အခန်း(၁၄၉) ထိပ်တန်း ဘုရင်ကို ရင်ဆိုင်ကာ စစ်ကြေညာခြင်း
Vol. 10 Ch. 149
အခန်း(၁၄၉) ထိပ်တန်း ဘုရင်ကို ရင်ဆိုင်ကာ စစ်ကြေညာခြင်း
"ဒါရိုက်တာလင်း ကျွန်တော်တို့အားလုံး ခင်ဗျားရဲ့အစွမ်းအစကို မြင်လိုက်ရပါပြီ။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရမ်မာက တကယ်ရေပန်းစားလာလောက်တယ်။"
"ကျွန်တော်တို့ ဒီရုပ်သံဒရမ်မာရဲ့ မူပိုင်ခွင့်ကို ဝယ်ပါ့မယ်။ ကျွန်တော်တို့ အချင်းချင်း တိုင်ပင်ပြီးတော့ ဒီဒရမ်မာရဲ့ ထုတ်လွှင့်ပြသခွင့်ကို ၉၃ သန်းနဲ့ တရားဝင် ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်" စုကျန့်တီဗီ၏ ဝန်ထမ်းက ပြောလိုက်ပါသည်။
"ကောင်းပါပြီ။ စုကျန့်တီဗီမှာ အပတ်စဥ် သောကြော၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသပေးပါ။ တစ်ပတ်ကို ၆ ပိုင်း ထုတ်လွှင့်ပြသမယ်။ ပြဿနာမရှိရင် စာချုပ်ချုပ်လိုက်ကြရအောင်" လင်းဖန်က ပြောလိုက််ပါသည်။
"ကောင်းပါပြီ။ ကျွန်တော်တို့ စာချုပ်မူကြမ်းကို ပြင်ဆင်ထားပြီးသားပါ။ ဒါရိုက်တာလင်း စာချုပ်ကို တစ်ချက်စစ်ကြည့်ပါဦး" စုကျန့်တီဗီ၏ ဝန်ထမ်းက စာချုပ်ကို ထုတ်လိုက်ပြီး လင်းဖန်ရှေ့တွင် ချလိုက်ပါသည်။
စာချုပ်အဆင်ပြေကြောင်း စစ်ဆေးပြီးနောက် လင်းဖန် စုကျန့်တီဗီဝန်ထမ်းနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ "လုပ်ငန်း အတူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ်ဗျာ။”
"ဒါရိုက်တာလင်း ကျွန်တော်တို့လည်း အတူတူပါပဲ။ ခင်ဗျားရဲ့ ရုပ်သံဒရမ်မာ ရေပန်းစားလာဖို့ မျှော်လင့်နေပါတယ်။"
စာချုပ်ချုပ်လိုက်ပြီးနောက် ယွမ်သန်းရာချီပြီး ရင်းနှီးမြှုပ်နှံထားသည့် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"အား စုကျန့်တီဗီတွင် အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေတို့၌ ည ၈နာရီမှာ ထုတ်လွှင့်ပြသပါတော့မည်။
လင်းဖန် စုကျန့်တီဗီနှင့် ချုပ်ဆိုထားသည့် စာချုပ်မှာလည်း အစုပေါ်အမြတ် စာချုပ်သာ ဖြစ်ပါသည်။ တနည်းအားဖြင့် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"သာ နောက်ပိုင်း ရေပန်းစားလာနိုင်ပါက လင်းဖန်တစ်ယောက် ငွေတွေ အများကြီး ရလာနိုင်ပါသည်။
ထို့အပြင် ဒါက အစပဲ ရှိပါသေးသည်။
ရှားဝမ်ချွေ့၏ ကုမ္ပဏီထောက်ခံချက် အားလုံး ဖျက်သိမ်းခံလိုက်ရ၏။
ထို့ကြောင့် လင်းဖန်က ဒီရုပ်သံဒရမ်မာကို အသုံးချကာ ရှားဝမ်ချွေ့အား တကယ်ရေပန်းစားသည့် အမျိုးသမီးနာမည်ကျော်တစ်ယောက် ဖြစ်လာစေချင်ပါသည်။
တကယ်တော့ လင်းဖန်ကိုယ်တိုင်က နာမည်ကြီးချင်စိတ် မရှိပါ။
