သတ္တ ကမ္ဘာ ကျောက်တုံး
Vol. 54 Ch. 745
“ ဒီလူက တကယ့်ကို အံ့ဩစရာပဲ။ သူ့ဆီမှာ အသားနှစ်လွှာတောင် ရှိနေတယ်။ တကယ်လို့ ဒီနေ့ တစ်ယောက်တည်းဆိုရင် ကိုယ်တော်တော့ သူ့ကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ မိုဝူကျိ … ဒကာလေး ကိုယ်တော်သွားပြီးတော့ ဒဏ်ရာ ကုလိုက်ဦးမယ်။ ဒကာလေးနဲ့ ဒကာလေး မိတ်ဆွေတို့လည်း ပြောစရာရှိတာ ပြောလိုက်ကြဦး ….” ဘုန်းကြီးတာ့နဉ်က ယွမ်ကျယ်၏ ပိုင်ဆိုင်မှုများကို သိမ်းပြီးနောက် ရယ်ရယ်မောမော ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက မိုဝူကျိ၏ ပြန်ဖြေမှုကိုပင် စောင့်မနေတော့ဘဲ သူ့သင်္ဘောပျံပေါ်သာ တက်လိုက်တော့သည်။
မိုဝူကျိက ထိုဆရာတော်သည် ယွမ်ကျယ်၏ ပိုင်ဆိုင်မှုကို သူ လိုချင်နေမည်ကို စိုးရိမ်နေမှန်း သိလိုက်သည်။ ထို့ကြောင့် အခွင့်အရေးကို အသုံးချကာ အရင်ထွက်သွားလိုခြင်း ဖြစ်၏။ ပထမဆုံးအနေနှင့် မိုဝူကျိက ယွမ်ကျယ်၏ ပိုင်ဆိုင်မှုကို ခွဲဝေယူရန် စိတ်ကူးမရှိဘဲ ဘုန်းကြီးတာ့နဉ်အား အရမ်းကျေးဇူးတင်နေမိသည်။ အကယ်၍ ဘုန်းကြီးတာ့နဉ်၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူ့အသက်လေး ပျက်စီးသွားပေလိမ့်မည်။ သူက ဂူယုံရှောင်ကို ကယ်တင်မည့် ကိစ္စအား ထည့်မပြောလျှင်ပင် မိုဝူကျိက သူ့စာရင်း၌ အင်အားကောင်း ရန်သူ တစ်ယောက် ထပ်တိုးမိလောက်၏။
“ ညီလေးမိုက ငါ့ကို ဒီတစ်ခါ ကယ်လိုက်ရပြန်ပြီ။ တကယ်လို့ မင်းကြောင့်သာ မဟုတ်ရင် ငါတော့ အသက်ဆုံးရှုံးလောက်ပြီ ” ဂူယုံရှောင်က လက်နှစ်ဖက် ယှက်ကာ မိုဝူကျိအား ကျေးဇူးစကားဆိုလိုက်သည်။
မိုဝူကျိက စိုးရိမ်စွာ ပြောလိုက်၏ “ အစ်ကိုဂူရဲ့ ခန္ဓာကိုယ်က အတော်လေး ပျက်စီးနေတဲ့ပုံပဲ။ မြန်မြန် ကုဖို့ နေရာရှာသင့်တယ် ”
ဂူယုံရှောင်၏ ခန္ဓာကိုယ်မှာ ဖြူဖျော့လာပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား ဖြစ်၏။
ဂူယုံရှောင်က ခေါင်းညိတ်ပြကာ
“ နောက်တစ်ကြိမ်ကျမှ ငါ့အကြောင်းတွေကို ပြောပြမယ်။ အခုတော့ လမ်းစဉ်ခြောက်သွယ် မြို့ဟောင်းရဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားပြီး ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ရတော့မယ်။ တစ်ခုတော့ သတိပေးထားလိုက်ဦးမယ်။
