အခန်း(၁၇၈) - အင်မော်တယ်ဟင်းသီးဟင်းရွက်ချဥ်
Vol. 12 Ch. 178
အခန်း(၁၇၈) - အင်မော်တယ်ဟင်းသီးဟင်းရွက်ချဥ်
ညည့်နက်အချိန်။
စိုက်ပျိုးရေးခြံ၏ အင်မော်တယ်မြေ သွပ်အိမ်ထဲတွင်။
မီးများ လင်းထိန်နေသည်။
ယဲ့ရှောင်ချန်းက ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ကို ဖတ်နေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပညာရှင်အသင်းနှင့် မည်သို့ဆက်ဆံရမည်ကို လေ့လာနေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သန့်စင်မြက်ပင်အတွက် ကျိုးကြောင်းသင့်သည့် ရှင်းလင်းချက်တစ်ခုကို ရှာဖွေထားရမည်ဖြစ်သည်။
ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်၊ စိတ်ဝိညာဥ် ပါရမီနှင့် ရှန်းနုန်ကျင့်စဥ်တို့ဖြင့်ဆိုလျှင် ဒါက ခက်ခဲသည့် တာဝန်တော့ မဟုတ်ပါ။
ထိုအချိန်တွင် ဇဝေဇဝါဖြစ်စေလောက်သည့် အသိပညာတစ်ခုကို တွေ့ခဲ့သည်။ အချိန်အကြာကြီး စဥ်းစားချင့်ချိန်ပြီးနောက် ခေါင်းခါလိုက်ပြီး ရှန်းနုန် စနစ် မိတ်ဆက်လမ်းညွှန်ကို ချလိုက်ပါသည်။
တခြားကိစ္စတစ်ခုအကြောင်း စဥ်းစားမိလိုက်ခြင်းဖြစ်သည်။
"အခု ရှန်းနုန်ကျင့်စဥ် တိုးတက်မှုက အရမ်းနှေးလွန်းနေတယ်။ ခုရှိနေတဲ့ ရင်းမြစ်တွေနဲ့ဆို ပုံဆောင်ခဲ အသွင်ဆောင်ခြင်း အကန့်အသတ်ထိ ရောက်နိုင်ပါ့မလားတောင် မသိဘူး။"
အင်မော်တယ် မြက်ပင်များ စိုက်ပျိုးထားသည့် အင်မော်တယ် မြေကွက်သုံးကွက်ကို ယဲ့ရှောင်ချန်း ကြည့်လိုက်သည်။
အင်မော်တယ် မြက်ပင် မြေကွက် သုံးကွက် ရှိသော်လည်း လုံလောက်ဖို့ အများကြီး လိုသေးသည်။
ရုတ်တရက် သူ့နှလုံးခုန်သံ မြန်သွားသည်။ သူ့လက်ထဲတွင် ထူးဆန်းသည့် ကျောက်စိမ်းဖြူ စာရွက်တစ်ရွက် ပေါ်လာသည်။ ထိုစာရွက်ပေါ်တွင် အင်မော်တယ် စာလုံးများနှင့် ဂီတတေးသွားများ ရှိနေသည်။
အင်မော်တယ် စာလုံးများကို ဖတ်နိုင်သော်လည်း ဂီတတေးသွားများကိုတော့ သူ နားမလည်နိုင်ပေ။
အပင်ဝိညာဥ် သီချင်းစာရွက်။
ဒီပစ္စည်းကိုရပြီးကတည်းက ယဲ့ရှောင်ချန်း ဂီတကို စိတ်မဝင်စားသဖြင့် မလေ့လာခဲ့ပေ။
သို့သော်လည်း အရင်တစ်ခေါက် ရှန်းနုန် စနစ် မိတ်ဆက်လမ်းညွှန်ကို ဖတ်ပြီးကတည်းက ပြဿနာတစ်ခုကို တွေ့ခဲ့သည်။ အပင်ဝိညာဥ် သီချင်းစာရွက်က သူ့ရှန်းနုန်ကျင့်စဥ်ကို အကျိုးကျေးဇူးများစွာ ပေးနိုင်ပါသည်။
