← Chapters

အောက်ထပ်က ပန်ဂနီက ဘယ်သူ့ဟာလဲ

Vol. 1 Ch. 10

အောက်ထပ်က ပန်ဂနီက ဘယ်သူ့ဟာလဲ

Vol. 1 Ch. 10

"ကျေးဇူးပါ အစ်မရင်း "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဘာလို့ ကျေးဇူးတင်နေရတာလဲ...."၀မ်ရင်း ပြုံး၍ ပြောလိုက်ပြီး "နင်က အခု အလုပ်ထုတ်ခံလိုက်ရပြီဆိုတော့ နင့်ကို နောက်ဆို တွေ့ခွင့်ရဖို့ ခက်ခဲသွားပြီ...."

"အဆင်ပြေပါတယ်...အစ်မမှာ ကျွန်တော့် ဖုန်းနံပါတ်ရှိတယ်မလား တစ်ခုခုလိုရင် ကျွန်တော့်ကိုသာ လှမ်းခေါ်လိုက် ကျွန်တော် ရောက်အောင် လာခဲ့မယ်..."

သူ ရောက်ရှိလာသည့်နှင့် တစ်ပြိင်နက် လင်းရီမှာအခန်းထဲရှိ ဆွေးနွေးနေသည့် အကြောင်းအရင်းတို့၏ အဓိက ဇာတ်ကောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း သူ့ဘေးနားရှိ လုပ်ဖော်ကိုင်ဖက် အများစုမှာ အမျိုးသမီးများ ဖြစ်ကြ၏။

ကျန်ရှိသော အမျိုးသား လုပ်ဖော်ကိုင်ဖက်များကတော့ အခြားတစ်ဖက်တွင် ထိုင်နေပြီး လင်းရီကို ဟန်ဆောင်အပြုံး လေးများဖြင့် ကြည့်နေကြသည်။

"လင်းရီ..နင်က အရမ်းကံမကောင်းတာပဲ နင့်ရဲ့ အရောင်းစကေးနဲ့သာဆိုရင် အရောင်း ဒါရိုက်တာ ရာထူးက နင့်ဟာ ဖြစ်နေလောက်ပြီ...."၀မ်ရင်း နောင်တရစွာ ပြောဆိုလိုက်သည်။

သူမက လင်းရီနှင့် ကောင်းမွန်သော ပတ်သက်မှုများရှိသောကြောင့် လင်းရီသာ အရောင်း ဒါရိုက်တာ ဖြစ်လာပါက အနာဂတ်တွင် သူမအား စောင့်ရှောက်ပေးနိုင်သည်။ကံမကောင်းစွာဖြင့် ယခုတော့ သူ့ကို မှီခိုဖို့ နေနေသာသာ အနာဂတ်‌တွင် တွေ့ဖို့တောင် ခက်ခဲပေတော့မည်။

"အစ်မ ၀မ်..ခင်များပြောတာမှားနေပြီ လင်းရီရဲ့ အရည်အချင်းက ကောင်းပေမယ့် အစ်ကို တုန်ရဲ့

စ‌ကေးကလည်း မဆိုးပါဘူး ..အရောင်းဒါရိုက်တာ ရာထူးက လင်းရီဟာလို့ ဘာလို့ တထစ်ချ ယုံကြည်နေရတာလဲ..."

ပြောလိုက်သူမှာ လင်းရီ၏ လုပ်ဖော်ကိုင်ဖက် ဟွမ်ယို့ဝေ့ ဆိုသူဖြစ်၏။

၎င်းညွှန်းဆိုသော အစ်ကိုကြီး တုန် ဆိုသူမှာ လင်းရီ ကုမ္ပဏီသို့ မ၀င်ခင် အမြဲတမ်း အရောင်းဌာန၏ ချန်ပီယံ ဖြစ်နေသူပင်။ သို့သော်လည်း လင်းရီ ၀င်ရောက်ပြီးနောက် အရောင်းချန်ပီယံ‌ဆိုသော ရာထူးမှာ လက်လွှဲပြောင်းသွားခဲ့သည်။

