အခန်း (၁၇၆) - မှော်ဆန်သော အကျိုးသက်ရောက်မှု
Vol. 12 Ch. 176
အခန်း (၁၇၆) - မှော်ဆန်သော အကျိုးသက်ရောက်မှု
ယဲ့ရှောင်ချန်း မျက်လုံးဖွင့်လိုက်ပြီး မှေးမှိန် အသက်မဲ့နေသော အင်မော်တယ် မြက်ပင်ကို ကြည့်လိုက်သည်။ အပင်ဝိညာဥ် စွမ်းအင်တချို့ကို သူစုပ်ယူလိုက်ခြင်း၏ ရလဒ်ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းသည် အသက်အရှည်ကြီး ရှူထုတ်ကာ ခေါင်းခါလိုက်သည်။ လက်ရှိ အင်မော်တယ် မြက်ပင်၏ အခြေအနေနှင့်ဆို ပြန်ကောင်းဖို့ အနည်းဆုံး တစ်ရက် နှစ်ရက်လောက် ကြာလိမ့်မည်။
ဒါက ကျင့်ကြံခြင်းအတွက် ရင်းမြစ် အကန့်အသတ်၏ ရလဒ်ဖြစ်ပါသည်။
"ကဲ ဒီမှော်စွမ်းအားရဲ့ အာနိသင်ကို စမ်းကြည့်ရအောင်။"
ယဲ့ရှောင်ချန်း မြေကွက်ထဲမှ ထွက်လာပြီး ကျောက်တုံးကြီး တစ်တုံးရှေ့သို့ ရောက်လာခဲ့သည်။
အသက်ဝဝရှူလိုက်ပြီး ရုတ်တရက် ရှန်းနုန်ပညာကို ဖွင့်ကာ သူ့ဒန်ရှန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲကို ရွှေ့လိုက်သည်။
ဂျွတ်။
မှော်စွမ်းအင် ပုံဆောင်ခဲ အက်ကွဲသွားပြီး ကြောက်စရာ စွမ်းအင်ကြီး ပေါက်ထွက်လာ၏။
ထိုစွမ်းအင်က သဘာဝအတိုင်းဆိုလျှင် နူးညံ့သော်လည်း ရုတ်ချည်း ပေါက်ထွက်လာသောအခါ အလွန်အမင်း ကြောက်စရာ ကောင်းပါသည်။
သူ လေထဲသို့ လက်ညှိုးထိုးလိုက်၏။
ဒါ မှော်စွမ်းအားကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
မှော်မန္တန်ဘာညာ မပါဘဲ မှော်စွမ်းအား ထုတ်လွှတ်ခြင်းသာဖြစ်ပါသည်။
ရုတ်တရက် ထိုကြောက်စရာ စွမ်းအင် သူ့လက်ညှိုးမှ ပေါက်ထွက်လာသည်။
ဖောင်း...
ထူးဆန်းသည့် အစိမ်းရောင် အလင်းတစ်ခု လင်းလက်သွားပြီး မျက်စိတစ်မှိတ်အတွင်း မာကျောသည့် ကျောက်တုံးကြီး ပေါက်ထွက်သွားကာ လက်ချောင်းအရွယ်အစား အပေါက် ဖြစ်သွားလေသည်။
ကျောက်တုံးတစ်တုံးလုံး ထုတ်ချင်း ပေါက်သွားခြင်းဖြစ်၏။
ယဲ့ရှောင်ချန်း ကြက်သေ သေသွားရသည်။ ဒါက သန့်စင်သည့် မှော်စွမ်းအင်သက်သက် ဖြစ်တာတောင် ဒီလောက် ကြောက်ဖို့ ကောင်းနေသည်။ မှော်စွမ်းအားများကို ထပ်ပြီး ကျင့်ကြံပါက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ။
