အခန်း(၁၄၂) လင်းဖန်ကိုယ်တိုင် သူ့ရုပ်ရှင်ကို ရိုက်ကူးမည်၊ ဟွာစဲရုပ်ရှင်ကို စစ်ကြေညာခြင်း
Vol. 10 Ch. 142
အခန်း(၁၄၂) လင်းဖန်ကိုယ်တိုင် သူ့ရုပ်ရှင်ကို ရိုက်ကူးမည်၊ ဟွာစဲရုပ်ရှင်ကို စစ်ကြေညာခြင်း
စဥ်းစားချင့်ချိန်မှုတချို့ ပြုလုပ်ပြီးနောက် စီအီးအိုလီက လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "လင်းဖန် ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။”
"မင်းရုပ်သံစီးရီးကို မဝယ်ချင်တဲ့ ဖျော်ဖြေရေး ကုမ္ပဏီတွေ အများကြီးပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်းနောက်မှာ ယွဲ့ဟွာ အမြဲတမ်း ရှိနေမယ်။”
"ငါဇာတ်ညွှန်းကို မြင်ပြီးပြီ ဆရာကြီးထျန့်ကျန်း ပြောသလိုပဲ မင်းရေးထားတာ အရမ်းကောင်းတယ်။ မင်းတို့တွေ ဒီရုပ်သံဒရမ်မာကိုလည်း ကောင်းကောင်းမွန်မွန် ရိုက်ကူးနိုင်ဖို့ မျှော်လင့်နေပါပြီ။”
"ဒါပေမယ့် ငါပြောချင်တာက ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်ပြီဆိုရင်တောင် ရင်းနှီးမြှုပ်နှံသူ မရှိလောက်ဘူး။”
"အဲ့တာကြောင့် ငါတို့ ဒီရုပ်သံဒရမ်မာကို ရိုက်ကူးဖို့ နည်းနည်း ခက်ခဲလိမ့်မယ်" စီအီးအိုလီက လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။
လင်းဖန်က ခေါင်းငြိမ့်လိုက်၏။ "စီအီးအိုလီ။ အပြင်လောကက ကျွန်တော်တို့ကို အထင်မကြီးမှသာ အောင်မြင်လာတဲ့အခါ ပိုပြီးအဓိပ္ပာယ်ရှိလာမှာပါ။”
"ရင်းနှီးမြှုပ်နှံသူ မရှိရင် ကျွန်တော်ကိုယ်တိုင် ဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံပေးမယ်" လင်းဖန်က ပြောလိုက်ပါသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီရုပ်သံဒရမ်မာကို ကောင်းကောင်း ရိုက်ကူးရမယ်။ ဒီရုပ်သံဒရမ်မာက ဟွာစဲရုပ်ရှင်ကို ရှုံးမှာ မဟုတ်ဘူးလို့လည်း ကျွန်တော်ယုံကြည်တယ်။” လင်းဖန်က ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်ပါသည်။
စီအီးအိုလီက လင်းဖန်၏ ပခုံးကိုပုတ်ကာ ပြောလိုက်ပါသည်။ "အဲ့အချိန်ကျရင် ကုမ္ပဏီကလည်း ငွေတချို့ ပေးမှာပါ။ ရင်းနှီးမြှုပ်နှံသူ မရှိရင်တောင် ငါတို့ ဒီရုပ်သံဒရမ်မာကို ကောင်းကောင်း ရိုက်ကူးကြမယ်။”
လင်းဖန်နှင့် စီအီးအိုလီတို့ စာချုပ်ကို လက်မှတ် ထိုးပြီးနောာက် ယွဲ့ဟွာက ဒီဇာတ်ညွှန်းကို ရိုက်ကူးဖို့ တစ်ပိုင်း ၆၀၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ပါသည်။
