← Chapters

အပိုင်း(၄၇၇)

Vol. 32 Ch. 477

အပိုင်း(၄၇၇)

Vol. 32 Ch. 477

“တို့ရဲ့ နူးညံ့တဲ့ အသားအရေကို ဖြတ်တောက်ဖို့အတွက် ဒီလိုမျိုးချွန်မြတဲ့ဓားကို ဘယ်လိုသုံးရက်ရတာလဲ.. မောင်လေး.. ဘယ်လိုဖြစ်ပြီးတော့မင်းဒီလိုလုပ်ရက်ရတာလဲ”

အမျိုးသမီးက မကျေမနပ်ဖြင့်ပြောသည်။ ထို့နောက်   အမျိုးသမီးက လပြည့်ဓားအားကြည့်လိုက်ပြီး သူမ၏ နူးညံသောလက်ချောင်းဖြင့်တောက်လိုက်၏။

“ဘန်း”

ကျယ်လောင်သောအသံနှင့်အတူ  လပြည့်ဓားမှာ အမျိုးသမီးလက်ချောင်း၏ အဝေးသို့ တောက်ထုတ်ခြင်းအားခံလိုက်ရသည်။

ရှစ်ဖုန့် တုန်လှုပ်အံ့အားသင့်သွားသည်။  သူက ကြယ်လေးပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး  သူ၏ လပြည့်ဓားနှင့်ဆိုပါက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားမျိုးအထိ နီးကပ်လှသည်ဖြစ်သည်။ သို့သော် ၎င်းမှာ အမျိုးသမီး၏ လက်ချောင်းဖြင့် တောက်ထုတ်ခြင်အားခံလိုက်ရသည်။ဤအမျိုးသမီးက မည်သူနည်း။သူမ၌ မည်ကဲ့သို့စွမ်းအားမျိုးရှိနေသနည်း။  ဘာလို့သူက၎င်းအားဖြတ်သန်း

မမြင်နိုင်ရပါသနည်း။

အစမှ ယခုချိန်ထိတိုင်အောင်  ရှစ်ဖုန့်က ဤအမျိုးသမီးအား သိုင်းပညရပ်များအားလုံးဝလေ့ကျင့်ထားခြင်းမ ရှိသော သာမန်အမျိုးသမီးတစ်ယောက်အဖြစ်  မှတ်ယူခဲ့သည်။ထို့ကြောင့်အစပိုင်း၌  သူမက ရှစ်ကျင်းရွှိုက်သူနှင့်အတူအိပ်စက်ရန်စီစဉ်ပေးထားသော လှပသည့် အကူမိန်းကလေးဟု ရှစ်ဖုန့်ထင်ခဲ့မိခြင်းဖြစ်သည်။

ယခု ဤအမျိုးသမီး မည်သည့်နေရာမှလာသည်ဆိုသည်အားသူမသိချေ။ ဤကဲ့သို့ အမျိုးသမီးတစ်ယောက်က  ဤကုန်သည်သင်္ဘောပေါ်၌ မည်ကဲ့သို့ ရှိနေပါသနည်း။

ရှစ်ကျင်းရွှိုက်ကသူ့အား လုပ်ကြံရန်အတွက်ပို့ခဲ့ခြင်းဖြစ်မည်လော။ သို့သော် သူ့အား သတ်ရန်အတွက်မည်သည့်အ

ကြောင်းပြချက်မှတော့ရှိနေပုံမရပေ။

ရှစ်ဖုန့်က  သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး   လပြည့်ဓားအားသူ၏လက်အတွင်း

ဖမ်းလိုက်သည်။ ပွင့်ချပ်များဖြင့်ရစ်ထွေးထားသော အမျိုးသမီးအား လေးနက်စွာကြည့်လိုက်၏။

“ဟားဟားဟား..မောင်လေး.. မင်းကြည့်ရတာတို့ကိုကြောက်နေပုံပဲ..

