← Chapters

အခန်း(၁၄၇) ရုပ်သံစီးရီးရိုက်ကူးမှု ပြီးဆုံးသွားပြီ၊ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် စီအီးအိုလီ မှင်သက်သွားခြင်း

Vol. 10 Ch. 147

အခန်း(၁၄၇) ရုပ်သံစီးရီးရိုက်ကူးမှု ပြီးဆုံးသွားပြီ၊ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် စီအီးအိုလီ မှင်သက်သွားခြင်း

Vol. 10 Ch. 147

အခန်း(၁၄၇) ရုပ်သံစီးရီးရိုက်ကူးမှု ပြီးဆုံးသွားပြီ၊ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် စီအီးအိုလီ မှင်သက်သွားခြင်း

ဆယ်မိနစ်ကြာသောအခါ မိုးကြိုးပစ်သံလို ကျယ်လောင်သည့် လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပါသည်။

လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းနဲ့ ဝမ်ထမ်းအားလုံးလည်း ပါဝင်သည်။

စုရှောင်းယွီကလည်း ငိုနေပြီး ရိုက်ကူးရေးပြီးဆုံးမှုကို လာကြည့်သည့် စီအီးအိုလီတောင် ပါဝင်နေပါသေးသည်။

လင်းကျင်းကျင်းနှင့် ရှုယန်တို့က လက်ခုပ်များ ဆက်တီးကြဆဲဖြစ်သည်။

လင်းဖန်လည်း ရှားဝမ်ချွေ့ကို ထူပေးလိုက်၏။ ဇာတ်ဝင်ခန်းအားလုံးအဆုံးသတ်သွားပါပြီ.

မျက်နှာနီနေသည့် ရှားဝမ်ချွေ့ကိုကြည့်ရင်း သူမကို အခွင့်အရေး ထပ်ယူလိုက်မိတာ လင်းဖန် သတိထားမိသွားပါသည်။

"မိန်းမ ငါတောင်းပန်ပါတယ်။ ငါနင့်ကို အနိုင်ကျင့်လိုက်မိပြန်ပြီ" လင်းဖန််က နူးညံ့စွာ ပြောလိုက်ပါသည်။

"ဘယ်သူက နင့်မိန်းမလဲ။ အရှက်လည်း မရှိဘူး။" ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပါသည်။ သူမ၏ လက်ချောင်းလေးများကို အနည်းငယ် ကွေးပြလိုက်သည်။ သို့သော် သူမ ပျော်ရွှင်နေပါသည်။ အမှန်ပင်။ သူမ အနည်းငယ်လည်း စိတ်ပျက်မိပါသည်။

သူမနှင့် လင်းဖန်တို့ နောာက်ထပ် ရုပ်သံဒရမ်မာ တစ်ခုရိုက်ကူးပြီးကြပြန်ပြီ။

ဒီရုပ်သံဒရမ်မာထဲတွင် သူမက သူ့မိန်းမ ဖြစ်သည်။ ကြမ္မာဆိုး ဖြစ်သော်လည်း ဒီရုပ်သံဒရမ်မာကို ရိုက်ကူးနေစဥ် သူမ အလွန်ပျော်ရွှင်ပါသည်။

စီအီးအိုလီကကော ဘယ်လိုလူမျိုးလဲ။ ဒိနေ့ ရုပ်သံစီးရီး ရိုက်ကူးရေး ပြီးတော့မှာကို သိသဖြင့် နောက်ဆုံး ဇာတ်ဝင်ခန်းများကို ကြည့်ရှုဖို့ အထူးတလည် လာခဲ့ခြင်း ဖြစ်ပါသည်။

စီအီးအိုလီ၏ မျက်လုံးများပင် စိုစွတ်နေပါသည်။

အရင်တုန်းက ရိုက်ကူးရေးလုပ်ငန်းများကို တစ်ခါမှ လာမကြည့်ဖူးပါ။ ယခုတော့ ရောက်ဖူးပြီ ဖြစ်ကာ သက်ပြင်းချလိုက်မိပါသည်။

သူတို့၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်လွန်းသည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ သရုပ်ဆောင်စွမ်းရည်များကော လင်းကျင်းကျင်းနဲ့ ရှုယန််တို့၏ ဇာတ်ဝင်ခန်းများကါ အားလုံးပြီးပြည့်စုံလှပါသည်။

