← Chapters

အခန်း (၁၈၇) - ကျွမ်းကျင်သူအဖွဲ့အတွက် ပို့ချချက်များ

Vol. 13 Ch. 187

အခန်း (၁၈၇) - ကျွမ်းကျင်သူအဖွဲ့အတွက် ပို့ချချက်များ

Vol. 13 Ch. 187

အခန်း (၁၈၇) - ကျွမ်းကျင်သူအဖွဲ့အတွက် ပို့ချချက်များ

သုတေသန အဖွဲ့အစည်းထဲတွင်

နေရောင်ထိုးလိုက်သဖြင့် မြက်ပင်နှင့် သစ်ပင်များမှ အလင်းပေါက်များ ပေါ်လာသည်။

ကားပါကင်တစ်နေရာကို ရှာကာ ကားရပ်လိုက်၏။ ကားထဲမှထွက်လိုက်သည်နှင့် မြို့တော်ဝန် လီကျစ်ရွှမ်နှင့် တခြားလူများစွာတို့ သူ့ကိုစောင့်နေကြသည်ကို မြင်လိုက်ရလေသည်။ ပညာရှင်ကြီး ယန်ခိုင်လည်း သူတို့ထဲတွင်ပါသည်။

"ပညာရှင် ယန်ခိုင်၊ မြို့တော်ဝန်လီ"

ယဲ့ရှောင်ချန်းက ပြုံးကာ နှုတ်ဆက်လိုက်၏။

"ရှောင်ချန်း ငါတို့မတွေ့တာ ၂လနီးပါးတောင် ရှိသွားပြီ။ မင်း ငါ့မျက်စိတွေကို တကယ် ဖွင့်ပေးနိုင်ခဲ့တာပဲ။ ခဏလေးပဲ ရှိသေးတာတောင် မင်းဒီလောက်ထိ အောင်မြင်လာတယ်။"

ပညာရှင်ကြီး ယန်ခိုင်က ယဲ့ရှောင်ချန်းထံသွားပြီး ဖက်လိုက်သည်။

သူအလွန် စိတ်လှုပ်ရှားနေ၏။

သူပြန်သွားကတည်းက ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို နေ့တိုင်း  မရပ်မနား လေ့ကျင့်ခဲ့ပါသည်။

သူ့ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းက အချိန်မရွေး ဝိညာဥ်များကို နားစွင့်နိုင်သည့် အဆင့်သို့ မရောက်သေးသော်လည်း အလွန် နီးစပ်နေပါပြီ။

ပိုပြီး နီးစပ်လာလေလေ ဝိညာဥ်နားစွင့် လက်ချောင်း နည်းလမ်း၏ မှော်ဆန်မှုနှင့် ဆန်းကြယ်မှုတို့ကို ပိုပြီး ခံစားမိလာလေလေ ဖြစ်သည်။

အဆုံးမဲ့ မြေများသို့ဦးတည်သည့် တံခါးတစ်ချက်ကို သူ ထိတွေ့လိုက်မိပြီဟု မသဲမကွဲ ခံစားလိုက်ရပါသည်။

ဒီတစ်ခေါက် ယဲ့ရှောင်ချန်း တီထွင်ခဲ့သည့် သန့်စင်မြက်ပင်ဆိုသည်မှာလည်း သူ့ရဲ့ အပင်အသိစိတ် သီအိုရီကို အခြေခံကာ ပျိုးထောင်ထားမှန်း ပြောနိုင်ပါသည်။

ဒီပျိုးထောင်ခြင်းနည်းလမ်းကို တကယ်ကျွမ်းကျင်ချင်ပါက အပင်အသိစိတ်မှ စတင်ရပါလိမ့်မည်။

ထို့အပြင် အပင်အသိစိတ်ကို နားလည်ချင်ပါက ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို အသုံးပြုရမည်။

အားလုံးက ယဲ့ရှောင်ချန်းကြောင့်သာ ဖြစ်သည်။

သူက ရုက္ခဗေဒ နယ်ပယ်တွင် အပိုင်းသစ်တစ်ခုကို ဖွင့်လှစ်ပြီး အံ့အားသင့်ဖွယ်နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် မတွေ့စဖူး ရုက္ခဗေဒ ပညာရှင်တစ်ဦးလိုပင်။

ပညာရှင်ကြီးယန်ခိုင်နှင့် လီကျစ်ရွှမ်တို့ဖြင့် ပါလာသည့် တခြားလူများကလည်း ရုက္ခဗေဒ ပညာရှင်များ ဖြစ်ကြပါသည်။

