← Chapters

အခန်း (၁၈၆) - အင်မော်တယ်သုံးပါးထမင်း

Vol. 13 Ch. 186

အခန်း (၁၈၆) - အင်မော်တယ်သုံးပါးထမင်း

Vol. 13 Ch. 186

အခန်း (၁၈၆) - အင်မော်တယ်သုံးပါးထမင်း

အင်မော်တယ်စမ်းရေ စားသောက်ဆိုင် အဆင့်မြင့် သီးသန့်ခန်း တစ်ခန်းတွင်။

သီးသန့်ခန်း၏ အပြင်အဆင်စတိုင်က အလွန်သဘာဝကျပြီး လန်းဆန်းကာ မြင်သူတိုင်း သဘောကျနိုင်ပါသည်။

စားသောက်ခြင်းကလည်း ပတ်ဝန်းကျင်၏ စတိုင်နှင့် ဆက်နွယ်မှုရှိသည်။

"ယဲ့ရှောင်ချန်း ငါနင့်ကိုတကယ် နားမလည်နိုင်တော့ဘူး။"

လျန်ဝမ်ကျင်းက သူမ၏ ချောမွေ့သော မေးစေ့အား လက်တစ်ဖက်ဖြင့် ထောက်ကာ ယဲ့ရှောင်ချန်းကို ကြည့်နေသည်။

ကားပါကင်တွင် ဖြစ်ခဲ့သည့် ကိစ္စအကြောင်း သူမ စဥ်းစားနေဆဲဖြစ်ပါသည်။

သူမကို အနှောင့်အယှက်ပေးနေခဲ့သည့် ပြဿနာ အလွယ်လေး ပြေလည်သွားပြီဖြစ်သည်။ ရှောင်ရှောင်းပေါင် သူမကို ထပ်ပြီး နှောင့်ယှက်တော့မည် မဟုတ်ပေ။

သူမ အလွန်ပျော်နေပါသည်။ ရှောင်းတုန်းလဲ့က သူမကို ယဲ့ရှောင်ချန်း၏ ရည်းစားဟု သတ်မှတ်ကာ သူ့သားကို သူမအား ဘာမှမကြံစည်ဖို့ ပြောခဲ့တာ ဖြစ်နိုင်ပါသည်။

"ငါက ငါပဲလေ။ ဘာကို နားမလည်တာလဲ။ ကဲပါ ဒီရောက်နေတာ စားစရာပဲ ပျော်ပျော်ကြီး စားကြတာပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

'တကယ်တော့ ငါတို့နှစ်ယောက်တည်းရှိတာကို ခန်းမထဲမှာ စားလို့ရရသားနဲ့။ ဘာလို့ သီးသန့်အခန်း မှာလိုက်တာလဲ။"

လျန်ဝမ်ကျင်း ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် သီးသန့်အခန်းထဲ ဝင်ဖို့ အစားအသောက် set တစ်ခု မှာရပါသည်။

ထို့အပြင် အစားအသောက် set တစ်ခုကလည်း အနည်းဆုံး ယွမ် ၈,၈၀၀ လောက် ကုန်ကျသည်။

"စိတ်မပူပါနဲ့။ မပြည့်တဲ့ set ကိုမှာထားတာပါ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

မပြည့်သည့် set ဆိုသည်မှာ ဟင်းလျာများ မပြည့်ခြင်းကို မဆိုလိုပါ။ ဟင်းလျာတစ်ခုစီ၏ ပမာဏ လျော့နည်းသွားခြင်းကို ဆိုလိုသည်။ ဒီလိုဆို အလေအလွင့် မရှိနိုင်ပေ။

မပြည့်သော set ဖြစ်သဖြင့် စျေးနှုန်းက နည်းပါသည်။

မကြာမီ သီးသန့်ခန်း၏ တံခါးပွင့်လာပြီး အစားအသောက်တွန်းလှည်းတစ်ခုက ဝင်လာ၏။ ထို့နောက် စားပွဲထိုးတစ်ယောက်က ဟင်းလျာမျိုးစုံကို စားပွဲပေါ်တွင် တည်ခင်းပေးလေသည်။

