← Chapters

အခန်း (၁၇၀) - မီးတောင်ကျောက်

Vol. 12 Ch. 170

အခန်း (၁၇၀) - မီးတောင်ကျောက်

Vol. 12 Ch. 170

အခန်း (၁၇၀) - မီးတောင်ကျောက်

ယဲ့ရှောင်ချန်းနဖူးပေါ်က ချွေးကို သုတ်လိုက်ပြီး ဆက်တူးနေသည်။

အချိန်အတော်ကြာသည်အထိ အမြစ်ခြေအား မမြင်နိုင်သေးပါ။

ရှည်လျားလွန်းလှသည်။

ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ လုံးဝ ဆွံ့အနေခဲ့ကြပါသည်။ ဒါ သာမန် မုန်ညင်းပင်ကော ဟုတ်ရဲ့လား။

မဟုတ်ပါဘူး။

ထိုမုန်ညင်းပင်အား ယဲ့ရှောင်ချန်းက အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အမြစ်စနစ် အရှည်ကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ရှည်လျားနေသည်။

ဒါက ဖွံ့ဖြိုးခြင်း အနုပညာ၏ မှော်ဆန်မှု ဖြစ်ပါသည်။ သူ ဆန္ဒရှိသလောက် အမြစ်ကို ရှည်လျားအောင် လုပ်နိုင်သည်။ သူ ဆန္ဒရှိသလောက် သစ်ရွက်များ ပေါက်လာအောင် လုပ်နိုင်သည်။ ဆန်းကြယ်သည့် မှော်ပညာဟုပင် ခေါ်နိုင်ပါသည်။

ဒီလိုနှင့် နာရီဝက်နီးပါး သူ တူးဆွခဲ့ရသည်။ ဝမ်ရွှေရှန့်က ကူညီပေးချင်သော်လည်း ယဲ့ရှောင်ချန်းက ကူညီခွင့်မပေးပါ။

နောက်ဆုံးတော့ တစ်မီတာကျော်သည့် တွင်းကြီး တစ်ခုကို တူးနိုင်ခဲ့သည်။

မုန်ညင်းပင်တစ်ပင်လုံး၏ အမြစ်က တစ်မီတာကျော် ရှည်လျားသည်။ အနည်းဆုံး ၁.၂၃ မီတာခန့် ရှည်လျား၏။

ဝမ်ရွှေရှန့်နှင့် ဖုန်းရှစ်ဖန်တို့ ပို၍ပင် ဇဝေဇဝါဖြစ်သွားကြသည်။ ယဲ့ရှောင်ချန်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

"အစ်ကိုကြီးဝမ် မစ်စတာဖုန်း ဘာမြင်ကြလဲ။"

ယဲ့ရှောင်ချန်းက တွင်းထဲတွင် လဲကျနေသည့် မုန်ညင်းပင်ကို လက်ညှိုးထိုးပြလိုက်သည်။ မြေထဲတွင် အပိုင်းတချို့ ရှိနေသေး၏။။

"ငါတော့ ဘာမှ မမြင်ရဘူး။"

ဝမ်ရွှေရှန့်က ခေါင်းခါလိုက်သည်။

"မစ္စတာယဲ့ ဒီမုန်ညင်းပင်ရဲ့ အမြစ်က ဘာလို့ အဲ့လောက် ရှည်ရတာလဲ။"

ဖုန်းရှစ်ဖန်က မေးလိုက်သည်။

"ဒါက လှည့်ကွက်သေးသေးလေး တစ်ခုပါပဲ။ ဒါပေမယ့် အမြစ်ကို ကြည့်လိုက်။ မီးခိုးရောင် နည်းနည်း သမ်းမနေဘူးလား။"

ယဲ့ရှောင်ချန်းက စကားအများကြီး မပြောဘဲ အမြစ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်ပါသည်။

"အင်း မင်းမပြောရင် ငါသတိထားမိမှာမဟုတ်ဘူး။ ဟုတ်တယ်။ နည်းနည်း မီးခိုးရောင် သမ်းနေတယ်။ ဘာဖြစ်လို့လဲ။"

