← Chapters

အခန်း (၁၇၃) - ပံ့ပိုးမှု

Vol. 12 Ch. 173

အခန်း (၁၇၃) - ပံ့ပိုးမှု

Vol. 12 Ch. 173

အခန်း (၁၇၃) - ပံ့ပိုးမှု

ဆောက်လုပ်ရေး နယ်မြေတွင်။

ဝမ်ရွှေရှန့် မပြန်ဘဲ ဓာတ်ရောင်ခြည်ရင်းမြစ် အနီးအနားရှိ သံမဏိအိမ်တစ်လုံးသို့ သွားခဲ့သည်။

ထိုအိမ်က နျူးကလီးယား ကပ်ဘေးအတွက် ယာယီ ညွှန်ကြားရေး စင်တာဖြစ်သည်။

မြို့တော်ခေါင်းဆောင်များမှ ဖွဲ့စည်းထားသည့် နျူးကလီးယား ကာကွယ်ရေးတပ်ဖွဲ့ရှိသည်သာ မကဘဲ မြို့တော်နှင့် ပြည်နယ်များမှ နျူးကလီးယား ကာကွယ်ရေး ပညာရှင်များပင် ရှိကြသည်။

အားလုံးက ကာကွယ်ရေးဝတ်စုံများကို ဝတ်ထားကြပြီး ကိုယ့်အလုပ်ကို လုပ်နေကြသည်။

"မြို့တော်ဝန်လီ အခြေအနေက ဘယ်လိုရှိလဲ။"

ဝမ်ရွှေရှန့်က နျူးကလီးယားကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် လီကျစ်ရွှမ်ကို မေးလိုက်သည်။

လီကျစ်ရွှမ်က လက်ထောက်မြို့တော်ဝန် ဖြစ်သည်။ ဒီနျူးကလီးယား မတော်တဆမှုအတွက် တာဝန်ရှိသူဖြစ်၏။

လွယ်ကူသောအလုပ်တော့ မဟုတ်ပေ။

ဓာတ်ရောင်ခြည်သင့်နေသော နယ်မြေတစ်ခုတွင် ကာကွယ်ရေးဝတ်စုံများ ဝတ်ထားလျှင်တောင် ရာနှုန်းပြည့် မလုံခြုံနိုင်ပါ။

ကံမကောင်းစွာဖြင့် ဒါက သူ့တာဝန်ဖြစ်ပါသည်။

"အထဲက နျူးကလီးယား စွန့်ပြစ်ပစ္စည်း အရေအတွက်ကို တွက်ချက်ပြီးပြီ။ ဟူး... စိတ်မချရဘူး။ ဖောင်ဒေးရှင်းချလိုက်တုန်းက သိုလှောင်ရုံရဲ့ ဓာတ်ရောင်ခြည်ကာ နံရံတွေ ပေါက်ထွက်သွားတယ်။ နောက်တော့ မိုးရွာပြီး မိုးတွေက နံရံတွေထဲ စိမ့်ဝင်သွားတယ်။ အဲ့တော့ နျူးကလီးယား ဓာတ်ပစ္စည်းတွေက မိုးနဲ့အတူ စိမ့်ထွက်လာတာပေါ့။ ပညာရှင်တွေ ခန့်မှန်းချက်အရတော့ ဒီနယ်မြေအတွင်းက ဓာတ်ရောင်ခြည်ပြင်းအားက ဖြည်းဖြည်းချင်း တိုးမြင့်လာလိမ့်မယ်။ ဘယ်လောက်ကြာရှည်ခံမလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲတယ်။ ကံကောင်းစွာနဲ့ နျူးကလီးယား စွန့်ပြစ်ပစ္စည်း စိမ့်ထွက်မှုကို အချိန်မှီ တွေ့ရှိနိုင်ခဲ့လို့ပေါ့။ ဒီပတ်လည် နယ်မြေမှာ မြေအောက်ရေရင်းမြစ် သိပ်မများဘူး။ အဲ့တာကြောင့် မြေအောက်ရေနဲ့အတူ နျူးကလီးယား စွန့်ပြစ်ပစ္စည်းတွေ စိမ့်ထွက်နိုင်ချေက တော်တော်လေး နည်းသွားပါတယ်။"

