အခန်း(၁၄၈) စုကျန့်တီဗီ တုန်လှုပ်သွားပြီ၊ ဓားနှင့် နတ်သမီးဒဏ္ဍာရီက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်
Vol. 10 Ch. 148
အခန်း(၁၄၈) စုကျန့်တီဗီ တုန်လှုပ်သွားပြီ၊ ဓားနှင့် နတ်သမီးဒဏ္ဍာရီက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်
ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးသောအခါ နောက်ဆက်တွဲ တည်းဖြတ်ရေးအဆင့်သို့ ရောက်လာသည်။
လင်းဖန်က ဒီအပိုင်းတွေမှာ ထပ်ပြီး ဝင်မပါတော့ပါ။
သူတည်းဖြတ်ရေးအဖွဲ့သားများကို အများကြီး ကူညီပေးပြီးပါပြီ။ သူ ဝင်မပါရင်တောင် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ရုပ်သံဒရမ်မာကို ကောင်းမွန်စွာ တည်းဖြတ် ထုတ်လုပ်နိုင်လောက်ပါသည်။
တစ်ဖက်မှာတော့ ကုမ္ပဏီထောက်ခံချက်များ၏ စာချုပ်ဖျက်သိမ်းသည့် အသိပေးစာများကို တရားဥပဒေဌာနသို့ ပို့ဆောင်လိုက်ပြီး မကြာခင် ရှင်းပါလိမ့်မည်။
လောလောဆယ် ရှားဝမ်ချွေ့ အလုပ်မရှိသဖြင့် အလွန် စိတ်အေးလက်အေး ဖြစ်နေပါသည်။
သူမ၏ ကုမ္ပဏီထောက်ခံချက်နှင့် ကြော်ငြာအားလုံး ဖျက်သိမ်းခံလိုက်ရသည်။
နေ့တိုင်းဖိအားများစွာကို ရင်ဆိုင်ရတော့မှာ မဟုတ်ပေ။
လင်းဖန်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ နေ့တိုင်း ငပျင်းဘဝကို ပြန်ရောက်သွားခဲ့ပါသည်။
ဒီရက်ပိုင်းတွေမှာတော့ လင်းဖန် အေးအေးဆေးဆေးပဲ ဖြစ်သည်။
တစ်နေ့ ယွဲ့ဟွာက အသိပေးစာတစ်ခု ပို့လိုက်၏။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" တရားဝင် ပြီးမြောက်သွားပါပြီ။
ဖန်သားပြင်ပေါ်မှာ ထုတ်လွှင့်ပြသနိုင်ပြီဆိုတာနဲ့ ပရိတ်သတ်ကို ချပြလို့ရပါပြီ။
ထို့နောက် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ ထုတ်လွှင်ပြသမှု မူပိုင်ခွင့်များအတွက် စကားပြောဖို့ အချိန်ရောက်ပါပြီ။
ရုပ်မြင်သံကြားဌာန များစွာက "ကြယ်ဥယျာဥ်"၏ ထုတ်လွှင့်ပြသခွင့်အတွက် ယှဥ်ပြိုင်တိုက်ခိုက်နေကြသည်။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"အတွက် ယှဥ်ပြိုင်နေကြသည့် ရုပ်မြင်သံကြားဌာနက များများစားစား မရှိပါ။
စုကျန့်တီဗီတွင်။
လင်းဖန်က စုကျန့်တီဗီဌာနတွင် ရောက်နေပြီး ဝန်ထမ်း၏ တုန့်ပြန်မှုကို စောင့်နေပါသည်။
ဝန်ထမ်း အပြင်ကိုထွက်လာတော့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ဇာတ်ညွှန်းမူကြမ်းကို ဖတ်ရှုကာ မျက်မှောင်ကြုတ်သွားသည်။ သူ ပြောလိုက်၏။ "ဒါရိုက်တာလင်း ဒီဓားနှင့်နတ်သမီးဒဏ္ဍာရီက သာမန် တွေးပုံခေါ်ပုံတွေနဲ့ ကိုက်ညီမှုမရှိဘူး။ ဇာတ်သိမ်းကလည်း ကြမ္မာဆိုးရွားတဲ့ ဇာတ်သိမ်းကြီးပဲ။ ပါဝင်သရုပ်ဆောင်တဲ့လူတွေက နာမည်ကျော်တွေ ဖြစ်ပေမယ့် ပရိတ်သတ်က အသိအမှတ်ပြုမှာ မဟုတ်လောက်ဘူး။ ဒီရုပ်သံဒရမ်မာ ရေပန်းစားမလာနိုင်ဘူးထင်တယ်။”
