← Chapters

အခန်း(၁၄၆) ဒီဒရမ်မာကြောင့် ရိုက်ကူးရေးအဖွဲ့သားအားလုံး ဝမ်းနည်းသွားပြီ

Vol. 10 Ch. 146

အခန်း(၁၄၆) ဒီဒရမ်မာကြောင့် ရိုက်ကူးရေးအဖွဲ့သားအားလုံး ဝမ်းနည်းသွားပြီ

Vol. 10 Ch. 146

အခန်း(၁၄၆) ဒီဒရမ်မာကြောင့် ရိုက်ကူးရေးအဖွဲ့သားအားလုံး ဝမ်းနည်းသွားပြီ

ဘာမှန်းမသိလိုက်ဘဲ အချိန်များ ကြာသွားခဲ့သည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရိုက်ကူးရေးလည်း အဆုံးသတ်ဖို့ အချိန်ရောက်လာပြီ။။

လင်းခယ့်ရှင်း၏ "ကြယ်ဥယျာဥ်" ကိုလည်း မကြာသေးခင်ကမှ ရိုက်ကူးပြီးစီးသွားခဲ့ပါသည်။

အင်တာနက်ပေါ်မှာလည်း ပွက်လောရိုက်သွားခဲ့၏။

ယခု သူတို့ နောက်ဆက်တွဲ တည်းဖြတ်ရေးများ ပြီးဆုံးဖို့သာ စောင့်နေပါတော့သည်။ ထို့နောက် ထုတ်လွှင့်နိုင်ဖို့ တင်ပြရကာ လုပ်ငန်းဆောင်တာများစွာ လုပ်ရပါဦးမည်။

ဒီနေ့က "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရိုက်ကူးရေး ပြီးဆုံးမည့်နေ့ ဖြစ်ပါသည်။

ဒီရုပ်သံဒရမ်မာ၏ နောက်ဆုံးဇာတ်သိမ်းကတော့ သေချာပေါက် ကြမ္မာဆိုး ဖြစ်သည်။

ဒီနေ့ ရိုက်ကူးရေးမစခင် သရုပ်ဆောင်အားလုံး ဇာတ်ကောင်မုဝင်အောင် အချိန်အကြာကြီး ကြိုးစားခဲ့ရ၏။

ရလဒ်အနေဖြင့် လင်းဖန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အလွန်ဆိုးရွားလာခဲ့သည်။

ဒီအခန်းက ကြမ္မာဆိုးမှာ ဒရမ်မာတစ်ခုလုံး၏ ဝမ်းနည်းစရာ အကောင်းဆုံးနေရာ ဖြစ်လိမ့်မည်။

သရုပ်ဆောင်များက ဇာတ်ညွှန်း၏ အဆုံးသတ်ကို ဖတ်ကြည့်ရုံနဲ့ ငိုနေကြပါပြီ။

ဒီနေ့ သူတို့ အားလုံး အစွမ်းကုန် သရုပ်ဆောင်ကြတော့မည်။

ရိုက်ကူးရေးမစခင် လုပမ်ခိုင်းနှင့် တခြား ဝန်ထမ်းအားလုံး ပြင်ဆင်ထားပြီးသား ဖြစ်သည်။

နောက်ဆုံး ဇာတ်သိမ်းတွင် လူများစွာ သေဆုံးလိမ့်မည်။

သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်ကို အစမ်းသပ်ဆုံး နေရာများလည်း ရှိပေလိမ့်မည်။

အစပိုင်းတွင် လျို့ကျင်ယွမ်ဟု ခေါ်သည့် ဇာတ်ပို့တစ်ယောက် ရှိသည်။ သူက ဇာတ်လိုက်နဲ့ ထန်ယွိတို့ရှေ့ ရောက်လာခဲ့သည်။ သူ မသေခင် သူတို့အား လည်ဆွဲ၏ စွမ်းအင်အကြောင်း ပြောပြသွား၏။ စစ်မှန်သည့် ချစ်သူနှစ်ယောက်သာလျှင် လည်ဆွဲကို ထုတ်ပြီး ဆန္ဒပြုနိုင်လိမ့်မည်။ သို့သော် ဆန္ဒကြောင့် ရလဒ်ကြောင့် သူတို့ နှစ်ယောက် ငှက်အဖြစ် ပြောင်းလဲသွားကြလိမ့်မည်။

