← Chapters

ရှုပ်ထွေးလှသော တိုက်ပွဲ

Vol. 54 Ch. 751

ရှုပ်ထွေးလှသော တိုက်ပွဲ

Vol. 54 Ch. 751

မိုဝူကျိက တိုက်ပွဲ ဖြစ်လာကြောင်း သိလိုက်ရသည်။ လူများစွာက တိုက်ပွဲအတွင်း အသတ်ခံနေရလေ၏။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ တိုက်ပွဲဖြစ်နေကြခြင်း ဖြစ်ပေသည်။ တခြားသော မျိုးနွယ်စုများကမူ တစ်ချို့တလေက လူသားမျိုးနွယ်ဘက်မှ တိုက်ခိုက်ပေးပြီး တစ်ချို့က မိစ္ဆာမျိုးနွယ်ဘက်မှ တိုက်ပေးနေကြသည်။ တိုက်ပွဲတစ်ခုလုံးကား ရှုပ်ထွေးနေပြီး ငရဲမြင်ကွင်းနှင့်ပင် တူနေသေး၏။

စကြဝဠာနံရံကြီး ပွင့်လာသည့်အခါတိုင်း တိုက်ပွဲ ဖြစ်လေ့ရှိသည်မှာ အမှန်ပင် ဖြစ်၏။ မိုဝူကျိက ထိုအတွေးဖြင့် ပြင်းထန်သော အားတစ်ခုက သူ့နောက်ကျောဆီ ရောက်လာကာ တိုက်ပွဲကွင်းဆီ ဆွဲခေါ်သွားလေသည်။

မိုဝူကျိက သူ့နောက်ကျောဘက်မှ အားကို မစစ်ဆေးနိုင်လိုက်ခင် အလင်းခုနှစ်ချက်က သူ့ဆီ ပြေးဝင်လာလေ၏။ မိုဝူကျိက သူ့ပုဆိန်လှံရှည်ဖြင့် ကာဆီးကာ ထိုအလင်းများကို တားဆီးလိုက်သည်။ သို့သော်လည်း သူက ပြန်လည် တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။

အကယ်၍ လူတချို့သာ ဆိုလျှင် သူက သတ်လိုက်မည် ဖြစ်သော်လည်း ဤနေရာ၌ မြောက်များစွာသော အဆင့်မြင့် ကျင့်ကြံသူများ ရှိနေလေရာ အနည်းဆုံးတော့ သောင်းဂဏန်း ရှိပေသည်။ သူ့အတွက် ထိုသူများကို အကုန်လုံး သတ်ပစ်ဖို့ရာ မဖြစ်နိုင်ချေ။ ထို့အပြင် သူက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ဝင် နှစ်မျိုးလုံးကို သတ်ခဲ့သောကြောင့် သူက ဘယ်ဘက်ကမှ မဟုတ်ပေ။ အရိုးသားဆုံးပြောရလျှင် သူကိုယ်တိုင်ပင် မျိုးနွယ်စု တစ်ခုနှင့် တစ်ခု မည်သို့ ခွဲခြားကြောင်း မသိပေ။

မိုဝူကျိက တိုက်ပွဲအစွန်း၌ နေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ အချိန်တိုလေးအတွင်း သူက သိလိုက်ရသည်။ လူသားမျိုးနွယ်မှ အင်မော်တယ်များက သူတို့ဘေးပတ်လည်တွင် ဝါဖျော့ဖျော့ အငွေ့အသက်များ ရှိနေလေ၏။ မိုဝူကျိက လူသားမျိုးနွယ်ဝင် ကျင့်ကြံသူ တစ်ယောက်ကို အာရုံစိုက်ထားလိုက်ပြီး ထိုကျင့်ကြံသူက မိစ္ဆာမျိုးနွယ်ကို သတ်လိုက်သည့်အခါ သူ့လက်ကောက်ဝတ်ပေါ်က ကျောက်စိမ်းလက်ပတ်အပေါ် အမှတ်အသားလေး တစ်ခု ပေါ်လာလေ၏။ သူ သတ်လိုက်သည့် မိစ္ဆာမျိုးနွယ်ဝင်က မည်မျှသန်မာသည်ပေါ် မူတည်၍ ထိုအမှတ်အသားနောက်မှ စွမ်းအားသည် ပြောင်းလဲမှု ရှိ၏။

တစ်ဖက်တွင် မိစ္ဆာမျိုးနွယ်ဝင်များက သူတို့ဘေးပတ်လည်တွင်  အစိမ်းဖျော့ဖျော့လေး ထုတ်လွှင့်နေပြီး သူတို့လက်ကောက်ဝတ်တွင်လည်း တူညီသော ကျောက်စိမ်းလက်ပတ်များ ရှိနေသည်။

