← Chapters

အခန်း(၁၄၄) ဒါရိုက်တာ ပညာရှင်အစစ် လင်းဖန်

Vol. 10 Ch. 144

အခန်း(၁၄၄) ဒါရိုက်တာ ပညာရှင်အစစ် လင်းဖန်

Vol. 10 Ch. 144

အခန်း(၁၄၄) ဒါရိုက်တာ ပညာရှင်အစစ် လင်းဖန်

"ဟုတ်ပါပြီ။ နင်အရမ်းကြီး ကြိုးစားဖို့ မလိုဘူး။ ဒါက ဆုချတာ~"

ရှားဝမ်ချွေ့ လင်းဖန်ရှေ့မှာရပ်နေပါသည်။ သူမ ပါးပြင်များက အနည်းငယ် နီရဲနေ၏။ လင်းဖန်ကိုကြည့်ရင်း သူမ ရင်တွေခုန်နေပါသည်။

လင်းဖန် ဒီလောက် ကြိုးစားနေတာကို သူမ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။ ဘဝရဲ့ပျော်ရွှင်မှုကို ရိုက်ကူးတုန်းကတောင် အခုလောက် လင်းဖန် အသည်းအသန် မဖြစ်ခဲ့ပါ။

ဒီလိုကောင်မလေးကို ကြည့်ရင်း လင်းဖန် ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားလိုက်ပါသည်။

သူမကို ပွေ့ဖက်ထားပြီး ကောင်းကောင်းကာာကွယ်ပေးချင်သည်။ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့်မပြုပါ။

ထို့ကြောင့်လည်း လင်းဖန် ပိုကြိုးစားရမည်ဖြစ်သည်။

"လိမ်လိမ်မာမာနေပြီး သွားနားတော့။ ကျန်တာ ငါ့ကိုအားကိုးထား။"

"ငါအရင်တုန်းက ပြောပြီးသား။ နင့်ကိုငါက လွဲပြီး ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး။ လုံးဝပဲ။"

"အဲ့တာကြောင့် နင့်ကို ကာကွယ်ပေးဖို့ ကြိုးစားရတာပေါ့" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ လက်ဖမိုးလေးကို နမ်းလိုက်ပါသည်။

ရှားဝမ်ချွေ့က သူမ၏ လှပသောမျက်လုံးလေးများဖြင့် မော့ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။ "အင်း"

"ငါအဲ့တာတွေ ဂရုမစိုက်ပါဘူး။ နင်နဲ့ သရုပ်ဆောင်နိုင်တာကိုပဲ အရမ်းကျေနပ်နေပြီ" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ ချိုချိုမြိန်မြိန်ပြုံးလိုက်ပြီး သူမ၏ သိမ်မွေ့သော အသံလေးက လင်းဖန်၏ နားထဲ ဝင်ရောက်လာသည်။

လင်းဖန်က သူ့ခေါင်းတွေ ပေါက်ကွဲထွက်တော့မလို ခံစားနေရသော်လည်း သည်းခံထားလိုက်ပါသည်။

သူကြိုးစားပြီး အနုပညာလောကထဲမှာ ခိုင်ခိုင်မာမာရပ်တည်ပြီး သူမကို ကာကွယ်ပေးရမယ် မဟုတ်လား။

"အိမ်ပြန်တော့ ဘာပဲဖြစ်ဖြစ် ငါရှိတယ်" လင်းဖန်က ပြောလိုက်သည်။

"~~" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။

နှစ်ရက်ကြာသောအခါ...

ဓားနှင့်နတ်သမီးဒဏ္ဌာရီအတွက် ရိုက်ကူးရေးအဖွဲ့သားများ စုစည်းပြီးကြပါပြီ။ အားလုံးက ဇာတ်ညွှန်းကို မှတ်မိနေကြပါပြီ။

သူတို့လုပ်ဖို့လိုတာဆိုလို့ ရိုက်ကူးရေးကို တရားဝင်စတင်ဖို့သာဖြစ်သည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"အတွက် ရင်းနှီးမြှုပ်နှံသူ မရှိသလောက်ပင်။။

ဒီဒရမ်မာသာကျရှုံးသွားပါက လင်းဖန်ရင်းနှီးမြှုပ်နှံထားသည့် ငွေအားလုံး သဲထဲရေသွန် ဖြစ်သွားပါလိမ့်မည်။ ယွဲ့ဟွာဖျော်ဖြေရေးလည်း ထိုနည်းလည်းကောင်း အခြေအနေမျိုး ဖြစ်လာပါလိမ့်မည်။

