← Chapters

အခန်း (၁၇၇) - အံ့အားသင့်ဖွယ် ဘဝတစ်ခု

Vol. 12 Ch. 177

အခန်း (၁၇၇) - အံ့အားသင့်ဖွယ် ဘဝတစ်ခု

Vol. 12 Ch. 177

အခန်း (၁၇၇) - အံ့အားသင့်ဖွယ် ဘဝတစ်ခု

ယဲ့ရှောင်ချန်း အိမ်ပြန်ရောက်သောအခါ ပင်ပန်းနွယ်နယ်မှုကို တောင့်ခံရင်း စိုက်ပျိုးရေးခြံကို ဂရုစိုက်ရပါသေးသည်။

သာမန်ဟင်းသီးဟင်းရွက်များကို သူ့မိဘများက တာဝန်ယူနိုင်သော်လည်း အင်မော်တယ် မြေများကိုတော့ သူတာဝန်ယူမှ ဖြစ်ပါမည်။

"ဟင် မုန်လာဥတွေ အရွယ်ရောက်နေပြီပဲ။"

မုန်လာဥဖြူများ စိုက်ပျိုးထားသည့် အင်မော်တယ် မြေကွက်အနားမှ ဖြတ်သွားရင်း ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွား၏။။

သို့သော်လည်း မုန်လာဥဖြူများကို ချက်ချင်း မတူးခဲ့ပါ။

အလွန်ပင်ပန်းနေပြီး ခဏလောက် အနားယူချင်နေသည်။

သူနိုးလာတော့ အလွန်အမင်း နေထိုင်ကောင်းသွားပါသည်။

ဖုန်းကိုကြည့်လိုက်သောအခါ ညနေခင်း ၇နာရီပင် ကျော်နေပြီဖြစ်၏။

ဝမ်ရှင်းယီပို့ထားသည့် ဝီချက် မက်ဆေ့ချ်များ ဝင်နေသည်ကို မြင်လိုက်သည်။ မက်ဆေ့ချ်အားလုံးက စိတ်ပူသည့်စာများဖြစ်ပါသည်။

နေ့တိုင်း အလုပ်ကြိုးစားနေရသဖြင့် စာပင်အများကြီး မပို့ခဲ့ပါ။ အကြိမ်တိုင်း စာအနည်းငယ်သာ ပို့ပြီး ရပ်လိုက်သည်။

ခဏလောက် စာပို့ပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် မတ်တပ်ရပ်ကာ အလုပ်စလုပ်လေသည်။

အရင်ဆုံး မုန်လာဥဖြူအားလုံးကို တူးဆွလိုက်၏။

မှော်စွမ်းအင် ရရှိလိုက်ကတည်းက သူ့ခန္ဓာကိုယ်တွင်လည်း ပြောင်းလဲမှု အချို့ ရှိခဲ့ပါသည်။

အခုဆို သူ အများကြီး ပိုသန်မာနေပြီဖြစ်သည်။

အင်မော်တယ် ပေါက်ပြားကို ကြည့်ခြင်းအားဖြင့် သိနိုင်၏။

ဟောဟဲမဆိုက်ဘဲ အင်မော်တယ် မုန်လာဥများကို တစ်ချီတည်း တူးပြစ်နိုင်ခဲ့သည်။

ပုံမှန်အတိုင်းပဲ မုန်လာဥဖြူတစ်လုံးကို လှီးကြည့်လိုက်သည်။ စက်ဝိုင်းပုံစံကွက် ၈ ကွက်ကို မြင်သောအခါ သူပြုံးမိသွားပါသည်။

စက်ဝိုင်းပုံစံကွက် ၂ ကွက်လောက် ထပ်ထည့်နိုင်ပါက အဆင့်နိမ့် အင်မော်တယ်အပင်အဆင့်ကို ရောက်နိုင်တော့မည်ဖြစ်သည်။

အမှန်ပင်။ မလွယ်ကူမှန်းတော့ သူသိပါသည်။

စက်ဝိုင်း ၁၀ ကွက်မှ အထက်အထိကိုတော့ အလွန်ဝေးကွာလွန်းလှသည်။ တစ်ခါတစ်လေ အင်မော်တယ် စိုက်ပျိုးရေးသမား များစွာတို့က သူတို့ဘဝတစ်လျှောက်လုံးတွင်ပင် မမြင်ခဲ့ရပါ။

ပုံမှန် အင်မော်တယ် အပင်များကို စိုက်ပျိုးနိုင်ပါက အင်မော်တယ် စိုက်ပျိုးရေးသမားဟုသာ သတ်မှတ်နိုင်သည်။