လက်ရှိမှော်စွမ်းအားဖြင့်ဆို အပင်ဝိညာဥ်အဖြစ် မပြောင်းလဲသေးသည့် မှော်စွမ်းအင် ပုံဆောင်ခဲ သက်သက်သာ ဖြစ်ကြောင်း သူသိထားသည်။ မှော်စွမ်းအားများကို ကျင့်ကြံဖို့ အများကြီးလိုအပ်နေပါသေးသည်။
ထို့အပြင် ရှန်းနုန် မှော်စွမ်းအင်၏ အရေးအကြီးဆုံး အပိုင်းက စိုက်ပျိုးခြင်းဖြစ်၏။
ဒန်ရှန်းထဲက မှော်စွမ်းအင်ပုံဆောင်ခဲ သုံးပုံတစ်ပုံ ကျုံ့သွားသည်ကို အာရုံခံမိသည်။
တနည်းအားဖြင့် ခုနကလို စွမ်းအားမျိုး သုံးခါ သုံးနိုင်ပါသည်။
ယဲ့ရှောင်ချန်း ထပ်စမ်းကြည့်ချင်သေး၏။
မြေကွက်တစ်ခုသို့ ရောက်လာပြီး အဝါရောင် အင်မော်တယ် ပဲပင်ပေါက် အရှေ့တွင် ရပ်လိုက်သည်။ တိကျသည့် သုံးစွဲနည်းလမ်းအတိုင်း မှော်စွမ်းအင်ပုံဆောင်ခဲကို ရွှေ့လိုက်သည်။
ရုတ်ချည်းဆိုသလို ဝိညာဥ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး မြင့်တက်လာခဲ့သည်။
သူ့ပါးစပ်ကို ဖွင့်လိုက်ကာ တံတွေးထွေးလိုက်သည်။ ဖျော့တော့သည့် အစိမ်းရောင်အလင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ အဝါရောင် အင်မော်တယ် ပဲပင်တစ်ပင်လုံးကို ဝန်းရံသွားပြီးနောက် ပြန့်ကျက်သွားကာ ၁၀ ပေ ပတ်လည်ဝန်းကျင်အထိ ပျံ့နှံ့သွားတော့သည်။
ထူးဆန်းစွာဖြင့် အစိမ်းရောင်အလင်းမှာ ပျောက်ကွယ်မသွားပေ။ နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွား၏။ အဝါရောင်အင်မော်တယ် ပဲပင်ကို ဗဟိုပြုကာ အလင်းရောင် စတင်လိမ့်လာခဲ့သည်။ ထို့နောက် မင်သက်စရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ အဝါရောင် အင်မော်တယ် ပဲပင် ဆက်တိုက်ဆိုသလို ကြီးထွားလာ၏။ ထိုမျှသာမကဘဲ အလင်းတင်းလွှမ်းခြုံထားသည့် အင်မော်တယ် ပဲပင်းများလည်း ထိုနည်းလည်းကောင်း ကြီးထွားလာကြသည်။
သို့သော် ဗဟိုက ပဲပင်လောက်တော့ မမြန်ကြပေ။
အစိမ်းရောင် အလင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ဗဟိုက အဝါရောင် အင်မော်တယ်ပဲပင်မှာ လုံးဝ အရွယ်ရောက်သွားပြီ ဖြစ်ပြီး ပန်းပင်ပွင့်နေလေပြီ။
ယဲ့ရှောင်ချန်း အံ့အားသင့်သွားခဲ့ရပါသည်။
ခုနက သူ့မှော်စွမ်းအင်ကို ရွှေ့ပြောင်းနေစဥ် ဖွံ့ဖြိုးခြင်း အနုပညာကိုလည်း အသုံးပြုခဲ့သေးသည်။ ထိုနည်းလမ်းနှစ်ခု၏ ပေါင်းစပ်ခြင်းရလဒ်မှ အံ့အားသင့်ဖွယ် အာနိသင် ပေါ်ပေါက်လာခဲ့ပါသည်။
