← Chapters

အခန်း (၁၉၄) - အကျိုးကျေးဇူးများ

Vol. 13 Ch. 194

အခန်း (၁၉၄) - အကျိုးကျေးဇူးများ

Vol. 13 Ch. 194

အခန်း (၁၉၄) - အကျိုးကျေးဇူးများ

ထိုကဲ့သို့ အရှိန်အဝါမျိုးက ယဲ့ရှောင်ချန်းအပေါ် လုံးဝသက်ရောက်မှုမရှိပါ။

ယခုအခါ သူက အင်မော်တယ်ကျင့်ကြံသူ တစ်ယောက်ဖြစ်လာပြီဟု ဆိုနိုင်သည်။ သို့သော် အခြေခံ အုတ်မြစ်တည်ဆောက်မှုကိုတော့ မပြီးမြောက်သေးပေ။

သီးသန့်အခန်းတစ်ခုတွင်။

သူတို့နှစ်ဦး ထိုင်နေကြသည်။

ယဲ့ရှောင်ချန်းက လင်ရှန်းထျင်ကို လေ့လာအကဲခတ်နေသည်။

လင်ရှန်းထျင်ကလည်း ယဲ့ရှောင်ချန်းကို အကဲခတ်နေ၏။

သူမထင်ထားသည်ထက် ပိုငယ်နေသည့် နာမည်ကျော် ထိပ်တန်း ရုက္ခဗေဒပညာရှင် ယဲ့ရှောင်ချန်းကို အလွန်စိတ်ဝင်စားနေသည်။

သူမတောင် စိတ်မခိုင်ဘဲ သူ့ရဲ့ ထူးကဲသော အရှိန်အဝါကို မကြာခဏ ခိုးကြည့်နေမိသည်။

သူမက စိတ်ကစားလွယ်သော အမျိုးသမီးတစ်ဦး၏ အသက်အရွယ်ကို ကျော်လွန်ခဲ့တာ ကြာပြီဖြစ်သော စိတ်ဓာတ်ခိုင်မာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော်လည်း ယဲ့ရှောင်ချန်ကို မြင်လိုက်ရသောအခါ သူမအမြင်ပြောင်းလဲသွားခဲ့ပါသည်။

သူတို့နှစ်ဦး ယဥ်ယဥ်ကျေးကျေး စကားတချို့ ပြောခဲ့ကြ၏။

လင်ရှန်းထျင်က နောက်ဆုံးတော့ သူ့နောက်ခံ အကြောင်း ရှင်းပြလေသည်။

ဟင်းလျာများလည်း ရောက်ရှိနေပြီ။

ယဲ့ရှောင်ချန်းက တူဖြင့် အစားအသောက် တစ်ခုကို ညှပ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။ ဖြည်းဖြည်းချင်းဝါးရင်း ရုတ်တရက် ပြောလိုက်သည်။ "ဒါရိုက်တာလင်။ ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ အကြောင်းပြချက်ကိုတော့ ခင်ဗျား နားမလည်လောက်ဘူး။ တရုတ်သိပ္ပံကျောင်းတော်က ပြည်တွင်းအစိုးရနဲ့ ပူးပေါင်းပြီး သုတေသန ဓာတ်ခွဲခန်းကို ဌာနချုပ်မှာပဲ ဖွင့်လှစ်ဖို့ အစီအစဥ် မရှိဘူး။ ကျွန်တော်နဲ့ ကျွန်တော်မိသားစုတွေက မွေးရပ်မြေကနေ မထွက်သွားချင်လို့ ကျွန်တော်ငြင်းခဲ့တာပါ။"

