← Chapters

အခန်း (၁၈၄) - လှုံ့ဆော်နိုင်သော ဇာတ်လမ်း

Vol. 13 Ch. 184

အခန်း (၁၈၄) - လှုံ့ဆော်နိုင်သော ဇာတ်လမ်း

Vol. 13 Ch. 184

အခန်း (၁၈၄) - လှုံ့ဆော်နိုင်သော ဇာတ်လမ်း

ခဏလောက် ကြာသောအခါ နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ယုံနိုင်သွားပါပြီ။

တကယ်တော့ စင်ဒရဲလား လှပသည့် မင်းသမီးလေးတစ်ပါး ဖြစ်လာသည့် ပုံပြင်များ ရှိနေပြီး အသားမည်းမည်း၊ ဝဝတုတ်တုတ် မိန်းကလေးတစ်ယောက်က အသားအရေကောင်းမွန်ပြီး ရုပ်ရည်ချောမောသည့် မိန်းမလှလေး တစ်ယောက်ဖြစ်မလာနိုင်ဖူးဟု မပြောနိုင်ပေ။

ထို့အပြင် နောက်ဆုံးတော့ သူ့မှတ်ဉာဏ် နက်နက်ရှိုင်းရှိုင်းထဲတွင် လျန်ဝမ်ကျင်းနှင့် ပတ်သတ်သည့် ဇာတ်လမ်းတစ်ပုဒ်ကို တွေ့ခဲ့ရပြီဖြစ်သည်။ သူ့ရှေ့က ကောင်မလေးနှင့် ဝေဝါးစွာ ပုံစံချင်း ထပ်တူကျသွားပါသည်။

အသားမည်းမည်း ဝတုတ်မလေး၏ နာမည်အရင်းက လျန်ဝမ်ကျင်း မဟုတ်ဘဲ လျန်မိန့်လီဖြစ်သည်။

အမှန်ပင်။ ဆိုးရွားလှသော နာမည်တစ်ခုဖြစ်ပါသည်။

ထို့ကြောင့် အသားမည်းမည်း ဝတုတ်မလေး လျန်မိန့်လီက ကျောင်းသားများစွာ၏ အနိုင်ကျင့်စရာနှင့် စနောက်စရာ ပစ်မှတ် ဖြစ်လာခဲ့ပါသည်။

ယဲ့ရှောင်ချန်း၏ စရိုက်မျိုးနှင့် လျန်မိန့်လီနှင့် သူတို့က ၂ နှစ်လောက်အထိ အတန်းဖော်များ ဖြစ်ခဲ့ကြသဖြင့် အဓိက မှတ်မိရခြင်း ဖြစ်ပါသ်ည။

သူတို့က အတန်းထဲက လူထူးဆန်းများ ဖြစ်ကြသည်။

တစ်ယောက်က အငိုသန်ပြီး နောက်တစ်ယောက်က စကားနည်းကာ လူကြောက်သည်။

သူတို့နှစ်ယောက်၏ တူညီသည့် နောက်ထပ် အရာတစ်ခုက စာမေးပွဲအဆင့်များ နိမ့်ကျခြင်းဖြစ်သည်။ အမှန်ပင်။ ယဲ့ရှောင်ချန်း၏ အဆင့်က လျန်မိန့်လီထက်တော့ ပိုမြင့်ပါသေးသည်။

အလယ်တန်း တတိယနှစ်တွင် ယဲ့ရှောင်ချန်း အလွန်ကြိုးစားပြီး အဆင့်များက မိုးထိုး တက်သွားသည်။ ကျင်းရှန် နံပါတ် ၁ အလယ်တန်းကျောင်းကို ဝင်နိုင်ခဲ့ပြီး ဒါက အလွန် အံ့သြစရာကောင်းပါသည်။ အတန်းပိုင် ဆရာမပင် မယုံကြည်နိုင်ခဲ့ပါ။

လျန်မိန့်လီကတော့ ကံမကောင်းခဲ့ပါ။ ထိုက်ဖျင်မြို့က နံပါတ် ၄ ကျောင်းကိုသာ သွားနိုင်ခဲ့ပြီး ထို့နောက် ဘာဆက်ဖြစ်လဲ ဘယ်သူမှ မသိကြတော့ပါ။

"လျန်ဝမ်ကျင်း နင်ပလတ်စတစ် ဆာဂျရီ လုပ်ထားတာလား။"