နောက်ခံတီးလုံး မပါဝင်ဘဲနဲ့တောင် ဒီလိုအာနိသင်မျိုး ရနိုင်သည်။

နောက်ခံတီးလုံးသား ထည့်လိုက်ပါက ဒီရုပ်သံဒရမ်မာက ပို၍ပင် ဝမ်းနည်းဖို့ ကောင်းသွားနိုင်ပါသည်။

ကြမ္မာဆိုးသည့် ဇာတ်သိမ်းက ရုပ်သံဒရမ်မာကို ပို၍ပင် ပြီးပြည့်စုံသွားစေသည်။ ဝန်ထမ်းအားလုံး၏ ရင်ထဲမှာလည်း စွဲမြဲသွားခဲ့သည်။

"ကောင်းလိုက်တဲ့ သရုပ်ဆောင်စကေးတွေ"

"ယွဲ့ဟွာမှာ ဒီလိုသရုပ်ဆောင်ကောင်းတွေ ရှိနေတာ တကယ်ဝမ်းသာတယ်ကွာ" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။ အားလုံးကို သဘောကျစွာဖြင့် ကြည့်လိုက်၏။

သရုပ်ဆောင်များက သရုပ်ဆောင်စွမ်းရည် ကောင်းမွန်ပြီး အလွန်အလုပ်ကြိုးစားကြသည်။ သူတို့ပေးသည့် ခံစားချက်တစ်ခုတည်းနဲ့ စီအီးအိုလီက သာမန်ထက် ပိုသည်ဟု ယုံကြည်သွားပါသည်။

စီအီးအိုလီ၏ အားကောင်းသော ထောက်ပံ့မှု မရှိရင်လည်း သူတို့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်မှာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲက ဖျော်ဖြေရေး ကုမ္ပဏီအားလုံးက လင်းဖန်၏ ဇာတ်ညွှန်းကို ငြင်းဆန်ခဲ့ကြသည်။ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"က ရိုက်ကူးဖို့ မတန်ဘူးဟု သူတို့ ခံစားမိကြပါသည်။

စီအီးအိုလီတစ်ယောက်တည်းသာ လင်းဖန်ကို အားပေးခဲ့သည်။

ယခု ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးပြီ ဖြစ်သဖြင့် လင်းဖန်ကို ယုံကြည်တာ တကယ်ပဲ မှန်ကန်သည်ဟု ခံစားမိပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရုပ်သံစီးရီးက တကယ်ပဲ ရေပန်းစားလာနိုင်သည်။

ဟွဲစဲပစ်ချား၏ "ကြယ်ဥယျာဥ်" ကို ယှဥ်နိုင်ဖို့ကတော့ ရိုးရိုးသားသား ပြောရလျှင် စီအီးအိုလီလည်း ယုံကြည်ချက် သိပ်မရှိပါ။

ဘာပဲဖြစ်ဖြစ် "ကြယ်ဥယျာဥ်" ကဲ့သို့ ဘဝသရုပ််ဖော် ဒရမ်မာများက စျေးကွက်နဲ့ ပိုပြီး ကိုက်ညီမှု ရှိသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ကဲ့သို့သော ရှန်းရှဒရမ်မာက ပြည်တွင်းရှန်းရှရုပ်သံဒရမ်မာလောကတွင် ပထမဆုံးဖြစ်ကာ အလွန်ရက်စက်ပါသည်။

ဒီလိုရုပ်သံဒရမ်မာမျိုးကို ပရိတ်သတ်က သဘောကျမလား ဆိုတာကိုတော့ စီအီးအိုလီလည်း အတပ်မပြောနိုင်ပါ။

သို့သော်လည်း ဒီရုပ်သံဒရမ်မာက စိတ်ဝင်စားဖို့ ကောင်းတာကိုတော့ သံသယဖြစ်စရာမလိုပါ။

ဝန်ထမ်းတချို့က မျက်ရည်များကို တိုးတိုးတိတ်တိတ် သုတ်နေကြသည်။

တချို့၏ မျက်လုံးများကတော့ နီရဲနေဆဲ ဖြစ်သည်။

"ဒီရုပ်သံဒရမ်မာက အရမ်းကောင်းတာပဲ။ ငါငိုတောင် ငိုနေပြီ။ ဇာတ်လမ်းကလည်း အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ ခေါင်းဆောင်မင်းသမီးကို မသေစေချင်ဘူး။ ဇာတ်သိမ်းက ပျော်စရာဇာတ်သိမ်းဖြစ်ရင် သိပ်ကောင်းမှာပဲ။"