အစကတည်းက အခုထိ သူက သက်တောင့်သက်သာနေချင်သူသာ ဖြစ်ပါသည်။
လင်းဖန် စူပါစတားဖြစ်လာခြင်းက ရှားဝမ်ချွေ့အတွက် ဖြစ်ပါသည်။
ဟွဲစဲရုပ်ရှင်မှ တစ်ယောက်ယောက်က ရှားဝမ်ချွေ့၏ လုပ်ငန်းကို ဖျက်ဆီးချင်နေကြောင်း လင်းဖန် သိလိုက်ရသောအခါ ကပ်ဘေးဆိုတာ ဘာလဲ လင်းဖန် သိလိုက်ရသည်။ ဒေါသဆိုတာ ဘာလဲ လင်းဖန် သိလိုက်ရ၏။
သူ့ကြောင်မလေး ရှားဝမ်ချွေ့က ရုပ်ရှင်ကောင်းကောင်းသာ ရိုက်ကူးဖို့ ဆန္ဒရှိသူ ဖြစ်သည်။
သို့သော်လည်း အနုပညာလောကထဲမှာ ပြိုင်ဘက်များက ရှားဝမ်ချွေ့ကို အလွတ်မပေးကြပါ။
စာချုပ်ချိုးဖောက်ခြင်းများအတွက် လျော်ကြေးများဖြင့် ရင်ဆိုင်ရကာ ရှားဝမ်ချွေ့ တကျော့ပြန်လာဖို့ မဖြစ်နိုင်တော့လောက်အောင် ဖြစ်ခဲ့ရပါသည်။
ထိုကုမ္ပဏီထောက်ခံချက်များ ရှားဝမ်ချွေ့နှင့် စာချုပ်ဖျက်သိမ်းရခြင်းမှာ တကယ်တော့ လင်းခယ့်ရှင်းနှင့် လက်တွဲဖို့သာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုကုမ္ပဏီထောက်ခံချက်များက လင်းခယ့်ရှင်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ပိုမြင့်သည်ဟု ထင်ကြသောကြောင့် ဖြစ်ပါသည်။
လင်းခယ့်ရှင်းသာ သူတို့အတွက် ကြော်ငြာပေးသူဖြစ်လာလျှင် သူတို့ထုတ်ကုန်များအတွက် ပို၍ပင် ကောင်းပါသေးသည်။
ဒီလောကက လူအများစုက အကျိုးအမြတ်ကိုသာ ကြည့်တတ်ကြသည်။
သူတို့ထုတ်ကုန်များအပေါ် အနုတ်သဘောဆောင်သော သက်ရောက်မှုများ ရှိလာသည် ဆိုတာကလည်း ထိုကုမ္ပဏီထောက်ခံချက်နှင့် ကြော်ငြာသမားများ ဆင်ခြေပေးခြင်းသာ ဖြစ်သည်။
အဓိကအကြောင်းအရင်းကတော့ ရှားဝမ်ချွေ့က လင်းခယ့်ရှင်းကို မယှဥ်နိုင်ဘူးဟု ထင်ကြသောကြောင့် ဖြစ်ပါသည်။
"ဘဝရဲ့ပျော်ရွှင်မှု" က "ကြယ်ဥယျာဥ်" နှင့် မယှဥ်နိုင်ဘူး ထင်ကြသောကြောင့် ဖြစ်ပါသည်။
လင်းခယ့်ရှင်းက တကယ်ပဲ အလွန်ရေပန်းစားပါသည်။
လင်းဖန်၏ "အချစ်ကိုဝန်ခံခြင်း" သီချင်းကတောင် လင်းခယ့်ရှင်းထက် ပိုရေပန်းမစားပါ။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲက ရေပန်းစားခဲ့သည်။
ဖျော်ဖြေရေးကုမ္ပဏီများစွာက လင်းဖန် ဒုတိယတွဲကို ထုတ်လုပ်လိမ့်မည်ဟု ထင်ထားခဲ့ကြ၏။
ဟွာစဲရုပ်ရှင်ကလည်း ဒီလိုတွေးထားတာ ဖြစ်နိုင်သည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ရှင်းလင်းဖို့ အကြံအစည်များတောင် လုပ်ထားပြီးကြလောက်သည်။
ထိုအချိန်တွင် လင်းဖန်သာ ရှားဝမ်ချွေ့ကို ရေပန်းပိုစားလာစေချင်ပြီး လင်းခယ့်ရှင်းထက်ပါ ကျော်လွန်စေချင်ပါက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲတစ်ခုတည်းကို အားကိုးဖို့ မဖြစ်နိုင်တော့ပါ။