မင်းလည်း ယွမ်ကျယ်ကို သတ်တဲ့အထဲ ပါခဲ့ရတယ်။ ပြီးတော့ သူက ထူးခြားတဲ့နောက်ခံ ရှိတယ်လေ။ မင်းရဲ့ ကျင့်ကြံဆင့်က နည်းနည်း နိမ့်နေသေးတာဆိုတော့ ဂိုဏ်းဆီ ပြန်မသွားသင့်သေးဘူး။ ပြန်သွားလိုက်ရင် ဂိုဏ်းရဲ့ ပျက်သုန်းခြင်းကို ဆောင်ယူလာသလို ဖြစ်နေလိမ့်မယ် …. ”
“ သူက ကျုပ်အပေါ် အမှတ်အသား ထားလိုက်လို့လား ” မိုဝူကျိက တုန်လှုပ်သွားကာ စိတ်စွမ်းအားဖြင့် တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း စေ့စေ့ပေါက်ပေါက် စစ်ဆေးပြီးသွားသော်လည်း မိုဝူကျိက သူ့ခန္ဓာကိုယ်ပေါ်၌ စိတ်ဝိညာဉ် အမှတ်အသားကို မခံစားမိပေ။
“ ငါလည်း မပြောတတ်ဘူး ” ဂူယုံရှောင်က ရှင်းပြလိုက်၏
“ သတ္တမြေအောက်နန်းတော်က ထူးထူးခြားခြား လုပ်လေ့ရှိတယ်။ တကယ်လို့ သူတို့အဖွဲ့ဝင်တစ်ယောက်ကို သတ်လိုက်တာနဲ့ သူတို့က မင်းကို ရှာတွေ့လိမ့်မယ်။ သူတို့သုံးတဲ့ နည်းလမ်းကို မသိပေမဲ့ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်မှာ ခဏပုန်းနေတာ ပိုကောင်းလိမ့်မယ်။
တကယ်လို့ ဖြစ်နိုင်ရင်တော့ အထက်ဘုံမှာ သွားပုန်းနေသင့်တယ်။ မင်းရဲ့ မိတ်ဆွေက သတ္တမြေအောက်နန်းတော်အကြောင်း သိတဲ့ပုံပဲ။ သူ့ဆီ မေးကြည့်သင့်တယ်။ ငါ့ဆီမှာ လော့ကျမ်းစာရွက် သုံးရွက်ရှိတယ်။ မင်းဆီ ပေးခဲ့မယ်။ နောက်တစ်ခါမှ ပြန်တွေ့ကြတာပေါ့။ အခုတော့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားရတော့မယ်။ အချိန်ထပ်ဆွဲနေရင် အသက်ရှင်ဖို့တောင် မသေချာတော့ဘူး …. ”
“ ဒီပစ္စည်းက အရမ်းအဖိုးတန်လွန်းတယ်။ ကျုပ် လက်မခံနိုင်ဘူး ” မိုဝူကျိက စိုးရိမ်တကြီး ငြင်းပယ်လိုက်သည်။ ထို့နောက် သူက ဂူယုံရှောင်အတွက် လက်စွပ်တစ်ကွင်း ထုတ်ပေးကာ
“ အစ်ကိုဂူ … ဒီထဲမှာ မြေအောက်နှလုံးသားပန်းတချို့နဲ့ သဘာဝကျီဆေးလုံးတချို့ ပါတယ်။ ခင်ဗျားရဲ့ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပြန်ပေါင်းစပ်တဲ့အခါ အသုံးဝင်မှာပါ ”
“ တကယ်ကြီး မြေအောက်နှလုံးသားပန်းလား။ ငါ အမြဲတမ်း လိုက်ရှာနေတာ ဒါပေမဲ့ လုံးဝကို မတွေ့ရဘူး။ မင်း ငါ့ကို အကြီးကြီး ကူညီပေးလိုက်တာပဲ …” ဂူယုံရှောင်က သိုလှောင်လက်စွပ်ကို စိတ်လှုပ်ရှားစွာ လက်ခံလိုက်ပြီး ဆက်ပြောလိုက်သည်