"ငါငိုနေပြီ အကျင့်မကောင်းတဲ့လင်းဖန် ဘယ်လို ဇာတ်ညွှန်းမျိုးကို ရေးထားတာလဲ။ ငါ့ကို ငိုအောင် လုပ်တယ်။"

"သူတို့သရုပ်ဆောင်စကေးတွေက အရမ်း ဝမ်းနည်းဖို့ ကောင်းတာပဲ။ အရမ်း အထင်ကြီးသွားပြီ။"

"ငါ ခုနက တကယ်ငိုနေတာ။ သရုပ်ဆောင်စွမ်းရည်တွေနဲ့ မျက်နှာအနေအထားတွေကြောင့် ကမ္ဘာကြီး ပြိုတော့မလိုပဲ။ ငါ့အချစ်ဆုံးလူကိုပါ ဆုံးရှုံးလိုက်ရသလို ခံစားရစေတယ်။”

"တော်လိုက်တာ။ နောက်ဆုံးဇာတ်ဝင်ခန်းမှာ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ။ သရုပ်ဆောင် အတွေ့အကြုံ အနည်းဆုံး ၁၀ နှစ်လောက် မရှိရင် ဒီလောက် ကောင်းအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။"

"နာကျင်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ ငါသာဆိုရင် အဲ့လို စိတ်ခံစားချက်တွေကို ဘယ်လိုထုတ်ပြရမှန်း သိမှာ မဟုတ်ဘူး။ အစ်ကိုဖန်က သရုပ်ဆောင်တဲ့ နေရာမှာ တကယ်ဈာန်ဝင်နေတာပဲ။ သူ့ကို လက်မထောင်ပြလိုက်ချင်တယ်။"

"အစ်ကိုဖန် ဈာန်ဝင်တာ မဝင်တာနဲ့ မဆိုင်ဘူး။ အဓိကက ငါကိုယ်တိုင်တောင် ဈာန်ဝင်သွားတာပဲ။ ဒါတောင် ဒီရုပ်သံဒရမ်မာမှာ နောက်ခံတီးလုံးတွေ၊ အထူးပြုလုပ်ချက်တွေ၊ နောက်ဆက်တွဲ တည်းဖြတ်မှုတွေ မလုပ်ရသေးလို့။ ဒါတွေသာ လုပ်ပြီး ထုတ်လွှင့်လိုက်လို့ကတော့ ငါ တကယ် ငိုမိသွားလောက်ပြီ။”

"ဒီရုပ်သံဒရမ်မာကို ငါတကယ်မျှော်လင့်နေပြီ။ သေချာပေါက် follow လုပ်ထားမယ်။"

"လခွမ်း။ ငါတို့ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးနိုင်ခဲ့တာပဲ။ ငါတို့ ကြယ်ဥယျာဥ်ကို မရှုံးလောက်ဘူး။ အစ်ကိုဖန်က အရမ်းချောတယ်။ ရှားဝမ်ချွေ့က အရမ်းလှပနေတာပဲ။ စုရှောင်းယွီကလည်း လင်းခယ့်ရှင်းအောက် မနိမ့်ဘူး။ လင်းကျင်းကျင်းကလည်း အရမ်းလှတယ်။ ဒီလိုမိန်းမလှလေး ၃ ယောက်နဲ့ လင်းဖန်နဲ့ ရှုယန်တို့လို ရုပ်ချောချော ကောင်လေး ၂ ယောက်နဲ့ဆို ငါတို့ ဟွာစဲရုပ်ရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလား။"

"တိုက်ထား တိုက်ထား"

အားလုံး မျက်ရည်တွေကို သုတ်ပြီးနောက် နောက်ဆုံး ဇာတ်ဝင်ခန်းကို အထင်ကြီးသွားကြသည်။

သူတို့အားလုံး လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ လှပသော ကမ္ဘာနောက်ကို လိုက်လာခဲ့ကြသည်။

ထိုကမ္ဘာက ဆွဲဆောင်မှု ရှိလွန်းပါသည်။

ရုပ်သံစီးရီး ရိုက်ကူးရေးများ ပြီးဆုံးသွားသောအခါ အားလုံး အတူတူ စုစည်းလိုက်ကြသည်။

နောက်ဆက်တွဲတည်းဖြတ်ရေး ခေါင်းဆောင် ရွှယ်ခဲ့ရှင်းလည်း ရောက်လာပါသည်။

ဒီလို သရုပ်ဆောင်စွမ်းရည်များကို မြင်လိုက်ရသောအခါ ရွှယ်ခဲ့ရှင်းက လေးလေးနက်နက် အံ့သြသွားပါသည်။