စုစုပေါင်း ဟင်းလျာ ၁၂ မျိုး ရှိ၏။

ဟင်းလျာများအားလုံးက လှပကျော့ရှင်းနေပါသည်။

အထဲက ပါဝင်ပစ္စည်းများကိုလည်း အနုပညာဆန်စွာ ချက်ပြုတ်ထားသည်။

ထို့အပြင် ဟင်းသီးဟင်းရွက်များတွင် ထူးခြားသည့် အချက်တစ်ချက်ရှိ၏။ အသားများလို ဆီရွှမ်းသည့် ခံစားချက်မျိုးမရှိပါ။

ကောင်းပြီး ပိုကောင်းသည့်ပုံသာ ပေါ်ပါသည်။

"ဝိုး ထမင်းနံ့လေးက မွှေးနေတာပဲ။ ဆန်နဲ့ ပဲနံ ထူးထူးဆန်းဆန်း ရနေတယ်။ ဟဲ့ အရောင်သုံးရောင်တောင် ရှိပါလား။ တကယ် ဆန်နဲ့ ပဲနဲ့ ပါတာပဲ။ ဘုရားရေ ဒါက အင်မော်တယ်သုံးပါးထမင်းလား။"

လျန်ဝမ်ကျင်းက အိုးငယ်လေး၏ လက်ရာမြောက်သော အဖုံးကို ဖွင့်လိုက်သောအခါ ဖော်ပြ၍ငှာ မစွမ်းသာနိုင်သော မွှေးရနံ့တစ်ခု ထွက်ပေါ်လာလေသည်။

ဟင်းလျာများ၏ ရနံ့ကတောင် ထိုရနံ့ကို မဖုံးလွှမ်းနိုင်ပေ။

သူမ၏ လှပသည့် မျက်လုံးများ ကျယ််ဝန်းသွားပါသည်။

ထိုထမင်းအိုးက အထူးပြုလုပ်ထားသော အိုးဖြစ်သည်။ အကန့်သုံးကန့်ခွဲထားပြီး တစ်ကန့်စီကို ထိပ်တန်းအဆင့် ထမင်း၊ အဝါရောင် အင်မော်တယ် ပဲထမင်း၊ အနီရောင်အင်မော်တယ် ပဲထမင်းတို့ ထည့်ထားသည်။

၎င်းကို အင်မော်တယ်သုံးပါးထမင်းဟု ခေါ်ပါသည်။

အင်မော်တယ်သုံးပါးထမင်းက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှ နောက်ဆုံးထွက် ဟင်းလျာတစ်မျိုး ဖြစ်သည်။ တစ်ပွဲကို ယွမ် ၅,၈၈၈ ကုန်ကျပါသည်။

နေ့လည်စာဖြစ်သဖြင့် အင်မော်တယ်သုံးပါးထမင်းကို အကြိမ် ၂၀ထက် ပိုမမှာခဲ့ပါ။

မတတ်နိုင်ပေ။ စျေးကြီးလွန်းသောကြောင့် ဖြစ်ပါသည်။

တကယ်တော့ စျေးအကြီးဆုံးက ဒီဟင်းလျာ မဟုတ်ပေ။ အင်မော်တယ်ငါးပါးစွပ်ပြုတ်ဖြစ်ပါသည်။

အနီရောင်အင်မော်တယ် ပဲစေ့ တစ်စေ့၊ အဝါရောင်အင်မော်တယ် ပဲစေ့ တစ်စေ့၊ အင်မော်တယ် ဆန်စေ့ သုံးစေ့၊ အင်မော်တယ် မုန်လာဥနီ တစ်စိတ်၊ အင်မော်တယ် မုန်လာဥဖြူ တစ်စိတ် ပါဝင်သည်။