လင်းဖန်က ယွမ် သန်း ၃၀၀ ကျော်အောက်သာ ရခဲ့ပြီး ယွမ် သန်း ၂၅၀ ကို ဒီရုပ်သံဒရမ်မာအတွက် ပြန်ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို ရိုက်ကူးနေစဥ် လင်းဖန်က အားလုံးကို ကြည့်လိုက်သည်။

"အားလုံးပဲ ကျွန်တော်က ဒီဒရမ်မာရဲ့ ဒါရိုက်တာပါ။ အဲ့တာကြောင့် အားလုံးကို နည်းနည်းလေးတော့ စည်းကမ်းတင်းကြပ်မှု ရှိနိုင်ပါတယ်။"

"ဒီရုပ်သံဒရမ်မာကို ရိုက်ကူးရတာက အရင်တစ်ခေါက် ဘဝရဲ့ပျော်ရွှင်မှုရိုက်ကူးရေးနဲ့ နည်းနည်း ခြားနားလောက်တယ်။ ဘဝရဲ့ပျော်ရွှင်မှုကို ရိုက်ကူးတုန်းက ဘာမှ အပူအပင် မရှိဘူးလေ။ ဒါပေမယ့် ဒီဒရမ်မာကိုတော့ ကျွန်တော်တို့ ကောင်းကောင်းရိုက်နိုင်မှကို ဖြစ်မှာပါ" လင်းဖန်က ပြုံးကာ ပြောလိုက်လေသည်။

"အင်း~" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။ သူမက လှပဆဲဖြစ်ပါသည်။

ရှားဝမ်ချွေ့ကို မြင်သောအခါ လင်းဖန် ပြုံးလိုက်ပါသည်။ တခြားသူတွေကိုသာ တင်းကြပ်လို့ရရင် ရမည်။ ရှားဝမ်ချွေ့ကိုတော့ ဘာမှ မလုပ်နိုင်ပါ။

ရှားဝမ်ချွေ့က ဘယ်သူမှ မတင်းကြပ်နိုင်လောက်သည့်အထိ လှပလွန်းပါသည်။

ထို့အပြင် ရှားဝမ်ချွေ့၏ သရုပ်ဆောင်စွမ်းရည်များကလည်း ကောင်းမွန်လှသည်။

တစ်ဖက်တွင် ရှုယန်က လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြားက အကြည့်ကိုမြင်ကာ နားလည်သွားသည်။

လင်းဖန်က ရှားဝမ်ချွေ့အတွက် အများကြီး ကြိုးစားပေးသည်။ ဒါ့ကြောင့်လည်း ရှားဝမ်ချွေ့က သူ့ကို သဘောကျတာ ဖြစ်နိုင်ပါသည်။

ဒါမျိုးက သူလုပ်နိုင်သည့်အရာမဟုတ်ကြောင်း ရှုယန် သိပါသည်။

"ဆရာ ငါ လှလား" စုရှောင်းယွီကလည်း ရှေးခေတ်အဝတ်အစားများကို လဲလိုက်ပြီး လင်းဖန်ရှေ့မှာ လှည့်ပြလိုက်ပါသည်။ သူမက သွက်လက်ပြီး အလွန်အမင်း လှပါပသည်။

"လှပါတယ် ဒါပေမယ့် နင်က ခွေးနဲ့တူတုန်းပဲ" လင်းဖန်က ပြုံးလိုက်ပါသည်။

"အာဝူး ဆရာ ငါနင့်ကိုကိုက်မှာနော်" စုရှောင်းယွီက ခွေးတစ်ကောင်လို ပြုမူလိုက်ပါသည်။

စုရှောင်းယွီ၏ ကိုယ်လုံးကိုယ်ပေါက်က အလွန် လှပပါသည်။ နန်းတွင်းအဝတ်အစားများနှင့်ဆို ပို၍တောင် ကြည့်ကောင်းပါသေးသည်။ သူမလေးက ချစ်ဖို့ ကောင်းလွန်းပြီး ဘာကိုမှ အတည်ပေါက် မလုပ်သည့် ပုံစံမျိုးလေး ဖြစ်သည်။

စုရှောင်းယွီက လွတ်လွတ်လပ်လပ် နေရတာကို ပိုသဘောကျပါသည်။ တကယ်တော့ သူမ၏ သရုပ်ဆောင်စွမ်းရည်များကလည်း အလွန်ကောင်းမွန်ပါသည်။

ပထမတော့ စုရှောင်းယွီက အလွန်အပူအပင်ကင်းသည်။

သို့သော် ရိုက်ကူးရေး စလိုက်ပြီးနောက် စုရှောင်းယွီ ချက်ချင်းပဲ သူမ စတိုင်ကို ပြောင်းလဲလိုက်ပါသည်။

