အခန်း(၁၄၃) ပထမဆုံးအကြိမ်အဖြစ် ရှားဝမ်ချွေ့က ဦးစွာနမ်းလိုက်ခြင်း
Vol. 10 Ch. 143
အခန်း(၁၄၃) ပထမဆုံးအကြိမ်အဖြစ် ရှားဝမ်ချွေ့က ဦးစွာနမ်းလိုက်ခြင်း
ဟွာစဲရုပ်ရှင်တွင်။
စီအီးအိုလျို့ရှန်းက သူ့အလုပ်စားပွဲတွင် ထိုင်ကာ တည်ငြိမ်စွာ ပြုံးလိုက်၏။ ခေါင်းခါရင်း ပြောလိုက်ပါသည်။ "ယွဲ့ဟွာက ဒီ့ထက် အသည်းအသန် တုန့်ပြန်မယ်လို့ ထင်ထားတာ။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရိုက်ကူးရမယ့်အစား 'ဓားနှင့်နတ်သမီးဒဏ္ဌာရီ' ကို ရိုက်ကူးလိမ့်မယ်လို့ မထင်ထားဘူးကွာ။”
"ငါ့အမြင်မှာတော့ 'ဓားနှင့်နတ်သမီးဒဏ္ဌာရီ'က သေချာပေါက် ကျရှုံးမယ့် လက်ရာတစ်ခုပဲ။ ဒီလို ရုပ်သံဒရမ်မာမျိုးက ကြမ္မာဆိုးဒရမ်မာကြီးဖြစ်နေပြီး ရေပန်းစားလာမှာ မဟုတ်တာ အသေအချာပဲ။ ဒီဒရမ်မာ ရေပန်းစားဖို့ ဦးတည်နေတဲ့ ဘယ်အရာကိုမဆို စျေးကွက်က ရှင်းလင်းပစ်လိမ့်မယ်။”
လျို့ရှန်းက ဘေးပတ်လည်ကို ကြည့်လိုက်ရင်း ပြောလိုက်ပါသည်။
ဟွာစဲရုပ်ရှင်၏ စီအီးအိုတစ်ယောက်အနေဖြင့် အစကတော့ အနည်းငယ် စိုးရိမ်မိပါသည်။
ဘာပဲဖြစ်ဖြစ် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက အတော်လေး ရေပန်းစားနေတာ မဟုတ်လား။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲသာဆိုလျှင် "ကြယ်ဥယျာဥ်"က အန္တရာယ်ရှိနိုင်သည်။
သို့သော်လည်း လျို့ရှန်း အံ့အားသင့်သွားရသည်က ယွဲ့ဟွာဟာ ရူးကြောင်ကြောင် ဆုံးဖြတ်ချက်ကို ချလိုက်သောကြောင့် ဖြစ်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ က အလွန်ရေပန်းစားခဲ့တာ သိသာသော်လည်း သူတို့ ဒုတိယတွဲကို ဆက်မရိုက်ကူးကြပေ။
ထို့အစား "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" ကိုသာ ရိုက်ကူးကြသည်။
၎င်းက ရှန်းရှဒရမ်မာတစ်ခုဖြစ်ပြီး လက်ရှိ စျေးကွက်၏ စီးဆင်းမှုနဲ့ ကိုက်ညီမှု မရှိသော ဇာတ်ညွှန်းမျိုး ရှိကာ ဖျော်ဖြေရေး ကုမ္ပဏီ အများစု၏ ငြင်းဆန်ခြင်းကို ခံခဲ့ရသည်။ သရုပ်ဆောင်စွမ်းရည်များ၊ အထူးပြုလုပ်ချက်များ ဘယ်လောက်ပဲ ကောင်းနေပါစေ။ ဒီလို ရုပ်သံဒရမ်မာမျိုးက မအောင်မြင်နိုင်ပါ။
