← Chapters

အခန်း (၁၇၂) - သန့်စင်ခြင်း

Vol. 12 Ch. 172

အခန်း (၁၇၂) - သန့်စင်ခြင်း

Vol. 12 Ch. 172

အခန်း (၁၇၂) - သန့်စင်ခြင်း

ယဲ့ရှောင်ချန်း အနည်းငယ် ဆွံ့အသွားရသည်။ ဖြစ်ချင်တော့ အဖြစ်မှန်က ဒီလိုကိုး။ ဝမ်ရွှေရှန့်၏ ကံက တကယ်ဆိုးလှသည်ဟုသာ ပြောနိုင်တော့သည်။

ဒီနျူးကလီးယား စွန့်ပြစ်ပစ္စည်း သိုလှောင်ရုံ မပျက်စီးခဲ့လျှင်တောင် ပုန်းကွယ်နေသည့် အန္တရာယ်တစ်ခုအဖြစ်တော့ အမြဲတမ်း ရှိနေဦးမည်ဖြစ်သည်။ စီမံကိန်း လုပ်ငန်းစဥ်ကိုတော့ မထိခိုက်စေနိုင်ပါ။ သို့သော် အခုတော့...။

ထိုအချိန်တွင် ဝမ်ရွှေရှန့်၏ ဖုန်းမြည်လာ၏။

ဝမ်‌ရွှေရှန့်သည် ဖုန်းကိုထုတ်ကြည့်လိုက်သောအခါ သူ့မျက်နှာ သုန်မှုန်သွားသည်။ ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်ပါသည်။ "ကြည့်ပါဦး၊ တစ်ယောက်ယောက်တော့ ဇာတ်လမ်းစပြီ ထင်တယ်။"

ဝမ်‌ရွှေရှန့်က ခေါင်းခါလိုက်ပြီး ဖုန်းဖြေလိုက်သည်။ ဖုန်းခေါ်သူကို ကျေနပ်အောင် အတော်လေး ပြောယူလိုက်ရ၏။ ဖုန်းချပြီးနောက် သက်ပြင်းချပြီး မေးလိုက်ပါသည်။ "ရှောင်ချန်း မင်းဘာလုပ်နိုင်လဲ။"

ဖုန်းရှစ်ဖန်တောင် ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ပါ။

"အစ်ကိုကြီးဝမ် ကျွန်တော် အထဲကို အရင်ဝင်ကြည့်မှ ဖြစ်မယ်။"

ယဲ့ရှောင်ချန်း ပြောလိုက်၏။

"ဒါဆိုလည်း မင်းဆီကို ကာကွယ်ရေး ဝတ်စုံတစ်ခု ပို့ခိုင်းလိုက်မယ်။"

ဝမ်ရွှေရှန့်က အမြန်ပြောလိုက်သည်။

"ရပါတယ်၊ ခဏလောက်လေးနဲ့တော့ အန္တရာယ်ရှိမှာ မဟုတ်ပါဘူး။"

ယဲ့ရှောင်ချန်း၏ စိတ်ဝိညာဥ်ပါရမီက အလွန်နိုးကြားပါသည်။ မမြင်ရသည့် ဓာတ်ရောင်ခြည်ကိုတော့ သတိမူနိုင်ပါသေးသည်။ ထို့ကြောင့် အထဲဝင်လိုက်သည်နှင့် သက်တောင့်သက်သာ မရှိတော့ခြင်း ဖြစ်သည်။ နျူးကလီးယား ဓာတ်ရောင်ခြည်ကို အာရုံခံမိခဲ့သောကြောင့် ဖြစ်ပါသည်။

အမှန်ပင်။ ခံစားချက်ကတော့ သိပ်ပြီး မပြင်းထန်သဖြင့် အန္တရာယ် မရှိနိုင်ပါ။

ဓာတ်ရောင်ခြည် ရင်းမြစ်နှင့် နီးကပ်လာလျှင်တော့ အန္တရာယ် ရှိလာနိုင်ပါသည်။

ဝမ်ရွှေရှန့်က ခေတ္တ တွန့်ဆုတ်သွားသည်။ သို့သော်လည်း နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်ပြီး ယဲ့ရှောင်ချန်းကို ဆောက်လုပ်ရေး နယ်မြေထဲ ဝင်ခွင့်ပေးလိုက်ပါသည်။