"ဓားနှင့်နတ်သမီးဒဏ္ဌာရီ" အပိုင်း စုစုပေါင်း ၃၆ ပိုင်း ရှိသည်။ တစ်နည်းအားဖြင့် လင်းဖန်၏ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ဇာတ်ညွှန်းက စုစုပေါင်း ၂၁.၆ သန်းဖြင့် ရောင်းထွက်ခဲ့ပါသည်။
ယွမ် ၂၁.၆ သန်း သူ့ဘဏ်အကောင့်ထဲသို့ရောက်လာသောအခါ လင်းဖန် ပြုံးလိုက်သည်။
သူ နောက်ထပ် သန်း ၂၀ ကျော် ရလိုက်ပြန်ပြီ။ ဒါက ဝင်ငွေ အများကြီး မဟုတ်သော်လည်း ဒီရုပ်သံဒရမ်မာကို စတင်ရိုက်ကူးဖို့ လုံလောက်ပါသည်။ လက်ရှိ သူ့မှာ ငွေသား သန်း ၃၀၀ ရှိနေပါပြီ။
သူ့ဒရမ်မာမှာ ရင်းနှီးမြှုပ်နှံသူ မရှိရင်တောင် သူ့ကိုယ်သူ အားကိုးနိုင်သည်။
ဒီရုပ်သံဒရမ်မာက ကြမ္မာဆိုးဒရမ်မာဖြစ်ကာ တခြားကုမ္ပဏီများက သိပ်ပြီး အထင်မကြီးသော်လည်း ယွဲ့ဟွာဖျော်ဖြေရေးတွင် အရင်တုန်းက လင်းဖန်နဲ့ အတူတူ အလုပ်လုပ်ဖူးသည့် သရုပ်ဆောင်များက လင်းဖန်၏ ဇာတ်ညွှန်းကို အလွန်သဘောကျကြပါသည်။
"အစ်ကိုဖန် ငါမင်းဇာတ်ညွှန်းထဲမှာ သရုပ်ဆောင်ချင်လို့ ဇာတ်ကောင်နေရာတစ်ခုလောက် ပေးပါလား။”
"အစ်ကိုဖန် ဇာတ်ညွှန်းက ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းရတာလဲ။ နည်းနည်း ရက်စက်တာလေးတစ်ခုပဲ။ ဖတ်နေရင်းနဲ့တောင် ငိုမိတယ်။”
"တကယ်ကြီး ဖတ်ပြီး ငိုမိတယ်။ ဇာတ်သိမ်းက ဘာလို့ ဒီလိုဖြစ်ရတာလဲ။ အစပိုင်းတော့ အရမ်းချိုမြိန်တယ်လို့ ပြောပေမယ့် နောက်ဆုံးကျတော့ ဇာတ်လိုက်နှစ်ယောက် ခွဲခွာကြရတာပဲ။ သရုပ်ဆောင်မယ်ဆို တော်တော်လေး ရင်ကွဲရလိမ့်မယ်။”
"အစ်ကိုဖန်ရဲ့ လက်ရာတွေက တကယ့်ကို ထိပ်တန်းအဆင့်တွေချည်းပဲ။ တခြား ဖျော်ဖြေရေး ကုမ္ပဏီတွေက အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းကို အထင်မကြီးလောက်ဘူး။ ဒီရုပ်သံဒရမ်မာကို ရိုက်ကူးပြီးရင် သေချာပေါက် ဂန္ဓဝင်လက်ရာတစ်ခု ဖြစ်လာမှာပါ။”
"ဘာပဲဖြစ်ဖြစ် ငါအစ်ကိုလင်းဖန်ကို ယုံကြည်တယ်။ ဒီဇာတ်ညွှန်းကိုလည်း အရမ်းကြိုက်တယ်။”
သရုပ်ဆောင်များစွာက လင်းဖန်ကို လာတွေ့ပြီး ဇာတ်ကောင်နေရာလာတောင်းကြပါသည်။
လင်းဖန်တစ်ယောက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇာတ်ကောင်နေရာများစွာကို ရွေးချယ်ခဲ့သည်။
ခေါင်းဆောင်မင်းသားကတောာ့ သူကိုယ်တိုင်ပဲ ဖြစ်သည်။
ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်၏။