ဒီလိုရုပ်သံဒရမ်မာ မအောင်မြင်နိုင်ရခြင်း၏ အဓိက အကြောင်းအရင်းက ဒီရုပ်သံဒရမ်မာ၏ ဇာတ်လမ်းက လူတွေရဲ့ စိတ်ကို ထိတွေ့နိုင်မလား မထိတွေ့နိုင်ဘူးလား ဟူသည့်အပေါ် မူတည်သည်။
ပရိသတ်က အသိအမှတ်ပြုသည့် လက်ရာများကိုသာ လက်ရာကောင်းများဟု သတ်မှတ်နိုင်ပါသည်။
လျို့ရှန်းက ခေါင်းခါလိုက်၏။ သူ့ကို ပိုပြီး ရယ်ရအောင်လုပ်လိုက်တာက ဒီရုပ်သံဒရမ်မာ၏ ဇာတ်ညွှန််းဆရာ၊ ဒါရိုက်တာ၊ ခေါင်းဆောင် မင်းသားကောက လင်းဖန် ဖြစ်နေခြင်းပင်။
လင်းဖန်က အနုပညာလောကမှာ လူသစ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ရလဒ်ကောင်းကောင်းတချို့ ရခဲ့လည်း ဘာဖြစ်လဲ။
ရေပန်းစားလာဖို့ ကံကို တစ်ခေါက်ပဲ မှီခိုလို့ ရနိုင်မည်။ သို့သော်လည်း ရေပန်းစားလာဖို့ ကံကို နှစ်ခါ မှီခိုလို့ ရပါ့မလား။
လင်းဖန်က တကယ်ကြီး သူ့ကိုယ်သူ ဇာတ်ညွှန်းရေးဆရာကြီးလို့ ထင်နေတာလား။
"ဓားနှင့်နတ်သမီးဒဏ္ဌာရီ" က တကယ်ကြီး ရေပန်းစားလာလိမ့်မယ်လို့ သူ ထင်နေတာလား။
လျို့ရှန်းက ခေါင်းခါလိုက်သည်။ ကြည့်ရတာ သူ လင်းဖန်ကို အထင်အကြီးလွန်ခဲ့မိသည့်ပုံ။
ကြည့်ရသလောာက်တော့ လင်းဖန်က ဘာကောင်မှ မဟုတ်ပါ။
ဘယ်လိုကုမ္ပဏီမျိုးမဆို ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲရိုက်ကူးဖို့ကိုပဲ ဦးစားပေးလိမ့်မည်။
ဒါမှ သူတို့ ငွေ မဆုံးရှုံးမည်ဖြစ်၏။
လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မရိုက်ကူးခဲ့ပါ။ ထို့အစား ရဲတင်းပြီး ဆန်းသစ်သော နည်းလမ်းကို အသုံးပြုကာ Theme အသစ်စက်စက်တစ်ခုကို ရွေးချယ်ခဲ့၏။ ထို့အပြင် ရှန်းရှဒရမ်မာတစ်ခုလည်း ဖြစ်သည်။
ပြည်တွင်း ရုပ်သံဒရမ်မာစျေးကွက်ထဲတွင် ရှန်းရှ ဒရမ်မာများအကြား ကွာဟချက်ကြီးတစ်ခု ရှိနေသည်။ ယခင်တုန်းက ရှန်းရှဒရမ်မာကို ရိုက်နိုင်ခဲ့သူ မရှိသလောက် ရှားပါးသည်။
မရိုက်ချင်ကြတာ မဟုတ်သော်လည်း ရှန်းရှဒရမ်မာများအတွက် စျေးကွက်မရှိသောကြောင့် ဖြစ်သည်။
ရုပ်သံဒရမ်မာ အမျိုးအစားတစ်ခု၏ အရေအတွက်က ပရိသတ်သဘောကျသည့်အပေါ် မူတည်ပြီး ပြောင်းလဲသွားမည်။
ရှန်းရှဒရမ်မာများကို သေဆုံးခြင်း အမျိုးအစားဟုပင် ခေါ်ဆိုကြ၏။
