← Chapters

သမက်အိမ်ပေါ်ရောက်နေချိန် ယောက္ခထီး မိုးပေါ်မှ ရောက်ချလာ၏

Vol. 1 Ch. 9

သမက်အိမ်ပေါ်ရောက်နေချိန် ယောက္ခထီး မိုးပေါ်မှ ရောက်ချလာ၏

Vol. 1 Ch. 9

ကျီချင်းရန် မျက်နှာ လုံး၀ မည်းမှောင်သွား၏။

ကိုယ်စီးတဲ့ တက္ကစီကို ပိုက်ဆံပေးရမှာက ပုံမှန်ဆိုပေမယ့် အဲ့လောက်ထိတော့ လေးနက်နေဖို့ မလိုဘူးမလား......

S ပုံစံ ထိုင်ထလုပ်ရမည်မှာ ရှက်ဖို့ကောင်းသော်လည်း ထိုအရာက အခြားအချက်တစ်ခုပင်။

"ဒီလောက် ငွေလေးက နင့်ကားဆီဖိုးတောင် မရှိတာကို ဘာလို့ အဲ့လောက် ဂရုစိုက်နေတာလဲ..."

"ရေစက်လေးတွေ စုလာရင် ပင်လယ်ကြီးတောင် ဖြစ်လာသေးတာပဲ..ကျုပ်လည်း ကျုံးဟိုင်မှာ အိမ် ၀ယ်ဖို့ ပိုက်ဆံ စုရဦးမယ်လေ..."

ကျီချင်းရန် အားရပါးရ ရယ်လိုက်သည်။

"နင်က ပန်ဂနီတောင် မောင်းနေပြီးတော့မှ အိမ်မရှိဘူးလို့ ပြောရင် ဘယ်သူက ယုံနိုင်မှာလဲ..."

ကျီချင်းရန် ထိုသို့ ပြောလိုက်ရင်း တက္ကစီခ ပေးလိုက်သည်။

လင်းရီ ကိုယ့်ကိုယ်ကို သက်ပြင်းချလိုက်ပြီး...ငါက

တကယ့်ကို ငွေသား ၆၀ မီလီယမ် လောက်ပဲ ရှိတဲ့ ငမွဲလေးပါကွာ......

နှစ်ယောက်သား ကားပေါ်မှ ဆင်းပြီးနောက် အိမ်ထဲသို့ ရှေ့ဆင့်နောက်ဆင့် ၀င်လိုက်ကြသည်။

ဗီလာ၏ အခန်းဖွဲ့စည်းပုံမှာ သိပ်ပြီး မကြီးမားပေ။ စုစုပေါင်း ၄၀၀ စတုန်းရန် မီတာ ခန့်သာရှိပြီး ခေတ်မီ ရိုးရှင်းသော ဒီဇိုင်းများဖြင့် အခန်းများကို အလှဆင်ထား၏။

ထို့အပြင် စံပယ်ရနံ့များလည်း ဗီလာထဲတွင် သင်းပျံနေသည်။

"နင်ဘာသောက်မလဲ...ကော်ဖီလား..လက်ဖက်ရည်လား..."

"လည်ချောင်းစိုအောင် လက်ဖက်ရည်ပဲ သောက်မယ်..."လင်းရီ တရားလွန် ယဉ်ကျေးပြပြီးတော့ ‌စိတ်နှောက်ယှက် ဖြစ်ခံမနေတော့ချေ။

မကြာမီ ကျီချင်းရန် လက်ဖက်ရည် တစ်အိုး နှပ်ပြီး လင်းရီကို ကမ်းပေးလိုက်သည်။

ထို့နောက် အခန်းထဲရှိလေထုမှာ ခေတ္တ တိတ်ဆိတ်သွားပြီး အနည်းငယ် ကိုးရို့ကားယား နိုင်သွား၏။

"နင် အခု ကြည့်တော့မလား....."ကျီချင်းရန် ရှက်ရွံ့စွာ မေးလိုက်သည်။

"ဒါပေါ့..ငါ့မှာ နောက်ကျ လုပ်စရာတွေ ရှိသေးတယ်...ခုကြည့်လို့ ရရင်တော့ အကောင်းဆုံးပေါ့...ဟီးဟီး"

