← Chapters

ချိန်စုယင်၏ တည်နေရာ

Vol. 54 Ch. 742

ချိန်စုယင်၏ တည်နေရာ

Vol. 54 Ch. 742

မိုဝူကျိ ပထမဆုံး သွားသည့်နေရာမှာ လွန်ခဲ့သည့် နှစ်များစွာအကြာက လင်းဂူ သူ့အား  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ခေါ်မသွားခင် သွားခဲ့သည့် နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ဆီ ဖြစ်၏။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်၏ ဆွဲငင်မှုကို ခံလိုက်ရစဉ် သူက ချိန်စုယင်အား စောင့်ရှောက်ပေးရန် လင်းဂူထံ အပ်နှံ့ခဲ့သည်။

အဆုံးအစွန်ပင်လယ်၌ ဖင်းဖန်အား ပွင့်လင်းမြင်သာ တည်ထောင်လိုက်ပြီး မဟာဓားလမ်းစဉ်ဂိုဏ်းအား ဖျက်စီးပစ်လိုက်သည့် အကြောင်းအရင်းမှာ အင်မော်တယ်လောကဆီ သူ ပြန်ရောက်လာမှုကို ကြေညာချင်၍ ဖြစ်သည်။ သူက လင်းဂူနှင့် ချိန်စုယင်တို့သည်လည်း သူ့နာမည်ကို ကြားကာ ဖင်းဖန်ဆီ ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားမိသည်။

သို့သော်လည်း  ဖင်းဖန်က တည်ထောင်လိုက်စဉ်ကတည်းမှ တိတ်ဆိတ်နေခဲ့လေရာ  လင်းဂူ သို့မဟုတ် ချိန်စုယင်တို့ ပြန်ရောက်မလာခဲ့သောကြောင့် သူက ထွက်ရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ မိုဝူကျိက ကျယ်ပြောလှသည့် အင်မော်တယ်လောက၌  ချိန်စုယင်ကို ရှာခြင်းမှာ ပင်လယ်ထဲ ပုဇွန် ရှာနေသလို ဖြစ်မည်မှန်း သိထား၏။

နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်အနေနှင့်  မိုဝူကျိကို ကြောက်ရွံ့ကြသောကြောင့် အတားအဆီးမရှိ ဝင်ခွင့်ပြုလိုက်ကြရသည်။

လင်းဂူက နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်မှ ဖြစ်သော်လည်း လွန်ချိုက်၏ ဒေါသတရားကြောင့် စန္ဒာဖွေရှာတောင် သခင် ရှီဂူလန်ပင် ဒဏ်ရာများပင် ထွက်ပြေးသွားရသည်။

စန္ဒာဖွေရှာ တောင်ကို ပြန်ရောက်လာသည့်အခါ မိုဝူကျိ မြင်တွေ့လိုက်ရသည်က အပျက်အစီးအပုံလိုက်သာ ဖြစ်၏။ ဤနေရာ၌ မည်သူကိုမှ မေးမကြည့်ဘဲဖြင့် မိုဝူကျိက ရှီဂူလန် နှင့် လင်းဂူတို့ ပြန်ရောက်မလာကြကြောင်း သိလိုက်သည်။

စန္ဒာဖွေရှာတောင်ကို နောက်တစ်ခါ ထပ်ရှာဖွေပြီးနောက် မိုဝူကျိက သဲလွန်စ တစ်ခုပင် မရခဲ့ပေ။ သူက စန္ဒာဖွေရှာတောင်မှ ကူကယ်ရာမဲ့စွာ ထွက်လာလိုက်တော့သည်။ သူ ဒုတိယမြောက် သွားသည့်နေရာမှာ အနှောင်အဖွဲကင်းနန်းတော်ဆီ ဖြစ်၏။