ဆုလာဘ်များမှာ ထိုလက်ပတ်ပေါ်က အမှတ်အသားပေါ် မူတည်နေသည်မှာ သိသာလှသည်။ မိုဝူကျိတွင် လက်ပတ်မရှိသည့်အတွက် ဤတိုက်ပွဲ၌ ပါဝင်ရန် မလိုလားပေ။

မိုဝူကျိက ကိုယ့်ဘာသာ သတိထားကာ အဆုံးအထိ နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ကျောက်စိမ်းလက်ပတ် မရှိသည့် အင်မော်တယ်များကို စတင်ရှာဖွေလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ့လိုမျိုး လက်ပတ်မပါသည့် ကျင့်ကြံသူ တစ်ယောက်သာ ရှိကြောင်း သိလိုက်ရသည်။ ထိုကျင့်ကြံသူမှာလည်း ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်နေ၏။ သူက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်စု  နှစ်မျိုးလုံး၏ ဝိုင်းထားခြင်း ခံနေရလေရာ နောက်ဆုံး၌ အသတ်ခံလိုက်ရတော့သည်။

မိုဝူကျိက ထိုကျင့်ကြံသူအား သတ်လိုက်သော လူသားမျိုးနွယ်စုဝင်၏ လက်ပတ်၌ အမှတ် နှစ်ခု ရှိကြောင်း သိလိုက်ရသည်။ ထို့အပြင် ထိုအမှတ် နှစ်ခုမှ စွမ်းအားမှာ အလွန်အားကောင်းပေ၏။

အပိုအမှတ်လေးမှာ ဆုလာဘ် ဖြစ်ပြီး အမြင်နှင့်ပင် ဤတိုက်ပွဲကြီးက ဘက်မရွေးထားသည့် လူများကို တည်ရှိခွင့် မပြုထားပေ။

မိုဝူကျိက သူ့ဘေးပတ်လည်၌ ထွက်ပေါ်လာသော အငွေ့အသက်များကို စတင် ခံစားမိလာ၏။ ထိုအရာမှာ အဝါဖျော့နှင့် အစိမ်းဖျော့တို့ ဖြစ်သည်။ သူက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ် နှစ်မျိုးလုံးကို သတ်ခဲ့မိကြောင်း  ဆိုလိုနေခြင်း ဖြစ်၏။ သူ့ကို သတ်သည့် မည်သူမဆို ဆုလာဘ်နှစ်ဆ ရမည် ဖြစ်၏။

မိုဝူကျိက ထိုအချက်ကို သတိထားမိလိုက်သည်နှင့် သတ်ဖြတ်ငွေ့တချို့က သူ့ဆီ ဝင်ရောက်လာလေ၏။ ထိုစဉ် သူက ဆကလက် တိုက်ခိုက်နေပါက အရူးသာ ဖြစ်သွားပေလိမ့်မည်။ သူက ထွက်ပြေးဖို့ရာ တုံ့ဆိုင်းမနေတော့ချေ။

ကျင့်ကြံသူများက မိုဝူကျိ ထွက်ပြေးသွားသည်ကို မြင်သောအခါ ဆက်လက်၍ မလိုက်ကြပေ။

မိုဝူကျိ ရပ်တန့်လိုက်သည့်အခါ တိုက်ခိုက်မှုများ ရောက်ရှိလာပြန်၏။ မိုဝူကျိက စိတ်ထဲမှသာ ကျိန်ဆဲလိုက်တော့သည်။ ဤတိုက်ပွဲအတွင်း သူ့အတွက် အနားယူဖို့ရာ ခက်ခဲမည်မှန်း သိလိုက်သည်။ သူ့လေလွတ်မြောက်ရေး နည်းစနစ်နှင့် တည်နေရာ ရွေ့ပြောင်းစွမ်းရည် ရှိနေ၍ ကံကောင်းသွားတော့၏။ မဟုတ်လျှင် သူက အဝိုင်းခံရသည်နှင့် သေဖို့သာ ရှိ၏။

ထိုစဉ် မိုဝူကျိက ဤနေရာတွင် အဘယ်ကြောင့် ပျံသန်း၍ မရလဲဆိုသည့် အကြောင်းအရင်း နားလည်သဘောပေါက်သွားတော့သည်။ ထိုအရာမှာ လူများ ထွက်ပြေးရာမှ တားဆီးဖို့ရာ ဖြစ်ပြီး တစ်ချိန်တည်းဆိုသလို သူ့အား ထွက်သွားဖို့ရာ မည်သည့်အရာက တားဆီးထားကြောင်း သိလိုက်သည်။ ထိုအရာမှာ ထောင်ချောက် အစီအရင်တစ်ခု ဖြစ်၏။ ထိုထောင်ချောက် အစီအရင်မှာ ထူးခြားပြီး ဤစကြဝဠာနံရံကြီးကြောင့် ပေါ်ပေါက်လာဟန် ပေါ်သည်။

