အခန်း(၁၅၀) ဟွာစဲရုပ်ရှင်၊ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရအောင်
Vol. 10 Ch. 150
အခန်း(၁၅၀) ဟွာစဲရုပ်ရှင်၊ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရအောင်
ယနေ့ခေတ်၏ ထိပ်တန်း ဘုရင်နှင့် ဒီလောက် ကောင်းမွန်သည့် သရုပ်ဆောင်များဖြင့် ရင်ဆိုင်ပြီး ဘယ်လို ဖျော်ဖြေရေးကုမ္ပဏီကမှ ဟွာစဲရုပ်ရှင်ကို စစ်မကြေညာရဲလောက်ပါ။
ဟွာစဲရုပ်ရှင်က ဗြောင်းဆန်မှုကို အခွင့်ကောင်း ယူတတ်သော တခြား ဖျော်ဖြေရေးကုမ္ပဏီများလို မဟုတ်ပေ။
ဟွာစဲရုပ်ရှင်က ထိပ်တန်း ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။
ထိုကုမ္ပဏီ၏ အနှစ်ချုပ် အင်အားက ယွဲ့ဟွာထက်ပင် အများကြီး ကျော်လွန်နေပါသည်။
ဟွာစဲရုပ်ရှင်က ပျိုးထောင်ထားသည့် နာမည်ကျော်အားလုံးက အကုန်လုံး ထိပ်ဆုံးအဆင့်တွင်သာ ရှိသည်။ သရုပ်ဆောင်ပေါင်းစုံ ဟွာစဲရုပ်ရှင်မှာ ရှိသည်။
အရင်တုန်းက ဘဝရဲ့ပျော်ရွှင်မှုမှာ ပါဝင်ခဲ့သည့် ဝါရင့်သရုပ်ဆောင်များကတောင် ဟွာစဲရုပ်ရှင်မှ ပြုစုပျိုးထောင်ပေးထားသူများ ဖြစ်သည်။
ဟွာစဲရုပ်ရှင်က အနုပညာလောက၏ အထွတ်အထိပ် ဖြစ်လောက်သည်။
ဟွာစဲရုပ်ရှင်လောက် ကြီးမားသည့် တခြား ဖျော်ဖြေရေးကုမ္ပဏီများလည်း ရှိနိုင်သည်။
သို့သော် ယွဲ့ဟွာဖျော်ဖြေရေးကတော့ ဟွာစဲရုပ်ရှင်ကို မယှဥ်ပြိုင်နိုင်မှန်း သိသာနေပါသည်။
အရင်တုန်းက ဟွာစဲရုပ်ရှင်မှ ရိုက်ကူးသည့် ရုပ်သံဒရမ်မာအားလုံးနီးပါးက အလွန်ကောင်းမွန်ကြပါသည်။
ဖျော်ဖြေရေးကုမ္ပဏီ၏ ဂုဏ်သတင်းကလည်း အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။
ဟွာစဲရုပ်ရှင်နဲ့ ရင်ဆိုင်ဖူးသည့် ဘယ်လိုဖျော်ဖြေရေးကုမ္ပဏီမဆို ရုပ်သံဒရမ်မာပိုင်းမှာ ဖြစ်စေ ရုပ်ရှင်အပိုင်းမှာဖြစ်စေ မယှဥ်ပြိုင်နိုင်ခဲ့ကြပါ။
ဟွာစဲရုပ်ရှင်တွင် နာမည်ကြီး ဒါရိုက်တာများ၊ နာမည်ကြီး သရုပ်ဆောင်များ၊ စွမ်းရည်မြင့် ဇာတ်ညွှန်းရေး ဆရာများ၊ ထိပ်တန်းအဆင့် နောက်ဆက်တွဲ တည်းဖြတ်သူများနှင့် အသံသရုပ်ဆောင်များ ရှိကြပါသည်။
ဒါက အလွန်ပရော်ဖက်ရှင်နယ်ကျသော ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
အရင်ကလည်း ဘုရင် အခုလည်း ဘုရင်ဖြစ်နေဆဲ ဖြစ်ပါသည်။
