တပည့်တစ်ယောက် လက်ခံခြင်း
Vol. 54 Ch. 741
မိုဝူကျိက တည်းခိုဆောင်မှ ထွက်လာပြီးနောက် သူ့ဆေးဆိုင်ဆီ ပြန်မသွားတော့ဘဲ စူးခရာအင်မော်တယ် မြို့ဟောင်းမှ ထွက်ခွာသွားလိုက်တော့သည်။
ကျင်းယူ၏ လက်ရှိစုံစမ်းစစ်ဆေးမှုမှာ စုရိုအာနှင့် တုံ့ဟွားလုံတို့ ပါဝင်နေသည့်အပြင် အင်မော်တယ် ဧကရီ ဝမ်လန်၏ စကားများကလည်း သူ့အား အလျှင်လိုစေလေ၏။ အချိန်တိုလေးအတွင်း သူ့အင်အားကို အမြန်အဆန် တိုးလာစေရမည်။ မိုဝူကျိက ဖင်းဖန်သို့ ပြန်ကာ ဝမ်ဟို့အား ဝမ်လျန်ရှီးကို ကျန်ရစ်နေခိုင်းဖို့ရာ မြန်မြန် သွားပြောပြချင်မိသည်။
သူက တပည့်လက်ခံသည့် ကန့်သတ်ချက်များကို လျော့ချလိုက်မှန်း သိသော်လည်း အထက်ဘုံက မသွားလိုသည့် တစ်ယောက်ယောက်အား အတင်းခေါ်မည် မဟုတ်ကြောင်း သိနေသည်။ ဝမ်လျန်ရှီးသာ အထက်ဘုံသို့ သွားဖို့ရာ ဆန္ဒမရှိတော့လျှင် သူမက မည်မျှ ပါရမီကောင်းနေစေကာမူ အထက်ဘုံက သေချာပေါက် ဖိအားပေးမည် မဟုတ်ချေ။ ထို့အပြင် အထက်ဘုံသို့ သွားဖို့ရာ စိတ်ဝင်စားနေကြသည့် လူများစွာ ရှိနေသေးသည် မဟုတ်ပါလော။
“ ကျမရဲ့ အစ်ကိုကြီးကို သတ်ခဲ့တဲ့သူကို ဖော်ပြပေးခဲ့တဲ့အတွက် အစ်ကိုမိုကို ကျေးဇူးတင်ပါတယ် ” ထန်းနီနီက သူတို့ သင်္ဘောပျံပေါ် ရောက်ရှိလာသည့်အခါ ကျေးဇူးတင်လိုက်သည်။
မိုဝူကျိက ထန်းနီနီအား ဝူမိန်ဆီမှ ရလာသော သိုလှောင်လက်စွပ်ကို ပေးကာ
“ ငါ မြင်လိုက်တာက တိုက်ဆိုင်မှုတစ်ခုပါ။ ဝူမိန်က မင်း အစ်ကိုကို သတ်ချင်တာ ဒီလက်စွပ်ထဲမှာ ပါတဲ့ ပစ္စည်းတွေကြောင့်ပဲ။ ငါ စောစောလေးက ကြည့်ကြည့်လိုက်တော့ အထဲက ပစ္စည်းက မရိုးရှင်းမှန်း သိလိုက်လို့ မင်းဆီ ပြန်ပေးလိုက်တာ ”
ထန်းနီနီက မြန်မြန် ဖြေရှင်းကာ
“ ကျမ ဒါကို လက်မခံနိုင်ဘူး။ ဒါက ဂိုဏ်းချုပ် ယူပေးတာဆိုတော့ ကျမအပိုင် မဟုတ်တော့ပါဘူး။ ဂိုဏ်းချုပ်ပဲ သိမ်းထားလိုက်ပါ”
မိုဝူကျိက အနည်းငယ် ပြုံးကာ
“ အထဲက ဘာပစ္စည်းမှန်း မသိလို့ ပြောတာလို့ ထင်တယ်။ ကျုပ်က ဒီပစ္စည်းတွေကို အရမ်းစိတ်ဝင်စားပေမဲ့ ဒီပစ္စည်းတွေနဲ့ဆိုရင် နောင်ကျ မင်း ဒီထက်မြင့်မားတဲ့ နယ်ပယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်ဆိုတာ သေချာတယ် ”
