← Chapters

အခန်း (၁၉၅) - အဆင့်မြှင့်တင်ရန်

Vol. 13 Ch. 195

အခန်း (၁၉၅) - အဆင့်မြှင့်တင်ရန်

Vol. 13 Ch. 195

အခန်း (၁၉၅) - အဆင့်မြှင့်တင်ရန်

စိုက်ပျိုးရေးခြံတွင်။

ယဲ့ရှောင်ချန်း ဖုန်းချလိုက်ပြီး စဥ်းစားကြည့်လိုက်သည်။ သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မစစ်ကြည့်ရတာ ကြာပြီဖြစ်သည်။

ယဲ့ရှောင်ချန်း ရှန်းနုန် စနစ်ကို ဆင့်ခေါ်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

ဇာတ်ကောင် : ယဲ့ရှောင်ချန်း

အလုပ်အကိုင် : ရှန်းနုန် (အဆင့် ၁)

ကျင့်ကြံခြင်းအဆင့် : အခြေခံအုတ်မြစ်တည်ဆောက်ခြင်း

ပါရမီများ : စိတ်ပညာ + 1, အထွက်နှုန်း + 1, အရည်အသွေး + 1, အရှိန်တိုးမြှင့်ခြင်း + 1, ကပ်ရောဂါ ခံနိုင်ရည် + 1, အင်းဆက် ခံနိုင်ရည် + 1, မျိုးကွဲခြင်း + 1, ခွန်အား တိုးမြှင့်ခြင်း + 1, အဆိပ်ခံနိုင်ရည် + 1,  သန့်စင်မှု + 1

အင်မော်တယ်ယွမ် : ၂၀၅၆ ယွမ်၊ ဝိညာဥ်ယွမ် ၃၉ ယွမ်

အတွေ့အကြုံအမှတ် : ၉၆၁၀၀

ယဲ့ရှောင်ချန်း အလွန်အံ့အားသင့်သွားသည်။ အရင်တစ်ခေါက် အဝါရောင် အင်မော်တယ် ပဲစေ့များ ခူးဆွတ်လိုက်သောအခါ သူ့သန့်စင်မှု ပါရမီက ၀.၉၈ မှတ် သာ ရှိသေးသည်။ ယခုအခါ ၁ မှတ် သို့ အမြန်ပြည့်သွားပြီ ဖြစ်ပါသည်။

ထို့အပြင် အတွေ့အကြုံအမှတ်ကလည်း ၉၆ မှတ် ရောက်ရှိနေပါပြီ။ အမှတ် ၁၀၀ ပြည့်ဖို့ ၄ မှတ်သာ လိုတော့သည်။

တနည်းအားဖြင့် နောက်တစ်ခေါက် အင်မော်တယ် အပင်များကို ရိတ်သိမ်းပါက အဆင့်မြှင့်တင်နိုင်ပါတော့မည်။

ယဲ့ရှောင်ချန်းတစ်ယောက် အလွန်စိတ်ဝင်စားနေသည်။ အဆင့်မြှင့်တင်ပြီးသွားသောအခါ ရှန်းနုန်စနစ် ဘာဖြစ်သွားမလဲ မသိပါ။

ရုတ်တရက် သူ့နှလုံးခုန်နှုန်း ရပ်တန့်သွားရ၏။ အင်မော်တယ်မြက်ပင် ပထမအသုတ်ကို ရိတ်သိမ်းလိုက်ရတော့မလား။

အခု အဆင့်မြှင့်တင်ပြီးသွားသောအခါ ရှန်းနုန်စနစ်၏ ပြောင်းလဲမှုများကို သူမြင်ချင်နေသည်။

ထိုကဲ့သို့ စဥ်းစားပြီး ချက်ချင်းဆိုသလို စိတ်ဆုံးဖြတ်ချက်ချလိုက်၏။ ချက်ချင်း အင်မော်တယ် တံစဥ်ကို ထုတ်ယူကာ အင်မော်တယ် ဝိညာဥ်ပိတ်ဆေးရည်ဖြင့် သုတ်လိမ်းလိုက်၏။