ယဲ့ရှောင်ချန်းက ဘာမှ တွန့်ဆုတ်မှုမရှိဘဲ ငြင်းလိုက်ပါသည်။

ဒါက ကြိုးရှည်ရှည်လှန်ထားခြင်းထက် ပိုကောင်းပါသည်။

လင်ရှန်းထျင်ကလည်း မျက်နှာပေါ်တွင် စိတ်ပျက်သော အရိပ်အယောင် မပေါ်ထွက်လာခဲ့ပေ။

သူမ ဘာတွေတွေးနေသလဲဆိုတာ သူမကိုယ်တိုင်သာ သိပါသည်။

"မစ္စတာယဲ့ ရှင့်ရဲ့အတွေးတွေကို ကျွန်မ တကယ်တော့ နားလည်ပါတယ်။ ကျွန်မက ကွမ်ပြည်နယ်က လာခဲ့ပြီး တခြားပြည်နယ်တွေမှာ အလုပ်လုပ်နေတာကြာပါပြီ။ ကျွန်မ တစ်နှစ်တစ်ခေါက်တောင် အနိုင်နိုင် ပြန်သွားရတယ်။ တစ်ခါတစ်လေ ကျွန်မ တော်တော်လေး ကူကယ်ရာမဲ့သလို ခံစားရတယ်။"

လင်ရှန်းထျင်က ခပ်ပါးပါး ပြုံးလိုက်သည်။ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှု အပြည့်အဝ ပေါ်ထွက်လာသည်။

ထို့အပြင် သူမ၏ အသံက ဖုန်းထဲကထက်ပင် ပိုမိုသာယာနေပါသေးသည်။

လူတွေကို သူမအား မငြင်းဆန်နိုင်လောက်သည့် ဆွဲဆောင်မှုတစ်ခု သူမအသံထဲတွင် ရှိနေသည်။

ယဲ့ရှောင်ချန်းက ကြားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။

"ဒါပေမယ့် ကျွန် မလုပ်ခဲ့တာတွေက ထိုက်တန်တယ်လို့ ထင်တဲ့အတွက် ကျွန်မ တစ်ခါမှ နောင်တ မရခဲ့ဖူးဘူး။ မိသားစုတစ်ခုကို ထောက်ပံ့ပေးပြီး သူတို့တွေရဲ့ ဘဝကို သက်တောင့်သက်သာ ဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မလည်း တောက်ပလာစေပြီး လူတွေရဲ့ နေထိုင်မှုဘဝကို အကျိုးကျေးဇူးပြုနိုင်ခဲ့တယ်..."

လင်ရှန်းထျင်၏ လေသံ ပြောင်းလဲသွားသည်။ လူတိုင်း၏ နှလုံးသားအပေါ် သက်ရောက်မှုရှိစေနိုင်သည့် စွမ်းအင်တစ်ခု သူမအသံထဲတွင်ရှိနေပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက လွှမ်းမိုးရလွယ်သော လူမျိုး မဟုတ်ပါဘူး။

သူက အလွန် တည်ငြိမ်နေပါသည်။

ဒီအမျိုးသမီးက တကယ် အပြောကောင်းသည်။ လူတိုင်း၏ အနူးညံ့ဆုံး အချက်ကို တိုက်ခိုက်ရာတွင် ပို၍ပင် တော်သေးသည်။

"မစ္စတာယဲ့ ရှင့်ရဲ့ အစွမ်းအစက အနာဂတ်မှာ ရှင့်ကို သာမန်ထက်ပိုပြီး ထူးကဲစေဖို့ ကံပါလာတယ်။ ရှင့်ရဲ့ ဘဝတင်မဟုတ်ဘဲ ရှင့်ရဲ့ မိသားစုနဲ့ ရှင့်ရဲ့ မျိုးရိုးကိုပါ သက်ရောက်မှု ရှိစေလိမ့်မယ်။ ရှင် တောင်ပိုင်းမှာနေပြီး ဒါမှမဟုတ် မွေးရပ်မြေမှာနေပြီး ရှင့်ရဲ့အလုပ်ကို ဖွံ့ဖြိုးအောင် ကြိုးစားမယ်ဆိုရင် သေချာပေါက် နာမည်ကြီးလာမှာ ဖြစ်ပေမယ့် တချို့ကိစ္စတွေကိုတော့ သည်းခံရလိမ့်မယ်။ တစ်ခါတစ်လေ ရှင့်အတွက် ခက်ခဲလာစေလိမ့်မယ်။ ဒါက နာမည်ကျော် ပညာရှင်တိုင်း ကျော်ဖြတ်ရတဲ့ စမ်းသပ်ချက်တစ်ခုပဲ။ ရှင့်ရဲ့ တွေးခေါ်ပုံကို ပြောင်းလဲပြီး တခြားလမ်းတစ်ခုကို ရွေးချယ်ရင် အဲ့ဒီအခက်အခဲတွေ အလွယ်လေး ပြေလည်သွားတာ မြင်နိုင်ပါလိမ့်မယ်။"