ဒီတိုက်ပွဲကို ဟွာစဲရုပ်ရှင်က အရင် စတင်လိုက်ခြင်း ဖြစ်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲက ရေပန်းစားလွန်းသည်။ ထို့ကြောင့် ဟွာစဲရုပ်ရှင်သည် စိတ်မသက်မသာ ဖြစ်လာ၏။ အရှင်သခင်ဟူသည့် သူတို့၏ အဆင့်အတန်းကို လုယူမခံနိုင်ပါ။
ထို့ကြောင့် ဟွာစဲရုပ်ရှင်က ချက်ချင်းပဲ အစီအစဥ်တစ်ခုကို စဥ်းစားခဲ့ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ထုတ်လုပ်ခဲ့ရင်တောင် ဟွာစဲရုပ်ရှင်ကို အနိုင်မယူနိုင်တော့ပါ။
လက်ရှိဘုရင်တစ်ပါးအဖြစ် ဟွာစဲရုပ်ရှင်၏ ခွန်အားက တိုင်းတာ၍ မရနိုင်အောင် ရှိလှသည်။
ဟွာစဲရုပ်ရှင်က အစကတည်းက ကြောက်ဖို့ ကောင်းနေပါပြီ။
မကြာသေးခင်ကမှ ဟွာစဲရုပ်ရှင်က အနုပညာလောကထဲက ထိပ်တန်းနာမည်ကျော်များဖြစ်သည့် လင်းခယ့်ရှင်း၊ ချူးယောင်ယောင်တို့ကို "ကြယ်ဥယျာဥ်" ရုပ်သံဒရမ်မာထဲမှာ ပါဝင်ဖို့ ဆက်သွယ်ခဲ့ပါသည်။
ထိုကောင်မလေးနှစ်ယောက်က အသက်မကြီးဘဲ အလွန်ကြည့်ကောင်းလှပါသည်။ သူမတို့၏ လျှောက်လွှာများက သန့်ရှင်းကာ ရေပန်းစားမှုကလည်း မြင့်မား၏။
ရှားဝမ်ချွေ့လည်း သူတို့လောက် ရေပန်းစားနိုင်ပါသည်။
သို့သော်လည်း သိသာသည်။
ရှားဝမ်ချွေ့က သရုပ်မဆောင်တာ ၁ နှစ်ကျော်ခဲ့ပြီဖြစ်ကာ အချစ်ရေး ဇာတ်ဝင်ခန်း၊ အကြင်နာပေးခန်းများကို တစ်ခါမှ လက်မခံခဲ့ဖူးပါ။ ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့ရထားသည့် ထိုမိန်းမလှလေးနှစ်ယောက်ကို သူမ ယှဥ်နိုင်မှာ မဟုတ်ပါ။
"ကြယ်ဥယျာဥ်"က ခေတ်မှီ အချစ်ရေးဒရမ်မာတစ်ခု ဖြစ်သည်။ လင်းခယ့်ရှင်း ပါဝင်သရုပ်ဆောင်ထားသဖြင့် ဒီရုပ်သံဒရမ်မာက အနိုင်ယူခံရခြင်း မရှိနိုင်ပါ။
ရိုးရိုးသားသား ပြောရလျှင် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲတောင် ဆိုးဆိုးရွားရွား ရှုံးနိုမ့်သွားနိုင်ပါသည်။
ဒါက ဟွာစဲရုပ်ရှင်၏ ကြောက်ဖို့ အကောင်းဆုံး အရာ ဖြစ်သည်။
ဟွာစဲရုပ်ရှင်က အစကတည်းက ရှားဝမ်ချွေ့ကို ပစ်မှတ်ထားခဲ့သည်။ ကုမ္ပဏီထောက်ခံချက်အားလုံးကလည်း သူမနှင့် စာချုပ်များ ဖျက်သိမ်းခဲ့၏။
ထိုကုမ္ပဏီအားလုံးက လင်းခယ့်ရှင်းနှင့် ချူးယောင်ယောင်တို့ဆီ ရောက်သွားကြပါသည်။
ဟွာစဲရုပ်ရှင်၏ စီအီးအိုက ယွဲ့ဟွာ ပြန်လည်တုန့်ပြန်ဖို့ ဘာလုပ်မလဲဆိုတာကို ခန့်မှန်းထားပြီးသား ဖြစ်ပါသည်။