ဒီရုပ်သံဒရမ်မာတွင် ပုံသေ fanbase ရှိထားပြီးသား ဖြစ်သည်။ fanbase အသစ်တစ်ခု ထပ်ပေါင်းနိုင်ဖို့က ခက်ခဲလှပါသည်။
ထို့ကြောင့် လင်းဖန်က ရဲရဲတင်းတင်း အကွက်သစ် ရွှေ့ခဲ့ပါသည်။
ဘယ်သူမှ မထင်ထားတာမျိုးကို သူ လုပ်ချင်ခဲ့၏။
ဒါကတော့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ကို အသုံးပြုကာ နိုင်ငံတော်ထဲက ရှန်းရှဒရမ်မာများကို ပရိုမိုးရှင်းဆင်းဖို့ ဖြစ်ပါသည်။
တနည်းအားဖြင့် လင်းဖန်က "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကိုအသုံးချပြီး ဟွာစဲရုပ်ရှင်၏ "ကြယ်ဥယျာဥ်"ကို တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။
လင်းဖန်က အချိန်ကိုလည်း ရွေးချယ်ခဲ့သည်။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ည ၈ နာရီတွင် ဖြစ်သည်။ သူ့ရည်ရွယ်ချက်က "ကြယ်ဥယျာဥ်"ကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ ဖြစ်သည်။
ပရိတ်သတ်၏ အချိန်က အကန့်အသတ် ရှိနေ၏။ "ကြယ်ဥယျာဥ်"ကလည်း ထိုအချိန်မှာပဲ ထုတ်လွှင့်ပြသပါလိမ့်မည်။
ပရိတ်သတ်က ထိုအချိန်မှာ ရုပ်သံဒရမ်မာတစ်ခုကိုပဲ ကြည့်ရှုဖို့ ရွေးချယ်ရလိမ့်မည်။
သူတို့ နောက်ပိုင်း ဒရမ်မာများကို ပြန်ကြည့်ချင်ပါက အွန်လိုင်းပေါ်မှာ ပြန်ရှာကြည့်လို့ရသည်။
သို့သော် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"မှာ ဝက်ဘ်ဆိုက်ဗီဒီယီုဗားရှင်း မရှိသေးပါ။
အဘယ့်ကြောင့်ဆိုသော် ဒီရုပ်သံဒရမ်မာက ရုပ်မြင်သံကြားကြည့်ရှုသူ ပရိတ်သတ်အားလုံးကို ပစ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။
ဒါက ရဲတင်းပြီး အန္တရာယ်များသော ဆုံးဖြတ်ချက် ဖြစ်သည်။ တနည်းအားဖြင့် ပရိတ်သတ်က ရုပ်သံဒရမ်မာကို လွတ်သွားပြီး "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို ပြန်လည်ကြည့်ရှုချင်ပါက "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" နောက်တစ်ခေါက် တရားဝင် ထုတ်လွှင့်ပြသမည့်အချိန်ကို စောင့်ကြည့်ရပါမည်။
ဒါက အလောင်းအစားတစ်ခုပင်။
စိန်ခေါ်မှုဆိုလည်း ဟုတ်သည်။
အနုပညာလောကထဲ ဝင်လာတာ မကြာသေးဘဲ ဒါရိုက်တာအသစ်လည်း ဖြစ်သည့် လင်းဖန်က သူ့ရိုက်ကူးမှု လက်ရာအသစ် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို အသုံးချပြီး ယခင်ဘုရင်ကြီး ဟွာစဲရုပ်ရှင်ကို တိုက်ခိုက်တော့မည်။
ဒါက အတော်လေး ပြင်းထန်သည့် စိန်ခေါ်မှု ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်၏ ရေပန်းစားမှုကလည်း မြင့်မားလွန်းသည် မဟုတ်ပါလား။