လင်းဖန်က ဒီရုပ်သံဒရမ်မာ၏ ဒါရိုက်တာ ဖြစ်သည်။ အဖွဲ့သားများထဲတွင် သူ့ကို ဒါရိုက်တာလင်းဟု ခေါ်ကြ၏။
ဒါက လင်းဖန် ရိုက်ကူးထားသည့် ပထမဆုံး ရုပ်သံဒရမ်မာ ဖြစ်ပါသည်။ သူကိုယ်တိုင် ထုတ်လွှင့်ပြသမူပိုင်ခွင့်အတွက် စကားပြောဖို့ ရောက်လာခဲ့သည်။
လင်းဖန်က ပြောလိုက်သည်။ "ဇာတ်သိမ်းကတော့ ကြမ္မာဆိုးတာ ဟုတ်ပါတယ်။ ကြမ္မာဆိုးဇာတ်သိမ်းကြောင့်သာ ပရိတ်သတ်တွေက အမှတ်ရပြီး ကျွန်တော်လည်း ဂန္တဝင်ရုပ်သံဒရမ်မာတစ်ခုကို ဖန်တီးနိုင်မှာပါ။”
စုကျန့်တီဗီ၏ ဝန်ထမ်းက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ ဒီရုပ်သံဒရမ်မာရဲ့ မူပိုင်ခွင့်ကို ဝယ်လို့တော့ ရပါတယ်။ ဒါပေမယ့် တောင်းဆိုစရာတစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ရုပ်ရှင်ကို အရင်ကြည့်မှ ဖြစ်မယ်။”
"ဒါက မသေသပ်တဲ့ ရုပ်သံဒရမ်မာတစ်ခု ဖြစ်နေရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ စုကျန့်တီဗီမှာ ထုတ်လွှင့်ပြသနိုင်မှာ မဟုတ်ဘူး" စုကျန့်တီဗီ၏ ဝန်ထမ်းက ပြောလိုက်ပါသည်။
"ကောင်းပါပြီ" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။
ရုံးခန်းထဲတွင် စုကျန့်တီဗီ၏ ဝန်ထမ်းက "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ပထမ ၅ ပိုင်းကို လက်ခံရရှိပြီး ဖွင့်ကြည့်လိုက်ပါသည်။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ၏ ပထမပိုင်းကို မြင်လိုက်ရသောအခါ စုကျန့်တီဗီ၏ ဝန်ထမ်းအားလုံး ကြက်သေ သေကုန်ကြပါသည်။
ပထမပိုင်း စတင်သောအခါ သူတို့အားလုံး ဇာတ်ဝင်ခန်းများ၊ တေးဂီတများနှင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီထဲက ဇာတ်ကောင်များကို လုံးဝ စွဲလမ်းသွားကြသည်။
စုကျန့်တီဗီ၏ ဝန်ထမ်းများအားလုံးကလည်း လူသားများ ဖြစ်သည်။ သူတို့သည် မိန်းကလေးများနှင့် နာမည်ကျော်များကို သဘောကျကြပါသည်။
ကျောက်လင်အာအဖြစ် ရှားဝမ်ချွေ့၊ လင်းယွဲ့ရုအဖြစ် စုရှောင်းယွီတို့ကို မြင်လိုက်ရသောအခါ အချင်းချင်း ပြန်ကြည့်လိုက်မိကြပါသည်။
ကောင်မလေးနှစ်ယောက်က နန်းတွင်းဝတ်စုံများဖြင့် လှပလွန်းသည်။
ထို့အပြင် ဒီရုပ်သံဒရမ်မာတွင် ရှားဝမ်ချွေ့က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး စုရှောင်းယွီက ဇာတ်ပို့မင်းသမီး ဖြစ်သည်။ စုရှောင်းယွီက ဇာတ်ပို့မင်းသမီး ဖြစ်သော်လည်း ဒီရုပ်သံဒရမ်မာထဲတွင် ဇာတ်ဝင်ခန်းများစွာ ပါဝင်ပါသည်။
သူတို့ ဆက်ကြည့်လိုက်ကြရင်း ဖန်သားပြင်ပေါ်မှာ လင်းဖန်လည်း ပေါ်လာပါသည်။ ရှုယန်လည်း ပါပါသေးသည်။
