← Chapters

အခန်း (၁၉၀) - နောက်ဆုံးရည်ရွယ်ချက်

Vol. 13 Ch. 190

အခန်း (၁၉၀) - နောက်ဆုံးရည်ရွယ်ချက်

Vol. 13 Ch. 190

အခန်း (၁၉၀) - နောက်ဆုံးရည်ရွယ်ချက်

ယဲ့ရှောင်ချန်းအား ယန်ခိုင် အထင်သေးခဲ့မိသည်မှာ ရှက်စရာကောင်းလှသည်။

ယဲ့ရှောင်ချန်းတွင် ကိုယ်ပိုင်အစီအစဥ်များ ရှိထားပြီးသား ဖြစ်သည်။

ထို့အပြင် သူ့စိုက်ပျိုးရေးခြံကိုလည်း ရွေ့ပြောင်း၍ မရပေ။ သူ့စိုက်ပျိုးရေးခြံ၏ အခြေအမြစ်က သူ့မွေးရပ်မြေတွင် အသေတည်ရှိနေသည်။ ထိုအခြေအမြစ်ကို စွန့်ပယ်ပြီး တခြားနေရာများကို သွားဖို့က မဖြစ်နိုင်ပါ။

"မစ္စတာယန်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သဘောမတူနိုင်ပါဘူး။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။

"ရှောင်ချန်း ဘာလို့ သဘောမတူနိုင်တာလဲ။ ဒါမျိုးက ရှားပါးအခွင့်အရေးလေ။"

ယန်ခိုင် နားမလည်နိုင်ပါ။

ယဲ့ရှောင်ချန်းလိုလူမျိုးကို မခေါ်နိုင်ပါက တရုတ်သိပ္ပံကျောင်းတော်ကြီးအတွက် အရှုံးကြီး ရှုံးပါလိမ့်မည်။

"မစ္စတာယန် ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး အိပ်မက်က မြေတစ်ကွက်ရယ်၊ ဟင်းသီးဟင်းရွက် တချို့ စိုက်ပျိုးဖို့ရယ်၊ ပြီးတော့ အားလပ်ချိန်မှာ သုတေသနတချို့ လုပ်ဖို့ရယ် ဒီလောက်ဆို လုံလောက်ပါပြီ။"

ယဲ့ရှောင်ချန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ယန်ခိုင် သွေးအန်လုနီးပါးဖြစ်သွားသည်။ "အဲ့တာ မင်းအိပ်မက် ဟုတ်လား။ မသေးလွန်းဘူးလားကွာ။"

ယဲ့ရှောင်ချန်းလို လူမျိုး၏ ခေါင်းမာသော စရိုက်ကို ပြောင်းလဲဖို့ ခက်ခဲမှန်းတော့ သူသိပါသည်။

သူ တခြားနည်းလမ်း စဥ်းစားရတော့မည် ထင်သည်။

ညစာစားပြီးနောက် ယန်ခိုင် အလျင်စလို ထွက်သွားသည်။။

ယဲ့ရှောင်ချန်းက မေးကိုင်လိုက်၏။ မစ္စတာယန်၏ မှုန်ကုပ်ကုပ် မျက်နှာကို ကြည့်ကာ ရယ်စရာကောင်းသည်ဟု ထင်မိသည်။

ဟူး။ ငါလည်း ဒီလိုမလုပ်ချင်ပါဘူး။ ဒါပေမယ့် ဒီလိုသာ လုပ်လိုက်ရင် ငါ့ပန်းတိုင်ကို ရောက်နိုင်ပါဦးမလား။

ကမ္ဘာ့အဆင့်မှီ သုတေသန အဖွဲ့အစည်းကြီး ဖြစ်သဖြင့် တရုတ်သိပ္ပံကျောင်းတော်မှာ တရုတ်နိုင်ငံ၏ ထိပ်တန်းသိပ္ပံနှင့် နည်းပညာ သုတေသန ဖွံ့ဖြိုးမှု စင်တာလည်း ဖြစ်ပါသည်။

ဒီအပင်အသိစိတ် သုတေသန အဖွဲ့အစည်းက တရုတ်သိပ္ပံကျောင်းတော်၏ လက်အောက်တွင် ရှိနေသည်ဆိုပါက ကျောထောက်နောက်ခံ ကောင်းကောင်းကို ပိုင်ဆိုင်ထားရခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။

ထိပ်တန်းသုတေသနပညာရှင်ဟူသည့် သူ့ဂုဏ်ပုဒ်မှာ ထိုက်တန်ပြီး အရင်ကလို ရှေးရိုးစွဲ မဟုတ်တော့ပါ။

ယန်မြို့တော်တွင် နိုင်ငံတော်အမည်နှင့် သုတေသန အဖွဲ့အစည်းတစ်ခု ဖွဲ့ပြီး ထိန်းချုပ်နိုင်ခြင်းက ယဲ့ရှောင်ချန်း၏ မဟာ ပန်းတိုင်ဖြစ်သည်။

...