အတွင်းဘက်တွင် အရင်ကလို မဟုတ်တော့ပေ။ အသက်မဲ့လွန်းလှသည်။ ဆောက်လုပ်ရေး ပစ္စည်းများအားလုံးနှင့် ဆောက်လုပ်ရေး ယာဥ်အားလုံးကို ဖယ်ရှားပြစ်လိုက်ကြပြီ ဖြစ်သည်။

ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့ အရင်တစ်ခေါက်က မုန်ညင်းပင်ကို တူးဆွခဲ့သည့် နေရာသို့ လာခဲ့ကြ၏။ အခုအချိန်ထိ နက်ရှိုင်းသည့် တွင်းကြီးကို မြင်နေနိုင်ဆဲဖြစ်ပါသည်။

ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်ပြီး ဘယ်သူမှ မရှိသည်ကို မြင်သောအခါ တွင်းထဲ ချက်ချင်း ခုန်ဆင်းလိုက်ပြီး အင်မော်တယ် မြက်ပင် မျိုးစေ့တစ်စေ့ကို ထုတ်လိုက်သည်။

ထိုမြက်ပင်မျိုးစေ့ကို အင်မော်တယ် မျိုးစေ့သန်စွမ်းဆေးရည်ထဲ ၂၄ နာရီကြာ မစိမ်ခဲ့သော်လည်း ၁၀ နာရီကျော်လောက်တော့ ဆေးရည်စိမ်ခဲ့သည်။

သူ အကြာကြီး မစောင့်နိုင်ပါ။

ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်း၏ လုပ်ရပ်များကို မြင်သည်။ သူ့မျက်နှာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ ယဲ့ရှောင်ချန်း သူ့ကို ဒီပြဿနာ ကူညီဖြေရှင်းပေးနိုင်ဖို့ တကယ် မျှော်လင့်မိပါသည်။

အောင်မြင်နိုင်ချေကတော့ နည်းပါးမှန်း သူသိထားသည်။

ဘာပဲဖြစ်ဖြစ် နျူးကလီးယား ဓာတ်ရောင်ခြည်ဆိုတာ ပြဿနာကြီးတစ်ခု မဟုတ်ပါလား။

နိုင်ငံတော်ကတောင် ထိုပြဿနာကို ရှင်းဖို့ အလွန်ခက်ခဲခဲ့ရသည်။

သို့သော်လည်း မနေ့က ယဲ့ရှောင်ချန်း ဆန်းကြယ်သည့် နည်းလမ်းတစ်ခုကို အသုံးပြုကာ မျိုးစေ့တစ်ခုကို တစ်ပေခန့်ရှည်သည့် မုန်ညင်းပင်ပေါက် ဖြစ်သွားအောင် ပြောင်းလဲခဲ့ပြီး အမြစ်ကလည်း တစ်မီတာကျော် ရှည်လျားကြောင်း တွေ့ခဲ့ရပါသည်။ ထိုမြင်ကွင်းက သူ့စိတ်ထဲတွင် အခုချိန်ထိ ထင်ရှားနေဆဲဖြစ်ပါသည်။

ဧကန္တ ယဲ့ရှောင်ချန်းတွင် နည်းလမ်း တကယ်ရှိလောက်သည်။

သူ့မျှော်လင့်ချက်များကို ယဲ့ရှောင်ချန်း အပေါ်တွင်သာ ပုံအပ်ထားနိုင်ပါသည်။

ယဲ့ရှောင်ချန်း မြေပေါ်တွင် အင်မော်တယ် မြက်ပင် မျိုးစေ့ တစ်စေ့ကို တင်လိုက်ပြီး သူ့လက်ချောင်းကို နူးညံ့စွာ မျိုးစေ့ပေါ် တင်လိုက်ပါသည်။ စိတ်ဝိညာဥ် ပါရမီ ဆက်သွယ်ခြင်းကို အသုံးပြုကာ မျိုးစေ့၏ အသိစိတ်နှင့် ဆက်သွယ်ခဲ့ပါသည်။