သူ၏ လုပ်ဖော်ကိုင်ဖက်များ ကျင်းပပေးသော နှုတ်ဆက်စားပွဲမှာလည်း စတင်တော့မည်။ အဓိက ဇာတ်ဆောင် တစ်ယောက်ဖြစ်သည့် လင်းရီ တစ်ယောက် ထို ညစာစားပွဲကို နောက်မကျချင်ပေ။

"ရှင်းရှင်း ပြောလိုက်မယ်နော်..ငါအရင်တုန်းက တစ်ခါမှ ဒီလို ပုံစံ မလုပ်ဖူးဘူး..ဒီတော့ ကြည့်လို့ မကောင်းရင် ငါ့ကို အပြစ်လာမတင်နဲ့...."ကျီချင်းရန်မှ ပြောလိုက်၏။

"စိတ်မပူနဲ့...ငါမတင်ပါဘူး..."လင်းရီ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

သူမ ကော်ဖီ စားပွဲဆီသို့ လမ်းလျှောက်သွားပြီး ထိုင်ခုံကို ဆွဲကာ ဗွီဒီယို ထဲရှိ လှုပ်ရှားမှုကို ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။

ထို့နောက် S ပုံစံ ထိုင်ထကို ပထမတစ်ခေါက် ပြုလုပ်လိုက်၏။

သူမကျောမှာ ဖြောင့်တန်း၍ ခါးမှာလည်း သေးသွယ်နေပြီး ခြေတံရှည်ရှည်လေးများနှင့် ထိုင်ထပြုလုပ်သည်မှာ စံချိန်မမှီသော်လည်း ကြည့်လို့တော့ မဆိုးချေ။သို့သော်လည်း ကျီချင်းရန် ထိုင်ထလုပ်သည်ကို ကြည့်ပြီးသောအခါ အင်တာနက်ပေါ်ရှိ အင်ဖလူရန်ဆာများမှာ သိပ်၍ ကြည့်ကောင်းတော့မည်မဟုတ်။

အဓိက အချက်မှာ ထွက်ပေါ်လာသော ခံစားချက် မတူညီခြင်းပင်။ ထိုခံစားချက်ကို သာမန်လူတို့ ယှဉ်နိုင်ရန် မစွမ်းသာချေ။

အထူးသဖြင့် ကိုယ်ကြပ် စကတ် နှင့် အနက်ရောင် ပိုးထည်စတော်ကင် ၀တ်ဆင်ထားသော ကျီချင်းရန်ပင်။ အကယ်၍ သူမသာ ဒေါက်ဖိနပ်စီးထားပါက ပို၍ ဆက်စီ ကျသွားပြီး အမှတ်များစွာ ရရှိလိမ့်မည်။

လင်းရီ ကျီချင်းရန် S ပုံစံ ထိုင်ထလုပ်သည်ကို ကြည့်ရင်း လက်ဖက်ရည် တစ်ချက်သောက်‌ကာ သက်ပြင်းချလိုက်သည်။

ဟင်း...ဒါမှ ဘ၀နေနည်း အစစ်ကွ....

"နင်...နင်ဒါဘာလုပ်နေတာလဲ...."

ဒုတိယအကြိမ် ထိုင်ထလုပ်နေရင်း တစ်၀က်လောက် ရောက်သောအခါ နောက်မှ တစ်စုံ‌တစ်ယောက် စကား ပြောနေသည်ကို ကြားလိုက်ရသည်။

တံ‌ခါးရှေ့တွင် ရပ်နေရင်း သူတို့ကို ရှော့ခ်ရစွာ ကြည့်နေသော ပိုလို ရှပ်အင်္ကျီ အနက်ရောင်နှင့် သက်လတ်ပိုင်း လူကြီးကို တွေ့သောအခါ နှစ်ယောက်စလုံး အေးခဲသွားတော့၏။

"အဖေ.....ဘာလို့ဒီရောက်နေတာလဲ...."

သက်လတ်ပိုင်း လူကြီး၏ နာမည်မှာ ကျီအန်းထိုင် ဖြစ်ပြီး ကျီချင်းရန်၏ ဖခင်ပင်။

"ဘာလို့လဲ...နင့်အဖေက ဒီကို မလာသင့်လို့လား..."

လင်းရီ သွေးအန်လုနီးပါး ဖြစ်သွားသည်။

ခင်များ တကယ့်ကို အချိန်မှား ရောက်လာတာပဲဗျ....

ခင်များက ကားထဲမှာပဲ ရှိနေရမှာမဟုတ်လား..ဒီမှာ မဟုတ်ဘူးလေ....

