အခန်း (၁၈၉) - ဖိတ်ကြားချက်
Vol. 13 Ch. 189
အခန်း (၁၈၉) - ဖိတ်ကြားချက်
အတန်းထဲတွင် ပညာရှင်များစွာက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပါသည်။
ယဲ့ရှောင်ချန်းက အတန်း၏ စည်းချက်ကို ရာနှုန်းပြည့် တည်ဆောက်နိုင်ခဲ့ပါပြီ။
သူ့သီအိုရီများကို နည်းနည်းချင်း ရှင်းပြကာ ပညာရှင်များ၏ အတွေးကို ဖြည်းဖြည်းချင်း လမ်းညွှန်ပြသပေးသည်။
အမှန်ပင်။ ပညာရှင်များအားလုံးကလည်း ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြ၏။ သီအိုရီက ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ သူတို့နားလည်နိုင်ဖို့က မခက်ခဲပါဘူး။ ထည့်တွေးရမည့် တစ်ခုတည်းသောအရာက သူတို့ လက်ခံနိုင်မလား မခံနိုင်ဘူးလား ဆိုခြင်းသာ ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း၏ ရှင်းလင်းချက်များနှင့်စမ်းသပ်ချက်များပြီးနောက် ပညာရှင်များစွာက စတင်ယုံကြည်လာကြပါသည်။
အထူးသဖြင့် ရုက္ခဗေဒပညာရှင်များ ဖြစ်ကြ၏။ ၎င်းတို့က အတော်လေး စိတ်ပါဝင်စားနေကြပါသည်။
နျူးကလီးယား အင်ဂျင်နီယာများကဲ့သို့ တချို့ ပညာရှင်တချို့ကတော့ ယဲ့ရှောင်ချန်း၏ သီအိုရီကို အပြည့်အဝ မယုံကြည်ကြပေ။
သူတို့အတွက်တော့ သန့်စင်မြက်ပင်က နျူးကလီးယား ဓာတ်ရောင်ခြည် စုပ်ယူမှု ဖြစ်စဥ်မှာ ပို၍ စိတ်ဝင်စားဖို့ကောင်းပါသည်။
ယဲ့ရှောင်ချန်း၏ အတန်း ပြီးကာနီးအချိန်တွင် နျူးကလီးယား အင်ဂျင်နီယာ တစ်ယောက်က သည်းမခံနိုင်တော့ပေ။
ထိုလူက ပရော်ဖက်ဆာချန်းသာဖြစ်ပြီး ရုတ်တရက် ထကာ ပြောလိုက်၏။ "မစ္စတာယဲ့ မင်းပြောခဲ့တဲ့ အပင်အသိစိတ်သီအိုရီက အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုက္ခဗေဒပညာကို ဘယ်တော့မှ မထိတွေ့ဖူးတဲ့ ငါ့လိုလူတောင် စိတ်ဝင်စားသွားစေတယ်။"
အရင်ဆုံး သူက ယဲ့ရှောင်ချန်းကို ချီးကျူးလိုက်သည်။
တနည်းအားဖြင့် နျူးကလီးယား အင်ဂျင်နီယာများက သန့်စင်မြက်ပင်ကိုသာ စိတ်ဝင်စားကြသည်။
"မစ္စတာယဲ့ သန့်စင်မြက်ပင်က ဘာကြောင့် နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်သလဲဆိုတာကို ကျွန်တော် မေးလို့ရမလား။"
နောက်ဆုံးတော့ ပရော်ဖက်ဆာချန်းက အဓိက မေးခွန်းကို မေးလိုက်သည်။
နျူးကလီးယား အင်ဂျင်နီယာများအားလုံး ယဲ့ရှောင်ချန်းကို ကြည့်လိုက်ကြ၏။ ဒါက သူတို့ အမေးချင်ဆုံး မေးခွန်းလည်း ဖြစ်ပါသည်။
တခြားအပင် ပညာရှင်များလည်း ထိုနည်းလည်းကောင်း ဖြစ်ကြသည်။
သို့သော်လည်း အပင်အသိစိတ် အသိပညာကြောင့် သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ မျောပါသွားခဲ့ကြသည်။