လင်ရှန်းထျင်က ဆက်ပြောသည်။

ယဲ့ရှောင်ချန်းက သူမ၏ စကားပြောကောင်းမှုကို မှင်သက်နေမိပါပြီ။

လင်ရှန်းထျင် ပြောသွားသည့်စကားများက အဓိပ္ပာယ်ရှိသည်ဆိုတာကိုတော့ ဝန်ခံရမည်။

အင်မော်တယ် လယ်မြေများ၏ ကန့်သတ်ချက်မရှိပါက နေရာတိုင်းတွင် သူ အလုပ် လုပ်နိုင်သည်။

သို့သော်လည်း အခုတော့ သူ မလုပ်နိုင်ပါ။

လင်ရှန်းထျင် ဘာတွေပဲပြောပြော သူ့မျက်နှာကတော့ ဒီတိုင်းသာဖြစ်သည်။

လင်ရှန်းထျင်က ယဲ့ရှောင်ချန်းကို ဒီလောက် အသက်အရွယ်ငယ်ငယ်နှင့် လိမ္မာပါးနပ်လိမ့်မည်ဟု ထင်မထားပါ။

ယဲ့ရှောင်ချန်းနှင့် ပတ်သတ်ပြီး ဘာမှ အကဲမခတ်နိုင်ခဲ့ပေ။

ချက်ချင်းဆိုသလို သူမ၏ ဗျူဟာကို ပြောင်းလဲကာ နောက်ထပ်ရှုထောင့်တစ်ခုမှ ပြန်စတင်ဖို့ ဆုံးဖြတ်လိုက်၏။

"မစ္စတာယဲ့။ ရှင့်မှာ တက္ကသိုလ် တတိယနှစ် ကျောင်းသူ ညီမတစ်ယောက်ရှိတယ်ဆို"

လင်ရှန်းထျင်က ရုတ်တရက် ပြုံးလိုက်သည်။

ယဲ့ရှောင်ချန်းက မျက်မှောင်ကြုတ်သွား၏။ သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။

ယဲ့ရှောင်ချန်း နားလည်မှုလွဲနေသည်ကို လင်ရှန်းထျင် သိပါသည်။ ယဲ့ရှောင်ချန်းက သူ့မိသားစုအား ဂရုစိုက်သည်ကို သူမ ပြောနိုင်သည်။

"မစ္စတာယဲ့သာ ဆန္ဒရှိမယ်ဆိုရင် ရှင့်ညီမကို ဝူဟန်တက္ကသိုလ် ဝင်ရောက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သူ တာဝန်ပေးခံရပြီး အစိုးရဝန်ထမ်း တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။"

လင်ရှန်းထျင်သည် နောက်ဆုံးတော့ ယဲ့ရှောင်ချန်းအား ဖြားယောင်းဖို့ ဗျူဟာကို ပြောင်းလဲလိုက်ပြီဖြစ်သည်။

