← Chapters

အခန်း(၁၄၀) အားလုံးအတွက် လင်းဖန် ရောက်လာပြီ

Vol. 10 Ch. 140

အခန်း(၁၄၀) အားလုံးအတွက် လင်းဖန် ရောက်လာပြီ

Vol. 10 Ch. 140

အခန်း(၁၄၀) အားလုံးအတွက် လင်းဖန် ရောက်လာပြီ

ရှားဝမ်ချွေ့က စာချုပ်ဖျက်သိမ်းအသိပေးစာ အားလုံးကို ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းနီနီကို ကိုက်ထားပါသည်။

သူမ တည်တည်ငြိမ်ငြိမ် ရပ်နေပြီး သူမ၏ မျက်နှာလှလှလေးက ဖြူရော်သွားကာ ခေါင်းငုံ့လျက် ဝမ်းနည်းနေသည့်ပုံပေါ်ပါသည်။

အစကတော့ ရှိုးတစ်ခုကို ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးချင်ခဲ့သည်။ ပရိသတ်အတွက် လက်ရာကောင်းကောင်းကို ရိုက်ကူးပေးချင်ခဲ့သည်။ လင်းဖန်၏ စားပွဲတော်များကို စားသောက်ရင်း သူနဲ့ အတူတူ ရှိချင်ခဲ့သည်။

သို့သော်လည်း လက်တွေ့ဘဝက ဒီလို မဟုတ်ပါ။

ရှားဝမ်ချွေ့က စုရှောင်းယွီဘေးမှာ ထိုင်လိုက်ပြီး မျက်လုံးများက အနည်းငယ် နီရဲနေပါသည်။ ကြောင်လေးတစ်ကောင်လို စားပွဲပေါ် နူးညံ့စွာ ကွေးကာ ခေါင်းချနေလိုက်ပါသည်။

သူမ သဘောကျသည့် လူတစ်ယောက်နဲဲ့ အတူတူ ရှိနေချင်ရုံသာ ဖြစ်သည်။

လင်းဖန်အိမ်ကိုသွားပြီး သူနဲ့ အတူတူနေချင်ရုံသာ ဖြစ်၏။

သို့သော်လည်း အင်တာနက်ပေါ်က ကောမန့်များကြောင့် သူမ ဘာလုပ်ရမှန်း မသိတော့ပါ။

သူမက အပြစ်ကင်းပါသည်။ အင်တာနက်ပေါ်က လူတွေပြောသလိုမျိုး သူမက မကောင်းသည့် မိန်းမ မဟုတ်ပါ။

သူမ၏ ပရိသတ်များကိုကော ဘယ်သူ့ကိုမှ ရှင်းပြဖို့ နည်းလမ်း မရှိတော့ပါ။

ရှားဝမ်ချွေ့ကိုကြည့်လိုက်ရင်း အားလုံး ရင်နာသွားကြပါသည်။

ရှုယန်က မတ်တပ်ရပ်ကာ ရေတစ်ခွက် ငှဲ့ပေးလိုက်ပြီး ရှားဝမ်ချွေ့၏ စားပွဲပေါ်တွင် တင်ထားပေးလိုက်ပါသည်။ သူမအတွက် ပဝါတစ်ထည်လည်း ယူလာပေး၏။

စုရှောင်းယွီက ရှားဝမ်ချွေ့၏ ပခုံးကို ပုတ်ပေးရင် သိမ်မွေ့စွာ ဖက်ထားပါသည်။

လင်းကျင်းကျင်းလည်း ရှားဝမ်ချွေ့ဘေးမှာ နေပေးလိုက်ပါသည်။

ဒါတွေအားလုံးက ရှားဝမ်ချွေ့အတွက် ထိခိုက်မှု များလွန်းသည်။

ရှားဝမ်ချွေ့ ဒီလိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်လာရသည်။

သူမ တိုးတိတ်စွာ ငိုနေ၏။

အဘယ့်ကြောင့်ဆိုသော် သူမ အနုပညာရှင် တစ်ယောက် လုပ်လို့ မရတော့မှာကို သိနေသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ဒဏ်ကြေးကို ပေးဆောင်လည်း ဘာထူးမှာလဲ၊။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရိုက်ကူးရင်တောာင် ပရိသတ်က သူမကို သဘောကျမှာ မဟုတ်တော့ပါ။