အကယ်၍ သူ ခန့်မှန်းတာသာ မှန်လျှင်  ထိုအစီအရင်မှာ တိုက်ပွဲ အဆုံးသတ်သွားသည်နှင့် ပျောက်ကွယ်သွားလိမ့်မည်။ တိုက်ပွဲအဆုံးမသတ်ခင်အထိ စကြဝဠာနံရံကြီးဆီ လာကြ‌သော သူအားလုံးမှာ တိုက်ပွဲအတွင်း ဆင်နွဲရမည် ဖြစ်သည်။

ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ တစ်ဖက်ကို ရွေးချယ်ကြသည်မှာ အံ့ဩစရာ မရှိတော့ပေ။ မဟုတ်လျှင် ဤသို့မျိုး တိုက်ပွဲ၌ အသက်ရှင်ကျန်ရစ်ဖို့ရာ အင်မတန် ခက်ခဲပေလိမ့်မည်။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့အပြင် ကုသဆေးလုံးများ ရှိနေသော်လည်း ဆက်တိုက် ထွက်ပြေးရခြင်းမှာ သူ့အား ပင်ပန်းစေ၏။

သူက ထိုစည်းမျည်းများကို မသိသည်က ကံဆိုးလှပေသည်။ အကယ်၍ သာမာန်လူတစ်ယောက်သာ ထိုစည်းမျည်းများကို သိနေလျှင် သူတို့က ကောင်းကင်ဘုံ နယ်နမိတ်အလွန် မြို့ငယ်လေး၌သာ ပုန်းကွယ်နေပြီး ဤသို့မျိုး ဝင်ပါမည် မဟုတ်လောက်ပေ။ သို့သော် မိုဝူကျိအတွက် သူက စည်းမျည်းများ သိလျှင်ပင် လာဦးမည် ဖြစ်၏။ စကြဝဠာနံရံကြီးမှ ရလာသော အကျိုးမြတ်မှာ မက်မောဖွယ် ဖြစ်ပေသည်။

တိုက်ပွဲက ပို၍ ရှုပ်ထွေးလာလေ၏။ အစီအစဉ်တကျ မရှိသလို၊ တိုက်ပွဲဗျူဟာများလည်း မရှိဘဲ အားလုံးက သတ်ဖြတ်နေကြခြင်း ဖြစ်သည်။

အကယ်၍ သူက တိုက်ပွဲနောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်သည့် လေ့လာသူ တစ်ယောက် ဖြစ်နေလျှင် မိုဝူကျိက သူတို့အား မကျေမနပ် ကြည့်မိလိမ့်မည်။ ဤတိုက်ပွဲမှာ အဆင့်နိမ့် တိုက်ပွဲ ဖြစ်သော်လည်း အားလုံးက တစ်ယောက်ချင်းစီ တိုက်နေကြပြီး သူတို့သတ်ဖြတ်ငွေ့များမှာလည်း နေရာအနှံ့ ပြန့်ကျဲနေပေသည်။

သို့သော်လည်း လက်ရှိ မိုဝူကျိက ဤတိုက်ပွဲအား မကျေမနပ် ကြည့်မည့်သူ မဟုတ်ပေ။ အကြောင်းမှာ ဤတိုက်ပွဲက ဤသို့ဖြစ်ကြောင်း သိထား၏။ အားလုံးက ဤရှုပ်ထွေးလှသည့် တိုက်ပွဲထဲ ရောက်လာခြင်းမှာ စကြဝဠာနံရံကြီးကြောင့်သာ ဖြစ်၏။ ဤတိုက်ပွဲက နှစ်ဖက်အတွင်းမှ တိုက်ပွဲ မဟုတ်ဘဲ ကိုယ့်ဘာသာ တိုက်ခိုက်ကြသည့် တိုက်ပွဲသာ ဖြစ်၏။ ထို့ကြောင့် ဤနေရာ၌ တိုက်ပွဲဗျူဟာများ ရှိနေဖို့ရာ မဖြစ်နိုင်ပေ။

ထို့အပြင် ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ အောင်မြင်မှု မဟုတ်ဘဲ အသက်ရှင်မှုနှင့် ကျင့်ကြံရေး အထောက်အပံ့များသာ ဖြစ်၏။ ကျင့်ကြံသူများ၏ တစ်ကိုယ်ကောင်းဆန်မှုကို ဤတိုက်ပွဲအတွင်း ပြသထားသည်။