အပင်ဝိညာဥ် သီချင်းစာရွက်က အလွန်ထူးဆန်းသည်။ မှော်စွမ်းအင်ဖြင့် ကျင့်ကြံလိုက်ပါက မှော်အာနိသင်တစ်ခု ထုတ်လွှတ်ပေးကာ အသံစက်ကွင်းတစ်ခုကို ဖြစ်တည်လာစေပြီး အပင်များနှင့် သစ်ပင်များ၏ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု အာနိသင်ကောင်းသည်။ အထွက်နှုန်းနှင့် အရည်အသွေးကိုပင် တိုးမြှင့်စေနိုင်၏။ အပင်ဝိညာဥ် စွမ်းအင် အရည်အသွေးကိုပင် တိုးမြှင့်စေနိုင်ပါသည်။
အပင်ဝိညာဥ်သီချင်းစာရွက်ကို ကျင့်ကြံပြီး စနစ်တကျ လေ့ကျင့်နိုင်ပါက သူ့ကျင့်ကြံမှုကို သေချာပေါက် လျှင်မြန်စေလိမ့်မည်။
ဒီအားသာချက်ကို လျစ်လျူမရှုနိုင်ပါ။
သို့သော်လည်း သူက ဂီတပါရမီမပါဘဲ အခြေခံလည်း လုံးဝမရှိပါ။ သူ သေသေချာချာ လေ့လာခဲ့တယ်။ သီချင်းစာရွက်ပေါ်က ဂီတ တေးသွားများက ကမ္ဘာပေါ်က ဂီတသံစဥ်များနှင့် အလွန်ခြားနားပါသည်။
"ဂီတကို အထူးပြုတဲ့ လေ့ကျင့်ရေးသင်တန်းတစ်ခု ရှာလိုက်ရမလား။"
ယဲ့ရှောင်ချန်း တွေးကြည့်လိုက်သည်။
ဒီလိုလုပ်ဖို့ အလွန်လိုအပ်သည်ဟု ခံစားနေရပါသည်။
ခဏလောက် ဖတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းက ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ကို ပြန်သိမ်းလိုက်ပြီး အင်မော်တယ် မြေကွက်တစ်ဝိုက်ကို လမ်းလျှောက်ကြည့်လိုက်သည်။
အခုတော့ အင်မော်တယ် မြေကွက် စုစုပေါင်း ၁၂ ကွက် ရှိနေပြီဖြစ်သည်။
သုံးကွက်ကို အင်မော်တယ် မြက်ပင်များ စိုက်ပျိုးထား၏။
နှစ်ကွက်ကို အင်မော်တယ် မုန်လာဥနီနှင့် အင်မော်တယ် မုန်လာဥဖြူများ စိုက်ပျိုးထားသည်။
တစ်ကွက်ကို အနီရောင် အင်မော်တယ် ပဲပင်များနှင့် ဖူဆန်သစ်ပင်ကို စိုက်ပျိုးထားသည်။
တစ်ကွက်ကို အင်မော်တယ် စပါးပင်များ စိုက်ပျိုးထားသည်။
တစ်ကွက်ကို အင်မော်တယ် စပျစ်ပင်များ စိုက်ပျိုးထားသည်။
အင်မော်တယ် စပျစ်ပင် ၁၀ ပင်သာ ရှိသော်လည်း အလွန်စိမ်းစိုနေသည်။ စပျစ်နွယ်များကလည်း ပြည့်နှက်နေ၏။
ထိုကဲ့သို့ အခြေအနေမျိုးဖြင့်သာဆို စပျစ်ပင် ၁၀ ပင်က အင်မော်တယ် မြေကွက် တစ်ကွက်လုံးကို ဖုံးလွှမ်းသွားနိုင်ပါသည်။