"ပရော်ဖက်ဆာချန်း မေးခွန်းကောင်းပါပဲ။ ဒါပေမယ့် အစပိုင်းမှာ ကျွန်တော် အပင်အသိစိတ်အကြောင်းကို ပြောခဲ့ရတဲ့ အကြောင်းအရင်းက သန့်စင်မြက်ပင်ရဲ့ နျူးကလီးယား ဓာတ်ရောင်ခြည် စုပ်ယူနိုင်စွမ်းက အပင်အသိစိတ်ပေါ် အခြေခံနေလို့ပါပဲ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
ပရော်ဖက်ဆာချန်းက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "မစ္စတာချန်း ကျေးဇူးပြုပြီး အသေးစိတ်ကို ရှင်းပြပေးပါဦး။"
ထိုသို့ ပြောရင်း ယဲ့ရှောင်ချန်းကို ဦးညွှတ်လိုက်သည်။ သူ့လေသံက လေးနက်မှုများဖြင့် ပြည့်နှက်နေ၏။
"ရပါတယ် ပညာရှင်ကြီးလျို့၊ ကျွန်တော်လည်း မေးချင်နေတာပါ။ အပင်တစ်ပင်ရဲ့ ဖွံ့ဖြိုးမှုဖြစ်စဥ်မှာ သူ့ရဲ့ ခြားနားတဲ့ ဝိသေသ လက္ခဏာတွေကို အဆုံးအဖြတ်ပေးတာ ဘာပါလဲ။"
ယဲ့ရှောင်ချန်းက မျိုးရိုးဗီဇ သုတေသန အဖွဲ့အစည်း မှ လျို့မင်ရှန်းကို ကြည့်လိုက်သည်
"ဒါပေါ့ အဲ့တာ မျိုးရိုးဗီဇပဲလေ။ လက်ရှိ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံခြင်း နည်းပညာတွေက အဲ့ဒီသဘောတရားအပေါ်မှာပဲ အခြေခံပါတယ်။"
လျို့မင်ရှန်းက ရှင်းလင်းစွာ ပြောလိုက်သည်။
"ဟုတ်ပါတယ် မျိုးရိုးဗီဇတွေပါ။ အက်တမ်အဆင့်ထိ မြင်နိုင်တဲ့ ထိပ်တန်း အလက်ထရွန် အဏုကြည့်မှန်ပြောင်းတွေနဲ့ မျိုးရိုးဗီဇတွေကို မြင်နိုင်တာတောင် မျိုးရိုးဗီဇတွေကို အတည်မပြုနိုင်ဘူး။ အဲ့တာကြောင့် အဲ့ဒီမျိုးရိုးဗီဇတွေရဲ့ တိကျတဲ့ အာနိသင်တွေကို အတည်မပြုနိုင်ဘူး။ အဲ့တာကြောင့်ပဲ ပြဿနာက အပင်အသိစိတ်ဆီကို ပြန်ရောက်လာတယ်။ ကျွန်တော်တို့လုပ်ဖို့ လိုအပ်တာက အပင်အသိစိတ်နဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ ကိုယ်ထည်ထဲက မျိုးရိုးဗီဇအဆင့်ကို သွယ်ဝိုက်သောနည်းဖြင့် လေ့လာဖို့ကိုပါပဲ။ ဒါကို အသုံးပြုပြီး ဗီဇတည်ဆောက်ပုံကို တွက်ချက်ပြီးတော့ အပင်ရဲ့ ဝိသေသလက္ခဏာတွေကို ပြုပြင်မွမ်းမံနိုင်လိမ့်မယ်။ နောက်ဆုံးတော့လည်း အပင်အသိစိတ်ကို မကျွမ်းကျင်ရင် ကျွန်တော်တို့ရဲ့ အပင်ပြုပြင်မွမ်းမံခြင်း နည်းပညာအသစ်ကို ဆောင်ရွက်လို့ မရနိုင်ဘူး။ ခေတ်သစ်နည်းပညာက အဆင့်တစ်ခုထိ ဖွံ့ဖြိုးလာပြီး အလွန်တိကျတဲ့ ဗီဇ ပြုပြင်မွမ်းမံခြင်းဆိုင်ရာ ခွဲစိတ်မှုတွေ ပြုလုပ်နိုင်လာရင်တော့ တစ်မျိုးပေါ့။"
ယဲ့ရှောင်ချန်းက ရယ်လိုက်၏။
သီအိုရီက မှန်ကန်သည်။ သို့သော်လည်း လောလောဆယ် အပင်အသိစိတ်အပေါ် သူ့ရဲ့ ထိန်းချုပ်နိုင်မှုက မမြင့်မားသေးသဖြင့် ထိုကဲ့သို့ မပြုလုပ်နိုင်သေးပါ။