ယွဲ့ဟွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကိုသာ အားကိုးနိုင်လောက်သည်။
ယွဲ့ဟွာ ဒီလိုစဥ်းစားနိုင်လျှင် ဟွာစဲရုပ်ရှင်၏ စီအီးအိုလည်း စဥ်းစားနိုင်ပါသည်။
ဟွာစဲရုပ်ရှင်က ရှားဝမ်ချွေ့အတွက် အစကတည်းက ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။
ပန်းတိုင်က ယွဲ့ဟွာဖျော်ဖြေရေးကို ဒေါသထွက်အောင် လုပ်ကာ ဟွာစဲရုပ်ရှင်နှင့် တိုက်ရိုက်ရင်ဆိုင်လာအောင် လုပ်ဖို့ဖြစ်ပါသည်။
ထို့နောက် ဟွာစဲရုပ်ရှင်က အားသာချက်များဖြင့် ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို အနိုင်ယူလိုက်မည်။
ထိုအခါကျလျှင် ဟွာစဲရုပ်ရှင်က ယွဲ့ဟွာဖျော်ဖြေရေးကို ပြန်မတိုက်ခိုက်နိုင်လောက်တော့သည့်အထိ ချေမှုန်းပစ်မည်။
သူတို့ နာမည်ကောင်းရထားသည့် ဘဝရဲ့ပျော်ရွှင်မှုကိုလည်း ချေမှုန်းပစ်မည်။၊
ဒီလိုသာဆို ဟွာစဲရုပ်ရှင်က အားသာချက် အကြီးကြီး ရလာပါလိမ့်မည်။
ထိုအခါ ဝေ့ပေါ် ပေါ်တွင် ရေပန်းစား အကြောင်းအရာပေါင်းစုံ တက်လာပါလိမ့်မည်။
ဥပမာအားဖြင့်
( ကြယ်ဥယျာဥ်က ဘဝရဲ့ပျော်ရွှင်မှုကို တိုက်ရိုက်ရင်ဆိုင်ပြီး အနိုင်ယူသွားခြင်း )
( ရှားဝမ်ချွေ့က လင်းခယ့်ရှင်းရဲ့ ရေပန်းစားမှုကို မယှဥ်နိုင်ဘူး။ အဓိက အကြောင်းအရင်းက...)
( ဟွာစဲရုပ်ရှင်က ဒီလောကရဲ့ တကယ့်ဆရာတစ်ဆူပဲ။ "ကြယ်ဥယျာဥ်" က ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို အမှုန့်ချေပစ်လိုက်ပြီ။)
တနည်းအားဖြင့် ဟွာစဲရုပ်ရှင် ရှားဝမ်ချွေ့ကို ပစ်မှတ်ထားနေခြင်းမှာ အစသာ ရှိသေးသည်။
သူတို့ ဘဝရဲ့ပျော်ရွှင်မှုကို အသုံးပြုပြီး ကြယ်ဥယျာဥ်ကို ပြန်တိုက်ခိုက်လာကာ ကြယ်ဥယျာဥ်ကို အနိုင်မယူနိုင်ပါက ယွဲ့ဟွာ တကယ့်ကို အန္တရာယ်များသည့် နေရာသို့ ရောက်သွားပါလိမ့်မည်။
ထိုအခါ ကုမ္ပဏီထောက်ခံချက်ကုမ္ပဏီအားလုံးကို သက်သေပြလိုက်သလို ဖြစ်သွားပါလိမ့်မည်။
ဟွာစဲရုပ်ရှင်က တကယ့် အရှင်သခင် အစစ်အမှန် ဖြစ်ပါသည်။
ဟွာစဲရုပ်ရှင် စတင်ပြီး လှုပ်ရှားတာနဲ့ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲဟာ တစ်ချက်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