ဘေးတွင် ရပ်နေသော ဝေကျီတောက်က မိုဝူကျိကို ပို၍ လေးစားမိသွားသည်။ ဝေကျီတောက်က အထဲမှ ပစ္စည်းများကို မသိသော်လည်း သေချာပေါက် သာမာန် မဟုတ်ကြောင်း၊ မရိုးရှင်းကြောင်း သိပေ၏။ မိုဝူကျိ ရရှိလာသော ပစ္စည်းမှာ ထန်းနီနီ၏ အစ်ကိုအပိုင် မဟုတ်နိုင်သော်လည်း မိုဝူကျိက ထန်းနီနီဆီ ပြန်ပေးဖို့ရာ ဆန္ဒရှိနေလေ၏။ ထိုသို့အရာမျိုးမှာ ဝေကျီတောက်ပင် လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ဝေကျီတောက်က ထိုအတွေးဖြင့် သက်ပြင်းချလိုက်သည်။ သဘောတရားကွဲပြားချက်မှာ သူ့အနေနှင့် မိုဝူကျိထက် ဘယ်သောအခါမှ အားမကောင်းနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်နေနိုင်သည်။ အကယ်၍ သူသာ မိုဝူကျိ နေရာသို့ ရောက်ရှိနေလျှင် ထန်းနီနီက သူမကို ကယ်တင်ပေးလိုက်သည့်အတွက် ကျေးဇူးတင်သင့်သော်လည်း ထိုပစ္စည်းများကို သူ့ဘာသာ သိမ်းဆည်းထားလိုက်မည်သာ ဖြစ်၏။
ထန်းနီနီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“ ကျမက သာမာန်ပါရမီပဲ ရှိတာဆိုတော့ ကံကောင်းမှုကြောင့်သာ မဟုတ်ရင် မဟာယီရှန်းအဆင့်အထိတောင် ရောက်လာမှာ မဟုတ်ပါဘူး။ အခုလက်ရှိ ပါရမီနဲ့ ကျမ ဘယ်လောက် ကြိုးစား ကြိုးစား အဲလောက်က မိုင်ကုန်ပဲ။ အဲဒါကြောင့်မလို့ ဂိုဏ်းချုပ်က ကျမကို ထိပ်တန်းရတနာ ပေးရင်လည်း ကျမက ဘာမှထွေထွေထူးထူး ဖြစ်လာမှာ မဟုတ်ဘူး ”
မိုဝူကျိက ထန်းနီနီသည် အမှန်အတိုင်း ပြောနေကြောင်း သိ၍ အံ့အားသင့်မိသွားသည်။ သူက ထန်းနီနီ၏ ဝိညာဉ်စွမ်းအားမှာ မပြတ်သားသည့်အတွက် ပါရမီမှာ ပုံမှန်သာ ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။ အကယ်၍ ထန်းနီနီက ဝူမိန်၏ သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်း ရသွားလျှင်လည်း သူမအတွက် ကောင်းကျိုးအစား ဆိုးကျိုးအား ဆောင်ယူလာနိုင်သေးသည်။
“ ဂိုဏ်းချုပ်က ဖြောင့်မတ်တည်ကြည်တဲ့သူဆိုတာကို သိပါတယ်။ ဂိုဏ်းချုပ်က နီနီကို အထင်မသေးဘူးဆိုရင် နီနီက ဂိုဏ်းချုပ်ကို ဆရာအဖြစ် လက်ခံလိုပါတယ် …” ထန်းနီနီက ဒူးထောက်ကာ လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျိက နေရခက်စွာ ပြန်ဖြေလိုက်သည်
“ ကျုပ်က ကျင့်ကြံဆင့် နိမ့်တယ်လေ။ မင်းရဲ့ ဆရာဖြစ်ဖို့ မထိုက်တန်ပါဘူး။ ညာလက်ရုံးဝေက မဟာဧကရာဇ်အဆင့် ရောက်နေပြီဆိုတော့ ညာလက်ရုံးဝေကို ဆရာအဖြစ် လက်ခံလိုက်ပါ့လား ”
