← Chapters

အခန်း (၁၈၃) - မိုးကောင်းကင်ကြီး ပြိုကျသွားသလိုပင်

Vol. 13 Ch. 183

အခန်း (၁၈၃) - မိုးကောင်းကင်ကြီး ပြိုကျသွားသလိုပင်

Vol. 13 Ch. 183

အခန်း (၁၈၃) - မိုးကောင်းကင်ကြီး ပြိုကျသွားသလိုပင်

ယဲ့ရှောင်ချန်းတစ်ယောက် ကားမောင်းပြီး ထွက်လာခဲ့သည်။

အရင်ဆုံး အင်မော်တယ်စမ်းရေ စားသောက်ဆိုင်သို့ သွားရောက်ခဲ့၏။

ယခု အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် ကတ်စတမ်များစွာ ရှိလာပါပြီ။ အခုလို အချိန်မှာတောင် ကတ်စတမ်မာများစွာ ရှိဆဲ ဖြစ်သည်။

"ရှောင်ချန်း အင်မော်တယ်စမ်းရေ စားသောက်ဆိုင် ဒုတိယဆိုင်ခွဲကို အရေးပေါ် ဖွင့်ဖို့ လိုနေပြီထင်တယ်။"

လီကျန့်ရမ်က မကြာခဏဆိုသလို အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် ရှိနေတတ်သည်။

အခုလည်း စားသောက်ဆိုင်တွင် ရှိနေပါသည်။

ယဲ့ရှောင်ချန်းကို မြင်မြင်ခြင်း လီကျန့်ရမ် ပြောလိုက်သော စကားဖြစ်သည်။

"အင်း"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။

သူလေ့လာချက်အရ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို လာရောက်သည့် ကတ်စတမ်မာ အများစုက ဝေးလံသည့်နေရာ တချို့က ဖြစ်မှန်းသိရသည်။

ကျင်းကောင်တီမြို့က ဒီလောက်သာကြီးပြီး ဒီလောက် သူဌေးများသာ ရှိသည်။

ထို့အပြင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် စားသောက်ရသည်က စျေးမပေါပါ။ အလုပ်သမားတစ်ဦး၏ တစ်လစာဝင်ငွေလောက်ရှိသည်။

ထို့ကြောင့် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ ကတ်စတမ်မာ များစွာက ယန်မြို့တော်၏ အိမ်နီချင်းခရိုင်မြို့များမှ လာကြခြင်းဖြစ်ပါသည်။

ယခု အင်မော်တယ်စမ်းရေစားသောက်ဆိုင်တွင် ကတ်စတမ်မာများစွာ ရှိပြီး ဖိအားများစွာ ရှိနေသည်။

နောက်ထပ် ဆိုင်ခွဲတစ်ခုသာ ဖွင့်နိုင်ပါက ကတ်စတမ်မာများကို ခွဲဖြာပြီး ဖိအားလည်း နည်းသွားနိုင်၏။

"ဒါဆို ဘယ်မှာ ဖွင့်သင့်တယ်လို့ ထင်လဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ရှရှီမြို့တော်မှာ ဆောက်တာ အကောင်းဆုံးပဲ။ တောင်ပိုင်းဒေသရဲ့ ဗဟိုဒေသဖြစ်ပြီး သူဌေးတွေလည်း များတယ်။ ဒါပေမယ့် ငါတို့ရဲ့နာမည် အဲ့ကိုရောက်ဖို့က မလွယ်နိုင်ဘူး။ တစ်ခုခု ဖြစ်ရင် ငါတို့နဲ့ ဝေးလွန်းနေတယ်။ အဲ့တာကြောင့် ယန်မြို့တော်မှာပဲ ဆောက်ရမယ်။ ယန်မြို့တော်က ပိုစိတ်ချရတယ်။ ငါတို့စားသောက်ဆိုင်အပေါ် အများကြီး သက်ရောက်မှု ရှိတယ်ဆိုပေမယ့် လိုအပ်ပါတယ်။"

လီကျန့်ရမ်က ပြောလိုက်သည်။

ပထဝီဝင် တည်နေရာအရ ယန်မြို့တော်မှ စားသောက်ဆိုင်က ရေပန်းစားသည့်နေရာ တစ်ခုဖြစ်လာပြီး ကျင်းကောင်တီ စားသောက်ဆိုင်အပေါ် သက်ရောက်မှု ကြီးမားလာနိုင်သည်။