အင်မော်တယ် မြက်ပင်များအားလုံး ရိတ်သိမ်းပြီးသွားသောအခါ စနစ်ထံမှ အသိပေးချက်တစ်ခုကို ကြားလိုက်ရသည်။

"ဒင် အတွေ့အကြုံအမှတ် ၁၀၀ ကျော်သွားပါပြီ။ အဆင့်မြှင့်တင်နိုင်ပါပြီ။ အဆင့်မြှင့်တင်လိုပါသလား။"

ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားကာ အမြန်ဆုံး စနစ်ကို အဆင့်မြှင့်တင်လိုက်ပါပြီ။

"ဒင် အဆင့်မြှင့်တင်ခြင်းက ၃ ရက် ကြာမြင့်နိုင်ပါသည်။ ထို ၃ရက်တောအတွင်း စနစ်၏ လုပ်ဆောင်ချက်တချို့ကို အသုံးပြု၍ မရနိုင်ပါ။"

စနစ်၏ အသိပေးသံကို ကြားသောအခါ ယဲ့ရှောင်ချန်း ကြက်သေသေသွားပြီး အသက်ဝဝရှူလိုက်သည်။ ဒီအဆင့်မြှင့်တင်မှုတွင် ပြောင်းလဲမှု ကြီးကြီးမားမားများ ရှိလာနိုင်သည့်ပုံပင်။ သူ မျှော်လင့်နေမိပါသည်။

ထို့နောက် ချက်ချင်းဆိုသလို ရှန်းနုန်စနစ် ပျောက်ကွယ်သွားပြီး ဆင့်ခေါ်လို့မရတော့ကြောင်း သူခံစားလိုက်ရသည်။

ယဲ့ရှောင်ချန်းတစ်ယောက် ပျော်လည်းပျော် စိတ်လည်းလှုပ်ရှားနေမိပါသည်။

ရှန်းနုန်စနစ် အိပ်မက်တစ်ခုလို သူ့ဘဝထဲက ပျောက်သွားမည်ကိုလည်း စိုးရိမ်နေမိပါသည်။

သို့သော်လည်း သူ့ဘေးက အင်မော်တယ် အပင်များနှင့် သူ့ဒန်တန်ထဲက မှော်စွမ်းအင် ပုံဆောင်ခဲကို မြင်သောအခါ စိတ်အေးသွားရပါသည်။

အားလုံးက အစစ်အမှန် ဖြစ်သည်။

ဒါက ရှန်းနုန်စနစ်၏ အဆင့်မြှင့်တင်ခြင်းသာ ဖြစ်ပါသည်။

နောက်တစ်နေ့မနက်။

ယဲ့ရှောင်ချန်းသည် ကုမ္ပဏီအစည်းအဝေး တက်ရောက်ဖို့ ကျင်းကောင်တီမြို့က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်သို့ သွားရောက်ခဲ့သည်။

ဒီတစ်ခေါက် ဆိုင်ခွဲအကြောင်း ဆွေးနွေးနေကြခြင်းဖြစ်ပါသည်။

ကုမ္ပဏီ၏ စီမံရေးနှင့် ရှယ်ယာဝင်တချို့အပြင် ယန်ရှစ်ဆိုင်ခွဲအတွက် ပါဝင်ဖို့ ဝမ်ရှောင်ပင်းနှင့် တခြားလူနှစ်ဦးလည်း ရှိနေပါသည်။

အင်မော်တယ်စမ်းရေ ကုမ္ပဏီ၏ အစည်းအဝေးပွဲအား ဝမ်ရှောင်ပင်းနှင့် အခြားနှစ်ဦးတို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်သဖြင့် အလွန်စိတ်လှုပ်ရှားနေကြပါသည်။

ယန်ရှစ်ဆိုင်ခွဲတွင်သာ ရင်းနှီးမြှုပ်နှံနိုင်ကြသော်လည်း ယဲ့ရှောင်ချန်း တည်ဆောက်ထားသည့် အရင်းအနှီးအဖွဲ့ထဲ ဝင်ရောက်နိုင်ခဲ့ပြီဟု ဆိုလိုပါသည်။

