← Chapters

အခန်း (၁၇၁) - ဓါတ်ရောင်ခြည်

Vol. 12 Ch. 171

အခန်း (၁၇၁) - ဓါတ်ရောင်ခြည်

Vol. 12 Ch. 171

အခန်း (၁၇၁) - ဓါတ်ရောင်ခြည်

"ဖယ်ရှားဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုဆို အမှောင်စွမ်းအင်ကို သန့်စင်ပေးနိုင်တယ်။ ပြီးတော့ အထူးပုံစံကွက် တစ်ခုနဲ့လည်း အမှောင်စွမ်းအင်ကို လွှမ်းခြုံနိုင်တယ်။ ပြီးတော့ ပုံစံကွက်နဲ့ မီးတောင်ကျောက်ကို လွှမ်းခြုံပြီးတဲ့အခါမှာ မီးတောင်ကျောက်ရဲ့ အမှောင်စွမ်းအင် လွတ်ထွက်မှုကို အရှိန်မြှင့်ပေးနိုင်တယ်။ အချိန်တိုအတွင်း မီးတောင်ကျောက်ကို သာမန် ပစ္စည်းတစ်ခု အဖြစ်ပြောင်းလဲသွားစေလိမ့်မယ်။ အဲ့ဒီအပြင် တချို့ မှော်လက်နက်တွေကလည်း အမှောင်စွမ်းအင်ကို စုပ်ယူနိုင်တယ်။ ဒါမှမဟုတ် အထူးသန့်စင်ဆေးရည်တချို့နဲ့ အမှောင်စွမ်းအင်ကို ဘာမှမရှိတော့တဲ့အထိ သန့်စင်လို့ရတယ်..."

လနတ်သမီး၏ ပြန်စာက အလွန်မြန်ဆန်သည်။ ပြီးတော့ နည်းလမ်းများစွာကိုလည်း ပြောပြသွား၏။

လက်ရှိ ယဲ့ရှောင်ချန်းအတွက် ထိုနည်းလမ်းများကို ကျင့်သုံးဖို့က မဖြစ်နိုင်ပါ။

"လနတ်သမီး စိတ်ဝိညာဥ်ပစ္စည်းက အမှောင်စွမ်းအင်ကို စုပ်ယူနိုင်လား။"

ယဲ့ရှောင်ချန်း ရုတ်တရက် စိတ်ဝိညာဥ်ပစ္စည်းကို သတိရသွားပြီး အမြန်မေးလိုက်ပါသည်။

ယခင်က မစဥ်းစားမိသဖြင့် မစမ်းသပ်ဖူးပါ။

"စိတ်ဝိညာဥ်ပစ္စည်းက အမှောင်စွမ်းအင်ကို မစုပ်ယူနိုင်ဘူး။ အင်မော်တယ် ချီကိုပဲ စုပ်ယူနိုင်တယ်။"

လနတ်သမီး စာပြန်လိုက်သည်။

ယဲ့ရှောင်ချန်း အနည်းငယ် စိတ်ပျက်သွားရ၏။

"အမှောင်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ အင်မော်တယ် အပင်တွေ ဘာတွေကော ရှိလား။"

ယဲ့ရှောင်ချန်း အမြန်မေးလိုက်ပြန်သည်။

"အင်မော်တယ်အပင်ဟုတ်လား။ တချို့တော့ ရှိပါတယ်။ ဥပမာအားဖြင့် အမှောင်နတ်သစ်ပင်က အမှောင်စွမ်းအင်ထဲမှာ ဖွံ့ဖြိုးတဲ့ အင်မော်တယ် အပင်တစ်မျိုးပဲ။ အမှောင်စွမ်းအင်ကို စုပ်ယူပြီး ကြီးထွားတာ။ အမှောင်စွမ်းအင်ကို စုပ်ယူပြီး နဂါးနက် နတ်သစ်သီး သီးနိုင်တဲ့ နဂါးနက် နတ်နွယ်ပင်လည်း ရှိတယ်..."

