← Chapters

အခန်း (၁၈၀) - မီးဝိညာဥ်

Vol. 12 Ch. 180

အခန်း (၁၈၀) - မီးဝိညာဥ်

Vol. 12 Ch. 180

အခန်း (၁၈၀) - မီးဝိညာဥ်

ယန်မြို့တော် လုံချန်း ဗီလာနယ်မြေ။

ညည့်နက်အချိန်သို့ ရောက်နေပြီဖြစ်သည်။

ဗီလာနယ်မြေကတော့ လင်းထိန်နေခဲ့ပါသည်။

လျှပ်စစ်မီးအလင်းရောင်များ မဟုတ်ဘဲ ဖယောင်းတိုင်မီးများသာဖြစ်သည်။

ထိုအချိန်တွင် ဗီလာ၌ လူများ ပြည့်လျှံနေခဲ့သည်။

ချောင်ရှင်းဟုန်နှင့် ဆရာကြီးနျဥ်တို့အပြင် ချောင်ရှင်းဟုန်၏ မိသားစုလည်းရှိသည်။ချောင်ရှင်းဟုန်တွင် ညီအစ်ကိုမောင်နှမများစွာ ရှိ၏။ သူ့မိသားစုက အလွန်ကြွယ်ဝသည်။ ယန်မြို့တော်တွင် ချောင်မိသားစုကလည်း နာမည်ကြီးဖြစ်ပြီး ဝမ်ရွှေရှန့်မိသားစုအောက် မနိမ့်ပေ။

အစကကတော့ ချောင်ရှင်းဟုန်က သူ့ညီအစ်ကိုများကို ခေါ်ချင်ခဲ့၏။

ဆရာကြီးနျဥ်က လူအရမ်းများနေပြီး တချို့ကို လူခွဲရမည်ဟု ဆိုသည်။

ချောင်ရှင်းဟုန် ချက်ချင်း အကြံကို ဖျက်သိမ်းလိုက်ပါသည်။

တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ် မရှိသည့်လူ ရှိလို့လား။ သူ့မိသားစုကိုသာ သူဂရုအစိုက်ဆုံးဖြစ်ပါသည်။

"ဆရာကြီးနျဥ် အားလုံး အဆင်သင့် ဖြစ်ပါပြီ။"

ယနေ့ ချောင်ရှင်းဟုန်က အဖြူရောင် ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည်။ ကိုယ်ပေါ်တွင် ဘယ်လို လက်ဝတ်လက်စားမှ မရှိပေ။

ရွှေဆွဲကြိုးကြီးကိုလည်း ချွတ်ထားသည်။

ချောင်ရှင်းဟုန်က ယခင်တုန်းကလို အထက်စီးဆန်သည့် အရှိန်အဝါမျိုးမရှိတော့ဘဲ အလွန်တည်ငြိမ်အေးချမ်းနေပါသည်။

မကြာသေးခင်က သူစတင်ကျင့်ကြံနေသည့် စိတ်ပိုင်းဆိုင်ရာ ကျင့်စဥ်များ အာနိသင် ရှိနေသည့်ပုံပင်။

ဆရာကြီးနျဥ်ကတော့ ပုံမှန်အတိုင်းသာ ဝတ်ဆင်ထားသည်။ ထူးဆန်းသည့် သူ့ရုပ်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။

"ဒါဆိုလည်း လုပ်ကြတာပေါ့။"

ခေါင်းငြိမ့်လိုက်ပြီး မတ်တပ်ရပ်ကာ အပြင်သို့ ထွက်လာသည်။

ဗီလာအပြင်ဘက်က မြေတွင် အစီအရင်မြေတစ်ခု ဖန်တီးထားပြီးသားဖြစ်သည်။

အစီအရင်မြေပေါ်တွင် အနီရောင် ဖယောင်းတိုင်များစွာကို ထွန်းညှိထားသည်။

ငွေစက္ကူများ၊ အမွှေးတိုင်များနှင့် ဖုန်းရွှေ နတ်လက်နက်များစွာ တင်ထားသည့် စားပွဲတစ်လုံးလည်း ရှိနေပါသည်။