အစည်းအဝေး အခန်းတစ်ခုတွင်။

ယန်ခိုင်နှင့် တခြားအရေးကြီး ရုက္ခဗေဒ ပညာရှင်ကြီးများက ဆွေးနွေးနေကြသည်။

အားလုံးက စိတ်ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို သင်ယူပြီးကြပြီဖြစ်သည်။

အနာဂတ်တွင် အပင်အသိစိတ်ကို လေ့လာဖို့ အရည်အချင်းပြည့်မှီသည်ဟု ဆိုလိုခြင်းလည်း ဖြစ်ပါသည်။

ထို့ကြောင့် သူတို့ အလွန်တန်ဖိုးထားကြသည်။

"သူ တကယ် မလာချင်တာလား။"

အမျိုးသမီး ပညာရှင်တစ်ဦးက ပြောလိုက်သည်။

သူမ၏ အမည်က ဆွန်းမြောင်မြောင်ဖြစ်ပြီး ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ဦးဖြစ်သည်။ သူမက တရုတ်ရိုးရာ တိုင်းရင်းဆေးဝါး မိသားစုတစ်ခုမှ လာခဲ့ပြီး အလွန်ထူးချွန်သည့် ဆေးဝါးစွမ်းရည်များ ရှိသည်။ သူမ၏ အဓိက သုတေသနဦးတည်ချက်က ဆေးပင်မျိုးစုံ ပြုစုပျိုးထောင်နိုင်ဖို့ဖြစ်သည်။

"ဒါက နိုင်ငံတော်အဆင့်မှီ သုတေသန အဖွဲ့အစည်း တစ်ခုပဲလေ။ ကျုပ်တို့လို အဘိုးကြီးတွေတောင် အရည်အချင်းပြည့်မှီတာမဟုတ်ဘူး။"

နောက်ထပ် အသားမည်းမည်း အသက်ကြီးကြီး ပညာရှင်က စိတ်ရှုပ်စွာ ပြောလိုက်သည်။

သူ့အမည်က ဟွာကျင်းရန်ဖြစ်ပြီး ပြည်တွင်း ကောက်ပဲသီးနှံများ သုတေသနပိုင်း၌ ထူးချွန်၏။

"ငါတို့ ဘာလုပ်ကြမလဲ။"

"ဟုတ်တယ် ယဲ့ရှောင်ချန်းသာ တရုတ်သိပ္ပံကျောင်းတော်ကို မလာနိုင်ရင် အပင်အသိစိတ် သုတေသနအပေါ်မှာ တော်တော် သက်ရောက်မှုရှိလာနိုင်မယ် ထင်တယ်။"

"အပင်အသိစိတ် သုတေသနကို ယဲ့ရှောင်ချန်းက ရှာဖွေတွေ့ရှိထားတာ။ အဲ့တာကြောင့် သူဦးဆောင်မှပဲ ဖြစ်မယ်။ ငါတို့စလုပ်ရင်တောင် ငါတို့ တိုးတက်ဖို့က ခက်လိမ့်မယ်။ ဒါက လုံးဝ နယ်ပယ် အသစ်မို့လို့ ငါတို့ အတွေ့အကြုံ လုံးဝ မရှိဘူး။"

တခြားပညာရှင်များလည်း စိုးရိမ်ကုန်ကြသည်။

"ဒီသုတေသနအဖွဲ့အစည်းကို တောင်ပိုင်းကို ပြောင်းဖို့ ဖြစ်နိုင်မယ်လို့ ထင်ကြလား။"

ယန်ခိုင်က ရုတ်တရက်ပြောလိုက်သည်။

"အင်း ဟုတ်တယ်။ ဒါဖြစ်နိုင်ပါတယ်။"