ယဲ့ရှောင်ချန်းက မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ရှိသည့် လျန်ဝမ်ကျင်းကို သေသေချာချာ ကြည့်လိုက်သည်။ သူမ မျက်နှာက အလွန်ကျော့ရှင်း၏။ မိတ်ကပ်ပါးပါးသာ ရှိပြီး အနုပညာဆန်သည့် အရှိန်အဝါက အလွန်ဆွဲဆောင်မှုရှိပါသည်။

ဒီလို ကျက်သရေရှိသည့် အလှအပလေးကို အသားမည်းမည်း ဝဝတုတ်တုတ် လျန်မိန့်လီနှင့် နှိုင်းယှဥ်ကြည့်ဖို့က သူ့အတွက်တောင် ခက်ခဲနိုင်ပါသည်။

ကလေးဘဝနှင့် အပျိုဘဝအတွင်း မိန်းကလေးတစ်ဦးက ၁၈ ခါ ပြောင်းလဲတတ်သည်ဟု ဆိုသော်လည်း ပြောင်းလဲမှုက ကြီးမားလွန်းလှသည်။

"နင်ဘယ်လို ထင်လို့လဲ။"

လျန်ဝမ်ကျင်းက ပါးစပ်ကို အုပ်ကာ ပြုံးလိုက်သည်။

"ဘယ်လိုလုပ်ပြီး ငါက သိမှာလဲ။ ဒါပေမယ့် နင့်နှာခေါင်းက အဲ့လောက်မြင့်မယ်မထင်ဘူး။ ပလတ်စတစ် ဆာဂျရီမလား။"

ယဲ့ရှောင်ချန်းက မျက်စောင်းရွယ်လိုက်သည်။

"ပလတ်စတစ် ဆာဂျရီ ဟုတ် မဟုတ် သိရအောင် ထိကြည့်လိုက်လေ။"

လျန်ဝမ်ကျင်းက ပြုံးလိုက်၏။

"တကယ် ထိကြည့်ရမှာလား။"

ယဲ့ရှောင်ချန်း ကြောင်သွားသည်။

"ဒါပေါ့ ငါတို့က အတန်းဖော်ဟောင်းတွေပဲကို။ ငယ်ဘဝကို အတူတူ ဖြတ်သန်းလာကြတာပဲလေ။"

လျန်ဝမ်ကျင်းက ခေါင်းငြိမ့်လိုက်၏။

"ဒါဆိုလည်း ထိကြည့်မယ်။ နင့်နှာခေါင်းကြီးနေရာလွဲသွားရင် ငါ့ကို အပြစ်မတင်နဲ့နော်။"

ယဲ့ရှောင်ချန်းက ပြောဆိုရင်း လက်ဆန့်ကာ လျန်ဝမ်ကျင်း၏ နှာခေါင်းကို ထိကြည့်လိုက်သည်။

ခံစားချက်က နွေးထွေးကျော့ရှင်းပြီး ဖော်မပြနိုင်အောင် ရှိလှပါသည်။

"တကယ် လာထိတာပဲ။ ဘယ်လိုလဲ။ ဆာဂျရီလား။"

လျန်ဝမ်ကျင်း၏ နှာခေါင်းက ယဲ့ရှောင်ချန်း ထိတွေ့မှုကြောင့် ယားကျိကျိ ဖြစ်လာပြီး ပါးများကနည်း ပန်းရောင်သန်းလာသည်။

"မဟုတ်ဘူးထင်တယ်။"

ယဲ့ရှောင်ချန်းက အံ့အားသင့်စွာဖြင့် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ဒါပေါ့၊ ငါက မွေးကတည်းက လှတာပါနော်။ ငယ်ငယ်တုန်းက နည်းနည်းဝပြီး အသားမည်းနေရုံပဲ။"

လျန်ဝမ်ကျင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

အလယ်တန်းတက်စဥ်က သူမ၏ မိသားစုက ဆင်းရဲသည်။ နေ့တိုင်း အိမ်ပြန်ပြီး အလုပ်လုပ်ရသဖြင့် အသားမည်းရခြင်းဖြစ်သည်။

"ဒါနဲ့ ဘယ်လိုလုပ်ပြီး နင်က ဂီတဆရာမ ဖြစ်လာတာလဲ။"

ယဲ့ရှောင်ချန်းက စိတ်ဝင်တစား မေးလိုက်သည်။

"အလယ်တန်း စာမေးပွဲပြီးသွားတော့ အထက်တန်းမှာ တစ်နှစ်ပဲ တက်လိုက်ပြီး ငါ ဆက်မတက်တော့ဘူး။ အဲ့ဒီအစား Mango TV ရဲ့ Super Girl မှာ ပါဝင်လိုက်တယ်။"