"ရှောင်ချန်း ငါတို့ ယန်မြို့တော်စားသောက်ဆိုင်ဖွင့်ရင် ဝမ်ရှောင်ပင်းနဲ့ အခြားသူတွေကို ငါတို့နဲ့ ပူပေါင်းခိုင်းဦးမှာလား။"

လီကျန့်ရမ်က ယဲ့ရှောင်ချန်းကို လှည့်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

သူပြောနေသည့် ဝမ်ရှောင်ပင်းဆိုသည်မှာ ဘယ်သူဘယ်ဝါမှန်း ယဲ့ရှောင်ချန်း သိသည်။ ယန်မြို့တော်က သူ့လုပ်ငန်းဖော်တစ်ယောက်ဖြစ်ပါသည်။

အားလုံးက ယန်မြို့တော်တွင် စူပါမားကတ်များနှင့် အခြားလုပ်ငန်းများ ပိုင်ဆိုင်ကြသည်။ သူတို့က လီကျန့်ရမ်ထက်ပင် ပိုချမ်းသာကြသည်။ မဟုတ်ပါက သူတို့ ဝမ်ရွှေရှန့်နှင့် ရင်းနှီးကြမည်မဟုတ်ပါ။

သူတို့က ဝမ်ရှောင်ပင်း၏ စူပါမားကတ်များထံသို့  ဟင်းသီးဟင်းရွက် ထောက်ပံ့ခြင်းကို မရပ်တန့်ခဲ့ကြသော်လည်း ပမာဏကတော့ ကျဆင်းသွားခဲ့ပါသည်။

ယန်မြို့တော်တွင် စားသောက်ဆိုင် ဖွင့်လိုက်ပါက သူတို့အား ထောက်ပံ့မှု ပြတ်တောက်သွားလိမ့်မည်။

ယန်မြို့တော် စားသောက်ဆိုင်တွင် ယဲ့ရှောင်ချန်း သူတို့အား ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်းမှာ အလျော်ပေးသည့်ပုံစံမျိုး ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက ကျေးဇူးသိတတ်သော လူမျိုးဖြစ်ပါသည်။

အရင်တုန်းက သူတို့က ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များကို ဝယ်ယူခဲ့ကြသည်။ ဝမ်ရွှေရှန့်၏ မျက်နှာကြောင့် ဖြစ်သော်လည်း သူ့အတွက်တော့ အကူအညီကြီးစွာ ဖြစ်ခဲ့ပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ဝမ်ရှောင်ပင်းနှင့် အခြားသူများမှာ ယန်မြို့တော်တွင် အဆက်အသွယ်များစွာ ရှိသည်ဟု ထင်ထား၏။ သူတို့အကူအညီဖြင့် ယန်မြို့တော် စားသောက်ဆိုင်ခွဲ ဖွင့်ပွဲက အများကြီး ပိုမို ချောမွေ့သွားပါလိမ့်မည်။

ဒီလောကကြီးထဲတွင် လူတစ်ယောက်က အဆက်အသွယ်ကောင်းကောင်း ရှိသင့်သည်။

ထိုအဆက်အသွယ်များကို ခိုင်မာအောင် ပြုလုပ်မှသာ ကိုယ့်ကိုယ်ကို အင်အားတိုးလာအောင် လုပ်နိုင်သည်။

ဒါက အကျိုးစီးပွားအုပ်စုလို့ ခေါ်ဆိုနိုင်တဲ့ အကြောင်းအရင်းပါ။

သူ ပိုင်ဆိုင်သည့် အကျိုးစီးပွားအုပ်စုက ခိုင်မာနေသရွေ့ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ သူ့ပတ်ဝန်းကျင်တွင် ခိုင်မြဲစွာ စည်းစည်းလုံးလုံး ကာကွယ်ပေးမည့်လူများ သဘာဝအတိုင်း ရှိနေကြပါလိမ့်မည်။

အခုတော့ သူ့တွင် ဒီလိုနားလည်မှုများ ရှိလာပြီဖြစ်၏။

ရှယ်ယာဝင် နည်းပါက ငွေပိုရနိုင်သော်လည်း သူတို့ ငွေဘယ်လောက်ပဲ ရရ အတူတူပဲဖြစ်ပါသည်။

သူ လုပ်ဖို့ လိုအပ်သည်က အင်အားကို တောင့်တင်းလာစေဖို့ဖြစ်သည်။

"ဟုတ်တယ်၊ သူတို့က ယန်မြို့တော် ဆိုင်ခွဲမှာပဲ ရင်းနှီးမြှုပ်နှံကြမှာပါ။ ငါ့ ရှယ်ယာထဲကပဲ ခွဲပေးလိုက်ပါ့မယ်။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။