“ ကျေးဇူးပါ … မင်းက ငါ ဂူယုံရှောင် အသိမှတ်ပြုရတဲ့ ညီအစ်ကိုကောင်း တစ်ယောက်ပါ။ ငါတို့တွေက ညီအစ်ကိုတွေ ဆိုမှတော့ တစ်ယောက်နဲ့ တစ်ယောက် အားနာနေစရာ မလိုဘူး။ ယူထားလိုက်ပါ …. ငါတော့ အခု သွားရတော့မယ်။ ငါ ပြောတာ မှတ်ထားနော်။ လော့ကျမ်းမှာ စာရွက် ၁၃ ရွက် ရှိတယ်။
မင်း အားလုံးကို စုစည်းမိပြီး အင်မော်တယ် ဧကရာဇ်အဆင့် ရောက်သွားတာနဲ့ သတ္တမြေအောက်နန်းတော်ကို ကြောက်စရာ မလိုတော့ဘူး ”
သူ့လက်ထဲမှ လော့ကျမ်းစာရွက် သုံးရွက်ကို ကြည့်ကာ မိုဝူကျိက ဂူယုံရှောင်၏ ရက်ရောက်မှုကို လေးစားမိလာ၏။ သူက လော့ကျမ်းကဲ့သို့သော ရတနာကို မည်သို့ မသိဘဲ နေမည်နည်း။ ဂူယုံရှောင်က သူ့အား ဤသို့ရတနာမျိုးကို လက်ဆောင်အဖြစ် ပေးခဲ့လိမ့်မည်ဟု မထင်ထားပေ။ ယခင် သူက မုရုန်ရှန်းယွီ၏ အသက်ကို ကယ်တင်ပေးခဲ့ကာ လော့ကျမ်းစာရွက် ခုနှစ်ရွက်ကို ကာကွယ်ပေးခဲ့သော်လည်း မိုဝူကျိ၏ သဘောထားကြောင့်သာ မဟုတ်လျှင် ထိုလော့ကျမ်းစာရွက်များမှာ မုရုန်ရှန်းယွီနှင့် ပတ်သတ်မှု ရှိနေမည်ကို မဟုတ်ချေ။
မုရုန်ရှန်းယွီက သူ့ကျေးဇူကြွေးအား ဆပ်သည့်အနေနှင့် လော့ကျမ်း နှစ်ရွက်မျှ ပေးခဲ့သော်လည်း အချိန်ကြာလာသည့်အခါ သူမက မိုဝူကျိဆီမှ လော့ကျမ်းစာရွက်ကို ပြန်တောင်းနေသေး၏။
လော့ကျမ်း စာရွက် ၁၃ ရွက်၌ သူတွင် သုံးရွက် ရှိနေပြီ ဖြစ်ရာ ယခု ရလာသော သုံးရွက်ပါ ထည့်တွက်လိုက်လျှင် သူ့တွင် စုစုပေါင်း ခြောက်ရွက် ရှိနေလေပြီ။
မိုဝူကျိက ထိုသုံးရွက်လုံးအား သိုလှောင်လက်စွပ်ထဲ၌ ဂရုတစိုက် သိမ်းဆည်းထားပြီးနောက် သူ့တွင် အချိန်အားသည်နှင့် ထိုလော့ကျမ်းစာရွက် ခြောက်ရွက်လုံးအား သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ လော့ကျမ်းစာရွက် ၁၃ ရွက်လုံးကို စုစည်းဖို့ရာ အတော်ခက်ခဲမည့် အလုပ် ဖြစ်သော်လည်း မိုဝူကျိက စိတ်ထဲ မထားပေ။ သူ့တွင် ရှိနေသော ခြောက်ရွက်အပြင် ချိန်စုယင်၏ တစ်ရွက်ကိုပါ ထည့်တွက်လိုက်လျှင် ခုနှစ်ရွက် ရှိနေပြီ ဖြစ်၏။
မုရုန်ရှန်းယွီက တခြားသော လော့ကျမ်းစာရွက်များ အရယူနိုင်ခဲ့လျှင်ပင် သူ့ထက် နည်းနေဦးမည် ဖြစ်၏။