သူတို့ တစ်ယောက်ချင်းစီတိုင်းက ပညာရှင်ကြီးယန်ခိုင်အောက် အဆင့်မနိမ့်ပါ။

အားလုံးက ယဲ့ရှောင်ချန်းကို ယဥ်ကျေးစွာ ဆက်ဆံကြသည်။ ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်း ပျိုးထောင်ခဲ့သည့် သန့်စင်မြက်ပင်မှာ သူတို့ကို အမြင်သစ်များ ပွင့်စေခဲ့သည်မဟုတ်ပါလား။

သူတို့ ပညာရှင်ကြီးယန်ခိုင်ထံမှ ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းအကြောင်းကိုလည်း သိထားပြီးကြပြီဖြစ်သည်။

သို့သော်လည်း ယဲ့ရှောင်ချန်း ဖန်တီးထားသည့် နည်းလမ်းဖြစ်သဖြင့် ပညာရှင်ကြီးယန်ခိုင်က သင်တော့ မသင်ပေးခဲ့ပါ။ ယဲ့ရှောင်ချန်း၏ ခွင့်ပြုချက်မရဘဲ သူက ဘာမှ ထုတ်ဖော်မည်မဟုတ်ပါ။

ထိုပညာရှင်များက ပညာရှင်ကြီးယန် ပြောသည့် ဝိညာဥ်နားစွင့်အဆင့်ကို အလွန်စိတ်ဝင်စားနေကြကာ ယဲ့ရှောင်ချန်းက သူတို့ကို သင်ပေးပါစေဟု မျှော်လင့်မိပါသည်။

ယဲ့ရှောင်ချန်းက အဆောက်အဦးတစ်ခုထံသို့ လမ်းလျှောက်ရင်း သူတို့နှင့် စကားပြောခဲ့သည်။

သူက အာရုံစိုက်မှုများ၏ ဗဟိုချက်ဖြစ်လာ၏။

နောက်ဆုံးတော့ အားလုံး အဆောက်အဦးထဲ ဝင်လာကြသည်။ ခန်းမတစ်ခုဆီ ရောက်လာသည်အထိ လမ်းလျှောက်လာခဲ့ကြ၏။

အောက်ဘက်တွင် စားပွဲခုံနှင့် ထိုင်ခုံများ ၁၀၀ နီးပါးရှိနေပြီး အပေါ်ဘက်တွင် စင်မြင့်ကြီး တစ်ခုရှိနေ၏။

စင်မြင်ပေါ်သို့ ယဲ့ရှောင်ချန်းတက်ကာ ပညာရှင်အသင်းကို သန့်စင်မြက်ပင်၏ ပျိုးထောင်နည်းလမ်းများနှင့် သဘောတရားများအားလုံးကို ရှင်းပြပေးမည်ဖြစ်သည်။

ပညာရှင်အသင်းကလည်း မေးခွန်းမျိုးစုံ မေးနိုင်၏။

ပညာဖလှယ်ခြင်းဟု ခေါ်သော်လည်း တကယ်တော့ ယဲ့ရှောင်ချန်းကသာ လာသင်ပေးရခြင်း ဖြစ်ပါသည်။

ထိပ်တန်းပညာရှင် များစွာကို သင်ကြားပေးနိုင်သည့်လူမျိုး ကမ္ဘာပေါ်မှာ သိပ်မရှိလောက်ပေ။

ထိုအသင်းတွင် တရုတ်သိပ္ပံကျောင်းတော်က ပညာရှင် ရှစ်ဦး ရှိသည်။ သူတို့ထဲတွင် ရုက္ခဗေဒ ပညာရှင် ၃ယောက်၊ နျူးကလီးယား အင်ဂျင်နီယာ ၄ယောက်နှင့် ဇီဝကမ္မပညာရှင် ၁ယောက်တို့ ပါဝင်သည်။

တခြား ကျွမ်းကျင်သူများကလည်း နာမည်ကြီးကြပါသည်။ ပညာရှင်များ မဟုတ်ရင်တောင် နိုင်ငံတော်ထဲက ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။

ဒီတစ်ခေါက် သူတို့ ခေါ်လာသည့် လက်ထောက်များကပင် အလွန်နာမည်ကြီးပြီး အနည်းဆုံး ပါရဂူအဆင့် ရှိကြသည်။