တို့ကအရမ်းလှတာနော်..ဘယ်လိုဖြစ်ပြီးမင်းအရမ်းကြောက်နေရတာလဲကွယ်”

အမျိုးသမီးက ဆက်လက် ပြည်တည်တည်ပျံ့နှံ့နှံ့ပြုမူပြီး ရှစ်ဖုန့်အားပြောလိုက်သည်။

ဤအချိန်တွင်  ရှစ်ဖုန့်အခန်းအတွင်းမှ တိုက်ခိုက်သံတို့က သင်္ဘောပေါ်ရှိ  အခြားသူများအား စွဲဆောင်သွား၏။  တံခါးအပြင်ဘက်မှ ခြေသံများအားကြားလာရသည်။

“ဘန်း”

ရှစ်ဖုန့်၏ အခန်းတံခါးမှာ ကန်ဖွင့်ခြင်းခံလိုက်ရသည်။

တံခါး၌ ရပ်နေသောသူမှာ ဤသင်္ဘော၏ အရှင်သခင်ဖြစ်သူ  ရှစ်ကျင်းရွှိုက်ပင်ဖြစ်သည်။

တံခါးအပြင်ဘက်တွင် သင်္ဘောပေါ်မှ အစောင့်များရှိနေ၏။   ရှစ်ဖုန့်၏ အခန်းအတွင်းမှ ပွင့်ချပ်များရစ်ထွေးနေသည့် လှပသာ အမျိုးသမီးအား မြင်တွေ့လိုက်ရသောအခါတွင်   ရှစ်ကျင်းရွှိုက်၏ မျက်နှာထက်၌ အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်သွားသည်။  ရှစ်ကျင်းရွှိုက်သည်သာမကဘဲ  သူ့နောက်တွင်ရှိသော  အစောင့်များကပါ  အခန်းအတွင်းမှမြင်ကွင်းအား

မြင်တွေ့လိုက်ရသောအခါတွင်  အံ့အားသင့်သွားကြသည်။  ဘယ်အချိန်ကများ ဤသင်္ဘောပေါ်၌ လှပသောအမျိုးသမီးတစ်ယောက်

ပေါ်လာရပါသနည်း။

“မင်းကဘယ်သူလဲ…

ဘာလို့သင်္ဘောပေါ်မှာရှိနေရတာလဲ..”

အခြားသူများက ယင်းအားသတိမပြုမိသော်လည်းရှစ်ကျင်းရွှိုက်ကတော့ သတိပြုမိသည်ဖြစ်သည်။   ဤအမျိုးသမီးက ရှစ်ဖုန့်နှင့်ထိပ်တိုက်ရင်ဆိုင်နေသော်လည်း  သူအနေဖြင့် သူမ၏ကျင့်ကြံမှုအား မြင်နိုင်ခြင်းမရှိပေ။ဤအမျိုးသမီးမှာ သေချာပေါက်မရိုးရှင်းလှပေ။

ဤကဲ့သို့အမျိုးသမီးတစ်ယောက်က ရှစ်ဖုန့်၏ အခန်းအတွင်း၌  မည်သူတစ်ဦးတစ်ယောက်မှ သတိပြုမိခြင်းမရှိဘဲ ပေါ်လာခဲ့သည်။ရှစ်ကျင်းရွှိုက်၌ ရွေးချယ်စရာမရှိသော်လည်းသူမအား လေးနက်စွာပင်ဆက်ဆံလိုက်သည်။

“ဘာလို့ဒီနေရာမှာ ယောက်ျားတွေ အရမ်းများနေရတာလဲ..တို့ အရမ်းရှက်တာပဲ…”

ပွင့်နေသော တံခါးနှင့်ပေါ်လာသော လူအုပ်အားကြည့်ရင်း အမျိုးသမီးက  ရှက်ရွံ့စွာပြောလိုက်သည်။

“တို့အရင်ဆုံးထွက်သွားတော့မယ်.. နောက်ရက်ကြတို့မင်းကို ပြန်ပြီးလာရှာမယ်..တို့ရဲ့မောင်လေး..”