"ဟုတ်တယ်။ တရုတ်သိပ္ပံကျောင်းတော်က နိုင်ငံတော်တစ်ဝှမ်းလုံးမှာ ကိုင်းခွဲတွေ ရှိတယ်။ တောင်ပိုင်းမှာ တည်ဆောက်ဖို့ ဖြစ်နိုင်ပါတယ်။"

ပညာရှင်နှစ်ဦး၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

ယခင်က သူတို့ လမ်းဆုံးတစ်ခုဆီ လျှောက်လှမ်းမိပြီး ဒီလို မစဥ်းစားမိခဲ့ဖူးပါ။

"ဌာနချုပ်က သဘောတူပါ့မလား မသိဘူးနော်။”

တစ်ယောက်ယောက်က စိတ်ပူနေသည်။

"ပြဿနာ မရှိလောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သန့်စင်မြက်ပင်က ဒီနေရာမှာ ရှိနေတာလဲ။ အဲ့တာကို ဘယ်သူမှ ငြင်းလို့မရဘူး။ ကျွန်မတို့ သေသေချာချာလေ့ကျင့်ရင် အောင်မြင်နိုင်မှာပါ။"

ဆွန်းမြောင်မြောင်က ပြောလိုက်သည်။

မကြာမီ သူတို့ထဲကတချို့ သဘောတူညိလိုက်ကြသည်။

...

နေ့လည်ခင်း ၂နာရီထိုးပါပြီ။

ယခင် ခန်းမကြီးထဲတွင်။

ဒီတစ်ခေါက် ပါဝင်တက်ရောက်ကြသည့် ပညာရှင်အရေအတွက်မှာ တစ်ဝက်ကျော် လျော့ကျသွားပါသည်။

သို့သော်လည်း ရုက္ခဗေဒ ပညာရှင်အုပ်စုက အားလုံးကတော့ တက်ရောက်ကြ၏။

လူအများစုက စိတ်ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို မသုံးနိုင်ကြသော်လည်း ဒီလို အသိပညာမျိုးကို သင်ယူချင်ကြပါသေးသည်။

ဒါက ရုက္ခဗေဒနယ်ပယ်၏ အနာဂတ် တက်လမ်း ဦးတည်ချက်တစ်ခုဖြစ်လာနိုင်၏။

ဒီတစ်ခေါက် ယဲ့ရှောင်ချန်းက သန့်စင်မြက်ပင်၏ ပျိုးထောင်နည်းလမ်းကို ရှင်းပြလိုက်သည်။

အမှန်ပင်။ ထို့သို့ ပျိုးထောင်ဖို့အတွက် ပထမဆုံး လိုအပ်ချက်က စိတ်ဝိညာဥ်နားစွင့် လက်ချောင်း နည်းလမ်းကို ကျွမ်းကျင်ပြီး နောက်ထပ် ခြေတစ်လှမ်း လှမ်းကာ ဦးနှောက်လှိုင်းများ အသုံးပြုနိုင်ဖို့ ဖြစ်ပါသည်။

နောက်ဆုံးတော့လည်း သီအိုရီသက်သက်သာ ဖြစ်သည်။ သူတို့ ကျင့်ကြံချင်ပါက ကျွမ်းကျင်သူဖြစ်သော ယဲ့ရှောင်ချန်းကသာ လုပ်နိုင်ပါသည်။

တကယ်တော့ သူ့မှာတောင် ဒီလို အစွမ်းအစမျိုး မရှိပါ။

သို့သော်လည်း ကြွားလုံးထုတ်ကာ မပြောတတ်သည့်သူ ရှိပါ့မလား။ သူ ဖြစ်စေချင်သည်က ထိုပညာရှင်များကို ခြောက်လှန့်နိုင်ဖို့ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် သူ ပြောသည့် သီအိုရီက မှန်ကန်ပြီး လုပ်ဇာတ်မဟုတ်ပါ။

နောက်ထပ် ရက်အနည်းငယ်အထိ ယဲ့ရှောင်ချန်း အတန်းသို့လာပြီး သင်ရိုးထဲက အကြောင်းအရာများကို ရိုးရှင်းစွာ ရှင်းပြသည်။