အနှောင်အဖွဲ့ကင်းနန်းတော်၏ မဟာဧကရာဇ်လွန်ချိုက်က မိုဝူကျိနှင့် ကမ္ဘာ့ရန်ကြွေး ရှိကာ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်၏ စန္ဒာဖွေရှာတောင်မှာလည်း မဟာဧကရာဇ် လွန်ချိုက်ကြောင့် ပျက်စီးသွားရခြင်း ဖြစ်၏။ မိုဝူကျိက မဟာဧကရာဇ် လွန်ချိုက်သည် လမ်းစဉ်ခြောက်သွယ် မြို့ဟောင်းပြင်ပ၌ လင်းဂူနှင့် ချိန်စုယင်တို့အား ဖမ်းရန် တစ်ယောက်ယောက် စေလွှတ်ထားလိမ့်မည်ဟု သံသယဝင်လာမိသည်။ ထိုသို့ဖြစ်နိုင်ချေမှာ သိပ်မမြင့်မားသော်လည်း သူက လွန်ချိုက်ကို သွားရှာရန် လိုအပ်ပေသည်။ ချိန်စုယင်သာ လွန်ချိုက် လက်ထဲ ကျရောက်သွားပါက လွန်ချိုက်က ချိန်စုယင်အား အသုံးချ၍ သူ့အား အကျပ်ကိုင်ပေလိမ့်မည်။

မိုဝူကျိက ကောင်းကင်ချောက်ကမ်းပါးမြို့နှင့် နတ်ဘုရားကောင်းကင်ချောက်နက်ဆီ သွားဖူသောကြောင့် နတ်ဘုရား အင်မော်တယ်နယ်မြေဆီ ရောက်ဖူးပေသည်။

လွန်ချိုက်၏ အနှောင်အဖွဲ့ကင်း နန်းတော်မှာ နတ်ဘုရား အင်မော်တယ်နယ်မြေ၏ အလှပဆုံးအပိုင်း၌ တည်ရှိပေသည်။ မိုဝူကျိက အနှောင်အဖွဲ့ကင်းနန်းတော်ဆီ မရောက်ခင် သူက လေထုထဲမှ သိပ်သည်းလှသော အင်မော်တယ်စွမ်းအားများကို အာရုံခံမိလိုက်သည်။

အနှောင်အဖွဲ့ကင်း နန်းတော်က နတ်ဘုရား အင်မော်တယ်နယ်မြေ၏ အနှောင်အဖွဲ့ကင်းတောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်လေရာ တော်ဝင် ကျင့်ကြံနယ်မြေ ဆယ်ခုထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။

“ ဟေး လူဟောင်းကြီး လွန်ချိုက် ဒကာကြီး ထွက်မလာသေးရင် အဝင်ပေါက်ကို ဖျက်စီးပစ်လို့ အပြစ်မတင်နဲ့နော် ” မိုဝူကျိ တစ်ယောက် နန်းတော်နား မရောက်ခင် ကျယ်ကျယ်လောင်လောင် ကျိန်ဆဲနေသံကို ကြားလိုက်ရသည်။

မိုဝူကျိက ထိုလူမှာ ဘယ်သူလဲဟု တွေးရင်း အံ့အားသင့်သွားသည်။ ထိုသူက အနှောင်အဖွဲ့ကင်းနန်းတော် အပြင်ဘက်၌ လာ၍ ကျိန်ဆိုနေရဲနေပေ၏။

မိုဝူကျိက လွန်ချိုက်ကို လာရှာခြင်း ဖြစ်သော်လည်း မိုဝူကျိ၏ လက်ရှိအနေအထားအရ အနှောင်အဖွဲ့ကင်းနန်းတော်ကို မတိုက်နိုင်ကြောင်း သိထားလေ၏။ အချုပ်အားဖြင့်ဆိုရလျှင် လွန်ချိုက်က အနှောင်အဖွဲ့ကင်းနန်းတော် ပြင်ပဘက် သူ့အား ဘာမှ လုပ်ရဲမည် မဟုတ်ပေ။ သူက တိုက်ခိုက်လျှင်ပင် မိုဝူကျိက လေလွှတ်မြောက်ရေး နည်းစနစ်ကို သုံး၍ အလွယ်တကူ ထွက်ပြေးနိင်သေး၏။ သို့သော်လည်း သူသာ အနှောင်အဖွဲ့ကင်းနန်းတော်ထဲ ဝင်ရောက်လိုက်သည်နှင့် သူ့အသက်က သူ့အပေါ် မူတည်နေတော့မည် မဟုတ်ချေ။

မိုဝူကျိက အနှောင်အဖွဲ့ကင်းနန်းတော်ကို ဆက်သွယ်ထားသော ကျောက်တံတားပေါ်မှ ဖြတ်လာလိုက်သည်။ သိပ်မကြာခင် မိုဝူကျိက အနှောင်အဖွဲ့ကင်းနန်းတော် အဝင်ပေါက်သို့ ရောက်ရှိလာသည်။