"ရှောင်ချန်း ငါဆိုလိုတာ အဲ့တာမဟုတ်ဘူး။ သူတို့က ယန်မြို့တော်ဆိုင်ခွဲမှာ ရင်းနှီးမြှုပ်နှံကြမှာဆိုတော့ အနှစ်ချုပ် အခြေအနေကိုလည်း စဥ်းစားရမယ်လေ။ မင်း တစ်ယောက်တည်းကို အနာခံခွင့်တော့ မပေးပါဘူး။"

လီကျန့်ရမ်က အမြန်ပြောလိုက်သည်။

ယဲ့ရှောင်ချန်းတစ်ယောက်တည်းသာ ရှယ်ယာများကို ခွဲဝေပေးပါက သူတို့ ယဲ့ရှောင်ချန်းနှင့် ဘက်မတူဘူးဟု ဆိုလိုတာပဲ မဟုတ်လား။

ဒီလိုကိစ္စမျိုး ဘယ်တော့မှ ဖြစ်ခွင့်မပေးနိုင်ပါ။

သူ အမြတ်တချို့ ဆုံးရှုံးရမည်ဆိုရင်တောင် ယဲ့ရှောင်ချန်း၏ ခြေလှမ်းအတိုင်း လိုက်ရမည်။

ယဲ့ရှောင်ချန်းကြောင့် ဒါတွေအားလုံး သိခဲ့ရခြင်းဖြစ်သည်။

မဟုတ်ပါက လေထဲက ရဲတိုက်လေးတစ်လုံးသာ ဖြစ်နေမည်။

လီကျန့်ရမ်က ဒါကို ကောင်းကောင်း မြင်နိုင်ပါသည်။

"အချိန်ကျရင် ရှယ်ယာကိစ္စ ပြောကြမယ်။ အတူတူ ဆုံကြဖို့ အချိန်တစ်ခုလောက် ယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဝမ်ရှောင်ပင်းနဲ့ တခြားသူတွေကိုလည်း ဖိတ်ကြရအောင်။"

ယဲ့ရှောင်ချန်း ပြုံးလိုက်၏။

ဝမ်ရှောင်ပင်းနှင့် အခြားသူများက ယဲ့ရှောင်ချန်းကို ဆက်သွယ်ခဲ့တာ ကြာပြီဖြစ်သည်။ ယန်မြို့တော်က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်အကြောင်း မေးမြန်းခဲ့ကြ၏။

သတင်းကို ဘယ်က ကြားကြမှန်း မသိပါ။

သူတို့၏ သတင်းရင်းမြစ်များနှင့်ဆို ကြီးမားလှသည့် အကျိုးအမြတ်များကို မမြင်ဘဲ မနေနိုင်ပါ။

ထို့အပြင် သူတို့က ယဲ့ရှောင်ချန်းနှင့် လုပ်ငန်းချင်း လက်တွဲနေကြသည်။ ယန်မြို့တော် ဆိုင်ခွဲ ဖွင့်လိုက်သည်နှင့် ထိုလုပ်ငန်းဆက်ဆံရေး ကျိုးပဲ့သွားနိုင်ပါသည်။

ဒါက ယဲ့ရှောင်ချန်းနှင့် သူတို့အကြား ဆက်ဆံရေးကို ချည်နှောင်ထားခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ယန်မြို့တော် ဆိုင်ခွဲတွင် ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်ရင်း ဝေ့လည်ကြောင်ပတ် လုပ်နေကြခြင်း ဖြစ်သည်။ အနည်းငယ်သာ ပေးပြီး ရှယ်ယာများစွာ လိုချင်ခြင်း မဟုတ်ပါ။ လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ရုံသာ ဖြစ်ပါသည်။

ပိုအရေးကြီးသည်က သူတို့ ယန်မြို့တော် ဆိုင်ခွဲတွင်သာ ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်သည်။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် ရှယ်ယာဝင် မဟုတ်ကြပါ။

လီကျန့်ရမ် ခေါင်းငြိမ့်လိုက်သည်။ ဒီကိစ္စ ရှင်းသွားပါပြီ။

ခရမ်းတောင်ရွာမှ ထွက်လာပြီးနောက် ယဲ့ရှောင်ချန်းက ကားမောင်းရင်း ဝမ်ရှောင်ပင်းနှင့် အခြားသူများကို ဖုန်းဆက်ကာ အကြောင်းကြားလိုက်ပါသည်။