သူမ လေ့လာပြီးပါပြီ။ ယဲ့ရှောင်ချန်း၏ ညီမဖြစ်သူ ယဲ့ယင်က သာမန်အဆင့်သာရှိသည်။ တောင်ပိုင်းတက္ကသိုလ်သို့ သွားသော်လည်း ဒုတိယအဆင့်တက္ကသိုလ် ကိုင်းခွဲတစ်ခုသာ ဖြစ်သည်။ မာစတာဘွဲ့ရဖို့က သူမအတွက် ခက်ခဲလိမ့်မည်။ ဂုဏ်သရေရှိ တက္ကသိုလ် တစ်ခုအတွင်းသို့ ဝင်ရောက်ဖို့ကိုတော့ စိတ်ကူးထဲတောင် ထည့်လို့မရပါဘူး။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိသည်။ ဒီလင်ရှန်းထျင်ဆိုသူက တကယ်အံ့အားသင့်ဖို့ကောင်းသည်။

သူ့စိတ်ကိုသာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမထားပါက သူစိတ်ပြောင်းသွားနိုင်သည်။

သူ့ညီမသာ ဂုဏ်သရေရှိ တက္ကသိုလ်ကြီးတစ်ခုတွင် တက်ရောက်နိုင်ပါက သူမ၏ အနာဂတ်က တောက်ပလိမ့်မည်။

ကံမကောင်းစွာဖြင့်...

"ဒါရိုက်တာလင် ကျွန်တော်ဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး။ တခြား အကြောင်းအရင်းတွေ ရှိပါသေးတယ်။ သုတေသန အဖွဲ့အစည်းကို တောင်ပိုင်းမှာပဲ တည်ဆောက်မှ ဖြစ်မှာမို့လို့ပါ။ ကျွန်တော် စိတ်မကောင်းပါဘူး။"

ယဲ့ရှောင်ချန်းက လင်ရှန်းထျင်ကို အမြန်ဖြတ်ပြောလိုက်ပါသည်။

လင်ရှန်းထျင်၏ မျက်နှာတွင် နောက်ဆုံးတော့ စိတ်ပျက်သည့် ပုံရိပ်များ ပေါ်လာလေပြီ။

သူမတွင် တခြားဗျူဟာများရှိသေးသော်လည်း ယဲ့ရှောင်ချန်း၏ သဘောထားက အလွန်ရှင်းသည်။ ဒီလမ်းက အလုပ်ဖြစ်မည်မဟုတ်ပေ။

"ရပါတယ်ရှင်။ မစ္စတာယဲ့ရဲ့ ရွေးချယ်မှုပါပဲ။ အနာဂတ်မှာ ယဲ့ရှောင်ချန်း အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အနာဂတ်မှာ ကျွန်မတို့ အလုပ် အတူတူ လုပ်နိုင်ပါစေလို့လည်း မျှော်လင့်ပါတယ်။"

လင်ရှန်းထျင်က ဘာမမှမဖြစ်သလို တောက်ပသည့် အပြုံးဖြင့် ပြောလိုက်ပါသည်။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။ တကယ်တော်တဲ့မိန်းမပါလား။ အဲ့တာကြောင့်လည်း ဒီလောက်မြင့်တဲ့ ရာထူးကို ရခဲ့တာပေါ့။

ညစာစားပြီးနောက် လင်ရှန်းထျင်က နှုတ်ဆက်ပြီး တွန့်ဆုတ်မှုမရှိဘဲ ထွက်သွားတော့သည်။

ငွေကိုတော့ သူရှင်းခဲ့ပါသည်။

ယဲ့ရှောင်ချန်းက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှ စိုက်ပျိုးရေးခြံသို့ ပြန်ရောက်ရောက်ချင်း ဖုန်းမြည်လာသည်။ ကျန်းဟုန်ယဲ့ခေါ်ခြင်းဖြစ်၏။ မြောက်ပိုင်းဒေသ အစိုးရဌာန၏ ဒါရိုက်တာ လင်ရှန်းထျင် ယဲ့ရှောင်ချန်းနှင့် ညစာစားသည့် ကိစ္စ မေးမြန်းလာခဲ့ခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်း ဆွံ့အသွားသည်။ ခဏလေးသာ ရှိသေးသော်လည်း ကျန်းဟုန်ယဲ့က သိနေလေပြီ။