ကျောက်စိမ်းဖြူ နေရာလွတ်ပေါ်၌ ဗုဒ္ဓ ခုနှစ်သွယ် ကျိုင်းကိုင်ထားသော  ခြေဗလာ ဘုန်းကြီးတစ်ပါး ရှိနေသည်။ ထိုနယ်လှည့် ဘုန်းကြီး၏ ဆံရှည်က ခေါင်းပေါ်မှ ကြုံရာကျပန်း ကျနေပြီး အင်မော်တယ်လောကတစ်ခွင် လျှောက်သွားခဲ့ဟန် ပေါ်နေသည်။

မိုဝူကျိက မဟာဧကရာဇ် လွန်ချိုက်အား ကျိန်ဆဲနေသူမှာ ထိုနယ်လှည့် ဘုန်းကြီး ဖြစ်လိမ့်မည်မှန်း မှန်းဆမိလိုက်သည်။ ထိုနယ်လှည့် ဘုန်းကြီးက ဤနေရာ၌ အော်နေရဲခြင်းမှာ မထူးဆန်းတော့ပေ။ သူသည်လည်း အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေ၏။

“  ဆရာတော် တာ့နဉ် …. ကျုပ် လွန်ချိုက်က ခင်ဗျားကို ကြောက်နေတယ်လို့ ထင်မနေနဲ့။ ကျုပ်က ခင်ဗျားနဲ့ ဘာမှတွက်ကပ်မပြောနေချင်လို့ပဲ ….” အနှောင်အဖွဲ့ကင်းနန်းတော်၏ အဝင်ပေါက် ဖွင့်လာပြီးနောက် သရဖူဆောင်းထားသည့် ပိန်ပါးပါး အမျိုးသားတစ်ယောက် လျှောက်လှမ်းထွက်လာသည်။ သူက လွန်ချိုက်သာ ဖြစ်၏။

“ ဂိုဏ်းချုပ်မို …. ကျုပ်ရဲ့ အနှောင်အဖွဲ့ကင်းနန်းတော်က သူ့ကိစ္စနဲ့သူ ရှုပ်နေတာဆိုတော့ ခင်ဗျားကိစ္စထဲ ဝင်မပါမိပါဘူး။ ဒီကို ဘာလာလုပ်တာလဲ ” လွန်ချိုက်က ဆရာတော်အား ပြောလိုက်ပြီးနောက် မိုဝူကျိအား စိုက်ကြည့်လိုက်သည်။

မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသေးသော်လည်း လွန်ချိုက်က အင်မော်တယ် ဧကရာဇ် ဆရာတော်ထက် မိုဝူကျိကို ပို၍ ကြောက်ပေသည်။

အနှောင်အဖွဲ့ကင်းနန်းတော်က မည်မျှ အားကောင်းနေစေကာမူ သူတို့က မဟာဓားလမ်းစဉ်ဂိုဏ်းလောက်ပင် အားမကောင်းပေ။ အနှောင်အဖွဲ့ကင်းနန်းတော်မှ အားအကောင်းဆုံးသူကို ပြောရမည်ဆိုလျှင် လွန်ချိုက်ကိုယ်တိုင်သာ ဖြစ်၏။ လွန်ချိုက်အပြင် သူ့ အနှောင်အဖွဲ့ကင်းနန်းတော်၌ တခြားအင်မော်တယ် ဧကရာဇ် မရှိပေ။

အချုပ်အားဖြင့် မိုဝူကျိ၏ ဖင်းဖန်တွင် ဝေကျီတောက် ရှိနေသည့်အပြင် ကောလဟာလများအရ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ရှိနေသေးသည်။ အားကောင်းသည်ကို တွက်ကြည့်လျှင် လျှပ်စီးဂိုဏ်းပင် မိုဝူကျိအား ရန်စရဲတော့မည် မဟုတ်ချေ။

စူးခရာအင်မော်တယ် မြို့ဟောင်း၌ လွန်ချိုက်က အထက်ဘုံ၏ တမန်တော်ကိုယ်တိုင် မိုဝူကျိ၏ မဟာဓားလမ်းစဉ်ဂိုဏ်း ဖျက်စီးမှုအား သတိပေး၍ မေ့မေ့ပျောက်ပျောက် ထားခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ မိုဝူကျိ၏ ဖင်းဖန်မှာ အရမ်းကြောက်ဖို့ ကောင်းလွန်းနေသည်။