လင်းဖန်က သေဆုံးနေသည့် အမျိုးအစားတစ်ခုဖြင့် ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးဖို့ တကယ်ကြီး ရွေးချယ်ခဲ့သည်။
ထို့အပြင် ကြမ္မာဆိုးဒရမ်မာမျိုးလည်း ဖြစ်သဖြင့် "ဓားနှင့်နတ်သမီးဒဏ္ဌာရီ"၏ ကျရှုံးမှုက သေချာသလောက် ရှိနေပါပြီ။
"စီအီးအိုလျို့ပြောတာမှန်တယ်။ ငါတို့ ရှားဝမ်ချွေ့ကို ပစ်မှတ်ထားဖို့တောင် လိုသေးလား။"
"ဒါမှမဟုတ် ကျုပ်တို့ ယွဲ့ဟွာရဲ့ ဓားနှင့်နတ်သမီးဒဏ္ဌာရီကို တစ်ခုခုလုပ်ကြမလား။ ယွဲ့ဟွာကို ဒီတိုင်း ချောချောမွေ့မွေ့ လုပ်ခွင့် မပေးနိုင်ဘူး။"
"ဟုတ်တယ် အဲ့တာ အဓိပ္ပာယ်ရှိတယ်။ စီအီးအိုလျို့ ဒီကောင်တွေကို ဆက်ပြီး ကစားကြမလား။"
ဝန်ထမ်းတချို့က ပြောလိုက်သည်။ ယွဲ့ဟွာကို အသက်ရှူခွင့်တောင် မပေးချင်ကြပါ။
လျို့ရှန်းက ခေါင်းခါပြီး ပြောလိုက်ပါသည်။ "မလိုတော့ဘူး။ ငါတို့ကုမ္ပဏီရဲ့ ကြယ်ဥယျာဥ်ကို ငါယုံကြည်ချက်ရှိတယ်။”
"ကြယ်ဥယျာဥ်က လင်းခယ့်ရှင်းရိုက်ကူးထားတဲ့ ရုပ်သံဒရမ်မာတစ်ခုပဲ။ ဒီရုပ်သံဒရမ်မာကို သေသေချာချာ ရိုက်ကူးရမယ်။ ဒီတိုက်ပွဲမှာ ငါတို့ ဓားနှင့်နတ်သမီးဒဏ္ဌာရီနဲ့ မယှဥ်ပြိုင်ဘူး။ အခု ဓားနှင့်နတ်သမီးဒဏ္ဌာရီက ငါတို့နဲ့ ယှဥ်ပြိုင်ခွင့်တောင် မရှိတော့ဘူး။”
"ငါတို့လုပ်ဖို့လိုတာက ဘဝရဲ့ပျော်ရွှင်မှုကို ကဏ္ဍပေါင်းစုံမှာ ကျော်လွန်ဖို့ပဲ။ ယွဲ့ဟွာကိုတော့ စိတ်မပူပါနဲ့။ သူတို့ ဘယ်လောက် ကောင်းကောင်း ရိုက်ကူးကြပါစေ ဒီရုပ်သံဒရမ်မာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။” လျို့ရှန်းက တောက်ပစွာ ပြုံးလိုက်ပါသည်။ သူ့မျက်လုံးများက ယုံကြည်ချက်များဖြင့် ပြည့်ဝနေ၏။
ဟွာစဲရုပ်ရှင် စီအီးအိုလီ၏ မျက်လုံးထဲမှာတော့ သူ ဘာမှ မလုပ်ရင်တောင် ဓားနှင့်နတ်သမီးဒဏ္ဌာရီက သေချာပေါက် အောင်မြင်မှာ မဟုတ်ပါ။
ဓားနှင့်နတ်သမီးဒဏ္ဌာရီက သေချာပေါက် ကျရှုံးမှု တစ်ခု ဖြစ်လာမည်။
သူ လင်းဖန်ကို သေချာစောင့်ကြည့်ခိုင်းမည်။ လင်းဖန်၏ ပထမဆုံးလက်ရာ "ဓားနှင့်နတ်သမီးဒဏ္ဌာရီ" က လင်းခယ့်ရှင်း၏ "ကြယ်ဥယျာဥ်"ကို ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မည်နည်း။