အင်မော်တယ်အပင်၏ ဖွံ့ဖြိုးမှုက သာမန်မော်တယ် အပင်များထက် ပိုမိုခက်ခဲသည်။

အဓိကအကြောင်းအရင်းကတော့ လိုအပ်သည့် အာဟာရ ဒြပ်ပေါင်းများက ပိုရှုပ်ထွေးကာ အင်မော်တယ်ချီကိုလည်း လိုအပ်သည်။

အင်မော်တယ်ချီ မရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် အင်မော်တယ် အပင်များကို စိုက်ပျိုးနိုင်မလားဆိုတာကို ယဲ့ရှောင်ချန်း မသိပေ။

ဒါက အလုပ်မဖြစ်ပါက ဝိညာဥ်အမျိုးအစား အင်မော်တယ် အပင်တစ်ခုကိုသာ စိုက်ပျိုးဖို့သာ ရှိတော့သည်။

ဝိညာဥ်အသွင်ပြောင်းခြင်း အင်မော်တယ် အပင်များက နေစွမ်းအင်ကို အင်မော်တယ် ချီအဖြစ် အလိုအလျောက် ပြောင်းလဲပေးနိုင်စွမ်း ရှိပါသည်။

သို့သော်လည်း ဝိညာဥ်အသွင်ပြောင်း အင်မော်တယ် အပင်များက အလွန်စျေးကြီးတတ်သည်။ ဥပမာအားဖြင့် အင်မော်တယ် လေမြက်ဆေးပင် မျိုးစေ့ တစ်စေ့ကို အင်မော်တယ်ယွမ် ၁၂ ယွမ်တောင် ကုန်ကျသည်။

ဒီလို ကြီးမားကျယ်ပြန့်သည့် ဆောက်လုပ်ရေး နယ်မြေတစ်ခုအတွက် အင်မော်တယ် အပင်များစွာကတောင် ပြဿနာကို ဖြေရှင်းဖို့ မလုံလောက်နိုင်ပါ။ ဒီလိုဆိုလျှင် လိုအပ်သည့် အင်မော်တယ်အပင် အရေအတွက်များက တိုးမြင့်လာလိမ့်မည်။ ယဲ့ရှောင်ချန်းတစ်ယောက် အင်မော်တယ်ယွမ် ဘယ်လောက်တောင် သုံးလိုက်ရမလဲ။

မကြာမီ ယဲ့ရှောင်ချန်း၏ ကြိုးစားမှုအောက်တွင် အင်မော်တယ် မြက်မျိုးစေ့သည် စတင် အမြစ်ထွက်လာပြီး အညောက်ပေါက်လာခဲ့သည်။

အမြစ်ပေါက်ခြင်းနှင့် အညောက်ပေါက်ခြင်းက မျိုးစေ့မှ အာဟာရများ ထုတ်လွှတ်ခြင်းသာဖြစ်ပြီး ပြင်ပ အာဟာရများကို မလိုအပ်ပါ။

အမြစ်ထွက်ပြီး အညောက်ပေါက်လာပြီဆိုသည်နှင့် ဆက်လက်ဖွံ့ဖြိုးဖို့ ပြင်ပ အာဟာရများနှင့် ရေတို့ကို လိုအပ်လာလိမ့်မည်။

ယဲ့ရှောင်ချန်း၏ မျက်နှာထား အလွန်အမင်း တည်တံ့လာသည်။

အောင်မြင်ခြင်း မအောင်မြင်ခြင်းက အခုအချိန်အပေါ်တွင် အမှီပြုနေသည်။

၁၀ စက္ကန့်ကျော် ကြာသည်အထိ အမြစ်ထွက်ပြီး အညောက်ပေါက်နေသည့် အင်မော်တယ် မြက်မျိုးစေ့မှာ တုန့်ပြန်မှု မရှိသေးပါဘူး။

