ ပိုက်ဆံရှိတော့မှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ အရှုံးက ကြီးမားလွန်းလှပါသည်။
အမှန်ပင်။ စာချုပ်များစွာကို တရားဥပဒေ နည်းလမ်းများဖြင့် ဖြည်းဖြည်းချင်း ဖြေရှင်းသွားလို့ ရပါသည်။ ရှားဝမ်ချွေ့ အကုန်လုံးကို အလျော်ပေးရမည်ဟု မဆိုလိုပေ။
ကောလဟာလများ၏ နောက်ကွယ်က ရည်ရွယ်ချက်က ရှားဝမ်ချွေ့ကို အဘန်းဖို့နဲ့ ယွဲ့ဟွာ တစ်ခုလုံးကို ပစ်မှတ်ထားဖို့ ဖြစ်ပါသည်။
ယခု ရှားဝမ်ချွေ့ သူမ နာမည်ကို ထိန်းသိမ်းလိုပါက ရွေးချယ်စရာ တစ်ခုတည်းသာ ရှိတော့သည်။
ဒါကတော့ အွန်လိုင်းပေါ်က ကောလဟာလများကို အမြန်တုန့်ပြန်ပြီး လင်းဖန်နှင့် သူမတို့၏ ဆက်ဆံရေးကို ဖြေရှင်းဖို့ ဖြစ်သည်။
သို့သော်လည်း အခုတော့ ဖြေရှင်းဖို့ နည်းလမ်း မရှိပါ။
လင်းဖန်က တကယ်ပဲ ရှားဝမ်ချွေ့ကို အိမ်ခေါ်သွားခဲ့ဖူးသည်။
ဒါက အစကတော့ အလွန်သာမန်ဆန်သည့် သတင်းတစ်ပုဒ်သာဖြစ်သည်။ သို့သော် အွန်လိုင်းပေါ်က အင်တာနက်အသုံးပြုသူများကြောင့် အဓိပ္ပာယ်ကောက်လွဲခဲ့ရပါသည်။
( လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူနေနေကြတာ )
( ဒါ ရှားဝမ်ချွေ့ရဲ့ ပထမဆုံး မဟုတ်ဘူး )
( ရှားဝမ်ချွေ့ရဲ့ အပျိုစင်ဘဝကို လင်းဖန် သိမ်းပိုက်သွားပြီ )
လင်းဖန် ရှားဝမ်ချွေ့ကို အိမ်ခေါ်သွားတာ မှန်သော်လည်း သက်သေ မရှိခဲ့ပါ။
သို့သော်လည်း အခုတော့ ပြန်လည်ချေပဖို့ ရှင်းလင်းဖို့ မဖြစ်နိုင်တော့ပါ။
ရှင်းလင်းလိုက်ရင်တောင် မုန်းတီးရေးသမားများက ယုံကြည်ကြမှာ မဟုတ်ပေ။
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ညဘက်ကြီး အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေခဲ့သည်။ သူတို့ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေသည်ဟု ပြောပါက ဘယ်သူက ယုံမည်နည်း။
ထို့ကြောင့် ဒီလို ရှင်းလင်းချက်မျိုး ထုတ်ဖို့ အသုံးမဝင်တော့ပါ။ ရှားဝမ်ချွေ့ ထိခိုက်သွားပြီး ပြန့်နှံ့နေသည့် သတင်းဆိုးများကလည်း ဆက်ရှိနေဆဲ ဖြစ်သည်။
ဒုတိယရွေးချယ်စရာ ရှိသေးသည်ဟု တစ်ယောက်ယောက်က ပြောလိုက်သည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ တွဲနေကြသည်ဟု တရားဝင် ကြေညာရလိမ့်မည်။
ဒါဆို ရှားဝမ်ချွေ့အပေါ် ထိခိုက်မှုက ပို၍ပင် ပြင်းထန်လာလိမ့်မည်။ ဒါဆို ရှားဝမ်ချွေ့ အပျိုစင်ဘဝကို လင်းဖန် သိမ်းပိုက်လိုက်ပြီ ဆိုတာကို ဝန်ခံလိုက်တာပဲ မဟုတ်လား။ အင်တာနက်ပေါ်က ကောလဟာလများ အမှန် ဖြစ်သည်ဟု သွယ်ဝိုက်သော နည်းလမ်းဖြင့် ဝန်ခံလိုက်ခြင်း ဖြစ်ပါသည်။
ထို့အပြင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ထိုအဆင့်ထိ မရောက်သေးပါ။ တရားဝင်နည်းလမ်းဖြင့် ရှားဝမ်ချွေ့ကို ထောက်ခံပေးဖို့ နည်းလမ်း မရှိတော့ပါ။