အဆင့်နိမ့် အင်မော်တယ် အပင်များကို စိုက်ပျိုးနိုင်မှ စစ်မှန်သည့် အင်မော်တယ် စိုက်ပျိုးရေးသခင်ဟု သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

စတိုးဆိုင်တွင် တန်ဖိုးသွားမဖြတ်တော့ဘဲ လနတ်သမီးထံတွင်သာ အကုန်ရောင်းလိုက်သည်။

မုန်လာဥဖြူ အလုံး ၃၅၀၊ အင်မော်တယ် ယွမ် ၇၀၀။

အမှန်ပင်။ အင်မော်တယ် မုန်လာဥဖြူ၊ နီ အလုံး ၅၀ ကိုတော့ သိမ်းထားပါသည်။

လောလောဆယ် အင်မော်တယ် မုန်လာဥ အပင်ပေါက်များကို သဘာဝမြေသြဇာအဖြစ် အသုံးချဖို့တောင် အစီအစဥ်မရှိပါ။

ဘာပဲဖြစ်ဖြစ် ထိုသဘာဝမြေသြဇာက စတိုးဆိုင်ထဲက အင်မော်တယ် မြေသြဇာထက် အများကြီး ပိုအဆင့်နိမ့်ပါသည်။

ဒီအင်မော်တယ် မုန်လာဥပင်များကို စားသုံးဖို့ သုံးနိုင်သည်။

ဝိညာဥ်များကို ဖြတ်တောက်လိုက်ပါက အကောင်းဆုံး အစားအစာများဖြစ်လာနိုင်ပါသည်။

အထူးသဖြင့် ဆားရည်စိမ် အသီးအရွက်များ လုပ်နိုင်ပါသည်။

အင်မော်တယ် အပင်များဖြင့်လုပ်ထားသည့် ဆားရည်စိမ် အသီးအရွက်များကို ယဲ့ရှောင်ချန်း တစ်ခါမှ မစားဖူးပါ။

အမြဲတမ်း စမ်းကြည့်ချင်ခဲ့သည်။

အင်မော်တယ် ယွမ် ၈၀၀ ကျော်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ အင်မော်တယ် မြေနှစ်ကွက်နှင့် အင်မော်တယ် မြက်မျိုးစေ့နှစ်ထုပ်ကို အမြန်ဝယ်လိုက်ပါသည်။

ထို့အပြင် ဂုဏ်သတ္တိမဲ့ အင်မော်တယ်မြေသြဇာ များစွာကိုလည်း ဝယ်ယူခဲ့၏။

အင်မော်တယ် စမ်းရေနှင့် အင်မော်တယ် စမ်းရေ ချိန်းကြိုးကိုလည်း ဝယ်ယူခဲ့သည်။

မုန်လာဥမျိုးစေ့ ၄ ထုပ်ဝယ်ခဲ့၏။

ဒီလိုနှင့် အင်မော်တယ် ယွမ် ၆၀၀ ကုန်သွားခဲ့ပါသည်။

အင်မော်တယ် ယွမ် ၁၀၀ ကျော်သာ ကျန်တော့သည်။

အင်မော်တယ် မြေကွက်နှင့် အင်မော်တယ် စမ်းရေတို့ကို နေရာချပြီးနောက် အင်မော်တယ် မြက်မျိုးစေ့နှင့် အင်မော်တယ် မုန်လာဥမျိုးစေ့များကို စတင် ဆေးရည်စိမ်လိုက်သည်။

မုန်လာဥပင်တချို့နှင့် အင်မော်တယ် မုန်လာဥဖြူနှစ်လုံးကို ထုတ်လိုက်သည်။ ဆေးကြောပြီးသွားသောအခါ မှော်ဆားရည်စိမ် ပုလင်းထဲထည့်လိုက်ပါသည်။

အမှန်ပင်။ ဝိညာဥ်များကိုလည်း ဖြတ်တောက်ဖို့ မမေ့ပါ။ ဒီကိစ္စကို အမြဲတမ်း ဂရုတစိုက် ဆောင်ရွက်ခဲ့ပါသည်။

မုန်လာဥပင်များစွာ ရှိနေသဖြင့် ကျန်တာကို ဂိုဒေါင်ထဲတွင်သာ သိုလှောင်ထားလိုက်သည်။

အားလုံး ပြီးဆုံးသွားသောအခါ ၁၁ နာရီပင်ထိုးတော့မည်။

နောက်ဆုံးတော့ သူနားနိုင်ပါပြီ။

အင်မော်တယ် မြက်ပင်များကို စိုက်ပျိုးထားသည့် အင်မော်တယ် မြေကွက်သို့ သွားခဲ့ပါသည်။ ခြေထောက်ခွေထိုင်လိုက်ပြီး ရှန်းနုန် ကျင့်စဥ်ကို စတင်ကျင့်ကြံပါသည်။

အင်မော်တယ် မြက်ပင်များမှ အလင်းပေါက်များစွာ ထွက်ပေါ်လာသည်.