"စီအီးအိုလီ ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ရှုယန်က စီအီးအိုလီကို ကြည့်ကာ မေးလိုက်ပါသည်။

"အနုပညာလောကဆိုတာ ဒီလိုပါပဲကွာ။ အမြင့်ကို တက်လာရင် ဆွဲချချင်တဲ့လူဆိုတာ အမြဲတမ်း ရှိတာပဲ။”

"ငါလုပ်ချင်တာက တရုတ်ရိုးရာအနုပညာကို ဆက်လက်ထိန်းသိမ်းသွားပြီး ပိုမြင့်တဲ့နေရာ တစ်ခု ရောက်အောင် သယ်ဆောင်ချင်တာ။ ပြီးရင် ဂန္ဓဝင်လက်ရာတွေကို ထုတ်လုပ်ပြီး နိုင်ငံခြားတွေက ငါတို့ကို အထင် ထပ်မသေးရဲတော့အောင် လုပ်ချင်တာ။ ဒါပေမယ့်...”

"ဒီတိုင်းသာဆို နောက်ပိုင်း ငါတို့တွေ ဒီလို လက်ရာကောင်းကောင်းတွေ ထုတ်လုပ်နိုင်တော့မှာ မဟုတ်ဘူး ထင်ပါတယ်။ မင်းတို့အားလုံးကို ငါ ဒုက္ခပေးမိပြီ။ တောင်းပန်ပါတယ်" စီအီးအိုလီက အားလုံးရှေ့တွင် ဦးညွှတ်လိုက်ပါသည်။

ယွဲ့ဟွာသည် အခု ဟွာစဲရုပ်ရှင်နှင့် ဘယ်လိုယှဥ်ပြိုင်ရတော့မည်နည်း။

ဟွာစဲရုပ်ရှင်က ထုတ်လုပ်သည့် "ကြယ်ဥယျာဥ်"ကို သူတို့ ဘယ်လိုယှဥ်ပြိုင်တော့မည်နည်း။

ဘဝရဲ့ပျော်ရွှင်မှုက တကယ်ပဲ ရေပန်းစားခဲ့ရင်တောင် ဒီလိုရေပန်းစားသည့် ဘဝရဲ့ပျော်ရွှင်မှုက လင်းခယ့်ရှင်း ပါဝင်ထားသည့် ကြယ်ဥယျာဥ်ကို မယှဥ်ပြိုင်နိုင်လောက်ပေ။

ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရိုက်ကူးလိုက်ရင်တောာင် ကြယ်ဥယျာဥ်၏ အနိုင်ယူမှုကို လုံးဝ ခံရပါလိမ့်မည်။

ထို့အပြင် ဒီလို မတော်တဆမှု ဖြစ်ပြီးနောက် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက် ရင်းနှီးမြှုပ်နှံသူ ဘယ်လောက်များများ ကျန်နေဦးမှာလဲ။

ရှားဝမ်ချွေ့၏ လူကြိုက်များမှုလည်း တဖြည်းဖြည်း လျော့ကျလာသည်။

နည်းလမ်းတစ်ခုသာ ရှိပါက သူမ လုပ်ပြီးတာ ကြာပါပြီ။

သို့သော်လည်း အခုတော့ တခြားနည်းလမ်း မရှိတော့ပေ။

ယွဲ့ဟွာဖျော်ဖြေရေး၏ အနာဂတ်က ကျောက်ထွင်း အက္ခရာလို တည်မြဲနေပါပြီ။

ပရိသတ်၏ နှလုံးသားကို ပြန်သိမ်းပိုက်ဖို့ ခက်ခဲလွန်းလှ၏။

ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက တကယ်ပဲ ရေပန်းစားလာနိုင်သော်လည်း သူတို့ ဘာလုပ်နိုင်ဦးမည်နည်း။

ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက "ကြယ်ဥယျာဥ်" ကို အနိုင်ယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ၊ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရိုက်ကူးဖို့ကပင် ခက်ခဲလွန်းနေပါပြီ။

ရင်းနှီးမြှုပ်နှံသူများ၊ ကြော်ငြာသမားများ၊ ထောက်ခံချက်များက ရှားဝမ်ချွေ့ ပါဝင်သည့် ရုပ်သံဒရမ်မာများထဲတွင် ရင်းနှီးမြှုပ်နှံခြင်း မရှိလောက်တော့ပါ။

ယွဲ့ဟွာဖျော်ဖြေရေးက ဒီလိုပြင်းထန်သည့် အခြေအနေထဲ ကျရောက်လာပါသည်။

"စီအီးအိုလီ တောင်းပန်သင့်တာ ကျွန်မပါ။" ရှားဝမ်ချွေ့က မော့ကြည့်လိုက်ရင်း ပြောလိုက်ပါသည်။

"ကျွန်မ အားလုံးကို ဒုက္ခပေးမိပြီ။ တောင်းပန်ပါတယ်။" ရှားဝမ်ချွေ့က အားလုံးကိုကြည့်လိုက်ပြီး အတည်ပေါက် ပြောလိုက်ပါသည်။

ဒီလိုကောင်မလေးကို ကြည့်ရင်း ယွဲ့ဟွာဖျော်ဖြေရေးက ရှားဝမ်ချွေ့ကို ဘယ်လို အပြစ်တင်ရက်မည်နည်း။

ထိုအချိန်တွင် လင်းဖန် ပြန်ရောက်လာသည်။

အစည်းအဝေးခန်းတံခါးကို လင်းဖန် တွန်းဖွင့်လိုက်သောအခါ အားလုံး သူ့ကို ကြည့်လိုက်ကြသည်။

လင်းဖန် ဝင်လာတော့ ပထမဆုံးမြင်လိုက်ရတာက မျက်လုံးများ နီရဲနေသည့် ရှားဝမ်ချွေ့ကို ဖြစ်ပါသည်။

လင်းဖန်က သူမအနားသို့ လျှောက်လာပြီး နူးညံ့စွာဖြင့် အနွေးထည်ခြုံပေးလိုက်ပါသည်။

အားလုံးရှေ့မှာ လင်းဖန် ဘာမှ မဖုံးကွယ်တော့ပါ။

အွန်လိုင်းပေါ်မှာ ဘာတွေဖြစ်နေသလဲ သူ သိပြီးသား ဖြစ်ပါသည်။

"အားလုံးပဲ အရှုံးလည်း မပေးနဲ့၊ အားလည်း မလျော့ကြပါနဲ့။ ကျွန်တော် ရှိပါသေးတယ်" လင်းဖန်က ယုံကြည်ချက် ပြည့်ဝစွာ ပြုံးပြီး ဝင်ထိုင်လိုက်သည်။ ဘေးပတ်လည်ကို ကြည့်လိုက်၏။

"ဟုတ်ပါတယ်။ အွန်လိုင်းပေါ်မှာ မကောင်းတဲ့ ကောမန့်တွေ အများကြီး ရှိနေတယ်။ ထောက်ခံချက်နဲ့ ကြော်ငြာကုမ္ပဏီတော်တော်များများကလည်း ရှားဝမ်ချွေ့မှာ မကောင်းတဲ့ဝေဖန်မှုတွေ အများကြီးရှိပြီး သတင်းဆိုးလည်း မကြာခဏထွက်တယ်လို့ ထင်သွားကြတယ်။ အဲ့တာကြောင့် သူနဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ကြတာ။”