ဖုန်းရှစ်ဖန်က ရှေ့တိုးကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။

"လျှို့ဝှက်ချက်က အဲ့မှာပဲ အစ်ကိုကြီးဝမ်။ ဒီအမြစ်ကို ယူပြီး စမ်းသပ်ကြည့်လိုက်ပါ။ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်းက အမြစ်ကို ယူကာ အမြစ်၏ အပိုင်းတစ်ချို့ကို ဖြတ်လိုက်ပြီး ဝမ်ရွှေရှန့်အား ပေးလိုက်သည်။

"ဟုတ်ပြီ"

ဝမ်ရွှေရှန့်က အူကြောင်ကြောင် ဖြစ်နေသော်လည်း ခေါင်းငြိမ့်လိုက်ပါသေးသည်။

"မစ္စတာယဲ့ ဒီသားအမိ မိစ္ဆာနှင်ဘူးခွံခွက်ကိုကော ဘာလုပ်လိုက်ရမလဲ။"

ဖုန်းရှစ်ဖန်က မဆုံးဖြတ်နိုင်ပေ။

"စမ်းသပ်ပြီးမှ အဲ့ကိစ္စကို ဆက်ပြောကြတာပေါ့။"

ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။

သူတို့သုံးယောက် ချက်ချင်းဆိုသလို ကားပေါ်သို့ တက်လိုက်ကြသည်။

...

ဝမ်ရွှေရှန့်က အလွန်လျင်မြန်သည်။ နှစ်နာရီ အတွင်းမှာပင် စမ်းသပ်ချက်ရလဒ်များ ထွက်လာခဲ့၏။

ဝမ်ရွှေရှန့်၏ ဗီလာတွင်။

ဖုန်းရှစ်ဖန်နှင့် ယဲ့ရှောင်ချန်းတို့ ရှိနေဆဲဖြစ်သည်။

ထိုအချိန်တွင် ဝမ်ရွှေရှန့်က သူ့လက်ထဲတွင် စမ်းသပ်ချက်ရလဒ်ကို ကိုင်ဆောင်ထားပြီး မျက်နှာကလည်း မှုန်ကုပ်နေသည်။

"လခွမ်းပဲ။ မြေအောက်ထဲမှာ ဘာလို့ ရေဒီယို သတ္တိကြွပစ္စည်းတွေ ရှိနေတာလဲ။"

ဝမ်ရွှေရှန့်တစ်ယောက် စိတ်အခြေအနေ မကောင်းတော့ပါ။ ဒီပြဿနာက သေးငယ်သည့် ပြဿနာ မဟုတ်တော့ပေ။

မြေကြီးထဲက ရေဒီယိုသတ္တိကြွပစ္စည်းကို မထုတ်နိုင်ပါက ထိုနေရာက စီမံကိန်းကြီး ကိစ္စပြတ်သွားပါလိမ့်မည်။

ထိုစီမံကိန်းက ဇိမ်ခံဖျော်ဖြေမှုများအတွက် အဓိက ရေးဆွဲထားခြင်း ဖြစ်သော်လည်း အခုတော့ မြေကြီးထဲတွင် ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခု ရှိနေသဖြင့် ဘယ်သူကများ လာရောက်လည်ပတ်ရဲမည်နည်း။ ကိုယ့်ကျန်းမာရေးကိုယ် ဟာသလို သတ်မှတ်လိုက်တာနှင့် မတူဘူးလား။

"ညီအစ်ကိုဝမ် စီမံကိန်းမစခင်တုန်းက အဲ့ဒီမြေအခြေအနေကို မင်းမစုံစမ်းခဲ့တာများလား။"

ရေဒီယိုသတ္တိကြွပစ္စည်းများရှိနေသည့် မြေက မိစ္ဆာမြေ ဖြစ်လာသည်မှာ အံ့သြစရာ မရှိတော့ပါ။

ထိုဘေးသင့်နိုင်သည့် အရှိန်အဝါများ ဟူသည်မှာ စိတ်ကူးယဥ် အခေါ်အဝေါ်များသာ ဖြစ်ကြပြီး သိပ္ပံနည်းကျပြောရလျှင် အားလုံးက ဓာတ်သတ္တုနှင့် သံလိုက်စက်ကွင်းများကြောင့်သာ ဖြစ်သည်။