အင်မော်တယ် စပျစ်ပင်များက အလွန်ချောမွေ့စွာ ဖွံ့ဖြိုးနေသော်လည်း ဘယ်ချိန် ပန်းပွင့်ပြီး အသီးသီးမည်ကို မပြောနိုင်ပါ။
သူ မျှော်လင့်ထားပါသည်။
ဒါက သူ ပထမဆုံး စိုက်ပျိုးဖူးသည့် ပထမဆုံး အင်မော်တယ် သစ်သီးဝလံဖြစ်သည်။
ကျန်အင်မော်တယ် မြေကွက် လေးကွက်မှာ အားလုံး အင်မော်တယ် အဝါရောင် ပဲပင်များ စိုက်ပျိုးထားပါသည်။ အပင် ၁၁၀ ကျော်သည်။
အဓိက အချက်က အင်မော်တယ် ပဲပင်များကို ကြားထဲတွင် နေရာကျယ်ကျယ်ဖြင့် ခြားနားထားရမည်ဖြစ်သည်။
ထို့အပြင် အင်မော်တယ် လေမြက်ဆေးပင်ကိုလည်း တစ်ပင်တည်း စိုက်ပျိုးထားသော်လည်း နေရာအတော် ယူထားသည်။
ဖူဆန်သစ်ပင်နှင့် အင်မော်တယ် လေမြက်ဆေးပင်မှ လွဲ၍ စုစုပေါင်း အင်မော်တယ် အပင် ၇ မျိုး ရှိပါသည်။
ဒီလိုနှင့် မကြာခဏ အင်မော်တယ် ဟင်းသီးဟင်းရွက်များ ဖွံ့ဖြိုးလေ့ရှိသည်။
ယဲ့ရှောင်ချန်း ဝါးကုတင်သို့ ပြန်သွားကာ အနည်းငယ် ဗိုက်ဆာလာသည်။
သူ စတင်ကျင့်ကြံကတည်းက သူ့ရဲ့ စားသောက်နိုင်စွမ်း အတော်လေးကို တိုးမြင့်လာသည်ဟု ခံစားမိသည်။
သူ့မှော်စွမ်းအင်ကို အပင်များ၏ ဝိညာဥ်စွမ်းအင်ကို စုပ်ယူ၍သာ ကျင့်ကြံသော်လည်း ဆာလောင်နေပါသည်။
ခန္ဓာကိုယ်၏ အသက်စွမ်းအင်၊ စိတ်နှင့် ဝိညာဥ်တို့ကိုလည်း လိုအပ်သညည်။
မဟုတ်ပါက သူ့ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ဘယ်လိုလုပ် အပင်ဝိညာဥ်စွမ်းအင်ကို မှော်စွမ်းအင်အဖြစ် ပြောင်းလဲကာ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်မည်နည်း။
သိုလှောင်နေရာကွက်ထဲမှ မှော်ဆားရည်စိမ် ပုလင်းကို ထုတ်ကာ ယဲ့ရှောင်ချန်း အဖုံးဖွင့်လိုက်သည်။ ဖော်မပြနိုင်သည့် ရနံ့လေး သင်းပျံ့လာ၏။
အင်မော်တယ်မြေကွက် ရုံတစ်ခုလုံး မွှေးနံ့ဖြင့် ပြည့်နှက်သွားသည်။
အထဲတွင် မြစိမ်းရောင် မုန်လာဥရွက်များကို ပျော့ဖတ်သွားသည့်အထိ ဆားရည်စိမ်ထားသည်။
နှင်းဖြူရောင် မုန်လာဥနှင့် အနီရောင် မုန်လာဥချပ်မျာလည်း ရှိကြသည်။
အနီရောင်အင်မော်တယ် ပဲစေ့နှင့် အဝါရောင်မောင် ပဲစေ့တချို့လည်း ရှိပါသည်။
အားလုံးက ဝိညာဥ်ဖြတ်တောက်ပြီးသား အင်မော်တယ် အပင်များကိုသာ အသုံးပြုထားပြီး အင်မော်တယ် ဆားရည်စိမ် အသီးအရွက်များ ဖြစ်ကြပါသည်။
ဝု ဝု ဝု...
