← Chapters

အခန်း (၁၈၈) - မျိုးစေ့များ

Vol. 13 Ch. 188

အခန်း (၁၈၈) - မျိုးစေ့များ

Vol. 13 Ch. 188

အခန်း (၁၈၈) - မျိုးစေ့များ

"ဒါဆိုလည်း စမ်းသပ်ချက်တစ်ခု လုပ်ကြည့်ရအောင်လေ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်၏။ "လတ်တလောကမှ ကျွန်တော် အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်စဥ်တစ်ခုကို ရှာတွေ့ထားတယ်။ အဲ့ဒါက အပင်အသိစိတ် တည်ရှိမှုကို ရှင်းပြပေးနိုင်လောက်မှာပါ။"

ရုတ်တရက် စင်မြင့်ရဲ့ ညာဘက်အောက်ခြေမှာ ထိုင်နေသည့် ကောင်လေးတစ်ယောက်ကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

ထိုကောင်လေးက သုတေသန အဖွဲ့အစည်းခန့်အပ်ထားသည့် ယာယီလက်ထောက် ဖြစ်ပါသည်။

ကောင်လေးက ရုတ်တရက် ထလိုက်ပြီး ကြီးမားသည့် ဖန်ပုံးကြီး တစ်လုံးကို ယူလာခဲ့သည်။ အထဲတွင် အဖူး ပွင့်ဖူးနေသည့် နှင်းဆီပန်းအိုး တစ်အိုး ရှိသည်။

"အားလုံးပဲ မြင်ကြရဲ့လား။ ဒါက နှင်းဆီ ပန်းအိုး တစ်အိုးပါ။ ဖန်ပုံးထဲမှာ အလုံပိတ်ထားတယ်။"

ယဲ့ရှောင်ချန်းက ဖန်ပုံးကို သယ်လာပြီး ဖန်ကို ခေါက်ပြလိုက်၏။ ခေါက်သံများ ထွက်လာလေသည်။

"ကျွန်တော့်ရဲ့ အပင်အသိစိတ် သုတေသနမှာ ရုပ်ကိုယ်ထည်နဲ့ မပိုင်းခြားဘူး။ အသိစိတ်တွေအကြား ဆက်သွယ်မှုက အဟန့်အတားနဲ့ တားဆီးလို့မရဘူး။ ဒီဖန်ချပ်ကတောင် မတားဆီးနိုင်ပါဘူး။"

ယဲ့ရှောင်ချန်းက သိမ်မွေ့စွာ ပြောလိုက်ပါသည်။

အားလုံး အလွန်စိတ်ဝင်စားလာကြသည်။

"မစ္စတာယဲ့ ငါ အဲ့ဒီ နှင်းဆီပန်းအိုးကို ကြည့်လို့ရမလား။"

ရုတ်တရက် လူအုပ်ထဲက လူတစ်ယောက် မတ်တပ်ရပ်လာပြီး ပြောလိုက်လေသည်။

သူက နျူးကလီးယား အင်ဂျင်နီယာ တစ်ယောက်ဖြစ်၏။

သူ့နာမည်၊ အချက်အလက်များနှင့် တခြား အသေးစိတ်များကို ယဲ့ရှောင်ချန်း မှတ်မိနေပါသေးသည်။

"ပရော်ဖက်ဆာချန်း ရပါတယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

ပရော်ဖက်ဆာချန်းက ခပ်သုတ်သုတ် တက်လာပြီး ဖန်ပုံးကို စတင် စစ်ဆေးလိုက်သည်။ သေသေချာချာကို စစ်ဆေးခဲ့ပါသည်။

"ဟားဟား ဒီပုံးကို ကျည်ကာမှန်နဲ့ လုပ်ထားတာ ထင်တယ်။ ကျည်ဆန်တောင် ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အခြေနဲ့ အဖုံးကို အသေပိတ် စကူတစ်မျိုးနဲ့ ပိတ်ထားတယ်။"

ပရော်ဖက်ဆာချန်း၏ အမြင်အာရုံက ကောင်းလွန်းသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ပြောနိုင်ပါသည်။

သူ သေသေချာချာ စစ်ဆေးရသည့် အကြောင်းအရင်းက လှည့်ကွက်များ ရှိနေမလား သိချင်သောကြောင့်ပင်။

မကြာမီ ပရော်ဖက်ဆာချန်း ဆင်းသွား၏။

"ကြည့်ချင်တဲ့သူ ရှိပါသေးသလားခင်ဗျာ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်၏။

