အခန်း(၁၄၅) အားလုံးလေးစားကြတဲ့ ရုပ်ရှင်ဘုရင်လို သရုပ်ဆောင်စွမ်းရည်များ
Vol. 10 Ch. 145
အခန်း(၁၄၅) အားလုံးလေးစားကြတဲ့ ရုပ်ရှင်ဘုရင်လို သရုပ်ဆောင်စွမ်းရည်များ
လုပမ်ခိုင်းက ဆက်ပြောသည်။ "ညီလေးဖန် မင်းရဲ့ ဒါရိုက်တာစွမ်းရည်က ငါမြင်ဖူးသမျှ ဘယ်သူ့အောက်မှ မကျဘူး။"
"မင်းက ရှိုးထဲမှာ အကောင်ဆုံး အာနိသင်ရဖို့ သရုပ်ဆောင်ကို ဘယ်လိုအနေအထားမျိုး ထားရမလဲဆိုတာ သိတယ်။ ဇာတ်ဝင်ခန်းတွေကို ကူးပြောင်းတဲ့အခါ၊ ကင်မရာတွေကို ထိန်းချုပ်တဲ့အခါ၊ တည်နေရာတွေကို ပြောင်းလဲတဲ့အခါ မင်းရဲ့ ကျွမ်းကျင်မှုတွေက ထိပ်တန်းအဆင့်ပဲ။ မင်းက ဇာတ်ညွှန်းရေးလည်း တော်တယ်။ ငါတို့အားလုံး မင်းကို အများကြီး လေးစားအားကျကြတယ်။"
"ယွဲ့ဟွာဖျော်ဖြေရေးက ဒီတစ်ခေါက် တစ်ခါမှ မကြုံဖူးတဲ့ ကပ်ဘေးတစ်ခုကို ကြုံခဲ့ရရင်တောင်၊ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' မှာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်သူမှ မရှိရင်တောင် လုပမ်ခိုင်းဆိုတဲ့ ငါက မင်းကို ယုံကြည်ပါတယ်ကွာ။"
"ဒီရုပ်သံဒရမ်မာ ရေပန်းစားလာလိမ့်မယ်လို့လည်း ယုံကြည်မှုရှိတယ်။ ဟွာစဲရုပ်ရှင်က ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာတွေထက်တောင် ပိုရေပန်းစားလာနိုင်တယ်။"
လုပမ်ခိုင်းက လင်းဖန်ကို ရင်ထဲ နက်နက်ရှိုင်းရှိုင်း လေးစားခဲ့တာ ကြာပါပြီ။
သူ ဒါရိုက်တာလောကထဲ ရောက်နေတာ ကြာပြီ။ လင်းဖန်လောက် စွမ်းရည်ရှိသည့် ဒါရိုက်တာမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ။
ဒါက ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။ လုပမ်ခိုင်း ဒီလို ခံစားခဲ့ရတာ ကြာပါပြီ။
သူ့အမြင်မှာတော့ လင်းဖန်က ဒုတိယ ဟုပြောလျှင် ဘယ်သူမှ ပထမနေရာကို ယူရဲကြမှာ မဟုတ်ပါ။
ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားနေရသည့် အကြောင်းအရင်းရှိသည်။
လင်းဖန်က သော့ချက် ဖြစ်ပါသည်။
"ကျွန်တော့်ကို ပြောပါ။ ကျွန်တော့်ကို မေးစရာရှိရင် ချီးကျူးစရာ မလိုပါဘူးဗျာ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူ လုပမ်ခိုင်းကို ဓာတ်ဆားရေတစ်ဗူး ပေးလိုက်ပါသည်။
လုပမ်ခိုင်း ဓာတ်ဆားရေကို ယူလိုက်ကာ လင်းဖန်ကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်ပါသည်။ "ညီလေးဖန်။ တစ်နေ့ကျရင် မင်းရုပ်ရှင်လောကထဲ ဝင်လာနိုင်မယ်လို့ မျှော်လင့်မိတယ်။ အဲ့တာဆို နယ်ပယ်အသစ်တစ်ခု ဖြစ်လာမှာပဲ။”
"ပြီးတော့ ဇာတ်ကားတစ်ကားကို ရိုက်ကူးတာက ရုပ်သံဒရမ်မာတစ်ခု ရိုက်ကူးတာထက် အမြတ်တွေ အများကြီး ပိုရတယ်။ ငါက ဒါရိုက်တာပဲ လုပ်တတ်တဲ့ သာမန်လူတစ်ယောက်ပါကွာ။ ငါ့အစွမ်းအစတွေက ထင်သလောက် မကောင်းတာ ငါသိပါတယ်။ ဒါပေမယ့် အိပ်မက်တစ်ခုတော့ ရှိတယ်။ ငါလက်ရာမြောက်တဲ့ ရုပ်ရှင်တွေကို ရိုက်ကူးချင်တယ်။ အဲ့တာတွေကို ပြည်တွင်းမှာ ဖြန့်ချိပြီး နိုင်ငံခြားပရိတ်သတ်တွေကပါ ချီးကျူးတာမျိုး ခံရချင်တယ်။”