ထို့အပြင် စားပွဲပေါ်တွင် အစားထိုး စာခြောက်ရုပ်ကိုလည်း တင်ထားသည်။

ခဏလောက်ကြာသောအခါ အားလုံး နေရာတကျဖြစ်သွားပြီ ဖြစ်သည်။

ချောင်ရှင်းဟုန်က မျှော်လင့်ချက်ကြီးစွာဖြင့် အစီအရင်မြေထံသို့ ဆရာကြီးနျဥ်နောက်သို့ လိုက်ရင်း ရောက်လာခဲ့သည်။

ဆရာကြီးလင်က ချောင်ရှင်းဟုန်ကို အမွှေးတိုင်ဖြင့် ငွေစက္ကူများကို မီးရှို့ခိုင်းလိုက်သည်။ ကောင်းကင်ဘုံ၊ ကမ္ဘာမြေနှင့် တစ္ဆေများကို ပူဇော်ပသခြင်းဟု ဆို၏။

ဆရာကြီးနျဥ်က ဂါထာကိုရွတ်ကာ သူ့ဖန်းရွေ့ ကိရိယာဖြင့် မကြာခဏ ပုတ်နေသည်။

ဒီလိုနှင့် နာရီဝက်ခန့် ကြာသွား၏။

"ထိုင်လိုက်"

ဆရာကြီးနျဥ်က ရုတ်တရက် အော်လိုက်သည်။

ချောင်ရှင်းဟုန်က မတ်တပ်ရပ်ရတာ ညောင်းနေပြီဖြစ်သဖြင့် အမြန်ထိုင်ချလိုက်ပြီး ခြေခွေလိုက်ပါသည်။

"...ကိုးကွယ်သူ မျိုးရိုးအမည် ချောင်၊ အမည်ရင်း ရှင်းဟုန်... ကောင်းကင်ဘုံ နတ်မင်းကြီးတို့ကို ကောင်းချီးပေးဖို့ တောင်းဆိုပါတယ်။ ကမ္ဘာမြေဝိညာဥ် ကျွန်ုပ်တို ဆုလာဘ်များ ပေးသနားဖို့ တောင်းဆိုပါတယ်။ တစ္ဆေနတ်ဘုရားကိုလည်း သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်..."

ဆရာကြီးနျဥ်က လက်ထဲတွင် စာခြောက်ရုပ်ကို ကိုင်ကာ ချောင်ရှင်းဟုန် ပတ်လည်တွင် လျှောက်နေသည်။ မကြာခဏ စာခြောက်ရုပ်ကို ချောင်ရှင်းဟုန်၏ ခေါင်းပေါ်တင်၏။

ဒီလိုနှင့် ၈၁ ပတ် ပတ်လျှောက်ခဲ့သည်။

ရုတ်တရက် ချောင်ရှန်းဟုန်ကို ပြောလိုက်၏။ "ဒါကို ယူပြီး မီးညှိလိုက်"

"မီးညှိရမယ်ဟုတ်လား၊ မီးရှို့ရမှာကို ပြောတာလား။"

ချောင်ရှင်းဟုန်က အနည်းငယ် ထိတ်လန့်သွားသည်။

"မီးမြန်မြန်ရှို့စမ်းပါ၊ မြန်မြန်လုပ်ချေ။"

သို့သော်လည်း ဆရာကြီးနျဥ်က အလွန်တည်တံ့နေပါသည်။

"ကောင်းပါပြီ။"

ချောင်ရှင်းဟုန်က အစားထိုးစာခြောက်ရုပ်ကို အမြန်ယူလိုက်၏။

စာခြောက်ရုပ်ကို ယူလိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများ ထသွားရသည်။ အလွန်နေရခက်လာ၏။

ရာသီဥတုကြောင့် ဖြစ်ပါလိမ့်မည်။

ကျန်တာဘာမှ မစဥ်းစားမိပါ။ ဘာပဲဖြစ်ဖြစ် အပြင်ဘက်က ရာသီဥတုက ဒီရာသီတွင် အနည်းငယ် အေးစက်နေသောကြောင့်ပင်။