အနာဂတ်တွင် ဖွံ့ဖြိုးနိုင်ချေ အလွန်ကောင်းမွန်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

အထူးသဖြင့် ယဲ့ရှောင်ချန်းလို ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက်အတွက် အနာဂတ်က ပို၍ပင် တောက်ပနေပါသေးသည်။

တချို့သော လျှို့ဝှက်လမ်းကြောင်းများဖြင့် တရုတ်သိပ္ပံကျောင်းတော်က တောင်ပိုင်းဒေသ အစိုးရနှင့် ပူးပေါင်းကာ သုတေသနအဖွဲ့အစည်း ကိုင်းခွဲတစ်ခုကို တည်ဆောက်ကြမည်ဟု ကြားကြသော်လည်း အဓိက အရေးပါသူက ယဲ့ရှောင်ချန်းဖြစ်ပါသည်။

ယေဘုယျအခြေအနေကိုသာ သိသော်လည်း ယဲ့ရှောင်ချန်းက အံ့သြဖို့ကောင်းလောာက်အောင် သတင်းရင်းမြစ်ခိုင်မာသည်ဟု ခံစားလိုက်ရ၏။

ဒီလိုလူမျိုးနောက်ကိုသာ လိုက်လို့ မချမ်းသာလာပါက ထူးဆန်းနေပါလိမ့်မည်။

ယဲ့ရှောင်ချန်းက ဦးဆောင်ပြီး အစည်းအဝေးပွဲက ချောချောမွေ့မွေ့ပြီးဆုံးသွားပါသည်။ ရှုထောင့်အားလုံး၏ ကန့်သတ်ချက်အားလုံးလည်း ချောချောမွေ့မွေ့ အောင်မြင်သွားသည်။

အစည်းအဝေးပြီးသောအခါ။

ယဲ့ရှောင်ချန်းက ရုံးခန်းထဲတွင် ထိုင်နေ၏။

ယခုကုမ္ပဏီက ကျယ်ပြန့်လာပြီဖြစ်သဖြင့် မူလ သုံးထပ် အဆောက်အဦးမှာ ကုမ္ပဏီ၏ လိုအပ်ချက်များကို မပြည့်မှီနိုင်ပါ။

ထိုဘေးက နှစ်ထပ်ဗီလာတစ်ခုကို ငှားရမ်းကာ ရုံးခန်းနေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

ငှားရမ်းခက အလွန်းနည်းပါးပါသည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကြောင့် ခရမ်းတောင်ဗီလာ၏ စီးပွားရေးက အလွန်တိုးတက်နေပါပြီ။

ခရမ်းတောင်ဗီလာ၏ ပိုင်ရှင်က ဗီလာနှင့် အင်မော်တယ်စမ်းရေစားသောက်ဆိုင်နှစ်ခုကို အတူတူ ချည်နှောင်ချင်နေပါသည်။ သူလည်း ရင်းနှီးမြှုပ်နှံချင်နေ၏။

ကံမကောင်းစွာဖြင့် လီကျန့်ရမ်နှင့် တခြားသူများက သဘောတူမည် မဟုတ်ပါ။

"ကျွမ်းကျစ် နင်ဒီမှာ အလုပ်လုပ်ရတာ ပျော်ရဲ့လား။"

ယဲ့ရှောင်ချန်းက ဆိုဖာပေါ်တွင် ထိုင်နေပြီး ရှီကျွမ်းကတော့ မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။

"ဒါပေါ့၊ လစာကမြင့်ပြီး အခွင့်ထူးတွေကလည်း ကောင်းတယ်။"

ရှီကျွမ်းက ပြုံးလိုက်သည်။

"နင့်ဗိုက်က တော်တော်ကြီးနေပြီနော်။ အလုပ် အရမ်းမလုပ်နဲ့။ တစ်ခုခုဖြစ်ရင် ခွင့်သာတင်လိုက်ပါကွာ။"