"အဖေ အထင်မလွဲနဲ့နော် သူက သမီးရဲ့ ယောဂ ဆရာအသစ်...သမီးကို ယောဂ အကွက်သစ်တွေ သင်ပေးနေတာ...."ကျီချင်းရန် ရှင်းပြလိုက်သည်။

"ဘယ်လို ယောဂ ဆရာက ခြေတင်ချိတ်ပြီး သူ့တပည့်ကို သင်ပေးလဲဆိုတာ သိချင်လိုက်တာ"ကျီအန်းထိုင် မေးလိုက်ပြီး "သူက နင့်ကို ကိုယ်တွေ့လက်တွေ့ သင်ပေးသင့်တာ မဟုတ်လား...."

လင်းရီ : ??

အကြံကောင်းပဲ....

"သူက ပရော်ဖက်ရှင်နယ် အရမ်းဆန်တဲ့ ယောဂဆရာလေ..နှုတ်နဲ့ပဲ ညွှန်ကြားပေးတာ ပြီးတော့ သူ့လိုအဆင့်‌ ရောက်သွားပြီဆိုရင် ကိုယ်တိုင်ကိုယ်ကျ သင်ပေးလေ့ မရှိဘူး "

ကျီချင်းရန် နဖူးပေါ်ရှိ ချွေးများ သုတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

"ငါ့ကို လိမ်မနေစမ်းနဲ့ ..မင်းတို့က ငါ့ကို တိုက်ရိုက်ထုတ်လွင့်တာတွေ မကြည့်တတ်တဲ့ အဘိုးကြီးလို့များ ထင်နေတာလား"

လင်းရီ : ??

‌ေ-သစမ်း...ဒီဘိုးတော်က အဲ့လိုဟာတွေ ကြည့်တယ်ပေါ့...

သူ့မိန်းမကော သိရဲ့လား ....

"အဖေ သမီးပြောတာ နားထောင်ဦး......"

"ဘာမှ ပြောစရာ မလိုဘူး..နင်ဘေးဖယ်နေစမ်း..ငါ အဲ့ကောင်နဲ့ စကားပြောလိုက်ဦးမယ်...."ကျီအန်းထိုင် လင်းရီကို ညွှန်ပြရင်း ပြောလိုက်သည်။

"အန်ကယ်ကျီက ဘာများပြောချင်လို့လဲခင်ဗျ....."

ကျီအန်းထိုင်၏ အမူအရာမှာ လင်းရီ ရှေ့တွင်တော့ အများကြီး နူးညံ့သွားသည်။

ဤသူငယ်မှာ သူ၏ အနာဂတ် သမက်လောင်း ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူ သဘောထား ကြီးပြရမည်။

"လူငယ်လေး...နာမည် ဘယ်လိုခေါ်လဲ...."

"လင်းရီ"

"ကလေး မင်းဘာအလုပ် လုပ်လဲ..."

ကြည့်ရတာ ကျီအန်းထိုင် ချက်ချင်း ဒီအချက်ကို တန်းသွားတော့မည့်ဟန်တူသည်။

"DiDi"လင်းရီ ရိုးသားစွာ ပြန်ဖြေလိုက်၏။

"မင်းဘာ ပြောလ်ိုက်တယ်..DiDi..."ကျီအန်းထိုင်၏ မျက်လုံးများ မယုံနိုင်စွာဖြင့် ပြူးကျယ်သွားသည်။

"ကျုပ်က တကယ့်ကို DiDiဒရိုင်ဘာ ပါဗျ..."

လင်းရီ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲကွာ...ဘယ်သူကမှ အမှန်အတိုင်း ပြောတာကို မယုံကြည်ကြတော့ဘူးလား....

"နောက်ပြောင်နေတာတွေ တော်လိုက်တော့ ဘယ်လိုလုပ် DiDi ဒရိုင်ဘာက ငါ့သမီးကို ပိုးပန်းနိုင်မှာတဲ့လဲ..."ကျီအန်းထိုင် ပြောလိုက်ပြီး "ပြီးတော့ မင်းက ပြိုင်ကားလည်း မောင်းနေသေးတယ်...."

"ဦးလေး ပြောတာအမှန်ပဲ...တံခါးနားက ပြိုင်ကားကတော့ ကျွန်တော့ဟာ...."