သူ ထိတ်လန့်သွား၏။ ဧကန္တ အင်မော်တယ်ချီ မရှိရင် တကယ် အလုပ်မဖြစ်နိုင်ဘူးလား။

ရုတ်တရက် သူ့စိတ်ဝိညာဥ်ပါရမီမှ အင်မော်တယ် မြက်ပင်မျိုးစေ့၏ အမြစ်ထဲတွင် လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်။ ကြည့်ရတာ မြေကြီးထဲမှ အာဟာရနှင့် ပစ္စည်းတချို့ကို စုပ်ယူနေသည့်ပုံပင်။

ယဲ့ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်သွား၏။ အံ့အားသင့် ပျော်ရွှင်သွားသည့် ပုံစံလည်း ပေါက်သွားသည်။

အောင်မြင်ပြီ။

အင်မော်တယ် မြက်မျိုးစေ့ စတင်ဖွံ့ဖြိုးနေပါပြီ။

မယုံကြည်နိုင်စရာ အကောင်းဆုံးက အင်မော်တယ် မြက်မျိုးစေ့မှာ မြေကြီးထဲမှ အာဟာရများကိုသာမကဘဲ နျူးကလီးယား ဓာတ်ရောင်ခြည်များကိုပါ စုပ်ယူနေသည်ကို ယဲ့ရှောင်ချန်း သိလိုက်ရခြင်းပင်။

ယဲ့ရှောင်ချန်း စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။ အင်မော်တယ် ချီစွမ်းအင် မရှိလျှင်လည်း အင်မော်တယ် အပင်များ ဖွံ့ဖြိုးနိုင်သည့်ပုံပင်။

ထို့နောက် ယဲ့ရှောင်ချန်းသည် ချက်ချင်းဆိုသလို ခေါင်းခါလိုက်မိပြန်၏။ မဖြစ်နိုင်ပါဘူး။ ဓာတ်ရောင်ခြည် စွမ်းအင်ကြောင့် ဖွံ့ဖြိုးနေခြင်းဖြစ်ရမည်။ အမှောင်စွမ်းအင်ဟု ခေါ်သည့် စွမ်းအင်ကြောင့် အင်မော်တယ် မြက်မျိုးစေ့ ဆက်လက် ဖွံ့ဖြိုးနိုင်ခြင်း ဖြစ်ပါသည်။

မိနစ်အနည်းငယ် ကြာသောအခါ အင်မော်တယ် မြက်ပင်မှာ တစ်လက်မ နီးပါးလောက် ရှည်လာ၏။

အမြစ်စနစ်က ပို၍ပင် ဖွံ့ဖြိုးနေသည်။ တစ်ပေလောက် ရှိနေပြီဖြစ်၏။

ယဲ့ရှောင်ချန်း သူ့လက်ကို လွှတ်လိုက်ပြီး  အင်မော်တယ် မြက်မျိုးစေ့ကို မျက်နှာပေါ်တွင် အတွေးများသည့် အကြည့်ဖြင့် ကြည့်လိုက်ပါသည်။

အင်မော်တယ် မြက်ပင်မှာ အစိမ်းရောင်စစ်စစ် မဟုတ်ဘဲ မီးခိုးရောင် သမ်းနေသည်ကို မြင်လိုက်ရသည်။

အင်မော်တယ် မြက်ပင်က ဓာတ်ရောင်ခြည် စွမ်းအားကို စုပ်ယူခြင်း၏ ရလဒ်ဖြစ်သည့်ပုံပင်။

သို့သော်လည်း အခြားသာမန်အပင်များလို မဟုတ်ဘဲ အင်မော်တယ် မြက်ပင်က ဓာတ်ရောင်ခြည်ကို စုပ်ယူပြီးနောက် ခံနိုင်ရည်ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖွံ့ပင်ဖွံ့ဖြိုးလာပါသည်။