လနတ်သမီး ပြောသွားသည့် အင်မော်တယ် အပင်များ အားလုံးက အဆင့်မြင့်အပင်များ ဖြစ်ကြသည်။ အဆိုးရွားဆုံးက မြေအဆင့် အင်မော်တယ်အပင်ဖြစ်၏။

ယဲ့ရှောင်ချန်းသည် ထိုကဲ့သို့သော မျိုးစေ့များကို မတတ်နိုင်ပါ။ သူ တတ်နိုင်ရင်တောင် မစိုက်ပျိုးနိုင်သေးပါဘူး။

ထိုအင်မော်တယ် အပင်များကို စိုက်ပျိုးဖို့ ပတ်ဝန်းကျင်အခြေအနေက ဆိုးရွားလွန်းနေပါသည်။

"လနတ်သမီး အဆင့်နိမ့် အင်မော်တယ် အပင်တွေ မရှိဘူးလား။"

မျှော်လင့်ချက် နည်းပါးနေပြီဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။

"အဆင့်နိမ့် အင်မော်တယ် အပင်ဟုတ်လား။ ရှိပါတယ်။ တကယ်တော့ အဆင့်နိမ့် အင်မော်တယ် အပင်အားလုံးက အဆင့်နိမ့် မီးတောင်ကျောက်စွမ်းအင်ကို စုပ်ယူနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဓာတ်ရောင်ခြည် ခုခံမှုက အရမ်းအားနည်းတယ်။ အဲ့ဒီအပင်တွေသာ အဆင့်မြင့် မီးတောင်ကျောက် စွမ်းအင်နဲ့ တွေ့ရင် ခံနိုင်ရည်မရှိကြဘူး။ ပြီးတော့လည်း မီးတောင်ကျောက် စွမ်းအင်တွေကို စုပ်ယူထားတဲ့ အင်မော်တယ် အပင်တွေကို ထိန်းသိမ်းထားရပြီး သာမန်အတိုင်း သုံးလို့မရဘူး။"

လနတ်သမီး ပြန်ဖြေလိုက်ပါသည်။

ယဲ့ရှောင်ချန်း ကြက်သေသေသွားပါသည်။ လခွမ်း အဲ့လောက်တောင် ရှင်းတာလား။

မေးခွန်းအနည်းငယ် အမြန်ထပ်မေးလိုက်ပြီးနောက် လနတ်သမီးကို ကျေးဇူးတင်ကာ ရှန်းနုန်စနစ်ကို ပိတ်လိုက်သည်။

အဆင့်နိမ့် အင်မော်တယ် အပင်များကို သုံးနိုင်သဖြင့် ဆိုင်မှ စျေးအပေါဆုံး အင်မော်တယ် အပင်မျိုးစေ့များကို သူ ဝယ်နိုင်ပါသည်။

တစ်ခုတည်းသော ပြဿနာက ထိုအင်မော်တယ် အပင်မျိုးစေ့များသည် သာမန်မြေပေါ်မှာ အမြစ်ထွက်ပြီး အပင်ပေါက်လာနိုင်ပါ့မလားဆိုတာပင် ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ရုတ်တရက် အနည်းငယ် နောင်တရသွားသည်။ အရင်က တစ်ခါမှ မကြိုးစားဖူးပါဘူး။

ထိုသို့ စဥ်းစားပြီး သူ စတိုးဆိုင်ထဲသို့ အမြန်ဝင်လိုက်သည်။

သူ့ရဲ့ စျေးနှုန်း သုံးသပ်ချက်အရ စျေးအပေါဆုံး အပင်မှာ အင်မော်တယ် မြက်ပင်မျိုးစေ့ ဖြစ်ပါသည်။

တစ်ထုပ်ကို မျိုးစေ့ ၅၀၀ ပါပြီး အင်မော်တယ်ယွမ် ၂၅ယွမ်သာ ပေးရသည်။

အတန်ဆုံး ဖြစ်ပါသည်။

ထို့အပြင် အင်မော်တယ် မြက်ပင်က ရေဒီယီု သတ္တိကြွပစ္စည်းများကို ဖယ်ရှားနိုင်သော အပင်ဖြစ်သည်။ သံသယဖြစ်စရာမကောင်းဘဲ ရုပ်ဖျက်ထားဖို့ အကောင်းဆုံး အပင် ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ထိုမြက်ပင်က သာမန် မြက်ပင်များဖြင့် သိပ်ပြီး မကွာခြားပေ။

