← Chapters

အခန်း (၁၇၅) - ပေါင်းစပ်မှု

Vol. 12 Ch. 175

အခန်း (၁၇၅) - ပေါင်းစပ်မှု

Vol. 12 Ch. 175

အခန်း (၁၇၅) - ပေါင်းစပ်မှု

"ကောင်းတယ် သိပ်ကောင်းတယ်ဗျာ။ သန့်စင်မြက်ပင်တွေရဲ့ ဖွံ့ဖြိုးမှုနဲ့ မြေအောက် ဓာတ်ရောင်ခြည်ပြင်းအားကိုပါ စောင့်ကြည့်ပေးကြပါဦး။"

လီကျစ်ရွှမ်က အလွန််ပျော်ရွှင်ကာ အမြန်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ မြို့တော်ဝန်လီ။ ကျုပ်တို့ လုပ်နေပြီးသားပါ။"

အဘိုးယင်က ပြောလိုက်၏။

လီကျစ်ရွှမ် ခေါင်းငြိမ့်လိုက်ပါသည်။ "ပြီးတော့ နျူးကလီးယား စွန့်ပြစ်ပစ္စည်းတွေကို ရှင်းလင်းဖို့ကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ရမယ်။ မိုးလေဝသ ခန့်မှန်းချက်အရ မကြာခင် မိုးရွာလိမ့်မယ်။ ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားနိုင်ပေမယ့် ထိခိုက်မှုကတော့ ကြီးမားလွန်းဦးမှာ။ပဲ"

သာမန်အခြေအနေအောက်တွင် နျူးကလီးယား စွန့်ပစ်ပစ္စည်းပျံ့နှံ့ခြင်းက အလွန်နှေးကွေးသော်လည်း မိုးရွာသောအခါ မြန်ဆန်သွားနိုင်သည်။

"အထဲက အခြေအနေကတော့ ရှင်းလင်းပါတယ်။ ဒီနေ့ညပဲ ရှင်းလင်းရေး စလုပ်နိုင်လိမ့်မယ်။"

နောက်ထပ် နျူးကလီးယား ကာကွယ်ရေး ပညာရှင် တစ်ဦးက ပြောလိုက်သည်။

နျူးကလီးယား စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းက မလွယ်ပါ။

အစည်းအဝေးပြီးသောအခါ လီကျစ်ရွှမ်က ဝန်ကြီးကျန်းနှင့် မြို့တော်ဝန်တို့ကို ဖုန်းခေါ်ပြီး နျူးကလီးယား ကာကွယ်ရေးအခြေအနေကို တင်ပြလိုက်ပါသည်။

ဖုန်းချပြီးနောက် သူသက်ပြင်းအရှည်ကြီး ချလိုက်ပါသည်။ မျက်လုံးများက တောက်ပနေ၏။ ဒီတစ်ခေါက် ယန်မြို့တော် မီးမောင်း ထိုးပြခံရတော့မည်ကို သူသိနေပါသည်။

ဒါက ရှားပါးအခွင့်အရေးပင်။

အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်နိုင်ပါက အကြီးမားဆုံး အကျိုးကျေးဇူးကို သူရရှိနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ်သူက နျူးကလီးယား ကာကွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ မဟုတ်ပါလား။

...

စိုက်ပျိုးရေးခြံတွင်

ယဲ့ရှောင်ချန်း ခြေပုလ္လင်ခွေကာ ထိုင်နေသည်။ ဗိုက်ထဲတွင်လည်း အသံများ မြည်နေ၏။

ရုတ်တရက် သူ့ဒန်တန်ရှိ ချီပင်လယ်သည် အလွန်အမင်း ပူပြင်းလာသလို ခန္ဓာကိုယ်တစ်ခုလုံးလည်း လှုပ်ခါလာသည်။

ဆူပွက်နေသော ရေနွေးအိုး တစ်လုံးလိုပင်။

မိုးကြိုးပစ်သံလိုမျိုး ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။

"ဟားဟားဟား ကောင်းလိုက်တာကွာ။ နောက်ဆုံးတော့ ထွန်ယက်ခြင်းအဆင့် ပြီးဆုံးသွားပြီ။"