ထန်းနီနီက နောက်တဖန် ဒူးထောက်ကာ “ နီနီက ဂိုဏ်းချုပ်ကို ဆရာအဖြစ် လက်ခံချင်ပါတယ် ”
မိုဝူကျိနှင့် ဝေကျီတောက်တို့ နှစ်ယောက်လုံး နေရခက်လာကြသည်။ ထို့အပြင် ဝေကျီတောက်က ဂုဏ်သရေရှိ မဟာဧကရာဇ် တစ်ယောက် ဖြစ်ပေသည်။ ထိုနေရခက်သည့် မြင်ကွင်းကြောင့် ဝေကျီတောက်က ဘာမှမပြောခင် ချောင်းဟန့်လိုက်ပြီး
“ အဟမ်းဟမ်း …. ကျုပ် သင်္ဘောပျံ နောက်ပိုင်းကို သွားကြည့်လိုက်ဦးမယ် ”
ထိုသို့ပြောပြီးနောက် ဝေကျီတောက်က ကုန်းပတ်ပေါ်မှ ဆင်းကာ သင်္ဘောပျံ ပဲ့ပိုင်းဆီ သွားလိုက်၏။
မိုဝူကျိလည်း နေရခက်လာမိသည်။ သူက ထန်းနီနီသည် မဟာဧကရာဇ်တစ်ယောက်အား ဆရာအဖြစ် ငြင်းဆန်လိမ့်မည်ဟု မထင်ထားပေ။
ခဏ …. သူက သူ့ဆီက သင်ယူလိုက်တာ မဟုတ်ဘူးလား …
စောစောလေးက သူကိုယ်တိုင်လည်း ကောင်းကင်ဧကရာဇ် လော့စစ်ကျိုက်အား ငြင်းပယ်ခဲ့သည် မဟုတ်ပါလော။
“ အဲဆို ငါ့ကို ဘာလို့ ဆရာအဖြစ် လက်ခံချင်နေတာလဲဆိုတာ ပြောပြ ” မိုဝူကျိက ထိုမေးခွန်းကို မေးလိုက်သည်။
ထန်းနီနီက ခေါင်းမော့လိုက်ရင်း စိတ်အားတက်ကြွစွာ ပြောလိုက်သည်
“ အင်မော်တယ်ဧကရီ ဝမ်လန်ကို ယုံကြည်လို့ပါ။ အရင်တုန်းက အင်မော်တယ် ဧကရီ ဝမ်လန်က အင်မော်တယ်လောကမှာ ပါရမီအကောင်းဆုံး သူ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုပေမဲ့ သူမက လူတွေအပေါ် သုံးသပ်ချက်က အကောင်းဆုံးနဲ့ အတိကျဆုံးပဲ ….
အင်မော်တယ် ဧကရီ ဝမ်လန်က ဂိုဏ်းချုပ်ကို အများကြီး တွေးထားမှတော့ ဂိုဏ်းချုပ်ရဲ့ နောင်အနာဂတ် အောင်မြင်မှုက သေချာပေါက် ထူးခြားနေမယ်ဆိုတာ ယုံကြည်တယ်။ ပြီးတော့ ကျမ ဂိုဏ်းချုပ်ရဲ့ စကားကိုလည်း ယုံတယ် ”
“ ဘာစကားကိုလဲ ” မိုဝူကျိက နားမလည်စွာ မေးလိုက်၏။
ထန်းနီနီက ပြန်ဖြေလိုက်သည် “ ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံရေး ပါရမီက လိန်ဟုန်ကျီနဲ့ ဘယ်တော့မှ မယှဉ်နိုင်ဘူးဆိုပြီး ပြောခဲ့တာလေ။ အဲဒါကို ယုံတယ် ”
မိုဝူကျိက နဖူးကို ပွတ်ကာ
“ ငါက နှိမ်ချ ဟန်ဆောင်လို့ မရဘူးလား။ ငါ့စကားတွေကို အများကြီးယုံတယ်လို့တော့ မထင်ဘူး။ ပြီးတော့ တကယ်လို့ ငါက ကျင့်ကြံဆင့်နိမ့်ပြီးတော့ မှေးမှိန်တဲ့ အနာဂတ်ရှိတယ်ဆိုရင် ဘာလို့ ဆရာအဖြစ် လက်ခံချင်တာတုန်း ”