လီကျစ်ရွှမ်က ပြောလိုက်ပါသည်။

ဝမ်ရွှေရှန့်ကို ရှုပ်ထွေးသော မျက်နှာမျိုးဖြင့် သူကြည့်လိုက်၏။ ဝမ်ရွှေရှန့်က ယန်မြို့တော်တွင် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်ပါသည်။ သူတောင် ဝမ်ရွှေရှန့်ကို အထင်မသေးရဲပါ။ သို့သော်လည်း အခုတော့ ဒီလို ကပ်ဆိုးမျိုးနှင့် ကြုံလိုက်ရလေပြီ။ ကံတရားသာ ဖြစ်ပါသည်။

ရင်ထဲတွင် သက်ပြင်းချလိုက်မိပါသည်။ ဝမ်ရွှေရှန့်နှင့် သူ၏ ကျင်းယန် အုပ်စုတို့ အတိတ်က အရာများ ဖြစ်လာဖို့ သိပ်မလိုတော့ပါ။

အမှန်ပင်။ ထုတ်တော့ မပြခဲ့ပါ။

"မြို့တော်ဝန် လီ ကျွန်တော် ပြောစရာတစ်ခုရှိလို့ပါ။"

ဝမ်ရွှေရှန့်က ခေတ္တ စဥ်းစားလိုက်၏။ ထိုကဲ့သို့ အပင်မျိုးကို ဆောက်လုပ်ရေး နယ်မြေအတွင်းတွင် စိုက်ပျိုးချင်ပါက လီကျစ်ရွှမ်၏ ခွင့်ပြုချက်ကို ယူရမည်ဖြစ်ကြောင်း သိပါသည်။

"မစ္စတာဝမ် ပြောပါဗျာ။"

ဝမ်ရွှေရှန့် အနည်းငယ် ပြောင်းလဲသွားသည်ဟု လီကျစ်ရွှမ် ခံစားလိုက်ရသည်။ သူ့မျက်နှာထား တစ်ခုခု ပြောင်းလဲသွားသလိုပင်။

"ယန်မြို့တော်ရဲ့ ရုက္ခဗေဒပညာရှင်ကြီး မစ္စတာယဲ့က နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်တဲ့ အပင်တစ်မျိုးကို တီထွင်ထားတယ်လို့ ပြောတယ်။ ဆောက်လုပ်ရေး နယ်မြေမှာ အဲ့တာကို စိုက်လိုက်တာနဲ့ တစ်လအတွင်း မြေအောက်က နျူးကလီးယား ဓာတ်ရောင်ခြည်တွေ အားလုံးကို ဖယ်ရှားနိုင်တယ်တဲ့။"

ဝမ်ရွှေရှန့်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်ပါသည်။

လီကျစ်ရွှမ်၏ လွန်စွာ ထိတ်လန့်အံ့အားသင့်နေသည့် မျက်နှာထားကိုကြည့်ကာ သူဘာတွေးနေသလဲ သိခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် အဓိပ္ပာယ်မဲ့လွန်းလှသည် မဟုတ်ပါလား။

နိုင်ငံတော်တွင်တောင် ဓာတ်ရောင်ခြည်ကို ဖယ်ရှားနိုင်စွမ်း မရှိကြပေ။

"ကျင်းကောင်တီမြို့က ယဲ့ရှောင်ချန်းကို ပြောတာလား။"

လီကျစ်ရွှမ် မယုံကြည်နိုင်ပါ။

"ဟုတ်ပါတယ်။"

ဝမ်ရွှေရှန့်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။

"သူ နောက်နေတာတော့ မဟုတ်ဘူးမလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

လီကျစ်ရွှမ် မယုံကြည်စွာ ပြောလိုက်ပါသည်။

နျူးကလီးယား ဓာတ်ရောင်ခြည်ကို အမှန်တကယ် သန့်စင်ပေးနိုင်သည့် အပင်တစ်မျိုးကိုသာ တီထွင်ခဲ့ပါက ကမ္ဘာကြီးပေါ်တွင် သက်ရောက်လာမည့် အကျိုးကျေးဇူးမှာ စိတ်ကူးဖြင့် မှန်းဆ၍ပင် မရနိုင်ပါ။