တစ်ဖက်မှာတော့ ကမ္ဘာကြီးကို ပြန်တည်ဆောက်မည်ဟူသော လမင်းခစားဂိုဏ်းသခင်က ရေမိစ္ဆာတစ်ကောင်ကို ဆင့်ခေါ်ကာ အကြီးစား ရေကြီးမှုတစ်ခုကို ဖန်တီးခဲ့သည်။

ခေါင်းဆောင်မင်းသားနှင့် မင်းသမီးတို့ဖြစ်ကြသော လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ သရုပ်ဆောင်ထားသည့် လီရှောင်းယောင်နှင့် ကျောက်လင်အာတို့က အတူတူပူးပေါင်းပြီး လမင်းခစားဂိုဏ်းသခင်ကြီးကို ခုခံခဲ့ကြသည်။

ဒါက အထူးပြုလုပ်ချက်များစွာ လိုအပ်သည့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။ သူတို့သုံးယောက်စလုံးမှာလည်း သရုပ်ဆောင်စွမ်းရည် ကောင်းမွန်ဖို့ လိုအပ်၏။

ဒီဇာတ်ဝင်ခန်းထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဖျော်ဖြေမှုက ပြီးပြည့်စုံသည်ဟုပင် ပြောနိုင်ပါသည်။

လမင်းခစားဂိုဏ်းသခင်ကြီး၏ သရုပ်ဆောင် စွမ်းရည်များကလည်း အလွန် အားကောင်းပါသည်။

တစ်ဖက်မှာတော့ အာ့နွီ ဟူသည့် ဇာတ်ကောင်နေရာတွင် လင်းကျင်းကျင်းက ပါဝင်သရုပ်ဆောင်ထားသည်။ သူမ၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်၏။ ဇာတ်လမ်းထဲတွင် သူမက အထိန်းချုပ်ခံရပြီး သူမအဖေကိုသတ်ကာ သူမ အချစ်ဆုံး ယောက်ျား၏ လက်ကို ချိုးပစ်ခဲ့ကြောင်း ပြန်မှတ်မိသွား၏။ သူမ နာကျင်လွန်းသဖြင့် ကိုယ့်ကိုယ်ကိုတောင် သတ်သေချင်သွားပါသည်။ သူမ အချစ်ဆုံး ယောက်ျားက သူမကို လာတားခဲ့ပါသည်။

လင်းကျင်းကျင်းက အာ့နွီအဖြစ် သရုပ်ဆောင်ပြီး ရှုယန်က ထန်ယွိအဖြစ် သရုပ်ဆောင်သည်။ အာ့နွီက ထန်ယွိ၏ ရင်ခွင်ထဲဝင်ကာ ငိုကျွေးခဲ့၏။ သူမ နာကျင်လွန်းသဖြင့် သေချင်မိသည်။ သူတို့နှစ်ယောက်၏ စိတ်ဝိညာဥ်ကို လှုပ်ခါနိုင်သော သရုပ်ဆောင်စွမ်းရည်များက လူများစွာကို နစ်မျောသွားစေပါသည်။

ရှုယန်နဲ့ လင်းကျင်းကျင်းတို့၏ သရုပ်ဆောင်စွမ်းရည်များက အားလုံးကို ဆွဲဆောင်သွားခဲ့သည်။