ယဲ့ရှောင်ချန်းသည် သက်ပြင်းအရှည်ကြီး ချလိုက်၏ သူ့မျက်လုံးများကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူရယ်မောလိုက်မိ၏။

ဒါက သတင်းကောင်းပဲ ဖြစ်သည်။

အခုသူ့ ခန္ဓာကိုယ်တစ်ခုလုံး ရှင်းလင်းပြီး လန်းဆန်းနေသလို ခံစားရပါသည်။ သူ့ဒန်တန်တွင်လည်း နွေးထွေးသည့် အပူစီးကြောင်းဖြင့် ဆက်တိုက် စီးဆင်းနေသည်။ ဒါက သူ့ခန္ဓာကိုယ်ထဲမှ အရိုးများထံသို့ စီးဆင်းသည့် ယွမ်ချီစွမ်းအင်ဖြစ်ပါသည်။

ဝူရှားဝတ္ထုများထဲက စကားအတိုင်း ဖော်ပြရမည်ဆိုပါက သူချီအာရုံကို ရရှိသွားပြီ ဖြစ်သည်။

အမှန်ပင်။ အင်မော်တယ် ကျင့်စဥ်က ဒီလောက် မရိုးရှင်းပါဘူး။

နောက်တစ်ဆင့်က အရေးအကြီးဆုံးအဆင့် ဖြစ်သည်။

"အပင်စိုက်ခြင်းအဆင့်ဆိုတာ အင်မော်တယ် အပင်တစ်မျိုးရဲ့ ဝိညာဥ်ချီကို စွမ်းအင်ဗဟိုထဲ စုပ်ယူရတာကို ပြောချင်တာ။ ပြီးရင် မှော်စွမ်းအား တစ်ခုဖြစ်လာအောင် ပြန်လည်သန့်စင်ပေးရမယ်။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

အစတုန်းက  အင်မော်တယ် အပင်တစ်မျိုး၏ ဝိညာဥ်ချီကိုသာ စုစည်းနိုင်ခဲ့သည်။

အပင်စိုက်ခြင်းအဆင့် ပြီးဆုံးသွားမှ မှော်စွမ်းအားများကို အပင်တစ်ခုအသွင်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်မည်ဖြစ်သည်။ နောက်ဆုံး အတိုင်းအတာသို့ ရောက်လာသောအခါ အခြားအပင်များကို ဆက်လက် စိုက်ပျိုးနိုင်ပြီဖြစ်သည်။

ပန်းဝိညာဥ်တစ်မျိုးတည်းကိုပဲ ဆက်လက် စိုက်ပျိုးနိုင်ပါသည်။

ဒန်တန်ချီပင်လယ်ထဲက ပန်းဝိညာဥ် စွမ်းအင် ပိုပြီးများလေလေ ကျင့်ကြံခြင်း ပိုမို အားကောင်းလေလေ ဖြစ်ပါသည်။

နောက်ဆုံးတွင်  အပင်ဝိညာဥ်များ၏ သစ်တောတစ်ခု ဖြစ်တည်လာပေလိမ့်မည်။

ထိုသစ်တောထဲတွင် သဘာဝဝိညာဥ်များ ပိုများလေလေ၊ ထို့အပြင် သဘာဝ ဝိညာဥ် အမျိုးအစားများ ပိုများလေလေ ၎င်းတို့၏ အခြေပိုခိုင်လာလေလေ ဖြစ်ပါသည်။

သဘာဝတရားကြီး၏ အနှစ်သာရကို ဖိသိပ်ခြင်းက ကျင့်ကြံခြင်း ပထမအဆင့်ဖြစ်ပြီး - အုတ်မြစ်တည်ဆောက်ခြင်း ဟုခေါ်သည်။

အခြေတည်ဆောက်ခြင်းဟု ဆိုလျှင်တောင် မော်တယ်များအတွက် စိတ်ကူးသာ ယဥ်ကြည့်နိုင်ပြီး လက်လှမ်းမမှီနိုင်သည့် အရာဖြစ်ပါသည်။

"ငါ့ရဲ့ ပထမဆုံး အပင်ဝိညာဥ်အဖြစ် ဘယ်အင်မော်တယ်အပင်ကို ရွေးချယ်ရမလဲ။"

ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ထဲတွင် စတင်စဥ်းစားလိုက်၏။

လောလောဆယ် မုန်လာဥနှစ်မျိုး၊ အင်မော်တယ် မြက်ပင်နှင့် အင်မော်တယ် စပါးပင်နှစ်မျိုးကို စိုက်ပျိုးထားသည်။ ၎င်းတို့အားလုံးက ဒြပ်စင်ဂုဏ်သတ္တိမဲ့ အပင်ဝိညာဥ် စွမ်းအင်များ ပိုင်ဆိုင်ထားကြသည်။

အဝါရောင် အင်မော်တယ် ပဲပင်တွင် မြေဂုဏ်သတ္တိ အပင်ဝိညာဥ်စွမ်းအင်ကို ပိုင်ဆိုင်သည်။

အနီရောင် အင်မော်တယ် ပဲပင်တွင် မီးဂုဏ်သတ္တိ အပင်ဝိညာဥ်စွမ်းအင်ကို ပိုင်ဆိုင်သည်။

အင်မော်တယ် လေမြက်ပင်တွင်တော့ ရေဂုဏ်သတ္တိရှိ အပင်ဝိညာဥ်စွမ်းအင်ရှိသည်။

ဖူဆန် သစ်ပင်တွင် မီးဂုဏ်သတ္တိ အပင်ဝိညာဥ်စွမ်းအင် ရှိပါသည်။

"ဒါပေမယ့် ငါကျင့်ကြံနေချိန် အပင်တွေရဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူလိုက်မိမယ်ဆိုရင် အင်မော်တယ် အပင်တွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေလိမ့်မယ်။"

ယဲ့ရှောင်ချန်း စဥ်းစားလိုက်မိသည်။

ဒီလိုဆို အင်မော်တယ် မြေသြဇာများ သူထပ်ဝယ်ရလိမ့်မည်။ မဟုတ်ပါက အင်မော်တယ် အပင်များ၏ အရည်အသွေးများက မရှောင်လွှဲနိုင်လောက်အောင် နိမ့်ကျသွားပါလိမ့်မည်။

"ကြည့်ရတာ နောက်ပိုင်း အင်မော်တယ်ယွမ်တွေ အများကြီး သုံးရတော့မယ်ထင်တယ်။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိသည်။

ကျင့်ကြံခြင်းကို အထောက်အကူပြုဖို့ ဒါကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။

"ဒီအပင်ဝိညာဥ်စွမ်းအင် အမျိုးအစားတွေထဲမှာ ဖူဆန်သစ်ပင်ရဲ့ ဝိညာဥ်စွမ်းအင် အရည်အသွေးက အကောင်းဆုံးပဲ။ အဲ့တာနဲ့သာ ကျင့်ကြံနိုင်ရင် သဘာဝဝိညာဥ်စွမ်းအင်က အရမ်းအားကောင်းလိမ့်မယ်။ သဘာဝဝိညာဥ် စွမ်းအင် အသန်မာဆုံး ဗဟိုချက်ဖြစ်လာလောက်တဲ့အထိ သန်မာလာလိမ့်မယ် ဒါပေမယ့် ဖူဆန်ပင်က အခုလောလောဆယ် အရမ်းငယ်လွန်းသေးတယ်။ အပင်ဝိညာဥ်စွမ်းအင်ကို အခုအချိန် စုပ်ယူလိုက်မယ်ဆိုရင် သေချာပေါက် ဖွံ့ဖြိုးမှုကို ထိခိုက်စေမှာပဲ။ မတန်ဘူး ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင်လည်း အဲ့ဒီအပင်ဝိညာဥ်စွမ်းအင်နဲ့ ကျင့်ကြံနိုင်သေးတာပဲ။ အများဆုံး နောက်ကျရုံပဲရှိမှာ။ အရှုံးမရှိပါဘူး။"

ယဲ့ရှောင်ချန်းတစ်ယောက် ခပ်မြန်မြန်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။

ထပ်ခါထပ်ခါ စဥ်းစားပြီးနောက် နောက်ဆုံးတော့ ကျင့်ကြံဖို့ ပထမဆုံး သဘာဝ ဝိညာဥ်စွမ်းအင်အဖြစ် အင်မော်တယ် မြက်ပင်ကိုသာ ရွေးချယ်လိုက်ပါသည်။

