← Chapters

အခန်း (၁၆၉) - အံ့အားသင့်ဖွယ်

Vol. 12 Ch. 169

အခန်း (၁၆၉) - အံ့အားသင့်ဖွယ်

Vol. 12 Ch. 169

အခန်း (၁၆၉) - အံ့အားသင့်ဖွယ်

ထျန်းဟဲယွမ်ဥယျာဥ်စီမံကိန်းနယ်မြေ။

ထိုစံမံကိန်းမှာ ကျင်းယန်အုပ်စု၏ အိမ်ရာမြေ ကုမ္ပဏီ ဒီနှစ်ထဲ တည်ဆောက်ခဲ့သည့် စီမံကိန်းကြီး တစ်ခုဖြစ်ပါသည်။

ထိုနေရာအား ဖျော်ဖြေရေးများ၊ အပန်းဖြေစရာများ၊ အစားအသောက်နေရာများနှင့် စျေးဝယ်နေရာများ စည်ကားသိုက်မြိုက်သော နေရာကြီးတစ်ခုအဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။

မြေကွက်တစ်ခုတည်းအတွက်ပင် ကျင်းယန် အုပ်စုက ယွမ် ၁ ဘီလီယံကျော်ကို သုံးခဲ့သည်။ နောက်ပိုင်း ကုန်ကျငွေများကြောင့် ၂ ဘီလီယံယွမ်အထိ ရောက်လာနိုင်ပါသည်။

ထိုကဲ့သို့ မဟာစီမံကိန်းကြီး အောင်မြင်သွားပါက ကျင်းယန်အုပ်စုမှာ အလွန်အကျိုးအမြတ် ရရှိလာကြမည်။

လွန်ခဲ့သော လဝက်လောက်က ထျန်းဟဲယွမ်ဥယျာဥ် စီမံကိန်းအား အဓိက အဆောက်အဦး တည်ရှိရာနေရာ ဖောင်ဒေးရှင်းတွင် ဆောက်လုပ်ရေး မတော်တဆမှုများကြောင့် အတင်းအကြပ် ရပ်နားခဲ့ရသည်။

ထိုကဲ့သို့ စီမံကိန်းကြီးအား တစ်ရက်လောက်ပင် ရပ်နားလိုက်ပါက ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဆောက်လုပ်ရေး ကိရိယာများ၊ စက်ပစ္စည်းများ၊ အလုပ်သမားခ စသည်တို့က ငွေကုန်ပေါက်များဖြစ်သည်။

နောက်တော့ ဝမ်ရွှေရှန့်က ဖုန်းရှစ်ဖန်ကို ဖိတ်ကြားခဲ့ပြီး မြေနေရာကို သေသေချာချာ စစ်ဆေးစေခဲ့သောအခါ ဖုန်းရွှေ ပြဿနာ တစ်ခုရှိနေမှန်း သိလိုက်ရပါသည်။

အစက ဆောက်လုပ်ရေး မစမီ၊ မြေအား မဝယ်ယူခင်မှာတောင် ဖုန်းရှစ်ဖန်က ဂရုတိစိုက် စစ်ဆေးပေးခဲ့ဖူးသည်။ သို့သော် ပြဿနာ မရှိခဲ့ပါ။

ဖုန်းရွှေစက်ကွင်း ပြောင်းလဲသွားရသည့် အဓိကအကြောင်းအရင်းအား ခန့်မှန်းလို့ မရပေ။ ဖုန်းရွှေကောင်းသည့် နေရာတစ်ခုက အချိန်တိုအတွင်း မိစ္ဆာနေရာတစ်ခု ဖြစ်လာနိုင်သည်။

အထူးသဖြင့် ထိုကဲ့သို့ စီမံကိန်းကြီးတွင်ဖြစ်သည်။ တောင်များကို ရွှေ့ပြီး ပင်လယ်များကို ဖြည့်ရသည်ဟု ဆိုနိုင်၏။ ထို့ကြောင့် ဖုန်းရွှေပြောင်းလဲနိုင်မှုက ပိုမို လွယ်ကူနေပါသည်။