ဒါက အင်မော်တယ်အပင်နှင့် သာမန်အပင်များ၏ ခြားနားချက် ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းသည် သူ့လက်ဖြင့် ထပ်မံ ‌ထိတွေ့လိုက်ပြန်သည်။

သေသေချာချာ ခံစားကြည့်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။ ဒီအင်မော်တယ်မြက်ပင်က သာမန် မဟုတ်ပေ။ ဓာတ်ရောင်ခြည် စုပ်ယူမှု အကွာအဝေးက အတော်လေး ကျယ်ပြန့်ပါသည်။

သူ့အာရုံထဲတွင် အင်မော်တယ် မြက်ပင် တစ်ပင်က ၁၀ ပေ ဝန်းကျင်ကို ဖုံးလွှမ်းနိုင်သည်။

အမြစ်သာမကသေးဘဲ ပင်စည်နှင့် အရွက်များကတောင် ဓာတ်ရောင်ခြည်များကို စုပ်ယူနိုင်ပါသည်။ အမြစ်စနစ်ကတော့ စုပ်ယူအား အကောင်းဆုံးဖြစ်သည်။

"အခုတော့ ၁၀ ပေပဲ ရှိသေးပေမယ့် အင်မော်တယ် မြက်ပင် ကြီးလာတာနဲ့ ဓာတ်ရောင်ခြည် စုပ်ယူမှု အကွာအဝေးက ဖြည်းဖြည်းချင်း ကျယ်ပြန့်လာမှာပါ။"

ယဲ့ရှောင်ချန်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ထို့အပြင် အင်မော်တယ် မြက်ပင်၏ အမြစ်စနစ်တွင် ထူးခြားသည့် ဂုဏ်သတ္တိတစ်ခု ရှိ၏။ ဓာတ်ရောင်ခြည် ပိုများသည့် နေရာကို ထိုးဝင်သွားတတ်သည်။

ယဲ့ရှောင်ချန်း မတ်တပ် ပြန်ရပ်လိုက်၏။

"ရှောင်ချန်း ဘယ်လိုနေလဲ။"

ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်း၏ လုပ်ရပ်များကို နားမလည်နိုင်ပါ။ သူ့လုပ်ရပ်များက နျူးကလီးယား ဓာတ်ရောင်ခြည် ရှင်းလင်းခြင်းနှင့် ဘယ်လို သက်ဆိုင်နေသလဲ မသိပေ။

"အစ်ကိုကြီးဝမ် ပြဿနာ မရှိနိုင်တော့ပါဘူး။ ဒီအပင်က ဓာတ်ရောင်ခြည်ကို မသေဘဲ စုပ်ယူနိုင်တယ်။ ဒီအပင်မျိုးကို မြေကြီးမှာ လုံလုံလောက်လောက် စိုက်ပျိုးထားနိုင်မယ်ဆိုရင် နျူးကလီးယား ဓာတ်ရောင်ခြည်ကို ရှင်းထုတ်နိုင်ပါလိမ့်မယ်။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"ဒါဆို ဘယ်လောက်ကြာမှာလဲ။"

ဝမ်ရွှေရှန့် အလောတကြီး မေးလိုက်၏။

သူ အစိုးရိမ်ဆုံးက ဒါပဲဖြစ်သည်။ သူ့အတွက် အချိန်က ရွှေလိုအဖိုးတန်၏။

"သိပ်မကြာပါဘူး။ အများဆုံး တစ်လပါပဲ။"

ယဲ့ရှောင်ချန်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်ပါသည်။

လနတ်သမီးကို ထိုအကြောင်း မေးထားပြီးပြီ ဖြစ်ပြီး အင်မော်တယ်ယွမ်များစွာလည်း ပေးခဲ့ရ၏။

အင်မော်တယ် မြက်ပင်၏ ဓာတ်ရောင်ခြည် စုပ်ယူနိုင်စွမ်းမှာ အာနိသင် ပြနေပြီ။ ဝဲဂယက် တစ်ခုလိုဖြစ်ပြီး အနီးအနားက ဓာတ်ရောင်ခြည် အားလုံးကို စုပ်ယူနိုင်၏။