“ ဂိုဏ်းချုပ်မိုလား … ဘယ်ဂိုဏ်းကိုများ ဦးဆောင်နေတာလဲ။ ဒီကိုယ်တော်က မကြားလိုက်ရပါ့လား ” တာ့နဉ် အမည်ရှိ  ဆရာတော်က မိုဝူကျိအား နားမလည်စွာ ကြည့်လိုက်သည်။ သူက လွန်ချိုက်အား အနည်းငယ် ခြောက်လန့်နိုင်သော မိုဝူကျိကို စိတ်ဝင်စားနေမိသည်။

“ ကျုပ်က ကျောင်းတော်တစ်ခု တည်ထောင်ထားတာ သိပ်မကြာသေးပါဘူး။ ဒီက အင်မော်တယ်ရောင်းရင်းက မကြားဖူးသေးဘူးဆိုတာ ပုံမှန်ပါပဲ ” မိုဝူကျိအနေနှင့် ထိုသို့အင်အားကြီး တာ့နဉ်က မည်သည့်နေရာမှ ရောက်လာတာလဲဟု သိချင်နေမိသည်။ သို့သော်လည်း ဤလူမှာ ဆံပင် ရှည်ရှည် ရှိနေသော်လည်း သူ့ကိုယ်သူ ဗုဒ္ဓဘုန်းကြီးတစ်ပါးဟု သုံးစွဲနေရဲသည်။

နယ်လှည့် ဆရာတော်များကို ဗုဒ္ဓဘုန်းကြီးတစ်ပါး အဖြစ် ယူဆ၍ ရသော်လည်း မိုဝူကျိက ဤတာ့နဉ်မှာ ထိုသို့ မဟုတ်ကြောင်း ခံစားမိနေသည်။

တာ့နဉ်က မိုဝူကျိ၏ အသစ်စက်စက် ကျောင်းတော်အကြောင်း ဆက်မမေးတော့ဘဲ တခြားတစ်ခု မေးလိုက်၏  “ ဒကာလေးကရော လွန်ချိုက်ကို လာပြဿနာရှာတာလား။ အဲဆို ကိုယ်တော်တို့ ပူးပေါင်းကြမလား ”

မိုဝူကျိက မတုံ့ပြန်နိုင်လိုက်ခင် လွန်ချိုက်က ဒေါသတကြီး အော်ဟစ်လိုက်သည်

“ ဘုန်းကြီးတာ့နဉ် … ခင်ဗျားတပည့် ယီနဉ် ပျောက်သွားတာ ကျုပ်နဲ့ မဆိုင်ဘူးဆိုတာ ဘယ်နှကြိမ် ပြောရမှာလဲ။ ကျုပ်နဲ့ တကယ်တိုက်ချင်တယ်ဆိုရင်လည်း ကျုပ်တို့ အနှောင်အဖွဲ့ကင်းနန်းတော်က ခင်ဗျားတို့ သတ္တမဟာဘုန်းကြီးကျောင်းကို ကြောက်နေမှာ မဟုတ်ဘူး ”

လွန်ချိုက်က သူ့ရိုးသားမှုကို တာ့နဉ်ဆီ ရှင်းပြနေစဉ် သူက မိုဝူကျိကိုသာ ဆက်လက် စိုက်ကြည့်နေလေ၏။ သူ့အတွက် တာ့နဉ် မဟုတ်ဘဲ မိုဝူကျိက သူ့ အနှောင်အဖွဲ့ကင်းနန်းတော်ကို အန္တရာယ်အဖြစ်စေနိုင်ဆုံးသူ ဖြစ်ပေသည်။