ပရော်ဖက်ဆာချန်းက သူ့ကိုမယုံကြောင်း ပြသဖို့ တက်လာသည်ကို သူသိပါသည်။

သို့သော်လည်း သူဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက အဆင့်အတန်းမြင့်မားသည့် နိုင်ငံတော်ပညာရှင်များဖြစ်ကြသည်။ ဒီနေ့ ဝါနုပညာရှင်တစ်ယောက်၏ သင်ခန်းစာကို နားထောင်ဖို့ လာခဲ့ကြရ၏။ သူတို့ ထုတ်မပြောပြီး မျက်နှာပေါ်တွင် မပြသလျှင်တောင် သူတို့ သိပ်ပြီး မယုံကြည်လောက်ပါ။

သူတို့ကို ယုံကြည်အောင်လုပ်နိုင်လျှင် အဆင်ပြေပါပြီ။ သူတို့ကို ကျေနပ်အောင် မလုပ်နိုင်ပါက သူတို့ထဲက တချို့က သူ့ကို မျက်နှာသာ မပေးနိုင်ပါ။ အုပ်စုဖွဲ့ အနိုင်ကျင့်လာနိုင်သည်။

သုတေသနပညာက ဒီလောက် အရေးပါသည်။ ဘယ်သူကမှ ခံစားချက်များကို ဂရုစိုက်မည်မဟုတ်ပေ။

ပရော်ဖက်ဆာချန်းက ရှေ့ဆောင်လမ်းပြ လုပ်ပြပြီးသွားသဖြင့် တခြား ဘယ်သူမှ ထမလာကြတော့ပါ။

ပရော်ဖက်ဆာချန်းလို နျူးကလီးယား ပညာရှင်တောင် အပြစ်ရှာမရပါက ထလာလည်း အချိန်ဖြုန်းရုံသာ ရှိပါလိမ့်မည်။

"ဘယ်သူမှ မရှိတော့ရင် ကျွန်တော် စမ်းသပ်ချက်ကို စပါတော့မယ်။"

ယဲ့ရှောင်ချန်း ပြုံးလိုက်၏။

ရုတ်တရက် ပုံးကို မလိုက်ပြီး ပညာရှင်ကြီးယန်၏ စားပွဲပေါ်တွင် တင်လိုက်သည်။

"ပညာရှင်ကြီးယန် ဒီစမ်းသပ်ချက်အတွက် ကျွန်တော့်ရဲ့ လက်ထောက် လုပ်ပေးပါလား။"

ယဲ့ရှောင်ချန်းကပြုံးကာ ပြောလိုက်သသည်။

"ဂုဏ်ယူစွာနဲ့ပေါ့၊ ငါဘာလုပ်ပေးရမလဲ။"

ယန်ခိုင်က မတ်တပ်ရပ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ရိုးရိုးလေးပါပဲ။ ကျွန်တော် နှင်းဆီပင်ရဲ့ အသိစိတ်နဲ့ ဆက်သွယ်ပြီး အသိစိတ် တံတားတစ်ခုကို တည်ဆောက်ပြီးသားပါ။ အခု ကျွန်တော်တို့ ပြောနေတာတွေကို သူနားလည်နိုင်တယ်။ အခု ပညာရှင်ကြီးက သူလုပ်နိုင်တာမှန်သမျှ လုပ်ဖို့ အမိန့်ပေးနိုင်ပါတယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

ပညာရှင်ကြီးယန်၏ မျက်နှာက ထိတ်လန့်မှု မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

အားလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်လာ၏။

အပင်တွေက လူသားဘာသာစကားကို နားလည်နိုင်တယ်တဲ့လား။

ဟာသတွေ ပြောနေတာလား။

တိရိစ္ဆာများတွင်တောင် မျိုးစိတ်အနည်းငယ်တွင်သာ ဒီလို အစွမ်းအစမျိုးရှိပြီး သေသေချာချာ လေ့ကျင့်ပေးဖို့လည်း လိုသေးသည်။ ကန့်သတ်ချက်ကလည်း များစွာရှိ၏။

"ဒါဆိုလည်း ငါကြိုးစားကြည့်မယ်လေ။"

ယန်ခိုင်က အသက်ဝဝရှူလိုက်၏။

ယဲ့ရှောင်ချန်း၏ အပြုံးကို မြင်ကာ ယဲ့ရှောင်ချန်းကို ယုံကြည်ရမည်ဟူသည့် ခံစားချက်မျိုး ရုတ်တရက် ရလာခဲ့ပါသည်။