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာပြီး အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို အောင်မြင်မှ ဖြစ်နိုင်မည်။ စစ်မှန်သည့် ဝိညာဥ်အာရုံတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မည်။
ဝိညာဥ်အာရုံဆိုသည်မှာ စိတ်ဝိညာဥ် ပါရမီကပင် နှိုင်းယှဥ်၍ မရနိုင်သော တစ်ခုဖြစ်ပါသည်။
နျူးကလီးယား အင်ဂျင်နီယာများ ကြောင်အသွားသည်။ အပင်အသိစိတ်အကြောင်းကိုသာ သူတို့ နားမလည်နိုင်ပါက သန့်စင်မြက်ပင်များ ဘာကြောင့် နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်မှန်း သူတို့ လေ့လာပြီး ဆန်းစစ်နိုင်မည် မဟုတ်ပါ။ ဒါဆို ဒီဆန်းစစ်လေ့လာမှုများက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
တဖက်တွင် ရုက္ခဗေဒပညာရှင်များက နျူးကလီးယား အင်ဂျင်နီယာများထက် ပိုအရေးကြီးသည်ဟု ပြောလိုက်ခြင်းနှင့် တူညီသဖြင့် ရုက္ခဗေဒ ပညာရှင်များက တိုးတိုးတိတ်တိတ် ပျော်ရွှင်နေကြပါသည်။
ဒါက နျူးကလီးယား အင်ဂျင်နီယာ ပညာရပ်နှင့် မဆိုင်တော့ဘဲ ရုက္ခဗေဒ နယ်ပယ် စစ်စစ်သို့ ရောက်ရှိသွားပါပြီ။
"မစ္စတာယဲ့ အပင်အသိစိတ်နဲ့ လူတွေ ဆက်သွယ်နိုင်တဲ့ ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းတစ်ခုကို တီထွင်ထားတယ်လို့ ငါတို့ ကြားဖူးတယ်။ အဲ့တာ အမှန်ပဲလား။"
ပရော်ဖက်ဆာချန်း၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်၏။
သူတို့ သန့်စင်မြက်ပင်သုတေသနထဲတွင်သာ မပါဝင်နိုင်ပါက နျူးကလီးယား အင်ဂျင်နီယာများက ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မည်နည်း။
"ဟုတ်ပါတယ်။ ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းက လူတွေကို အပင်အသိစိတ်နဲ့ ဆက်သွယ်ခွင့် ပေးတယ်။ ဒါပေမမယ့် အားလုံးမှာတော့ အဲ့လိုပါရမီမျိုးမရှိဘူး။ ခင်ဗျားတို့ သင်ယူချင်ရင် ကျွန်တော် ဒီမှာ သင်ပေးနိုင်ပါတယ်။"
ယဲ့ရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။
အမှန်ပင်။ ပညာရှင်များက သင်ယူချင်ကြပါသည်။ သူတို့ စိတ်ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို မသင်ယူနိုင်ပါက သူတို့ အပင်အသိစိတ်နှင့် ဆက်သွယ်နိုင်မည်မဟုတ်ပေ။ သန့်စင်မြက်ပင်၏ သုတေသနများထဲ ပါဝင်ဖို့ဆို ပိုဆိုးပြီဖြစ်သည်။
ထိုသို့သာ ဖြစ်လာလျှင် သူတို့ ရုက္ခဗေဒ နယ်ပယ်ဘက်သို့ ကူးပြောင်းကြရမလားဟုပင် စဥ်းစားမိကြပါသည်။
ယဲ့ရှောင်ချန်းက လူတိုင်းကို ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို စတင်သင်ကြားသည်။