သူ့မှော်စွမ်းအင်က အင်မော်တယ် ပဲပင်များကို မထိခိုက်စေရုံသာမကဘဲ အလွန်အားကောင်းသည့် ဖွံ့ဖြိုးခြင်းအာနိသင်ကိုပင် ဖြစ်ပေါ်စေခဲ့သည်။
အနည်းဆုံးတော့ သူ့ဖွံ့ဖြိုးခြင်း အနုပညာ သက်သက်ထက် အများကြီး ပိုအားကောင်းပါသည်။
"မှော်စွမ်းအင်က တကယ်ကောင်းတာပဲ။ ဒါက ဖွံ့ဖြိုးခြင်းအနုပညာရဲ့ စွမ်းအားကို ဒီလောက်မြန်အောင် တိုးမြှင့်ပေးနိုင်တယ်။"
ယဲ့ရှောင်ချန်း တိုးတိတ်စွာ အံ့အားသင့်သွားပါသည်။
ရုတ်တရက် သူယုံကြည်ချက် ပြည့်ဝသွား၏။ မှော်စွမ်းအင်နှင့်ဆိုလျှင် အင်မော်တယ် မြက်ပင်တစ်ထောင်ကို တစ်ပတ်အတွင်း စိုက်ပျိုးနိုင်သည်ဟု ယုံကြည်သွားပါသည်။
"အင်မော်တယ်မြက်ပင်ရဲ့ အပင်ဝိညာဥ်စွမ်းအင်ကိုပဲ စုပ်ယူလို့ရတာတော့ နှမြောစရာပဲ။"
ယဲ့ရှောင်ချန်း အနည်းငယ် နောင်တရမိပါသည်။
သူသာ အပင်ဝိညာဥ်စွမ်းအင်ကို သိပ်သည်းနိုင်ပါက ဝိညာဥ်စွမ်းအင်ပြောင်းလဲမှု အာနိသင်ကို ရရှိနိုင်သည်။ အင်မော်တယ်မြက်ပင်၏ အပင်ဝိညာဥ်စွမ်းအင် မဟုတ်လျှင်တောင် ဂုဏ်သတ္တိမဲ့ အခြားအပင်ဝိညာဥ်စွမ်းအင်များကို ပြောင်းလဲနိုင်ပါသေးသည်။
ဂုဏ်သတ္တိရှိသည့် အပင်ဝိညာဥ်စွမ်းအင်များကိုသာ မပြောင်းလဲနိုင်ပေ။
"ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့။"
ယဲ့ရှောင်ချန်း တွေးလိုက်ပါသည်။
အင်မော်တယ် မုန်လာဥဖြူများ ရိတ်သိမ်းပြီးပါက အင်မော်တယ်မြေ ထပ်ဝယ်ကာ အင်မော်တယ် မြက်ပင်များ စိုက်ပျိုးဖို့ စီစဥ်ထားသည်။
ဘာပဲဖြစ်ဖြစ် အင်မော်တယ် မြက်ပင်က သိပ်ဂရုစိုက်စရာမလိုသည့် အပင်မျိုးဖြစ်သည်။
နောက်တစ်နေ့မနက်။
ယဲ့ရှောင်ချန်း အပြင်မသွားခင် အင်မော်တယ် မြက်ပင်များကို စိုက်ပျိုးထားသည့် အင်မော်တယ်မြေသို့လာကာ မှော်စွမ်းအင် ပုံဆောင်ခဲကို ပြန်လည်ပြည့်ဝစေဖို့ ရှန်းနုန် ကျင့်စဥ်ကို ကျင့်ခဲ့သည်။
အထွတ်အထိပ် အခြေအနေအထိတော့ ပြန်မပြည့်ဝခဲ့ပါ။
မတတ်နိုင်ပေ။ အင်မော်တယ် မြက်ပင်ကလည်း ပြန်မကောင်းမွန်သေးပါ။
သို့သော်လည်း မူလအခြေအနေ၏ ငါးပုံ လေးပုံလောက် ရောက်နေပြီဖြစ်ပါသည်။
သူအပြင်မထွက်ခင် ဂုဏ်သတ္တိမဲ့ အင်မော်တယ် မြေသြဇာများဖြင့် အင်မော်တယ် မြက်ပင်ကို ရေလောင်းခဲ့ပါသည်။
......