သူစိတ်တိုသော်လည်း လင်းရီနှင့်ပတ်သက်၍ ဘာမျှ မလုပ်နိုင်ချေ။

ထို့ပြင် ယခု တစ်ခေါက် လင်းရီ အလုပ်ထုတ်ခံရခြင်းမှာလည်း သူ၏ စနက် မကင်းပေ။

"အရောင်းဒါရိုက်တာ ရာထူးဆိုတာ အရည်အချင်းရှိတဲ့သူတိုင်းက ရနိုင်တာပဲလေ ပြီးတော့ လင်းရီရဲ့ စကေးက သူ့ထက် အများကြီး သာတယ် ဒီတော့ အရောင်းဒါရိုက်တာ ရာထူးက အလိုအလျောက် လင်းရီဟာ မဟုတ်တော့ ဘယ်သူဟာများ ဖြစ်နိုင်ဦးမှာလဲ...."

၀မ်ရင် မပျော်ရွှင်စွာ ပြောလိုက်သည်။

အရောင်း ဌာနတွင် လူများစွာ မရှိသော်လည်း ယေဘုယျအားဖြင့် အုပ်စုနှစ်စု ကွဲနေ၏။

အမျိုးသား များမှာ လီကျန်းတုန် ဘက်တွင်ရှိနေပြီး လင်းရီနှင့် အခြား အမျိုးသမီး များက တခြားအုပ်စုတွင် ရှိနေသည်။ စည်းလုံးမှုဆိုသည်မှာ အပေါ်ယံမျှသာ ဖြစ်၏။

"အဲ့တော့ ကော ဘာများ အသုံး၀င်သေးလို့လဲ...ခု သူ အလုပ်ထုတ်ခံလိုက်ရပြီ မဟုတ်လား..."ယို့ဝေ့ ပြောလိုက်သည်။

"ပြီးတော့ မကြာခင် ရာထူးတိုးစာ ထွက်လာတော့မယ်လို့ ကြားတယ် အစ်ကိုကြီးတုန်ကတော့ သိပ်မကြာခင် အရောင်းဒါရိုက်တာ ဖြစ်တော့မယ်ဆိုတာသေချာတယ် ကျွန်တော်တို့ သူ့အတွက် တို့စ်(ချီးယား) လုပ်ပေးသင့်တယ်လို့ တော့ ထင်တယ်...."

"ဟားဟား...အဲ့လောက်ကြီးလဲ မဟုတ်ပါဘူး..."ကျန်းတုန် မှိုရနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကျုပ်က မကြာခင် အရောင်း ဒါရိုက်တာ ဖြစ်တော့မှာ ဆိုပေမယ့် ဒီညရဲ့ အဓိက ဇာတ်ကောင်ကတော့ လင်းရီလေ...ကျုပ်က သူ့ဆီကနေ ဘယ်လိုလုပ် ခိုးယူနိုင်မှာလဲ .. "

"အဆင်ပြေပါတယ်...ကျုပ်တို့ လင်းရီအတွက်နောက်မှပဲ တို့စ် လုပ်ကြတာပေါ့...."ဟွမ်ယို့ဝေ့ အပြုံးလေဖြင့် ပြောလိုက်သည်။

"ဒါဆိုလည်း ကျုပ် ခင်များ ကမ်းလှမ်းနေတာကို ငြင်းမနေတော့ဘူး"

ထိုသို့ပြောပြီးနောက် ကျန်းတုန်နှင့် ကျန်သူများ ခွက်ကိုယ်စီမြောက်၍ ဝိုင်ကို တစ်ဂွတ်တည်း မော့ချလိုက်ကြသည်။

အမျိုးသမီး လုပ်ဖော်ကိုင်ဘက်များကတော့ တစ်ချက်ပင် မလှုပ်ချေ။

"မင်းက ငါ့ကို လာနှုတ်ဆက်တယ်လို့ မခံစားမိတဲ့ အပြင် နည်းနည်းလေး ရှိုးပြ‌နေတယ်လို့တောင် ဘာလို့ ခံစားနေရတာလဲ...."လင်းရီ ပြောလိုက်၏။

