ဗုဒ္ဓ ပဋိကကျမ်း
Vol. 54 Ch. 743
“ မိုဝူကျိ … ကိုယ်တော်ကို ညာနေတာတော့ မဟုတ်ဘူးမလား။ အဲဒီနေရာကို တကယ်သိလို့လား ” အနှောင်အဖွဲ့ကင်းနန်းတော်မှ ထွက်လာပြီးနောက် ဘုန်းကြီးတာ့နဉ်က စိုးရိမ်တကြီး မေးလိုက်သည်။
အကယ်၍ တခြားနေ့ရက်သာ ဖြစ်နေလျှင် မိုဝူကျိက တာ့နဉ်နှင့် ပို၍ ရင်းရင်းနှီးနှီး ဆက်ဆံမည် ဖြစ်ကာ သူ့နာမည်မှာ အဘယ်ကြောင့် တာ့နဉ် ဖြစ်နေပြီး တပည့် နာမည်မှာ ယီနဉ် ဖြစ်နေသည့်အကြောင်းကိုလည်း မေးဖြစ်လောက်၏။ သို့သော်လည်း မိုဝူကျိက ယခုဤသို့စိတ်အခြေအနေ မဟုတ်ပေ။ သူလည်း စိုးရိမ်နေမိသည်။ အကယ်၍ ချိန်စုယင်နှင့် လင်းဂူတို့ အင်မော်တယ်လောကမှ ကျင့်ကြံရေးကမ္ဘာဆီ ရောက်သွားလျှင် အဆင်ပြေမည် ဖြစ်သော်လည်း အကယ်၍ ပိုမြင့်မားသော ကမ္ဘာ ဒါမှမဟုတ် နယ်ခြားမျိုးနွယ်စု၏ တည်နေရာဆီသာ ရောက်ရှိသွားပါက သူတို့အတွက် မကောင်းနိုင်ချေ။
စုကျီအန်းနှင့် ဝေကျီတောက်တို့အား သူ ခဏထွက်သွားမည် ဖြစ်ကြောင်း အကြောင်းကြားပြီးနောက် မိုဝူကျိက စိတ်ဒုက္ခရောက်နေလေ၏။ ဘုန်းကြီးတာ့နဉ်၏ မေးခွန်းကိုတော့ သူက စိတ်မပါတပါဖြင့်သာ ပြန်ဖြေလိုက်သည်။
တည်ထောင်ပြီးခါစ ဖြစ်သော်လည်း ဖင်းဖန်တွင် အင်မော်တယ် ဧကရာဇ်တချို့ ရှိနေသောကြောင့် အင်မော်တယ်လောက၌ ခြေကုပ်နေရာ ရဖို့ရာ ပြဿနာ မဟုတ်ချေ။
ဘုန်းကြီးတာ့နဉ်က မိုဝူကျိ စကားမပြောချင်ကြောင်း သတိပြုမိ၍ သူလည်း ပါးစပ်သာ ပိတ်နေလိုက်တော့သည်။ သူ့စိတ်ထဲ၌ မိုဝူကျိ၏ အမြန်နှုန်းနှင့် သက်လုံကို ကြည့်ကာ အံ့အားသင့်မိနေသည်။
သူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးကြောင်း ခန့်မှန်းမိပေရာ လွန်ချိုက် ကြောက်ရွံ့နေသည့် အကြောင်းအရင်းမှာ မိုဝူကျိနောက်တွင် အင်မော်တယ်ဂိုဏ်းရှိနေ၍ဟု ထင်မှတ်မိခဲ့သည်။
မဟာကင်းမဲ့ ပင်လယ်နယ်ပယ်ဆီ သူက မိုဝူကျီနောက်မှ လိုက်လာပြီးနောက် သူက သူ့မှန်းဆချက်များ စတင်သံသယဝင်လာမိသည်။ ဘုန်းကြီးတာ့နဉ်၏ ကျင့်ကြံဆင့်နှင့် အလျှင် ကျင့်စဉ်နှင့်ပင် သူက မိုဝူကျိနောက်မှ လိုက်ဖို့ရာ အားများစွာ စိုက်ထုတ်ရသေး၏။ မဟုတ်လျှင် သူက နောက်၌ အလွယ်တကူ ကျန်နေခဲ့မည် ဖြစ်ပေသည်။ သဘောတရားအရဆိုရလျှင် မိုဝူကျိ၏ အမြန်နှုန်းမှာ အချိန်အတော်ကြာပြီးနောက် နှေးကွေးသွားသင့်ပေသည်။