ထိုသို့ စဥ်းစားလိုက်ပြီး အင်မော်တယ် မြက်မျိုးစေ့ တစ်ထုပ်ကို အမြန်ဝယ်လိုက်သည်။

အရင်ဆုံး မျိုးစေ့တစ်ထုပ်လုံးကို အင်မော်တယ် ဆေးရည်ထဲတွင် စိမ်လိုက်၏။

ထို့နောက် သူ စောင့်နေဖို့သာ ရှိသည်။

ခြံတစ်ခြံလုံးကို သူလှည့်ပတ်ကြည့်ရှုလိုက်၏။ အင်မော်တယ် မုန်လာဥ နှစ်မျိုးစလုံး အရွယ်ရောက်လုနီးပါးဖြစ်နေပြီ။ အချိန်တန်ပါက အင်မော်တယ်ယွမ် ၁,၀၀၀ နီးပါး ရနိုင်ပါလိမ့်မည်။

သူ့အတွက်တော့ ထိုအင်မော်တယ်ယွမ် အနည်းငယ်က စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။

အရင်က သူ ချန်ထားခဲ့သည့် အင်မော်တယ် မုန်လာဥပင် အနည်းငယ်လည်း ရှိသေးသည်။ ထိုအပင်များက ကြီးထွားပြီး အဖြူရောင် ပန်းပွင့်များဖြင့် ဖုံးလွှမ်းနေပါသည်။ မျိုးစေ့ ထွက်ရှိနိုင်ဖို့အတွက် အချိန် သိပ်မလိုတော့ပါ။

ညဘက်တွင်။

ယဲ့ရှောင်ချန်း ပုလ္လင်ခွေထိုင်လိုက်ပြီး ရှန်းနုန် စိုက်ပျိုးရေး ကျင့်ကြံခြင်းနည်းလမ်းကို စတင် ကျင့်ကြံသည်။

ချီစွမ်းအင် လှိုင်းတစ်ခု လှုပ်ခါလာပြီး သူ့ဒန်တန်ပင်လယ်ထဲတွင် လည်ပတ်လာ၏။ သူ့ဝမ်းဗိုက်တစ်ခုလုံး အထက်အောက် လန်သွားသလိုပင်။ ကျယ်လောင်သော အသံများက တစ်ခုပြီး တစ်ခု ထွက်လာကြသည်။

ရုတ်တရက် ယဲ့ရှောင်ချန်း ထပ်သည်းမခံနိုင်တော့ပေ။ သူ အသံကျယ်လောင်စွာ လေလည်လိုက်ပါသည်။ ထို့နောက် ချက်ချင်း ရှောင်လိုက်ပါသည်။

"နေရတာ သက်တောင့်သက်သာ ရှိသွားတာပဲ။"

ယဲ့ရှောင်ချန်း စိတ်အေးသွားပြီး နေလို့ ထိုင်လို့ ကောင်းသွားပါသည်။

ခုနက် ကျင့်ကြံခြင်း နည်းလမ်းမှာ သူ့ကိုယ်အတွင်းက မသန့်စင်မှုများကို စုစည်း ဖယ်ထုတ်ခဲ့သဖြင့် သူနေထိုင်ကောင်းသွားခြင်း ဖြစ်ပါသည်။

သူ့စိတ်ကို စတင် ကျင့်ကြံစဥ်ကတည်းက သူ့ခန္ဓာကိုယ် အများကြီး ပိုသန်မာမလာသော်လည်း ပိုပိုပြီး လန်းဆန်းလာသလို ခံစားရပါသည်။

ဒါက သူ့ကိုယ်အတွင်းမှာ မသန့်စင်မှုများ လျော့နည်းသွားခြင်းကြောင့် ဖြစ်ပါသည်။

မသန့်စင်မှုအားလုံးကို ဖယ်ရှားပြီးပြီ ဆိုပါက စိုက်ပျိုးခြင်း နောက်ဆုံးအဆင့်ကို ဆောင်ရွက်နိုင်ပါသည်။

ထိုအချိန်သို့ရောက်လာပါက ကျင့်ကြံချင်း တံခါးပေါက်ထဲ တကယ် ဝင်ရောက်နိုင်ခဲ့ပြီဟု သတ်မှတ်နိုင်ပါသည်။ ထိုအကြောင်းကို စဥ်းစားမိရုံနှင့် သူအလွန် စိတ်လှုပ်ရှားမိပါသည်။