"ဒီတော့ မင်းက တကယ်ကြီး ပြိုင်ကား‌မောင်းနေတာပေါ့..."ကျီအန်းထိုင် အံ့အားသင့်သွားသည်။

သူအထဲ၀င်လာသောအခါ တံခါး၀နားတွင် ပြိုင်ကားတစ်စင်း တွေခဲ့သည်။ သူက ထိုကားမှာ သူ့သမီး၏ ကားအသစ် ဖြစ်ရမည်ဟု ထင်နေသော်လည်း လက်တွေ့တွင်မူ သူ့သမီး ရည်းစား၏ ကား ဖြစ်နေခဲ့၏။

"ကျွန်တော့်ကားက နည်းနည်းလေး ပိုကောင်းပေမယ့် တကယ်ကြီး DiDi မောင်းတာလေ...."

"ဟုတ်တာပေါ့"ကျီအန်းထိုင် ရယ်လိုက်သည်။

"ပြိုင်ကား စီးနိုင်တာတောင်မှ DiDiမောင်းနေတယ်ဆိုတော့ လူငယ်လေး မင်းက တကယ့်ကို သာမန် မဖြစ်ချင်တဲ့ သူဌေးသားလေးပဲ...လူလေး မင်းက အဲ့ဒီ စား‌ဖို့ သောက်ဖို့ ပျော်ဖို့ ပါးဖို့ လောက်ပဲ သိတဲ့ သူဌေးသားတွေထက်တော့ အပုံကြီးသာတယ်...ငါ့သမီးကို မင်းဆီ အပ်လိုက်ရမှာ စိတ်ချသွားပြီကွာ.... "

လင်းရီ ဆွံ့အသွားသည်။

ခင်များသမီး Sပုံစံ ထိုင်ထလုပ်တာနဲ့ပဲ ဘယ်လိုလုပ်ပြီး ကျုပ်က ခင်များ သမက် ဖြစ်သွားရတာတုန်း....

ဒါကြီးက အတင်းထိုးပေးနေတာ မဟုတ်လား....

ကျီချင်းရန် မျက်နှာရဲသွားပြီး ထိုင်ချလိုက်တော့သည်။

ယခုတော့ ကိစ္စများက ရှင်းပြရန် ပိုမိုခက်ခဲလာပြီ ဖြစ်၏။

"ရီလေး..ငါ့အဖေရဲ့ အသက် ၈၀ပြည့် မွေးနေ့က သိပ်မကြာခင်ရောက်တော့မှာ...မင်းတို့နှစ်ယောက်ကလည်း အတူနေနေပြီဆိုတော့ ဖုံးကွယ်ထားစရာ မလိုတော့ဘူး....မင်းတို့ နှစ်ယောက် အတူသွားပြီး ကျန်တဲ့ မိသားစု၀င်တွေကိုလည်း အသိပေးလိုက်ကြဦး...."

"အဲ့တာက သိပ်ပြီး မသင့်လျော်သလိုပဲနော်...."လင်းရီချက်ချင်း ငြင်းဆန်လိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်တွင် တမူထူးခြားသော ဆက်ဆံရေးများ ရှိမနေချေ။

"ဘာမှ မသင့်လျော်စရာ မရှိဘူး..မင်းတို့ နှစ်ယောက်က အတူနေပြီးနေပြီ ဆိုမှတော့ ဒီလို ပွဲမျိုးကို

ပါ၀င်ဆင်နွဲဖို့ အခွင့်အရေး အပြည့်ရှိတယ်...."

ကျီအန်းထိုင် ပြောလိုက်သည်။

"ကောင်းပြီ..ငါဘာမှ ဆက်ပြောစရာ မကျန်တော့ဘူး...မင်းတို့ ကိစ္စကို ဆက်လုပ်လိုက်ကြဦး...ငါ့ကြောင့် မင်းတို့ မုဒ်၀င်နေတာလေး မပျက်သွားစေနဲ့... "ကျီအန်းထိုင် ထထွက်သွားပြီး သူ့သမီးကတော့ မျက်နှာကြီး ရဲလျက် ကျန်နေခဲ့၏။

"လင်းရီ...နင်ငါ့အဖေရဲ့ ပေါက်တတ်ကရတွေကို နားထောင်စရာ မလိုဘူးနော်...."ကျီချင်းရန် တည်ငြိမ်နေသည့် စတိုင်ဖမ်း၍ ပြောလိုက်သည်။

လင်းရီ ခေါင်းငြိမ့်လိုက်ပြီး သူ့ဖုန်းမှ နာရီကို ကြည့်ကာ..."ဥက္ကဌကျီ...ကျုပ်မှာ တခြား လုပ်စရာလေးတွေ ရှိသေးလို့ အရင် သွားတော့မယ်..."