ကားတစ်စီးကို ဧရာမ ဆောက်လုပ်ရေး နယ်မြေကြီးတစ်ခုတွင် ပါကင်ထိုးထားသည်။ သံမဏိချောင်းကြီးများစွာကိုလည်း စိုက်ထူထားကြသည်။

ဆောက်လုပ်ရေး ပစ္စည်းမျိုးစုံကို နေရာတိုင်းတွင် ချထားကြသည်။ ဆောက်လုပ်ရေး ယာဥ်များစွာကိုလည်း ပါကင်ထိုးထားကြ၏။

ယဲ့ရှောင်ချန်းက ကားထဲမှ ထွက်လာပြီး သိပ်မဝေးသည့် နေရာတစ်ခုမှ သစ်ပင်ငယ်တစ်ပင်ကို လှမ်းကြည့်လိုက်သည်။ ဆောက်လုပ်ရေး နယ်မြေကြောင့် သစ်ပင်အနည်းငယ်ကိုသာ မြင်တွေ့ရတော့သည်။

ထိုသစ်ပင်ကလည်း ဆောက်လုပ်ရေး နယ်မြေနှင့် ဝေးကွာနေသောကြောင့်သာ ဘေးလွတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုသစ်ပင်ငယ်၏ အရွက်များက ခြောက်သွေ့ကာ အဝါရောင် သန်းနေသည်။ အသက်စွမ်းအင် မရှိဘဲ သေဆုံးနေသလိုပင်။

သူသစ်ပင်ငယ်အား နူးညံ့စွာ ထိတွေ့လိုက်ပြီး ၎င်း၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်၏။

မကြာမီ သူ့မျက်နှာပေါ်တွင် အတွေးများသည့် ပုံရိပ်တစ်ခု ပေါ်လာ၏။

ဖုန်းရွှေအကြောင်းနှင့် ဒီနေရာက ဖုန်းရွှေ ပြောင်းလဲမှုအကြောင်းကို သူ မသိသော်လည်း သူ့စိတ်ဝိညာဥ်ပါရမီက သူ့ဝိညာဥ်အသိစိတ်ကို အလွန်နိုးကြားစေခဲ့ပါသည်။

ဒီဆောက်လုပ်ရေးနယ်မြေထဲသို့ ဝင်လာပြီးကတည်းက သက်တောင့်သက်သာ မရှိသည့် ခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။

အခုတော့ ဒီသေဆုံးတော့မည့် သစ်ပင်ငယ်လေးနှင့် ဆက်သွယ်ပြီးသွားသောအခါ သူ ပို၍ပင် သေချာသွားပါသည်။

"ညီအစ်ကိုဝမ် အဲ့ဒီတည်နေရာမှာ ယာယီအဆောက်အဦးတစ်ခု ဆောက်ပြီး ပလ္လင်တစ်ခု စီစဥ်လိုက်ပါ။ သားအမိ မိစ္ဆာနှင် ဘူးခွံခွက်ကို အဲ့ပေါ်တင်ထားလိုက်ပါ။ ဒီက မိစ္ဆာတွေကို နှင်ပြီး စီမံကိန်းကို အဆင်ပြေချောမွေ့စေပါလိမ့်မယ်။"

ဖုန်းရှစ်ဖန်က သိပ်မဝေးသော နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။

"မစ်စတာဖုန်း စီမံကိန်းပြီးသွားပြီ ဆိုရင်ကော..."