သို့သော်လည်း ဘုန်းကြီးတာ့နဉ်က မည်မျှ ကြာမြင့်သွားစေကာမူ မိုဝူကျိ၏ အမြန်နှုန်းမှာ တစက်လေးမှ နှေးကျသွားခြင်း မရှိပေ။ ကူးသန်းရေး အစီအရင်အတွင်း ခဏထိုင်ကာ အသက်ရှုရုံအပြင် မိုဝူကျိက အမြန်ဆုံးနှုန်းနှင့် ဆက်တိုက် သွားလာနေသည်။
“ မိုဝူကျိ …. ဒကာလေးရဲ့ လေလွတ်မြောက်ရေး နည်းစနစ်က အရမ်းကို အံ့ဩဖို့ ကောင်းတယ်။ ကိုယ်တော်ကို သင်ပေးနိုင်မလား ” အနောက်ပိုင်းကျုံးပင်လယ်ဆီ ရောက်ရှိပြီးနောက် ဘုန်းကြီးတာ့နဉ်က မမေးဘဲ မနေနိုင်တော့ချေ။
မိုဝူကျိပင် ပြောစရာဆွံ့အသွားလေ၏။ ထိုဆရာတော်က တစ်ခြားတစ်ယောက်၏ လျို့ဝှက်ပညာရပ်ကို သင်ကြားပေးရန် ပုံမှန်အတိုင်း ပြောဆိုနေလေ၏။
သူက တာ့နဉ်နှင့် စကားများများ မပြောခဲ့သော်လည်း မိုဝူကျိက ထိုဆရာတော်မှာ မည်သို့လူစားမျိုး ဖြစ်ကြောင်း အကြမ်းဖျင်း နားလည်ပြီးလေပြီ။ သူက ပြန်ဖြေလိုက်လေ၏ “ အဲဆို ဆရာတော်ရဲ့ သတ္တမဟာ ဘုန်းကြီးကျောင်းရဲ့ အမွေအနှစ်က ဘာများလဲ … ”
“ သတ္တ မဟာဘုန်းကြီးကျောင်းလား … အင်မော်တယ်လောကထဲမှာ ဒကာလေးကလွဲရင် အကုန်သိကြတယ်လေ။ ဒကာလေးက အသိတရားနည်းပါးလှချည်လား …” ဘုန်းကြီးတာ့နဉ်က တအံ့တဩဖြင့် ပြောလိုက်၏။
မိုဝူကျိက မျက်နှာတည်ကြီးဖြင့် ခေါင်းညိတ်ပြကာ
“ အခု သိပြီ။ ဗုဒ္ဓ ပိဋကကျမ်းပေါ့။ အဲဒီ ဗုဒ္ဓ ပဋိကကျမ်းက အရမ်းကို အံ့ဩဖို့ ကောင်းတာပဲ။ ကျုပ်ကြားတာတော့ ဗုဒ္ဓလောကတစ်ခုလုံးမှာ နံပါတ်တစ် ဗုဒ္ဓကျမ်းလို့ ကြားထားတယ် ”
မိုဝူကျိက ဗုဒ္ဓပဋိက ကျမ်းကို မကြားဖူးသော်လည်း သတ္တမဟာဘုန်းကြီးကျောင်း၏ နာမည်ကိုတော့ ကြားဖူးပေသည်။ ဗုဒ္ဓနယ်မြေ၌ ထိပ်တန်းအင်မော်တယ်ကျောင်းများမှ တစ်ခုဖြစ်ကြောင်း ကြားဖူး၏။ ဤသို့မျိုးကျောင်းတော်၏ အမွေအနှစ်မှာ သေချာပေါက် ထူးခြားပေလိမ့်မည်။
တာ့နဉ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏
“ ဒါကတော့ ပြောနေဖို့ မလိုပါဘူး။ ဗုဒ္ဓပဋိကကျမ်းက အင်မော်တယ်လောကတခွင် အရမ်းကို ကျော်ကြားတာပေါ့။ ဗုဒ္ဓနယ်မြေတင် မကဘူးလေ။ ဒါနဲ့ ဗုဒ္ဓဘာသာရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးသွယ်အကြောင်း ကြားဖူးလား ”
မိုဝူကျိက စိတ်ဝင်စားလာကာ “ မဟာခွန် ဗုဒ္ဓမီးအိမ်က တတိယအဆင့်လို့တော့ ကြားဖူးပေမဲ့ ကျန်တဲ့နှစ်ခုအကြောင်းကိုတော့ မသိပါဘူး ”
ဘုန်းကြီးတာ့နဉ်က ရယ်မောကာ “ ပထမတစ်ခုက ဗုဒ္ဓကြာကလပ်၊ ဒုတိယတစ်ခုက ကျုပ်တို့ သတ္တမဟာဘုန်းကြီးကျောင်းရဲ့ ဗုဒ္ဓပဋိက ကျမ်းလေ … ”
အစပိုင်းတုန်းက မိုဝူကျိသည် သတ္တမဟာ ဘုန်းကြီးကျောင်းမှာ အမွေအနှစ်ကောင်းကောင်း ရှိသည်ဟု တွေးမိရုံမျှ ဖြစ်သော်လည်း ဗုဒ္ဓရတနာသုံးသွယ်ထဲမှ တစ်ခုအပါအဝင် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။ သတ္တမဟာဘုန်းကြီးကျောင်းမှာ နာမည်ကျော် ဂိုဏ်းဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ မိုဝူကျိက ဗုဒ္ဓပဋိက ကျမ်းမှာ မှော်ရတနာ ဟုတ်လား၊ မဟုတ်လား သေချာမသိပေ။ သို့သော် မိုဝူကျိက အမွေအနှစ်ရတနာအနေနှင့် ထိုဗုဒ္ဓ ပဋိကကျမ်းမှာ တခြားနှစ်ခုထက်စာလျှင် ဂိုဏ်းအမွေအနှစ်ဖြစ်ဖို့ရာ ပို၍ သင့်တော်ကြောင်း ခံစားမိလေ၏။
“ အဲဆို ကျုပ်ကို သတ္တမဟာဘုန်းကြီးကျောင်းရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းလို့ရလား။ ကျုပ်က ပုံပွားမလိုဘူး။ အထဲက အကြောင်းအရာသိရရင် ရပြီ ” မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်။
ဘုန်းကြီးတာ့နဉ်က မျက်လုံးပြူးကာ
“ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ အဲဒီ ဗုဒ္ဓ ပဋိကကျမ်းက ဆရာတော်တို့ သတ္တမဟာဘုန်းကြီးကျောင်း ဖြစ်လာစေတဲ့အရာလေ။ လေလွတ်မြောက်ရေး နည်းစနစ်နဲ့ မတူဘူးလေ”
“ အိုး …” မိုဝူကျိက တစ်လုံးတည်းသာ ပြောပြီး ဆက်မပြောတော့ပေ။
ဘုန်းကြီးတာ့နဉ်က မိုဝူကျိသည် တုံ့ပြန်မှုမရှိကြောင်း သိသည့်အခါ ညင်ညင်သာသာ ပြောလိုက်သည်
“ မိုဝူကျိ … ဆရာတော်တို့ လျို့ဝှက်ချက်အဖြစ် ထားကြမယ်လေ။ ဆရာတော်က ဒကာလေးကို အဲဒီအကြောင်း ပြောတယ်ဆိုတာကို တခြားသူဆီ မပြောပြရဘူး။ အဲလိုရလား ”