ကံကောင်းစွာဖြင့် ဒီနေ့လေမတိုက်ပါ။

အမြန် စာခြောက်ရုပ်ကို ယူလိုက်ပြီး မီးတောက်နေသည့် အနီရောင် ဖယောင်းတိုင်ဆီသို့ သွားလိုက်၏။ မီးရှို့ဖို့ လုပ်လိုက်စဥ် ဘာကြောင့်မှန်းမသိ သူတွန့်ဆုတ်သွားသည်။

"ဘာတွေ လက်တွန့်နေတာလဲ။ မြန်မြန် မီးရှို့လိုက်လေ။ မဟုတ်ရင် ပူဇော်ထားတဲ့ တန်ခိုးတွေ ပျောက်သွားမယ်နော်။"

ဆရာကြီးနျဥ်က အော်လိုက်သည်။

"ကောင်းပါပြီ။"

ချောင်ရှင်းဟုန် အလောတကြီး စာခြောက်ရုပ်ကို ဖယောင်းတိုင်မီးတောက်ပေါ် တင်လိုက်ရ၏။ ချက်ချင်း စာခြောက်ရုပ် မီးထတောက်လေသည်။

စာခြောက်ရုပ်က အလွန်လျှင်မြန်စွာ လောင်ကျွမ်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း တစ်ရုပ်လုံး မီးတောက်များ ဖုံးလွှမ်းသွားပြီး ချောင်ရှင်းဟုန်၏ လက်ပင် မီးစွဲသွားသည်။

ချောင်ရှင်းဟုန် ထိတ်လန့်ကာ လွှင့်ပြစ်ဖို့ ကြိုးစား၏။ သို့သော်လည်း စာခြောက်ရုပ်က လုံးဝ မီးတောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်သို့ မီးကူးကာ နောက်ဆုံးတော့ မီးလောင်သွားတော့သည်။

ထိုချောက်ချားစရာ မြင်ကွင်းကြောင့် အစီအရင် စင်မြင့်အောက်က ချောင်မိသားစုဝင်များ ကြက်သေသေသွားကြသည်။

"ယောက်ျား"

ချောင်ရှင်းဟုန်၏ မိန်းမ ကြောက်ရွံ့မှုကြောင့် ဖြူဖတ်သွားပြီး ပြေးတက်ဖို့ ပြင်လိုက်သည်။

"မလှုပ်ကြနဲ့။"

ဆရာကြီးနျဥ်က အော်လိုက်၏။ "ဝိညာဥ်အတွင်းမီးတွေက မစ္စတာချောင်ကို မထိခိုက်စေနိုင်ပါဘူး။"

မှန်ပါသည်။ အစပိုင်း ထိတ်လန့်သွားပြီးနောက် မီးတောက်များက သူ့ကို မထိခိုက်စေမှန်း သိလိုက်ရသဖြင့် ချောင်ရှင်းဟုန် အံ့အားသင့်သွားရသည်။

သို့သော်လည်း တစ်ကိုယ်လုံး အရိုးထဲထိ စိမ့်သည့် အေးစက်မှုကို ခံစားလိုက်ရသည်။

မီးတောက်များ ငြိမ်းသွားသောအခါ ချောင်ရှင်းဟုန်၏ ခန္ဓာကိုယ်တွင် မီးလောင်ထားသည့် အရိပ်အယောင် ဘာမှမတွေ့ရပါ။ သူ့အဝတ်အစားများပင် ပုံမှန်ပဲဖြစ်သည်။

လူများစွာသာ မမြင်ခဲ့ပါက အမြင်မှားသည်ဟု ထင်မိကြလိမ့်မည်။

"ဂုဏ်ယူပါတယ် မစ္စတာချောင်။ ဝိညာဥ်မီးတွေ ခင်ဗျားကိုယ်ထဲ ဝင်ရောက်သွားပါပြီ။ ခုချိန်ကစပြီး ကပ်ဘေးမရှိ၊ ဒုက္ခမတွေ့၊ အဖျားရောဂါနဲ့ မကြုံနိုင်တော့ပါဘူး။ နှစ် ၁၀၀ လောက် အသက်ရှည်နိုင်ပြီး မိသားစုအတွက်လည်း ကံကောင်းခြင်းတွေ ယူဆောင်ပေးနိုင်တော့မှာပါ။"