"လင်းဖန် နင့်သရုပ်ဆောင်စွမ်းရည်တွေက ကောင်းလိုက်တာ။”

"နောက်ဆက်တွဲတည်းဖြတ်ရေးတွေ ဘယ်လို လုပ်ရတော့မလဲ။ နောက်ဆက်တွဲတည်းဖြတ်ရေးက ဝန်ထမ်းတွေ အကုန်လုံး ငိုကုန်ရင် ဘယ်လိုလုပ်ရမလဲ" ရွှယ်ခဲ့ရှင်းက ပြောလိုက်ပါသည်။ သူမ လင်းဖန်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဟားဟား ဘာမှမဖြစ်ပါဘူးဗျာ။ ကျွန်တော့်ကို လိုအပ်ရင် ကျွန်တော်ကူညီပေးပါ့မယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ရွှယ်ခဲ့ရှင်းက ခေါင်းခါကာ ပြောလိုက်၏။ "လင်းဖန် စိတ်မပူပါနဲ့။ ကျွန်မတို့က နောက်ဆက်တွဲ ထုတ်လုပ်ရေးမှာ ပရော်ဖက်ရှင်နယ်တွေချည်းပါပဲ။ အရင်တစ်ခေါက်က ကျွန်မတို့ကို အများကြီး သင်ပေးသွားတယ်။ ဒီတစ်ခေါက်တော့ ရှင်အနားယူလိုက်ပါ။ ကျွန်မတို့ နားမလည်တာရှိရင် လာမေးပါ့မယ်။"

လင်းဖန် ဒါကိုကြားတော့ ခေါင်းငြိမ့်လိုက်ပါသည်။ ရွှယ်ခဲ့ရှင်းတို့ နောက်ဆက်တွဲ တည်းဖြတ်ရေးအဖွဲ့ကလည်း အားကောင်းကြပါသည်။

အရင်တစ်ခေါက်က အတူတူ အလုပ်လုပ်ဖူးသဖြင့် လင်းဖန် ရွှယ်ခဲ့ရှင်းကို ယုံကြည်မှုရှိပါသည်။

စုရှောင်းယွီက လင်းဖန်ဆီသို့ ပြေးလာပြီး ဖက်လိုက်ပါသည်။

"ဆရာ နင်က အရမ်းတော်တာပဲ။ ငါခုနက ငိုမိသွားတယ်" စုရှောင်းယွီက ပြောလိုက်ပါသည်။

"အစ်မဝမ်ချွေ့လည်း အရမ်းတော်တာပဲ။ ငါသာဆို သေချာပေါက် ဒီလိုအာနိသင်မျိုး ရအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး" စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်ကာ မျက်တောင်ခတ်လိုက်ပါသည်။

"ဒါနဲ့... ဆရာ ငါ့သခွားသီးနဲ့ ငှက်ပျောသီးတွေ အကုန်လုံးကို စားလိုက်မိပြီ။ တစ်လလောက် ကောင်းကောင်းကန်းကန်း ဘာမှ မစားရသေးဘူး။ ဒီလထဲ ၅ ပေါင်တောင် ကျသွားတယ်။ ငါ့ရင်ဘတ်တွေတောင် ပိုသေးသွားပြီ။ ငါ စားသောက်ပွဲကြီးတစ်ခု စားချင်တယ်။" စုရှောင်းယွီက ပြောလိုက်သည်။

ရှားဝမ်ချွေ့လည်း ဝိတ်နည်းနည်းကျသွားပါသည်။ အားလုံးက ဒီအချိန်တောအတွင်း အများကြီး ကြိုးစားခဲ့ကြ၏။

ဒီရုပ်သံဒရမ်မာကို ရိုက်ကူးပြီးနောက် လင်းဖန် ကျန်တာ စိတ်ပူဖို့ မလိုတော့ပါ။

နောက်ဆက်တွဲတည်းဖြတ်ရေးကို ပြုလုပ်ပြီးပါက ထုတ်လွှင့်ပြသနိုင်ပါပြီ။

ရုပ်သံဒရမ်မာ ထွက်လာသောအခါ လင်းခယ့်ရှင်း၏ ကြယ်ဥယျာဥ်နှင့် ယှဥ်ပြိုင်နိုင်ပါလိမ့်မည်။