"တရုတ်မှာ ရာဇဝင် နှစ် ၅,၀၀၀ ရှိတယ်။ ကျယ်ပြောတဲ့ သမိုင်းကြောင်း နှစ် ၅,၀၀၀ ကြီးများတောင် ရှိတယ်။ ပြီးတော့လည်း တရုတ်က ကမ္ဘာကြီးပေါ်မှာ ဒုတိယ စီးပွားရေး အကျယ်ပြန့်ဆုံး နိုင်ငံတစ်ခုပဲ ငါဂုဏ်ယူပါတယ်။"
"ညီလေးဖန် ဒီဆိုရိုးစကားကို အရင်က ကြားဖူးမလားတော့မသိဘူး။ လူငယ်တွေ အားကောင်းရင် တိုင်းပြည်တိုးတက်မယ်တဲ့။"
"ငါတို့နိုင်ငံတော်ရဲ့ ရိုးရာနဲ့ ယဥ်ကျေးမှုကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ ရုပ်ရှင်တွေက သေချာပေါက် အရေးပါတာပေါ့။ ဒါပေမယ့် ပြည်တွင်းရုပ်ရှင်တွေမှာ တစ်နှစ်ကို ကားကောင်း တစ်ကား ထုတ်နိုင်ဖို့တောင် ခက်ခဲတယ်။ လက်ရာတချို့ကို ထုတ်လုပ်နိုင်ရင်တောင် နိုင်ငံခြားကားတွေက လုံးဝ အနိုင်ယူသွားနိုင်တယ်။ နိုင်ငံခြား ဂန္တဝင်ဇာတ်ကားကြီးတွေဆိုရင် ပြောမနေပါနဲ့တော့။”
"အခု နိုင်ငံခြားသားတွေ ငါတို့ကို အထင်သေးရုံတင်မကဘူး ငါတို့ နိုင်ငံသားတွေကပါ ငါတို့ ရုပ်ရှင်လောကကို အထင်သေးနေပြီ။ ဒီတိုင်းသာ အချိန်ကြာကြာ ဆက်သွားမယ်ဆိုရင် ငါတို့ ပြည်တွင်း အနုပညာလောကထဲကို နိုင်ငံခြားသားတွေ ကျူးကျော်လာလိမ့်မယ်။ အဆုံးသတ်ရလဒ်ကတော့ စစ်ပွဲထက်တောင် ကြောက်ဖို့ ကောင်းလိမ့်မယ်။"
"နိုင်ငံခြား တိုင်းပြည်တွေက ငါတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရုပ်ရှင်တွေ၊ စီးရီးတွေနဲ့ တခြား ယဥ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ လွှမ်းမိုးသွားမယ်ဆိုရင် ဒီလို ယဥ်ကျေးမှုဆိုင်ရာ ကျူးကျော်မှုက ကြောက်ဖို့ အကောင်းဆုံးပဲကွ။"
လုပမ်ခိုင်း၏ မျက်နှာထားက လေးနက်နေကာ ဆက်ပြောလိုက်သည်။ "ညီလေးဖန် မင်းငါပြောနေတာကို နားမလည်နိုင်လောက်ဘူး။ ငါမင်းကို ရိုးရှင်းတဲ့ သာဓကတစ်ခု ပေးမယ်။ ဟိုးရှေးခေတ်ကတည်းက ငါတို့နိုင်ငံတော်ရဲ့ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ ဆောင်းလယ်ပွဲတော် အစရှိတဲ့ပွဲတော်တွေမှာ အဓိပ္ပာယ်ရှိကြတယ်။"
"ဒါပေမယ့် ဒီခေတ်လူငယ်တွေက ဘယ်လို ပွဲတော်တွေကို ကြိုက်ကြလဲသိလား။ ချစ်သူများနေ့တို့၊ အဖြူနေ့တို့၊ အမည်းနေ့တို့လို နိုင်ငံခြား ပျော်ပွဲရွှင်ပွဲတွေက ငါတို့နိုင်ငံထဲမှာ ပိုပြီး ရေပန်းစားလာတယ်။"
"အဲ့တာက ယဥ်ကျေးမှု လွှမ်းမိုးခြင်းရဲ့ သက်ရောက်မှုတစ်ခုပဲ။ နောက်ဆယ်စုနှစ် အနည်းငယ်လောက်ကြာရင် ငါတို့ နိုင်ငံတော်က ကလေးတွေက အယ်လ်ထရာမန်း၊ မာဗယ်၊ အိုင်းရွန်းမန်းတွေကိုပဲ ကြိုက်ကြလိမ့်မယ်။ အဲ့တာ ဘာပြဿနာမှ မရှိပါဘူး။"
"ဒါပေမယ့် ငါတို့ ပြည်တွင်းထုတ်တွေ ဘယ်ရောက်ကုန်လဲ။"