ထိုအချိန်တွင် ဝန်ထမ်းအားလုံး၏ မျက်လုံးထဲ၌ မျက်ရည်များ ပြည့်နေပြီ ဖြစ်သည်။

အာ့နွီ၏ ရင်နာစရာ နာကျင်မှု၊ ထန်ယွိ၏ သူမအပေါ် ထားသော အချစ်၊ သူတို့နှစ်ယောက်အကြား ဆက်ဆံရေး ဖြစ်သည်။

ရှုယန်နှင့် လင်းကျင်းကျင်းတို့က ဇာတ်လမ်းထဲတွင် လုံးဝ ဈာန်ဝင်နေခဲ့သည်သည်။ ၎င်းတို့၏ ခေါင်းများကို တိုးတိတ်စွာ မော့လိုက်ပါသည်။

တစ်ချိန်တည်းမှာပင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်များကလည်း ပြောင်မြောက်လွန်းပါသည်။ သူတို့ သရုပ်ဆောင်သည့် ဇာတ်ကောင်များဖြစ်သော လီရှောင်းယောင်နှင့် ကျောက်လင်အာတို့က လမင်းခစားဂိုဏ်းသခင်ကြီးကို တိုက်ခိုက်နေကြသည်။

လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ နှစ်ယောက်စလုံး အရေးနိမ့်သည့် အခြေအနေထဲ ကျရောက်သွားပြီး အန္တရာယ်များ ပြည့်နှက်လာသည်။

ဇာတ်ရှိန်အမြင့်ဆုံးနေရာသို့ ရောက်လာပြီ ဖြစ်သည်။

သူတို့ ကမ္ဘာကြီး၏ ငြိမ်ချမ်းရေးကို ထိန်းသိမ်းဖို့ လမင်းခစားဂိုဏ်းသခင်ကြီးကို နှိမ်နင်းရမည်။

ထို့ကြောင့် အာ့နွီနှင့် ထန်ယွိတို့က သူတို့ လည်ဆွဲများကို ထုတ်ယူကာ ဆုတောင်းတစ်ခု ပြုခဲ့ကြသည်။ သူတို့သည် ကမ္ဘာမြေကြီး၏ စွမ်းအားကို ပြန်ဆင့်ခေါ်ပြီး လမင်းခစားဂိုဏ်းသခင်ကြီးလည်း နောက်ဆုံးတော့ သေဆုံးသွားခဲ့ပါသည်။

အာ့နွီက ထန်ယွိကို ကြည့်လိုက်သည်။ ထန်ယွိကလည်း အာ့နွီကို ပြန်ကြည့်လိုက်၏။

ထိုစဥ် ရှုယန်နှင့် လင်းကျင်းကျင်းတို့၏ သရုပ်ဆောင် စွမ်းရည်များက ပေါင်းစပ်သွားခဲ့ကြသည်။

သူတို့သည် နောက်ဆုံးတော့ အတူတကွ ပေါင်းစည်းသွားကြသည်။

သေဆုံးရမည်ဆိုရင်တောင် လမင်းခစားဂိုဏ်းသခင်ကြီးကို သူတို့ နှိမ်နင်းရမည်။

လည်ဆွဲ၏ စွမ်းအင်ကို အသုံးပြုလိုက်သောကြောင့် သူတို့နှစ်ယောက်စလုံး ငှက်များအဖြစ် ပြောင်းလဲသွားကာ အတူတကွ ပျံသန်းသွားကြတော့သည်။

သူတို့က ကောင်းကင်ပေါ်မှာ အတူတူ ပျံသန်းနေသည့် အချစ်ငှက်နှစ်ကောင်၊ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သော စွယ်တော်ရွက်လေးလို  ဖြစ်သွားခဲ့ကြသည်။

နောက်ဆုံးအချိန်တွင် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်မြတ်နိုးကြသော လူနှစ်ယောက်က နီးစပ်သွားကြသော်လည်း ငှက်များအဖြစ် ပြောင်းလဲသွားကြသည်။