အခု အားလုံးလုပ်ဖို့လိုတာက အရသာရှိသည့် ဟင်းလျာများကို စားသောက်ဖို့ ဖြစ်သည်။

အားလုံး၏ မျှော်လင့်စောင့်စားနေသော အကြည့်ကို ကြည့်ရင်း လင်းဖန် တောက်တောက်ပပ ပြုံးလိုက်ပါသည်။

"ရုပ်သံစီးရီးကို ရိုက်ကူးပြီးစီးသွားပြီဆိုတော့ အားလုံးအတွက် စားသောက်ပွဲကြီးတစ်ခု ချက်ကျွေးပါ့မယ်။"

"ချွေ့ချွေ့အကြိုက်ဆုံး ငါးပေါင်းဟင်းလည်း ပါတယ်" လင်းဖန်က ပြုံးကာ အားလုံးကို ကြည့်လိုက်ပါသည်။ ရုပ်သံစီးရီးကို ပြီးပြည့်စုံစွာ အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့သဖြင့် လင်းဖန် ဒီရုပ်သံစီးရီးကို ပိုပြီးယုံကြည်ချက်ပြည့်ဝလာပါသည်။

လင်းဖန် ချက်ပြုတ်ပေးမည်ဟု ကြားသောအခါ ရိုက်ကူးရေးအဖွဲသားအားလုံး ကြိုဆိုလိုက်ကြ၏။

လင်းဖန်၏ စားသောက်ပွဲများက အလွန်အရသာရှိလွန်းပါသည်။

အထူးသဖြင့် စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ဖြစ်သည်။ ကောင်မလေးနှစ်ယောက် သွားရည်ပင် ကျနေပါပြီ။

လင်းကျင်းကျင်းလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ရှုယန်ကလည်း သူ့ဗိုက်ကို ကိုင်နေပါပြီ။

ဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းများလည်း ရှိပါသေးသည်။

အမှန်ပင်။ လင်းဖန်တစ်ယောက်တည်း ချက်ပြုတ်မှာ မဟုတ်ပေ။ တခြားစားဖိုမှူးများလည်း ရှိနေပါသေးသည်။

သို့သော် လင်းဖန်ရှိပါက ဒီနေ့ သူတို့အားလုံး သေချာပေါက် အရသာရှိသည့် ဟင်းလျာများကို စားနိုင်တော့မည်။

"ဝိုး... ငါစာားသောက်ပွဲကြီးမစားရတာကြာပြီ။ နောက်ဆုံးတော့ အစ်ကိုဖန်ရဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို စားနိုင်တော့မယ်ကွ။"

"အစ်ကိုဖန် ငါလည်း စားချင်တယ်။"

"အစ်ကိုဖန်က အကောင်းဆုံးပဲ။"

ဒရမ်မာထဲမှာ သရုပ်ဆောင်သည့် နာမည်ကျော်များနှင့် အဖွဲ့သားများကလည်း အစားသောင်းကျန်းသူများ ဖြစ်ကြသည်။

သူတို့ကိုမဆိုဦးနဲ့ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့တောင် အရသာရှိသည့်ဟင်းလျာများမစားရတာ ကြာပြီ။

သူတို့နေ့တိုင်းလိုလို နည်းနည်းသာစာားကြပြီး ရိုက်ကူးရေးသွားလုပ်ရသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" အတွက် အားလုံး အများကြီး စတေးထားကြသည်။

လင်းခယ့်ရှင်း၏ ရုပ်သံဒရမ်မာ "ကြယ်ဥယျာဥ်"နဲ့ ရှားဝမ်ချွေ့တို့၏ ရုပ်သံဒရမ်မာ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"တို့ကို ရိုက်ကူးပြီးစီးကြပါပြီ။

ထို့နောက် ဒီစားသောက်ပွဲကြီး ပြီးသောအခါ တိုက်ပွဲပြင်းထန်ပါလိမ့်မည်။

အချိန်ကျလာပါက ရုပ်သံဒရမ်မာနှစ်ခုထဲက ဘယ်တစ်ခုက ရေပန်းစားလာမလဲဆိုတာကို စောင့်ကြည့်ရပါမည်။

All Chapters