ဒီလူငယ်လေးက သေချာပေါက် ဆန်းကြယ်မှုတစ်ခုကို ဖန်တီးလိမ့်မည်။

နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်သည့် သန့်စင်မြက်ပင်ကိုပင် တီထွင်နိုင်ခဲဲ့သဖြင့် အပင်အသိစိတ်က လူစကားကို နားလည်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်လောက်ပေ။

"အဖူးကနေ ပန်းပွင့်လာစမ်း။"

ယန်ခိုင်၏ မျက်နှာအလွန်တည်ကြည်လာပြီး စကားစပြောလိုက်သည်။

မျက်လုံးပေါင်းများစွာက စားပွဲပေါ်က ဖန်ပုံးထဲရှိ နှင်းဆီပင်ကို စိုက်ကြည့်နေကြသည်။

ယန်ခိုင်၏ အသံထွက်သွားသောအခါ မှော်ဆန်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေ၏။ ဖန်ပုံးထဲက နှင်းဆီပန်း တဖြည်းဖြည်း ပွင့်လာလေသည်။

တောက်ပသည့် နှင်းဆီပန်းက အလွန်လှပ၊ ကျော့ရှင်းပြီး စိုပြည်လှပါသည်။

အားလုံး ကြက်သေ သေသွား၏။

ယန်ခိုင်လည်း ထိတ်လန့်သွားသည်။ ထို့နောက် သူ့မျက်လုံးများ အလွန်အမင်း အရူးအမူးဖြစ်လာခဲ့ပါသည်။

ဝိညာဥ်နားစွင့် လက်ချောင််းနည်းလမ်းဖြင့် အပင်အသိစိတ်အား ထိန်းချုပ်ခြင်းက သာမန်ဖြစ်သည်ဆိုလျှင် ဒီလို အသံဖြင့် အမိန့်ခြင်းက ခြေလှမ်းသစ်တစ်ခု ဖြစ်လာပါပြီ။

အပင်အသိစိတ်အပေါ် ယဲ့ရှောင်ချန်း၏ သုတေသန တိုးတက်လာခဲ့ပြီဟု ဆိုလိုသည်။

"ပန်းပွင့်ကို ပြန်သိမ်းပြီး အဖူးဖြစ်အောင် ပြန်လုပ်လိုက်ပါ။"

ယန်ခိုင်က ထပ်ပြောလိုက်သည်။

မကြာမီ ရာနှုန်းပြည့် ပွင့်နေခဲ့သည့် နှင်းဆီပန်းများမှာ ပိတ်သွားပြီး အဖူးအဖြစ် ပြန်လည် ပြောင်းလဲသွားပါသည်။

ထို့နောက် ယန်ခိုင်က အမိန့်တချို့ ထပ်ပေးသည်။ နောက်ဆုံးတစ်ခုကတော့ နှင်းဆီပင်ကို ညှိုးနွမ်းသွားစေဖို့ ဖြစ်ပါသည်။

ရုတ်တရက် စိုပြည်နေခဲ့သည့် နှင်းဆီပင်မှာ ညှိုးနွမ်းသွားတော့သည်။ ပန်းပွင့်များ ကြွေကျကာ အရွက်များကလည်း တဖြည်းဖြည်း ခြောက်သွေ့သွား၏။ ဒီလိုဖြစ်စဥ်မျိုးက ရက်အနည်းငယ် သို့မဟုတ် ၁၀ ရက်ကျော်တောင် ကြာတတ်သည့် ဖြစ်စဥ်မျိုးဖြစ်ပြီး အခုတော့ ၁၀ စက္ကန့်အတွင်း ဖြစ်ပျက်သွားခဲ့ပါသည်။ တကယ် အံ့အားသင့်ဖို့ ကောင်းပြီး မယုံကြည်နိုင်စရာ ကောင်းလှပါသည်။

"မစ္စတာယဲ့ ဘယ်လိုလုပ်လိုက်တာလဲ။ ဖန်ပုံးနဲ့ ကာထားတော့ အသံက ဖြတ်မသွားနိုင်ဘူးလေ။ နှင်းဆီပင်က ငါ့အမိန့်တွေကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်တာလဲ။"

ယန်ခိုင်က သူ့စိတ်ထဲတွင်ရှိနေသည့် အကြီးမားဆုံး မေးခွန်းကို မေးလိုက်ပါသည်။

တကယ်တော့ လူများစွာကလည်း ထိုနည်းလည်းကောင်း မေးချင်နေကြသည်။

"ဟားဟား တကယ်တော့ အဲ့တာက ဒီနေ့ သင်ခန်းစာရဲ့ အဓိကအချက်ပါပဲ။ သန့်စင်မြက်ပင်ကို ဘယ်လို ပျိုးထောင်နိုင်လဲဆိုတာရဲ့ ပင်မသဘောတရားလည်း ဖြစ်တယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး စင်ပေါ်သို့ ပြန်တက်သွားသည်။