ဒီလိုနှင့် ပညာရှင်အသင်းတွင် လူ ၇၀ကျော်ရှိသည်။ ပညာရှင်များမှ လက်ထောက်များအထိ ဖြစ်၏။ ထို့အပြင် သုတေသန အဖွဲ့အစည်းနှင့် အစိုးရမှ သုတေသနပညာရှင် ၁၀ ဦးကျော်ရှိနေပါသည်။

အမှန်ပင်။ ထိုသုတေသန ပညာရှင်များက အပျော်သဘော ရောက်နေကြခြင်းဖြစ်သည်။ သူတို့၏ ကျွမ်းကျင်မှုအဆင့်က ပညာရှင်များ၏ လက်ထောက်များထက် အများကြီး နိမ့်ကျပါသည်။

ယဲ့ရှောင်ချန်းက ဒီပညာဖလှယ်ပွဲကို ဘယ်လို ကျင်းပမလဲ သိထားပြီးသားဖြစ်ပါသည်။

ဒီလောက်များသည့် လူများစွာရှေ့တွင် ရပ်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သင်ပြပေးရသည့် ပုံစံဖြစ်သဖြင့် ရိုးရိုးသားသား ပြောရလျှင် ယဲ့ရှောင်ချန်း အနည်းငယ် အားယုတ်နေပါသည်။

ဒါက အရင်က ပညာရှင်အသင်းနှင့် တွေ့ဆုံခဲ့သည့် ပညာဖလှယ်ပွဲနှင့် မတူပေ။ အရင်ပညာဖလှယ်ပွဲက အစည်းအဝေး သဘောမျိုးဖြစ်ပြီး အကုန်လုံး အတူတူ စုထိုင်ကြကာ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သို့သော် အခုကတော့ သူက ဆရာဖြစ်ပြီး ပညာရှင်များက ကျောင်းသားဖြစ်ပါသည်။

သူတို့၏ အဆင့်အတန်း ကွာခြားမှု ရှိနေ၏။

ဒီလောက်များသည့် မျက်လုံးများ သူ့ကို စိုက်ကြည့်နေသဖြင့် ယဲ့ရှောင်ချန်း စိတ်မလှုပ်ရှားဘဲ နေနိုင်ပါဦးမလား။

လွန်ခဲ့သော လအနည်းငယ်လောက်အထိ သူက သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့သည်။ သူ့အတွက်တော့ အားလုံးက လူသားမျိုးနွယ်၏ လက်ရွေးစဥ်များ ဖြစ်ကြပါသည်။

သို့သော်လည်း အခုတော့ သူတို့က သူ့ရဲ့ သင်ကြားပြသပေးမှုကို နားထောင်ကြရတော့မည်။

ယဲ့ရှောင်ချန်းသည် အသက်ဝဝရှူကာ စင်မြင့်ပေါ်သို့ တက်သွားသည်။

မြင့်မားသည့် ရှုထောင့်မှ သူ ငုံ့ကြည့်လိုက်သည်။

သူ့ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့ရင်ထဲက စိတ်လှုပ်ရှားမှု ဝိုးတိုးဝါးတား ပျောက်ကွယ်သွားကာ ပျော်ရွှင်သော ခံစားချက် တစ်ခုက မသဲမကွဲ ရောက်လာသလိုပင်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ယဲ့ရှောင်ချန်းပါ။"

ယဲ့ရှောင်ချန်းက ပရိတ်သတ်များကို ငုံ့ကြည့်လိုက်သည်။ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။

စိတ်လှုပ်ရှားသောအခါ လူတွေ စကားထစ်တတ်မှန်း သူသိသည်။

ထို့အပြင် စကားပြောနေစဥ် စိတ်ထဲ ဗလာကျင်းဖြစ်သွားပြီး စကားများကို မေ့သွားတတ်ကြသည်။ မှတ်မိရင်တောင် တုန်လှုပ်နေပါသည်။

အကောင်းဆုံးနည်းလမ်းကတော့ စဥ်းစားဖို့ အချိန်လည်းရှိအောင် ဖြည်းဖြည်းလေး ပြောဖို့ဖြစ်ပါသည်။