အင်မော်တယ်မြက်ပင်တွင် ဂုဏ်သတ္တိမဲ့ အပင်ဝိညာဥ်စွမ်းအင် ရှိသော်လည်း အကြိမ်ပေါင်းများစွာ ရိတ်သိမ်းပြီး အကြာကြီး စိုက်ပျိုးနိုင်သည့် အင်မော်တယ် အပင်တစ်ပင်ဖြစ်ပါသည်။

ဒါက အခြားအင်မော်တယ် အပင်များထက် ပိုသာသည့် အားသာချက်တစ်ခုဖြစ်သည်။

ထို့အပြင် ဝမ်ရွှေရှန့်၏ ဆောက်လုပ်ရေး နယ်မြေတွင် အင်မော်တယ်မြက်ပင် ထောင်ချီပြီး စိုက်ပျိုးရမည်ဖြစ်သည်။ ထိုမြက်ပင်များ ဓာတ်ရောင်ခြည်ကို စုပ်ယူပြီးပါက ယဲ့ရှောင်ချန်း ပြန်လည်သုံးစွဲပြီး ၎င်းတို့၏ အပင်ဝိညာဥ်စွမ်းအင်ကို လုံးဝ စုပ်ယူမည်ဖြစ်သည်။

ထို့အပြင် ထိုအင်မော်တယ် မြက်ပင်များ၏ အပင်ဝိညာဥ်စွမ်းအင်ထဲတွင် အမှောင်စွမ်းအင်ဖြစ်သည့် နျူကလီးယား ဓာတ်ရောင်ခြည်ပါဝင်သည်။ ထို့ကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး အမှောင်စွမ်းအင် စွမ်းအားကို ကျင့်ကြံနိုင်ပါသည်။

ရှန်းနုန်ကျင့်စဥ်ကို သူဂရုတစိုက် လေ့လာပြီးသားဖြစ်ပါသည်။ အမှောင်စွမ်းအင်ရှိနေသည့် အပင်ဝိညာဥ်စွမ်းအင်များကို စုပ်ယူနိုင်၏။ ၎င်းနှင့် လိုက်ဖက်သည့် ဆင့်ပွားလျှို့ဝှက် နည်းလမ်းတစ်ခုရှိသည်။ အချိန်ကျလာပါက စတိုးဆိုင်တွင်ဝယ်ယူပြီး အလွန်စွမ်းအားကြီးသည့် အင်မော်တယ် လျှို့ဝှက်ကျင့်စဥ်ကို ကျင့်ကြံနိုင်ပါသည်။

ယဲ့ရှောင်ချန်း၏ စရိုက်က နူးညံ့ပြီး လူကြောက်သော်လည်း ဒီလို ကိုယ့်ကိုယ်ကို ခုခံကာကွယ်သည့် ကျင့်စဥ်များကို ကျွမ်းကျင်တတ်မြောက်ထားရမည်ဖြစ်ကြောင်း သိပါသည်။

ဘာပဲဖြစ်ဖြစ် ရှန်းနုန်ကျင့်စဥ်က အပင်များ၏ ပျိုးထောင်မှုကို အားပေးသည့် ကျင့်ကြံနည်းလမ်းသာဖြစ်ပြီး တိုက်ခိုက်ရေးတွင် သိပ်ပြီး မကောင်းလှပါဘူး။

ထိုသို့ စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်း မစောင့်နိုင်တော့ပေ။ အင်မော်တယ် မြက်ပင်များထံသို့ အမြန်ပြေးသွားပြီး ခြေပုလ္လင်ခွေကာ ထိုင်ချလိုက်သည်။

မျက်လုံးများကို မှိတ်လိုက်ပြီး ကျင့်စဥ်အတိုင်း စတင် ကျင့်ကြံတော့သည်။

သူ့ဝိညာဥ်မျိုးစေ့လည်း စတင်အလုပ်လုပ်လာပြီး မမြင်နိုင်သည့် အလင်းပေါက်များက အရပ်မျက်နှာတိုင်းရှိ အင်မော်တယ် အပင်များထံမှ ပေါ်ထွက်လာကြသည်။