ခွေးနှစ်ကောင် ထိုနံ့ကို ရသည်နှင့် အမြန်ပြေးလာကြပြီး အမြှီးများကို နှံ့ပြကြသည်။ ခွေးများ၏ မျက်လုံးက တောက်ပနေပြီး ခွန်အုပ်ဖို့ မစောင့်နိုင်ကြတော့ပါ။
ယဲ့ရှောင်ချန်း ခွေးနှစ်ကောင်ကို မောင်းထုတ်လိုက်၏။
ခွေးနှစ်ကောင်ကလည်း ဘယ်မှ မသွားချင်ဘဲ အရှက်မဲ့စွာ အင်မော်တယ် မြေကွက်ထဲတွင်သာ ဆက်နေကြသည်။
ယဲ့ရှောင်ချန်းသာ သူတို့ကို ရိုက်မလွှတ်ပါက သူတို့ အင်မော်တယ် မြေကွက်ထဲတွင် မစင်စွန့်နိုင်သည်။
ဒီခွေးပျင်းနှစ်ကောင်ကို ယဲ့ရှောင်ချန်း ကြည့်မရပါ။
အရင်တစ်ခေါက်က ယဲ့ရှောင်ချန်း သဘောကောင်းပြီး သူတို့အား အင်မော်တယ် ဆားရည်စိမ် အသီးအရွက် တချို့ကို ပစ်ကျွေးခဲ့သဖြင့် သူတို့က ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို စွဲလမ်းလာကြ၏။
ခွေးနှစ်ကောင်က ဘာမှမဖြစ်သလို ထပ်ပြေးလာကြပြီး သူတို့၏ အမြီးများကို ပိုမိုပြင်းထန်စွာ နှံ့လာကြသည်။
ခွေးနှစ်ကောင်က ဒူးထောက်ကာ ယဲ့ရှောင်ချန်း၏ ဖိနပ်ကို လျက်နေကြ၏။
ယဲ့ရှောင်ချန်းကလည်း သူတို့ကို လုံးဝ လျစ်လျူရှုကာ တူဖြင့် ဆားရည်စိမ် ပုလင်းထဲက အဖြူရောင် မုန်လာဥ တစ်ချပ်ကို ယူလိုက်သည်။
မုန်လာဥလေးက လတ်ဆတ် ကြွပ်ရွလှပြီး တကယ် ကောင်းမွန်လှပါသည်။
အင်မော်တယ်စမ်းရေ ဆားရည်စိမ် အသီးအရွက်များကို အမှတ် ၁၀၀ ပေးနိုင်ပါက ဒီအင်မော်တယ် ဆားရည်စိမ် အသီးအရွက်များကို အမှတ် ၁,၀၀၀ ပေးနိုင်ပါသည်။
အဆင့်က လုံးဝမတူညီပါ။
အရသာနှင့် ရနံ့ကို ကောင်းမွန်သည်ဟုပင် ဖော်မပြနိုင်ပေ။ အရိုးနှင့် စိတ်ဝိညာဥ်ထဲထိပင် စိမ့်ဝင်သွားကြသည်။
နောက်ထပ် မုန်လာဥ တစ်စိပ်ကို စားလိုက်၏။ အရသာက မတူညီပေ။
နောက်ဆုံးတော့ မုန်လာဥရွက်များအလှည့် ရောက်လာ၏။
ခွေးနှစ်ကောင်က ဘေးတွင် သားရေကျနေပြီး မြေပေါ်တွင် အိုင်ပင် အိုင်နေလေပြီ။
ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း မုန်လာဥရွက်နှစ်ရွက်လောက် ပစ်ကျွေးလိုက်ပါသည်။
ယဲ့ရှောင်ချန်းက အသည်းနုလွန်းနေသည်။
ခွေးနှစ်ကောင် ထိုမုန်လာဥရွက်ပေါ်သို့ ချက်ချင်း ခုန်အုပ်လိုက်ကြသည်။ စားသောက်ပြီးနောက် မြေပေါ်တွင်လှဲကာ မျက်လုံးများကို မှေးစင်းလိုက်သည်။ အရသာကို ဇိမ်ခံနေကြသလိုပင်...