"စမ်းသပ်ထားပါတယ်ဗျ။ စီမံကိန်းမစခင်တုန်းက အဲ့ဒီက မြေနဲ့ ရေတွေကို စနစ်တကျ စမ်းသပ်ခဲ့တာ။ လုံးဝ ပုံမှန်ပဲ။"

ဝမ်ရွှေရှန့်၏ မျက်လုံးများ အနည်းငယ် နီရဲနေသည်။

ဒီပရောဂျက်သာ ပျက်စီးသွားပါက အရှုံးကြီးမားလွန်းလှမည်။ ကမ္ဘာပေါ်က အချမ်းသာဆုံး လူအဖြစ်မှ အရှုံးသမားတစ်ယောက်အဖြစ် ညတွင်းချင်း ပြောင်းလဲသွားနိုင်သည်။

ဒီစီမံကိန်းအတွက် ဘဏ်မှာ ငွေပမာဏ မြောက်များစွာ သူ ချေးယူခဲ့ရသည်။

စီမံကိန်း ပြဿနာတစ်ခုခု တက်လာပါက ဘဏ်မှ သူ့ထံသို့ အပြေးရောက်လာမည် ဖြစ်သည်။ ထို့အပြင် အခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပါတနာများလည်း အစုလိုက် အပြုံလိုက် ငွေပြန်တောင်းကြမည်ဖြစ်သည်။

သူ့ပြိုင်ဘက်များကလည်း သူ လဲကျနေစဥ် ကန်ကျောက်ကြပါလိမ့်မည်။

"ညီအစ်ကိုဝမ် တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးချင်နေတာများလား။ မဟုတ်ရင် ဘာလို့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ရှိနေမှာလဲ။"

ဖုန်းရှစ်ဖန်က ရုတ်တရက် မေးလိုက်သည်။

"မဖြစ်နိုင်ဘူး။ ကျွန်တော် စုံစမ်းဖို့ လူတွေ လွှတ်ပြီးပြီ။ နယ်မြေတစ်ခုလုံးကော၊ စတုရန်းမီတာ သိန်းနဲ့ချီပြီး ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ ပြည့်နှက်နေတာ။ ပိုပြီး နက်လာလေလေ ပြင်းအားက ပိုများလေလေပဲ။ ဒီလောက် နယ်မြေကျယ်ကြီးအတွက် ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ဘယ်လောက်တောင် လိုလိုက်မလဲ။ ကျွန်တော့်ပြိုင်ဘက်တိုင်းက အဲ့လိုလုပ်နိုင်ဖို့ အစွမ်းအစ မရှိလောက်ဘူး။ ကမ္ဘာကြီးကို နှစ်ရာပေါင်းများစွာ ထိခိုက်စေမယ့် ရက်စက်တဲ့ လုပ်ရပ်မို့လို့ ဘယ်သူက လုပ်ရဲမှာလဲ။"

ဝမ်ရွှေရှန့်၏ အသံက အနည်းငယ် အက်ကွဲနေလေပြီ။

ကောင်းကင်ဘုံကပင် သူ့ကို ဆော့ကစားခဲ့လေပြီ။

ဒီလောက်များပြားသည့် ရေဒီယိုသတ္တိကြွပစ္စည်းများ ဘယ်ကနေ ဘယ်လို မြေကြီးထဲက ထွက်လာမှန်း မသိတော့ပါ။

"ဧကန္တမြေအောက်မှာ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ထိန်းသိမ်းတဲ့ နေရာတစ်ခု ရှိနေတာများလား။ အစ်ကိုကြီး စီမံကိန်းလုပ်နေတုန်း မတော်တဆ အဲ့ဒီနေရာကို ဖျက်ဆီးမိပြီး ရေဒီယို သတ္တိကြွပစ္စည်းတွေ ထွက်လာတာများလား။"

ယဲ့ရှောင်ချန်း ရုတ်တရက် မေးလိုက်၏။

"မဖြစ်နိုင်ပါဘူး။ ပရောဂျက် မစခင်ကတည်းက ဒီနေရာမှတ်တမ်းတွေ အကုန်လုံးကို စစ်ဆေးထားတယ်။ မြေအောက် ထိန်းသိမ်းရေး နေရာတွေ ဘာမှ မရှိဘူး။ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ဘာတွေ သိုလှောင်တဲ့ နေရာလည်း မရှိဘူး။ မဟုတ်ရင် အစိုးရက ဒီမြေကွက်ကို ဘယ်လိုလုပ်ပြီး ချပေးပါ့မလဲ။"