ယခင် မိုဝူကျိက စနောက်နေခြင်းသာ ဖြစ်ပေသည်။ သူက ဘုန်းကြီးတာ့နဉ်မှာ သတ္တမဟာဘုန်းကြီးကျောင်း၏ အမွေအနှစ်ကို ပြောပြလိမ့်မည် မဟုတ်ကြောင်း သိနေ၍ ဖြစ်သည်။ ထို့အပြင် မိုဝူကျိကလည်း ဗုဒ္ဓတာအိုကို သင်ယူရန် မရည်ရွယ်ထားပေ။ သူက ဤဆရာတော်သည် သူနှင့် အလဲအလှယ် လုပ်လိမ့်မည်ဟု မထင်ထားပေ။
သူက ဘယ်လောက်တောင် ရဲနေပါ့လိမ့်
ဗုဒ္ဓပဋိကကျမ်း၏ ပါဝင်အကြောင်းအရာမှာ မူလပုံပွားမဟုတ်လျှင်ပင် အံ့အားသင့်စရာ ဖြစ်နေဆဲ ဖြစ်၏။ နှစ်ဦးနှစ်ဖက် လဲလှယ်မှု ဖြစ်သောကြောင့် ဘာကြောင့် အရှုံးခံရမည်နည်း။ သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ သူ့တာအို အသိဉာဏ်ပွင့်လမ်းကြောင်းကြောင့် ထူးခြားသည့် လျို့ဝှက်ပညာရပ်အဖြစ် ထပ်ဆင့်တိုးမြင့်သွားသော်လည်း အင်မော်တယ်လောက၌ မည်သည့်လျို့ဝှက်ပညာရပ်ထက် နိမ့်ကျခြင်း မရှိပေ။ မိုဝူကျိက သူလေလွှတ်မြောက်ရေး နည်းစနစ်နှင့် ဗုဒ္ဓပဋိကကျမ်းကို လဲလှယ်ရန် ဆန္ဒရှိပေသည်။
မိုဝူကျိက တုံ့ဆိုင်းမနေတော့ဘဲ သူ့လေလွတ်မြောက်ရေး နည်းစနစ်အား ကျောက်စိမ်းပေလွှာ၌ ချဆွဲပေးလိုက်ကာ ဘုန်းကြီးတာ့နဉ်ဆီ ပေးလိုက်သည်။ တာ့နဉ်က စိတ်စွမ်းအားဖြင့် ဖတ်ရှုပြီးနောက် နားရွက်ချိတ်မတတ် ပြုံးလာခဲ့၏။
“ တကယ်ကြီး လေကို ဆင့်ခေါ်နိုင်တာပဲ … အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်။ အံ့ဖွယ်ပဲ ….” တာ့နဉ်က အံ့အားသင့်စရာကောင်းကြောင်းသာ ဆက်တိုက် ရေရွတ်နေပြီး မိုဝူကျိအား ဗုဒ္ဓပဋိက ကျမ်း ပေးဖို့ရာ လုံးလုံးလျားလျား မေ့လျော့နေလေ၏။
မိုဝူကျိက လုံးလုံး မစိုးရိမ်ဘဲ အမြန်နှုန်းကို တိုးလိုက်တော့သည်။ ဘုန်းကြီးတာ့နဉ်က အားစိုက်ပြီးနောက် ရိုးရိုးရှင်းရှင်း ကျောက်စိမ်းပေလွှာကို မိုဝူကျိဆီ ပေးလိုက်၏ “ မိုဝူကျိ … ဒါက ဗုဒ္ဓပဋိကကျမ်းပဲ။ ကိုယ်တော်တို့ သွားတုန်း ကြည့်ကြည့်ပေါ့။ ဆရာတော်က ပြခဲ့တယ်ဆိုတာကို တခြားဘယ်သူကိုမှ ပြန်မပြောဖို့ မမေ့နဲ့ဦးနော် ”