အဆိုပါ စွပ်ပြုတ်က ၈,၈၈၈ ယွမ် ကျပါသည်။

"စားကြည့်"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ဒီတစ်ခေါက် အင်မော်တယ်ငါးပါးစွပ်ပြုတ်အစား အင်မော်တယ်သုံးပါးထမင်းကို မှာခဲ့ပါသည်။

ဒီစားပွဲပေါ်က ဟင်းလျာများသက်သက်ပင် ယွမ် ၈၀,၀၀၀ ကျော် ကုန်ကျပါသည်။

သာမန်လူများ တတ်နိုင်သည့်အရာ မဟုတ်ပါ။

ယဲ့ရှောင်ချန်းက ဘော့စ်ဖြစ်သော်လည်း ငွေတော့ ရှင်းရပါသည်။

ဒါက အရင်ကတည်းက သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းဖြစ်သည်။

ထိုစည်းမျဥ်းသတ်မှတ်ရခြင်းမှာ ရှယ်ယာဝင်များ၏ မိသားစုများနှင့် မိတ်ဆွေများ အလကား လာရောက်စားသောက်ခြင်းကို ကာကွယ်ရန်ဖြစ်ပါသည်။

နာရီဝက်ခန့်ကြာသောအခါ

လျန်ဝမ်ကျင်းက ထိုင်ခုံတွင်မှီလိုက်ကာ ဗိုက်ကို ကိုင်လိုက်သည်။ "ငါဗိုက်တင်းသွားတာပဲ။ အရမ်း အရသာရှိတယ်။ ဟင်းလျာတွေသာ ထပ်ရှိသေးရင် ဗိုက်ပေါက်ထွက်တဲ့အထိ ဆက်စားမိမယ်လို့တောင် ခံစားနေရတယ်ဟယ်။"

သူမ၏ မိန်းမဆန်သည့် ပုံစံမျိုးကို ဂရုမစိုက်တော့ပါ။

သူမရှေ့က ဟင်းလျာတိုင်းက ပြောင်ရှင်းနေလေပြီ။

မပြည့်သည့် set ဖြစ်သော်လည်း လူနှစ်ယောက် ဗိုက်အပြည့်ဖြည့်ဖို့ လုံလောက်ပါသည်။

"ခဏခဏ စားလို့မရတာ နှမြောစရာပဲ။ မဟုတ်ရင် ငါဝလာလိမ့်မယ်။ ငါ ဝတုတ်မ ပြန်မဖြစ်ချင်တော့ဘူး။"

လျန်ဝမ်ကျင်းက မှိုင်တွေစွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ နင် မဝပါဘူး။ အကုန်လုံးက သက်သက်လွတ်ဟင်းတွေလေ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"နင် တကယ် လူဆိုးကောင်ပဲ။ ငါ့မှာ စားဖို့ ပိုက်ဆံ အဲ့လောက် မရှိတာ သိရဲ့သားနဲ့ ဘာလို့ လာဖော်ရတာလဲ။”

လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းကို စိတ်ဆိုးစွာ ကြည့်လိုက်၏။

ယဲ့ရှောင်ချန်းက ပြုံးကာ ထပ်ပြောလိုက်၏။ "ဖော်လိုက်လို့လား၊ မဖော်မိပါဘူး။"

လျန်ဝမ်ကျင်းက ပြန်ပြောဖို့ ပြင်နေစဥ် သူမ၏ ဖုန်းက ရုတ်တရက် မြည်လာ၏။ ဖုန်းထုတ်ပြီး

ကြည့်လိုက်သောအခါ သူမ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ယဲ့ရှောင်ချန်းကို တိတ်တိတ်နေခိုင်းလိုက်၏။ "ငါဒီဖုန်းကို ကိုင်နေတုန်း အသံမထွက်နဲ့နော်။"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်၏။

လျန်ဝမ်ကျင်းက အမြန်ကိုင်လိုက်သည်၊။ "အစ်မယင် စားပြီးပြီလား။"