အတိတ်၏ အကြောင်းများကို ပြန်ပြောသောအခါ လျန်ဝမ်ကျင်း၏ မျက်နှာတွင် လွမ်းဆွေးမှု အရိပ်အယောင်များ ပေါ်လာသည်။

"Super Girl ဟုတ်လား။"

ယဲဲ့ရှောင်ချန်း ကြောင်သွားသည်။ အငိုသန်ပြီး အတန်းထဲမှာ အဆင့်မကောင်းသည့် ဝတုတ်တုတ် အသားမည်းမည်း ကောင်မလေးက Super Girl ထဲမှာ ပါဝင်ခဲ့တယ်တဲ့လား။

"ငါ့ကို ဘာလို့မယုံတာတုန်း။ အဲ့ဒီနှစ်က Super Girl အကြောင်း ရှာကြည့်လိုက်ရင် ငါ့နာမည်ကို တွေ့ပါလိမ့်မယ်။ ရိုးရိုးသားသား ဝန်ခံရရင် ငါ့ကို ပြောင်းလဲပေးလိုက်တာ Super GIrl ပဲ။ တကယ်တော့ ငါက အမြဲတမ်း သီချင်းဆိုရတာကို သဘောကျခဲ့တာ။ ငါက သီချင်းလည်း ကောင်းကောင်း ဆိုနိုင်တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက လူကြောက်ပြီး သတ္တိမရှိလို့ သူများတွေရှေ့မှာ သီချင်းမဆိုရဲခဲ့ဘူး။"

လျန်ဝမ်ကျင်း၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးပေါ်လာသည်။

"ဒါဆိုလည်း ဘာလို့ ရုတ်တရက်ကြီး Super Girl မှာ ပါရဲသွားတာလဲ။"

ထို အစီအစဥ်အကြောင်း ယဲ့ရှောင်ချန်း သိပါသည်။ ထိုခေတ်က အလွန်ရေပန်းစားသော အစီအစဥ်ဖြစ်သည်။ လက်ရှိ အမျိုးသမီး နာမည်ကျော်များစွာက Super Girl မှ တက်လာခြင်း ဖြစ်သည်။

လျန်ဝမ်ကျင်းက နာမည်ကျော်ဖြစ်မလာသဖြင့် သူမ Super Girl တွင် ပါဝင်ခဲ့စဥ်က ရေပန်းသိပ်မစားခဲ့သည့်ပုံပင်။

"တကယ်တော့ ပြိုင်ပွဲဝင်ဖို့ အစီအစဥ် မရှိခဲ့ပါဘူး။ အတန်းဖော်တစ်ယောက်နဲ့ လိုက်သွားတာလေ။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အစီအစဥ်တစ်ခုကြောင့် သူ့အစား ငါစင်ပေါ် တက်လိုက်ရတယ်။ စင်ပေါ်တက်သွားတော့ ငါဘယ်လောက် အသက်ရှူကြပ်အောင် ခံစားခဲ့ရမှန်း နင်မသိပါဘူး။ ငါ့စိတ်လည်း အမှောင်ကျသွားတာပဲ။ ငါ့ကိုနှစ်သိမ့်ပေးပြီး စိတ်မလှုပ်ရှားဘဲ စိတ်အေးအေးထားဖို့ ဆရာမ ရှန်းယွဲ့က နှစ်သိမ့်ပေးခဲ့တာ။ ငါ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး သီချင်းဆိုလိုက်တော့ ဒိုင်တွေ ဘယ်လောက်တောင် အံ့သြသွားလဲ နင် သိမှာ မဟုတ်ပါဘူး။ သူတို့က ငါ့အသံကို ကောင်းကင်ဘုံနဲ့တောင် နှိုင်းယှဥ်ခဲ့ကြသေးတယ်။"

လျန်ဝမ်ကျင်းက ရယ်လိုက်သည်။

"ဒါဆို နင်က ဘာလို့ နာမည်ကြီးမလာတာလဲ။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

"ဒီ့ထက် ကောင်းတဲ့ မေးခွန်းမျိုး ဘာလို့မမေးတာလဲ။"

လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းကို မျက်စောင်းရွယ်လိုက်သည်။

"လခွမ်း ငါက သိချင်ရုံပါဟ။"

ယဲ့ရှောင်ချန်းက ခွကျစွာ ရယ်လိုက်သည်။

"Super Girl လို စင်မြင့်ပေါ်မှာ အသံကောင်းပြီး သီချင်းဆိုတတ်ရုံနဲ့ လုံလောက်ပြီလို့ နင်ထင်နေတာလား။ ငါ့လို အသားမည်းမည်း ဝဝတုတ်တုတ် ကောင်မလေးကို လူဘယ်လောက်က သဘောကျမှာလဲ။ Super Girl က လူရွေးမှုတွေက ဒိုင်တွေရဲ့ မဲနဲ့ပဲ မဟုတ်ဘူး။ ပရိတ်သတ်တွေရဲ့ မဲနဲ့လည်း ဆုံးဖြတ်တယ်ဆိုတာ နင်သိပါတယ်။ နောက်ဆုံးတော့လည်း အကြို ဗိုလ်လုပွဲမှာ ငါထွက်လိုက်ရတာလေ။"

လျန်ဝမ်ကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်း ဆွံ့အသွားရသည်။

အမှန်ပင်။ ထိုခေတ်တုန်းက Super Girl ကြည့်သူများမှာ ဆယ်ကျော်သက်များ ဖြစ်ကြသည်။ လှပသည့် မိန်းကလေးများကို ဘယ်သူက မကြိုက်ဘဲ နေမလဲ။

လှပသည့် မိန်းကလေးများ မဟုတ်ရင်တောင် နာမည်တော့ ရှိရမည်။ ဥပမာအားဖြင့် အစ်ကိုချွန်းနှင့် အစ်မဖန်တို့လို ဖြစ်ကြသည်။

လျန်မိန့်လီလို ဝဝတုတ်တုတ် အသားမည်းမည်း ကောင်မလေးတစ်ယောက်အတွက်တော့ ပွဲစကတည်းက အာနည်းချက်များ ရှိခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲအဆင့်တက်နိုင်သည့် လူများက ပြိုင်ပွဲဝင် ရာချီထောင်ချီမှ ရွေးချယ်ထားသည့် လူများဖြစ်သဖြင့် လျန်မိန့်လီတစ်ယောက် ကံမကောင်းခဲ့ပါ။

"ကံကောင်းတာက အဲ့ဒီအခွင့်အရေးက ငါ့ဘဝကို ပြောင်းလဲပေးခဲ့တယ်။ နောက်တော့ ဆရာမ ရှန်းယွဲ့ရဲ့ ထောက်ခံချက်နဲ့ မြို့တော် ခေတ်သစ် ဂီတ ကျောင်းတော်မှာ ငါတက်နိုင်ခဲ့တယ်လေ။"

လျန်ဝမ်ကျင်းက သက်ပြင်းချကာ ပြောလိုက်သည်။

Super Girl တွင်သာ ဝင်မပါခဲ့ပါက ထာဝရလမ်းပျောက်ကာ အသားမည်းမည်း ဝဝတုတ်တုတ် ဘဝတွင်သာ ဆက်နေရမည်ဖြစ်သည်။

"နင်က ဂီတကျောင်းတော် တက်ရောက်ခွင့်ခဲ့ရပြီး၊ သီချင်းဆိုတာလည်း ပါရမီပါပြီးတော့ လှလည်းလှတော့ ကြယ်ပွင့်တစ်ယောက် ဖြစ်သင့်တယ် မဟုတ်ဘူးလား။"

ယဲ့ရှောင်ချန်းက လျန်ဝမ်ကျင်းတွင် ဒီလောက်ရှုပ်ထွေးပြီး အထင်ကြီးစရာကောင်းသည့် အတွေ့အကြုံများ ရှိခဲ့လိမ့်မည်ဟု ထင်မထားပါ။ ချက်ချင်း သိချင်စွာ မေးလိုက်ပါသည်။

"ဂီတကျောင်းတော်ကို သွားဖို့ အဆိုတော် ဒါမှမဟုတ် ကြယ်ပွင့်ဖြစ်ချင်မှ ရမယ်လို့ နင့်ကို ဘယ်သူပြောလဲ။"

လျန်ဝမ်ကျင်းက အပြုံးဖြင့် ပြောလိုက်သည်။

"တကယ်တော့ အစကတည်းက အဲ့လိုလုပ်ဖို့ အစီအစဥ် မရှိတာပါ။ ဂီတရဲ့ သဘောသဘာဝကြောင့် ဂီတကို သဘောကျတာ။ ငါ့ကို ယုံကြည်ချက်ရှိစေပြီး ငါ့ဘဝကိုလည်း ပြောင်းလဲပေးတယ်။ တခြားကိစ္စတွေကိုတော့ အဲ့လိုဘဝမျိုးလောက် အသားမကျဘူး။"

"ဒီလိုကိုး ဟူး... နင်အမှားလုပ်လိုက်တာပဲ။ မဟုတ်ရင် ငါက ကြယ်ပွင့်ကြီးတစ်ယောက်ရဲ့ အတန်းဖော်ဖြစ်နေမှာ။"

ယဲ့ရှောင်ချန်းက ခေါင်းကိုက်စွာ ပြောလိုက်သည်။

"ကဲ ငါ့ကိစ္စပြီးပြီ၊ နင့်အကြောင်း ပြောပါဦး။ ဆင်းဆင်းရဲရဲ ဂျပုတစ်ယောက်က ဘယ်လိုလုပ် အရပ်ရှည်ရှည် ခပ်ချောချော သူဌေးတစ်ယောက် ဖြစ်သွားတာလဲ။"

လျန်ဝမ်ကျင်းက ပြုံးကာ ပြောလိုက်သည်။

"အရင်တုန်းကရော ငါ ချမ်းသာလို့လား။"

ယဲ့ရှောင်ချန်းက မျက်စောင်းရွယ်လိုက်သည်။

"ဟုတ်တာပေါ့။ မဟုတ်ရင် နင့်ကို ပထမဆုံး မြင်လိုက်ရတော့ ငါနည်းနည်း သံသယမဖြစ်မိဘဲ နေပါ့မလား။"

လျန်ဝမ်ကျင်းက အပြုံးဖြင့် ပြောလိုက်သည်။

အခုလက်ရှိ လျန်ဝမ်ကျင်း၏ စကားပြောပုံဆိုပုံမှာ ယဲ့ရှောင်ချန်းနှင့် လျန်မိန့်လီတို့၏ စကားပြောပုံနှင့် လုံးဝ ခြားနားနေပြီ ဖြစ်ပါသည်။

အရှိန်အဝါဖြစ်ဖြစ်၊ ပုံစံဖြစ်ဖြစ်၊ ယုံကြည်ချက်ဖြစ်ဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။

တကယ်တော့ သူကလည်း ထိုနည်းလည်းကောင်းဖြစ်သည်။

ရှန်းနုန် စနစ်ကိုသာ မရခဲ့ပါက သာမန်လူတစ်ယောက်အဖြစ်သာ ဆက်နေရမည်ဖြစ်သည်။

"အင်း တကယ်တော့ အခုလည်း ငါက ဆင်းဆင်းရဲရဲပါပဲ။ အိမ်မှာ လယ်စိုက်တယ်လေ။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

"အပိုတွေ။ အခုနင့်ပုံစံက လယ်သမားနဲ့ တူနေလို့လား။"

လျန်ဝမ်ကျင်းက လုံးဝမယုံကြည်ပါ။

"ငါပြောရင်တောင် နင်ယုံမှာ မဟုတ်ဘူး။ တိတိကျကျပြောရရင် အိမ်မှာ စိုက်ပျိုးရေးခြံတစ်ခု ဆောက်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ စိုက်တယ်။ သြော် ဟုတ်သား၊ ငါ စားသောက်ဆိုင်တစ်ဆိုင်လည်း ဖွင့်ထားသေးတယ်။"

ယဲ့ရှောင်ချန်းက ပခုံးတွန့်ကာ ပြောလိုက်သည်။

"အဲ့လိုလုပ်မှပေါ့။ နင့်စားသောက်ဆိုင်က ဘယ်မှာလဲ။ အချိန်ရရင် ငါလာအားပေးမယ်လေ။"

လျန်ဝမ်ကျင်းက ပြောလိုက်သည်။

"ကြိုဆိုပါတယ်။ ငါ့စားသောက်ဆိုင်မှာ ညစာ လာစားလေ။ ငါကျွေးမှာပါ။"

ယဲ့ရှောင်ချန််းက ပြုံးကာပြောလိုက်၏။

"ကောင်းပါပြီ။"

လျန်ဝမ်ကျင်းက လက်ကောက်ဝတ်ကို မကာ နာရီကို ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။

"အတန်းစလိုက်ကြရအောင်"

"အိုကေ"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။

မကြာမီ လျန်ဝမ်ကျင်း ယဲ့ရှောင်ချန်းကို စတင်သင်ကြားပေးလေတော့သည်။

All Chapters