"ဟုတ်တာပေါ့။ ဒါက အဓိက အကြောင်းအရင်း မဟုတ်ဘူး။ ယွဲ့ဟွာဖျော်ဖြေရေးက အမြဲတမ်း ဟွာစဲရုပ်ရှင်ထက် နိမ့်ကျခဲ့တာ။ မကြာသေးခင်က ဟွာစဲရုပ်ရှင်က လင်းခယ့်ရှင်းလို့ခေါ်တဲ့ ကြယ်ပွင့်တစ်ယောက်နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်။ သူ့လူကြိုက်များမှုက ရှားဝမ်ချွေ့ထက်တောင် ပိုမြင့်ပါသေးတယ်။”

လင်းဖန်က မတ်တပ်ရပ်လိုက်ပြီး အားလုံးရှေ့ကို လျှောက်လာခဲ့ပါသည်။

"အဲ့ဒီထောက်ခံချက်တွေ ဝမ်ချွေ့နဲ့ ဘာကြောင့် စာချုပ် ဖျက်သိမ်းချင်တာလဲဆိုတာ ကျွန်တော် ပြောပြမယ်။"

"ပထမဆုံးစျေးကြောင့်ပေါ့။ အဲ့ဒီထောက်ခံချက်တွေက ဟွာစဲရုပ်ရှင်ရဲ့ လင်းခယ့်ရှင်းကိုသာ ရင်းနှီးမြှုပ်နှံလိုက်ရင် သူတို့ အမြတ်တွေ အများကြီး ပိုရလိမ့်မယ်။”

"ဒုတိယက လင်းခယ့်ရှင်းကိုယ်တိုင်ကြောင့်ပဲ။ သူက သတင်းဆိုးလည်း မထွက်ဖူးသလို ဆိုးဝါးတဲ့ ဝေဖန်မှုတွေလည်း မခံရဖူးဘူး။ သူ့မှာ ပရိသတ်တွေ အများကြီးရှိပြီး ရေပန်းစားတယ်။ အဲ့တာကြောင့် ထောက်ခံချက်တွေ တော်တော်များများက သူ့ကို ရင်းနှီးမြှုပ်နှံဖို့ ပိုစိတ်အားထက်သန်ကြတယ်။”

"တတိယက ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ အများကြီးက ရှားဝမ်ချွေ့ကို နာမည်ဖျက်ပြီး မကောင်းသတင်းတွေ လုပ်ကြံလွှင့်နေကြတယ်။ ထောက်ခံချက်ကုမ္ပဏီတွေက ဝမ်ချွေ့ကို သဘောမကျအောင် လုပ်နေတယ်။”

"စတုတ္ထနဲ့ အခြေခံအကျဆုံး အကြောင်းအရင်းကတော့ ဟွာစဲရုပ်ရှင်က ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို လုံးဝ ကျော်လွန်နိုင်ဖို့ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ ၅ ယောက်ကို ငှားပြီး ရုပ်သံဒရမ်မာတစ်ခုကို ဖန်တီးထားတယ်။ ကြယ်ဥယျာဥ်လို့ ခေါ်တယ်။”

"တစ်နည်းအားဖြင့် ဟွာစဲရုပ်ရှင်ရဲ့ ကြယ်ဥယျာဥ်က ကျွန်တော်တို့ကို စစ်ကြေညာနေသလိုပဲ။”

"ကျွန်တော်တို့ တကျော့ပြန်လာချင်ရင် ယွဲ့ဟွာဖျော်ဖြေရေးကလည်း သက်ဆိုင်ရာ ရုပ်သံဒရမ်မာတစ်ခုကို  ရိုက်ကူးဖို့ လိုအပ်တယ်" လင်းဖန်က ပြောလိုက်သည်။

အနုပညာလောကတွင် ခွန်အားနဲ့ အတွေ့အကြုံကို အားကိုးရသည်။

ဟွာစဲရုပ်ရှင်က ငှားရမ်းထားသည့် ထိပ်တန်း ဇာတ်ညွှန်းရေးဆရာကြီးငါးယောက်မှာ အလွန်အားကောင်းပြီး လင်းဖန်ထက် အတွေ့အကြုံ ပိုရင့်သန်သည်။