သူမက ရိုက်ကူးရေးကို အလွန် တည်တံ့စွာ ရိုက်ကူးခဲ့သည်။ သူမ၏ အမူအရာနှင့် စာသားတိုင်းကို ချောချောမွေ့မွေ့ ဆောင်ရွက်သွားသည်။

သူ ဒရမ်မာကို ရိုက်ကူးရင်း လင်းဖန်က စုရှောင်းယွီကို လက်မပင် ထောင်ပြလိုက်ပါသည်။

တချို့လူတွေက ဇာတ်ညွှန်းစာသားများကို သိပ်မမှတ်မိလောက်သော်လည်း စုရှောင်းယွီကတော့ ရင်ထဲ အသဲထဲထိ စွဲအောင် မှတ်မိနေပါသည်။

သူမက "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ဇာတ်လမ်းထဲက ဇာတ်ကောင်များနဲ့ ရင်းနှီးပြီးသား ဖြစ်သည်။

ထို့နောက် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဇာတ်ဝင်ခန်းများကို ရိုက်ကူးဖို့ အချိန်ကျလာပါသည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဇာတ်ဝင်ခန်းများက အလွန်များပြားပါသည်။ လင်းဖန်၏ အကူအညီဖြင့် လုပမ်ခိုင်းက ထိုင်ကာ စောင့်ကြည့်ပေးရင်း အလွန် အံ့အားသင့်သွားရပါသည်။

အရင်တစ်ခေါက်က လင်းဖန် တကယ်ပဲ ဒါရိုက်တာ မလုပ်ခဲ့ပါ။ သို့သော် ဒီတစ်ခေါက်တော့ လင်းဖန်က ဒါရိုက်တာအဖြစ် လုံးဝ တာဝန်ယူထားပြီး လုပမ်ခိုင်းကတော့ ဘေးကနေသာ ကူညီပေးရပါသည်။

လုပမ်ခိုင်း သက်ပြင်းချလိုက်သည်။ "လင်းဖန်က ဒါရိုက်တာစစ်စစ်ပါလား။ သူ သရုပ်မဆောင်ရင်တောင်၊ ဇာတ်ညွှန်းရေးဆရာ မဟုတ်ရင်တောင် သူ့ရဲ့ ဒါရိုက်တာပညာနဲ့ ဂန္တဝင်လက်ရာတွေ တစ်ခုပြီး တစ်ခု ထုတ်လုပ်နိုင်ဦးမှာပဲ။"

"ကမ္ဘာပေါ်မှာ ဒီလိုအားကောင်းတဲ့ ဒါရိုက်တာတစ်ယောက် ရှိနေတာပါလား။ လင်းဖန်ရဲ့ ရည်ရွယ်ချက်တွေကို ငါ အနည်းနဲ့ အများ နားလည်စပြုလာပြီ။ အခုတော့ နားမလည်ပြန်ဘူး။ ဒီရုပ်ရှင်ကိုမြင်မှ ငါသိလိုက်ရတာက... ညီလေးဖန်က အရမ်းတော်တာပဲ" လုပမ်ခိုင်းက အံ့အားသင့်စွာ ပြောလိုက်ပါသည်။

ရိုက်ကူးရေးအဖွဲ့သားများထဲက တခြား ဝန်ထမ်းများကတောာင် အံ့သြသွားကြပါသည်။

လင်းဖန် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးပြီးသွားသောအခါ ချိန်ညှိမှုများ ပြုလုပ်ဖို့အတွက် ချက်ချင်း ရောက်လာသည်။ ရိုက်ကူးရေး တစ်ခုခုလွဲနေတာ ရှိပါက သေချာပေါက် သူ ပြန်ရိုက်ကူးမည် ဖြစ်သည်။

ချိန်ညှိမှုများနှင့် ရှင်းလင်းချက်များစွာကို လုပ်ပြီးနောက် ရှိနေကြသော ဝန်ထမ်းအားလုံး လင်းဖန်ကို လုံးဝ အထင်ကြီးသွားကြပါသည်။

"လခွမ်း မင်း အဲ့တာလည်း လုပ်တတ်တာပဲလား။ အစ်ကိုဖန်မှာ ဘယ်လို ဦးနှောက်မျိုး ရှိနေတာလဲ။ ဟောလိဝုဒ်ဒ် ဒါရိုက်တာတွေတောင် လင်းဖန်လောက် မတော်ဘူးလို့ ခံစားမိတယ်ကွာာ။”