အမျိုးသမီး ဇာတ်ပို့ ဇာတ်ကောင်နေရာများကို စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့အား ပေးထားပါသည်။
ရှုယန်က အမျိုးသားဇာတ်ပို့ ဖြစ်၏။
ယွဲ့ဟွာ နာမည်ကြီးသရုပ်ဆောင် အများကြီးကိုတော့ မငှားရမ်းနိုင်ပါ။ သရုပ်ဆောင် အားလုံးနီးပါးက ဘဝရဲ့ပျော်ရွှင်မှုမှ ဖြစ်ပြီး အနုပညာကြေးကလည်း မမြင့်မားပါ။
သရုပ်ဆောင်များကို ရွေးချယ်ပြီးနောက် ပရိုဂျူဆာနဲ့ ဒါရိုက်တာများကို ဆုံးဖြတ်မည်ဖြစ်သည်။
"ညီလေးဖန် မင်း ဒါရိုက်တာလုပ်လို့ရတာပဲ။ ငါတို့အားလုံးက မင်းအဖွဲ့လုပ်မယ်။ ဒီရုပ်သံဒရမ်မာရဲ့ ဒါရိုက်တာက မင်းလုပ်မှဖြစ်မယ်" လုပမ်ခိုင်းက ပြောလိုက်သည်။
သူ လင်းဖန်ကို အလွန်လေးစားပါသည်။ လင်းဖန်သာ ဒီရုပ်သံဒရမ်မာ၏ ဒါရိုက်တာ ဖြစ်နိုင်သည်ဟုလည်း ခံစားမိပါသည်။
လင်းဖန် ဒါကိုကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။
သူ ဒါရိုက်တာ လုပ်လို့ ရသည်။
ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးတုန်းကလည်း လုပမ်ခိုင်းကို သူ အများကြီး ကူညီပေးခဲ့သည်။
အစကတော့ လင်းဖန်က လုပမ်ခိုင်းကို ဒါရိုက်တာ ထပ်လုပ်ခိုင်းချင်သော်လည်း လုပမ်ခိုင်းက လင်းဖန်ကို လေးစားလွန်းနေပါသည်။
သူတို့က ဒါရိုက်တာစွမ်းရည်ရှကြသူများဖြစ်သော်လည်း လုပမ်ခိုင်းက လင်းဖန်၏ ဒါရိုက်တာစွမ်းရည် ဘယ်လောက်ကောင်းသလဲ လေးလေးနက်နက် နားလည်ထားသည်။
လင်းဖန် ဒါရိုက်တာလုပ်သည့်အခါ လုပမ်ခိုင်းက ဘေးဘက်မှ သင်ယူနေခဲ့၏။။
သူနှင့် လင်းဖန်တို့အကြားက ခြားနားချက်ကို ခံစားခဲ့ရပါသည်။
ဒီရုပ်သံဒရမ်မာအတွက် ရင်းနှီးမြှုပ်နှံသူ အများကြီး မရှိသော်လည်း လုပမ်ခိုင်းက လင်းဖန်၏ လက်ထောက်လုပ်ပေးမည်ဖြစ်သည်။
လင်းဖန်၏ ဒါရိုက်တာစွမ်းရည်က အားကောင်းလွန်း၏။ လုပမ်ခိုင်းတစ်ယောက် လင်းဖန်ဆီမှ အများကြီး သင်ယူနိုင်လိမ့်မည်ဟု ခံစားမိပါသည်။
လင်းဖန်ကို သူ့လမ်းပြမီးကဲ့သို့ သဘောထားပြီးပြီ ဖြစ်သည်။
ဒီရုပ်သံဒရမ်မာ၏ ပရိုဂျူဆာကတော့ ယွဲ့ဟွာဖျော်ဖြေရေးပဲ ဖြစ်ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးက ဒီရုပ်သံဒရမ်မာအတွက် သန်း ၂၅၀ ရင်းနှီးမြှုပ်နှံထားသည်။
ထို့နောက် လင်းဖန်လည်း သန်း ၂၅၀ ထုတ်လိုက်ပြီး "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါသည်။