"အဲ့လိုမပြောပါနဲ့...ငါက ဝိုင်လေးပဲ သောက်တာပါ...မင်းက ခုထိ ဒီညရဲ့ အဓိက ဇာတ်ဆောင် ဖြစ်နေတုန်းပဲလေ..."ကျန်းတုန် လင်းရီကို ကြည့်ရင်း ဝိုင်ခွက်ကို အောက်သို့ ချလိုက်သည်။

"မင်းကော...အလုပ်ထုတ်ခံလိုက်ရပြီဆိုတော့ နောက်ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိသေးလဲ...ကျုံးဟိုင်က မြို့ကြီးဆိုတော့ မင်းလည်း ဒီ‌လိုမြို့ကြီးမှာ နေရထိုင်ရတာ လွယ်ကူမှာ မဟုတ်ဘူး...."

"အစ်ကိုကြီးတုန် ပြောတာမှန်တယ်...မြို့ကြီးပြကြီးဆိုတာက အရမ်းအန္တရာယ်ကြီးလွန်းတယ်...မင်း ကျေးလက်ဒေသဘက် သွား‌ပြီးနေသင့်တယ်..."ယို့ဝေ့လည်း ရောယောင်၍ ဘောမလိုက်သည်။

"ဘာကျေးလက်ဒေသဘက်လဲ...လင်းရီက မိဘမဲ့ဆိုတာ မင်းမသိဘူးလားကွ..သူ့မှာ အိမ်တောင် မရှိရှာဘူး ဘယ်မှတောင် သွားစရာ နေရာမရှိဘူးလေကွာ..."ကျန်းတုန် လင်းရီကိုကြည့်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။

"လင်းရီ..တကယ်လို့ မင်းကျုံးဟိုင်မှာ နေချင်တယ်ဆိုရင် ငါ့မှာနည်းလမ်းတစ်ခုရှိတယ်...ငါက သက်ဆိုင်ရာနယ်ပယ်က မန်နေဂျာတွေနဲ့ ရင်းနှီးတယ်လေကွာ..ဒီတော့ မင်းအတွက် လုံခြုံရေး အလုပ်တစ်ခုလောက်တော့ ဖန်ပေးလို့ ရပါတယ်ကွ...ဘယ်လိုလဲ စိတ်၀င်စားလား...."

"ဟားဟား......."

သူ၏ အပေါင်းအဖော်များက ကျန်းတုန်၏

ဟာသကို ရယ်လိုက်ကြသည်။

'သူကိုယ်တိုင်ပဲ ဒီလိုဖြစ်‌အောင် လုပ်တာပဲလေ....

ကုမ္ပဏီရောက်တာ နှစ်၀က်လောက်ပဲရှိသေးတာတောင် အစ်ကို တုန်နဲ့ ‌အရောင်းဒါရိုက်တာ နေရာကို ယှဉ်ချင်သေးတယ်ပေါ့...ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်လိုက်ပါဦးကွာ'

"မင်း ငါ့အလုပ်နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ပူစရာ မလိုဘူး...."လင်းရီ ပြုံး၍ ပြောလိုက်၏။

"အိုး..ဟုတ်သားပဲ ရီ ..ငါလည်း နင့်ကို မေးချင်နေတာ.."၀မ်ရင်း ပြောလိုက်ပြီး

"အခုနင်က ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရပြီဆိုတော့ အနာဂတ်မှာ ဘာ‌တွေလုပ်ဖို့ အစီအစဉ်ဆွဲထားလဲ"

"ကျုပ် DiDi မောင်းလို့ရတယ်လေ...အဲ့တာနဲ့လည်း မိသားစုကို ရှာကျွေးနိုင်ပါသေးတယ်ဗျ...."

"DiDi မောင်းမယ်..."၀မ်ရင်း နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်တို့က ၎င်းကို ယုံကြည်မည့်ပုံ ‌မပေါ်ချေ။

"အဲ့တာကြီးက နင့်အတွက် ရုတ်တရက်ဖြစ်သွားတော့ တော်တော်ခက်ခဲမှာပဲနော်"

"ကျုပ်လည်း ဘယ်တတ်နိုင်ပါ့မလဲဗျာ...အသက်ရှင်ဖို့အတွက် ရုန်းကန်ရဦးမှာပဲလေ...."