သူ့မှော်စွမ်းအင်ကို ပုံဆောင်ခဲဖြစ်လာအောင် ကျင့်ကြံနိုင်ပြီးကတည်းက အပင်များ၏ ရောင်ဝါကို အာရုံခံကာ ဆက်သွယ်နိုင်ခဲ့ပါသည်။

အခြားအင်မော်တယ် အပင်များကတော့ အပင်ရောင်ဝါကို မထုတ်လွှတ်တော့ပါ။

အချိန်ဘယ်လောက်ကုန်သွားမှန်း မသိလိုက်ပေ။ ယဲ့ရှောင်ချန်း မျက်လုံးပြန်ဖွင့်လာ၏။ မှော်စွမ်းအင် ပုံဆောင်ခဲ ဆောင်ခြင်းက အများကြီး တိုးတက်လာခဲ့ပါသည်။

မှော်စွမ်းအင် ပုံဆောင်ခဲ ကန့်သတ်ချက်ကို ရောက်နိုင်ဖို့ ဘယ်လောက်ထိ ကျင့်ကြံရမလဲ သူမသိပါ။

မှော်စွမ်းအင် ပုံဆောင်ခဲဆောင်ခြင်း အကန့်အသတ်သို့ ရောက်ရှိသွားပြီဆိုတာနှင့် အသွင်ပြောင်းခြင်းတစ်ခု ဖြစ်လာမည်။ ကြက်ဥ တစ်ခုမှ ကြက်ပေါက်လာသလိုပင် အပင်ဝိညာဥ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။

မှော်စွမ်းအင် ပုံဆောင်ခဲဆောင်ခြင်း ဝင်ဆံ့နိုင်သည့် အကန့်အသတ်တော့ရှိပါသည်။ မှော်စွမ်းအင်ကို အသုံးပြုရာတွင် မှော်စွမ်းအင် ပုံဆောင်ခဲ ချောမွေ့စေသည့် အာနိသင်ရှိပြီး ဝင်ဆံ့နိုင်မှုကလည်း တဖြည်းဖြည်း တိုးတက်လာပါလိမ့်မည်။

အကန့်အသတ်အစစ်အမှန်သို့ ရောက်ရှိသွားမှ အပင်ဝိညာဥ်တစ်ခုအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် မှော်စွမ်းအင် သုံးစွဲခြင်းက မှော်စွမ်းအင် ပုံဆောင်ခဲ၏ ဝင်ဆံ့နိုင်မှုကို မလျော့ကျစေပါ။

လေပူပေါင်းတစ်လုံးလိုပင်။ အထဲတွင် လေပိုရှိလေလေ လေပူပေါင်းက ပိုကြီးလေလေ ဖြစ်ပြီး လေများကို ထုတ်လိုက်ပါက လေပူပေါင်း ကျုံ့သွားမည်။

ဆောက်လုပ်ရေးနယ်မြေတွင် ယဲ့ရှောင်ချန်း အင်မော်တယ် မြက်ပင်များ စိုက်ပျိုးထာ ၄ ရက်မြောက်နေ့ ရှိပါပြီ။ ချောမွေ့မှုက မနေ့ကထက် မြင့်မားပြီး စုစုပေါင်း အင်မော်တယ် မြက်ပင် ၁၆၈ ပင် စိုက်ပျိုးနိုင်ခဲ့သည်။

၅ ရက်မြောက်နေ့တွင် အင်မော်တယ် မြက်ပင် ၁၇၇ ပင်။

၆ ရက်မြောက်နေ့တွင် အင်မော်တယ် မြက်ပင် ၁၉၁ ပင်။

၇ ရက်မြောက်နေ့တွင် အင်မော်တယ် မြက်ပင် ၂၀၃ ပင်။

အခုဆို ဆောက်လုပ်ရေးနယ်မြေတွင် အင်မော်တယ် မြက်ပင် စုစုပေါင်း ၁၀၀၀ စိုက်ပျိုးပြီးပြီ ဖြစ်ပါသည်။