မိုဝူကျိက သတ္တမြေအောက်နန်းတော်အကြောင်း ဘုန်းကြီးတာ့နဉ်ဆီမှ မေးတော့မည့်ဆဲဆဲတွင် သူတို့နှင့် မနီးမဝေး၌ ပင်လယ်မျက်နှာပြင်ထက် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။
အစပိုင်းတွင် ထိုဝဲကတော့မှာ သိပ်မသိသာသော်လည်း နည်းနည်းကြာမြင့်လာပြီးနောက် ထိုဝဲကတော့က ဧရာမ ဝဲကတော့ကြီး ဖြစ်ပေါ်လာကာ ထိုအပေါ် ကျရောက်လာသော စိတ်စွမ်းအားတိုင်း ဖယ်ရှားခံလိုက်ရသည်။
“ ဟားဟား နောက်ဆုံးတော့ လမ်းကြောင်း ပေါ်လာပြီပဲ။ မိုဝူကျိ ဒကာလေး …. ကိုယ်တော် အရင်သွားနှင့်မယ် ” ဘုန်းကြီးတာ့နဉ်က သူ့သင်္ဘောပျံကို သိမ်းကာ ဝဲကတော့ထဲ ခုန်ဆင်းသွားလေ၏။
သူက မိုဝူကျိဆီမှ မေးခွန်းကိုပင် ဖြေမသွားရှာပေ။
မိုဝူကျိက ဘုန်းကြီးတာ့နဉ်ကို ရည်ရွယ်ချက်ကို သိ၍ ပြောစရာမဲ့သွားလေ၏။ ဘုန်းကြီးတာ့နဉ်က မိုဝူကျိသည် ယွမ်ကျယ် ပစ္စည်းများ ခွဲဝေယူမည့်အကြောင်း ပြောလာမည်ကို စိုးရိမ်နေပုံ ပေါ်သည်။ ကြည့်ရသည်မှာ ထိုပစ္စည်းများက အတော်လေး ကောင်းပုံရသည်။ မဟုတ်လျှင် သူက မိုဝူကျိ၏ လေဟုန်ဆန်မြစ်နှင့် ဝဲကတော့ စွမ်းအားစက်ကွင်းအကြောင်း မသင်ယူဘဲ ထွက်သွားမည် မဟုတ်ပေ။
မိုဝူကျိလည်း ထိုဝဲကတော့ထဲ သွားဖို့ရာ စိတ်အားပြင်းပြနေလေ၏။ သူက သေမင်းထောင်ချောက် အစီအရင်များကို မြန်မြန် ဖယ်ရှားပစ်လိုက်သည်။ အမည်မသိ အကြောင်းပြချက်တချို့ကြောင့် မိုဝူကျိက ယွမ်ကျယ်ကို သတ်ဖြတ်ပြီးနောက် အကြောက်တရားတချို့ ခံစားမိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ခြေရာလက်ရာ မချန်ခဲ့ရဲပေ။
မိုဝူကျိက နေရာကို မြန်မြန် ရှင်းလင်းလိုက်ပြီးနောက် သူ့ကို တားဆီးထားသော အေးစက်စက် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ ထိုစွမ်းအားမှာ တဖြည်းဖြည်း အားပြင်းလာသောကြောင့် မိုဝူကျိက ယခု ထွက်မသွားလျှင် ဘယ်တော့မှ ထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်၏။
ထိုသို့အချိန်မျိုး၌ မိုဝူကျိက အဘယ်ကြောင့် တုံ့ဆိုင်းနေရမည်နည်း။ သူက အင်မော်တယ် စွမ်းအားများကို စုဆောင်းကာ ဝဲကတော့ထဲသို့ အားကုန်သုံး၍ ခုန်ချလိုက်သည်။