ယန်မြို့တော်။ လုံချန်း အဆင့်မြင့်ဗီလာ ဧရိယာ။
အဆင့်မြင့် ဗီလာကြီးတစ်လုံးတွင်။
ချောင်ရှင်းဟုန်က ရယ်မောနေသည်။ "ဝမ်ရွှေရှန့်၊ ဝမ်ရွှေရှန့် ကောင်းကင်ဘုံက မင်းကို ဖျက်ဆီးဖို့ ကံပါလာတာထင်တယ်။ မင်းကျရှုံးသွားတာနဲ့ ချောင်ရှင်းဟုန်ဆိုတဲ့ငါက ယန်မြို့တော်မှာ အချမ်းသာဆုံးလူဖြစ်လာလိမ့်မယ်။"
သူ့အစွမ်းအစနှင့်ဆို အစိုးရက လျှို့ဝှက်ထားသည့် သတင်းအချက်အလက်များကို ရရှိဖို့က မခက်ခဲခဲ့ပါ။
သူ အချမ်းသာဆုံးလူ ဖြစ်လာပါက ယန်မြို့တော်အတွင်း သူ့အာဏာကလည်း အမြင့်ဆုံးသို့ ရောက်ရှိလာတော့မည်။ ထိုအချိန်သို့ ရောက်လာသောအခါ စီးပွားရေးလောကတွင် သူပြိုင်ဘက်ကင်းလာမည်ဖြစ်၏။
အခုတော့ ဝမ်ရွှေရှန့်က သူ့ကို ဖိနှိပ်ထားသဖြင့် အဆင်မပြေပါ။
"ဂုဏ်ယူပါတယ် မစ္စတာချောင်။ မကြာခင် ခင်ဗျားက ယန်မြို့တော်ရဲ့ အချမ်းသာဆုံးလူ ဖြစ်လာတော့မှာပါ။ စာခြောက်ရုပ် အစီအရင် ပြီးဆုံးသွားတာနဲ့ အသက်အရှည်ကြီးနေနိုင်ပြီး မျိုးဆက်သုံးခုလောက်အထိ ခင်ဗျားမိသားစုအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်လိမ့်မယ်။"
ထူးဆန်းသည့်ပုံစံဖြင့် ဆရာကြီးနင်လည်း ရှိနေသည်။ ချောင်ရှင်းဟုန်ကို ဂုဏ်ပြုလိုက်သည်။
"ဟင်းဟင်း ခင်ဗျားက သဘောသိပ်ကောင်းတာပဲ။ ဒီတစ်ခေါက်တော့ ခင်ဗျားကို ဒုက္ခပေးရဦးမှာပေါ့။ ကိစ္စပြီးတာနဲ့ ခင်ဗျားကို ရက်ရက်ရောရော ဆုချမှာပါဗျာ။"
ချောင်ရှင်းဟုန်တစ်ယောက် ပျော်ရွှင်နေပါသည်။
အစီအရင်ပြီးသွားပါက စာခြောက်ရုပ် အစီအရင်က သူ့ကို စောင့်ရှောက်သွားမည်ဖြစ်သဖြင့် သူ့ဘဝတစ်လျှောက်လုံး ဘေးကင်းလုံခြုသွားတော့မည်ဟု ယုံကြည်ထားသည်။
"ဒါပေါ့ဗျ။ ရက်နည်းနည်းလောက် ထပ်စောင့်လိုက်ရင် မင်္ဂလာရှိတဲ့နေ့တစ်ရက် ဖြစ်လာမှာပါ။ အဲ့ဒီအချိန်ကျရင် ကျုပ်တို့ အစီအရင်ကို လုပ်လို့ရပြီ။ ဒီအချိန်အတောအတွင်း မစ္စတာချောင်က စိတ်ကို ခိုင်မာအောင် ပြင်ဆင်ထားလိုက်ပေါ့။"
ဆရာကြီးနင်က ပြုံးကာ ပြောလိုက်သည်။
"ဒါပေါ့ဗျ ဟင်းဟင်း။ ဒီစာခြောက်ရုပ် ကိစ္စကြောင့်သာမဟုတ်ရင် ဝမ်ရွှေရှန့်ကို သင်ခန်းစာ သွားပေးနေပြီ။ လဲကျနေတုန်း အကန်ခံရရင် ဘယ်လိုခံစားရလဲ သူ့ကိုသိအောင်လုပ်ပေးလိုက်မယ်"
ချောင်ရှင်းဟုန် စိတ်ကောင်းဝင်နေသည်။
တစ်ခုတည်းသော နောင်တက အခုချိန် ဝမ်ရွှေရှန့်ကို ဘာမှမလုပ်နိုင်ခြင်းဖြစ်သည်။
သူဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပါသည်။ ဒီကိစ္စပြီးသွားတာနှင့် ဝမ်ရွှေရှန့်ကို ချက်ချင်း တိုက်ခိုက်ပြီး လုံးဝ မွဲပြာကျအောင် လုပ်ပြစ်မည်။
...