ထိုကုမ္ပဏီထောက်ခံချက်များ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ ကြော်ငြာသမားက အနာဂတ်တွင် သေချာပေါက် ဟွာစဲရုပ်ရှင်၌ ရင်းနှီးမြှုပ်နှံကြလိမ့်မည်။
ဟွာစဲရုပ်ရှင်က ပိုတန်ဖိုးရှိသောကြောင့် ဖြစ်ပါသည်။
ဒါတောင် မရှင်းလင်းသေးပါက နောက်ထပ် သာဓကများစွာ ကျန်ရှိပါသေးသည်။ တရုတ်နိုင်ငံတွင် ဟောလိဝုဒ် ရုပ်ရှင်ကြီးများကို အထူးပြုလုပ်ချက်များ၊ သရုပ်ဆောင်စွမ်းရည်များ၊ ဇာတ်ညွှန်းများအရ လုံးဝ အနိုင်ယူနိုင်သော ရုပ်ရှင်တစ်ခုသာ ရှိပါက ကုမ္ပဏီထောက်ခံချက်နှင့် ရင်းနှီးမြှုပ်နှံသူများ၊ ပရိသတ်များအားလုံး တုန်လှုပ်သွားကြလိမ့်မည်။
သူ့လက်ရာက ကောင်းမွန်ပြီး သူ့လက်ရာ၏ ပြောင်မြောက်မှုကို အသိအမှတ်ပြုနိုင်သည့်လူ မရှိပါက ဘယ်လောက်တောင် လက်ရာမြောက်သလဲဆိုတာ လူတွေအဖို့ မသိသာနိုင်ပေ။
တနည်းအားဖြင့် ညံ့ဖျင်းသော ကျောင်းသားများ ဝန်းရံနေပြီး အဆင့် ၁ ရသွားပါက အထင်ကြီးစရာ မရှိပါ။ ဆင်းဟွာနှင့် ပီကင်းတက္ကသိုလ်မှ ထိပ်တန်းကျောင်းသားများ ဝန်းရံထားပြီး သူတို့ကို အားသာချက်ဖြင့် အနိုင်ယူလိုက်နိုင်ပါက အားလုံး အံ့သြတုန်လှုပ်သွားကြပါလိမ့်မည်။ ဟွာစဲရုပ်ရှင်၏ နည်းလမ်းများက ကြောက်ဖို့ ကောင်းလွန်းပါသည်။
ယွဲ့ဟွာက လူများက သတိမထားမိကြသေးပါ။
သူတို့ ဟွာစဲရုပ်ရှင်ကို ရင်ဆိုင်တိုက်ခိုက်ချင်ကြပါက ဘဝရဲ့ပျော်ရွှင်မှုလို ရေပန်းအစားဆုံး ဒရမ်မာကလွဲပြီး တခြား မည်သည့်ဒရမ်မာကို အသုံးပြုပြီးတော့ သူတို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်မည်နည်း။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကလည်း ကြယ်ဥယျာဥ်ကို အနိုင်ယူနိုင်ပါ့မလား မသေချာပါ။
မဟုတ်လျှင် ယွဲ့ဟွာဖျော်ဖြေရေးတွင် အခွင့်အရေးတစ်ခုသာ ရှိသည်။
ဒါကတော့ ဟွာစဲရုပ်ရှင်နဲ့ တိုက်ခိုက်တာကို လက်လျှော့ပြီး တိုက်ပွဲကို ရှောင်လွှဲဖို့ပဲ ဖြစ်ပါသည်။
သို့သော်လည်း တိုက်ပွဲကို ရှောင်လွှဲလိုက်ပါက အကျိုးဆက်များ ရှိလာပါလိမ့်မည်။
ယွဲ့ဟွာက တိုက်ပွဲမစခင် အရှုံးပေးလိုက်သလို ဖြစ်သွားမည်။ ရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီထောက်ခံချက်များကိုလည်း အချက်ပြလိုက်သလို ဖြစ်သွားမည်။ ရှားဝမ်ချွေ့နှင့် သူတို့ စာချုပ်ဖျက်သိမ်းတာ မှန်သွားသလို ဖြစ်သွားစေမည်။