နောက်တစ်နေ့မနက်။

ယဲ့ရှောင်ချန်း ဝမ်ရွှေရှန့်အိမ်သို့ ထပ်သွားခဲ့သည်။

ဝမ်ရွှေရှန့် မရှိပါ။

ကျူးချင်းချင်းက စိတ်ပူနေသည့်ပုံပင်။ သူ့ယောက်ျားအတွက် စိတ်ပူနေသည်မှာ သိသာပါသည်။

ဘာပဲဖြစ်ဖြစ် ပြဿနာက အတော်ကြီးသည် မဟုတ်ပါလား။ သူ့ယောက်ျား မကိုင်တွယ်နိုင်မည်ကို စိတ်ပူနေပါသည်။

ယဲ့ရှောင်ချန်း အကြာကြီး မနေခဲ့ပါ။ ဆောက်လုပ်ရေးနယ်မြေသို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့ပါသည်။

ဆောက်လုပ်ရေး နယ်မြေသို့ ရောက်သောအခါ ဆောက်လုပ်ရေး နယ်မြေတစ်ခုလုံးအား ချိပ်ပိတ်ထာသည်ကို မြင်လိုက်ရသည်။

အကာအရံများဖြင့် ကာရံထားကြ၏။

အထဲက အခြေအနေကို သူ မမြင်နိုင်ပါ။

မြေကြီးထဲက ရေဒီယိုသတ္တိကြွ ပစ္စည်းများ ရှာဖွေတွေ့ရှိမှုကို ဝမ်ရွှေရှန့်က မဖုံးကွယ်ထားနိုင်ပေ။ သူတစ်ယောက်တည်း ပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

ဆောက်လုပ်ရေးကို ဆက်မလုပ်နိုင်တော့ပေ။ အကျိုးဆက်များ မမှန်းဆနိုင်အောင် ဖြစ်လာနိုင်သည်။

"ဒီနေရာက ဝင်ခွင့်မရှိပါဘူး။"

ယဲ့ရှောင်ချန်း ဝင်ပေါက်အနားသို့ ကားမောင်းလာသောအခါ ကာကွယ်ရေး ဝတ်စုံများဖြင့် လူနှစ်ယောက်က ရှေ့တိုးလာပြီး ကားကို တားလိုက်သည်။

ယဲ့ရှောင်ချန်းက ဒါကို မြင်သောအခါ အစိုးရက တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရပါသည်။

ယဲ့ရှောင်ချန်းက ကားကို ရပ်လိုက်ပြီး ဖုန်းကို ထုတ်ကာ ဝမ်ရွှေရှန့်ကို ခေါ်လိုက်ပါသည်။

သိပ်မကြာခင် ဝမ်ရွှေရှန့် ဖုန်းကိုင်လိုက်သည်။

သူ့အသံက အနည်းငယ် ခြောက်ကပ်နေ၏။ ဒီကိစ္စကြောင့် သူ ပြဿနာ အများကြီး တက်နေသည်မှာ သိသာပါသည်။

"အစ်ကိုကြီးဝမ် ကျွန်တော် ဆောက်လုပ်ရေးနယ်မြေ အပြင်ဘက်မှာ ရောက်နေပြီ။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"ရှောင်ချန်း ဓာတ်ရောင်ခြည်တွေနဲ့ ပြည့်နေတာ ဝင်မလာပါနဲ့။"

ဝမ်ရွှေရှန့်က ပြောလိုက်သည်။

မြေအောက်ထဲတွင် ရေဒီယို သတ္တိကြွ ပစ္စည်းများစွာ ရှိနေသဖြင့် မြေအောက် မြေသားတစ်ခုလုံးကို ညစ်ညမ်းသွားစေခဲ့သည်။ ဆောက်လုပ်ရေး နေရာတစ်ခုလုံးက ဓာတ်ရောင်ခြည်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။

လူသူကင်းမဲ့သွားနိုင်သည့် ဓာတ်ရောင်ခြည် အဆင့်လောက် မရောက်သေးသော်လည်း ကာကွယ်ရေး ဝတ်စုံများ ဝတ်ထားလျှင် ပိုကောင်းပါသည်။ မဟုတ်ပါက အထဲတွင် အကြာကြီး နေပါက သေချာပေါက် ကျန်းမာရေး ထိခိုက်လာမည်ဖြစ်ပါသည်။