ဆောက်လုပ်ရေး နယ်မြေတွင်။
ယဲ့ရှောင်ချန်းက ဖွံ့ဖြိုးခြင်း အနုပညာကို အသုံးပြုကာ စိုက်ပျိုးနေသည်။
လတ်လတ်ဆတ်ဆတ် ဖွံ့ဖြိုးထားသည့် အင်မော်တယ် မြက်ပင်ပေါက်ကို မြေကြီးထဲသို့ ထည့်လိုက်သည်။ သူ့လက်ဝါးပေါ်တွင် ဖျော့တော့သည့် အစိမ်းရောင်အလင်းလေး ပေါ်လာကာ အင်မော်တယ် မြက်ပင်က အံ့အားသင့်ဖွယ်နှုန်းဖြင့် ဖွံ့ဖြိုးနေလေပြီ။
သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်တာတောင် အင်မော်တယ် မြက်ပင်က ဖွံ့ဖြိုးနေခြင်း မရပ်တန့်သေးပါဘူး။
ဝမ်ရွှေရှန့်နှင့် အလုပ်သမားတချို့သာ ဘေးက ကြည့်နေကြ၏။
လီကျစ်ရွှမ်နှင့် အခြားသူများက အလုပ်များနေကြသည်။ သူတို့က နျူးကလီးယား စွန့်ပြစ်ပစ္စည်းများကို ရှင်းလင်းနေသည်ဟု ဆိုရမည်။
အခြားအလုပ်သမားများစွာကို အစားထိုး ခေါ်ထားခြင်းဖြစ်သည်။
သူတို့က ဒါကို မြင်ဖူးတာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း အံ့အားသင့်မိနေဆဲဖြစ်ပါသည်။
တဖက်တွင် ယဲ့ရှောင်ချန်း၏ မျိုးစေ့စိုက်ပျိုးနှုန်းမှာ ဒီနေ့ အများကြီး ပိုမြန်ဆန်နေမှန်း မြင်လိုက်ရသဖြင့် ဝမ်ရွှေရှန့်က ပို၍ပင် စိတ်လှုပ်ရှားနေပါသည်။
မနေ့က တစ်ပင်စိုက်ဖို့ ၄ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့သည်။
သို့သော်လည်း အခုတော့ ကြာမြင့်ချိန်က သုံးပုံတစ်ပုံလောက် လျော့နည်းသွားပြီး အများဆုံး ၁မိနစ်ခွဲသာ ကြာတော့သည်။
ထိုအင်မော်တယ် မြက်ပင်များက ပိုကြီးပြီး ကြီးထွားနေဆဲ ဖြစ်သည်။ ယဲ့ရှောင်ချန်း ထွက်သွားတာတောင် မြက်ပင်များက ဖွံ့ဖြိုးနေဆဲဖြစ်၏။
မြက်ပင်၏ ကြီးထွားဖွံ့ဖြိုးမှု ပိုမြန်လေလေ မြေကြီး သန့်စင်ခြင်း ပိုမြန်လာလေလေဖြစ်၏။
ဒီနေ့ ယဲ့ရှောင်ချန်း စုစုပေါင်း အင်မော်တယ် မြက်ပင် ၁၅၆ ပင်ကို စိုက်ပျိုးခဲ့သည်။ အရင်ကထက် သုံးဆနီးပါးလောက် ပိုများသည်။
ယဲ့ရှောင်ချန်း အတော်လေး ကျေနပ်မိသည်။
မှော်စွမ်းအင်ရှိခြင်းနှင့် မရှိခြင်းတို့အကြား ကွာဟချက်က ကြီးမားလွန်းပါသည်။
သူ့ကိုယ်ထဲတွင် မှော်စွမ်းအင် ပုံဆောင်ခဲ သုံးပုံတစ်ပုံအောက်သာ ကျန်တော့မှန်း ခံစားမိကာ တိုးညှင်းစွာ သက်ပြင်းချလိုက်မိပါသည်။
ထုတ်လုပ်သည့်မှော်စွမ်းအင် ပမာဏကို ထိန်းချုပ်နိုင်ဖို့ သူအကောင်းဆုံး ကြိုးစားခဲ့၏။
ထို့ကြောင့် မှော်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းက ပိုပိုပြီး ချောမွေ့လာခဲ့ပါသည်။