ဟွာစဲရုပ်ရှင်၏ အားကောင်းသော အဖွဲ့အစည်းကြောင့် ထောက်ခံချက်နှင့် ရင်းနှီးမြှုပ်နှံသူများစွာက သူတို့ကို ပိုအကောင်းမြင်ကြပါသည်။

သတင်းဆိုးများ မထွက်ခဲ့ရင်တောင် ထိုထောက်ခံချက်များစွာနှင့် ရင်းနှီးမြှုပ်နှံသူအများစုက လင်းခယ့်ရှင်းဆီမှာသာ ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။

သတင်းဆိုးများ ထွက်မလာရင်တောင် ဟွာစဲရုပ်ရှင်က ရှားဝမ်ချွေ့ကို နာမည်ဖျက်ဖို့ နည်းလမ်းများ ရှာနိုင်ပါသေးသည်။

"ဟွာစဲရုပ်ရှင်က ဒီတစ်ခေါက် ရှားဝမ်ချွေ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာပဲ။ ဆိုလိုတာက ဟွာစဲရုပ်ရှင်က ကြောက်နေတာပဲ။"

"ဟွာစဲရုပ်ရှင်က ရှားဝမ်ချွေ့ကို မကောင်းသတင်း တစ်ခုတည်းနဲ့ အနိုင်မယူနိုင်ပါဘူး။ဘယ်သူမှ အနိုင်မယူနိုင်ဘူး။”

"ဒဏ်ကြေး သန်း ၂၈၀ ဆိုတာ ကျွန်တော်တို့ကို ခြောက်လှန့်ရုံသက်သက်ပဲ။ ဝမ်ချွေ့နဲ့ ကျွန်တော်တို့ကြား မကောင်းသတင်း ထွက်လာတော့ ဘာဖြစ်လဲ။ သူက ကျွန်တော့်အိမ်မှာ ရှိနေခဲ့လည်း ဘာဖြစ်လဲ။ ကျွန်တော်က ခေါင်းဆောင်မင်းသား၊ သူက ခေါင်းဆောင်မင်းသမီးလေ။ ကျွန်တော်တို့ ဇာတ်ညွှန်းအကြောင်း အတူတူ တိုင်ပင်ပြီး၊ အတူတူ စားကြ သောက်ကြတာ ရှိမှာပေါ့။ အဲ့တာ အကျိုးအကြောင်း သင့်လျော်တယ် မဟုတ်လား။ ဝမ်ချွေ့တစ်ယောက်တည်းပဲ ကျွန်တော့်အိမ်ကို လာတာမဟုတ်ဘူး။ ရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်တို့တောင် ကျွန်တော့်အိမ်ကို လာတယ်။”

"အဲ့ဒီ ဒဏ်ကြေးဆိုတာ အဓိပ္ပာယ် မရှိဘူး။ စီအီးအိုလီ ကျွန်တော်တို့ကုမ္ပဏီမှာ အထူးတရားရေးရာဥပဒေဌာနနဲ့ လူထုဆက်ဆံရေးဌာန ရှိတယ် မဟုတ်လား။”

"လူထုဆက်ဆံရေးဌာနကနေ  အင်တာနက်ပေါ်က ကောလဟာလတွေကို ချက်ချင်းရှင်းလင်းပြီး သက်ဆိုင်ရာ သက်သေ Screenshotတွေကို ဖြန့်ရမယ်။ ကျွန်တော် အားလုံး ပြင်ဆင်ထားပြီးသားပါ။ ဝမ်ချွေ့နဲ့ ကျွန်တော်တို့ အခန်းထဲမှာ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေတဲ့  ဗီဒီယိုရှိပြီးသားပါ။"