နောက်ဆုံးတော့ ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်။
သူမ စာချုပ်ဖျက်သိမ်းကြေး သန်း ၂၈၀ ပေးရင်ပေး၊ သို့မဟုတ် လုံးဝ အဘန်းခံလိုက်ရဖို့ပဲ ဖြစ်ပါသည်။
ရှားဝမ်ချွေ့ ဒဏ်ကြေးကို ပေးဆောင်ပြီး တကျော့ပြန်လာခဲ့ရင်တောင် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲရဲ့ ဂုဏ်သတင်းက ပထမလောက် ကောင်းနိုင်ပါဦးမလား။
ရှားဝမ်ချွေ့ရဲ့ လူကြိုက်များမှုကကော အရင်တုန်းက အဆင့်ကို ပြန်ရောက်နိုင်ပါ့မလား။
ရှားဝမ်ချွေ့ရဲ့နောက်ပိုင်း ရုပ်သံဒရမ်မာတွေကို လူတွေ ထောက်ခံပေးကြပါဦးမလား။
ဒီအကြောင်းတွေအားလုံးကို ခန့်မှန်းမရနိုင်ပါ။
သို့သော်လည်း တစ်ခုတော့ သေချာသည်။
ရှားဝမ်ချွေ့ကို နာမည်ဖျက်ချင်သည့်အဖွဲ့အစည်းကတော့ အောင်မြင်သွားသည်။
သူတို့က ရှားဝမ်ချွေ့၊ ယွဲ့ဟွာဖျော်ဖြေရေး၊ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲထဲက သရုပ်ဆောင်များကို ပစ်မှတ်ထားချင်ခြင်း ဖြစ်ပြီး အောင်မြင်သွားခဲ့သည်။
ယခုသူမ ဒဏ်ကြေးကို ပေးဆောင်လိုက်ရင်တောင် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ၏ လူကြိုက်များမှုက အမြန်ကျသွားပြီး တော်တော်လေး နိမ့်ဆင်းသွားပါလိမ့်မည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ဟွာစဲရုပ်ရှင်၏ 'ကြယ်ဥယျာဥ်' နဲ့ယှဥ်ရမည်ဆိုပါက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ လုံးဝ အနိုင်ယူခံလိုက်ရမည်ဖြစ်ပါသည်။
"ကြယ်ဥယျာဥ်" က "စစ်သူကြီးနဲ့ကျွန်မ" လိုမျိုး အားမနည်းပါ။
ဆန့်ကျင်ဘက်အနေဖြင့် လင်းခယ့်ရှင်းက "ကြယ်ဥယျာဥ်" တွင် ပါဝင်သဖြင့် ပို၍ပင် ရေပန်းစားလာပါသည်။ တစ်ချိန်တည်းမှာပင် ဒီလောကထဲက ထိပ်တန်း ဇာတ်ညွှန်းရေးဆရာကြီး ၅ ယောက် ရေးသားထားသော ဇာတ်ညွှန်း ဖြစ်သဖြင့် အရမ်းကြီး မဆိုးလောက်ပါ။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ အမြင့်ဆုံး အချိန် ရောက်နေတာတောင် "ကြယ်ဥယျာဥ်" နဲ့ မယှဥ်နိုင်ပါ။
ယခု ဒီလိုကိစ္စမျိုးနဲ့ ကြုံလာရသဖြင့် ယွဲ့ဟွဦ ဖျော်ဖြေရေးက အရှုံးပေါ်မည့် ကိန်းဆိုက်နေပါပြီ။
စီအီးအိုလီက စားပွဲကို ဒေါသတကြီး ထုလိုက်သည်။ စားပွဲပေါ်က လက်ဖက်ရည်ပန်းကန် ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ကွဲသွားပါသည်။
"ဘာလဲကွာ။"
"အပြင်လူတွေက ငါ့ကုမ္ပဏီထဲက အနုပညာရှင်တွေကို အနိုင်ကျင့်နေကြတယ်။ ငါ့ကို အနိုင်ကျင့်နေကြတယ်။ ယွဲ့ဟွာကို အသုံးမကျလို့ဆိုပြီး အနိုင်ကျင့်နေကြတယ်။ ယွဲ့ဟွာကို သူတို့အတွက် မရပ်တည်ပေးလို့ဆိုပြီး အနိုင်ကျင့်နေကြတယ်။”
"ယွဲ့ဟွာဖျော်ဖြေရေးနဲ့ စစ်ဖြစ်ချင်နေတဲ့ အပြင်လူတွေ ရှိနေကြတော့ စစ်ကြေညာကြတာပေါ့။”