သတ္တမဟာဘုန်းကြီးကျောင်းက သူ့ အနှောင်အဖွဲ့ကင်းနန်းတော်အား သွေးဖြင့် ဆေးချဖို့ရာ မတတ်နိုင်သော်လည်း  သူ့ရှေ့တွင် ရှိနေသော ဂိုဏ်းချုပ်မိုက လုပ်နိုင်လေသည်။ လွန်ချိုက်က မိုဝူကျိအား နက်နက်ရှိုင်းရှိုင်းကို ကြောက်ရွံ့နေမိသည်။  သူက မိုဝူကျိ အရွယ်ရောက်လာသည်ကို ကြည့်ရှုခဲ့ရသည်ဟု ပြောလျှင်ပင် ရ၏။ အစက သူသည် မိုဝူကျိအား ခြိမ်းခြောက်နိုင်သော်လည်း အဆုံးသတ်၌ မိုဝူကျိသည် သူနှင့် အနှောင်အဖွဲ့ကင်းနန်းတော်အား မျက်လုံးထဲပင် မထည့်ကြောင်း သတိပြုမိလိုက်တော့သည်။

မိုဝူကျိက ထိုဆရာတော်၏  အကျင့်စရိုက်မှာ အနည်းငယ် ရယ်ဖို့ကောင်းကြောင်း တွေးလိုက်မိသည်။ သူ့နာမည်မှာ တာ့နဉ် ဖြစ်ကာ သူတပည့် နာမည်မှာ ယီနဉ် ဖြစ်နေ၏။

(မှတ်ချက် - တာ့ = ကြီးမားသော၊ ယီ(ယိ/ရိ) = တစ် ……  ယီနဉ်မှာ တာ့နဉ်၏ တပည့် ဖြစ်သောကြောင့် ဒုတိယမြောက်တပည့်မှာ အာ(နှစ်)နဉ်များလား …  )

မိုဝူကျိက ဘုန်းကြီး ယီနဉ်နှင့် ကျိုးပျက်ကမ္ဘာ တတိယမြောက်အလွှာ၌ တွေ့ဖူးပြီး ယီနဉ်က သူ့အား အတူတူ သောက်ဖို့ရာပင် ဖိတ်ကြားခဲ့ဖူး၏။

“ ဒကာလေး လွန်ချိုက်က အကြာကြီး ကျင့်ကြံလာပြီးတော့ အခုကျ စကားကို ကတ်သီးကတ်သပ် ပြောနေပါ့လား။ ဒကာလေးတို့ အနှောင်အဖွဲ့ကင်းနန်းတော် အဖွဲ့ဝင်တွေက ကျုပ် တပည့်ကို သတ်ဖို့ ကြိုးစားပြီးတော့ မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ထဲ ရောက်သွားဖို့ အတင်းကျပ် လုပ်လိုက်တာ မဟုတ်ဘူးလား ” တာ့နဉ်က ဒေါသတကြီး ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ဗုဒ္ဓ ခုနှစ်သွယ်ကျိုင်းအား ဝှေ့ယမ်းလိုက်သည်။

တစ်ချက်ဝှေ့ယမ်းရုံဖြင့် မိုဝူကျိက ပြင်းထန်လှသော စွမ်းအားများကို ခံစားမိလိုက်သည်။ အနှောင်အဖွဲ့ကင်းနန်းတော် အပြင်ဘက်ရှိ အဆင့် ၆ အင်မော်တယ်အပင် နှစ်ပင်က ကျိုးကြေတော့မည့်အလား ယိမ်းယိုင်းလာလေ၏။

လွန်ချိုက်၏ အမူအယာမှာ ပြောင်းလဲသွားပြီး ရေသလင်းကျောက်တစ်ခု ထုတ်ကာ ပြောလိုက်သည်  “ ခင်ဗျားရဲ့ တပည့်က ကျုပ်လူတွေကြောင့် မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ ဝင်သွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ် အဲဒါကို မသိလိုက်ရပါဘူး။ ဒါက ကျုပ်တပည့်တွေ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲက ဝဲကတော့ထဲ ပါသွားတဲ့အကြောင်း မှတ်တမ်းတင်ထားတဲ့ဟာပါ …. ”

ရေသလင်းကျောက်လေး၌ ဝဲကတော့ မုန်တိုင်းတစ်ခုကို ပြသနေပြီး ထိုအတွင်း လူများစွာ ရှိနေလေ၏။ မိုဝူကျိက ယီနဉ်ကို သတိထားမိလိုက်ပြီးနောက် ဝဲကတော့အတွင်းမှ လူတချိုကိုလည်း မှတ်မိလိုက်သည်။ ခဏအကြာတွင် ထိုလူများမှာ ဝဲကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိ၏ အမူအယာမှာလည်း ပြောင်းလဲသွားလေ၏။ သူက လင်းဂူ နောက်ကျောဘက်နှင့် ဆင်တူသည့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ နောက်တစ်ယောက်မှာလည်း အမျိုးသမီးနှင့်တူကာ လင်းဂူ၏ ခန္ဓာကိုယ်နှင့် ကာထား၏။

အကယ်၍ လင်းဂူနှင့် အတူတူ ရှိနေသည့် အမျိုးသမီးဆိုလျှင် ချိန်စုယင် ဖြစ်မနေဘူးလား …..