အလွန် ရိုးရှင်းပါသည်။ ဘယ်သူမှ ဇာတ်ညွှန်းကို မဝယ်ချင်သဖြင့် ရုပ်သံဒရမ်မာမှာ ဘယ်သူကကော ရင်းနှီးမြှုပ်နှံချင်မှာလဲ။
ဒီရုပ်သံဒရမ်မာ ရေပန်းစားလာပါ့မလား ဆိုတာတောင် သူတို့ မသေချာကြပေ။
လူများစွာ၏ မျက်လုံးထဲတွင် ဒီရုပ်သံဒရမ်မာက သေချာပေါက် ကျရှုံးလိမ့်မည်ဟု ထင်ထားကြသည်။
ဇာတ်သိမ်းမလှသည့် ရုပ်သံဒရမ်မာတစ်ခုက လက်ရှိ စျေးကွက်နဲ့ မကိုက်ညီဘဲ ပရိသတ်၏ အကြိုက်နဲ့လည်း မကိုက်ညီပါ။
"ကြယ်ဥယျာဥ်" က အလွန်အေးချမ်း၏။ စိတ်ဝင်စားဖို့ကောင်းပြီး သက်ဝင်သော ရုပ်သံဒရမ်မာတစ်ခု ဖြစ်သည်။ လင်းခယ့်ရှင်းပါ ပါဝင်ထားသဖြင့် ပါဝင်သရုပ်ဆောင်သူများနှင့် ရင်းနှီးမြှုပ်နှံမှုများက အားကောင်းကြပါသည်။
ဇာတ်ညွှန်းကို အတည်ပြုပြီးသောအခါ ဝန်ထမ်းအားလုံးကိုလည်း အတည်ပြုပြီးပါပြီ။
ဒီရုပ်သံဒရမ်မာ၏ ပရိုဂျူဆာက ယွဲ့ဟွာဖျော်ဖြေရေး ဖြစ်သည်။ ဒါရိုက်တာက လင်းဖန်၊ ခေါင်းဆောင်မင်းသားကလည်း လင်းဖန်ပဲ ဖြစ်၏။
ဒီရုပ်သံဒရမ်မာက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပူးပေါင်းရိုက်ကူးမှု ဒုတိယအကြိမ် ဖြစ်သည်။
ဒီရုပ်သံဒရမ်မာက ရှန်းရှဒရမ်မာဖြစ်ပြီး ၎င်း၏ စတိုင်ကလည်း ယနေ့ခေတ် စျေးကွက်နဲ့ လုံးဝ ခြားနားပါသည်။
ရှားဝမ်ချွေ့၏ စာချုပ်ဖျက်သိမ်းမှုများ၊ ဖျော်ဖြေရေးကုမ္ပဏီများ၏ ငြင်းဆိုမှုများ၊ ရင်းနှီးမြှုပ်နှံသူမရှိသည့် ပြဿနာများကို ကြုံတွေ့ရတာတောင် သူတို့ "ဓားနှင့်နတ်သမီးဒဏ္ဌာနီ" ရုပ်သံဒရမ်မာကို စတင်ရိုက်ကူးခဲ့ပါသည်။
သြဂုတ်လ ၃ ရက်တွင် ယွဲ့ဟွာက "ဓားနှင့် နတ်သမီးဒဏ္ဌာရီ" ရိုက်ကူးရေးကို ဝေ့ပေါ် ပေါ်မှာ တရားဝင် ကြေညာခဲ့ပါသည်။
သတင်းပြန့်သွားသောအခါ ဖျော်ဖြေရေး လောကထဲတွင် ပွက်လောရိုက်သွားခဲ့ပါသည်။
ယွဲ့ဟွာက ဟွာစဲရုပ်ရှင်၏ "ကြယ်ဥယျာဥ်"ကို ယှဥ်ပြိုင်ဖို့ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရိုက်ကူးလိမ့်မည်ဟု အားလုံး ထင်ထားခဲ့ကြ၏။
သို့သော်လည်း ယွဲ့ဟွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မရိုက်ကူးဘဲ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ"ကို ရိုက်ကူးလိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
ရိုက်ကူးရေးသတင်းကို ကြေညာလိုက်သောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ပရိသတ်များ အချက်တစ်ချက်ကို သတိထားမိသွားကြသည်။