ကမ္ဘာကြီးမှာ နျူးကလီးယား ဓာတ်ရောင်ခြည်တွေ ဘယ်လောက်တောင် များလိုက်သလဲ။

"ကျွန်တော်တော့ မစ္စတာယဲ့ကို ယုံကြည်တယ်။"

ဝမ်ရွှေရှန့်က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်ပါသည်။

လီကျစ်ရွှမ် စဥ်းစားကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ကျုပ်တစ်ယောက်တည်း ဆုံးဖြတ်ချက် ချလို့ မရဘူးဗျ။ အထက်လူကြီးတွေနဲ့ ဆက်သွယ်ရမယ်။"

"ကောင်းပါပြီ။"

ဝမ်ရွှေရှန့် ခေါင်းငြိမ့်လိုက်သည်။ ဒီစည်းမျဥ်းကိုတော့ သူလည်း နားလည်၏။ လီကျစ်ရွှမ်ကို အရင်ဆုံး ပြောပြလိုက်ရသည့် အကြောင်းအရင်းက လီကျစ်ရွှမ်ကို သူလေးစားသောကြောင့် ဖြစ်ပါသည်။

မကြာမီ လီကျစ်ရွှမ်က သူ့အထက်အရာရှိများနှင့် ဆက်သွယ်ပြီး နောက်ဆုံးတော့ ယဲ့ရှောင်ချန်းအား ကြိုးစားဖို့ အခွင့်အရေး ပေးခဲ့ကြပါသည်။

ဘာပဲဖြစ်ဖြစ် အရှုံးလည်းမရှိဘဲ နျူကလီးယား ဓာတ်ရောင်ခြည်ကိုလည်း တိုးမြှင့်စေလောက်မည် မဟုတ်ပေ။

ဝမ်ရွှေရှန့် မအံ့သြပါ။ ဘာပဲဖြစ်ဖြစ် ဝန်ကြီးကျန်းက ယဲ့ရှောင်ချန်းကို အလွန်သဘောကျမှန်း သူသိထားပါသည်။

...

စိုက်ပျိုးရေးခြံသို့ အပြန်လမ်းတွင် ကျန်းဟုန်ယဲ့ထံမှ ဖုန်းဝင်လာ၏။

"အစ်မကျန်း"

ယဲ့ရှောင်ချန်းက ကားမောင်းရင်း ဖုန်းပြောလိုက်သည်။

"ရှောင်ချန်း နင်တီထွင်ထားတဲ့ အပင်က နျူးကလီးယား ဓာတ်ရောင်ခြည်ကို တကယ်ရှင်းလင်းနိုင်တာလား။"

ကျန်းဟုန်ယဲ့က မေးလိုက်သည်။

အခုတလော သူမ ခေါင်းစားနေရ၏။ ဘာပဲဖြစ်ဖြစ် သူမ၏ ပိုက်နက်ထဲတွင် ဒီလို မတော်တဆမှုကြီး ဖြစ်လာခဲ့တာ မဟုတ်ပါလား။ သူမ၏ တာဝန် မဟုတ်သော်လည်း တာဝန်ယူရပါမည်။ ထို့အပြင် ဒါက အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့် ပြဿနာမျိုးလည်း မဟုတ်ပါ။

အထူးသဖြင့် ထိုနေရာက မြို့တော်ထဲမှ စီမံကိန်းကြီးတစ်ခုနှင့် သက်ဆိုင်နေသည်။ ထိုစီမံကိန်းကိုလည်း သူမ ထောက်ပံ့ပေးထားခဲ့၏။

အခုတော့ ဒီလို ပြဿနာကြီး ဖြစ်လာခဲ့သဖြင့် အခုတော့ ဖိအားများစွာ ကြုံတွေ့နေရလေပြီ။

"အစ်မကျန်း စိတ်မပူပါနဲ့။ ကျွန်တော့်မှာ ဒီအတွက် ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။"

ယဲ့ရှောင်ချန်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

"ရှောင်ချန်း နင်ယုံကြည်ချက်ရှိတယ်လို့ ကြားရတာ ငါစိတ်အေးသွားပါတယ်။ နင့်နည်းလမ်းသာ တကယ် အာနိသင်ရှိရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ နင်နာမည်ကျော် ဖြစ်လာတော့မယ်ထင်တယ်။"