ထိုအချိန်တွင် အစပိုင်းက သူ့ကို အထင်သေးမှုဖြင့် ကြည့်ခဲ့ကြသည့် လူများစွာက ရုတ်တရက် တည်တံ့လာကြသည်ဟု ခံစားလိုက်ရသည်။

သူတို့၏ စိတ်ဓာတ်ပြောင်းလဲသွားသည်ဟု ဆိုလိုပါသည်။

အစကောင်း ဖြစ်လာပြီး ယဲ့ရှောင်ချန်း စမ်းသပ်ချက်၏ ရည်ရွယ်ချက်ဖြစ်ပါသည်။

"ကျွန်တော် ဖော်ပြထားတဲ့ သီအိုရီ သဘောတရားတွေအရ။ ဒီကမ္ဘာကြီးပေါ်က အရာအားလုံးမှာ လှိုင်းတွေ ရှိတယ်။ သံလိုက်စက်ကွင်းတွေရှိတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို ဒြပ်ထုမှုန်တွေ၊ စွမ်းအင်တွေနဲ့ လှိုင်းမျိုးစုံတို့နဲ့ တည်ဆောက်ထားတာ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှလည်း ထိုနည်းလည်းကောင်းပဲ။ လူတစ်ယောက်ရဲ့ အသိစိတ်က တွေးလိုက်တာနဲ့ လှိုင်းတွေ ထုတ်လွှတ်နိုင်တယ်။ အဲ့ဒါတွေကို ဦးနှောက်လှိုင်းလို့ ခေါ်တာပေါ့။"

"အဲ့ဒီဦးနှောက်လှိုင်းတွေကို ကျွန်တော်က စိတ်ပညာလို့ အမည်ပေးချင်တယ်။ စိတ်ကူးယဥ်ဝတ္ထုတချို့မှာဆို စိတ်ပညာ သဘောတရားတွေ ပါတတ်တယ်။ အဲ့ဒီသဘောတရားက အရမ်းအဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ စိတ်ပညာက တကယ် မရှိပေမယ့် သဘာဝလွန်စွမ်းအင်တစ်ခုကို ကိုယ်စားပြုတယ်။ ဥပမာအားဖြင့် အပင်အသိစိတ်နဲ့ ကျွန်တော်တို့ကို ဆက်သွယ်ခွင့်ပြုတယ်။ ဒါပေါ့ သာမန်လူတစ်ယောက်ရဲ့ ဦးနှောက်လှိုင်းတွေက မသန်မာဘူး။ ဦးနှောက်လှိုင်းတွေက သန်မာရင်တောင် ဘယ်လိုသုံးရမလဲဆိုတာ ကျွန်တော်တို့က မသိကြဘူး။"

"ဦးနှောင်းလှိုင်းအသုံးချမှုကို ကျွမ်းကျင်သွားတာနဲ့ မယုံကြည်စရာကောင်းတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးနိုင်တယ်။ ပညာရှင်ကြီးလျို့က မျိုးရီုးဗီဇ သုတေသနမှာ ကျွမ်းကျင်သူ တစ်ယောက်ပဲ မဟုတ်ပါလား။ မျိုးရိုးဗီဇတွေကို ရှာဖွေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သွယ်ဝိုက် ရှာဖွေနည်းလမ်းတွေပဲဆိုတာ ခင်ဗျားလည်း သိမှာပါ။ မတူညီတဲ့ မျိုးရိုးဗီဇတွေအကြား ခွဲခြားချင်ရင် အကြည်တောက်ဆုံး အလက်ထရွန် အဏုကြည့်မှန်ပြောင်းတို့၊ ထရန်စ်မစ်ရှင် အလက်ထရွန် အဏုကြည့်မှန်ပြောင်းတို့ ဒါမှမဟုတ် အက်တမ်စွမ်းအင် အဏုကြည့်မှန်ပြောင်းတွေနဲ့တောင် အတည်မပြုနိုင်ပါဘူး။ ဒါက အက်တမ်အဆင့်ထိ ရောက်သွားပြီဆိုတာကို သိကြတယ်နော်။ ဒါပေမယ့် ဦးနှောက်လှိုင်းတွေကို အသုံးချမှု ကျွမ်းကျင်တတ်မြောက်သွားတာနဲ့ မျိုးရိုးဗီဇအဆင့်ထိ လေ့လာနိုင်မယ်လို့ ကျွန်တော်ပြောရဲတယ်။"