ထန်းနီနီက ခေါင်းခါကာ
“ အဲလိုပြောတာ မဟုတ်ပါဘူး။ ဂိုဏ်းချုပ်က နှိမ့်ချနေတာ မဟုတ်ဘူးဆိုတာကို သိပါတယ်။ ဂိုဏ်းချုပ်ရဲ့ ပါရမီက လိန်ဟုန်ကျီနဲ့ မယှဉ်နိုင်ဘူး ဆိုပေမဲ့လည်း ပါရမီဆိုတာကို အသာထား။ ဂိုဏ်းချုပ်က သူ့နဲ့ လက်ရည်တူ တိုက်ခိုက်ခဲ့တာမလား။
အဲဒါက ဂိုဏ်းချုပ်ရဲ့ တာအိုအမွေအနှစ်က လိန်ဟုန်ကျီရဲ့ တာအိုအမွေအနှစ်ကို ကျော်လွန်နေပြီဆိုတာ ပြနေတာပဲလေ။ ကျမက ပါရမီ မကောင်းဘူးဆိုတော့ ဂိုဏ်းချုပ်လက်အောက်မှာသာ လမ်းညွှန်မှုရရင် ရှေ့ဆက်လှမ်းနိုင်မဲ့ အခွင့်အရေး ရှိနေမယ်လို့ ယုံကြည်ထားတယ် …. ”
မိုဝူကျိက ထန်းနီနီကို သူ အထင်သေးမိသွားကြောင်း သိလိုက်ရ၍ တအံ့တဩ ဖြစ်မိသွားသည်။ သူ့စကားတစ်ခွန်းဖြင့် သူမအား နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်စေနိုင်ခဲ့သည်။
ထိုအတွေးများမှ မိုဝူကျိက ထန်းနီနီသည် မရိုးရှင်းကြောင်း ပြောနိုင်လိုက်၏။ သူမအတွေးများမှာ အင်မတန် လှပသိမ်မွေ့ပြီး အမြင်ကောင်းကောင်း ရှိလေသည်။
ဒီလို တော်တတ်လှတဲ့ မိန်းကလေးက ဝူမိန်ကို သူမအစ်ကို သေဆုံးမှုအတွက် သံသယ မဖြစ်မိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….
ထို့အပြင် ဝူမိန်နှင့် ထန်းကျုံးဖူတို့မှာ ကျိူးပျက်ကမ္ဘာဆီ အတူတူသွားခဲ့ကြခြင်း ဖြစ်၏။
သူမက မိုဝူကျိ တွေးနေသည်ကို သိသည့်အလား ထန်းနီနီက ရှိုက်ရင်း ဆက်ပြောလိုက်သည်
“ အစကတည်းက အစ်ကိုရဲ့ သေဆုံးနဲ့ ဝူမိန်က ဆက်စပ်နေတာလားဆိုပြီး သံသယဝင်မိခဲ့တယ်။ ဒါပေမဲ့လည်း မစုံစမ်းရဲဘူး။ မေးလည်း မမေးရဲသလို ဂိုဏ်းကနေလည်း ထွက်မလာရဲဘူး။ တကယ်လို့ ကျမက သူမကို သံသယဝင်နေမှန်း ဒါမှမဟုတ် ဂိုဏ်းကနေ ရုတ်တရက် ထွက်သွားလိုက်မှန်း ဝူမိန်သာ သိသွားရင် ကျမတော့ သေနေတာ ကြာနေလောက်ပြီ ”
မိုဝူကျိ၏ လေသံမှာ အေးစက်လာပြီး “ အဲဆို စကြဝဠာဓားသွားကျောင်းတောက်နေ ထွက်လာဖို့ တွေးထားတာ ကြာပြီပေါ့။ အဲဒါကို ငါ့နာမည်ကို အသုံးချလိုက်တယ် ဆိုပါတော့ …”
ထန်းနီနီက ခေါင်းငုံ့ထားရင်း
“ ဟုတ်ပါတယ် … ဂိုဏ်းချုပ်က စကြဝဠာ ဓားသွားကျောင်းတော်ကို မကြောက်မှန်း သိလို့ပါ။ တကယ်လို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် ကျောင်းတော်ကနေ ဘယ်လာက် ထွက်သွားဖို့ ကြိုးစား ကြိုးစား ဘယ်အချိန်မှ လုပ်နိုင်မယ်ဆိုတာကို မသိဘူး။