အခု အကြီးဆုံး အင်မော်တယ် မြက်ပင်က ပေဝက်လောက်ထိ ရှည်လာပြီဖြစ်သည်။ မြက်ပင်ပေါက်များစွာကလည်း သန်စွမ်းလှသည်။

အရောင်ကတော့ မီးခိုးရောင်သမ်း၏။ အစိမ်းရောင် မဟုတ်ပါ။

ထိုအချိန်တွင် ညနေခင်းသို့ပင် ရောက်လာပြီ ဖြစ်သည်။

ယဲ့ရှောင်ချန်း၊ ဝမ်ရွှေရှန့်၊ မြို့တောာ်ဝန် လီ၊ ဝန်ကြီးကျန်းနှင့် အခြားသူများက စိုက်ပျိုးထားသည့် အင်မော်တယ် မြက်ပင်များကို စစ်ဆေးနေပါသည်။

အားလုံးက ကာကွယ်ရေးဝတ်စုံများ ဝတ်ထားကြ၏။

"ဝန်ကြီးကျန်းနဲ့ မြို့တော်ဝန်မန်တို့ အခု ဒီမှာ စိုက်ပျိုးထားတဲ့ သန့်စင်မြက်ပင် စုစုပါင်း ၁,၀၀၀ ရှိပါပြီ။ အပင်တွေရဲ့ ဖွံ့ဖြိုးမှုကလည်း အံ့သြဖို့ကောင်းတယ်။ စမ်းသပ်ချက်များအရ အစောဆုံး စိုက်ပျိုးထားတဲ့ အင်မော်တယ် မြက်ပင်ထဲမှာ နျူးကလီးယား ဓာတ်ရောင်ခြည်ရဲ့ ပြင်းအားက အံ့အားသင့်စရာ အဆ ၂၀ လောက်ထိ တိုးမြှင့်လာပါပြီ။ ဓာတ်ရောင်ခြည် စိမ့်ထွက်မှု နည်းနည်းလေးတောင် မတွေ့ရပါဘူး။ အခု မြေကြီးထဲက နျူးကလီးယား ဓာတ်ရောင်ခြည် ပြင်းအားကလည်း အလျင်အမြန် လျော့နည်းလာပါပြီ။ အထူးသဖြင့် မြေမျက်နှာပြင်ပေါ်မှာ သိသာပါတယ်။ နျူးကလီးယား ဓာတ်ရောင်ခြည်တည်ရှိမှုကိုလည်း မတွေ့ရသလောက်ပါပဲ။"

နျူးကလီးယား ကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် မြို့တော်ဝန်လီက အခြေအနေကို တင်ပြနေသည်။

"သန့်စင်မြက်ပင်တွေက ဒီလောက်ထိ အာနိသင်ရှိမယ်လို့ မထင်ထားမိဘူး။ မစ္စတာယဲ့ မင်းက တကယ်ပဲ ယန်မြို့တော်ရဲ့ သူရဲကောင်း တစ်ယောက်ပါပဲ။"

ထိုသို့ ပြောလိုက်သူက ယန်မြို့တော်၏ မြို့တော်ဝန်ကြီး မန်ကျားယွမ်ဖြစ်ပါသည်။

သန့်စင်မြက်ပင်များ၏ အရေးပါမှုကို သူနားလည်သည်။ ထိုအပင်များကို နျူးကလီးယား ကာကွယ်ရေးလက်နက်ဟုပင် ခေါ်ဆိုနိုင်ပါပြီ။

အခုတော့ နိုင်ငံတိုင်းက အာရုံစိုက်လာကြ၏။

ပညာရှင်များအသင်းကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်ကြလိမ့်မည်။

"မစ္စတာယဲ့ ဒီသန့်စင်မြက်ပင်တွေက တကယ်ပဲ တစ်လအတွင်း နျူးကလီးယား ဓာတ်ရောင်ခြည်တွေအားလုံးကို သန့်စင်နိုင်မှာလား။"

ကျန်းဟုန်ယဲ့က မေးလိုက်သည်။

လူများစွာ၏ ရှေ့တွင်တော့ ယဲ့ရှောင်ချန်းကို ရှောင်ချန်းဟု တရင်းတနှီးခေါ်မည် မဟုတ်ပါ။ ပိုမိုယဥ်ကျေးသည့် ပုံစံဖြင့်သာ ခေါ်ဝေါ်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒါက ကိုယ်ရေးကိုယ်တာ ခေါ်ဝေါ်သည့် ပုံစံဖြစ်ပါသည်။