"တရားဥပဒေဌာနက ချက်ချင်းပဲ စာချုပ်ဖျက်သိမ်းမှုတွေကို တရားရုံးမှာ တရားစွဲရမယ်။”

"ကောလဟာလတွေကို ကျွန်တော်တို့ဖာသာ တုန့်ပြန်လို့ ရတယ်။ ရှားဝမ်ချွေ့နဲ့ ကျွန်တော်တို့က အိမ်မှာ ဇာတ်ညွှန်း ဆွေးနွေးနေတာ။ အပြင်ဘက်က ကီးဘုတ်ဖိုက်တာတွေက ဒီထုတ်ကုန်တွေအပေါ်မှာ မကောင်းတဲ့ သက်ရောက်မှုမျိုး ရှိစေနိုင်မှာလား။။”

"ထောက်ခံချက်တွေ အကုန်လုံးက စာချုပ်ကို ဖောက်ဖျက်တာဆိုတာ ဒဏ်ကြေး ပေးဆောင်သင့်တဲ့လူတွေက ထောက်ခံချက်တွေနဲ့ ကြော်ငြာသမားတွေပဲ ဖြစ်လိမ့်မယ်။ ဝမ်ချွေ့က ဒဏ်ကြေး တစ်ပြားတစ်ချပ်မှ ပေးဆောင်စရာ မလိုဘူး။ စုစုပေါင်း ထောက်ခံချက် ၂၈ ခုက စာချုပ်ချိုးဖောက်မှု ဒဏ်ကြေး ပေးဆောင်ရလိမ့်မယ်။”

"ကျွန်တာ်တို့ကို တရားရုံးက လုံးဝထောက်ခံလိမ့်မယ်။”

"အဲ့တော့ ရှားဝမ်ချွေ့နဲ့ ကျွန်တော်တို့အကြား သတင်းဆိုးထွက်လည်း ဘာဖြစ်လဲ။ ကျွန်တော်တို့ Fanbaseက မတုန်လှုပ်ဘူး။”

"ရှောင်းယွီ၊ ရှုယန်၊ ကျင်းကျင်းနဲ့ ဘဝရဲ့ပျော်ရွှင်မှုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ပရိသတ်တွေ အာားလုံးရှိတယ်။ အင်တာနက်ပေါ်မှာ ကျွန်တော်တို့ကို ကာကွယ်ပေးချင်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ Fanbase ရှိနေသေးသရွေ့ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ ရုပ်သံဒရမ်မာကို ရိုက်ကူးလို့ ရပါတယ်။”

"လင်းခယ့်ရှင်းက အရမ်းရေပန်းစားတယ်။ ကြယ်ဥယျာဥ်ကို ရှုထောင့်တိုင်းမှာ ကျော်လွန်ဖို့တော့ ခက်မယ်။ ဒါပေမယ့် စိန်ခေါ်မှု မရှိရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။”

"ဟွာစဲရုပ်ရှင်က ကျွန်တော်တို့ကို အနိုင်ယူချင်တာ။။ အဲ့တာကြောင့် ကျွန်တော်တို့ ပိုပြီးတော့ အနိုင်ယူခံရလို့ မဖြစ်ဘူး။”

"ဟွာစဲရုပ်ရှင်က ကျွန်တော်တို့နဲ့ တိုက်ခိုက်ချင်ရင် သူတို့နဲ့ တိုက်ခိုက်ကြတာပေါ့" လင်းဖန်က ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြောလိုက်ပါသည်။

အားလုံး လင်းဖန်ကို ကြည့်လိုက်ကြသည်။

ဘာမှန်းမသိလိုက်ဘဲ အားလုံး လင်းဖန်ကို မှီခိုချင်စိတ်များ ပေါ်လာပါသည်။

သူတို့ လင်းဖန်သာရှိနေပါက သေချာပေါက် ဒီကပ်ဘေးကို ကျော်လွန်နိုင်လိမ့်မည်ဟု ယုံကြည်မိကြသည်။

All Chapters