အမွေးတိုင်တစ်ဝက်စာကြာချိန်လောက်၌ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ရောက်ရှိလာလေ၏။ တစ်ခုတည်းသောခြားနားချက်မှာ မဟာကင်းမဲ့ပင်လယ်နယ်ပယ်၏ ဝဲကတော့ကြီးကား မရှိတော့ပေ။
…………….…
မိုဝူကျိက ဝဲကတော့ထဲ ဆင်းလိုက်သည်နှင့် ကြီးကျယ်ခမ်းနားသော စွမ်းအားများက သူ့အား ရစ်ပတ်လာသည်။ မိုဝူကျိ၏ ခန္ဓာကိုယ်ကို အနာတရ မဖြစ်စေသော်လည်း ထိုစွမ်းအင်ကို ဘာမှလုပ်၍ မရကြောင်း သိရှိလိုက်မိသည်။
တစ်ချိန်တည်းဆိုသလို မိုဝူကျိက သူ့စိတ်ထဲ၌ မြင်ကွင်းတွေ တစ်ခုပြီး ပြောင်းလဲသွားကာ အာကာပြင် တစ်ခုပြီး တစ်ခု ပို့ဆောင်ခံလိုက်ရသလို ခံစားမိလိုက်သည်။
အချိန်အတော်အတန်ကြာမြင့်ပြီးနောက် ထိုစွမ်းအားက အားပျော့လာသောကြောင့် မိုဝူကျိက သူ့ကိုယ်သူ ထိန်းနိုင်သွားပြီး စိတ်စွမ်းအားကို ဖြန့်ကျက်နိုင်လိုက်၏။
တစ်ဝက်ဖြူ တစ်ဝက်ခဲရောင် သမ်းနေသည့် ဧရာမကျောက်ပြားကြီးကို လေထုထဲ ချိတ်ဆွဲထားပြီး ထိုအပေါ်၌ ဘာမှမပါရှိပေ။ မိုဝူကျိက ထိုကျောက်ပြားကြီးပေါ် ဆင်းသက်လိုက်သည်။
ဟန့်တားထားသည့် ခံစားချက်တစ်ခုက မိုဝူကျိ စိတ်အတွင်း ဝင်ရောက်လာကာ မိုဝူကျိက သူ့စိတ်စွမ်းအားကို သုံးဖို ကြိုးစားသည့်အခါ တစ်ခုခုက သူ့စိတ်စွမ်းအားကို ပိတ်ဆို့ထားကြောင်း သတိပြုမိလိုက်သည်။ သူ့စိတ်စွမ်းအားကို မဖြန့်ကျက်နိုင်သော်လည်း မိုဝူကျိက သူ့ရှေ့၌ ရှိနေသော မည်းနက်နေသည့် အဆုံးမဲ့ ဟင်းလင်းပြင် ခုနှစ်ခုကို ကြည့်လိုက်၏။
အဆုံးမဲ့ ဟင်းလင်းပြင်က တစ်ဝက်ဖြူ၊ တစ်ဝက်ခဲရောင် သမ်းနေသည့် ကျောက်ပြားပေါ်တွင် အပိုင်းခုနှစ်ပိုင်း ခွဲခြားထားပြီး ကြည့်ရသည်မှာ အင်မတန် ရှင်းလင်းနေ၏။ ထိုဟင်းလင်းပြင် ခုနှစ်ထဲမှ တစ်ခုကို ကြည့်လိုက်ခြင်းမှာ ထိုအဆုံးမဲ့ ကမ္ဘာထဲ ရောက်သွားသလို တူညီသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သူ့ခြေထောက်အောက်၌ စာလုံးသုံးလုံး ရှိနေသည်
“ သတ္တကမ္ဘာ ကျောက်တုံး”
မိုဝူကျိက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားလေ၏။
သူက ဟင်းလင်းပြင် ခုနှစ်ခုနှာ ကွဲပြားသည့် ကမ္ဘာခုနှစ်ခုဆီ ဦးတည်နေမှန်း သိသော်လည်း မေးခွန်းမှာ သူက ဘယ်တစ်ခုကို ရွေးချယ်ရမည်လဲ ….