ဒီအချိန်တွင် ပင်အသိစိတ်၏ သီအိုရီစနစ် ပုံကြမ်း ပြီးမြောက်နေပြီဖြစ်သည်။

ကွဲပြန့်နေသည့် အရာများမရှိတော့ဘဲ အခြေခံဘောင်တစ်ခုသာ ရှိတော့သည်။

စိတ်ဝိညာဥ်နားစွင့် လက်ချောင်းပါရမီကို သင်ယူပြီးသား ယန်ခိုင်နှင့် တခြားပညာရှင်များကတော့ တခြားလူများထက် ပိုမို ပါရမီရှိပြီး အမြင်စူးရှသည်။ ရက်အနည်းငယ်အတွင်း သီအိုရီ အခြေခံအုတ်မြစ်ကို သူတို့ အောင်မြင်နိုင်ခဲ့ကြသည်။

ယခုတော့ ပိုမိုအဆင့်မြင့်သည့် အသိပညာများကို သင်ယူနိုင်ဖို့ မစောင့်နိုင်တော့ပေ။

သို့သော်လည်း သူတို့ အဆင့်မြင့် အသိပညာများကို သင်ယူချင်ပါက စိတ်ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို ကျွမ်းကျင်ပြီး အပင်အသိစိတ်နှင့် ဆက်သွယ်နိုင်စွမ်း ရှိရမည်ဟု ယဲ့ရှောင်ချန်းက ပြောခဲ့ပါသည်။ ထိုအခါမှ ဒီမှော်ဆန်သည့် တံခါးကြီးထဲ တကယ် ခြေလှမ်းနိုင်မည်ဖြစ်ပါသည်။

ဒီနေ့ ယဲ့ရှောင်ချန်း နောက်ဆုံးအတန်းကို ပြီးမြောက်သွားခဲ့ပါပြီ။ မနက်ဖြန်မှစပြီး သုတေသန အဖွဲ့အစည်းသို့ ထပ်လာမည် မဟုတ်တော့ပါ။

သူ သင်ကြားဖို့ လိုအပ်သည့် အရာများကို သင်ကြားပေးပြီးပြီ ဖြစ်ပါသည်။

ပစ္စည်းများကို ထုပ်ပိုးကာ ပြန်ဖို့ ပြင်နေစဥ် ယန်ခိုင်က သူ့ကို တားလိုက်၏။ အရင်ပြဿနာပဲ ဖြစ်သည်။

"ဦးလေးယန် ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာပဲ။"

ထိုကိစ္စကြောင့် ယန်ခိုင် ရောက်လာမှန်း ယဲ့ရှောင်ချန်း သိပါသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အထိ ယန်ခိုင် သူ့နောက်ကို နေ့တိုင်း လိုက်ကာ တရုတ်သိပ္ပံကျောင်းတော်လို့ လာဖို့ ဖြောင်းဖြဖို့ ကြိုးစားခဲ့သည်။

ယဲ့ရှောင်ချန်းကလည်း တစ်ကြိမ်မှ လက်မခံခဲ့ပေ။ ပြီးတော့ လက်ခံဖို့လည်း သူ့အတွက် မဖြစ်နိုင်ပါ။

"ဒီတစ်ခေါက် မတူပါဘူး။ ငါနဲ့ လိုက်ခဲ့ပါ။"

ယန်ခိုင်က ခေါင်းခါကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်း အနည်းငယ် စိတ်ရှုပ်သွား၏။ သို့သော် ယန်ခိုက်နောက်သို့ လိုက်လာပြီး အစည်းအဝေးခန်းတစ်ခန်းထဲသို့ ဝင်လာခဲ့ပါသည်။

စိတ်ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို သင်ယူထားသည့် တခြား ပညာရှင်တချို့လည်း ရှိနေသည်။

ထိုလူများက အပင်အသိစိတ် သုတေသန အဖွဲ့အစည်းကို တည်ထောင်ဖို့ စိတ်အားအထက်သန်ဆုံး လူများဟု ပြောနိုင်ပါသည်။

"ရှောင်ချန်း အထက်လူကြီးတွေကို ငါတို့ ဆက်သွယ်ပြီး တောင်ပိုင်းဒေသနဲ့ ပူးပေါင်းပြီးတော့ ဒီအပင်အသိစိတ် သုတေသန အဖွဲ့အစည်းကို တောင်ပိုင်းဒေသမှာပဲ တည်ဆောက်ဖို့ ပြင်ဆင်နေကြပြီ။"

ယန်ခိုင်က ပြောလိုက်သည်။

"သုတေသန အဖွဲ့အစည်းကို တောင်ပိုင်းဒေသမှာ ဆောက်မယ် ဟုတ်လား။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားသည်။ ကိစ္စများက သူ့ဆန္ဒအတိုင်း ဖြစ်ပျက်လာသည့် ပုံပင်။