ချိုသာသောအသံဖြင့် အမျိုးသမီးကပြောလိုက်သည်။ ထို့နောက်သူမ၏ ကြော့မော့ပြီး  ညှို့ဓာတ်ပြင်းသော ခန္ဓာကိုယ်မှာ   များပြားလှသော ကခုန်နေသည့်ပွင့်ချပ်များအဖြစ် ပြောင်းလဲသွားသည်။ထို့နောက် လူအုပ် ၏မျက်လုံးရှေ့မှောက်၌ပင်  အမျိုးသမီးမှာတကယ်ကို ပျောက်ကွယ်သွားခဲ့သည်။

ယင်းမှာပန်းပွင့်ချပ်တို့နှင့်အမျိုးသမီးက  လုံးဝပေါ်မလာသကဲ့သို့ပင်ဖြစ်သည်။ အခန်းအတွင်း၌  ပွင့်ချပ်များသာကျန်ရစ်နေခဲ့ပြီးယင်းမှာ အမျိုးသမီးက ရှစ်ဖုန့်၏ အခန်းအတွင်း၌   အမှန်တကယ်ပေါ်လာခဲ့သည်ဟူသော ဆိုလိုရင်းပင်ဖြစ်သည်။

“ညီလေးရှစ်…အဲ့အမျိုးသမီးက ဘယ်သူလဲ”

ကြမ်းပြင်ပေါ်မှ ပန်းပွင့်ချပ်များအားကြည့်၍  ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်ဘေးသို့လာပြီး  မေးလိုက်သည်။

“ဒီသခင်လေးမသိဘူး”

ရှစ်ဖုန့်က သူ၏ခေါင်းအားခါယမ်းလိုက်ပြီး

ပြောလိုက်သည်။

“ဒီသခင်လေးဒီအခန်းထဲကိုဝင်လာတော့   အိပ်ယာပေါ်မှာလှဲနေတဲ့  ဒီအမျိုးသမီးကိုတွေ့ခဲ့တာ .အစတုံးက  ခင်ဗျားက ဒီသခင်လေးနဲ့ အိပ်ဖို့အတွက ရှာပေးထားတယ်ထင်နေတာ”

ရှစ်ဖုန့်က အမှန်အတိုင်းပြောလိုက်သည်။

“ဒီမှာသာ အဲ့လိုမျိုးလှပတဲ မိန်းမတစ်ယောက်ရှိနေခဲ့ရင်   သူ့ကိုငါ့အတွက်ပဲငါချန်ထားမှာပေါ့ဟ..ဘာလို့မင်းကိုငါကသူနဲ့ အိပ်ခွင့်ပြုရမှာလဲ”

ရှစ်ကျင်းရွှိုက်က  စိတ်ထဲမှထက်တွန့်တက်လိုက်သည်။ထို့နောက် ကြမ်းပြင်ထက်မှ ပန့်ပွင့်ချပ်တို့အားစိုးရိမ်သောမျက်နှာ

ထားဖြင့်ကြည့်လိုက်သည်။

သူ၏သင်္ဘောပေါ်မှ ကုန်ပစ္စည်းများက  အရမ်းအရေးကြီးသည်ဖြစ်သည်။ ယခု ဤကဲ့သို့ ဆန်းကြယ်သောအမျိုးသမီးက  သင်္ဘောပေါ်၌ပေါ်လာ၏။ထိုထက်ပိုသည်ကားသူမမှာ သူမစိတ်ကြိုက်ဝင်ထွက်သွားလာနိုင်ပုံရပြီး သူမ၏ ကျင့်ကြံမှုအဆင့်ကလည်း လှမ်းမမှီနိုင်လောက်အောင်နက်နဲလွန်းသည်။  ရှစ်ကျင်းရွိုက်အနေဖြင့် စိုးရိမ်စိတ်အားထိန်းမထားနိုင်ပေ။

ရှစ်ဖုန့်အတွက်မူ “နောက်ရက်ကြရင်တို့မင်းကိုလာရှာမယ်” ဟူသောစကားက သူ၏စိတ်ထဲ၌ပဲ့တင်ထပ်နေသည်။အမျိုးသမီး၏  ရည်ရွယ်ချက်ကမရှင်းလင်းပေ။ ရှစ်ဖုန့်အနေဖြင့်သူသည် အရမ်းယောက်ျားပီသချောမောပြီး သူ၏ခန္ဓာကိုယ်မှာလည်း လူပျိုပင်ရှိသေးသည်ဖြစ်သည်။သူ့အနေဖြင့် ဤကဲ့သို့ မိန်းမပျက်တစ်ယောက်က သူ့အား လွယ်လင့်တကူ အခွင့်အရေးယူသွားမည်အား မည်ကဲသို့ ခွင့်ပြုနိုင်ပါမည်နည်း။