ယဲ့ရှောင်ချန်းက အာမခံစွာ ပြောလိုက်သည်။

"မစ္စတာယဲ့ မင်းရဲ့ စိတ်စွမ်းအင်ကို မျိုးရိုးဗီဇအဆင့်ထိ သုံးနိုင်လား။"

လျို့ရှန်းမင်က ယဲ့ရှောင်ချန်းကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်ကာ အမြန်မေးလိုက်သည်။

"အဲ့တာကိုတော့ မကြိုးစားကြည့်ရသေးဘူး။ အဲ့တာက ကျွန်တော့်သုတေသနရဲ့ ဦးတည်ချက် မဟုတ်ဘူးလေ။ မျိုးရိုးဗီဇတွေ တည်ရှိမှု အစစ်အမှန်နဲ့ ယှဥ်ရင် အသိစိတ်ဆိုတာ ပိုပြီး စိတ်ကူးယဥ်ဆန်မှန်း အားလုံး သိကြပါတယ်။ ဦးနှောက်လှိုင်းနဲ့ အတွေးတွေကို အသိစိတ်ကနေတဆင့် အာရုံခံနိုင်တယ်ဆိုတော့ မျိုးရိုးဗီဇတွေဆို ပြောစရာမလိုနိုင်တော့ဘူးပေါ့။ ပညာရှင်ကြီးလျို့ကော အဲ့လိုမထင်ဘူးလား။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ဒါပေါ့။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ အဓိက ဗဟိုချက်က အသိစိတ်တည်ရှိမှုကို အတည်ပြုဖို့နဲ့ ဦးနှောက်လှိုင်းတွေ တကယ်ပဲ အချင်းချင်း ဆက်သွယ်နိုင်မလားဆိုတာကို အတည်ပြုဖို့လေ။"

လျို့ရှန်းမင်က ပြောလိုက်သည်။

လူများစွာက အတွေးများသော ပုံစံများ ဖြစ်သွားကြသည်။

ထိုမေးခွန်းများကိုသာ တကယ်အတည်ပြုနိုင်ပါက ရရှိနိုင်သည့် တန်ဖိုးက ကြီးမားလွန်းပေမည်။ သိပ္ပံနယ်ပယ် အသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနှင့် တူညီပါလိမ့်မည်။ လက်ရှိ ရုပ်ခန္ဓာသိပ္ပံအမြင်များအား ဆန်းကြယ်သည့် ဝိညာဥ်အမြင်များအဖြစ်ပင် ပြောင်းလဲသွားစေနိုင်ပါသည်။

၎င်းတို့ကို ထိုကဲ့သို့ မြင်လိုက်ရသောအခါ ယဲ့ရှောင်ချန်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ နောက်ဆုံးတော့ သူတို့ လိုရင်းကို ရောက်လာကြပြီဖြစ်သည။

ဒီအတန်းကို သင်ကြားဖို့ မလွယ်ကူပါ။

ကျိုးကြောင်းသင့်လျော်ရမည်။ အလွန်မြင့်မားသည့် အသိပညာများကိုလည်း အများကြီး ဖော်ပြလို့မဖြစ်ပေ။ ထို့အပြင် ပညာရပ်အသစစ်ကို ထောက်ပံ့နိုင်သည့် သီအိုရီ ကျောရိုးတစ်ခုကို တည်ဆောက်နိုင်ရမည်။ သူ့မှာ ဦးနှောက် တော်တော် စားလိုက်ရပါသည်။

အတန်းပြီးသွားသောအခါ သူ့ရှေ့က ပညာရှင်များက သူ့ပညာရပ်အသစ်၏ မျိုးစေ့ကောင်းများ ဖြစ်လာကြမည်ဟု ယုံကြည်ထားပါသည်။

ဒါက ဗျူဟာအရ အားသာချက်ရှိသော အခြေအနေကို တည်ဆောက်ခြင်း သဘောတရား ဖြစ်သည်။

ဒီလို သိပ္ပံသုတေသနများကို ထိပ်ဆုံးမှ စတင်ပြီး ရှေးရိုးစွဲ မဟုတ်သည့် နည်းလမ်းများကို အသုံးပြုပြီး လုပ်ဆောင်ဖို့က အလွန်ခက်ခဲလှပါမည်။

အခုလိုပင်ဖြစ်သည်။ သန့်စင်မြက်ပင်များ၏ အကူအညီဖြင့် သူ ဖြတ်လမ်းတစ်ခု ရှာတွေ့ခဲ့၏။

နောက်လာမည့် အစီအစဥ်က အများကြီး ပိုလွယ်ကူနိုင်ပါသည်။

All Chapters