ဝမ်ရှောင်ပင်းနှင့် အခြားသူများကလည်း အပျော်လွန်သွားကြပါသည်။

ဒီသတင်းကို စောင့်နေခဲ့တာ  ကြာပြီဖြစ်သည်။

၁၀ မိနစ်ကြာသောအခါ။

ယဲ့ရှောင်ချန်း၏ ကား ဂီတသင်ကြားရေးစင်တာသို့ရောက်လာသည်။

လမ်းဘေးတွင် ကားကိုရပ်လိုက်သည်။

မြို့ကြီးပြကြီးများလိုမဟုတ်ဘဲ လမ်းဘေးတွင် ပါကင်ထိုးစရာ နေရာ မရှိဘဲ ပါကင်ဒဏ်ကြေးများလည်း မရှိပါ။ ယာဥ်ကြောကို မပိတ်ဆို့စေသ‌ရွေ့ အဆင်ပြေပါသည်။

ကားကြီးကလည်း အရှိန်အဝါ ကောင်းလွန်းသဖြင့် အလွန်အာရုံစိုက်ခံရပါသည်။

တတိယထပ်သို့ တက်သွားပြီး မကြာမီ သင်ကြားရေးစင်တာသို့ ရောက်လာ၏.

သူ့ဖုန်းကို ကြည့်လိုက်သည်။ ၃နာရီ ၅၀ မိနစ် ရှိနေပါပြီ။

စောစော ရောက်လာခြင်းက ယဥ်ကျေးမှု တစ်ခုဖြစ်ပါသည်။

ရုတ်တရက် သူ့ဖုန်းသံမြည်လာ၏။

အမြန်သင်ကြားရေးစင်တာမှ ထွက်လိုက်ပြီး ဖုန်းနံပါတ်ကို ကြည့်လိုက်သည်။ မြို့တော်ဝန် လီကျစ်ရွှမ် ဖြစ်နေ၏။

ဖုန်းကိုင်လိုက်သောအခါ ပညာရှင်အသင်းက သူ့ကို သန့်စင်မြက်ပင်နှင့် ပတ်သက်ပြီး စကားပြောချင်နေကြသည်ဖြစ်ကြောင်း သိလိုက်ရသည်။

ယဲ့ရှောင်ချန်း ချက်ချင်း သဘောတူလိုက်ပါသည်။

ဖုန်းချလိုက်ပြီး သင်ကြားရေးစင်တာထဲသို့ ပြန်ဝင်သွားခဲ့သည်။ လျန်ဝမ်ကျင်း သင်ရိုးတစ်ခုဖြင့် ထွက်လာသည်ကို မြင်လိုက်ရသည်။

"မစ္စလျန်"

ယဲ့ရှောင်ချန်းက အရင်နှုတ်ဆက်လိုက်ပါသည်။

"ကျွန်မရုံးခန်းကို သွားကြရအောင်"

လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းကို သေသေချာချာ စေ့စေ့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

သူမ၏ အကြည့်ကြောင့် ယဲ့ရှောင်ချန်း အနည်းငယ် ကြောင်သွားရသည်။

ရုံးခန်းထဲတွင်။

ယဲ့ရှောင်ချန်းနှင့် လျန်ဝမ်ကျင်းတို့ ဆိုဖာတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ကော်ဖီစားပွဲပေါ်တွင်လည်း အငွေ့ တလူလူ ပျံ့လွင့်နေသည့် လက်ဖက်ရည်ပူပူ တစ်ခွက် ရှိနေပါသည်။

ယဲ့ရှောင်ချန်း ယူလာသည့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်နှစ်ထုပ်ကို ဘေးတွင် ချထား၏။

လျန်ဝမ်ကျင်း ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ မိန်းကလေးတစ်ယောက်ကို ဆားရည်စိမ် ဟင်းသီးဟင်းရွက် ပေးသည့်လူမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။

သူက တကယ်ပဲ ထူးခြားပါပေသည်။

"ယဲ့ရှောင်ချန်း ကျွန်မကို တကယ် မမှတ်မိဘူးလား။"