"လင်းရီ မင်းကတော့ တကယ့်ကောင်ပဲကွ...မင်းရဲ့ စုတ်ပြတ်သတ်နေတဲ့ ရှာရီနဲ့ DiDiမောင်းဖို့ မှတ်ပုံတင်ရဲတယ်ပေါ့....."

"ခရီးသည်တွေသာ မင်းရဲ့ ရှာရီ အစုတ်ကို မြင်ရင် မကောင်းတဲ့ မှတ်ချက်တွေ ပေးမယ်ဆိုတာ ငါလောင်းရဲတယ်...အဲ့လိုဆိုရင်တော့ မင်းရဲ့ မိသားစုကို ထောက်ပံ့ဖို့ တော်တော်လေး ခက်ခဲတော့မှာပဲ...."

"ဘာမှ မဖြစ်ဘူး ရီလေး...ငါတို့ နင့်ကို ထောက်ပံ့ဖို့ နောက်ဆို နင့်ဆီပဲ အော်ဒါမှာ‌ ပေးမယ်...."၀မ်ရင်း ဒေါသစွက်နေသော လေသံဖြင့် ပြောလိုက်သည်။

ဒေါက် ဒေါက် ဒေါက်....

သူတို့ စကားပြောနေစဉ် ကိုယ်ပိုင်ခန်းသို့ တံခါးခေါက်သံ အကျယ်ကြီး ထွက်ပေါ်လာ၏။

ထို့နောက် အခန်းမန်နေဂျာ လမ်းလျှောက်၍ ၀င်လာပြီး "ဟဲလို...ကျွန်တော်က အောက်ထပ်က ပန်ဂနီဇွန်ဒါ က ဘယ်သူ့ဟာလဲဆိုတာ မေးချင်လို့ပါခင်ဗျ...."

"ဘာပြောလိုက်တယ်...ပန်ဂနီဇွန်ဒါ...."

အခန်းထဲရှိ လူတိုင်း ကြက် ‌ေ-သ‌ေ-သသွားကြပြီး ထိုကားမှာ စူပါကားပင်။ တရုတ်တစ်နိုင်ငံလုံးတွင်တောင်မှ အစီးရေ အနည်းငယ်ခန့်သာရှိသည်။

ထိုအကြောင်းကို တွေးနေစဉ် အမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ချို့ ပြတင်းပေါက်မှ ခေါင်းထွက်၍ ကြည့်လိုက်ကြသည်။

"ဟွာရှရဲ့ အဖွံ့ဖြိုးဆုံး နေရာကတော့ မျှော်လင့်ထားတဲ့ အတိုင်းပဲ ကျုံးဟိုင်မှာတောင် လူချမ်းသာတွေ ပေါလှပါလားဟ...."ဟွမ်ယို့ဝေ့ သက်ပြင်းချလိုက်၏။

"ဒီကားက ကြည့်ရတာ သန်း ၂၀ ကျော်လောက် တန်ကြေးရှိမယ်...သောက်ရမ်း ချမ်းသာတဲ့ ကောင်တွေပဲ ဒီလိုကားမျိုး စီးနိုင်မှာကွ...."

"ကောင်းပြီ ကြည့်နေတာတွေ တော်လိုက်ကြ‌တော့ မင်းတို့ ဘယ်လောက်ကြည့်ကြည့် အဲ့လိုကားမျိုးက မင်းတို့ ကောင်တွေတတ်နိုင်တဲ့ အရာမဟုတ်ဘူး...."

ကျန်းတုန် ပြောလိုက်ရင်း အခန်း မန်နေဂျာကို ကြည့်ကာ...."ကျုပ်တို့က သာမန် ရုံး၀န်ထမ်းတွေကြီးပဲ..ဆိုတော့ သေချာပေါက် ဒီလိုကားမျိုး ကျုပ်တို့ မစီးနိုင်ဘူး..ခင်များ တစ်ခြားအခန်းသာ သွားပြီး မေးကြည့်လိုက်တော့"

"ဟုတ်ကဲ့ပါ..ဧည့်သည်တော်တို့ သုံးဆောင်နေတာကို နှောက်ယှက်မိတဲ့အတွက် စိတ်မရှိပါနဲ့ ခင်ဗျ..."