"ငါတို့ တရုတ်ယဥ်ကျေးမှု သမိုင်းကြောင်း နှစ် ၅,၀၀၀ စာလောက် ဘယ်ရောက်သွားလဲ။"
"အကုန်လုံးကို နိုင်ငံခြား ယဥ်ကျေးမှုတွေက ကျူးကျော်သွားရင် ငါတို့ တရုတ်ယဥ်ကျေးမှုကို ဘယ်လိုလုပ် လက်ဆင့်ကမ်းနိုင်တော့မှာလဲ။"
"ညီလေးဖန် ငါပြောတာက အရမ်းခမ်းနားပြီး လက်တွေ့မဆန်ဘူးလို့ ထင်ရနိုင်တယ်။ ဒါပေမယ့် ငါတကယ်ထင်တာပါ။"
"မင်းတစ်ယောက်တည်းမှာပဲ ရုပ်ရှင်လောကထဲဝင်ပြီး ရုပ်ရှင်လောကရဲ့ ရေသေကို ပြောင်းလဲနိုင်မယ့် အစွမ်းအစရှိတယ်။ Animation ရေသေတွေလည်း ရှိသေးတယ်။ ငါတို့ ပြည်တွင်းရုပ်ရှင်တွေကော ကာတွန်းတွေကော၊ ရုပ်သံအစီအစဥ်တွေကောာ ဘာမှ နိုင်ငံခြားတွေကို မယှဥ်နိုင်ဘူး။”
"စစ်ကားတွေကိုပဲ ဥပမာ ယူကြည့်လိုက်စမ်းပါ။ ပြည်တွင်း စစ်ကားတွေက ပေါကားတွေလိုပဲ။ ဂျပန်တွေကို တစ်စစီ ဆုတ်ဖြဲပြီး ကျည်ဆံတွေကို လက်ဗလာနဲ့ ဖမ်းပြတယ်။ ဒါပေမယ့် နိုင်ငံခြားစစ်ကားတွေက လူတွေကို စစ်ပွဲကို တကယ်ကြောက်သွားအောင် ရသပေးနိုင်တယ်။" လုပမ်ခိုင်းက လင်းဖန်ကို စကားတွေ အများကြီး ပြောလိုက်ပါသည်။
လင်းဖန် ဒါကို ကြားသောအခါ လုပမ်ခိုင်း၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။
"လုပမ်ခိုင်း ကျွန်တော်တို့ ပြည်တွင်းရိုးရာ ယဥ်ကျေးမှုတွေကို ယုံကြည်မှု ရှိရမယ်လေ။”
"ရုပ်ရှင်လောကကတော့ တကယ်ပဲ ရေသေအိုင်တစ်ခု ဖြစ်နေတာ မှန်ပါတယ်။ ခင်ဗျားပြောတာကို မှတ်ထားပါ့မယ်။ အခွင့်အရေးရခဲ့ရင် ကျွန်တော်ရုပ်ရှင်လောကထဲဝင်ပြီး ရုပ်ရှင်လောကကို တစ်ချက်လောက် သွားကြည့်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လေး ရုပ်ရှင်ကောင်း ထုတ်လုပ်ဖို့ စိတ်ကူးရှိတာပဲလေ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်က အနုပညာလောကမှာ ရေပန်းစားမှုနဲ့ ငွေတို့သာ ရှိသည်ဟု ထင်ခဲ့သည်။
တကယ်ပဲ ထိုကဲ့သို့ လူတွေ အများကြီး ရှိပါသည်။
သို့သော်လည်း လင်းဖန်အပြင် ဒီလိုလူကောင်းတစ်ယောက်လည်း ရှိပါသေးသည်။
ထို့ကြောင့် လင်းဖန် ဝမ်းသာသွားသည်။
သူ့မှာ အစွမ်းအစရှိပါက သူလည်း ရုပ်ရှင်လောကထဲသို့ ဝင်လာမည်ဖြစ်သည်။
ထိုယဥ်ကျေးမှု လုပ်ငန်းများကို အသာထားဦး ငွေရဖို့အတွက်ပင် သူရေပန်းစားသည့် ရုပ်ရှင်တစ်ခုကို ရိုက်ကူးနိုင်ပါက သေချာပေါက် ရုပ်သံဒရမ်မာများအောက် မနည်းနိုင်ပါ။
လင်းဖန်က သူ့ကိုယ်သူ ကမ္ဘာကြီးကို ကယ််တင်နိုင်သူဟု မထင်ပါ။
သူသာ ငွေရမည်ဆိုလျှင် သေချာပေါက် ကြိုးစားကြည့်ပါမည်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံ၏ ရိုးရာယဥ်ကျေးမှုကို အဆင့်မြှင့်တင်ပေးရာလည်း ကျမည်။
ဘာပဲဖြစ်ဖြစ် သူ တရုတ်ယဥ်ကျေးမှုများကို အဆင့်မြှင့်တင်ပေးချင်ပါက တစ်ယောက်တည်း လုပ်လို့တော့ မရတာ သေချာသည်။ ဒါက မျိုးဆက်တစ်ဆက် သို့မဟုတ် မျိုးဆက်ပေါင်းများစွာအထိ လိုအပ်သည်။