အဲကြောင့် ဂိုဏ်းချုပ် ပေးသမျှ အပြစ်ဒဏ်အားလုံးကို ခံယူဖို့ ဆန္ဒရှိပါတယ်။ တကယ်လို့ ဂိုဏ်းချုပ် ကျမကို သတ်ချင်ရင်တောင် ဘာမှမပြောပါဘူး ”
“ ဝူမိန်ဘေးမှာ နေရင်း သူမကို သတ်ဖို့ ကြံနေတာလား ” ဝူမိန်က မေးလိုက်သည်။
ထန်းနီနီက ခေါင်းခါကာ
“ ကျမကိုယ် ကျမပဲ ကာကွယ်ချင်တာပါ။ အစ်ကိုကြီးကို သတ်လိုက်တာ သူမလားဆိုတာလည်း မသေချာဘူးလေ။ သူမကို သံသယဝင်တာက သူတို့ရဲ့ ဆက်ဆံရေးကို ကျမက သိနေလို့လေ။ တခြားသူတွေက ကျမအစ်ကိုကြီးနဲ့ ကျိုးပျက်ကမ္ဘာထဲ အတူတူ ဝင်တဲ့အကြောင်းကို မသိကြလောက်ပေမဲ့ ကျမက ကောင်းကောင်း သိနေတယ်။ ဒါပေမဲ့ အစ်ကိုကြီးက ကျိုးပျက်ကမ္ဘာထဲမှာ ကျဆုံးသွားပြီးတော့ သူမက ကျမကို တစ်ခါမှ လာမရှာခဲ့ဘူး။ ကျမကပဲ သူမဆီ ဖြည်းဖြည်းချင်း ချည်းကပ်ခဲ့ရတာ … အဲကြောင့်မလို့လည်း သူမ အမြင်ကြည်လာတာပေါ့ ”
မိုဝူကျိက ခဏတာ စဉ်းစားလိုက်ပြီးနောက် “ အခု ရပ်လို့ ရပြီ။ မင်းကို ငါ့တပည့်အဖြစ် လက်ခံမယ် ”
မိုဝူကျိက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် သက်ပြင်းချကာ “မင်းကို တပည့်လက်ခံလိုက်တာက မှန်လား၊ မှားလားဆိုတာတော့ မသိတော့ဘူး ”
မိုဝူကျိက အမှန်တကယ် တုံံ့ဆိုင်းနေမိလေသည်။ အကြောင်းမှာ ထန်းနီနီသည် အလွန်ဉာဏ်များကြောင်း ခံစားမိနေ၍ ဖြစ်သည်။ သို့သော်လည်း သူ့အနေနှင့် ထန်းနီနီအား တပည့်အဖြစ် လက်ခံရုံမှ အပ တခြားရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူ ငြင်းပယ်လိုက်လို့ ဖင်းဖန်မှ ထွက်သွားလိုက်လျှင် သူမ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ သူမတွင် ရတနာရှိနေကြောင်း ခန့်မှန်းမိကြသူများနှင့် ဝူမိန်အပါအဝင် ထန်းနီနီအား အလွှတ်ပေးကြမည် မဟုတ်ပေ။
ဆိုလိုသည်မှာ ထန်းနီနီသည် မိုဝူကျိအား ဆရာအဖြစ် တင်လိုခြင်းမှာလည်း သူမကိုယ်သူမ ကာကွယ်လိုခြင်းကြောင့်သာ ဖြစ်၏။ သူ့တပည့်အသစ်လေး မည်မျှဉာဏ်များကြောင်း သိသာပေသည်။
မိုဝူကျိက ခေါင်းညိတ်လိုက်ရင်း လော့ကျမ်းစာရွက် နှစ်ရွက်နှင့်အတူ ဒယ်စောက်ငယ်လေးကို ထုတ်ကာ