"ဘာ မနက်ဖြန် လာတွေ့မယ် ဟုတ်လား။ ဒါပေမယ့်... အင်းပါ လမ်းမှာ ဂရုစိုက်နော်။"

လျန်ဝမ်ကျင်းက ယဲ့ရှောင်ချန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘေးဘက်ကိုကြည့်ကာ တိုးတိုးပြောလိုက်သည်။

ယဲ့ရှောင်ချန်း၏ မျက်နှာ နည်းနည်း ထူးဆန်းလာ၏။

အံ့သြစရာကောင်းလှသော သူ့အကြားအာရုံကြောင့် လျန်ဝမ်ကျင်း၏ ဖုန်းက စပီကာ ဖွင့်မထားတောင် စကားပြောနေသံကို ရှင်းရှင်းလင်းလင်းကြီး ကြားနိုင်ပါသေးသည်။

ဖုန်းခေါ်သူက အမျိုးသမီးတစ်ဦးဖြစ်ပြီး အသံကလည်း အလွန်ငယ်ရွယ်သည့်ပုံပင်။

သူတို့နှစ်ယောက်အကြားက ဆက်ဆံရေးက သာမန်ထက် ပိုလောက်သည်။

သူတို့စကားလုံးများက စုံတွဲတစ်တွဲ၏ ဆက်ဆံရေးမျိုး ဖြစ်နေသည်။

အထူးသဖြင့် ဖုန်းမချခင် ထိုအမျိုးသမီး၏ စကားလုံးများက အနည်းငယ် ချွဲနွဲ့လွန်းနေသည်။ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်၏ ခံစားချက်မျိုးထက် အနည်းငယ် ပိုနေပါသည်။

မဖြစ်နိုင်တာ...

ယဲ့ရှောင်ချန်း ဘာပြောရမှန်း မသိတော့ပါ။

လျန်ဝမ်ကျင်းက ဖုန်းချလိုက်ပြီဖြစ်သည်။ သူမ ပြန်လှည့်လာသောအခါ ယဲ့ရှောင်ချန်း၏ ထူးဆန်းနေသည့် မျက်နှာကို မြင်လိုက်ရ၏။ လိပ်ပြာမလုံသလို သူမ၏ ပါးများ အနည်းငယ် နီရဲလာသည်။

သူတို့ ငွေရှင်းလိုက်ကြ၏။

သူတို့နှစ်ယောက် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ထဲမှ ထွက်လာကြသည်။

"လျန်ဝမ်ကျင်း ငါပြန်ပို့ပေးရမလား။"

ယဲ့ရှောင်ချန်းက ကောင်းကင်ကို မော့ကြည့်လိုက်၏။

"လမ်းဆုံကိုပဲ ပို့ပေးပါ။"

လျန်ဝမ်ကျင်းက ပြောလိုက်သည်။

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။

၁၀ မိနစ်ကြာသောအခါ ချိုင်ရန်လမ်းဆုံတွင်။

ယဲ့ရှောင်ချန်း ကားရပ်လိုက်သည်။

ထိုနေရာက လင်းထိန်နေ၏။ ထိုနေရာတွင် လမ်းသွားလမ်းလာနှင့် ကားများစွာ ရှိနေသည်။ ကျင်းကောင်တီမြို့တွင် ညပိုင်း အစည်ကားဆုံး နေရာဖြစ်ပါသည်။

"အတန်းဖော်ဟောင်းကြီး ငါသွားပြီနော်။"

လျန်ဝမ်ကျင်းက စက်ဘီးကို အောက်ချကာ ဖွင့်လိုက်သည်။ ယဲ့ရှောင်ချန်းကို လက်ပြကာ စက်ဘီးစီးလျက် ထွက်သွားတော့သည်။