မိုဝူကျိက ဗုဒ္ဓပဋိကကျမ်းကို မကြည့်ဘဲ အတားအဆီးတစ်ခုသာ ချထားလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲ ထည့်ကာ
“ ဆရာတော် .. ဗုဒ္ဓပဋိကကျမ်းကလည်း မှော်ရတနာမလား။ နောင် သတ္တမဟာဘုန်းကြီးကျောင်းကို ရောက်တဲ့အခါကျ လာကြည့်လို့ ရမလား ”
ဘုန်းကြီးတာ့နဉ်က ခေါင်းခါကာ “ မဖြစ်ဘူး …. မရဘူးလေ”
သူက ပြောလိုက်ရင်း လက်ထဲမှ လေလွတ်မြောက်ရေး နည်းစနစ်ကို သိမ်းထားလိုက်လေ၏။ သူက မိုဝူကျိသည် စကားကို ပြန်ရုတ်သိမ်းပြီး သူနှင့် မလဲလှယ်တော့မည်ကို စိုးရိမ်နေမိသည်။
မိုဝူကျိလည်း မဖြစ်နိုင်မှန်း သိပေသည်။ မိုဝူကျိက ဘုန်းကြီးတာ့နဉ်အား ဗုဒ္ဓပဋိကကျမ်း၏ ထင်ရှားသည့် လက္ခဏာများအကြောင်း မမေးမြန်းခင် ဘုန်းကြီးတာ့နဉ်က တီးတိုးပြောလာလေ၏
“ မိုဝူကျိ …. ဒကာလေးကို တစ်ခုပြောပြမယ်။ တကယ်တော့ ဗုဒ္ဓပဋိကကျမ်းတွေက ပျောက်နေတာကြာပြီ။ သတ္တမဟာဘုန်းကြီးကျောင်းမှာ မရှိတော့ဘူး ”
“ ပျောက်ဆုံးသွားတာ တကယ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မူရင်းကို အရယူဖို့ စိတ်ကူးမရှိပါဘူး ” မိုဝူကျိက ဘုန်းကြီးတာ့နဉ်၏ ခိုးကြောင်ခိုးဝှက် အပြုအမူကို ကြည့်ကာ သူ့စကားများက အမှန်လား၊ အမှားလား ဆက်၍ အာရုံမစိုက်တော့ပေ။
တာ့နဉ်က သူ့အား ရိုးသားဖြောင့်မတ်သည့် လူတစ်ယောက် ဖြစ်ကြောင်း ခံစားချက်ကို ပေးစွမ်းနေသော်လည်း မိုဝူကျိက ထိုလူသည် အကြံများသည့်သူ ဖြစ်ကြောင်း သေချာနေသည်။
“ ဆရာတော် … အထက်ဘုံရဲ့ တမန်တော်က ကြယ်ကိုးလုံး ပါရမီရှင်တွေ လာရွေးတုန်းက ဆရာတော်ရဲ့ တပည့် ယီနဉ်လည်း ပါတယ်လို့ ကြားလိုက်ရတယ်။ သူက အတူတူ လိုက်မသွားဘူးလား ” မိုဝူကျိက ခေါင်းစဉ်ပြောင်း မေးလိုက်သည်။
မိုဝူကျိ၏ မေးခွန်းကို ကြားပြီးနောက် ဘုန်းကြီးတာ့နဉ်၏ အမူအယာမှာ ပြောင်းလဲသွားပြီး
“ သူ အထက်ဘုံကို သွားရမဲ့အခွင့်အရေး လွန်ချိုက်ကြောင့် ပျောက်ဆုံးသွားတာသာ မဟုတ်ရင် ယီနဉ်က အင်မော်တယ်ဘုရင်အဆင့် ရောက်နေလောက်ပြီ။ မိုဝူကျိ … တကယ်လို့ ကိုယ်တော် လွန်ချိုက်ဆီသွားပြီးတော့ သင်ခန်းစာသွားပေးရင် အတူတူ လိုက်မလား ”