နောက်တစ်နေ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရိုက်ကူးရေး နောက်တစ်ရက်စတင်ပါပြီ။
ဒီနေ့ဇာတ်လမ်းက အလွန်ချိုမြိန်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ချိုမြိန်သည့် သရုပ်ဆောင်စွမ်းရည်က အာားလုံးကို ပြုံးပျော်အောင် လုပ်နိုင်ခဲ့သည်။
"ချိုမြိန်လိုက်တာ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သရုပ်ဆောင် အရမ်းကောင်းကြတာပဲ။"
"ကောင်းလိုက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေ။ ငါ အထင်ကြီးသွားမိပြီ။ ဒီလောက် ပူပြင်းတဲ့ ရာသီဥတုကြီးမှာတောင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အနှောင့်အယှက် မဖြစ်ကြဘူး။ သူတို့ သရုပ်ဆောင်ရတာကို နစ်မျောနေကြတာ။"
"မြင်မြင်ချင်းချစ်မိ၊ ချက်ချင်း လက်ထပ်ပြီး အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတွေကောပဲ... လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က မကောင်းဆိုးဝါးတွေလား။ သူတို့ ဒီလိုဇာတ်လမ်းမျိုးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းအောင် သရုပ်ဆောင်နိုင်ရတာလဲ။"
"အားးး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နမ်းနေကြပြန်ပြီ။ နောက်ထပ် အကြင်နာပေးခန်းပဲ။ ငါ မှင်သက်သွားပြီ။"
"အဲ့တာမှ သရုပ်ဆောင်စွမ်းရည်လို့ခေါ်တာ။ အစ်ကိုဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ သရုပ်ဆောင်စွမ်းရည်က လင်းခယ့်ရှင်းအောက် မနိမ့်ကျလောက်ဘူးလို့ ထင်တယ်။"
"ဟုတ်တာပေါ့။ အစ်ကိုဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က သာမန်လူတွေ ယှဥ်နိုင်တဲ့အရာမျိုးမှ မဟုတ်တာ။"
ဒီအချစ်ရေးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် အားလုံး အားပေးလိုက်ကြပါသည်။
ရိုက်ကူးရေးအဖွဲ့သားများထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးကို အရိပ်အကဲ နားလည်ပြီး လက်ခံသွားကြပါပြီ။
ရှားဝမ်ချွေ့ကို ဘယ်သူမှ ခိုးမကြည့်တော့ဘဲ မပိုးပန်းကြတော့ပါ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒရမ်မာထဲမှာ ဒီလောက်ချိုမြိန်နိုင်ပါက လက်တွေ့ဘဝမှာလည်း အလွန်ချိုမြိန်နိုင်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုတွင် ရှားဝမ်ချွေ့ အချစ်ရေးဇာတ်ဝင်ခန်းနဲ့ အကြင်နာပေးခန်းများစွာ မပါခဲ့ပါ။
သို့သော်လည်း ဒီ"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ထဲမှာတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်များက အားလုံးကို လေးလေးနက်နက် အံ့အားသင့်စေခဲ့ပါသည်။
သူတို့ရင်ထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တကယ့်ကို အကောင်းဆုံး သရုပ်ဆောင်များ ဖြစ်ကြပါသည်။ သူတို့က အပြစ်အနာအဆာ ကင်းလှပါသည်။