သူ ဟွာစဲရုပ်ရှင်ကို ရင်ဆိုင်တိုက်ခိုက်ချင်ပါက သူ ရှုံးနိမ့်သွားနိုင်ပါသည်။
သို့သော်လည်း လင်းဖန်မှာ လွတ်လမ်း မရှိတော့ပါ။
ရှားဝမ်ချွေ့ ဒီလောက်ထိ အနိုင်ကျင့်ခံရပြီး လွတ်လမ်း မရှိတော့ပါ။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ ထုတ်လွှင့်ပြသချိန်ကို သတ်မှတ်ပြီးသောအခါ ထိုရုပ်သံဒရမ်မာကို ဝေ့ပေါ် ပေါ်တွင် တရားဝင် ကြေညာလိုက်ပါသည်။
[ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရမ်မာအား မကြာခင် ထုတ်လွှင့်ပြသပါတော့မည်။ ဒီအပတ် သောကြာနေ့ ည ၈နာရီ စုကျန့်တီဗီတွင် ထုတ်လွှင့်ပြသသွားပါမည်။ ]
[ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ခေါင်းဆောင်မင်းသား : လီရှောင်းယောင်အဖြစ် လင်းဖန် ]
[ ခေါင်းဆောင်မင်းသမီး : ကျောက်လင်အာအဖြစ် ရှားဝမ်ချွေ့ ]
[ ဇာတ်ပို့မင်းသမီး : လင်းယွဲ့ရုအဖြစ် စုရှောင်းယွီ ]
[ ဇာတ်ပို့မင်းသမီး : အာ့နွီအဖြစ် လင်းကျင်းကျင်း ]
[ ဇာတ်ပို့မင်းသား : ထန်ယွိအဖြစ် ရှုယန် ]
[ ... ]
[ ဒါရိုက်တာ : လင်းဖန် ]
[ ဇာတ်ညွှန်းရေးဆရာ : လင်းဖန် ]
[ နောက်ဆက်တွဲတည်းဖြတ်ရေး : ရွှယ်ခဲ့ရှင်း ]
ထိုသတင်းအား ကြေညာလိုက်သောအခါ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ တရားဝင် ဝေ့ပေါ် အကောင့်မှ ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်များ၏ ဓာတ်ပုံများကိုလည်း တင်ခဲ့ပါသည်။
လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်းတို့၏ ဓာတ်ပုံများဖြစ်သည်။
ချက်ချင်းဆိုသလို ထိုသတင်းက ဝေ့ပေါ် ပေါ်မှာ တရားဝင် ရေပန်းစားလာခဲ့ပါသည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ပရိတ်သတ်အားလုံး ဗြောင်းဆန်လာခဲ့ပြန်သည်။
"လခွမ်း အစ်ကိုဖန်က အရမ်းချောတာပဲ။ ငါ သူ့ကို ချစ်မိသွားပြီ။ ငါ အစ်ကိုဖန်ကို ချစ်တယ်။ ဘယ်လိုလုပ်ရမလဲ။"
"ရှားဝမ်ချွေ့ကလည်း အရမ်းလှတယ်။ ငါ့နတ်သမီးလေးက ဘာလို့ ဒီလောက် လှရတာလဲ။"
"စုရှောင်းယွီလည်း လှပါတယ်။ ဒါက ဒီလို စတိုင်မျိုး သူမ ပထမဆုံး ရိုက်ဖူးတာထင်တယ်။ အရမ်းမှင်သက်စရာကောင်းတာပဲ။"
"မင်းတို့ကောင်တွေ သတိထားမိလား။ ဒီဓားနှင့်နတ်သမီးဒဏ္ဍာရီ ဇာတ်လမ်းတွဲကို အစ်ကိုဖန်ကိုယ်တိုင် ရိုက်ကူးထားတာတဲ့။ ဇာတ်ညွှန်းကိုလည်း သူပဲ ရေးတာ။"
"နောက်ဆို သူ့ကို လင်းဖန်လို့ ခေါ်လို့ မရတော့ဘူး။ ငါတို့ သူ့ကို ဒါရိုက်တာလင်းလို့ ခေါ်ရတော့မယ်။"
"ငါတို့ ဒါရိုက်တာလင်းရဲ့ ပထမဆုံး ရုပ်သံဒရမ်မာကို လာမယ့် သောကြာနေ့ ည ၈ နာရီမှာ စောင့်ကြည့်ကြမယ်။ သေချာပေါက် follow လုပ်ထားကြမယ်။"
တစ်ချိန်တည်းတွင်...