"အေး"

ယန်ခိုင်က ခေါင်းငြိမ့်လိုက်၏။

ဒီကိစ္စအတွက် အဘိုးကြီးများ အဆက်အသွယ် ဘယ်လောက်တောင် သုံးခဲ့ရသလဲ မသိတော့ပါ။

အပင်အသိစိတ် သုတေသနကြောင့်သာ မဟုတ်ပါက သူတို့ ဒီလောက် အားစိုက်ထုတ်မည် မဟုတ်ကြပေ။

"တည်နေရာ အတိအကျက ဘယ်မှာလဲဗျ။"

ယဲ့ရှောင်ချန်းက စိတ်ဝင်စားကာ မေးလိုက်၏။

"မဆုံးဖြတ်ရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းက ကိစ္စတွေအများကြီးနဲ့ ပတ်သတ်နေတယ်။ ဟုတ်တာပေါ့ ။ အဓိကအချက်ကတော့ အနာဂတ်မှာ တာဝန်ရှိသူ ဖြစ်လာမယ့် မင်းရဲ့ သဘောကိုပါ ထည့်စဥ်းစားဖို့ပေါ့။"

ယန်ခိုင်ကပြောလိုက်သည်။

"ဟုတ်တာပေါ့။ ကျင်းကောင်တီမြို့မှာ ဆောက်ရင် အကောင်းဆုံးလို့ ထင်တယ်။ ထိုက်ဖျင်မြို့မှာ ဆောက်ရင် ပိုတောင် ကောင်းသေးတယ်။ ကျွန်တော့်အိမ်နဲ့ နီးတယ်လေ။"

ယဲ့ရှောင်ချန်းက အပြုံးဖြင့် ပြောလိုက်သည်။

ယန်ခိုင်နှင့် တခြားသူများ ရယ်မောလိုက်ကြသည်။

သို့သော်လည်း ယဲ့ရှောင်ချန်း မငြင်းသဖြင့် စိတ်အေးသွားကြပါသည်။ ဒါက သူတို့ တရုတ်သိပ္ပံကျောင်းတော်သို့ မလာချင်တာ မဟုတ်ဘဲ တခြားနေရာတွင် အလုပ်မလုပ်ချင်ခြင်းသာ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

"တောင်ပိုင်းဒေသမှာဆိုတော့ ရှရှီမြိုဖြစ်ဖြစ်၊ ကျင်းကောင်တီမြို့ဖြစ်ဖြစ် မင်းရဲ့သဘောက အဓိကပါပဲ။"

ယန်ခိုင်က ပြုံးကာ ပြောလိုက်သည်။

တခြားသူများလည်း ခေါင်းငြိမ့်လိုက်ကြ၏။ ယဲ့ရှောင်ချန်းသာ စိတ််မပါလျှင် သူတို့ ဘာပဲ ပြောပြော အသုံးဝင်မည် မဟုတ်ပါ။

ထိုသို့ပြောလိုက်သောအခါ ယဲ့ရှောင်ချန်းက စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ပါသည်။ သူ့ပန်းတိုင်ကို ရောက်ဖို့ ပညာရှင်ကြီးယန်နှင့် တခြားသူများကို အသုံးချခဲ့ရသော်လည်း သူ တောင်းပန်ပါသည်ဟုသာ ပြောနိုင်ပါသည်။

ထို့အပြင် သူတို့ မကန့်ကွက်နိုင်ပါဟု ယုံကြည်ထားသည်။

ဘာပဲဖြစ်ဖြစ် သုတေသန အဖွဲ့အစည်းအား တည်ထောင်လိုက်ပြီဆိုတာနှင့် စိတ်ဝိညာဥ် နားစွင့် လက်ချောင်းနည်းလမ်း အခြေခံကို သင်ယူပြီးသား သူတို့လည်း အကျိုးကျေးဇူးရကြမည် မဟုတ်ပါလား။

သို့သော်လည်း သုတေသနအဖွဲ့အစည်း၏ တည်နေရာကြောင့် မြို့နယ်ဒေသများစွာ၏ ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည်ကိုတော့ ယဲ့ရှောင်ချန်း မျှော်လင့်မထားခဲ့မိပါချေ။

All Chapters