"ယနေ့ ပညာအားဖြင့် ဝါရင့်သူအားလုံးကို သန့်စင်မြက်ပင် ပျိုးထောင်နည်းလမ်း သဘောတရားတွေ ရှင်းပြခွင့်ရရှိတဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော် ကောင်းကောင်း မရှင်းပြနိုင်မှာလည်း စိုးရိမ်မိပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် ဆရာတစ်ယောက်လို စင်မြင့်ပေါ်မှာ ရပ်ဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ။ အဲ့တာကြောင့် ကျွန်တော် ပြောဖို့ လိုအပ်တာတွေ ရှိရင်တောင် ဝါရင့်ပညာရှင်ကြီးတွေက သည်းခံခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

ယဲ့ရှောင်ချန်းသည် အစပိုင်းတွင် အလွန်နှေးကွေးစွာ ပြောခဲ့ပေမယ့် စကားလုံးတိုင်းကို ပြတ်သားပီသစွာ ပြောဆိုနိုင်ခဲ့ပါသည်။

ထို့နောက် အခြေအနေနှင့် အသားကျသွားသောအခါ ပိုမြန်လာသည်။

ထို့အပြင် သူစကားပြောလျှင် အရှိန်ကိုမြှင့်ပြီး ကျယ်ကျယ်ပြောဖို့ ကြိုးစား၏။

"အခု ဝါရင့်ပညာရှင်ကြီးတွေကို ကျွန်တော် ပိုရင်းနှီးအောင် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးဖို့ မျှော်လင့်ပါတယ်။ ပထမတန်းရဲ့ ဘယ်ဘက်က စလိုက်ကြရအောင်လား။"

ယဲ့ရှောင်ချန်း၏ စင်မြင့်ပေါ်တွင် ပညာရှင်များ၏ အချက်အလက်များရှိပါသည်။

သို့သော်လည်း ပညာရှင်များကို ကိုယ့်ကိုယ်ကို မိတ်ဆက်စေချင်သည်။ ဒါမှ အကဲခတ်နိုင်မည်ဖြစ်၏။

လက်ရှိမှတ်ဉာဏ်ဖြင့်ဆိုလျှင် မြင်သမျှ မမှတ်မိသော်လည်း တချို့ကိုတော့ မှတ်မိနိုင်ပါသေးသည်။

ပိုအရေးကြီးသည်က သူ ကောင်းကောင်းမွန်မွန် တင်ဆက်နိုင်အောင် အခြေအနေကို တည်ငြိမ်သွားစေဖို့ ဖြစ်သည်။

"ကျွန်တော်က လျို့ရှန်းမင်။ တရုတ်သိပ္ပံကျောင်းတော်က ပညာရှင်တစ်ယောက်ပါ။ ပြီးတော့ ပေကျင်း မျိုးရိုးဗီဇသုတေသန အဖွဲ့အစည်းက ဒါရိုက်တာပါ။"

ပထမခုံတန်းတွင် စုစုပေါင်း ၈ ယောက်ရှိသည်။

အားလုံးက တရုတ်သိပ္ပံကျောင်းတော်က ပညာရှင်များ ဖြစ်ကြသည်။

ပထမဆုံး မတ်တပ်ရပ်သူက အသက် ၄၀ - ၅၀ ဝန်းကျင်ရှိ သက်လတ်ပိုင်း ယောက်ျားကြီးတစ်ဦး ဖြစ်သည်။ ဂုဏ်သိက္ခာရှိပြီး စိတ်ဓာတ်ကောင်းမွန်ပုံရပါသည်။

တရုတ်သိပ္ပံကျောင်းတော်က ပညာရှင်တိုင်းက အရေးကြီးသည့် သုတေသန အဖွဲ့အစည်းတစ်ခုခု၏ ခေါင်းဆောင်ဖြစ်တတ်မှန်း ယဲ့ရှောင်ချန်း သိပါသည်။

ပေကျင်းမျိုးရိုးဗီဇ သုတေသန အဖွဲ့အစည်းက တရုတ်သိပ္ပံကျောင်းတော် သုတေသန အဖွဲ့အစည်း ရာကျော်များအနက် တစ်ခု ဖြစ်ပါသည်။

၎င်းတို့က ဇီမျိုးရိုးဗီဇ သုတေသနပိုင်းတွင် တာဝန်ရှိ၏။ အဓိက တာဝန်ရှိသူအဖြစ် လျို့ရှန်းမင်က နိုင်ံတော်ထဲက မျိုးရိုးဗီဇ သုတေသနပညာတွင် ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်ပါသည်။ သူ့အဆင့်က ပညာရှင်ကြီးယန်ခိုင်ထက်ပင် ပိုမြင့်ပါသေးသည်။