"ဟုတ်တယ်။ အစ်ကိုဖန်က တကယ်ပဲ ရုပ်ရှင်လောကထဲကို ဝင်ရောက်နိုင်လောက်တယ်။ ပြည်တွင်းရုပ်ရှင်လောကက ရေသေအိုင်တစ်ခုလိုပဲ။ ငါတို့ ရုပ်ရှင်ကောင်းတစ်ခုခု မကြာခဏ ထုတ်လုပ်ပေးနိုင်တာတောင် မဆိုးဘူး ပြောရမယ်။ တချို့ရုပ်ရှင်ကောင်းတွေကို နိုင်ငံခြားတွေက လက်ဝါးကြီးအုပ်ထားကြတာ။ ဥပမာအားဖြင့်  ဟောလိဝုဒ်ရဲ့ ရုပ်ရှင်အကြီးစားပေါင်းစုံနဲ့ နည်းပညာပေါင်းစုံတွေက ငါတို့နိုင်ငံနဲ့ မယှဥ်နိုင်ဘူးကွာ။"

"အစ်ကိုဖန်ရဲ့ ဒါရိုက်တာ စွမ်းရည်က အရမ်းအားကောင်းတယ်။ သရုပ်ဆောင်စွမ်းရည်ကလည်း မဆိုးဘူး။ အစ်ကိုဖန်သာ ရုပ်ရှင်လောကထဲကို ဝင်နိုင်ရင် ပြည်တွင်းရုပ်ရှင်တွေရဲ့ တည်ငြိမ်နေတဲ့ ရေသေကို ပြောင်းလဲနိုင်မယ်ဆိုတာ သံသယဖြစ်ဖို့မလိုတော့ဘူး။"

ရုပ်ရှင်အဖွဲ့သားအားလုံး အံ့သြတကြီး ဖြစ်ကုန်ကြါပါသည်။

လင်းဖန် သူတို့ဘေးမှာရှိနေလျှင် အားလုံး စိတ်ချကြသည်။

လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းတောင် အကျိုးကျေးဇူး အများကြီးရခဲ့သည်ဟု ခံစားမိပါသည်။

တစ်ရက်လုံး ရိုက်ကူးရေးလုပ်ပြီးနောက် အားလုံး အနည်းငယ် ပင်ပန်းသွားကြသည်။

လုပမ်ခိုင်း အသိပညာတွေ အများကြီး ရလိုက်သည်ဟု ခံစားမိပါသည်။

"ညီလေးဖန်က တကယ်တော်တာပဲ..."

"တကယ့် ဒါရိုက်တာ ပါရမီရှင်လေးပဲ။ အပြင်လောကက ဖျော်ဖြေရေးကုမ္ပဏီက လူတွေ မသိကြသေးဘူး ဟားဟား" လုပမ်ခိုင်းက ရယ်မောလိုက်ပါသည်။ သူ အနည်းငယ် ပင်ပန်းနေပါသည်။ ဒီနေ့ ရိုက်ကူးရေးက ပြင်းထန်ခဲ့၏။

လင်းဖန်က လုပမ်ခိုင်းအတွက် ဓာတ်ဆားရေတစ်ဗူး ယူလာပေးသည်။

တခြားသရုပ်ဆောင်များလည်း သွားနားနေကြပါပြီ။

သူတို့တောထဲမှာ ရိုက်ကူးရေးလုပ်နေတာဖြစ်သဖြင့် တည်းစရာ ဟိုတယ်တောင် မရှိပါ။ သူတို့ စခန်းချပြီးသား တည်းနိုင်ပါသည်။

ရိုက်ကူးရေး ပတ်ဝန်းကျင်က အလွန်ကြမ်းတမ်းသည်။ သို့သော်လည်း ဘယ်သူမှ ဘာမှမပြောကြပါ။

"ဒါရိုက်တာ ပါရမီရှင်လေး ဟုတ်လား။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါဗျာ" လင်းဖန်က ဓာတ်ဆားရေ တစ်ငုံ သောက်ပြီး ပြုံးလိုက်ပါသည်။

လုပမ်ခိုင်းက လင်းဖန်ကို လေးစားစွာ ကြည့်ပြီး ပြောလိုက်ပါသည်။ "ညီလေးဖန် ငါမင်းကို မေးစရာ တစ်ခု ရှိတယ်။"

"နောက်ပိုင်း မင်းအချိန်ရမယ်ဆိုရင် သေချာပေါက် လုပ်မှဖြစ်မယ်။ နိုင်ငံတော်ထဲက ဒါရိုက်တာတွေ အများကြီးကို ငါသိပေမယ့် မင်းတစ်ယောက်တည်းပဲ လုပ်နိုင်လိမ့်မယ်။"

All Chapters