ရှုယန်နှင့် လင်းကျင်းကျင်းတို့ ရိုက်ကူးရေးက ထိုနေရာတွင် ပြီးဆုံးသွားပါသည်။

ဒါကို ရိုက်ကူးပြီးနောက် သူတို့နှစ်ယောက်အတွက် ဇာတ်ဝင်ခန်း မရှိတော့ပါ။

သို့သော်လည်း ရှုယန်မျက်လုံးထဲမှာ လင်းကျင်းကျင်းသာ ရှိလေသည်။ သူ့မျက်လုံးများက နီရဲနေ၏။

လင်းကျင်းကျင်းလည်း ထိုနည်းလည်းကောင်း ဖြစ်နေခဲ့ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက မျက်ရည်များဖြင့် ပြည့်နှက်နေပါသည်။

ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်လိုက်သည်နှင့် သူတို့နှစ်ယောက်စလုံး အနည်းငယ် စိတ်ဓာတ်ကျသွားပါသည်။

ထို့နောက် ဇာတ်လမ်း၏ ကြမ္မာအဆိုးဆုံး ဇာတ်သိမ်းသို့ ရောက်လာခဲ့ပါသည်။

ရှားဝမ်ချွေ့ သရုပ်ဆောင်သည့် ကျောက်လင်အာ ဇာတ်ကောင်မှာ ရေမိစ္ဆာသားရဲကြီးကို သတ်ဖြတ်နိုင်ခဲ့ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

လင်းဖန်၏ ဇာတ်ကောင် လီရှောင်းယောင်က သူ့မိန်းမပြန်လာတာကို မြင်သောအခါ...

သူ့ထံကို တစ်လှမ်းချင်း လျှောက်လာကာ စင်ကြယ်သည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည့် ကျောက်လင်အာကို ကြည့်လိုက်ပါသည်။

ထို့နောက် ကျောက်လင်အာက လီရှောင်းယောင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။

ဇာတ်လမ်းထဲတွင် ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲ ဆင်းသက်သွားခဲ့၏။

သရုပ်ဆောင်နေတာမှန်း သိသော်လည်း သူတို့နှစ်ယောက် ဇာတ်လမ်းထဲ မျောပါသွားကြပါပြီ။

နူဝ၏ မျိုးဆက်တစ်ယောက်အဖြစ် တာဝန်ကို သယ်ဆောင်ဖို့အတွက် ထိုတာဝန်ကိုယူကာ သူမကိုယ်သူမ စတေးပြီး လမင်းခစားဂိုဏ်းသခင်ကြီးကို နှိမ်နင်းခဲ့သည်။

သို့သော်လည်း သူမ အချစ်ဆုံးလူနဲ့ အတူတူ မရှိနိုင်တော့ပေ။

သူမ၏ ချစ်သူက သူမကို ထားခဲ့သည်။ သူမ၏ သူငယ်ချင်များလည်း အားလုံး သေဆုံးသွားခဲ့ကြပြီ။ သူမ၏ သမီးတစ်ယောက်သာ ကျန်ခဲ့သည်။

အထီးကျန်မှု၊ စိတ်ပျက်အားငယ်မှု၊ နာကျင်မှု။

ရှားဝမ်ချွေ့ သူ့ရင်ခွင်ထဲ ပစ်လဲကျလာတာကို မြင်သောအခါ လင်းဖန် ရင်ကွဲနာကျလုမတတ် နာကျင်သွားသည်။

သူ့ရင်ခွင်ထဲက သူ့ရဲ့ အချစ်ရဆုံးသူကို ကြည့်လိုက်သည်။

ဒါက သရုပ်ဆောင်နေမှန်း သိသော်လည်း လင်းဖန်တစ်ယောက် သူ့ခံစားမျက်များကို မထိန်းချုပ်နိုင်သေးပါ။

သူ့စိတ်ခံစားချက်များက မယုံကြည်နိုင်မှုမှ တွန့်ဆုတ်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့အဖြစ် တစ်ဆင့်ခြင်း ပြောင်းလဲသွားသည်။