ရှစ်ဖုန့်၏ စိတ်အတွင်း၌  မနေနိုင်ဘဲ  သူ၏အဆင့်အတန်းမြင့်မားသော ခန္ဓာကိုယ်က  အဝတ်ဗလာခန္ဓာကိုယ်၏ ဖိသိပ်မှုအားခံရသည်ကို စိတ်ကူးကြည့်မိလိုက်သည်။  ပွင့်ချပ်များက  လေထဲ၌ ကခုန်နေပြီး  ဥယျဉ်တစ်ခုလုံးက ပန်းရောင်များဖြင့် လွှမ်းခြုံနေသည်ဖြစ်သည်။

သို့သော် ထို့နောက်တွင်   ရှစ်ဖုန့်ရုတ်တရက် သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး   သူစိတ်ထဲမှအတွေးတို့အား မောင်းထုတ်ပစ်လိုက်၏။

ထို့နောက်  သူ၏စိတ်အားပြင်ဆင်လိုက်သည်။  သူ၏ လူပျို ဘဝအတွက် သူ၏ အဆင့်အတန်းမြင့်မားသော ခန္ဓာကိုယ်တအတွက်  မည်သို့မျှ  မှားယွင်းခြင်းသို့မဟုတ် အရှက်ခွဲခံရခြင်းမဖြစ်ရေးအတွက်သူ့အနေဖြင့်   ဤမိန်းမအား နောက်တစ်ခေါက်တွေ့သည်နှင့် တစ်ချက်တည်းဖြင့်သေချာပေါက်သတ်ပစ်ရလိမ့်မည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ကျင်းရွှိုက်က  သူ့ဘေးရှိ အစောင့်များအား လေးနက်စွာ အော်ပြောလိုက်သည်။

“သူတို့ကို ကုန်ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် စောင့်ရှောက်ဖို့ ပြောလိုက်စမ်း. အမှုမဲ့ အမှတ်မဲ့မနေကြနဲ့”

“ဟုတ်ကဲ့”

ရတနာကုန်သည်စံအိမ်၏ အစောင့်များမှာ  ဤကုန်ပစ္စည်းများ၏ အရေးပါပုံအားနည်းလည်ကြသည်ဖြစ်သည်။ထို့ကြောင့် သူတို့ကအလျှင်အမြန် တုန့်ပြန်ဖြေကြားလိုက်ကြ၏။

ထို့နောက် အစောင့်များထွက်ခွာသွားကြ၏။  မကြာခင် အခန်းအတွင်း၌ ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့သာကျန်ရစ်ခဲ့သည်။

ရှစ်ကျင်းရွှိုက်က  ရှစ်ဖုန့်အားပြောလိုက်သည်။

“ညီလေးရှစ်… ဒီမကောင်းတဲ့မိန်းမထပ်လာနိုင်တာမို့.. မင်းကိုကာကွယ်ဖို့အတွက်ငါ အစောင့် အချို့ပိုပြီးစေလွှတ်ထားပေးမယ်”

“မလိုပါဘူး”

ရှစ်ဖုန့်က  လက်ကိုဝေ့ယမ်းလိုက်ပြီး ရှစ်ကျင်းရွှိုက်၏ ကမ်းလှမ်းမှုအားပယ်ချလိုက်သည်။ ထို့နောက်သူက ရိုးရိုးသားသားပင်ပြောလိုက်၏။

“ခင်ဗျားသင်္ဘောပေါ်က အစောင့်တွေရဲ့စွမ်းအားနဲ့ဆိုရင် အဲ့မကောင်းတဲ့မိန်းမက ဒီသခင်လေးကို လာပြီးထိခိုက်အောင်ထပ်လုပ်မယ်ဆိုရင်တောင် သူတို့ဘာမှလုပ်နိုင်ကြမှာမဟုတ်ဖူး..သူတို့အားလုံးသေတာပဲအဖက်တင်လိမ့်မယ်”

“အကယ်၍ အဲ့မကောင်းတဲ့မိန်းမ ထပ်ပြီးပေါ်လာရဲရင် ဒီသခင်လေးလုံးဝသူ့ကိုသတ်နိုင်တယ်”