ကျန်းဟုန်ယဲ့က ပြုံးလိုက်၏။

သူမ နောက်တာ မဟုတ်ပါ။

နျူးကလီးယား ဓာတ်ရောင်ခြည်ကို ရှင်းလင်းဖို့က သန့်စင်ခြင်းက အမြဲတမ်းလိုလို ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့ပါသည်။ နိုင်ငံတော်များတွင် ဖြေရှင်းချက်ဟူ၍ ကောင်းကောင်း မရှိခဲ့ပါ။ သဘာဝတရားကြီး၏ စွမ်းအားနှင့် အချိန်ကိုသာ အားကိုးပြီး သန့်စင်ခဲ့ရပါသည်။

ယဲ့ရှောင်ချန်းက တကယ်တမ်း နျူးကလီးယား ဓာတ်ရောင်ခြည်ပြဿနာကို ဖြေရှင်းနိုင်ပါက ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်သွားပါလိမ့်မည်။

ထိုသို့ဖြစ်လာသောအခါ ယဲ့ရှောင်ချန်းက ယန်မြို့တော်က ထိပ်တန်းရုက္ခဗေဒပညာရှင်တစ်ယောက်သာ မဟုတ်တော့ဘဲ ကမ္ဘာကြီးထဲတွင်ပါ ထိပ်တန်းရုက္ခဗေဒပညာရှင် ဖြစ်လာနိုင်ပါသည်။

ထိုကဲ့သို့ ဂုဏ်မျိုးက အဆင့်မတူနိုင်ပါ။ ရလဒ်အစစ်အမှန်များဖြင့် ရလာသည့် နာမည်နှင့် ဂုဏ်ဖြစ်ပြီး ပညာရှင်များ၏ အထောက်အပံ့ကြောင့် မဟုတ်ပါ။

"ဟားဟား အစ်မကျန်း ဂုဏ်တွေ ဘာတွေ မေ့ထားလိုက်စမ်းပါ။ ကျွန်တော် အစ်ကိုကြီးဝမ်ကို ပြဿနာ ကူညီဖြေရှင်းပေးချင်ရုံသက်သက်ပဲ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ဓာတ်ရောင်ခြည်ကို သန့်စင်ဖို့ အသုံးပြုထားသည့် ထိုအင်မော်တယ်မြက်ပင်၏ အာနိသင်မှာ ဖော်ပြလို့ပင်မရမှန်း သူသိပါသည်။

သူတို့နှစ်ဦး ခေတ္တ စကားဆက်ပြောလိုက်ကြပြီးနောက် ဖုန်းချလိုက်သည်။

ယဲ့ရှောင်ချန်း အသက်ဝဝရှူလိုက်၏။ လာမည့် ရက်ပိုင်းထဲ သူအလွန် အလုပ်များလာတော့မည်ကို သိခဲ့သည်။

အင်မော်တယ် မြက်မျိုးစေ့များကို သူသာ စိုက်ပျိုးနိုင်၏။ မဟုတ်ပါက သဘာဝအတိုင်း အညောက်ပေါက်ဖို့က အကြာကြီး ကြာပါလိမ့်မည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်း စတိုးဆိုင်မှ အင်မော်တယ် မြက်မျိုးစေ့ တစ်ထုပ်ကို ဝယ်ကာ မျိုးစေ့ အားတိုး ဆေးရည်ထဲတွင် စိမ်လိုက်သည်။

တစ်ထုပ်တွင် မျိုးစေ့ ၅၀၀ ပါ၏။ တစ်ပင်က ပတ်လည် ၂ပေ ၃ပေခန့်ကို လွှမ်းမိုးနိုင်ပါက ထိုကဲ့သို့ ကြီးမားကျယ်ပြန့်သည့် ဆောက်လုပ်ရေး နယ်မြေထဲတွင် အနည်းဆုံး အင်မော်တယ် မြက်ပင်ထောင်ကျော်မည်။

မနက်ဖြန်လုပ်စရာ အလုပ်များ ရှိသေးသဖြင့် ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံတွင် စတင်အလုပ်များခဲ့ပါသည်။