လျန်ဝမ်ကျင်း၏ ပျာနေသည့် ပုံစံကိုကြည့်ကာ ယဲ့ရှောင်ချန်း မေးပွတ်ပြီး စားသောက်ဆိုင်တွင် လျန်ဝမ်ကျင်း ဖုန်းခေါ်သည့်ကိစ္စကို ပြန်စဥ်းစားကြည့်လိုက်သည်။ အနည်းငယ် ထူးဆန်းနေသလို ခံစားရသော်လည်း ခေါင်းခါလိုက်၏။ "ငါနဲ့ ဘာဆိုင်လို့လဲကွာ။"

ကားကို ခပ်မြန်မြန် ပြန်လှည့်ကာ မောင်းထွက်သွားတော့သည်။

ထိုအချိန်တွင် စက်ဘီးစီးနေသည့် လျန်ဝမ်ကျင်းက စိတ်အခြေအနေ မကောင်းတော့ပါ။

"ဟူးး အစ်မယင် လာတော့မယ် ငါဘာလုပ်ရမလဲ။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။ သူနဲ့ ကိစ္စ အကုန်ဖြတ်မလို့ကို"

လျန်ဝမ်ကျင်း စက်ဘီးကို ခေတ္တစီးလိုက်သည်။ ထို့နောက် ရပ်လိုက်ပြီး လမ်းဘေးတွင် ထိုင်ချလိုက်၏။

ထိုမြို့တော်က ထွက်လာလျှင် အတိတ်က အကြောင်းအရာများကို တဖြည်းဖြည်း မေ့နိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။

ထိုအကြောင်းပြချက်ကြောင့် သူမ၏ အလုပ်ကိုပင် လက်လွှတ်ခဲ့သည်။

သူမ၏ မိဘများ ပြောစကားအတိုင်း သဘောကျသည့် လူတစ်ယောက်နှင့်ဆုံဖို့ ဘလိုင်းဒိတ်လုပ်ဖို့ စဥ်းစားမိခဲ့ပါသေးသည်။

ယဲ့ရှောင်ချန်း၏ အခြေအနေကို သိလိုက်ရပြီးနောက် စိတ်ထဲတွင် အစီအစဥ်တစ်ခု ရှိပြီးသား ဖြစ်ပါသည်။

ညစာစားနေတုန်း ဝင်လာသည့်ဖုန်းကြောင့်သာ သူမကို လုံးဝ အနှောင့်အယှက်ဖြစ်သွားစေခဲ့ပြီး ရင်တုန်သွားစေခဲ့ပါသည်။

သူမကို မေ့မရသေးမှန်း သိပါသည်။

...

နောက်တစ်နေ့မနက်။

ယန်ရှစ် ရုက္ခဗေဒ သုတေသန အဖွဲ့အစည်း။

ထိုနေရာက လုံခြုံရေးအဆင့်မှာ မြူနီစီပယ် အစိုးရ ရုံးအဆောက်အဦးထက်ပင် ပိုမြင့်နေပြီဖြစ်သည်။

လက်နက်ကိုင် ရဲသားနှစ်ဦးက လက်ထဲတွင် သေနတ်များကိုင်ကာ စောင့်ကြပ်နေကြသည်။

သုတေသန အဖွဲ့အစည်းထဲ ဝင်ချင်သည့် လူတိုင်းက ဝင်ခွင့်ပြရမည်ဖြစ်သည်။

ယဲ့ရှောင်ချန်း ဝင်ပေါက်နားအထိ ကားမောင်းလာပြီး တားဆီးခံလိုက်ရသည်။

ကားမှန်ကို ချကာ ယာယီဝင်ခွင့်ကတ်ကို ပြလိုက်၏။

ရဲသားများက သေချာ စစ်ဆေးပြီးသွားသောအခါ ယဲ့ရှောင်ချန်းကို အလေးပြုလိုက်ပြီး နေရာပြန်ယူလိုက်သည်။

ရုတ်တရက် အစက တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည့် သံမဏိ တံခါးကြီးမှာ ပွင့်လာသည်။

ထိုအခါမှ ယဲ့ရှောင်ချန်း ကားဖြင့် မောင်းဝင်လာခဲ့ပါသည်။

All Chapters