"ရှောင်ချန်း စိတ်ထဲထားမနေပါနဲ့။ ရှင့်ရဲ့ အထောက်အထားက အခုဆို အရေးကြီးနေပြီ။ ရှင့်ကို စောင့်ရှောက်ပေးဖို့ လူတွေ ပို့ပေးရလိမ့်မယ်။ ဒါပေမယ့် ရှင်နဲ့ ရှင့်မိသားစုကို ဘယ်နည်းနဲ့မှ မထိခိုက်စေရပါဘူး။"

ယဲ့ရှောင်ချန်း အထင်လွဲမည်ဆိုးသဖြင့် ကျန်းဟုန်ယဲ့ ပြောလိုက်ပါသည်။

"ရပါတယ်ဗျာ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

အစိုးရက သူ့ကိုကာကွယ်ဖို့ လူများ လျှို့ဝှက် ပို့ဆောင်ထားမှန်း သိပြီးသားဖြစ်ပါသည်။

အံ့သြစရာမရှိပါ။ သန့်စင်မြက်ပင် သူခိုးကိစ္စ ဖြစ်ပြီးကတည်းက ယဲ့ရှောင်ချန်းအား နောက်ကွယ်မှ ကြိုးကိုင်သူများ ပစ်မှတ်ထားမလာနိုင်ပါဘူးဟု မပြောနိုင်ပေ။

လက်ရှိကျင့်ကြံမှုကြောင့် အစသာရှိသေးသော်လည်း အလွန်နိုးကြားနေပါပြီ။

သူ့ကို လျှို့ဝှက် ကာကွယ်ပေးနေသည့် လူများက အလွန်တော်ကြပါသည်။ သို့သော် သူ့ထံမှ ပုန်းကွယ်လို့တော့ မရနိုင်ပါ။

"ရှောင်ချန်း ပြည်နယ်က သုတေသန အဖွဲ့အစည်းကိစ္စကို အရမ်းစိတ်ပူနေတယ်။ အတွင်းဘက် ပြိုင်ဆိုင်မှုတွေက အရမ်းပြင်းထန်နေပြီး အားလုံးက သုတေသန အဖွဲ့အစည်းကို မတူညီတဲ့နေရာတွေမှာ တည်ဆောက်ချင်နေကြပေမယ့် ဒါက အတွင်းပိုင်း ပြဿနာပါပဲ။ တခြားပြည်နယ်တစ်ခုနဲ့ သွားတွေ့ရင်တော့ အပြင်ဘက်က ပြဿနာဖြစ်လာနိုင်တယ်။ အခြေအနေရဲ့ သဘောသဘာဝက ခြားနားတယ်။ နင့်ရဲ့ ဆုံးဖြတ်ချက်က ခိုင်မာနေရမယ်နော်။"

ကျန်းဟုန်ယဲ့က လေးနက်စွာဖြင့် အကြံပေးလိုက်သည်။

"အစ်မကျန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် မြောက်ပိုင်းဒေသ ကမ်းလှမ်းတဲ့ ကမ်းလှမ်းချက်တွေက ကောင်းလွန်းတယ်။ ဥပမာအားဖြင့် ကျွန်တော့်ညီမကို ဝူဟန်တက္ကသိုလ်ကို ထားပေးမှာတို့၊ အစိုးရအလုပ်ရမှာတို့ ပြောလာတာ၊ တခြားကိစ္စတွေကိုတော့ ပြောမနေနဲ့တော့။ ကျွန်တော် အကျပ်ရိုက်နေပြီဗျာ။"