ဒီလိုသာဆို နောက်ပိုင်း ရှားဝမ်ချွေ့ တိုးတက်ဖို့အတွက် တကယ်ခက်ခဲသွားနိုင်ပါသည်။
နောက်ပိုင်း ရှားဝမ်ချွေ့ဆီမှာ ဘယ်သူက ရင်းနှီးမြှုပ်နှံတော့မှာလဲ။
သူတို့ အလားအလာ ပိုရှိသည့် လင်းခယ့်ရှင်းကိုသာ အစားထိုး ရင်းနှီးမြှုပ်နှံကြလိမ့်မည်။
လင်းဖန်သာ မရှိပါက ယွဲ့ဟွာဖျော်ဖြေရေးမှာ ဟွာစဲရုပ်ရှင်နှင့် တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။
လင်းဖန်ရှိနေ၍သာာ ကံကောင်းသွားပါသည်။
လင်းဖန်က ဒီအကွက်တွေကို ကြိုမြင်ပါသည်။
သူ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကိုသာ ထုတ်လုပ်ဖို့ ရွေးချယ်လိုက်၏။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို လင်းဖန် ယုံကြည်မှု မရှိတာမျိုး မဟုတ်ပေ။
လင်းဖန်က လုံးဝ သေချာချင်ပြီး သူ့ဝှက်ဖဲဖြင့် ဟွာစဲရုပ်ရှင်ကို တိုက်ခိုက်ချင်သောကြောင့် ဖြစ်ပါသည်။
ရင်ဆိုင်တိုက်ပွဲ အခု စတင်ပါတော့မည်။
အရင်က ဘုရင်ဖြစ်ဖြစ် အခုဘုရင်ဖြစ်ဖြစ် ရင်ဆိုင်ဖို့ ဘာကြောက်စရာလိုလို့လဲ။
တရုတ်နိုင်ငံက ရေပန်းအစားဆုံး စူပါစတားကို ရင်ဆိုင်ရလည်း ဘာကြောက်စရာလိုလို့လဲ။
ရှားဝမ်ချွေ့က လင်းခယ့်ရှင်းအောက် နိမ့်ကျလို့လား။
လင်းဖန်က ဟွာစဲရုပ်ရှင်ရဲ့ ဒါရိုက်တာအဖွဲ့အောက် နိမ့်ကျလို့လား။
လင်းဖန်က ဟွာစဲရုပ်ရှင်ရဲ့ ရွှေအဆင့် ဇာတ်ညွှန်းရေးဆရာတွေကို မယှဥ်နိုင်လို့လား။
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ အလားအလာကို လင်းဖန် အမြဲတမ်း သိခဲ့ပါသည်။
ထိုကောင်မလေးနှစ်ယောက်က အစကတည်းက နာမည်ကျော်များ ဖြစ်ကြသည်။
သူတို့၏ ရုပ်ရှည်နှင့် အရှိန်အဝါက သေချာပေါက် လင်းခယ့်ရှင်းနှင့် ချူးယောင်ယောင်တို့အောက် မနိမ့်ကျနိုင်ပါ။
ထို့ကြောင့် လင်းဖန်က "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"ကို ထုတ်လွှင့်ခဲ့ပြီး ပြသမည့်ချိန်ကိုလည်း ရွေးချယ်ခဲ့သည်။
ဟွာစဲရုပ်ရှင်က သူ့ကြောင်မလေးကို အနိုင်ကျင့်ခဲ့သည်။
ဒိတိုက်ပွဲမှာ သွေးထွက်သံယိုဖြစ်မယ်ဆိုရင်တောင် လင်းဖန်က ဟွာစဲရုပ်ရှင်၏ "ကြယ်ဥယျာဥ်"ကို ရင်ဆိုင်တိုက်ခိုက်ချင်နေဆဲ ဖြစ်ပါသည်။