ယဲ့ရှောင်ချန်းက ရှီကျွမ်း၏ ဗိုက်ကိုကြည့်ကာ ပြောလိုက်သည်။ သူမ၏ ကိုယ်ဝန်က ၇လလောက် ရှိနေပြီဖြစ်သည်။ ၂ လ ၃ လ အတွင်း မွေးတော့မည်ဟု ခန့်မှန်းရ၏။

"ရပါတယ်။ မွေးခါနီးမှ ခွင့်ယူလို့ရပါတယ်။"

ရှီကျွမ်းက ပြုံးလိုက်သည်။

"ဒီလောဘသမားကတော့ နင်ခွင့်ယူရင် အခြေခံလစာပဲရမှာ စိုးရိမ်နေတာမဟုတ်လား။"

ရှီကျွမ်း ဘာတွေးနေသလဲ ယဲ့ရှောင်ချန်းသိပါသည်။ ထို့ကြောင့် ပြုံးလိုက်၏။

"သြော် ငါဘာတွေးနေလဲ သိတယ်လား။ အရမ်းကျယ်ကျယ်မပြောပါနဲ့။ ငါ့ကို မျက်နှာပျက်ရအောင် မလုပ်ပါနဲ့။"

ရှီကျွမ်းက သူ့ကို မျက်စောင်းရွယ်လိုက်သည်။

"ချိုင်ချန်း ထောက်ပို့ရေးအဖွဲ့ထဲဝင်သင့်တယ်လို့ ငါထင်တယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။ "ဒီလိုဆို နင်လည်း ဝန်ပေါ့သွားမယ်။ နင်က မိန်းကလေးလေ။ အရမ်းသန်မာချင်ယောင် မဆောင်ပါနဲ့။ မဟုတ်ရင် နင်ထိခိုက်ရလိမ့်မယ်။"

"ငါခက်ခက်ခဲခဲ ဘဝနဲ့နေဖူးပါတယ်။ နင့်ကုမ္ပဏီမှာ ငါတစ်ယောက်တည်း လုပ်ပါ့မယ်။ မဟုတ်ရင် ငါတို့နှစ်ယောက်စလုံးလုပ်ရင် နင့်အတွက် ခက်ခဲမှာပေါ့။"

ရှီကျွမ်းက ခေါင်းခါကာ ပြောလိုက်သည်။

သူမ၏ ဆွေမျိုးများစွာက သူမကို မနာလိုဖြစ်နေမှန်း သိပါသည်။ ဘာပဲဖြစ်ဖြစ် အလုပ်ကောင်းကောင်း လစာကောင်းကောင်း ရထားသည်မဟုတ်လား။

ယဲ့ရှောင်ချန်း သူတို့အတွက် အလုပ်တစ်ခု စီစဥ်ပေးနိုင်ဖို့ပင် မျှော်လင့်နေကြသည်။

တကယ်တော့ မခက်ပါ။ သာမန်အလုပ်နှင့် သာမန် လစာဆိုလျှင် သူတို့မလုပ်ချင်လောက်ပါ။

သူတို့တွင် အစွမ်းအစမရှိသဖြင့် အရေးကြီးသည့် ရာထူးပေးလို့မဖြစ်ပါ။

ရှီကျွမ်းက ယဲ့ရှောင်ချန်း၏ အဆက်အသွယ်ဖြင့် ကုမ္ပဏီသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း သူမမှာ အစွမ်းအစရှိပါသည်။ သူမ၏ အလုပ်လုပ်ပုံက အလွန်ကောင်းမွန်သဖြင့် ကုမ္ပဏီထဲက ဘယ်သူကမှ မကန့်ကွက်ကြပါ။

"ဒီလိုဆိုရင်ကော ငါ့မိတ်ဆွေတစ်ယောက်ရဲ့ ကုမ္ပဏီမှာ သူ့ကိုအလုပ်သွင်းပေးမယ်လေ။"

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုချန်း ကျေးဇူးပါ။"

ရှီကျွမ်းက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

ယခု ချိုင်ချန်းက အွန်လိုင်စတိုးဆိုင် ဖွင့်ထားသဖြင့် ဝင်ငွေက မတည်ငြိမ်ပါ။ သူ အလုပ်ရသွားလျှင် ပိုကောင်းပါသည်။