ဒီလောက်ထိ ဂုဏ်မြင့်မားသူတောင် ပညာရှင်အသင်းကို ဝင်ရောက်လာရသည့်အတွက် သန့်စင်မြက်ပင်များက အထက်ကလူများအဖို့ ဘယ်လောက်အရေးပါမှန်း ပြသနေပါသည်။

ချက်ချင်းဆိုသလို နောက်ထပ် ပညာရှင် ၇ ဦးက တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်လိုက်ကြပါသည်။ ထို့နောက် နောက်တန်းက ပညာရှင်များအလှည့် ရောက်လာသည်။

လက်ထောက်များကတော့ ကိုယ့်ကိုယ်ကို မမိတ်ဆက်ကြပါ။ ဘာပဲဖြစ်ဖြစ် လူများလွန်းပါသည်။

"အတန်း မစခင်မှာ ကျွန်တော်အားလုံးကို မေးခွန်း တစ်ခုမေးစရာ ရှိတယ်။ အပင်တွေမှာ အသိစိတ်ရှိလား။"

ယဲ့ရှောင်ချန်းက သင်ခန်းစာ ပုံစံကို စီစဥ်ထားပြီးသား ဖြစ်သဖြင့် ဘာပြောရမလဲ သိပါသည်။

သို့သော်လည်း သင်ခန်းစာ မစတင်ခင် သူ မေးခွန်းတစ်ခု အရင်မေးလိုက်၏။

အဘယ့်ကြောင့်ဆိုသော်ထိုမေးခွန်းက အကြောင်းအရာတစ်ခုလုံး၏ ဗဟိုချက် ဖြစ်သောကြောင့်ပင်။ သူ့၏ ရုက္ခဗေဒဘာသာရပ်အသစ်အတွက် သီအိုရီအခြေခံလည်း ဖြစ်ပါသည်။

"မရှိဘူးလို့ ထင်ခဲ့ပေမယ့် အခုတော့ အပင်အသိစိတ်တွေ တည်ရှိမှုကို စတင်ယုံကြည်လာပါပြီ။"

ထိုသို့ ပြောလိုက်သည့်လူက ပညာရှင်ကြီး ယန်ခိုင် ဖြစ်ပါသည်။

ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို ရာနှုန်းပြည့် မကျွမ်းကျင်သေးသော်လည်း အရင်က အပင်များနှင့် ကြိုးစား ဆက်သွယ်ဖူးပါသည်။ အမြဲတမ်း ထူးခြားသည့် ခံစားချက်တစ်ခု ခံစားခဲ့ရ၏။

ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းအား ပိုပြီးကျွမ်းကျင်လာလေလေ ထိုခံစားချက်က ပိုပြီးသန်မာလာလေလေ ဖြစ်ပါသည်။

အပင်၏ လျှို့ဝှက်အသိစိတ်များကို ဝေဝေဝါးဝါး အာရုံခံမိခဲ့သည့်ပုံပင်။

အခန်းထဲက ပညာရှင်များစွာက ဖြေခဲ့ကြသည်။ တချို့က စိတ်ဝင်စား၏။ တချို့က သံသယရှိ၏။ တချို့ကတော့ မသေချာပါ။ ဘာပဲဖြစ်ဖြစ် သူတို့ ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို မကျင့်ကြံဖူးကြသဖြင့် အပင်အသိစိတ်ဆိုတာ သူတို့ မသိကြပါ။

ထိုအကြောင်း အနည်းငယ် နားလည်ထားသူများကတောင် ပညာရှင်ကြီးယန်ခိုင်ထံမှ တဆင့် ပြန်ကြားထားခြင်းဖြစ်ပါသည်။

ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ မသိကြပါ။

နောက်ဆုံးတော့လည်း သီအိုရီအသစ်တစ်ခု ဖြစ်တည်လာပါက ကျိုးကြောင်းသင့်လျော်စွာ ရှင်းပြနိုင်ရမည့်အပြင် တခြားသူများကလည်း နားလည်ရမည်။

ယန်ခိုင်နှင့် တခြားထိပ်တန်းရုက္ခဗေဒ ပညာရှင်များက နားလည်သော်လည်း ရုက္ခဗေဒ နယ်ပယ်တစ်ခုလုံး၏ အစိတ်အပိုင်း သေးသေးလေးတစ်ခုသာ ဖြစ်ပါသည်။

အဝေးကြီးလိုပါသေးသည်။

All Chapters