"ဝန်ကြီးကျန်း ဘာပြဿနာမှ မရှိပါဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်သည်။

"ဟားဟား မစ္စတာယဲ့ ရှင်အသင့်ပြင်ထားတော့နော်။ စစ်ဆေးရေးအဖွဲ့က လာနေပြီ။ ရှင့်ရဲ့ မဟာအောင်မြင်မှုကြီးကို ရှုစားကြပါစေ။"

ကျန်းဟုန်ယဲ့က ပြုံးလိုက်၏။

သန့်စင်မြက်ပင်များကို မဟာအောင်မြင်မှုကြီးဟု ခေါ်ဝေါ်ခြင်းက ချဲ့ကား ပြောဆိုခြင်းမဟုတ်ပါ။ အမှန်တရားသာ ဖြစ်ပါသည်။

ဒီသန့်စင်မြက်ပင်ကြောင့် ယန်မြို့တော်တစ်မြို့လုံး အကျိုးကျေးဇူး ရရှိနိုင်သည်ဟု ဆိုနိုင်ပါသည်။

သန့်စင်မြက်ပင်ကို တီထွင်ခဲ့သည့် ယဲ့ရှောင်ချန်းကလည်း သေချာပေါက် ကမ္ဘာတစ်ဝှမ်းလုံးတွင် အကျော်ကြားဆုံးလူဖြစ်လာပါလိမ့်မည်။

သန့်စင်မြက်ပင်များ၏ အာနိသင် သတင်းသာ ပျံ့နှံ့သွားပါက ကမ္ဘာကြီး ဘယ်လောက်တောင် တုန်လှုပ်သွားမလဲ မသိပါ။

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပါသည်။

သူပြင်ဆင်ထားပြီးသားဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒါက အသေးအဖွဲကိစ္စမဟုတ်ပေ။

တကယ်တော့ ဒီလောက်ထိ အံ့အားသင့်စရာ ရလဒ်မျိုး သူစွမ်းဆောင်နိုင်ခဲ့ပါက အလှည့်အပြောင်းတချို့ ရှိလာနိုင်သည်ကို သူသိထားပြီးသားဖြစ်သည်။

သို့သော်လည်း ထိုအလှည့်အပြောင်းများကို သိပ်မစဥ်းစားဘဲ ဝမ်ရွှေရှန့်၏ ဒုက္ခကိုသာ ကယ်တင်ပေးချင်ရုံသက်သက် ဖြစ်ပါသည်။

ထို့အပြင် သိပ်ကြီးကြီးမားမားလည်း မဟုတ်ဘဲ သူ့ကို နာမည်နှင့် ဂုဏ်တချို့ ယူဆောင်ပေးနိုင်ပါသည်။

ဂုဏ်အသရေ၊ အမှတ်အသား၊ အဆင့်အတန်း စသည်တို့က သူ့ကို ကာကွယ်ပေးထားသည့် အလွှာများ ဖြစ်ကြသည်။ နိုင်ငံတော် သစ္စာဖောက်မှု ကဲ့သို့သော ရာဇဝတ်မှုမျိုး မဟုတ်ပါက ဘယ်သူမှ သူ့ကိုထိရဲမည်မဟုတ်ပါ။

ရွေးချယ်စရာ မရှိပေ။ သူ့ကိုယ်သူ ကာကွယ်ဖို့ စွမ်းအား လုံလုံလောက်လောက် မရှိသေးခင် ဒါက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။

အခု သူဖွင့်ထားသည့် စားသောက်ဆိုင်လိုပင်။ ကျန်းဟုန်ယဲ့နှင့် သူ့ဆက်ဆံရေးကြောင့်သာ မဟုတ်လျှင် သူ့နောက်ကွယ်က လောဘကြီးသည့် ဝံပုလွေများနှင့် သားရဲများက သူ့ကို ကိုက်ဖို့ အခွင့်အရေးကို လက်လွှတ်မည် မဟုတ်ကြပါ။

ဘာမှကြီးကြီးမားမား မလုပ်ဘဲ ဇာတ်နိမ့်အတိုင်း နေရင်တာ့ တမျိုးပေါ့။

သို့သော်လည်း ထိုကဲ့သို့ နေထိုင်လို့ ဘာထူးမည်နည်း။

ပျော်စရာကောင်းသည့် ဘဝတစ်ခုမျိုး နေထိုင်ဖို့ ဘယ်သူက စိတ်ကူးမယဥ်ဘဲ နေမှာလဲ။

All Chapters