"အစ်ကိုကြီးဝမ် ကျွန်တော့်မှာ နည်းလမ်း တစ်ခုရှိမယ်ထင်တယ်။"

ယဲ့ရှောင်ချန်း ပြောလိုက်၏။

"မင်းမှာ နည်းလမ်းရှိလား။"

ဝမ်ရွှေရှန့်က ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "ငါ အခု ထွက်လာခဲ့မယ်။"

မိနစ်အနည်းငယ်ကြာသောအခါ အထဲမှ ကားတစ်စီး ထွက်လာလေသည်။

အလျင်အမြန် ရပ်သွားပြီး ကာကွယ်ရေး ဝတ်စုံ ဝတ်ထားသည့် ဝမ်ရွှေရှန့် ကားထဲမှ ထွက်လာသည်။

သူ့ခေါင်းစွပ်ကို ချွတ်လိုက်ပြီး ယဲ့ရှောင်ချန်း၏ ကားဆီသို့ လျှောက်လာခဲ့၏။

"ရှောင်ချန်း မင်းမှာ တကယ်ပဲ နည်းလမ်း ရှိတာလား။"

သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို အတင်းဖိသိပ်ကာ အမြန်မေးလိုက်သည်။

"ရှိပါတယ်။ ဒါပေမယ့် စမ်းမကြည့်ရသေးဘူး။"

ယဲ့ရှောင်ချန်း ပြောလိုက်၏။

"ကောင်းတာပေါ့။ ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်။"

ဝမ်ရွှေရှန့်က လုံးဝ စိတ်မပျက်ပါ။ "အခု အစိုးရက ထိန်းချုပ်သွားပြီး ချိပ်ပိတ်လိုက်ကြပြီ။ အခု ဓာတ်ရောင်ခြည် ရင်းမြစ်ကို စုံစမ်းနေကြတယ်။"

"ဓာတ်ရောင်ခြည် ရင်းမြစ်ကို တွေ့သွားပြီလား။"

ယဲ့ရှောင်ချန်း သိချင်စွာ မေးလိုက်ပါသည်။

"အတည်ပြုခါနီးနေပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ကပ်ဘေးတစ်ခုကြောင့် ကျန်ခဲ့တဲ့ ယာယီ နျူးကလီးယား စွန့်ပစ်ပစ္စည်း သိုလှောင်ရုံတစ်ခုရှိတယ်။ ကပ်ဘေးရဲ့ သက်ရောက်မှုကြောင့် သက်ဆိုင်ရာ အရာရှိတချို့ သေသွားတာလား ပိတ်မိသွားတာလားတော့ မသိဘူး။ ကပ်ဘေးကြီး ပြီးဆုံးသွားတော့ အဲ့ဒီသိုလှောင်ရုံရဲ့ အချက်အလက်တွေလည်း ပျောက်ဆုံးသွားတယ်။ ဒီတစ်ခေါက် ငါတို့သာ အဲ့ဒီရုံကြီးကို မတူးမိခဲ့ရင် အချိန်အကြာကြီးနေမှ ရှာတွေ့ကြမယ်ထင်တယ်။"

ဝမ်ရွှေရှန့်က နာကျည်းစွာ ပြောလိုက်ပါသည်။

သူ့ကံကိုက ဆိုးလွန်း၏။ ချက်ကောင်းကိုမှ ထိခဲ့ခြင်းဖြစ်သည်။

ဒီနေရာတွင် ကြောက်စရာ နေရာကြီးတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

အခု မိစ္ဆာကောင် ပေါ်လာပြီဖြစ်သဖြင့် နှင်ထုတ်ဖို့ ဘယ်လောက်ကြာမလဲမသိပါ။

သူ့စီမံကိန်း လုံးဝ ကျရှုံးသွားပါတော့မည်။

ထို့အပြင် ဒီလို ကိစ္စကြီးတစ်ခုကိုလည်း လုံးဝ ဖုံးကွယ်ထားလို့ မရပါ။ အောက်ခြေက လူတွေအား ဖုံးကွယ်ထားနိုင်သော်လည်း ဝမ်ရွှေရှန့်လို လူတွေကိုတော့ ဖုံးကွယ်ထားလို့ မရနိုင်ပါချေ။

ထိုလူများ သတင်းကြားရဖို့ သိပ်မကြာနိုင်ပေ။

All Chapters