ရုပ်သံစီးရီးတစ်ခုလုံး၏ ထုတ်လုပ်ရေး၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ဝင်ခန်းပြောင်းလဲမှုတိုင်းက စုကျန့်တီဗီ၏ ဝန်ထမ်းများကို အံ့သြသွားစေခဲ့သည်။
နိုင်ငံတော်ထဲမှာ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာ ရှိနိုင်ပါ့မလား။
ဒါက နိုင်ငံတော်ထဲက ပထမဆုံး ရှန်းရှဒရမ်မာဖြစ်သည်။ အစကတည်းက အရှိန်အဝါ ကျယ်ကျယ်ပြန့်ပြန့်နှင့် ကောင်းမွန်စွာ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းတို့ဖြင့် ဒီက ဝန်ထမ်းများကို ဆွဲဆောင်သွားခဲ့သည်။
ထို့နောက် ရုပ်သံဒရမ်မာ၏ ဇာတ်လမ်း စတင်ပါသည်။
မကြာမီ ထိုဝန်ထမ်းများ ရုပ်သံဒရမ်မာ အပိုင်း ၅ ပိုင်းကို ကြည့်ရှု၍ ပြီးဆုံးသွားခဲ့ပါသည်။
စုကျန့်တီဗီ၏ ဝန်ထမ်များ ကြည့်ရှု၍ ပြီးဆုံးသွားသောအခါ သူတို့ လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"လခွမ်း ဒီရုပ်သံဒရမ်မာက ကောင်းလွန်းတယ်ဟ။ ငါ စွဲလမ်းမိတဲ့ ရှန်းရှဒရမ်မာကို ကြည့်ရတာ ဒါပထမဆုံးအကြိမ်ပဲ။"
"ငါလည်း ရုပ်သံဒရမ်မာတွေ အများကြီး မြင်ဖူးပြီး အကုန်လုံးကိုလည်း ကြည့်ဖူးတယ်။ ဒါပေမယ့် ဒီလို ရုပ်သံဒရမ်မာမျိုးကို မြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲကွာ။"
"ဒီရုပ်သံဒရမ်မာက 'ဘဝရဲ့ပျော်ရွှင်မှု' ထက်တောင် ပိုကောင်းပြီး ပိုဆွဲဆောင်မှုရှိသေးတယ်လို့ ခံစားမိတယ်။"
"ရုပ်သံဒရမ်မာရဲ့ ကျန်တဲ့အပိုင်းတွေကို ဆက်ကြည့်လို့ရလား။ ငါ လုံးဝ မှင်သက်မိပြီး သဘောကျသွားပြီ။ တစ်ချီတည်း အကုန်ကြည့်ပစ်ချင်တယ်။ ဒီလိုရှန််းရှ ဂန္တဝင်လက်ရာမျိုးကို အလွတ်မပေးနိုင်ဘူး။"
ဝန်ထမ်းများအားလုံး အံ့သြတကြီး ဖြစ်ကုန်ကြပါသည်။ သူတို့အားလုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီကြောင့် တုန်လှုပ်သွားကြသည်။
ရာဇဝင်ထဲက ပထမဆုံး ရှန်းရှဒရမ်မာမှာ သူတို့ကိုအစကတည်းက တုန်လှုပ်စေခဲ့ပါပြီ။
သူတို့က ဒီလုပ်ငန်းမှာ ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့ ရုပ်သံဒရမ်မာပေါင်းစုံကို မြင်ဖူးပြီး သူတို့ကို စိတ်လှုပ်ရှားစေသည့် ရုပ်သံဒရမ်မာက အလွန်နည်းပါးပါသည်။
'ဘဝရဲ့ပျော်ရွှင်မှု'လို ရေပန်းစားသည့် ဒရမ်မာမှာတောင် ဒီလူများ၏ မျက်လုံးထဲတွင် မဆိုးပါဘူး ဆိုရုံလောက်သာ ရှိသည်။
သို့သော်လည်း 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'က ဝန်ထမ်းများကို တားမရ ဆီးမရ ဖြစ်စေခဲ့ပါသည်။
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့က လှပလွန်းသည်။ သူတို့၏ ဟန်ပန်အမူအရာများ၊ လုပ်ဆောင်ချက်များ၊ သရုပ်ဆောင်စွမ်းရည်များက ဝန်ထမ်းများအားလုံးကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