"သွားတော့မှာလား....နောက်ထပ် ထိုင်ထ ရှစ်ခါတောင် ကျန်နေသေးတယ်လေ...."

၎င်းကိုပြောပြီးနောက် ကျီချင်းရန် တစ်ခုခု မှားနေကြောင်း သတိထားမိသွားသည်။ သူမ ဒီရှက်စရာကောင်းလှတဲ့ တာ၀န်ကို အဆုံးမသတ်ရရင် ပိုမကောင်းပေဘူးလော.....

"သတိပေးတဲ့ အတွက် ကျေးဇူးပဲ..."လင်းရီ ပြောလိုက်သည်။

"နင်ငါ့ဆီ ရှစ်ခေါက် အကြွေးတင်နေ‌တယ်နော်...."

"ဒါပေါ့..."သူမ ပြောပြီးမှတော့ သူမ၏ စကားလုံးများကို ပြန်လည် ရုတ်သိမ်းရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သူမ ရွေးချယ်စရာ မရှိဘဲ အံကြိတ်၍ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့၏။

လင်းရီ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် သူမ ဗီလာသို့ ပြန်ပြီး သူမ၏ အတွင်းရေးမှူးကို ခေါ်လိုက်သည်။

"အတွင်းရေးမှူး ကော် (Guo) အရောင်းဌာနမှာ လင်းရီ လို့ခေါ်တဲ့ တစ်ယောက်ရှိတယ် ...သူ့ရဲ့ အချက်အလက်တွေ အားလုံးကို ကျွန်မလိုချင်တယ်.... "

သူမကို ညွှန်ကြားပြီးနောက် ကျီချင်းရန် ဖုန်းချလိုက်သည်။

သူမ လင်းရီ၏ အလုပ်ထုတ်ခံရမှုကို စုံစမ်းချင်နေသည်။

ကျီချင်းရန် ၏ ဗီလာမှ ထွက်လာပြီးနောက် လင်းရီ

ရိဖင်ကျွီ သို့ မောင်းလာခဲ့သည်။ ကျီအန်းထိုင်၏ ရောက်ရှိလာမှုကြောင့် မိနစ်အနည်းငယ်ခန့် နောက်ကျသွားသည်မှာ ပြဿနာ သိပ်မရှိပေ။

"ကျုပ်တကယ့်ကို တောင်းပန်ပါတယ်...လမ်းမှာကားကြပ်နေလို့ နည်းနည်းနောက်ကျသွားတယ်..."

သူ ကိုယ်ပိုင်အခန်းထဲသို့ ရောက်ရှိသွားသော အခါ သူမှလွဲ၍ အရောင်းဌာနမှ လူတိုင်း ရောက်နှင့်နေပြီး ဖြစ်၏။ ထို့ကြောင့် လင်းရီ ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်လိုက်သည်။

"အဆင်ပြေပါတယ်..ငါတို့လည်း ခုလေးတင် ရောက်တာ...."

ပြောလိုက်သူမှာ ၀မ်ရင်းပင်။ သူမကတော့ လင်းရီကို တစ်ချိန်လုံး ဂရုစိုက်ပေးခဲ့၏။

၀မ်ရင်းမှာ အသက် ၃၀ ခန့်ရှိပြီး ဆံပင် လှိုင်း အတွန့်အတွန့်လေးများကို ပခုံးများပေါ်တွင် တွဲလျောင်း ချထား၏။ ယနေ့ညတွင်တော့ အစိမ်းရောင် ပန်းပွင့်များနှင့် စီခြယ်ထားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး ချစ်စရာကောင်းသည့်ပုံ ပေါက်နေသည်။

"လာခဲ့လေ ရီ...ငါနင့်အတွက် ထိုင်ခုံ ကြိုဦးပေးထားတယ်...."

၀မ်ရင် သူမဘေးနားရှိ ထိုင်ခုံပေါ်တွင် တင်ထားသော အင်္ကျီကို ဖယ်ရှားလိုက်ပြီး လင်းရီကို လာထိုင်ရန် လက်ဟန်အမူအရာဖြင့် ခေါ်လိုက်သည်။

All Chapters