အခန်း မန်နေဂျာ ထွက်ခွာတော့မည့် အချိန်တွင် လင်းရီ၏ အသံ ထွက်ပေါ်လာသည်။

"ပန်ဂနီက ဘာဖြစ်နေလို့လဲ...."

"အဲ့ဒီကားကြောင့် တစ်ခြားကားတွေက သွားမရဘူးဖြစ်နေလို့ အဲ့တာ...ကားပိုင်ရှင်ကို ပြောပြီး ရွေ့ခိုင်းချင်လို့ပါ...."

"လင်းရီ...မင်းဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ သူတို့ပြောနေတာ ပန်ဂနီနော်...မင်းရဲ့ စုတ်ပြတ်သပ် နေတဲ့ ရှာရီကို မဟုတ်ဘူး...."ဟွမ်ယို့ဝေ့ ပြုံးလိုက်မိသည်။

"ပန်ဂနီက ငါ့ဟာလေ..ဒီတော့ ငါမေးချင်သလောက် မေးမှာပေါ့ကွ...."

ထိုစကားကို ကြားသောအခါ လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။

"ဘာ..မင်းဘာပြောလိုက်တယ်...ပန်ဂနီက မင်းဟာ..."

"ဘာလို့လဲ....ယုံချင်စရာ မကောင်းလို့လား...."

လင်းရီ ကားသော့ကို ဟွမ်ယို့ဝေ့နှင့် အခြားသူများ ရှေ့တွင် ထုတ်ပြီး ခါရမ်းပြလိုက်သည်။

ဒီတော့ တကယ်ကြီး သူ့ကားပေါ့....

လင်းရီ ၏အသက်မှာ အရမ်းကို ငယ်ရွယ်နေသော်လည်း မန်နေဂျာကတော့ မတုန်မလှုပ်ပင်။

အဘယ်ကြောင့်ဆိုသော် ဤမျှ ငယ်ရွယ်သော အသက်အရွယ်တွင် ပြိုင်ကားစီးနိုင်သူများမှာ ချမ်းသာသော ဒုတိယမျိုးဆက်များ ဖြစ်သောကြောင့်ပင်။

သို့သော်လည်း အရမ်းချမ်းသာ နေပြီး ဖြစ်သော်လည်း သူ၏ ဆင်းရဲသော သူငယ်ချင်းများနှင့် အတူစားနေသည်ကတော့ အထင်ကြီးဖွယ် ကောင်းလှ၏။

"လင်း..လင်းရီ မင်းရဲ့ကားက ရှာရီ မဟုတ်လား..ဘယ်အချိန်တုန်းက ပန်ဂနီ ဖြစ်သွားတာလဲ...."

"ဘယ်သူက မင်းမှာ ကားတစ်စီးပဲရှိရမယ်..နောက်တစ်စီး ၀ယ်လို့ မရဘူးလို့ ပြောလဲ...."

လူတိုင်း အနည်းငယ် မျက်စိလည်သွားသည်။ ထိုကားမှာ ၂၀ မီလီယမ်ကျော် တန်ကြေးရှိသော ပြိုင်ကားပင်။ တစ်ခုကို ၂ ယွမ်မျှသာ ကျသင့်သော ဂေါ်ဖီထုပ်မဟုတ်။

"လင်းရီ စောနက မင်းပြောတော့ DiDi ဒရိုင်ဘာ လုပ်ချင်တယ်ပေါ့...အခု မင်းက ဒီလောက် ချမ်းသာနေတာတောင်မှ ဘာလို့ DiDiမောင်းချင်နေသေးတာလဲ..."

ကျန်းတုန် မေးလိုက်သည်။

"မင်းမှာ တခြား မေးစရာတွေ မရှိတော့ဘူးလား...ငါက ဘ၀အတွေအကြုံ ခံစားချင်လို့ကော မရဘူးလား...."

All Chapters