ဆရာကြီးနျဥ်က ချောင်ရှင်းဟုန်ကို ဦးညွှတ်ကာ ပြောလိုက်ပါသည်။

"အားလုံး ဆရာကြီးနျဥ်ရဲ့ ကျေးဇူးကြောင့်ပါပဲဗျာ။ ဒီကိစ္စပြီးတာနဲ့ ကျွန်တော်တို့ ရက်ရက်ရောရော ဆုချပေးမှာပါ။”

ချောင်ရှင်းဟုန် အနည်းငယ်ချမ်းသလို ခံစားရသည်။ သို့သော် ဂရုမစိုက်ဘဲ ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။

ခုနက ထူးဆန်းသည့် မြင်ကွင်းကိုကြည့်ခြင်းအားဖြင့် အစစ်အမှန်ဆိုတာကို သံသယဖြစ်ဖို့ မလိုတော့ပေ။

သူ့ရင်ထဲက နောက်ဆုံး သံသယအကြွင်းအကျန်များ လုံးဝ ပျောက်ကွယ်သွားလေပြီ။

...

ယနေ့ ယဲ့ရှောင်ချန်း ယန်မြို့တော်သို့ မသွားခဲ့ပါ။

အင်မော်တယ် မြက်ပင်များ၏ အခြေအနေက တည်ငြိမ်သွားပြီဖြစ်သဖြင့် တစ်ရက်ခြား တစ်ခါသာ သွားတော့မည်။

သူ့အချိန်အားလုံးကို ထိုကိစ္စအတွက် မကုန်ဆုံးစေလိုပါ။

ထို့အပြင် ပညာရှင်အသင်းလည်း ယန်မြို့တော်သို့ ရောက်ရှိလာကြပြီဖြစ်သည်။

လောလောဆယ်တော့ ယဲ့ရှောင်ချန်း သူတို့နှင့် မဆက်သွယ်သေးပါ။

သန့်စင်မြက်ပင်၏ အခြေအနေကို နားလည်နိုင်ဖို့ သူတို့ အကြိုသုတေသနများ လုပ်ကြရသေးသည်။

အပြည့်အဝ ပြင်ဆင်ပြီးသွားခါမှ နှစ်ဦးနှစ်ဖက် အစည်းအဝေးပွဲတစ်ခုကို ကျင်းပင်မည်ဖြစ်ပါသည်။

ကျင်းကောင်တီမြို့ တောင်ပိုင်း။

လမ်းဘေးနားက အုတ်အဆောက်အဦးဟောင်းကြီးတစ်ခုရှေ့တွင် ယဲ့ရှောင်ချန်း ကားရပ်လိုက်သည်။

ကားထဲမှ ထွက်လိုက်ပြီး တတိယထပ်က ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ "နူးညံ့ တိတ်ဆိတ်သည့် ဂီတသံစဥ်သင်ကြားရေးစင်တာ"

မှန်ပါသည်။ ဂီတသံစဥ် လေ့ကျင့်ရေးအတွက် သူရောက်ရှိလာခြင်းဖြစ်သည်။

"အစ်မရှုက သူ့လုပ်ငန်းမိတ်ဆွေတစ်ယောက်ရဲ့ သမီးဖွင့်ထားတဲ့ သင်ကြားရေးစင်တာလို့ ပြောတယ်။ သူကြိုပြောထားပြီးပြီမို့လို့ ငါ့ကို အထူးဂရုစိုက်ကြမှာပါ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

သူ ဂီတသင်ကြားရေးအတန်း သွားတက်တော့မည်ဟု ပြောလိုက်သောအခါ ရှုကျောင်း ဖြစ်ပျက်သွားသည့် မျက်နှာနှင့် စကားများကို မှတ်မိနေဆဲဖြစ်ပါသည်။ "နင်က ရုက္ခဗေဒ ပညာရှင်လေ။ ဘာလို့ ဂီတကို သင်မှာလဲ။ အဲ့တာ နင့်အလုပ်ကို လျစ်လျူရှုတာနဲ့ မတူဘူးလား။"