မိုဝူကျိက ပိုင်ယဲ့နှင့် လော့စစ်ကျိုက်တို့ကို တွေးမိသွားလေ၏။ အကယ်၍ သူသာ သူတို့လိုမျိုး ရှေ့ဖြစ်ကိန်းကို တွက်ချက်နိုင်လျှင် သူ ဝင်ရမည့် ကမ္ဘာကို ရွေးချယ်နိုင်လိမ့်မည်။
အရည်အသွေးတစ်ခု ပိုရှိခြင်းက အမှန်ပင် ကောင်းပေသည်။ နေ့တစ်ဝက်တာလောက် စဉ်းစားနေပြီးနောက် မိုဝူကျိက မျက်လုံးကို ပိတ်ကာ အနီးဆုံးဖြစ်ဟန် ပေါ်သော လမ်းကြောင်းကို ရွေးချယ်ပြီး ဝင်သွားလိုက်သည်။
မူးနောက်နောက် ဖြစ်ပြီးနောက် မိုဝူကျိ၏ အသိစိတ်ပင်လယ်က မည်မျှ အားကောင်းစေကာမူ သူက သူ့ရှေ့၌ ချာချာလည်နေသည့် မြင်ကွင်းသာ မြင်တွေ့နေရသည်။ သူ့စိတ်စွမ်းအားကို ထုတ်ဖို့ ကြိုးစားလိုက်တိုင်း သူက နောက်နေရာအသစ်ဆီ ဝင်သွားပြီး သူ ကြိုးစားပမ်းစား ထုတ်လွှင့်ခဲ့သော စိတ်စွမ်းအားလေးမှာ အစအနမရှိ ပျောက်ကွယ်သွားရ၏။
နောက်ဆုံး၌ မိုဝူကျိက မြေပြင်ပေါ် ဆင်းသက်နိုင်လိုက်သည်။ ဤသို့တုန်ခါမှုမှာ အားပြင်းသော်လည်း မိုဝူကျိ၏ ပြိုင်ဖက်ကင်း ခန္ဓကိုယ်နှင့် ယှဉ်လိုက်သည့်အခါ ဘာမှ မဟုတ်တော့ပေ။
ယင်စွမ်းအားများ ပါဝင်နေသော အေးစက်စက် လေအေးကို ခံစားမိလိုက်၏။ မိုဝူကျိက သူ့စွမ်းအားစက်ကွင်းကို ထုတ်ကာ စိတ်စွမ်းအားကိုလည်း ဖြန့်ကျက်ထားလိုက်သည်။
ဤသည်က လူသူကင်းမဲ့သည့် ကျတ်တီးမြေ တစ်ခု ဖြစ်ရာ ရှေးဟောင်းအရိုးစုများနှင့် သေချာစီရီပူးကပ်ထားလေ၏။ အမည်မသိ သတ္တုများနှင့် လုပ်ထားသော မပြီးပြည့်စုံသည့် မှော်ရတနာများ၊ စွန့်ပစ်ထားသော လက်နက်များစွာလည်း တောင်ပုံရာပုံ ရှိနေသည်။
သတ်ဖြတ်စွမ်းအားတစ်ခုကို ခံစားမိလိုက်သောအခါ မိုဝူကျိက သူ လက်ရှိရောက်နေသည့်နေရာမှာ ရှေးဟောင်းတိုက်ပွဲနယ်မြေမှန်း သိလိုက်သည်။ ဘေးပတ်ဝန်းကျင်မှာ ကျယ်ဝန်းသော်လည်း ရှင်သန်နေသည့် အရိပ်အယောင် မရှိသလို အပင်များလည်း မရှိချေ။ မိုဝူကျိက အားကောင်းသော အဆုံးမဲ့ သတ်ဖြတ်ငွေ့များသာ ခံစားမိနေဆဲ ဖြစ်သည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်၏။ ဤအရာမှာ ပုံရိပ်ယောင် မဟုတ်ကြောင်း သိပေသည်။ ဤသို့မျိုးနယ်မြေမှာ သေချာပေါက် တိုက်ပွဲနယ်မြေသာ ဖြစ်လိမ့်မည်။
ထို့အပြင် ဤအရာမှာ သာမာန်တိုက်ပွဲနယ်မြေ မဟုတ်ဘြ အင်မော်တယ်များစွာ တိုက်ခိုက်ထားသော တိုက်ပွဲနယ်မြေ ဖြစ်၏။
မိုဝူကျိက မှော်ရတနာအကျိုးတစ်ခုကို ကောက်ယူလိုက်သည့်အခါ ထိုမှော်ရတနာမှာ သတ္တုနှင့် လုပ်ထားခြင်း မဟုတ်ဘဲ သားရဲတစ်မျိုး၏ အရိုးနှင့် လုပ်ထားကြောင်း သိလိုက်ရ၏။
မိုဝူကျိက အဆင့် ၆ အင်မော်တယ် ပန်းပဲဆရာ ဖြစ်လေရာ ရှုစုရန်၏ လမ်းညွှန်မှုအောက်၌ သူ့ပန်းပဲစွမ်းရည်မှာ အံ့မခန်း မြင့်တက်လာပေ၏။
အကယ်၍ သူ့အား အစီအရင်တာအို၌ အာရုံစိုက်ခဲ့စေသော မြောက်များစွာသော အဖြစ်အပျက်များကြောင့်သာ မဟုတ်ခဲ့လျှင် သူက အဆင့် ၇ အင်မော်တယ် ပန်းပဲဆရာအဖြစ် ရောက်နေလောက်လေပြီ။
ကောင်းကင်ယံ၌ နေ မရှိနေသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။ မိုဝူကျိက ဘယ်နေရာသို့ ဦးတည်သွားရမည်မှန်း မသိတော့ပေ။
တစ်နေရာတည်း နှစ်နာရီကျော်ကြာနေပြီးနောက် မိုဝူကျိက သတ်ဖြတ်နေကြသည့်အသံ တိုးတိုးလေး ကြားလိုက်ရသည်။
တစ်ယောက်ယောက်က တိုက်ခိုက်နေတုန်းလား …
မိုဝူကျိက မြန်မြန် သွားကြည့်လိုက်တော့သည်။ တစ်နာရီကြာပြီးနောက် သူက ထိုသတ်ဖြတ်သံများသာ ကြားလိုက်ရပြီး တိုက်ခိုက်နေသည့် မြင်ကွင်းတော့ မမြင်ရချေ။
ပုံရိပ်ယောင်လား ….