ဤသည်မှာ အပင်ဝိညာဥ် စွမ်းအင်ဖြစ်ပါသည်။

သာမန်အပင်များမှ ထွက်လာသည့် အလင်းပေါက်များကတော့ အပင်ဝိညာဥ်စွမ်းအင်၏ အနှစ်သာရများဖြစ်သည်။

အရင်တစ်ခေါက် ယဲ့ရှောင်ချန်း အပင်ဝိညာဥ်စွမ်းအင်ကိုသုံးပြီး ဝိညာဥ်မျိုးစေ့ကို သိပ်သည်းစေခဲ့သည်။

ယခင်က ဝိညာဥ်မျိုးစေ့အား သိပ်သည်းခြင်းမှာ အပင်ဝိညာဥ်စွမ်းအင် မလိုအပ်ပါ။

အခုအခါမှာတော့ ခြားနားနေလေပြီ။

အပင်စွမ်းအင်တိုင်းတွင် ကိုယ်ပိုင်ထူးခြားသည့် ရောင်ဝါတစ်ခု ရှိ၏။

အပင်တစ်မျိုးစီ၏ ဝိညာဥ်စွမ်းအင်များ ခြားနားမှုကို ယဲ့ရှောင်ချန်းတစ်‌ယောက် စူးရှစွာ အာရုံခံမိပါသည်။

တချို့က မီးတောက်လို တောက်လောင်၏။ ဒါက အနီရောင်အင်မော်တယ် ပဲပင်၏ အပင်ဝိညာဥ်စွမ်းအင်ဖြစ်ပါသည်။

တချို့က မြေလို လေးလံသည်။  ဒါက အဝါရောင် အင်မော်တယ် ပဲပင်၏ ဝိညာဥ်စွမ်းအင်ဖြစ်သည်။

တချို့က အလွန်သာမန်ဖြစ်သည်။ ဒါတွေက ဂုဏ်သတ္တိမဲ့ အပင်များ၏ ဝိညာဥ်စွမ်းအင်များဖြစ်သည်။

နေမင်းငယ်တစ်ခုလို စူးရှပြီး အလွန်အမင်း ပူပြင်းလှသည့် အပင်ဝိညာဥ်စွမ်းအင် တစ်ခုလည်း ရှိနေ၏။

ဒါက ဖူဆန်သစ်ပင်၏ အပင်ဝိညာဥ်စွမ်းအင်ဖြစ်ပါသည်။

သာမန်အပင်များ၏ အပင်ဝိညာဥ်စွမ်းအင်များမှာ ထိုင်းမှိုင်းပြီး အသက်မဲ့လှသည်။

ယဲ့ရှောင်ချန်း ခပ်မြန်မြန်ပင် အင်မော်တယ် မြက်ပင်၏ ဝိညာဥ်စွမ်းအင်ကို ရွေးချယ်လိုက်ပါသည်။

ဒီအပင်ဝိညာဥ်စွမ်းအင်က အလွန်သာမန်ဆန်သည်။ မတောက်ပသော်လည်း အလွန်နူးညံ့ပါသည်။

ဝိညာဥ်မျိုးစေ့၏ စွမ်းအားကိုသုံးကာ ယဲ့ရှောင်ချန်း အင်မော်တယ် မြက်ပင်၏ ဝိညာဥ်စွမ်းအင်ကို ဆက်သွယ်လိုက်သည်။ အထူးအသက်ရှူထုတ်နည်းလမ်းဖြင့် အပင်ဝိညာဥ် စွမ်းအင်ကို ရှူရှိုက်လိုက်ပြီး သူ့ဒန်တန်အတွင်းသို့ နှစ်မြှုပ်လိုက်သည်။

အပင်ဝိညာဥ်စွမ်းအင် ဒန်တန် ချီပင်လယ်ထဲသို့ ဝင်ရောက်သွားသောအခါ မမြင်ရသော စွမ်းအားတစ်ခုကြောင့် ထိန်းချုပ်ခံလိုက်ရပြီး လွတ်မထွက်နိုင်တော့ပေ။