ဝမ်ရွှေရှန့်က မေးလိုက်သည်။

"ရှင်းပါတယ်။ စီမံကိန်း ပြီးသွားရင်တော့ ဖုန်းရွှေ အခင်းအကျင်း လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ ငါ့နည်းလမ်းနဲ့ သားအမိ မိစ္ဆာနှင်ဘူးခွံခွက်ရဲ့ ရေရှည် မိစ္ဆာနှင်မှုနဲ့ဆိုရင် ဒီမိစ္ဆာနယ်မြေကို ရှင်းလင်းဖို့ လုံလောက်မှာပါ။"

ဖုန်းရှစ်ဖန်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

ရုတ်တရက် ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး ယဥ်ကျေးစွာ မေးလိုက်သည်။ "မစ္စတာယဲ့ ငါလွတ်သွားတာများ ရှိသလား။"

ဒါက သွယ်ဝှက်သောနည်းဖြင့် သူ့အကြံဉာဏ်ကို မေးခြင်းဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက ရုက္ခဗေဒပညာရှင်ဖြစ်ပြီး ဖုန်းရွှေနှင့် ဘာမှ မသက်ဆိုင်သော်လည်း သားအမိ မိစ္ဆာနှင်ဘူးခွံခွက်ကြောင့် ယဲ့ရှောင်ချန်းကို သူအထင်မသေးရဲတော့ပါ။

ထို့အပြင် ယဲ့ရှောင်ချန်းကို သူစောင့်ကြည့်နေရင်း ယဲ့ရှောင်ချန်း တစ်ခုခုကို တွေ့သွားပုံပေါ်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"ကျွန်တော် ဖုန်းရွှေအကြောင်း သိပ်နားမလည်ပေမယ့် ပထဝီဝင်မြေကြီးနဲ့ သံလိုက်စက်ကွင်းပြောင်းလဲမှုလို့ထင်တယ်။ ဒီသစ်ပင်ကို ကြည့်ပါဦး။ တစ်ခုခု ပြောင်းလဲသွားတာမြင်လား။"

ယဲ့ရှောင်ချန်းက မေးခွန်းကို တိုက်ရိုက်မဖြေဘဲ သူ့ကို မေးခွန်းတစ်ခု မေးလိုက်သည်။

"ဒီသစ်ပင်က ဖုန်တွေနဲ့ ဖုံးနေတာ တော်တော်ကြာပြီ။ ပြီးတော့ ပတ်ဝန်းကျင် အခြေအနေကလည်း ပိုဆိုးလာလို့ သေဆုံးတော့မယ်လို့ထင်ရတယ်။"

ဖုန်းရှစ်ဖန်က ခေတ္တ လေ့လာကြည့်လိုက်ပြီး ပြောလိုက်သည်။

"အဲ့တာတင် မကသေးဘူး။ ဒီက သံလိုက်စက်ကွင်း ပြောင်းလဲမှုနဲ့လည်း သက်ဆိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်းက သေချာစွာ ပြောလိုက်သည်။

"ရှောင်ချန်း သံလိုက်စက်ကွင်းက ဘာလို့ ဒီသစ်ပင်အပေါ်မှာ သက်ရောက်မှု ကြီးမားရတာလဲ။"

ဝမ်ရွှေရှန့် ထိတ်လန့်သွား၏။

သစ်ပင်သေတော့မည် ဆိုရင်တောင် သံလိုက်စက်ကွင်းကြောင့် မဟုတ်ဘဲ အပူဒဏ်ကြောင့် ဖြစ်နိုင်ပါသည်။

ယဲ့ရှောင်ချန်း ဘာမှမပြောပါ။ သစ်ပင်ငယ်မှ သစ်ကိုင်းတစ်ကိုင်းကိုသာ ချိုးပြလိုက်သည်။

ခြောက်သွေ့နေပါသည်။

ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ သစ်ကိုင်း၏ မျက်နှာပြင်ကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ မျက်နှာပြင်မှာ မည်းနေပြီး မီးလောင်ထားသလို ဖြစ်နေသောကြောင့်ပင်။

ထိုပြောင်းလဲမှုက သစ်ပင် သေဆုံးတာလောက် မရိုးရှင်းတော့ပါ။

"အစ်ကိုကြီးဝမ် ကျွန်တော့်ကို သားအမိ မိစ္ဆာနှင်ဘူးခွံခွက် ပေးစမ်းပါဦး။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ဝမ်ရွှေရှန့်က သားအမိ မိစ္ဆာနှင်ဘူးခွံခွက်ကို ကားထဲမှ ထုတ်လိုက်ပြီး ယဲ့ရှောင်ချန်းကို ပေးလိုက်သည်။