ယဲ့ရှောင်ချန်းက ပြုံးသာ ပြုံးပြပါသည်။ စိုက်ပျိုးရေးအတွက် ဂီတသင်ယူခြင်းဖြစ်သည်ဟု ပြောလို့မှ မရဘဲကိုး။

ကားလော့ချလိုက်ပြီး လှေကားပေါ် တက်လာခဲ့သည်။

တတိယထပ်တွင်။

"ဂီတသံစဥ် သင်ကြားရေးစင်တာ" ဟူသည့် ဆိုင်ဘုတ်ကို တံခါးတွင် တွဲလောင်းချိတ်ထားသည်။ မှတ်မိလွယ်ပါသည်။

ပိတ်ထားသည့် တံခါးက ဖန်တံခါးဖြစ်သဖြင့် အထဲကိုမြင်နေရသည်။ အပြင်အဆင်က အလွန်ထူးခြားသည်။ လတ်ဆတ်ပြီး သဘာဝဆန်သော ခံစားချက်မျိုးကို ပေးစွမ်း၏။

တံခါးကို တွန်းဖွင့်ပြီးဝင်လာခဲ့သည်။

သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က သူ့ထံ လျှောက်လာ၏။ "ကောင်လေး ဘာကိစ္စရှိလို့လဲ။"

"မင်္ဂလာပါ အန်တီ၊ ကျွန်တော် ဆရာမ လျန်ဝမ်ကျင်းနဲ့ လာတွေ့တာပါ။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"သြော် ဆရာမလျန်က စန္ဒရား အခန်းထဲမှာ စန္တရားသင်ခန်းစာ သင်ပြနေပါတယ်။ သင်ခန်းစာ ပြီးဖို့ နည်းနည်းကြာဦးမှာမို့လို့ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး။"

သက်လတ်ပိုင်း အမျိုးသမီးက ပြောလိုက်သည်။

"ကောင်းပါပြီ။"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပြီး ထရိန်နင် စင်တာကို လျှောက်ကြည့်လိုက်သည်။

တံခါးတိုင်းတွင် နာမည်တစ်ခုစီ ရေးထား၏။

တချို့တံခါးများတွင် စောင့်ကြည့် ဖန်များပင်ရှိသည်။ အထဲက အခြေအနေကို ပြင်မှ မြင်နိုင်ပါသည်။

မကြာမီ စန္ဒရားအခန်း တံခါးနားသို့ရောက်လာ၏။ အထဲက အခြေအနေကို သူမြင်နိုင်ပါသည်။ အလယ်ဗဟိုတွင် စန္ဒရားကြီး တစ်လုံးရှိပြီး ဆံပင်ရှည်ရှည် အဖြူရောင် ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးက ထိုနေရာတွင် ရပ်နေကာ တစ်ခုခုကိုပြောနေသည်။ သူ့ကိုကျောခိုင်းကာ ရပ်နေသဖြင့် မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါ။

သူမ၏ ဘေးပတ်လည်တွင် အသက်အရွယ်မျိုးစုံဖြင့် ကျောင်းသားများစွာ ရှိနေပါသည်။

၁၀ မိနစ်ကြာသွားသည်။

စန္ဒရား သင်ခန်းစာ ပြီးဆုံးသွားပါပြီ။

ကျောင်းသားများက စာအုပ်များဖြင့် ထွက်လာကြ၏။

အများစုက ယဲ့ရှောင်ချန်းကို ကြည့်သွားကြသည်။

ယခု ယဲ့ရှောင်ချန်းတွင် သာမန်ထက် ပိုသော အရှိန်အဝါများ ရှိနေပါပြီ။ ကျင့်ကြံပြီးနောက် ထူးကဲသည့် အရှိန်အဝါများ ရရှိခဲ့သည်။

အစက သာမန်ဆန်သည့် သူ့မျက်နှာကလည်း အလွန်မျက်စိကျစရာ ဖြစ်လာခဲ့သည်။

ကျောင်းသားများထွက်သွားပြီး ခဏလောက် ကြာသောအခါ အဖြူရောင်ဝတ်စုံဖြင့် ဆရာမ ထွက်လာလေသည်။

All Chapters