လင်းခယ့်ရှင်း၏ ရုပ်ရည်နှင့် လူကြိုက်များမှုတို့က အနုပညာလောကထဲတွင် အကောင်းဆုံးထဲမှာ ပါဝင်သည်။
ပေကျင်းရုပ်ရှင်တက္ကသိုလ် မျိုးဆက်သစ်၏ ကျောင်းမျက်နှာစာ မိန်းမလှလေးတစ်ယောက်အဖြစ် ဘွဲ့ရပြီးနောက် လင်းခယ့်ရှင်း၏ ပထမဆုံး လက်ရာက အလွန်အမင်း အရေးကြီးပါသည်။
လင်းခယ့်ရှင်းနှင့် ဟွာစဲရုပ်ရှင်တို့က ရုပ်သံဒရမ်မာတစ်ခုအတွက်သာ စာချုပ် ချုပ်ထားကြသည်။
ဟွာစဲရုပ်ရှင်ကသာ လင်းခယ့်ရှင်းကို ဒီရုပ်သံဒရမ်မာဖြင့် နောက်တစ်ဆင့် ရောက်အောင် ကူညီပေးနိုင်ပါက လင်းခယ့်ရှင်းလည်း ဟွာစဲရုပ်ရှင်နှင့် တကယ့်စာချုပ်အစစ်ကို လက်မှတ်ထိုးလောက်ပါသည်။
ထို့ကြောင့်လည်း ဒီတစ်ခေါက် ဟွာစဲရုပ်ရှင်က အလွန်မြန်ဆန်စွာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
လျို့ရှန်း၏ အမြင်တွင် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲက ကြယ်ဥယျာဥ်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။
မထင်ထားစွာဖြင့် ယွဲ့ဟွာဖျော်ဖြေရေး၏ ဆုံးဖြတ်ချက်က အရူးသွပ်ဆုံး ဖြစ်လာခဲ့သည်။
ယွဲ့ဟွာဖျော်ဖြေရေးက ဇာတ်ညွှန်းတိုက်ပွဲတစ်ခု ကျင်းပနေ၏။
ဇာတ်ညွှန်းတိုက်ပွဲ ပြီးဆုံးသွားသောအခါ အားလုံး ထွက်သွားကြသည်။
လင်းဖန်ကတော့ ဇာတ်ညွှန်းအကြောင်း ကြိုးစားပြီး စဥ်းစားနေဆဲ ဖြစ်သည်။
ဇာတ်ညွှန်းထဲမှာ ဘာတွေ ထပ်ပြီး အဆင့်မြှင့်နိုင်သေးသလဲ စဥ်းစားနေခြင်း ဖြစ်၏။
သူ အောင်မြင်မှုတ်တစ်ခုကို ရရှိလိုပြီး ရှန်းရှ ဒရမ်မာအထွတ်အထိပ်တစ်ခုကို ဖန်တီးချင်သည်။
ထို့အပြင် လင်းဖန်က တစ်တော့၏ နာမည်ကျော် အဆင့်သတ်မှတ်ချက်များကို မြင်ဖူးပြီး လင်းခယ့်ရှင်း ဘယ်လောက်တောင် ရေပန်းစားသလဲ သိပြီးသား ဖြစ်ပါသည်။
ထို့ကြောင့် လင်းဖန်က သူ့အားအင် ၁၂၀ ရာခိုင်နှုန်းလောက်ကို အသုံးချပြီး ဒီရုပ်သံဒရမ်မာကို ကောင်းမွန်စွာ ရိုက်ကူးဖို့ စီစဥ်ထား၏။
စုစုပေါင်း အပိုင်း ၃၆ ပိုင်း ရှိသည်။ နှုန်းထားက အလွန်မြန်ဆန်ပြီး နှောင့်နှေးမှုရှိမှာ မဟုတ်ပါ။
လင်းဖန်က သူ့အားထုတ်ကြိုးပမ်းမှုနှင့် စွမ်းအင်တွေ အကုန်လုံးကို ဒီရုပ်သံဒရမ်မာအတွက် မြှုပ်နှံထားသည်ဟု ဆိုနိုင်သည်။