ဝမ်ရွှေရှန့်က ခေါင်းခါလိုက်သည်။ ထို့နောက် ရုတ်တရက်ကြီး တစ်ခုခုကို တွေးမိသွားပုံရသည်။ "နေဦး ငါမှတ်မိပြီ။ လွန်ခဲ့တဲ့ တစ်လတုန်းက တစ်ယောက်ယောက် ဖောင်ဒေးရှင်း ဆောက်နေတုန်း၊ တွင်းနက်ကြီးတစ်ခု တူးမိတုန်းက ၇မီတာ ၈မီတာလောက် တူးပြီးတော့ တော်တော်မာတဲ့ ကျောက်အလွှာတစ်ခုကို တွေ့တယ်လို့ပြောတယ်။ လွန်ပူတောင် ကျိုးသွားတယ်တဲ့။ အဲ့ဒီနောက်ပိုင်း အလုပ်သမားတွေ တစ်ယောက်ပြီး တစ်ယောက် ပြဿနာတွေ တက်လာကြတယ်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေရှိရင် အဲ့ဒီအလုပ်သမားတွေက ရှာတွေ့ကြမှာပေါ့။"

ဖုန်းရှစ်ဖန်က အနည်းငယ် ဆွံ့အသွားသည်။

ရေဒီယိုသတ္တိကြွ ပစ္စည်းများ၏ အန္တရာယ်ကို သူနားလည်သည်။

မြေကြီးထဲက ရေဒီယိုသတ္တိကြွ ပစ္စည်းများကို မဖယ်ရှားပါက သားအမိ မိစ္ဆာနှင်ဘူးခွံခွက်ကို သုံးရင်တောင် လုံခြုံမည် မဟုတ်ပေ။

ရေဒီယို သတ္တိကြွပစ္စည်းများကို ဖယ်ရှားခြင်းက နိုင်ငံတော်အဆင့်များအတွက်တောင် ပြဿနာ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးပါသည်။

ရုရှားနိုင်ငံတွင် နျူးကလီးယား စက်ရုံကြီး ပေါက်ကွဲပြီးနောက် ဆယ်စုနှစ်များစွာ ကြာမြင့်နေတာတောင် လူမနေနိုင်သော နေရာတစ်ခု ဖြစ်နေဆဲပင်။

ယဲ့ရှောင်ချန်းလည်း ဘာမှမလုပ်နိုင်ပါ။

သူက အပင်ကို စိုက်ပျိုးပြီး ဝမ်ရွှေရှန့်ကို အကြောင်းအရင်း သိရှိနိုင်ဖို့ ကူညီပေးနိုင်ခဲ့သည်။ သို့သော် ရေဒီယိုသတ္တိကြွ ပစ္စည်းများကို မြေအောက်မှ ဖယ်ရှားဖို့အတွက်ကတော့ သူ့အတွက် ခက်ခဲပါလိမ့်မည်။

ဝမ်ရွှေရှန့်၏ မျက်လုံးနီနီများကို မြင်သောအခါ ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဝမ်ရွှေရှန့်တစ်ယောက် တကယ့်ကို ပြဿနာ ကြီးကြီးမားမား တက်လေပြီ။ သူ မကျော်ဖြတ်နိုင်ပါက စိုးရိမ်ရသည်။ ပြဿနာက သူ ကျော်ဖြတ်နိုင် မကျော်ဖြတ်နိုင်က အရေးမကြီးဘဲ ကျော်ဖြတ်ဖို့ နည်းလမ်း ရှိမနေခြင်းပင်။

မြေကြီးထဲက ရေဒီယို သတ္တိကြွ ပစ္စည်းများကို မဖယ်ရှားနိုင်ပါက အခြားနည်းလမ်း မရှိတော့ပါ။