ယဲ့ရှောင်ချန်းက သားအမိ မိစ္ဆာနှင်ဘူးခွံခွက်ဖြင့် နယ်မြေတစ်လျှောက် ပတ်ကြည့်လိုက်သည်။

သူ့မျက်လုံးကို ပိတ်ထားလိုက်ပြီး တစ်စုံတစ်ခုကို အာရုံခံနေသလိုပင်။

မကြာမီ နေရာတစ်ခုသို့ ရောက်ရှိသွားပြီးနောက် ရပ်တန့်သွား၏။ အတော်ကြာသည်အထိ မလှုပ်ရှားခဲ့ပါ။

ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

ဒီနေ့ နေသာပါသည်။

ရာသီဥတုကြောင့် နေက မပူဘဲ နွေးထွေးကာ နေလို့ထိုင်လို့ ကောင်းမွန်သည်။

သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ခဏလောက် စဥ်းစားကာ သူ့အိပ်ကပ်ထဲမှ မျိုးစေ့တစ်ခုကို ထုတ်လိုက်၏။

မုန်ညင်းမျိုးစေ့ ဖြစ်ပါသည်။

မြေပေါ်ထိုင်ချလိုက်ပြီး မျိုးစေ့ကို မြေကြီးပေါ်တင်လိုက်သည်။

ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ ဘာမှမပြောဘဲ စောင့်ကြည့်နေကြသည်။ သို့သော်လည်း ယဲ့ရှောင်ချန်း၏ လုပ်ရပ်များကို သူတို့ အတော်လေး စိတ်ဝင်စားနေကြပါသည်။

ရုတ်တရက် ယဲ့ရှောင်ချန်းက မျိုးစေ့ကို သူ့လက်ဝါးဖြင့် အုပ်လိုက်ပြီး ဆယ်စက္ကန့်ကျော် ကြာသောအခါ သူ့လက်ကို ဖယ်ကာ ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ချက်ချင်း ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ အံ့ဖွယ်အရာတစ်ခုကို မြင်တွေ့လိုက်ကြရပါသည်။

သူတို့နှစ်ယောက်စလုံး ဓာတ်လိုက်သွားသလို တုန်လှုပ်သွားကြ၏။ သူတို့မျက်နှာများတွင်လည်း မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ ယဲ့ရှောင်ချန်း၏ လက်ဝါးပေါ်က မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ကြီးထွားနေသော မျိုးစေ့ကို ကြက်သေ သေကာ ကြည့်နေမိကြသည်။ သူတို့ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြ၏။

ဒီလိုဆန်းကြယ်သည့် မြင်ကွင်းမှာ ၎င်းတို့၏ မှန်းဆနိုင်မှု အလွန်ကို ရောက်ရှိသွားပါပြီ။ ၎င်းတို့၏ ကမ္ဘာကြီးကို မြင်သည့် အမြင်ကို ပြောင်းလဲပေးခဲ့၏။ ဆန်းကြယ်မှုဟု ခေါ်ဆိုနိုင်သည့် မြင်ကွင်းတစ်ခုကို မြင်စေနိုင်ခဲ့သည်။

အချိန်တိုအတွင်း မျိုးစေ့တစ်ခုကို အပင်ပေါက်လာအောင် သူလုပ်နိုင်ခဲ့သည်။

ဒါ မှော် မဟုတ်ပါဘူး။

ဒါပေမယ့် တကယ့် မှော်ပညာ စစ်စစ် ဖြစ်ပါသည်။

ထိုအချိန်တွင် ဝမ်ရွှေရှန့်ကော ဖုန်းရှစ်ဖန်ကော ယဲ့ရှောင်ချန်းကို မတူညီသော အမြင်မျိုးဖြင့် ကြည့်နေကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင် ဖော်မပြနိုင်သည့် ကြည်ညိုလေးစားခြင်းများ ရှိနေကြပါသည်။