မိုဝူကျိက ချက်ချင်းဆိုသလို စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည့်အခါ ထိုမျက်လုံး၌ ကြီးကျယ်ခမ်းနားသော ပုံရိပ်များ ပေါ်လာလေ၏။
သူနှင့် အဝေးတစ်နေရာ မြက်တော၌ လူများစွာက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည်။ မိုဝူကျိက အင်မော်တယ်များ၊ သားရဲအုပ်လိုက်များနှင့် မှော်စွမ်းအင်များ ပြည့်နေသည့် ကျင့်ကြံသူများကိုလည်း မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းမှာ သူ ကျန်းမိုနယ်မြေ၌ ရှိစဉ်အခါက ကျန်းရှင်း ကျင့်ကြံသူများနှင့် နယ်ခြားမျိုးနွယ်များ၊ သားရဲမျိုးနွယ်များ တိုက်ပွဲဖြစ်ခဲ့သည့် အချိန်ကို ပြန်လည် အမှတ်ရသွားစေသည်။
ယခင်အခါနှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့ရှေ့မှ မြင်ကွင်းမှာ ပို၍ အုတ်အော်သောင်းနင်း ဖြစ်နေလေ၏။
မိုဝူကျိက သူ့ထက် ကျင့်ကြံဆင့် မြင့်ကြသော ကျင့်ကြံသူများစွာ ရှိနေမှန်း အတည်ပြုလိုက်နိုင်သော်လည်း လေထဲ၌ ဘာလို့များ တိုက်ခိုက်သူ မရှိတာလဲဟု တွေးနေမိသည်။
ဖြစ်နိုင်တာက ကန့်သတ်နယ်မြေလား …..
မိုဝူကျိက သူ့ကိုယ်သူ မတင်ကြည့်ဖို့ရာ ချက်ချင်း ကြိုးစားလိုက်ပြီးနောက် သူ့အမူအယာမှာ ပြောင်းလဲသွားတော့သည်။ သူပင် အာရုံမခံမိသည့် ကန့်သတ်နယ်မြေ တစ်ခု ဖြစ်နေလေ၏။ သူက ကြိုးစားကြည့်ပြီးနောက် ဤနေရာ၌ ပျံသန်းဖို့ရာ မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ သူ့တွင် လေလွတ်မြောက်ရေး နည်းစနစ်နှင့် ရွေ့ပြောင်းစွမ်းရည် ရှိနေသည်မှာ ကံကောင်းလှပေသည်။ မဟုတ်လျှင် သူက ဤသို့မျိုးနေရာ၌ အသက်ရှင်သန်ဖို့ရာ အင်မတန် ဖိအား များပေလိမ့်မည်။
ယခင် မိုဝူကျိက ချိန်စုယင်သည် သူနှင့် တူညီသည့်ကမ္ဘာကို ရွေးချယ်မိဖို့ရာ မျှော်လင့်မိသော်လည်း ယခုအခါ မိုဝူကျိက ချိန်စုယင် တစ်ယောက် သူနှင့် ကမ္ဘာတူ ရောက်မနေဖို့သာ ဆုတောင်းမိတော့သည်။
***