ဝိညာဥ်နားစွင့်နည်းလမ်းကို လူဘယ်လောက် တတ်မြောက်နိုင်မလဲ ယဲ့ရှောင်ချန်း မသိနိုင်ပါ။ ဘာပဲဖြစ်ဖြစ် ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို အသုံးပြုဖို့ ဝိညာဥ် ဆက်သွယ်မှု ပါရမီကိုလိုအပ်သည်။
ပြောရမည်ဆိုလျှင် ရုက္ခဗေဒပညာရှင်များ တတ်မြောက်နိုင်ချေက ပိုများသည်။ အပင်များတွင် စိတ်ဝင်စားပါက ဒီနယ်ပယ်တွင် ပါရမီထူးလို့ ဖြစ်နိုင်သည်။
ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို စမ်းသပ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း စွန့်အသွားရသည်။
နျူးကလီးယား အင်ဂျင်နီယာ ၂၀ နီးပါးနှင့် တခြား လက်ထောက်များပါ ဘယ်သူမှ စိတ်ဝိညာဥ် နားစွင့်နည်းလမ်း ပါရမီမပါကြပေ။
တဖက်တွင်တော့ ရုက္ခဗေဒပညာရှင်နှင့် လက်ထောက်များအနက် ၇ ယောက်က စိတ်ဝိညာဥ်နားစွင့်အဆင့်ကို ဝင်ရောက်နိုင်ခဲ့သည်။
၎င်းတို့အနက် ၂ဦးက ပညာရှင်များ၊ ၃ဦးက ရုက္ခဗေဒ ပညာရှင်များ၊ ၂ဦးက လက်ထောက်များ ဖြစ်ကြသည်။
ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒါကြောင့်လည်း ပညာရှင်တွေ ဖြစ်နေကြတာပေါ့။ အားလုံးမှာ စိတ်ဝိညာဥ် ဆက်သွယ်ခြင်း ပါရမီ ရှိနေကြပါသည်။
တဖက်တွင် နျူကလီးယား အင်ဂျင်နီယာများက အလွန် စိတ်ပျက်သွားကြသည်။
ပါရမီက ပါရမီပဲဆိုတာ သူတို့ နားလည်သွားကြ၏။ အတင်းလုပ်ယူလို့မရပါ။ စိတ်ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းက ရုက္ခဗေဒ နယ်ပယ်ဘက်ကို ပိုမို ကိုင်းညွတ်သည်။ သူတို့က နျူးကလီးယား အင်ဂျင်နီယာများဖြစ်သဖြင့် ရုက္ခဗေဒနယ်ပယ်မှာ ဘယ်လို ပါရမီရှိနိုင်မှာလဲ။
မနက်ပိုင်း အတန်း ပြီးဆုံးသွားခဲ့သည်။
နေ့လည်စာ စားဖို့ အချိန်ရောက်လာ၏။
ယဲ့ရှောင်ချန်း အိမ်မပြန်ပါ။ သုတေသန အဖွဲ့အစည်း၏ စားသောက်ဆိုင်တန်းတွင်သာ စားသောက်ခဲ့သည်။
အစားအစာက ကောင်းပါသည်။ စားဖွယ်မျိုးစုံရှိပြီး အာဟာရလည်း ရှိပါသည်။
ယဲ့ရှောင်ချန်းကို အလွန်ကြိုဆိုကြသည်။ သူဆုံသည့် ပညာရှင်နှင့် သုတေသနပညာရှင်များက အလွန်ယဥ်ကျေးစွာ သူ့ကိုနှုတ်ဆက်ကြပါသည်။
စားသောက်နေစဥ် ပညာရှင်ကြီးယန်က အစားအသောက် ပန်းကန် တစ်ချပ်ဖြင့် ရောက်လာ၏။
"ပညာရှင်ကြီးယန်"
ယဲ့ရှောင်ချန်းက နှုတ်ဆက်လိုက်သည်။
"ရှောင်ချန်း ယဥ်ယဥ်ကျေးကျေးတွေ လုပ်မနေပါနဲ့။ ငါ့ကို အစ်ကိုကြီးယန်လို့ပဲခေါ်ပါ။"
ယန်ခိုင်က ပြုံးလိုက််သည်။
ယဲ့ရှောင်ချန်း ရှက်ရွံ့မိပါ၏။
"ကျွန်တော် ဦးလေးယန်လို့ ခေါ်ပါ့မယ်။"
ယဲ့ရှောင်ချန်း အမြန်ပြောလိုက်ပါသည်။
ယန်ခိုင်၏ အသက်အရွယ်နှင့်ဆို အဘိုးဟုပင် ခေါ်နိုင်ပါသည်၊။