“ ဒီလော့ကျမ်းစာရွက်နှစ်ရွက်နဲ့ ဒယ်စောက်ငယ်လေးက အရမ်းကို အဖိုးတန်တဲ့ ပစ္စည်းတွေပဲ။ ဒယ်စောက်ငယ်လေးက ကံကြမ္မာကြာနီနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ ဝူမိန် မဟာကျီရှန်းအဆင့် မြန်မြန် ရောက်လာတာက ဒီဒယ်စောက်ငယ်လေးကြောင့် ဖြစ်လိမ့်မယ်။
လော့ကျမ်းစာရွက်ကတော့ အပြည့်အစုံ မဟုတ်သေးဘူးဆိုတာ့ ငါ သိမ်းထားလိုက်မယ်။ မင်းရဲ့ အနာဂတ်က ဒီဒယ်စောက်ငယ်လေးပေါ် မူတည်နေပြီ ဆိုတာ့ ကောင်းကောင်း သိမ်းထားလိုက် ….. ”
မိုဝူကျိက ထိုသို့ပြောပြီးနောက် လော့ကျမ်းစာရွက်နှစ်ရွက်ကို သိမ်းကာ ဒယ်စောက်ငယ်လေးကို သိုလှောင်လက်စွပ်အတွင်းထည့်ကာ ထန်းနီနီအား ပေးလိုက်၏။
ထန်းနီနီက မိုဝူကျိ ရရှိလာသော ပစ္စည်းများမှ အင်မတန် အံ့ဩဖို့ကောင်းကြောင်း သိလိုက်ရ၍ တအံ့တဩ ဖြစ်မိနေသည်။ သူမက ဤမျှထူးခြားနေလိမ့်မည်ဟု မထင်ထားပေ။
လော့ကျမ်းစာရွက်နှင့် ကံကြမ္မာကြာနီနှင့် နှိုင်းယှဉ်၍ရသော ဒယ်စောက်ငယ်လေး ….
အထက်ဘုံက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း ဝင်ချင်နေသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ချေ။ အထဲရှိ ရတနာများမှာ ကြောက်ခမန်းလိလိ အားကောင်းနေပေ၏။
“ ဆရာ ….. တပည့်က ဒီဟာကို တခြားသူတွေလက်ကနေ သိမ်းထားနိုင်မှာ မဟုတ်ဘူး ” ထန်းနီနီက ပြန်၍ အသိဝင်လာလေ၏။
မိုဝူကျိက ရယ်မောကာ
“ မင်းသာ ဒီဒယ်စောက်ငယ်လေး အကူနဲ့ ဖင်းဖန်မှာ ကျင့်ကြံသရွေ့ နောင်အခါကျ မင်းနာမည်ကို သေချာပေါက် လူသိများလာလိမ့်မယ်။ မင်းမတိုင်ခင် ငါ့ဆီမှာ ဖူကျင့်ဖုန်းလို့ ခေါ်တဲ့ တပည့်တစ်ယောက်ရယ်၊ လို့ယွဲ့ရှန်း၊ ဖန်ဝူ၊ ဖန်ကျယ်ခေါ်တဲ့ တပည့်သုံးယောက်လည်း ရှိတယ်။ မင်းကတော့ ဒုတိယမြောက် တရားဝင် တပည့်ပေါ့။
ငါ့ကျင့်စဉ်က အင်မော်တယ် မော်တယ်လို့ ခေါ်တဲ့ ကျင့်စဉ်ပဲ …. ငါ့ဘာသာ ဖန်တီးထားတာ။ ဒီကျင့်စဉ်တွေနဲ့ တခြားကျင့်စဉ်တွေကြားက ကွဲပြားချက်က ဝိညာဉ်ကြော မရှိရင်တောင် ကျင့်ကြံနိုင်တာပဲ …. ”
မိုဝူကျိ၏ အမွေအနှစ်ကို ကြားပြီး ထန်းနီနီက လုံးဝကို ကြောင်အမ်းသွားလေ၏။
လော့ကျမ်းစာရွက်နှင့် ဒယ်စောက်ငယ်လေးတို့နှင့် နှိုင်းယှဉ်လျှင် ထန်းနီနီအနေနှင့် မိုဝူကျိ၏ အမွေအနှစ်က ပို၍ အံ့ဩဖို့ကောင်းကြောင်း ခံစားမိနေသည်။ ဝိညာဉ်ကြော မရှိဘဲ ကျင့်ကြံနိုင်ခြင်း၊ ချီသွေးကြော ဖွင့်ခြင်း၊ အင်မော်တယ် မော်တယ် ကျင့်စဉ် အားလုံးက ထူးဆန်းနေပေသည်။