အင်မော်တယ် ဝိညာဥ်စွမ်းအင်များ ပျံ့နှံ့သွားပါက သူ့ခန္ဓာကိုယ်က ပြန်လည်စုပ်ယူပြီး ဒန်တန်ထဲပြန်ရောက်လာမည်ဖြစ်သည်။

နည်းနည်းချင်း အင်မော်တယ် မြက်ပင်များ၏ ဝိညာဥ်စွမ်းအင်များ သူ့ဒန်တန်ထဲသို့ နစ်မြုပ်လာသည်။ မမြင်ရသည့် အားတစ်ခုက ထိန်းချုပ်ထားပြီး ပိုပိုအားကောင်းလာခဲ့ပါသည်။

"မလုံလောက်သေးဘူး မလုံလောက်သေးဘူး..."

ရှန်းနုန်မှော်ကျောက်တစ်ခု သိပ်သည်းဖို့ပင် မလုံလောက်သေးမှန်း ယဲ့ရှောင်ချန်းသိသည်။

အင်မော်တယ် မြက်ပင်များ၏ အပင်ဝိညာဥ်စွမ်းအင်များကို ဆက်လက် ဖမ်းယူသည်။

ဘယ်လောက်ကြာသွားမှန်း မသိလိုက်ဘဲ သူ့ဒန်တန်ထဲက ဝိညာဥ်စွမ်းအင်က ပိုပိုများလာသည်။ အလွန်ထူးဆန်းးသည့် အလင်းပင်လယ်တစ်ခုလိုပင်။

ရုတ်တရက် မမြင်နိုင်သည့် အားတစ်ခုက ဆင်းသက်လာပြီး အလင်းပင်လယ်ကြီးကို မွှေကာ ဝဲဂယက်များ ဖြစ်ပေါ်လာစေ၏။

အလင်းပေါက်များစွာ သိပ်သည်း ဖိနှိပခံလိုက်ရ၏။ ဝဲဂယက်၏ စွမ်းအညး ဖြည်းဖြည်းချင်း လွင့်ပျယ်သွားသောအခါ ထူးဆန်းသည့် အလင်းပေါက်တစ်ခု ပေါ်လာသည်။

ဤသည်မှာ အပင်ဝိညာဥ်စွမ်းအင်များစွာတို့၏ ပုံဆောင်ခဲ အသွင်ဆောင်ခြင်းဖြစ်ပါသည်။

ဒါက မှော်စွမ်းအင်ပဲဖြစ်သည်။

သူကိုင်ဆောင်ထားပါက ထိုမှော်စွမ်းအင်ပုံဆောင်ခဲကို ထိန်းချုပ်နိုင်ပြီး ကြောက်ဖို့ကောင်းသည့် စွမ်းအားများ ထုတ်လွှတ်နိုင်ပါသည်။

"နောက်ဆုံးတော့ မှော်စွမ်းအား ဖြစ်တည်ခြင်း သဘောတရားကို ငါနားလည်သွားပြီ။ ဒါက ပေါင်းစပ်ခြင်းလိုပါပဲလား။"

ရုတ်တရက် ယဲ့ရှောင်ချန်း နားလည်သွားသည်။

အမှန်ပင် အပင်ဝိညာဥ်စွမ်းအင်များ ပေါင်းစပ်ခြင်းက နျူးကလီးယား ပေါင်းစပ်ခြင်းနှင့် လုံးဝ ကွဲပြားခြားနားပါသည်။ အကြောင်းမှာ စွမ်းအင် ပြောင်းလဲခြင်းသက်သက် မဟုတ်သောကြောင့် ဖြစ်သည်။

မှော်စွမ်းအားကို ထုတ်လုပ် သုံးစွဲခြင်းက မှော်ပညာခွဲဖြာခြင်းတွင် ပါဝင်ပြီး မျက်စိတစ်မှိတ်အချိန်တွင်း မနှိုင်းယှဥ်နိုင်သည့် စွမ်းအားကြီးတစ်ခုကို ထုတ်လွှတ်နိုင်သည်။

ပေါင်းစပ်ခြင်းနှင့် ခွဲဖြာခြင်းတို့က အင်မော်တယ် ကျင့်ကြံခြင်း၏ အနှစ်သာရများ ဖြစ်ကြပါသည်။

All Chapters