"ရှောင်ချန််း ငါတို့ထဲက လူနည်းစု အထက်လူကြီးတွေနဲ့ ဆက်သွယ်ခဲ့တယ်။ မင်း တရုတ်သိပ္ပံကျောင်းတော်ကို လာရောက်နိုင်မယ်လို့ ငါတို့မျှော်လင့်နေကြတာပါ။ မင်းကို သုတေသန အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တောင် ဖြစ်စေချင်တယ်။ စဥ်းစားပေးပါဦး။"
ယန်ခိုင်က ပြောသည်။
တကယ်တော့ အရင်တစ်ခေါက်ကလည်း ယဲ့ရှောင်ချန်းကို မေးပြီးပါပြီ။ သို့သော်လည်း ထိုအချိန်က တရုတ်သိပ္ပံကျောင်းတော်တွင် သုတေသနလုပ်ဖို့သာ ယဲ့ရှောင်ချန်းကို ဖိတ်ခြင်းဖြစ်ပါသည်။ သုတေသန အဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင်လုပ်ဖို့ကတော့ မဖြစ်နိုင်ခဲ့ပါ။
တရုတ်သိပ္ပံကျောင်းတော်ဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ။ ပညာတတ်ကျောင်းသား သောင်းချီရှိပြီး ခွေးတွေများသလောက် ပါရဂူကျောင်းသားများလည်း များသည်ဟုပင် ပြောနိုင်သည်။
"ဦးလေးယန် ကျွန်တော့်မွေးရပ်မြေကနေ တကယ် ထွက်မသွားချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီသုတေသန အလုပ်ကို ဘယ်မှာ လုပ်လုပ် လုပ်လို့ရတယ်လေ။ ကျွန်တော်အိမ်မှာပဲ နေရတာ သက်တောင့်သက်သာရှိလို့ပါ။"
ယဲ့ရှောင်ချန်းက အားနာစွာ ပြောလိုက်သည်။
"ရှောင်ချန်း မင်း ဒီလောက် အလောတကြီး ငြင်းစရာမလိုပါဘူး။ ငါ ပြောစရာတွေ ရှိသေးတယ်။ ငါ ခုနက ပြောတဲ့ သုတေသန အဖွဲ့အစည်းသစ်ဆိုတာ တရုတ်သိပ္ပံကျောင်းတော်က မင်းအတွက် သီးသန့် တည်ဆောက်ပေးထားတယ်။ အပင်အသိစိတ် လေ့လာမှုကို အထူးပြုပြီး တရုတ်သိပ္ပံကျောင်းတော်က တိုက်ရိုက် ကိုင်တွယ်သွားမယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ သုတေသန အဖွဲ့အစည်းဖြစ်ပြီး မင်းကလည်း အဓိက တာဝန်ရှိသူ ဖြစ်လာလိမ့်မယ်။ မနည်းတဲ့ လစာရယ်၊ အထက်လူကြီးတွေက မင်း အဲ့ဒီကို သွားရင် မင်းကို ပရော်ဖက်ဆာရာထူး ချီးမြှင့်မယ်လို့တောင် ကတိပေးထားတာ။ သုံးနှစ်အတွင်း မင်းတရုတ်သိပ္ပံကျောင်းတော်မှာ ပါဝင်နိုင်လိမ့်မယ်။"
ယန်ခိုင်က ယဲ့ရှောင်ချန်း၏ မျက်နှာကို သေသေချာချာ လေ့လာနေသည်။
လူတစ်ယောက်အတွက် အဖွဲ့အစည်းတစ်ခုကို သီးသန့် တည်ဆောက်ပေးခြင်းက တရုတ်သိပ္ပံကျောင်းတော် ရာဇဝင်တွင် ရှားပါးသည်။ ထို့အပြင် အားလုံးက နည်းပညာမြင့် အဆောက်အဦးများ ဖြစ်ကြ၏။
သုတေသနပညာရှင် တစ်ယောက်အတွက် အကြီးမားဆုံး ဂုဏ်ဟုပင် ပြောနိုင်သည်။
အတန်းပြီးနောက် သူတို့ထဲတ တချို့က တရုတ်သိပ္ပံကျောင်းတော်ဌာနကို ချက်ချင်း သတင်းပို့လိုက်သည်။ ဌာနက သဘောတူဖို့ အများကြီး ဖြောင်းဖြခဲ့ရ၏။
ဒီလို အခွင့်ထူးမျိုးကို ငြင်းဆန်ဖို့ ယဲ့ရှောင်ချန်းအတွက် ခက်ခဲလိမ့်မည်ဟု ယုံကြည်ထားသည်။
မဟုတ်ပေ။ ဘယ်သူမှ မငြင်းဆန်နိုင်လောက်ပေဟု ပြောနိုင်ပါသည်။