"ဘုရားရေ ဓားနှင့်နတ်သမီးဒဏ္ဌာရီ ခေါင်းဆောင်မင်းသားက လင်းဖန်၊ ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့တို့ပဲဟ။”
"ပြီးတော့ ဒီရုပ်သံဒရမ်မာရဲ့ မူလဇာတ်ညွှန်းက လင်းဖန် ရေးထားတာတဲ့။”
"ကြည့်ဦး။ ဒါရိုက်တာကလည်း လင်းဖန်ပဲ။"
"ဘုရားရေ အစ်ကိုဖန်က ဇာတ်ညွှန်းရေးဆရာဖြစ်ရုံတင်မကဘူး။ ဒါရိုက်တာလည်း ဟုတ်သေးတယ်။ ပြီးတော့ ခေါင်းဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားသေးတယ်။”
"ငါ ဒီဒရမ်မာကို Follow လုပ်ထားလိုက်တော့မယ်။ ဒီရုပ်သံဒရမ်မာက အရမ်းကောင်းလိမ့်မယ်။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ ရိုက်ကူးရေး မစသေးပေမယ့် ဒီဒရမ်မာကိုပဲ စောင့်နေတော့မယ်။”
"အရင်တုန်းက အစ်ကိုဖန်နဲ့ ရှားဝမ်ချွေ့တို့ကို နာမည်ဖျက်တဲ့လူတွေ အများကြီးပဲ။ ကီးဘုတ်ဖိုက်တာတွေလည်း အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ငါ့မင်းသားလေးနဲ့ နတ်သမီးလေးကို အမြဲတမ်း အားပေးနေဦးမှာပဲ။”
"ဓားနှင့်နတ်သမီးဒဏ္ဌာရီ လုပ်ထားကွ။”
ပရိသတ်များအားလုံး အံ့အားသင့် ပျော်ရွှင်သွားကြပါသည်။
ရှားဝမ်ချွေ့ကို အွန်လိုင်းပေါ်မှာ လူများစွာ နာမည်ဖျက်ခဲ့တုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကောလဟာလများကို မတုန့်ပြန်ခဲ့ကြပေ။
အင်တာနက်ပေါ်မှာ အမာခံပရိသတ်များစွာရှိသည်။ ထိုလူတွေက လင်းဖန်နဲ့ရှားဝမ်ချွေ့ကို တမင်သက်သက် နာမည်ဖျက်နေမှန်း သူတို့ ပြောနိုင်ပါသည်။
လင်းဖန်၏ နည်းလမ်းကတော့ တုန့်ပြန်သည့်အနေဖြင့် ရုပ်သံစီးရီးအသစ်တစ်ခုကို ထုတ်လုပ်ဖို့ ဖြစ်ပါသည်။
ဒီရုပ်သံဒရမ်မာ၏ နာမည်က "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ဖြစ်သည်။
ဘာကြောင့်မှန်းမသိဘဲ ပရိသတ်များ နာမည်ကိုမြင်လိုက်သောအခါ အလွန်သဘောကျသွားကြပြီး မျှော်လင့်ချက်များ ပြည့်ဝနေကြပါသည်။
အဘယ့်ကြောင့်ဆိုသော် ဒီရုပ်သံဒရမ်မာ၏ ခေါင်းဆောင်မင်းသားက လင်းဖန် ဖြစ်နေသောကြောင့်ပင်။
ဒီရုပ်သံဒရမ်မာ၏ ဒါရိုက်တာနဲ့ မူလဇာတ်ညွှန်းရေးဆရာကတောင် လင်းဖန်ပဲ ဖြစ်သည်။
ပရိသတ်များစွာ၏ ရင်ထဲတွင် ဖော်မပြနိုင်သော ခံစားချက်များ ဖြစ်တည်လာပါသည်။
"ဓားနှင့်နတ်သမီးဒဏ္ဌာရီ"ကိုသာ ရိုက်ကူးနိုင်ပါက သေချာပေါက် နောက်ထပ် ဂန္ဓဝင်လက်ရာတစ်ခု ဖြစ်လာပါလိမ့်မည်။