ယဲ့ရှောင်ချန်း၏ မျက်လုံးများ ပြောင်းလဲသွားပြီး အကြံတစ်ခုရလာသည်။

မြောက်ပိုင်းဒေသသို့ သူသွားလို့မရသော်လည်း အနည်းဆုံးတော့ အခွင့်ထူးတချို့ နှိုက်ထုတ်ရမည်။

"ကောင်စုတ်လေး နင်က ငါ့ဆီက အခွင့်ထူးတွေ လာယူချင်နေတယ်ပေါ့။ ငါ့မှာ အဲ့လို လုပ်ပိုင်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ငါပြောမယ်။ အထက်လူကြီးတွေက အဲ့လိုအသေးစား တောင်းဆိုမှုလေးကို လုပ်ပေးဖို့ ပြဿနာ မရှိနိုင်လောက်ဘူး။"

ကျန်းဟုန်ယဲ့တစ်ယောက် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

"ဟဲဟဲ အစ်မကျန်း အခွင့်ထူးပိုရလေလလေ ကောင်းလေလေပေါ့။ ရှင်းဟွာဖြစ်ဖြစ် ပေကျင်းဖြစ်ဖြစ် ရရင် ပိုကောင်းတာပေါ့။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

"မေ့လိုက်စမ်းပါ ရှင်းဟွာနဲ့ ပေကျင်းကိုတက်ဖို့က လွယ်တယ်များထင်နေလား။ ဒါပေမယ့် ပြောပေးလိုက်ပါ့မယ်။ အဲ့ကိစ္စ စိတ်မပူစမ်းပါနဲ့" ကျန်းဟုန်ယဲ့က ပြောလိုက်သည်။

သူတို့နှစ်ဦး ခေတ္တ စကားပြောကြပြီး ဖုန်းချလိုက်ကြသည်။

ယဲ့ရှောင်ချန်း မေးကိုင်လိုက်သည်။ Contact စာရင်းထဲ မွှေပြီး သူ့ညီမကို ခေါ်လိုက်၏။

"ညီမလေး နင့်ပညာရေးအခြေအနေ ဘယ်လိုနေလဲ။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

"အဆင်ပြေပါတယ်"ယဲ့ယင်က ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့နော်။ ကိုကြီး ဆားရည်စိမ် ဟင်းသီးဟင်းရွက် နည်းနည်းလောက် ပို့ပေးလိုက်မယ်။ တခြားသူတွေကိုတော့ မစားခိုင်းနဲ့နော်။ ဒါက အရမ်းစျေးကြီးတယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ကပ်စေးနဲတာ မဟုတ်ပေမယ့်လည်း ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက အင်မော်တယ် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များဖြစ်သည်။

ဝိညာဥ်ဖြတ်တောက်ထားသည့် အင်မော်တယ် အပင်များကို သုံးကာ ပြုလုပ်ထားခြင်းဖြစ်သည်။

သူ့မိသားစုဝင်များသာ စားနိုင်သည်။ တခြားသူများကတော့ အင်မော်တယ်စမ်းရေ ဆားရည််စိမ် အသီးအရွက်များသာ စားနိုင်ပါသည်။

"နားလည်ပါပြီ အစ်ကိုကြီး ဘာလို့ ဒီလောက်တောင် ကပ်စေးနဲရတာလဲဆိုတာ နားမလည်တော့ဘူး။"

ယဲ့ယင် သဘောတူလိုက်ပါသည်။

သူ့အစ်ကို သူမကို ဒီလို ဘယ်နှကြိမ်ပြောပြီးမှန်းတောင် မမှတ်မိတော့ပါ။ အခုတော့ အင်မော်တယ် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို တိုးတိုးတိတ်တိတ်သာ သူမ စားနိုင်ပါသည်။ မဟုတ်ပါက တခြားအတန်းဖော်များသာ မြင်သွားလျှင် သူမ မငြင်းနိုင်လောက်ပါ။

All Chapters