ယဲ့ရှောင်ချန်းက အဖုံးကို ပိတ်လိုက်ပြီး ဆားရည်စိမ် ပုလင်းကို သိမ်းလိုက်သည်။
နောက်တစ်နေ့ ယဲ့ရှောင်ချန်း ဆောက်လုပ်ရေး နယ်မြေသို့ ထပ်သွားသေးသည်။
အင်မော်တယ် မြက်ပင်အားလုံးကို စိုက်ပျိုးပြီးပြီ ဖြစ်သော်လည်း ကိစ္စပြတ်ပြီဟု မဆိုလိုပါ။
နေ့တိုင်း တစ်ခေါက်လောက်သွားပြီး အင်မော်တယ် မြက်ပင်များနှင့် ဆက်သွယ်ကာ အခြေအနေကို စစ်ဆေးရသည်။
ဆောက်လုပ်ရေးနယ်မြေတွင် လမ်းလျှောက်ကြည့်သောအခါ နေရခက်သည့် ခံစားချက်က အရင်တုန်းကထက် နည်းပါးသွားလေပြီ။
အင်မော်တယ် မြက်ပင် ၁,၀၀၀က နျူကလီးယား ဓာတ်ရောင်ခြည်များစွာကို စုပ်ယူကာ ဆောက်လုပ်ရေးနယ်မြေထဲက ဓာတ်ရောင်ခြည်များကို အနည်းဆုံးအထိ လျှော့ချပေးနိုင်ခဲ့မှန်း သိသာပါသည်။
"မစ္စတာယင်"
ကာကွယ်ရေးဝတ်စုံဝတ်မထားသည့် အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်၏။ သူက နျူကလီးယား ကာကွယ်ရေးအဖွဲ့တွင် စီနီယာ နျူးကလီးယား ကာကွယ်ရေး ပညာရှင် ဖြစ်၏။ တရုတ် သိပ္ပံပညာ တက္ကသိုလ်က ပညာရှင်တစ်ယောက်ဖြစ်၏။ သို့သော် အသက်ကြီးလာပြီဖြစ်သဖြင့် ပင်စင်ယူပြီး တောင်ပိုင်းဒေသတွင် လာရောက်နေထိုင်ခဲ့သည်။
ဒီတစ်ခေါက် နျူးကလီးယား စွန့်ပြစ်ပစ္စည်း စီမံကိန်းအတွက် ယန်မြို့တော်သို့ ဖိတ်ခေါခံထားရခြင်း ဖြစ်ပါသည်။
"မစ္စတာယဲ့ မင်းရဲ့ သန့်စင်မြက်ပင်တွေက တကယ် အံ့အားသင့်စရာပါပဲ။ မြေမျက်နှာပြင်ပေါ်က နျူးကလီးယား ဓာတ်ရောင်ခြည် အဆင့်က ဘေးကင်းတဲ့ အဆင့်ထိ လျော့ကျသွားပါပြီ။"
မစ္စတာယင်က အလွန်အံ့သြနေသည်။
သန့်စင်မြက်ပင်၏ အာနိသင်ကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီးပြီဖြစ်သော်လည်း အလွန်အမင်း အံ့အားသင့်နေဆဲဖြစ်ပါသည်။
ဒီလို မဟာသိပ္ပံသုတေသန အောင်မြင်မှုကြီးက နိုင်ငံတော်အတွက် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပါသည်။ သို့မဟုတ် ကမ္ဘာကြီးအတွက် ကောင်းချီးမင်္ဂလာပင် ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် ယဲ့ရှောင်ချန်းကို အလွန်ယဥ်ကျေးစွာ ဆက်ဆံသည်။
"မစ္စတာယဲ့ ဒီသန့်စင်မြက်ပင် မျိုးစေ့တွေကို အမြောက်အများ ထုတ်လုပ်နိုင်မှာလား။"
မစ္စတာယင်က သိချင်စွာ မေးလိုက်သည်။
အမြောက်အများ ထုတ်လုပ်နိုင်ပါက တန်ဖိုးက အံ့အားသင့်ဖွယ် ဖြစ်လာပါလိမ့်မည်။