ယဲ့ရှောင်ချန်း ညွှန်းပေးသည့် အလုပ်ကလည်း မဆိုးရွားလောက်ပါ။

"ရပါတယ်။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

သူက အလွန် ထောက်ထားငဲ့ညာတတ်သော လူမျိုး ဖြစ်ပါသည်။ သူ့ဆွေမျိုးများနှင့် အတူတူပဲ ဖြစ်သည်။

ပုံမှန်ဆို တစ်ယောက်ယောက်က သူ့ကို အကူအညီတောင်းလျှင် သူက အနည်းငယ် ကူညီပေးပါသည်။

ဥပမာအားဖြင့် အရင်တစ်ခေါက်က သူ့ဒုတိယဦးလေး၏ သား စက်ရုံက အခြေအနေ မကောင်းသဖြင့် ငွေရေးကြေးရေး ပြဿနာ တက်နေသည်။ သူ့ထံမှ ပိုက်ဆံလာချေး၏။ စကားတစ်ခွန်းမှ မပြောဘဲ ၁၀၀,၀၀၀ ယွမ် ထုတ်ပေးလိုက်ပါသည်။

ထိုပမာဏက မများသော်လည်း နည်းလည်းမနည်းပါ။

ယွမ် ၁၀၀,၀၀၀ လောက်က အခု သူ့အတွက် ဘာမှ မဟုတ်တော့ပေ။ အရင်လ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ အစုပေါ်အမြတ်က စံချိန်တင်သွားသည်။ ယွမ် ၅ သန်းကျော် ရခဲ့ပါသည်။

အခုတော့ လက်ထဲတွင် ယွမ် ၁၀ သန်းကျော် ပိုင်ဆိုင်ထားပြီဖြစ်ပါသည်။

ဒီလောက် ငွေပမာဏအများကြီးနှင့်ဆို သူ့ဘဏ်အကောင့်ထဲ ထည့်ထားပါက အကြံကောင်း မဟုတ်မှန်း သိသဖြင့် ရင်းနှီးမြှုပ်နှံဖို့ စီစဥ်ထားပါသည်။

သို့သော်လည်း စီမံကိန်းကောင်းကောင်း မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကလည်း သူရင်းနှီးမြှုပ်နှံဖို့ မလိုအပ်ပါ။

"စိုက်ပျိုးရေးခြံကို တိုးချဲ့ဖို့ သုံးလိုက်ရင်တော့ ကောင်းတယ်၊ ဒါပေမယ့်..."

ရှီကျွမ်း ထွက်သွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အတွေး နက်နေခဲ့သည်။

စိုက်ပျိုးရေးခြံ၏ အရွယ်အစားက အင်မော်တယ်စမ်းရေ အသီးအရွက်များ၏ အထွက်နှုန်းကို ကန့်သတ်နေပါသည်။

သို့သော် သူက အလုပ်သမား ငှားရမ်း၍ မဖြစ်ပါ။

"ကြည့်ရတာ စနစ်အဆင့်မြှင့်တင်ပြီးတာနဲ့ ပဲစေ့ စစ်သည်တော်တွေ ဝယ်ရတော့မယ် ထင်တယ်။"

ယဲ့ရှောင်ချန်း တစ်ယောက်တည်း တွေးလိုက်ပါသည်။

ပဲစေ့စစ်သည်တော် ရုပ်သေးများကသာ သူ့လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်သည်။

သူ့ကုန်ကျစရိတ်ကို အလွန်များပြားလာစေမည်ဖြစ်သော်လည်း မတတ်နိုင်ပါ။

"စနစ် အဆင့်မြှင့်တင်ပြီးသွားရင် အင်မော်တယ်ယွမ်ရဖို့ တခြားနည်းလမ်းတွေရှိလာပါစေလို့ပဲ ငါမျှော်လင့်ပါတယ်။"

ယဲ့ရှောင်ချန်း မျှော်လင့်နေမိပါသည်။

All Chapters