အခုဆို နေ့တိုင်း အင်မော်တယ် အပင်များကို စားသုံးနေပြီဖြစ်သည်။ ထို့အပြင် ဝိညာဥ်မျိုးစေ့ကို သိပ်သည်းပြီး ရှန်းနုန်စိုက်ပျိုးခြင်းကိုလည်း ကျင့်ကြံထား၏။ သူ့စိတ်ဝိညာဥ်များ မြင့်မားနေသည်။ တစ်ရက်ကို ၂နာရီ ၃နာရီခန့်လောက်ပဲ အိပ်မည်ဆိုလျှင်တောင် အားအင်များ ပြည့်ဝနေပါလိမ့်မည်။

နောက်တစ်နေ့မနက် စောစောအချိန်တွင် ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက်အားလုံးကို ခူးကာ အင်မော်တယ်အပင်များကို ရေလောင်းသည်။ ပြီးကာမှ စိုက်ပျိုးရေးခြံမှ ကားဖြင့် ထွက်လာခဲ့၏။

ဒီနေ့က အလုပ်များသည့်နေ့ ဖြစ်လာပါလိမ့်မည်။

ဆောက်လုပ်ရေး နယ်မြေတွင်။

ဝမ်ရွေရှန့် ရောက်နေပြီဖြစ်ပါသည်။

ထို့အပြင် ခေါင်းဆောင်အဖွဲ့၏ မြို့တော်ဝန် လီကျစ်ရွှမ်နှင့် အခြား နျူးကလီးယား ကာကွယ်ရေး ပညာရှင်များစွာတို့လည်း ထိုနေရာတွင်  ရှိနေကြသည်။ မြေတူးစက်တစ်လုံးနှင့် မောင်းသူတစ်ယောက်လည်း ရှိနေ၏။

"မြို့တော်ဝန်လီ"

ယဲ့ရှောင်ချန်းက လီကျစ်ရွှမ်နှင့် လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။

လီကျစ်ရွှမ်ကာလည်း ယဲ့ရှောင်ချန်းကို အလွန်ယဥ်ကျေးစွာ ဆက်ဆံသည်.

ယဲ့ရှောင်ချန်းက ယန်မြို့တော်တွင် ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ဦးဖြစ်ရုံမကဘဲ အထက်အရာရှိများကလည်း သူ့ကိုအရေးပေးကြ၏။ ဝန်ကြီးကျန်းတောင် ယဲ့ရှောင်ချန်းကို အပြည့်အဝ ထောက်ခံပေးသည်။

ထို့ကြောင့် သူအလွန် သတိထားပါသည်။

နျူးကလီးယား ကာကွယ်ရေး ပညာရှင်တချို့ကသာ ယဲ့ရှောင်ချန်းကို ထူးဆန်းသည့် အကြည့်မျိုးဖြင့် ကြည့်နေကြ၏။

နျူးကလီးယား ဓာတ်ရောင်ခြည်များကို သန့်စင်ဖို့ တစ်ယောက်ယောက်က အပင်စိုက်ပျိုးရေး နည်းလမ်းကို အားကိုးမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ အဓိပ္ပာယ်ကင်းမဲ့လှသည်ဟု ထင်ခဲ့ကြ၏။

ထိုလူက ယန်မြို့တော်မှ ထိပ်တန်း ရုက္ခဗေဒ ပညာရှင် ဖြစ်နေရင်တောင် မဖြစ်နိုင်ဘူးဟု ခံစားမိကြပါသည်။

အမှန်ပင်။ သူတို့အားလုံးက အဆင့်အတန်းရှိ လူများဖြစ်ကြသဖြင့် သိသာသော ဝေဖန်မှုများကိုတော့ ထုတ်မပြခဲ့ပါ။

ဘယ်သူမှ မယုံကြည်ခြင်းသာ ရှိသည်။

တကယ်တော့ လီကျစ်ရွှမ်တောင် မယုံကြည်ပါ။

သူသာ တကယ်တမ်း နျူးကလီးယား ဓာတ်ရောင်ခြည်ကို သန့်စင်နိုင်သည့် အပင်တစ်ပင်ကို တီထွင်နိုင်ခဲ့ပါက ကမ္ဘာပေါ်က သိပ္ပံပညာရှင်များအားလုံး အသုံးမဝင်ရာ ရောက်သွားပါတော့မည်။

All Chapters