လင်းဖန်တစ်ယောက် ထိုကဲ့သို့ ကောင်မလေးနှစ်ယောက်နှင့် သရုပ်ဆောင်ရတာကို ဝန်ထမ်းများ မနာလိုဖြစ်မိပါသည်။
ပထမတော့ ဒီရုပ်သံဒရမ်မာက လင်းဖန် ရိုက်ကူးထားတာမှန်း သိသဖြင့် သိပ်ပြီး အာရုံမစိုက်ခဲ့ပါ။
လင်းဖန်က ရုပ်သံဒရမ်မာတစ်ခု၏ ဇာတ်ညွှန်းအတွက် နာမည်ကြီးသော်လည်း သူ့အကြောင်း အားလုံး သိနေဖို့ မလုံလောက်ပေ။
ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်းရေးဆရာဆိုတာ ပေါများပါသည်။
လင်းဖန်က တကယ်ပဲ ကြယ်ပွင့်တစ်ပွင့်ဖြစ်ကာ အလွန်လည်း ချောမောပါသည်။ သို့သော် ဝန်ထမ်းများ၏ အမြင်မှာတော့ ဒါတွေက ဒါရိုက်တာပညာနဲ့ ဘာမှ မဆိုင်ပါ။
အပိုင်း ၅ ပိုင်းကို ကြည့်ရှုပြီးနောက်မှာတော့ စုကျန့်တီဗီ၏ ဝန်ထမ်းများက လင်းဖန်အပေါ် အမြင်များ ပြောင်းလဲကုန်ကြပါသည်။
လင်းဖန်က ဒါရိုက်တာတစ်ယောက်ဖြစ်ရုံတင် မဟုတ်ပါ။ ထူးချွန်သော ဒါရိုက်တာ ဖြစ်ပါသည်။
ရာဇဝင်ထဲက ပထမဆုံး ရှန်းရှ ဂန္တဝင်လက်ရာမှာ လင်းဖန်၏ လက်ထဲမှ ပေါက်ဖွားလာတော့မည်။
အရင်တုန်းက ရှန်းရှဒရမ်မာကို ဘယ်သူမှ ရိုက်ကူးမကြည့်ကြပါ။ သို့သော်လည်း လင်းဖန်ကတော့ ရှန်းရှ ဂန္တဝင်လက်ရာစစ်စစ်ကို ရိုက်ကူးနိုင်ခဲ့သည်။
ဒီရုပ်သံဒရမ်မာ၏ ဇာတ်လမ်းများက အလွန်ဆွဲဆောင်မှုရှိကာ အချိတ်အဆက်လည်း ထိမိသည်။
"ဒါရိုက်တာလင်း ခင်ဗျား ဒီလောက် ဒါရိုက်တာပညာတော်တာ မသိခဲ့ဘူး။"
"ဒါရိုက်တာလင်း ခင်ဗျားရဲ့ ဓာနှင့်နတ်သမီးဒဏ္ဍာရီက ၃၆ ပိုင်းပဲ ရှိတာလား။ အဲ့လောက်ဆို မလုံလောက်ဘူးလို့ ခံစားရတယ်ဗျာ။"
"ဟုတ်တယ်။ ဒီရုပ်သံဒရမ်မာထဲက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ဘဝရဲ့ပျော်ရွှင်မှုထဲကထက်တောင် အများကြီး ပိုကောင်းလာတယ်လို့ ခံစားရတယ်။ ဇာတ်ဝင်ခန်းနဲ့ အသံပြုလုပ်ချက်တွေကလည်း အရမ်းကောင်းတာပဲ။"
"ခင်ဗျား ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ထုတ်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဘာကြောင့် ရိုက်ကူးခဲ့တာလဲဆိုတာကို မသိခဲ့ဘူးဗျာ။ အခုတော့ သိပါပြီ။ ဒီဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အဆင့်အတန်းနဲ့ အောင်မြင်မှုက တော်တော်လေး မြင့်မားတယ်။ ဇာတ်ညွှန်းကိုလည်း ခင်ဗျားပဲ ရေးတာဆို။”
ဝန်ထမ်းများစွာက လင်းဖန်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူတို့ သဘောထားများ မသိမသာ ပြောင်းလဲသွားကြပါပြီ။
ဒီလိုဇာတ်လမ်း၊ ဒီလိုသရုပ်ဆောင်များနဲ့ ဒီရုပ်သံဒရမ်မာ ရေပန်းစား မလာပါက သည်းမခံနိုင်စရာ ကောင်းပါလိမ့်မည်။