"အမြောက်အများ ထုတ်လုပ်မယ်ဆိုရင် ဖြေရှင်းချက် မရှိသေးတဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ တချို့တော့ ရှိသေးတယ်ဗျ။"
ယဲ့ရှောင်ချန်းက ခေါင်းခါကာ ပြောလိုက်သည်။
"အဲ့ဒီအခက်အခဲတွေကို မစ္စတာယဲ့ ကျော်လွှားနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။"
မစ္စတာယင် ပြုံးလိုက်သည်။
"ကျွန်တော်လည်း သေချာပေါက် ကြိုးစားသွားမှာပါ။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
သူတို့နှစ်ယောက် ခဏလောက် စကားပြောခဲ့ကြသည်။ အဓိကက သန့်စင်မြက်ပင်များ၏ နျူးကလီးယားကို ဆန့်ကျင်သည့် အာနိသင် အကြောင်း ဆွေးနွေးဖြစ်ခဲ့ပါသည်။ မစ္စတာယင်က ရုက္ခဗေဒ နယ်ပယ်တွင် မကျွမ်းကျင်သော်လည်း သူ့ရဲ့ သိချင်စိတ်က လျော့ကျမသွားပေ။
"မစ္စတာယဲ့ လုပ်စရာရှိတာလုပ်ပါ။ ကျုပ်ဘေးကပဲ စောင့်ကြည့်နေပါ့မယ်။"
ယဲ့ရှောင်ချန်း နောက်လှည့်ကာ အတားအဆီးများဖြင့် ကာရံထားသည့် တွင်းတစ်ခုထံသို့ သွားလိုက်သည်။
မစ္စတာယင်ကလည်း လိုက်လာ၏။
ရွှေ့လျားနိုင်သည့် အတားအဆီးကို ယဲ့ရှောင်ချန်း ဖယ်ရှားကာ ဝင်လာသည်။
မိနစ် ၂၀ ကျော်ကြာသောအခါ။
ယဲ့ရှောင်ချန်း အပင် ၂၀ကျော်အထိ စစ်ဆေးပြီးပြီဖြစ်သည်။
နောက်တွင်းတစ်ခုထံသို့ သွားလိုက်သောအခါ သူ ကြက်သေ သေသွားရသည်။ ထိုတွင်းက ဗလာကျင်းဖြစ်နေပြီး တွင်းကလည်း ပိုကြီးလာသည့်ပုံပင်။
အင်မော်တယ် မြက်ပင် မရှိတော့ပေ။
အင်မော်တယ် မြက်ပင်အားလုံးကို ၁ မှ ၁,၀၀၀ အထိ နံပါတ်တပ်ထား၏။
မကြာခဏ ကင်းလှည့်တတ်သည့် အထူးအစောင့်များလည်း ရှိသည်။
မစ္စတာယင်က မပြန်သေးပါ။ ယဲ့ရှောင်ချန်း သန့်စင်မြက်ပင်များကို စစ်ဆေးဖို့ အသုံးပြုသည့်နည်းလမ်းကို အလွန်စိတ်ဝင်စားနေသောကြောင့် ဖြစ်သည်။
တွင်းထဲက အင်မော်တယ် မြက်ပင် ပျောက်သွားသည်ကို မြင်ကာ အံ့အားသင့်သွားပြီး ပြောလိုက်၏။ "ဘာဖြစ်လို့ သန့်စင်မြက်ပင် ပျောက်သွားတာလဲ။"
ဒီပြဿနာက ကြီးပါသည်။
အခုချိန်ထိ သန့်စင်မြက်ပင်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါသည်။ လူများများစားစား သိရှိမထားသေးပါဘူး။ ဆောက်လုပ်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်သူများကိုပင် နှုတ်ပိတ်ထားဖို့ အမိန့်ပေးထားပြီးသားဖြစ်သည်။