သူမက သူမဆရာသည် အသစ်ဖန်တီးထားသော တာအို၏ တည်ထောင်သူဘိုးဘေး ဖြစ်ကြောင်း သတိပြုမိလိုက်သည့်အခါ စကားတစ်ခွန်းစီက သူမစိတ်ထဲ အံ့ဩသည်ထက် ပို၍ အံ့ဩမှုများ ဖြစ်လာစေသည်။ ဆိုလိုသည်မှာ သူမ ထန်းနီနီက တာအိုအသစ်အား အမွေဆက်ခံရမည့် ပထမမျိုးဆက် တပည့် ဖြစ်နေပေသည်။
ထန်းနီနီက အသက်ပြင်းပြင်းရှုလိုက်ရင်း သူမဆရာ၏ မျှော်လင့်ချက်များကို မပျက်စေရကြောင်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။ လက်ရှိ သူမက သူမအတွက် ဆရာအမှန်ကို ရှာတွေ့ခဲ့လေသည်။
……………
ဖင်းဖန်၌ အထက်ဘုံမှ တပည့်လက်ခံသည့် အဓိက အကြောင်းအရင်းအား ဝမ်ဟို့အား ပြောပြလိုက်ပြီးနောက် မိုဝူကျိက ထန်းနီနီအား ခေါ်ကာ ချီသွေးကြောဖွင့်သည့် နည်းလမ်းအား သင်ကြားပြသပေးနေသည်။
မိုဝူကျိက ကျင်းယူသည် ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း ဝိညာဉ်စွမ်းအား နည်းရာသို့ သွားခဲ့ကြသော စုရိုအာနှင့် တုံ့ဟွားလုံတို့အကြောင်း ရှာတွေ့သွားမည်ကို နည်းနည်း စိုးရိမ်နေမိ၏။
တစ်လအကြာတွင် မိုဝူကျိက ကျင်းယူသည် ပါရမီရှင် တပည့်များနှင့်အတူ အင်မော်တယ်လောကမှ ထွက်ခွာသွားကြောင်း ကြားသိလိုက်ရမှ စိတ်အေးသွားတော့သည်။
ဖင်းဖန်ထဲ မဟာဓားလမ်းစဉ်ဂိုဏ်းမှ အင်မော်တယ်တောင်များ ရွေ့လိုက်ပြီးနောက် သူတို့က နဂိုကထက် ပို၍ ကြီးကျယ်ခမ်းနားလာသည်။ ထို့နောက် ဖင်းဖန်၏ ကုန်သွယ်ရေးအဖွဲ့မှာ ထိပ်တန်းအဆင့် အင်မော်တယ်ဆေးလုံးများကို ရောင်းချနိုင်သောကြောင့် အင်မော်တယ်လောကတစ်ခုလုံး၌ ဖင်းဖန်၏ သိပ်သည်းလှသော အင်မော်တယ်စွမ်းအားများအကြောင်းလည်း ပြန့်နှံ့သွားတော့သည်။ ဖင်းဖန်၏ ဂုဏ်သတင်းက အင်မော်တယ်လောကကို လှုပ်ခတ်သွားစေပြီး ဖင်းဖန်ကို လာရောက်ကြသည့် အင်မော်တယ်များ တိုးပွားလာလေ၏။ တစ်ချိန်တည်းဆိုသလို အဆုံးအစွန်ပင်လယ်အနား၌ နေထိုင်ကြသော သေမျိုးများက ဖင်းဖန်၌ သေမျိုးနှင့် အင်မော်တယ်များ ညီတူအခွင့်အရေးရကြောင်း သတင်းစကားကြားကြသောအခါ အများစုက ဖင်းဖန်ဆီ ရောက်ရှိလာကြသည်။
မိုဝူကျိက နောက်ထပ် သုံးလ ထပ်စောင့်သော်လည်း ချိန်စုယင်အကြောင်း မကြားရသေးပေ။ ထို့ကြောင့် ဖင်းဖန်မှ ထွက်၍ ချိန်စုယင်အား ရှာရန် ဆုံးဖြတ်လိုက်တော့သည်။
***