လျန်ဝမ်ကျင်းက ပြုံးကာ ရုတ်တရက် ပြောလိုက်သည်။

မျက်နှာအနေအထားနှင့် နာမည်ကြောင့်သာ မဟုတ်လျှင် သူမလည်း မမှတ်မိလောက်ပါ။

သူမရှေ့က ထူးကဲသည့် အရှိန်အဝါနှင့် ကောင်လေးမှာ အလယ်တန်းတုန်းက ရိုးသားပြီး တုံးအသည့်ပုံစံနှင့် အတန်းဖော်ဖြစ်သည်ဟု မှန်းဆကြည့်ဖို့ ခက်ခဲလှပါသည်။

ဘဝက မယုံကြည်နိုင်စရာကောင်းသည်။

ရွာသားတစ်ယောက်က ပြီးပြည်စုံသည့် လူတစ်ယောက် အဖြစ်ပြောင်းလဲသွားခဲ့သည်။

ရုပ်ဆိုးသည့် ဘဲတစ်ကောင်က ကြိုးကြာ တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

စင်ဒရဲလားက လှပသည့်  မင်းသမီးတစ်ပါးအဖြစ်ပြောင်းလဲသွားသည်။

တကယ်ပဲ မယုံကြည်နိုင်စရာ ကောင်းလှပါသည်။

ယဲ့ရှောင်ချန်း ကြောင်သွားပါသည်။ သူ့ကို မသိပါ။ သေချာပေါက် သူ့ကိုမသိခဲ့ပါ။

အနီးကပ်ကြည့်လိုက်သော်လည်း ဘာမှ မမှတ်မိနိုင်ပေ။

"ဟင်း ငိုတောင်ငိုချင်သွားပြီ။ ကျွန်မကတော့ ကျွန်မရဲ့ အတန်းဖော်ဟောင်းကို မှတ်မိတယ်၊ ဒါပေမယ့် သူကတော့ ကျွန်မကို မေ့သွားပြီ။"

လျန်ဝမ်ကျင်းက ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။

"အတန်းဖော်ဟောင်း ဟုတ်လား။"

ယဲ့ရှောင်ချန်း မျက်လုံးကျယ်သွား၏။

ကောလိပ်က အတန်းဖော်တော့ မဖြစ်နိုင်ပါ။

မူလတန်း အတန်းဖော်လည်း မဖြစ်နိုင်ပါ။

အလယ်တန်း သို့မဟုတ် အထက်တန်း အတန်းဖော်သာ ဖြစ်နိုင်သည်။

ယဲ့ရှောင်ချန်း သူ့မှတ်ဉာဏ်များကို သေသေချာချာ ပြန်လှန်ကြည့်သော်လည်း ငိုချင်သွားသည်။

လခွမ်း သူ့ကို တွေ့ဖူးတယ်လို့တောင် မထင်ဘူး။

ဒီလောက်ထိ မှတ်မိအောင် ကြိုးစားနေရပုံထောက်ရင်တော့ မဟုတ်တော့ပါဘူး။

ယဲ့ရှောင်ချန်း၏ မျက်နှာကို မြင်သောအခါ သူမကို မမှတ်မိသေးမှန်း လျန်ဝမ်ကျင်းတစ်ယောက် သိလိုက်ရပါသည်။

ချက်ချင်း ပြုံးကာ ပြောလိုက်၏။ "ရှင်နဲ့ မကစားတော့ပါဘူး။ တကယ်တော့ ရှင် မမှတ်မိတာ ပုံမှန်ပါပဲ။ ကျွန်မ အများကြီး ပြောင်းလဲသွားတာကိုး။ စာမေးပွဲတွေတိုင်းမှာ နောက်ဆုံးအဆင့်ရပြီး ငိုတတ်တဲ့ အသားမည်းမည်း ဝတုတ်ကောင်မလေးကို မှတ်မိလား။"

လက်ဖက်ရည်သောက်နေသည့် ယဲ့ရှောင်ချန်း လက်ဖက်ရည်များ လျန်ဝမ်ကျင်းဘက်သို့ ထွေးထုတ်လုနီးပါး ဖြစ်သွားသည်။

လျန်ဝမ်ကျင်းကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး လက်ညှိုးထိုးလိုက်သည်။ ခဏလောက်ကြာသောအခါ သူစကားထစ်ငေါ့စွာ ပြောလိုက်၏။ "လခွမ်း အသားမည်းမည်း ဝတုတ်မ၊ နင်က အသားမည်းမည်း ဝတုတ်မ လျန်ဝမ်ကျင်းပဲ။"

ကောင်းကင်ကြီးပြိုကျသလို ယဲ့ရှောင်ချန်း ခံစားလိုက်ရတော့သည်။

All Chapters