“ အတူတူ သွားကြတာပေါ့။ ဒါပေမဲ့ အခု ကျုပ်တို့ အခု ဒီရောက်နေပြီ ” မိုဝူကျိက ရပ်တန့်လိုက်သည်။
“ ဒီနေရာလား ” တာ့နဉ်က သာမာန်ပုံစံပေါ်နေသည့် ပင်လယ်ကြီးအား ကြည့်ကာ မိုဝူကျိအား နားမလည်စွာ မေးလိုက်သည် “ ဒီမှာ ဘာမှမရှိဘူးလေ။ ဒီနေရာဆိုတာ သေချာရဲ့လား ”
“ သေချာတယ်။ ကျုပ်တို့ ခဏ ထပ်စောင့်ဖို့ လိုတယ် ” မိုဝူကျိက ယုံကြည်စွာ ပြောလိုက်၏။ သူက ဤလမ်းကြောင်းမှာ အစီအရင်အလံများကြောင့် ပွင့်လာသည်ဟု ခန့်မှန်းမိသော်လည်း ရေသလင်းကျောက်၌ နေရာကိုသာ ပြထားလေသည်။
ဘုန်းကြီးတာ့နဉ်က မိုဝူကျိသည် သူ့ကို လိမ်ညာနေခြင်း မဟုတ်ကြောင်း ယုံ၍ သူ့သင်္ဘောပျံပေါ် တက်နေလိုက်သည်။ ထို့နောက် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်ကာ လေ့လာကြည့်နေသည်။
……………
လဝက်တာ ကုန်ဆုံးသွားသော်လည်း ပင်လယ်နယ်ပယ်မှာ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။ နက်နက်ရှိုင်းရှိုင်း အာရုံစိုက်နေသော ဘုန်းကြီးတာ့ဟွမ်ပင် တောင့်မခံနိုင်တော့ဘဲ ကျောက်စိမ်းပေလွှာကို သိမ်းကာ မိုဝူကျိအား စိုက်ကြည့်လိုက်သည် “ မိုဝူကျိ ကိုယ်တော်ကို အရူး လုပ်နေတာတော့ မဟုတ်ဘူးမလား ”
မိုဝူကျိလည်း အလွန်စိုးရိမ်နေမိသည်။ သို့သော် တာ့နဉ်အား ရှင်းပြဖို့ရာ စိတ်အခြေအနေ မဟုတ်သောကြောင့် ရိုးရှင်းစွာ ပြန်ဖြေလိုက်၏
“ တကယ်လို့ ကျုပ်က အရူး လုပ်နေတယ်လို့ ထင်ရင် အရင်ပြန်သွားလို့ ရတယ်။ ဘယ်သူကမှ စောင့်ခိုင်းမထားဘူး ”
ဘုန်းကြီးတာ့နဉ်က နေရခက်စွာ ရယ်မောလိုက်ပြီး စကားပြန်ပြောတော့မည့်ဆဲဆဲတွင် သူတို့ အနီးအနား ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာလေ၏။
ဘုန်းကြီးတာ့နဉ်၏ သတိပေးချက် မပါလျှင်ပင် မိုဝူကျိက တစ်ယောက်ယောက် ချည်းကပ်လာကြောင်း ခံစားမိလေသည်။ အကြော်းမှာ ထိုအရာက တုန်ခါမှု မဟုတ်ဘဲ သတ်ဖြတ်ငွေ့များ ဖြစ်နေ၍ ဖြစ်၏။
“ ညီလေးမို … ကျုပ်ကို ကယ်ပါဦး ”
ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရပြီးနောက် အသံပိုင်ရှင်ကို မမှတ်မိခင် ထိုအသံပိုင်ရှင်က ထပ်ပြောလာလေ၏ “ မဟုတ်သေးဘူး …. မင်းက သူ့ ပြိုင်ဖက် မဟုတ်သေးဘူး ”