ဝမ်ရွှေရှန့် အပြင်ထွက်သွားသည်။

ယဲ့ရှောင်ချန်းလည်း ကျူးချင်းချင်းကို ခေတ္တ နှစ်သိမ့်ပေးကာ ဝမ်ရှင်းယီကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့သည်။

သို့သော်လည်း သူ စိတ်မအေးနိုင်ပါ။ ဝမ်ရွှေရှန့် အကြောင်းသာ တွေးနေမိသည်။

ဘာပဲဖြစ်ဖြစ် ဝမ်ရွှေရှန့်က ယခင်တုန်းက သူ့ကို ကူညီပေးခဲ့ဖူးသဖြင့် ယခု ပြဿနာ ကြီးကြီးမားမား တက်လာသောအခါ သူ ကူညီပေးချင်မိပါသည်။

"ငါ ဘာလုပ်နိုင်မလဲ။"

ယဲ့ရှောင်ချန်း စဥ်းစားသည်။

ရုတ်တရက် အာရုံထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ရှန်းနုန်စနစ်ကို ဖွင့်ကာ လနတ်သမီးကို ဆက်သွယ်ခဲ့သည်။

"လနတ်သမီး သေမျိုးတွေအတွက် အရမ်းအန္တရာယ်များတဲ့ မမြင်နိုင်တဲ့ ရောင်ခြည်တွေကို ထုတ်လွှတ်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတွေ အကြောင်းကို သိပါသလား။"

အချိန်အတန်ကြာပြီးနောက် ယဲ့ရှောင်ချန်းတစ်ယောက် စိတ်မသက်သာ ဖြစ်နေစဥ် လနတ်သမီးက နောက်ဆုံးတော့ စာပြန်လာခဲ့ပါသည်။

"အင်း"

ပြန်စာက အလွန်ရိုးရှင်းလွန်းသည်။

ယဲ့ရှောင်ချန်း အလွန်ပျော်ရွှင်သွားပြီး ချက်ချင်း မေးလိုက်သည်။ "လနတ်သမီး အဲ့ဒီပစ္စည်းက ဘာလဲ။"

"မေးခွန်းတစ်ခုကို အင်မော်တယ်ယွမ် ၁၀ ယွမ်ပါ။"

လနတ်သမီး၏ ပြန်စာက အလွန် စီးပွားရေးဆန်ပါသည်။

အင်းပါလေ။ ပေးရမယ်ဆိုတာ သူ သိထားပြီးသားပါ။

ကံကောင်းစွာဖြင့် သူ အမြော်အမြင်ရှိခဲ့ပြီး အင်မော်တယ်ယွမ် ၂၀၀ ကို ချန်ထားခဲ့သည်။ မဟုတ်ပါက အင်မော်တယ် ပဲစေ့များ ထပ်ရောင်းမည့်အချိန်အထိ စောင့်ရဦးမည်။

မကြာမီ လနတ်သမီးအား အင်မော်တယ်ယွမ် ၁၀ ယွမ်ကို ပို့ပေးလိုက်သည်။

"အဲ့ဒီပစ္စည်းမျိုးကို ကျင့်ကြံခြင်း လောကမှာ မီးတောင်ကျောက်လို့ခေါ်တယ်။ အမျိုးအစားပေါင်းစုံရှိပြီး မမြင်နိုင်တဲ့ မီးတောင်ကျောက် စွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်။ အားနည်းတဲ့ ကျောက်တွေကတော့ သေမျိုးတွေအပေါ် သက်ရောက်မှု နည်းပါးပေမယ့် အားကောင်းတဲ့ ကျောက်တွေဆို အင်မော်တယ်တွေကိုတောင် သေဆုံးစေနိုင်တယ်။"

လနတ်သမီးက အလျင်အမြန် စာပြန်ခဲ့သည်။

"လနတ်သမီး အဲ့ဒီ မီးတောင်ကျောက်တွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း ရှိလား။"

ယဲ့ရှောင်ချန်းက အလျင်အမြန် ထပ်မေးလိုက်ပြန်သည်။

အမှန်ပင်။ ဒီတစ်ခေါက်တော့ ဦးစွာ အင်မော်တယ်ယွမ် ၁၀ ယွမ်ကို ပေးထားလိုက်ပါသည်။

All Chapters