“ လွန်ချိုက် …. ခင်ဗျားက တကယ့်ကို လူအိုကြီးပဲ။ ခင်ဗျားလူတွေက ကျုပ်ဇနီးနောက်ကို လိုက်ပြီးတော့ သူမကို ဝဲကတော့ထဲ တွန်းပို့လိုက်တယ်ပေါ့လေ ” မိုဝူကျိက လက်ကို မြှောက်လိုက်သည့်အခါ လခြမ်းကွေး ပုဆိန်လှံရှည် ပေါ်လာသည်။

လွန်ချိုက်က အေးစက်စွာ ပြောလိုက်သည်

“ မိုဝူကျိ … ငါ့ အနှောင်အဖွဲ့ကင်းနန်းတော်က မင်းတို့ဖင်းဖန်နဲ့ ယှဉ်လို့ မရပေမဲ့ ငါ လွန်ချိုက်က မင်းကို အနိုင်ကျင့်ဖို့ ရောက်နေတာ မဟုတ်ဘူး။ ငါက မင်းရဲ့ စိမ်ခေါ်မှုတွေကို အမြဲတမ်းလက်ခံဖို့ အသင့်ပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ရှာချင်ရင်တော့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ အကြံပေးလိုက်မယ် ”

လွန်ချိုက်၏ လေသံမှာ အရမ်းမောက်မာနေဟန် ပေါ်သော်လည်း အမှန်တရားမှာ သူက မိုဝူကျိအနေနှင့် သူ့ အနှောင်အဖွဲ့ကင်းနန်းတော်အား လာရင်မဆိုင်ဖို့ရာ မျှော်လင့်မိနေသည်။ သူက မိုဝူကျိကို ထွက်သွားဖို့ရာ အကြံပေးလိုက်ပြီးနောက်  ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်နှင့် လျှပ်စီးဂိုဏ်းတို့နှင့် ပူးပေါင်းရန် တောင်းဆိုရလိမ့်မည်။

မိုဝူကျိက နားလည်သွားပြီး လွန်ချိုက်အား စိုက်ကြည့်ကာ

“ လွန်ချိုက် …. ခင်ဗျားရဲ့ လူတွေက လင်းဂူနဲ့ ချိန်စုယင်နောက် လိုက်တုန်း ယီနဉ်က တွေ့သွားတာမလား။ အဲဒီနောက်ကျ ခင်ဗျားလူတွေက ယီနဉ်ကို သတ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ သူတို့က မဟာကင်းမဲ့ပင်လယ်နယ်ပယ်ရဲ့ ဝဲကတော့နဲ့ တွေ့သွားရတယ် … ဟုတ်တယ်မလား  ”

လွန်ချိုက်က မိုဝူကျိဆီမှ ဝှက်ထားဖို့ရာ အသုံးမဝင်ကြောင်း သိလိုက်၍ ရိုးရိုးသား ပြန်ဖြေလိုက်သည်

“ ဟုတ်တယ်။ အဲလို ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့  ငါက ဖြစ်ခဲ့တာတွေကို မသိခဲ့ဘူး။ ငါ့လူတွေက ငါ့ကို ကျေနပ်စေချင်တဲ့ မျှော်လင့်ချက်နဲ့ လုပ်ခဲ့ကြတာ …. ငါ လွန်ချိုက်က မင်းတို့ အနှောင်အဖွဲ့ကင်းနန်းတော်ကို လာတိုက်ရင်တောင် ကြောက်နေမှာ မဟုတ်ဘူး။ လာစမ်းပါ … ”

“ အဲနေရာကို အတိအကျပြောပြစမ်း ….” တာ့နဉ်က ဇာတ်ကြောင်းကို ကြားသောအခါ ဒေါသထွက်လာလေ၏။ အကယ်၍ သူ့တပည့် ရှာဖို့ရာ စိတ်အားထက်သန်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူက တိုက်ခိုက်မိမည် ဖြစ်၏။