ထိုသို့ပြောပြီးနောက် ထိုလူက ထွက်ပြေးဖို့ တည်နေရာကို ပြောင်းလိုက်သည်။
မိုဝူကျိက အသံပိုင်ရှင်ကို သတိရသွားကာ သူ့အား အကူအညီတောင်းနေသူမှာ သူ့ခန္ဓာကိုယ် အပြည့်အဝ ပြန်မကောင်းသေးသော်လည်း သူ့နောက်မှ လူမှာ အသားရည်မည်းမည်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ပုံပေါ်သော အမျိုးသားတစ်ယောက် ဖြစ်နေသည်။
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ပထမတိုက်ကွက်တစ်ခုတည်းဖြင့် ထိုအသားမည်းမည်း အမျိုးသားဆီ ပိုင်းဖြတ်ချလိုက်သည်။
အာကာပြင်ကို ခွဲကာ ကျဆင်းလာသော လေဟုန်ဆန်မြစ်က အသားမည်းမည်း အမျိုးသားဆီ ပြေးဝင်သွားသည်။ လေဟုန်ဆန်မြစ် ထွက်ပေါ်မလာခင် ကောင်းကင်မှ ကောင်းကင် ဖြစ်ပြီး ပင်လယ်မှာ ပင်လယ် ဖြစ်နေဆဲ ဖြစ်သည်။
လေဟုန်ဆန်မြစ်ကို ထုတ်လွတ်ပြီးနောက် တည်နေရာနှင့် ပင်လယ်တို့မှာ ငွေရောင်မြစ်အဖြစ် ပြောင်းလဲသွားပြီး ပြိုင်ဖက်ထံ အဆုံးမဲ့ရိုက်နှက်ချက်များ ရောက်ရှိသွားဟန် ပေါ်သည်။ ငွေရောင်မြစ် ပုဆိန်လှံရှည် အလင်းတန်းမှာ အရာအားလုံးကို ဖယ်ရှားပစ်လိုက်မည့် နဂါးငွေ့တန်း ဆင်းသက်လာသည့်အလား ဖြစ်၏။
အင်မော်တယ် ဧကရီဆီမှ လမ်းညွှန်မှုကို ရရှိပြီးနောက် မိုဝူကျိ၏ လေဟုန်ဆန်မြစ်မှာ ပို၍ ကြီးထွားကာ အားပြင်းလာသည်။ သူက အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသေးသော်လည်း လေဟုန်ဆန်မြစ်မှာ အဆုံးမဲ့ စွမ်းအားများ ပါဝင်နေလေ၏။
“ မိုဝူကျိ …. ဒါကလည်း အရမ်းကို အံ့ဩဖို့ ကောင်းတဲ့ လျို့ဝှက်ပညာရပ်တစ်ခုပဲ။ ကိုယ်တော် ဒါကို ကူညီပေးမယ်။ ကိုယ်တော်ကိုလည်း အဲဒါ ပြန်သင်ပေးရမယ်နော် ” တာ့နဉ်က လေဟုန်ဆန်မြစ် စီးဆင်းလာသည်ကို ကိုယ်တိုင် မြင်တွေ့ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူက သူပစ္စည်းကို ထုတ်ကာ ချက်ချင်းဆိုသလို စွမ်းအားများ ထုတ်လွှင့်နေသော အသားမည်းမည်း အမျိုးသားဆီ ခပ်ကြမ်းကြမ်း ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
***