ဒီလောက် ဆန်းကြယ်သည့် စွမ်းအားမျိုးကို ထိန်းချုပ်နိုင်သည့် လူတစ်ယောက်ကို မလေးစားသင့်ဘူးလား။

၁၀ မိနစ်ကျော်ကြာသောအခါ မုန်ညင်းပင် အမြစ်ပေါက်ကာ အပင်လည်း ပေါက်လာသည်။ ပေတစ်ဝက်လောက်အထိ အရွယ်ရောက်လာ၏။

ဘာအမှားအယွင်းမှ မရှိဘဲ ဒီလောက် မှင်သက်စရာကောင်းသည့် အမြန်နှုန်းဖြင့် ဖွံ့ဖြိုးနိုင်ခြင်းက ယဲ့ရှောင်ချန်း၏ ဖွံ့ဖြိုးခြင်းအနုပညာ လျင်မြန်စွာ တိုးတက်နေမှုနှင့် သက်ဆိုင်နေပါသည်။

ခဏလောက်ကြာသောအခါ ယဲ့ရှောင်ချန်း ပင်ပန်းလာပြီး လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

သေဆုံးနေသည့် အပင်ငယ်လေးက သူ့အား အချက်အလက်တစ်ချို့ ပေးနိုင်ခဲ့သော်လည်း သူကိုယ်တိုင် ဖွံ့ဖြိုးကြီးထွားအောင် လုပ်ဆောင်နိုင်ခဲ့သည့် မုန်ညင်းပင်ကိုတော့ မယှဥ်နိုင်ပါ။

တစ်ခါတစ်ရံ အပင်များက လူတွေထက် ပတ်ဝန်းကျင်အပေါ် ပိုမို နိုးကြားမှု ရှိကြသည်။

ပတ်ဝန်းကျင် ညစ်နွမ်းလွန်းသော တချို့နေရာများတွင် လူများက မသိသော်လည်း အပင်များက ဆွေးမြေ့သေဆုံးသွားကြသည်။ အပင်များက ပတ်ဝန်းကျင်အပေါ် အလွန် နိုးကြားမှု ရှိခြင်းကြောင့် ဖြစ်ပါသည်။

"အစ်ကိုကြီးဝမ် ကျွန်တော့်ကို ပေါက်ပြား တစ်ခုပေးပါ။"

ယဲ့ရှောင်ချန်းက ခေါင်းမော့ကာ ပြောလိုက်သည်။

"ဟုတ်ပြီ။"

ဝမ်ရွှေရှန့်က ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ အဝေးသို့ ပြေးသွားကာ သံပေါက်ပြားတစ်လက် ယူလာခဲ့သည်။

ယဲ့ရှောင်ချန်း စတင်တူးဆွလေသည်။

ထိုနေရာက မြေကြီးက ပျော့ပြောင်းသဖြင့် တူးဆွဖို့ မခက်ခဲပါဘူး။

မိနစ်အနည်းငယ် ကြာသောအခါ မုန်ညင်းပင် ပတ်လည်က မြေကြီးများအားလုံး တူးဆွပြီးပြီ ဖြစ်သည်။ သို့သော်လည်း ယဲ့ရှောင်ချန်း မရပ်တန့်ခဲ့ဘဲ ဆက်တူးဆွခဲ့သည်။

ခဏလောက် ထပ်တူးပြီးသွားသောအခါ မုန်ညင်းပင်တစ်ပင်လုံး၏ အမြစ်များ နောက်ဆုံးတော့ ပေါ်လာခဲ့ပါသည်။

"အမြစ်တွေက ဘာလို့ အရမ်းရှည်နေတာလဲ။"

ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။

မြေကြီးထဲတွင် အမြစ်ပိုင်းများ ရှိသေးသော်လည်း ပေါ်နေသည့် အမြစ်များက မြေကြီးပေါ်က အပင်ထက်ပင် ပိုရှည်နေပါသေးသည်။

All Chapters