လင်းဖန်၏ မျက်နှာပေါ်တွင် အမူအရာအားလုံး ပေါ်လွင်ထင်ဟပ်နေသည်။

သူ့ရဲ့ အကောင်းမွန်ဆုံး သရုပ်ဆောင်စွမ်းရည်ကို သုံးပြီး ဇာတ်လိုက်၏ စိတ်ခံစားချက်များကို သရုပ်ဖော်ခဲ့သည်။

သူနှင့် သူ့သမီးလေးသာ ကျန်ခဲ့တော့သည်။

လင်းဖန်ကိုယ်တိုင်တောင် ဒီလောက်ထိ သရုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

သူ့ရှေ့က အရာအားလုံးက ရှန်းရှလောကထဲကလို ဖြစ်သည်။

သူ့အချစ်ရဆုံးလူက သူ့ကို ထားရစ်ခဲ့သည်။

လင်းဖန်တစ်ယောက် ရင်တွေ ကွဲကြေသွားသလို ခံစားလိုက်ရပါသည်။

နောက်ဆုံးတော့ လုပမ်ခိုင်းက ကတ်ဟု အော်လိုက်၏။

ဆိုလိုတာက ဇာတ်ဝင်ခန်း ပြီးဆုံးသွားပြီ ဖြစ်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရိုက်ကူးရေး တရားဝင် ပြီးဆုံးသွားခဲ့ပါပြီ။

သို့သော် ရိုက်ကူးရေး ပြီးဆုံးသွားတာတောင် လင်းဖန်၏ မျက်လုံးထဲမှာ မျက်ရည်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

သူ ရှားဝမ်ချွေ့ကို အကြာကြီး ဖက်ထားလိုက်သည်။

တစ်ဖက်မှာတော့ လင်းကျင်းကျင်းနှင့် ရှုယန်တို့လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

လင်းကျင်းကျင်း၏ မျက်လုံးများက နီရဲနေသည်။ ရှုယန်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ မှီတွယ်နေကြသည်။ စကားလည်း မပြောကြဘဲ လှုပ်တောင် မလှုပ်ကြပေ။

ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲမှ သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါသည်။

သူမ အနည်းငယ် ပြုံးလိုက်၏၊။

အရူးကောင်...

သူမတို့က သရုပ်ဆောင်နေတာ ဖြစ်သည်။

သူမ အသက်ရှင်နေပါသေးသည်။ ဘာလို့ ဒီအရူးကောင်က ငိုနေသေးတာလဲ။ လူကြီးတစ်ယောက်ဖြစ်ပြီး ဘာလို့ ငိုနေတာလဲ။ ရှားဝမ်ချွေ့က ချိုသာစွာ ပြုံးလိုက်ပြီး သူမ၏ လက်ဖဝါးဖြင့် လင်းဖန်၏ ပါးကို သုတ်ပေးလိုက်ပါသည်။

လင်းဖန်သည် နောက်ဆုံးတော့ ဇာတ်လမ်းထဲ နစ်မြောနေရာမှ ပြန်လည်အသိဝင်လာပြီ ဖြစ်ကာ ရှားဝမ်ချွေ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူ သရုပ်ဆောင်တာ အရမ်းလေးနက်သွားပြီး ဇာတ်လမ်းကလည်း လက်တွေ့ဆန်လွန်းသည်။ လင်းဖန်သည် သူအချစ်ရဆုံးအမျိုးသမီးက သူ့ကို တကယ်ထားသွားသည်ဟု ခံစားလိုက်ရပါသည်။

ရှားဝမ်ချွေ့လည်း လင်းဖန်၏ စိတ်ခံစားချက်များကို ခံစားမိသည်။ သူ့ကို ဖက်ခွင့်ပေးထားလိုက်ပါသည်။