သူ့ကြောင်မလေး အနုပညာလောကထဲမှာ အနိုင်ကျင့်ခံရသည်။ သူ့ထောက်ခံချက်အားလုံးတောင် ဖျက်သိမ်းခြင်း ခံရ၏။
စာချုပ်ချိုးဖောက်မှုအတွက် ဒဏ်ကြေးငွေများစွာကိုပင် ပေးဆောင်ရနိုင်သည်။
ရန်သူက ဟွာစဲရုပ်ရှင်သာ ဖြစ်နိုင်သည်။
လင်းဖန် အရှုံးကို လက်ခံမှာ မဟုတ်ပေ။ အရှုံးလည်း ပေးမှာ မဟုတ်ပါ။
လင်းခယ့်ရှင်းက ဖျော်ဖြေရေးလောကထဲမှာ အလွန်ရေပန်းစားကြောင်း သူ သိပါသည်။
လင်းခယ့်ရှင်းနှင့် "ကြယ်ဥယျာဥ်" ကို ကျော်လွန်လိုပါက သူ အစွမ်းကုန် ကြိုးစားမှ ဖြစ်မည်။
လင်းဖန်က သူ့စိတ်တွေ ရှင်းလင်းလာသလို ခံစားရပါသည်။
ဇာတ်ညွှန်း၊ အတွေးနှင့် ဒါရိုက်တာ စွမ်းရည်အားလုံး သူ့စိတ်ထဲ စုစည်းလာသည်။
လင်းဖန်၏ ဇာတ်ညွှန်းကို အရောင်အသွေး စုံလင်စွာဖြင့် ဆွဲသားပြီးပါပြီ။
အမြဲတမ်း ငပျင်းလို နေထိုင်ခဲ့သည့် လင်းဖန်တစ်ယောက် ဒီတစ်ခေါက်တော့ အလွန်ကြိုးစားနေပါသည်။
ရှားဝမ်ချွေ့ကို ဒီလောက်တောင် အနိုင်ကျင့်နေကြသဖြင့် လင်းဖန်က ရပ်တည်ပေးပြီး အားလုံးကို ပြသရမည်။
အနုပညာလောကထဲက ဘယ်သူမှ ရှားဝမ်ချွေ့ကို နောက်ပိုင်း အနိုင်မကျင့်ရဲအောင် လုပ်ရမည်။
ဒါက ရှားဝမ်ချွေ့ကို ကာကွယ်ဖို့တင် မဟုတ်ဘဲ သူ့ကိုယ်သူ သက်သေပြဖို့လည်း ဖြစ်ပါသည်။
ထို့ကြောင့် ဟွာစဲရုပ်ရှင်၏ ရုပ်သံဒရမ်မာ "ကြယ်ဥယျာဥ်"ကို သူ စစ်ကြေညာတော့မည်။
"မြောင်မြောင်" ရှားဝမ်ချွေ့က သူမ၏ ကြောင်နားရွက် ဦးထုပ်လေးကို ဆောင်းကာ လင်းဖန်ဘေးတွင် မတ်တပ်ရပ်နေသည်။
လင်းဖန်က လှည့်ကြည့်လိုက်ပြီး သူ့ရှေ့က လှပသော ကောင်မလေးကို ကြည့်လိုက်၏။ သူ ပြုံးလိုက်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ရှေ့မှာသာ ဒီလို သက်သက်သာသာ နေနိုင်ပါသည်။
သူဘာမှမပြောနိုင်ခင် ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ်နီရဲနေသည်။ သူမ ခြေဖျားထောက်လိုက်ပြီး လင်းဖန်၏ ပါးကို နူးညံ့စွာနမ်းလိုက်ပါသည်။
ခံစားချက်က အေးမြပြီး နွေးထွေးသည်။ ရွှန်လန်းစရာကောင်းပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၏။
လင်းဖန် ကြက်သေ သေသွားသည်။
ဒါ ရှားဝမ်ချွေ့ဘက်က သူ့ကို ပထမဆုံး အရင် နမ်းဖူးတာ မဟုတ်လား။