လွန်ချိုက်က လက်ဖဝါးဖြန့်လိုက်သည့်အခါ အပူဓာတ်ပြင်းနေသော တိုင်လုံးတစ်လုံး ပေါ်လာလေ၏။ သူက ဤကိစ္စမှာ တိုက်ခိုက်ခြင်းမရှိဘဲ မဖြေရှင်းနိုင်တော့မှန်း သိသောကြောင့် သူ့မှော်ရတနာကို ထုတ်ယူလိုက်ခြင်း ဖြစ်ပေသည်

“ ကျုပ် ညွှန်ကြားခဲ့တာမှ မဟုတ်တာ နေရာကို ဘယ်လိုလုပ် သိမှာလဲ ”

“ အင်မော်တယ်ရောင်းရင်းမို …. ကိုယ်တော်တို့ အတူတူ ပူးပေါင်းပြီးတော့ ဒီ အနှောင်အဖွဲ့ကင်းနန်းတော်ကို ဖျက်စီးပစ်ရင် မကောင်းဘူလား ” တာ့နဉ်၏ သတ်ဖြတ်လိုစိတ်က အဆုံးအစွန်အထိ ထွက်ပေါ်လာသော်လည်း လွန်ချိုက်ကို တစ်ယောက်တည်း မထိန်းထားနိုင်မှန်း သိ၍ မိုဝူကျိပါ အဖော်ခေါ်နေခြင်း ဖြစ်ပေသည်။

မိုဝူကျိက လွန်ချိုက်သည် အမှန်အတိုင်း ပြောနေမှန်း သိသည့်အတွက် စိုးရိမ်နေမိသည်။ အကြောင်းမှာ ဤဝဲကတော့ကြီးက အင်မော်တယ်လောကမှ ထွက်သွားနိုင်သည့် လမ်းကြောင်း ဖြစ်နေသည်။

သူက ဝူပန်မောင်နှံဆီမှ ကြားလာခြင်း ဖြစ်ကာ ကျော့ဖျင်အန်းလည်း ထိုအနီးတဝှက် ပျောက်ကွယ်သွားပေသည်။ ထို့ကြောင့် ဤတစ်ကြိမ်နှင့်ဆိုလျှင် ထိုဝဲကတော့ထဲ ဝင်သွားသည့်သူထဲ ချိန်စုယင်ပါ ပါနေကြောင်း ကြားလိုက်ရသည်။

သူက ချိန်စုယင်အား ရှာဖို့ရာ စိတ်အားထက်သန်နေမိသည်။

တစ်ဖက်တွင် မည်သည့်အရာများ စောင့်ကြိုနေမလဲဆိုတာ မည်သူ သိမည်နည်း။

“ အင်မော်တယ်ရောင်းရင်း တာ့နဉ် … ကျုပ် အဲဒီနေရာကို သိတယ်။ ကျုပ်တို့တွေ အနှောင်အဖွဲ့ကင်းနန်းတော်ကို အချိန်မရွေး လာပြီး ဖျက်စီးလို့ ရပါတယ်။ ဒါပေမဲ့ အခုတော့ တစ်ယောက်ယောက်ကို ကယ်ဖို့ အရေးကြီးနေတယ် ” မိုဝူကျိက တာ့နဉ်ဆီ စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။

တာ့နဉ်က မိုဝူကျိသည် ထိုနေရာကို သိကြောင်း ကြားသောအခါ ချက်ချင်း ကျေနပ်သွားပြီး  “ ကောင်းပြီလေ … အခု သွားကြစို့ ”

မိုဝူကျိကို ပြန်ဖြေပြီးနောက် သူက လွန်ချိုက်ဘက်  တံ့တွေးလှည့်ထွေးလိုက်ပြီး

“ ဒကာကြီးက ကိုယ့်ဘာသာ အားအကောင်းဆုံးလို့ ထင်နေတာကို ကိုယ်တော်တော့ အတော်လေး စိတ်ကုန်နေပြီ။ တစ်ရက်ရက်ကျ ဒီနေရာကို လာဖြိုချဖို့ ပြန်လာဦးမယ် … ”

***

All Chapters