ဟွာစဲရုပ်ရှင်က အရင်တုန်းကလည်း ဘုရင် အခုလည်း ဘုရင် ဖြစ်ပါသည်။
"ကြယ်ဥယျာဥ်"၏ တရားဝင် ဝေ့ပေါ် အကောင့်ကလည်း ကြယ်ဥယျာဥ်၏ ထုတ်လွှင့်ပြသမှုကို တရားဝင် ကြေညာခဲ့ပါသည်။
ဖျော်ဖြေရေးကုမ္ပဏီ၏ ဘုရင်တစ်ဆူဖြစ်သော ဟွာစဲရုပ်ရှင်က ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ ၅ယောက်ကို စုစည်းကာ သောကြာနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့တို့တွင် MangoTV ၌ ကြယ်ဥယျာဥ်ကို သီးသန့်ထုတ်လွှင့်ပြသသွားတော့မည်ဖြစ်သည်။
ထို့အပြင် ကြယ်ဥယျာဥ်၏ ခေါင်းဆောင်မင်းသမီးကလည်း အေ အဆင့် နာမည်ကျော်ဖြစ်ကာ အနုပညာလောကတစ်ခုလုံးတွင် ပရိတ်သတ်အများဆုံး အမျိုးသမီး နာမည်ကျော် လင်းခယ့်ရှင်း ဖြစ်ပါသည်။
ထို့အပြင် "ကြယ်ဥယျာဥ်"၏ ဇာတ်ပို့မင်းသမီးကလည်း အေ အဆင့် နာမည်ကျော် ဖြစ်သည်။ သူက ကျူးယောင်ယောင် ဖြစ်ပါသည်။ သိုရင်း၏ နာမည်ကျော်အဆင့် သတ်မှတ်ချက်တွင် အဆင့် ၂ ရှိသူ ဖြစ်သည်။
"ကြယ်ဥယျာဥ်"၏ ခေါင်းဆောင်မင်းသားကလည်း အေ အဆင့် နာမည်ကျော်တစ်ယောက် ဖြစ်ပါသည်။
ဒီရုပ်သံဒရမ်မာအတွက် ဟွာစဲရုပ်ရှင်က အစွမ်းကုန် ထုတ်သုံးထား၏။
ဟွာစဲရုပ်ရှင်၏ လွှမ်းမိုးမှုနှင့် ရင်ဆိုင်ပြီး ယွဲ့ဟွာဖျာ်ဖြေရေးကလည်း ဟွာစဲရုပ်ရှင်နဲ့ အချိန်တူ ရုပ်သံဒရမ်မာတစ်ခုကို ထုတ်လွှင်ပြသဖို့ ရွေးချယ်ခဲ့ပါသည်။
ရုပ်သံဒရမ်မာများ၏ ထုတ်လွှင့်ပြသမည့်အချိန်များကတောင် တူနေပါသည်။
ဝေ့ပေါ် တစ်ခုလုံး စတင်ပေါက်ထွက်နေပြီဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဆိုလိုတာက လင်းဖန် ဟွာစဲရုပ်ရှင်ကို စစ်ကြေညာလိုက်သည့် သဘောက်ရောက်နေသောကြောင့် ဖြစ်ပါသည်။