“အိုး”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက်ရှစ်ကျင်းရွှိုက်က  နားလည်သည့်အနေဖြင့် ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ညီလေးရှစ်လင်မိသားစုက အစိမ်းရောင်ချပ်ဝတ်ကျားဖြူစစ်တပ်ကဆို‌တော့ ညီလေးမှာ ဝှက်ဖဲကဒ်အချို့ရှိမှာပဲ..ညီလေးရှစ်ရဲ့ စကားကိုကြားပြီးတဲ့နောက်မှာ ငါပိုပြီးစိုးရိမ်သောကလျော့ပါး

သလိုခံစားရတယ်”

ရှစ်ကျင်းရွှိုက်၏  နှလုံးသားထဲတွင် သူ့အနေဖြင့် သူ၏သင်္ဘောပေါ်၌ ရုတ်တရက်ပေါ်လာခဲ့သော နတ်ဆိုးမအား   ရှစ်ဖုန့်သတ်ပစ်မည်ကို မစောင့်စားနိုင်ဖြစ်နေသည်။  သို့သော်  အကောင်းဆုံးသောရလဒ်ကတော့  ရှစ်ဖုန့်က ထိုနတ်ဆိုးမ၏ ဒန်တန်အားဖျက်ဆီးပစ်ပြီး  သူ၏အခန်းအတွင်းဆောင်ယူလာခြင်းဖြစ်လိမ့်မည်ဖြစ်သည်။ထိုမှာသာ သူ့အနေဖြင့်  သူမ၏  တက်မက်ဖွယ်ခန္ဓာကိုယ်အား ပျော်ပါးကြည်နူးခွင့်ရမှာဖြစ်သည်။

လွင့်ပျံနေသာပွင့်ချပ်များ၏ အောက်၌ရှစ်ကျင်းရွှိုက်က ပန်းရောင်သန်းနေသည့် နှစ်လိုဖွယ်ကောင်းသည့်နူးညံသော မျက်နှာလေးအား ကြည့်ရင်း နူးညံ့ ပြီးလှပသောခန္ဓာကိုယ်အထက်တွင်

ရှိနေမည်ဖြစ်သည်။

သို့သော် ရှစ်ကျင်းရွှိုက်မည်မျှပင်တွေးတောနေပါစေ သူသည် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းအားလုပ်ကိုင်

နေခဲ့သူဖြစ်သောကြောင့်   ၎င်းနှင့်ပက်သက်ပြီးသူ၏မျက်နှာထက်၌ ဘာကိုမှမပေါ်လွင်စေပေ။  သူက ရှစ်ဖုန့်အား လေးနက်စွာကြည့်လိုက်ပြီးပြောလိုက်သည်။

“ဒီလိုဆိုရင်.. ငါအရင်ဆုံးထွက်သွားတော့မယ်..အကယ်၍ ညီလေးရှစ်တစ်ခုခုလိုအပ်ခဲ့ရင်  အပြင် စင်္ကြံလမ်းမှရှိတဲ့ ငါ့ကို ခေါ်ဖို့ တုန့်ဆိုင်းမနေပါနဲ့.. ငါဒီညကင်းအဖွဲ့ကိုတိုးထားမယ်… အချိန်ပြည့်လူတွေရှိနေမှာပါ”

“ကောင်းပြီ”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားခေါင်းညိမ့်ပြလိုက်သည်။  ထို့နောက် ရှစ်ကျင်းရွှိုက်ကသူ၏ လေးနက်သောမျက်နှာထားအား ထိန်းထားပြီး ရှစ်ဖုန့်၏ အခန်းအတွင်းမှထွက်ခွာသွားသည်။

ထိုညကရှစ်ဖုန့်မအိပ်ခဲ့ပေ။ရွှေရောင်ကုတင်ထက်၌တင်ပျဉ်ခွေထိုင်ပြီး  ကမ္ဘာဦးကျောက်တုံးတို့အားပေါက်ကွဲစေကာ  ခမ်းနားသန့်စင်သော မူလချီတို့အား   ကျင့်ကြံမှုအတွက် စုပ်ယူနေခဲ့သည်။  သို့သော်ထိုမှစ၍ တစ်ညလုံးဘာမှဖြစ်ပျက်ခဲ့ခြင်းမရှိပေ။ အရာအားလုံးက အေးချမ်းနေသည်။

ကောင်းကင်ယံထက်တွင်အာရုဏ်ကျင်းမိုးလင်းလာသည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters