← Chapters

အခန်း (၁၈၅) - ဒါက ဘယ်လို စည်းဝါးမျိုးလဲ

Vol. 13 Ch. 185

အခန်း (၁၈၅) - ဒါက ဘယ်လို စည်းဝါးမျိုးလဲ

Vol. 13 Ch. 185

အခန်း (၁၈၅) - ဒါက ဘယ်လို စည်းဝါးမျိုးလဲ

အတန်းပြီးသွားသောအခါ ၅နာရီကျော်နေပြီဖြစ်သည်။

"အင်း ဒီနေ့အတန်းကတော့ ဒီလောက်ပါပဲ။"

လျန်ဝမ်ကျင်းက ပြောလိုက်၏။

မတ်တပ်ထရပ်လိုက်ပြီး လည်ချောင်း စိုအောင် ရေနွေးတစ်ခွက်သောက်လိုက်သည်။

သင်ကြားရေးစင်တာ၏ ကိစ္စဝိစ္စများကို လျန်ဝမ်ကျင်း ဆောင်ရွက်ပြီးဆုံးသွားသောအခါ ၆နာရီ ထိုးကာနီးပင် ဖြစ်နေလေပြီ။

အောက်ထပ်တွင် ယဲ့ရှောင်ချန်းက Porsche Cayenne ကားကြီးကို မှီလျက် လျန်ဝမ်ကျင်း ဆင်းလာမည်ကို စောင့်နေသည်။

သိပ်မကြာမီ လျန်ဝမ်ကျင်း ဆင်းလာသည်။

"ဟဲ့ ဒါနင့်ကားလား။"

လျန်ဝမ်ကျင်းက Porsche Cayenne ကားကြီးကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။

"ဟုတ်တယ်။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်၏။

"ကြည့်ရတာ ငါ့အတန်းဖော်ဟောင်းကြီးကတော့ တကယ်ကံကောင်းနေတဲ့ပုံပဲ။"

လျန်ဝမ်ကျင်းက ပြုံးကာ ပြောလိုက်သည်။

"ဘာကံကောင်းတာတုန်း။ ငါက ချမ်းသာချင်ယောင် ဆောင်နေတာလေ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ဟားဟား"

လျန်ဝမ်ကျင်းက ပြုံးလိုက်၏။ သူမ မယုံကြည်တာ သိသာပါသည်။

"ကားထဲဝင် ငါနင့်ကို နေရာကောင်းကောင်းတစ်ခု လိုက်ပို့ပေးမယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်။

"ဘယ်က နေရာကောင်းကောင်းလဲ။ နင့်စားသောက်ဆိုင်ကို သွားမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။ နင် လိုက်မပို့ရဲလို့လား။ နင့်စားသောက်ဆိုင်ဆိုတာ ဂျင်းကြီးလား။"

လျန်ဝမ်ကျင်းက ပြုံးကာ ပြောလိုက်ပါသည်။

"ငါပြောတဲ့ နေရာကောင်းဆိုတာလည်း ငါ့စားသောက်ဆိုင်ကို ပြောတာပါဟ။"

ယဲ့ရှောင်ချန်း ပြန်ပြောလိုက်၏။

"နင်ပြောတာ ဟုတ်မဟုတ် ကြည့်ရသေးတာပေါ့။"

လျန်ဝမ်ကျင်းက ပြောလိုက်သည်။ "ဒါနဲ့ ငါက တောင်တက်စက်ဘီးတစ်ဘီး စီးတာ။ နင့်ကားပေါ်တင်လို့ရလား။"

"စက်ဘီးဟုတ်လား၊ ရတာပေါ့၊ ဘယ်မှာလဲ။"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။

"ဒီမှာ"

လျန်ဝမ်ကျင်းက သိပ်မဝေးသော ဆိုင်တစ်ဆိုင်ထံသို့ လျှောက်သွားပြီး အထဲက ခေါက်စက်ဘီးတစ်ဘီး ထုတ်လာသည်။

လျန်ဝမ်ကျင်းက ခေါက်စက်ဘီးကို ဘာမှ မလေးသလို သယ်လာသည်။ စျေးကြီးတာ သိသာပါသည်။

ယဲ့ရှောင်ချန်းက ကားနောက်ဖုံးကို ဖွင့်ကာ ခေါက်စက်ဘီးကို အထဲထည့်လိုက်၏။ ထို့နောက် စိတ်ဝင်စားစွာ မေးလိုက်သည်။ "နင် ဒီလိုစက်ဘီးမျိုး စီးနိုင်ရင် ကားလည်း ဝယ်နိုင်ရမှာပေါ့။ မဟုတ်ရင် မိုးရွာရင် ဘယ်လိုလုပ်မလဲ။"

"မိုးရွာရင် ဘတ်စ်ကား ဒါမှမဟုတ် တက်စီ စီးတယ်လေ။ ငါကားမမောင်းတတ်ဘူး။"

လျန်ဝမ်ကျင်းက ခရီးသည်ခုံတွင်ထိုင်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

"ကားမမောင်းတတ်ရင် ကားမောင်းသင်တန်း တက်ပေါ့ဟ။"

ယဲ့ရှောင်ချန်း ပြောလိုက်၏။

"ထားလိုက်ပါဟယ်။ လျှပ်စစ် စကူတာလေးတောင် ငါမစီးရဲတာ။ ဘယ်လိုလုပ် ကားမောင်းရဲမှာလဲ။ ငါလမ်းပေါ်ရောက်သွားရင် ဦးတည်ချက်တွေကို မပြောနိုင်တော့ဘူး။ ပြီးတော့ စိတ်လည်း အရမ်းလှုပ်ရှားနေရော။ ငါလုပ်ကြည့်ပြီးသွားပြီ။ အဲ့တာ ကားမောင်းကြောက်တဲ့ ရောဂါထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုလည်း အဆင်ပြေပါတယ်။"

လျန်ဝမ်ကျင်းက ပြောလိုက်သည်။

ယဲ့ရှောင်ချန်း ကားမောင်းရင်း လျန်ဝမ်ကျင်းနှင့် ဟိုအကြောင်း ဒီအကြောင်း ပြောခဲ့ကြပါသည်။

၁၀ မိနစ်ကြာသောအခါ သူတို့ ခရမ်းတောင်ရွာ ဝင်ပေါက်သို့ ရောက်လာ၏။

"ယဲ့ရှောင်ချန်း ဘာလို့ ဒီကို မောင်းလာတာလဲ။"

ဖွံ့ဖြိုးဆဲဇုန်ကြီးတစ်ခုအတွင်း ယဲ့ရှောင်ချန်း မောင်းဝင်သွားသဖြင့် လျန်ဝမ်ကျင်းက အံ့အားသင့်စွာ မေးလိုက်သည်။ ထို့အပြင် ခရမ်းတောင်ရွာလည်းဖြစ်၏။။

ခရမ်းတောင်ရွာ စံအိမ်ကြီးက အခုဆို အလွန် နာမည်ကြီးနေပါပြီ။

ဗီလာကြောင့် မဟုတ်ဘဲ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က ခရမ်းတောင်ရွာထဲတွင် တည်ရှိသောကြောင့်ဖြစ်ပါသည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို ဖွင့်ကတည်းက ဇိမ်ခံအပန်းဖြေဖို့အတွက် စံအိမ်သို့ လူတွေ ပိုပိုပြီး ရောက်လာကြသည်။

ခရမ်းတောင်စံအိမ် ဘော့စ်က ထို့အတွက်ကြောင့် ငွေအမြောက်အများ ရရှိခဲ့ပါသည်။

"နင် ဒီနေရာကို သိလို့လား။"

ယဲ့ရှောင်ချန်း မေးလိုက်သည်။

"ဒီကို တစ်ခါ ရောက်ဖူးတယ်။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က အစားအသောက်တွေက တကယ် အရသာရှိတယ်။"

လျန်ဝမ်ကျင်းကပြောလိုက်သည်။

"ဒါဆိုလည်း နောက်တစ်ခေါက် အဝ သွားစားကြရအောင်လေ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"နင့်စားသောက်ဆိုင်ကို သွားမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။"

လျန်ဝမ်ကျင်းက စိတ်ရှုပ်စွာ မေးလိုက်သည်။

ရုတ်တရက် သူမ တစ်ခုခုကို စဥ်းစားသွားမိပုံရ၏။ "ယဲ့ရှောင်ချန်း ဟုတ်တယ်။ ငါ ဒီနာမည်ကို အရင်က အများကြီး ကြားဖူးတယ်။"

"ယဲ့ရှောင်ချန်း မဟုတ်မှလွဲရော နာမည်ကျော် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ဘော့စ်တွေထဲက တစ်ယောက်လား။ လတ်တလော လူပြောများနေတဲ့ ယဲ့ရှောင်ချန်းလား။"

နောက်ဆုံးတော့ သူမ မှတ်မိသွားသည်။

ဒါဆို ယဲ့ရှောင်ချန်းဆိုတာ ယန်မြို့တော်က နာမည်ကျော်ထိပ်တန်း ရုက္ခဗေဒပညာရှင် မဟုတ်ဘူးလား။

သူမ၏ လှပသည့် မျက်လုံးများ ရုတ်တရက် ဝန်းစက်သွားလေသည်။

"ငါ့ကို နာမည်ကြီးတယ်လို့ ပြောလိုက်တာလား။ ငါ့အတန်းဖော်ဟောင်းတောင် ငါ့ကို မမှတ်မိဘူးပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"သြော် အခုမှ ငါနားလည်သွားတယ်။ ငါ့အတန်းဖော်ဟောင်းတွေထဲမှာ နင်က အလျှိုဆုံးပဲ သိလား။"

လျန်ဝမ်ကျင်းက ပြောလိုက်သည်။

"တခြားအလယ်တန်းကျောင်း အတန်းဖော်တွေကိုကော ဆက်သွယ်မိသေးလား။"

ယဲ့ရှောင်ချန်း မေးလိုက်သည်။

"အင်း လွန်ခဲ့တဲ့ ၂နှစ်က ကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲ ရှိတယ်လေ။ ငါ့မွေးရပ်မြေကိုသွားပြီး ဂီတသင်ကြားရေးစင်တာကို ဖွင့်မလို့ လုပ်နေတာ။ အဲ့တာကြောင့် ငါသွားခဲ့တာ။ ငါ့အတန်းဖော်ဟောင်းတွေက ငါ့ကို ကျောင်းသားတစ်ချို့နဲ့ မိတ်ဆက်ပေးမလားဆိုတာ သိချင်လို့ပါ။ ဒါပေမယ့် ယဲ့ရှောင်ချန်း နင်က ဘာလို့ မလာခဲ့တာလဲ။"

လျန််ဝမ်ကျင်းက မေးလိုက်သည်။

"အဲ့ဒီတုန်းက ငါအလုပ်လုပ်နေတာလေ။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်ပါသည်။

ထိုအချိန်က သူ့ဘဝ၏ အဆိုးရွားဆုံး အချိန်တစ်ခုဖြစ်သည်။ အလယ်တန်းကျောင်းသားဟောင်း ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ဖို့ ဘယ်လိုလုပ်ပြီး စိတ်ပါမှာလဲ။

ထို့အပြင် သူ့အလယ်တန်း အတန်းဖော်များကို ဆက်သွယ်ဖို့ နည်းလမ်းပင် မရှိခဲ့ပါ။ ထို့ကြောင့် ဘယ်သူကမှ သူ့အကြောင်း မစဥ်းစားမိခဲ့ကြချေ။

"နင်ဒီလောက်လှသွားတော့ နင့်အတန်းဖော်ဟောင်းတွေ အကုန် လန့်ကုန်မှာပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်သည်။

"ဟုတ်တာပေါ့။ ဒါပေမယ့် နင့်လို ဘယ်သူကမှ ငါ့ကို ပလတ်စတစ် ဆာဂျရီရုပ်ကြီးလို့ မထင်ကြဘူးလေ။"

လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းကို မျက်စောင်းရွယ်လိုက်သည်။

"မဖြစ်နိုင်ပါဘူး။ သူတို့တွေ ထုတ်သာမပြောတာ တွေးတော့ တွေးမိကြမှာပေါ့။"

ယဲ့ရှောင်ချန်းက လှောင်လိုက်၏။

"အားလုံးကို နင့်လိုများထင်နေလား။"

လျန်ဝမ်ကျင်း၏ စရိုက်မှာ ယခင်ကနှင့် လုံးဝ ပြောင်းလဲသွားလေပြီ။ ထူးဆန်းသည်ဟု လုံးဝ မခံစားရဘဲ သာမန်အတိုင်းသာ စကားပြောသည်။

သူမနှင့် သူမ၏ အတန်းဖော်ဟောင်းတို့၏ ဆက်ဆံရေးကြောင့် ဒီလောက်စိတ်အေးနေတာ ဖြစ်နိုင်ပါသည်၊။

"သြော် ရောက်ပြီ။"

ယဲ့ရှောင်ချန်း ပြုံးကာ ကားပါကင်ထဲ ပါကင်ထိုးလိုက်သည်။

ကားထဲမှ ထွက်လိုက်ကြ၏။

ရုတ်တရက် ကားတချို့လည်း နောက်မှ ရောက်လာကြသည်။ သိပ်မဝေးသော နေရာတွင် အဖြူရောင် BMW ကားတစ်စီး ရပ်သွား၏။ ကားထဲမှ လူငယ်တစ်ယောက် ထွက်လာသည်။ ဒီဇိုင်နာ အဝတ်အစားများ ဝတ်ဆင်ထားကာ ယောက်ျားပီသပြီး တောက်ပနေပါသည်။

"ဝမ်ကျင်း နင်လည်း ဒီရောက်နေတာလား။"

ကောင်လေးက လျန်ဝမ်ကျင်းကို မြင်ကာ ချက်ချင်းလျှောက်လာသည်။ သူအံ့အားသင့်နေ၏။

"အင်း"