ဒီလိုနှင့် ဓာတ်ရောင်ခြည် ရှိသမျှကို စုပ်ယူနိုင်ပါသည်။

အဓိကအချက်က ဒါမဟုတ်ပေ။

အင်မော်တယ် မြက်ပင်များတွင် ဓာတ်ရောင်ခြည်စွမ်းအားကို အသုံးပြုပြီး ပစ္စည်းများကို သန့်စင်ပေးနိုင်သည့် အာနိသင်လည်း ရှိပါသည်။ တစ်နည်းအားဖြင့် မစုပ်ယူခင် နျူးကလီးယား ပစ္စည်းများကို ဓာတ်ရောင်ခြည် ထုတ်လွှတ်သည်အထိ စောင့်ဆိုင်းနေစရာ မလိုပါ။ နျူးကလီးယား ပစ္စည်းအတွင်းက ဓာတ်ရောင်ခြည်ကို ဆက်တိုက် စုပ်ယူ သန့်စင်ပေးနိုင်ပါသည်။

ဒီလိုဆို မြေကြီးထဲက နျူးကလီးယား ဓာတ်ရောင်ခြည်များအား အချိန်တိုအတွင်း သန့်စင်နိုင်ပါသည်။

"ကောင်း- ကောင်းလိုက်တာ"

ဝမ်ရွှေရှန့်၏ မျက်လုံးထဲတွင် ပီတဖြာခြင်းများ ပေါ်လာသည်။

သုံးလမှ ငါးလအထိ ကြာမည်ဆိုရင်တောင် သူစောင့်နိုင်ပါသည်။ တစ်လဆိုသည်မှာ သူ့အတွက် မပြောပလောက်ပါဘူး။ အများဆုံး အရှုံး ပိုမိုကြီးလာနိုင်သော်လည်း အခြေအနေကို ပြောင်းပြန်လှန်ပြစ်ဖို့ အခွင့်အရေး ရှိနေပါသေးသည်။

"အစ်ကိုကြီးဝမ် ဒီအပင်မျိုးကို ဆောက်လုပ်ရေး နယ်မြေတစ်ခုလုံးမှာ ကျွန်တော်စိုက်ပျိုးပြီးသွားရင် အစ်ကိုကြီး သေသေချာချာ စောင့်ကြည့်ရမယ်နော်။ ဒီအပင်ကို ဖျက်ဆီးမိလို့ မဖြစ်ဘူး။"

ယဲ့ရှောင်ချန်းက သတိပေးလိုက်သည်။

"ကောင်းပါပြီ။"

ဝမ်ရွှေရှန့်က အမြန် ခေါင်းငြိမ့်လိုက်သည်။

အစိုးရက ဒီနေရာကို ထိန်းချုပ်ထားသော်လည်း သူ့တွင် အာဏာတချို့တော့ ရှိနေပါသေးသည်။

ထို့နောက် ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်အား နှုတ်ဆက်လိုက်ပြီး ဆောက်လုပ်ရေး နယ်မြေမှ ထွက်လာခဲ့သည်။ အခုချက်ချင်း မစိုက်ပျိုးရသည့် အကြောင်းအရင်းမှာ မျိုးစေ့များ အားလုံးကို အင်မော်တယ် မျိုးစေ့သန်စွမ်းဆေးရည်ထဲ စိမ်ထားဆဲ ဖြစ်သောကြောင့်ပင်။ မျိုးစေ့များကို တစ်ခါတည်း ထုတ်သုံးဖို့က အဆင်မပြေပေ။ ထို့အပြင် မျိုးစေ့များကိုလည်း အကြာကြီး ဆေးမစိမ်ရသေးပါ။

မျိုးစေ့များကို အချိန်လုံလုံလောက်လောက် ဆေးရည်မစိမ်ပါက အင်မော်တယ်မြက်ပင်၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေပါလိမ့်မည်။

All Chapters