ရိုက်ကူးရေးအဖွဲ့သားများအားလုံး ထိုမြင်ကွင်းကို မြင်သွားကြသည်။

ယုတ္တိရှိရှိ ပြောရမည်ဆိုလျှင် ဒါက ဧရာမ သတင်းတစ်ပုဒ် ဖြစ်သွားနိုင်သည်။ လင်းဖန်က ရှားဝမ်ချွေ့ကို ပေါ်တင်ကြီး တင်းတင်းကြပ်ကျပ်ဖက်ထားသည်။

သို့သော်လည်း ဝန်ထမ်းအားလုံး၏ မျက်လုံးများက စိုစွတ်နေဆဲဖြစ်ကာ အကြာကြီး တိတ်ဆိတ်နေကြပါသည်။

လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းအပါအဝင် မင်းသမီးများနှင့် ကလေးများတောင် ငိုနေကြပါသည်။

အဘယ့်ကြောင့်ဆိုသော်... ဒီဒရမ်မာက ဝမ်းနည်းဖို့ ကောင်းလွန်းသောကြောင့် ဖြစ်သည်။

ရိုက်ကွင်းမှာ ဂီတလည်း မပါသလို အထူးပြုလုပ်ချက်များလည်း မပါဝင်သေးပါ။ ရိုးရိုးရှင်းရှင်း သရုပ်ဆောင်စွမ်းရည်များဖြင့်ပင် အားလုံးကို ငိုကြွေးသွားအောင် လုပ်နိုင်ဖို့ လုံလောက်ပါသည်။

အားလုံးက ဇာတ်လိုက်၏ ကမ္ဘာထဲ အစားထိုး ဝင်ကြည့်နိုင်ကြသည်။

ဇာတ်လိုက်၏ အချစ်ရဆုံး အမျိုးသမီး တဖြည်းဖြည်းချင်း သေသွားတာကိုမြင်ကာ အားလုံး၏ ရင်ထဲမှာလည်း လင်းဖန်လိုပဲ လေးလံနေပါသည်။

သူတိ့းသည် ရှားဝမ်ချွေ့ကို "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ထဲတွင် ခေါင်းဆောင်မင်းသမီး အစစ်အမှန်လို သဘောထားလိုက်ကြသည်။

ရှားဝမ်ချွေ့နိုးလာသောအခါ တချို့လူများက အားပင်ပေးကြပါသည်။

သူမ လင်းဖန်၏ ရင်ခွင်ထဲတွင် နိုးထလာခဲ့သည်။

သူတို့ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြပြီး တကယ်ပဲ ပြန်လည်ဆုံစည်းသွားကြပါသည်။

ရုပ်သံဒရမ်မာ ရိုက်ကူးရေးပြီးသွားတာတောင် ဝန်ထမ်းများ၊ ကြည့်ရှုသူများနဲ့ လင်းဖန်ကိုယ်တိုင်တောင် သူတို့ ရိုက်ကူးရေး လုပ်နေတယ်ဆိုတာနဲ့ ဘာတွေလုပ်နေသလဲ မေ့လျော့သွားကြပါသည်။

ဒါကို ရှန်းရှကမ္ဘာစစ်တစ်ခုဟုသာ မှတ်မိကြသည်။

သူ့ရှေ့က လူက သူ့အချစ်ဆုံးသူဖြစ်ပြီး သူ့ဘေးပတ်လည်ကလူများက သူ့အချစ်ဆုံးသူငယ်ချင်းများ ဖြစ်တာကိုပဲ မှတ်မိပါသည်။

ဝန်ထမ်းများကလည်း ဒီဇာတ်လမ်းကြောင့် အလွန်ဝမ်းနည်းသွားကြသည်။

၁၀ မိနစ်နီးပါးလောက်အထိ ရိုက်ကူးရေး အဖွဲ့သားထဲက အားလုံး အသိစိတ်ပြန်မဝင်ကြသေးပါ။

ဒီဒရမ်မာက... ရိုက်ကူးရေးအဖွဲ့သားအားလုံးကို ဝမ်းနည်းစေခဲ့ပါသည်။

All Chapters