ထိုကောင်လေးကို မြင်သောအခါ လျန်ဝမ်ကျင်း၏ တုန့်ပြန်မှုက သွေးအေးသွားသည်။

ထိုကောင်လေးက လူရှုပ်လူပွေဖြစ်သည်။ သူ့မိသားစု၏ ချမ်းသာမှုကို အားကိုးပြီး နာမည်ကောင်းလည်း မရှိပါ။ လျန်ဝမ်ကျင်းကို မြင်ပြီးကတည်းက ဆက်တိုက် နှောင့်ယှက်နေခဲ့၏။

"ငါ့အဖေနဲ့ သူ့လုပ်ငန်းမိတ်ဆွေတွေ အင်မော်တယ် စမ်းရေးစားသောက်ဆိုင်မှာ ဒင်နာ စားကြမှာ။ ငါတို့ ဘာလို့ အတူတူ မသွားတာလဲ။"

ရှောင်ရှောင်းပေါင်က အမြန်ပြောလိုက်၏။

ယဲ့ရှောင်ချန်းကိုလည်း ရန်လိုစွာ ကြည့်လိုက်၏။ သူ လျန်ဝမ်ကျင်းကို သွားရည်ကျနေတာ အတော်ကြာပြီဖြစ်သည်။

အခု ယဲ့ရှောင်ချန်းကို လျန်ဝမ်ကျင်းဘေးတွင် တွေ့လိုက်ရသဖြင့် သူအနည်းငယ် စိတ်ရှုပ်သွားပါသည်။

"ရပါတယ်။ ငါ့သူငယ်ချင်းနဲ့ သွားမလို့ပါ။"

လျန်ဝမ်ကျင်းက ခေါင်းခါပြီး ပြောလိုက်သည်။

"ညီအစ်ကို မင်း ဘယ်မှာ အချိန်သွားဖြုန်းမလို့လဲ။"

ရှောင်ရှောင်းပေါင်က ယဲ့ရှောင်ချန်းကို ကြည့်ကာ ရိုင်းပျစွာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်း ပြုံးလိုက်၏။ ဒီလို ကလေကချေမျိုးနှင့် သူပြဿနာမဖြစ်ချင်ပါ။ ရုတ်တရက် အထဲမှ အံ့အားသင့်သည့် အသံတစ်သံထွက်လာသည်။ "မစ္စတာယဲ့ မတွေ့ရတာကြာပြီ။"

ယဲ့ရှောင်ချန်း အသံလာရာကို ကြည့်လိုက်သောအခါ သားသားနားနားဝတ်စုံဖြင့် သက်လတ်ပိုင်း ယောက်ျားတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။

"သြော် မစ္စတာရှောင်းပဲ ဒီမှာ ဒင်နာလာစားတာပေါ့။"

ယဲ့ရှောင်ချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ရှောင်းတုန်းလဲ့က ကျင်းကောင်တီမြို့တွင် နာမည်ကျော် ထောက်တိုင်တစ်ခုဖြစ်သည်။

သန်းရာနှင့်ချီပြီး ပိုင်ဆိုမှုရှိသည်။ လီကျန့်ရမ်နှင့် အခြားသူများထက် အဆင့်တစ်ဆင့်ထက် ပိုပါသည်။

အရင်တစ်ခေါက် အင်မော်တယ်စမ်းရေ စားသောက်ဆိုင် ဖွင့်စဥ်က သူလည်း ရှိနေသည်။

"ဟုတ်တယ် ငါ့လုပ်ငန်းမိတ်ဆွေတချို့နဲ့ ဒီနေ့ ဆုံကြတာလေ။ ဒါက ငါ့သာားပါ။ နည်းနည်း မရင့်ကျက်သေးလို့ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ မစ္စတာယဲ့"

ရှောင်းတုန်းလဲ့က ပြုံးကာ ပြောလိုက်သည်။

အသံကြားကာ သူချက်ချင်းထွက်လာခဲ့ခြင်းဖြစ်၏။ သူ့သားသာ ယဲ့ရှောင်ချန်းကို ပြဿနာရှာပါက ရှောင်းမိသားစု ဒုက္ခရောက်သွားနိုင်သည်။

"အဖေ"

ရှောင်ရှောင်းပေါင်က အနည်းငယ် ကြောင်သွား၏။

ဘာတွေဖြစ်နေတာလဲ။

လျန်ဝမ်ကျင်းလည်း အံ့အားသင့်သွားပါသည်။ ယဲ့ရှောင်ချန်း၏ သရုပ်မှန်ကို သူသိသော်လည်း သိပ်မဖြစ်နိုင်မှန်း ခံစားနေရဆဲဖြစ်သည်။

သို့သော် အခုတော့ ရှောင်းတုန်းလဲ့လို နာမည်ကြီးတစ်ယောက်ကပင် ယဲ့ရှောင်ချန်းကို မြှောက်ပင့်နေရ၏။ ယဲ့ရှောင်ချန်း ဘယ်လောက် အာဏာရှိမှန်း သိသာပါသည်။

All Chapters