တိုက်ပွဲက တစ်ရက်တာ ကြာမြင့်လေ၏။ မိုဝူကျိက ချွေးများ ရွဲနှစ်နေလေသည်။ သူက လူတစ်ယောက်ကိုမျှ မသတ်သော်လည်း သူ့ခက်ခဲမှုမှာ တခြားသူများထက် အဆတစ်ရာမက ပိုပေသည်။ ဤတိုက်ပွဲတစ်ခုလုံးအတွင်း သူက နားဖို့ရာ လုံးဝ မရပ်တန့်ဘဲ ဆက်တိုက် ထွက်ပြေးနေရသည်။

အကယ်၍ သူက ခဏတာမျှ နားလိုက်လျှင် တိုက်ပွဲအတွင်း ဆွဲသွင်းခံရလိမ့်မည်။ အကယ်၍ သူ့နတ်ဘုရား ရုပ်ခန္ဓာကြောင့်သာ မဟုတ်လျှင် မှော်ရတနာများက သူ့ကို ပွတ်သီလေး ဖြတ်သွားကြသောကြောင့် သူ့ခန္ဓာကိုယ်၌ ဒဏ်ရာအပြည့် ဖြစ်နေလေပြီ။

လူများက တည်နေရာနှစ်ခုဆီ နောက်ဆုတ်သွားသည်ကို မြင်လိုက်ပြီး မိုဝူကျိက နှစ်ဖက်လုံးက သရေဖြင့် အပြီးသတ်သွားကြောင်း သိလိုက်သည်။ သူလည်း မြို့ငယ်လေးသို့ မြန်မြန် နောက်ဆုတ်လိုက်တော့သည်။

မိုဝူကျိ ထင်ထားသည့်အတိုင်း ကွက်တိ ဖြစ်၏။ တိုက်ပွဲ အဆုံးသတ်သွားသည်နှင့် သူ့အား ပိတ်လှောင်ထားသော ထောင်ချောက် အစီအရင်မှာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။ သူက ဤနေရာမှ အလွယ်တကူ ထွက်သွားနိုင်လေပြီ။

မိုဝူကျိက အမြန်နှုန်းကို တိုးလိုက်ရင်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ အကယ်၍ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၊ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့် နတ်ဘုရား ရုပ်ခန္ဓာကြောင့်သာ မဟုတ်လျှင် သူက ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးနေလောက်ပြီ ဖြစ်၏။

ထိုစဉ် လူသားမျိုးနွယ်ဝင် တစ်ယောက်က မိုဝူကျိ ထွက်သွားသည့်နေရာသို့ စိုက်ကြည့်ကာ မျက်မှောင်ကျုတ်လိုက်သည်။ မိုဝူကျိ၏ အငွေ့အသက်မှာ အဝါဖျော့နှင့် အစိမ်းဖျော့ ရောယှက်နေသည့်အတွက် မိုဝူကျိက နှစ်ဖက်လုံးမှ လူများကို သတ်ထားသည်မှာ သိသာလှသည်။ သူ့အား မအံ့ဩစေပေ။ သူ့ကို အံ့အားသင့်စေသည်က မိုဝူကျိကဲ့သို့သော  လက်ပတ်မရှိသော လူသည် တိုက်ပွဲဆုံးသည့်အထိ အသက်ရှင်ကျန်ရစ်နေခြင်း ဖြစ်၏။

လက်ပတ် မပါသူများမှာ နှစ်ဖက်လုံးမှ မဟုတ်သောကြောင့် သေဆုံးမှု အမြန်ဆုံး ဖြစ်ပေသည်။ ဤလူက မိုဝူကျိကို သတိပြုမိသည့်အချိန် တိုက်ပွဲအဆုံးသတ်သွားသည်က ကံဆိုးလှပေသည်။ သူက မိုဝူကျိတွင် အားကောင်းသော လေလွတ်မြောက်ရေး နည်းစနစ်ရှိနေကြောင်း မသိလိုက်ရပေ။ အကယ်၍ သူ သိလျှင်ပင် သူက မိုဝူကျိနောက် လိုက်မိလောက်၏။

……………..…

မိုဝူကျိက ကော်းကင်ဘုံအလွန် မြို့ငယ်လေးဆီ ပြန်ရောက်လာသည့်အခါ လူတချို့သာ ရှိကြောင်း တွေ့လိုက်ရသည်။ မိုဝူကျိက ချက်ချင်းဆိုသလို မှော်ရတနာဆိုင်ဆီ ဦးတည်လိုက်လေ၏။ သူက ဆိုင်ပိုင်ရှင်ကို သတ်ပြီးပြီ ဖြစ်ရာ သူ့တွင် ပိုင်ဆိုင်မှု စာချုပ်မရှိလျှင်ပင် သူက ဦးဆုံးရောက်လျှင် သူ့အပိုင် ဖြစ်လာလိမ့်မည်။

မိုဝူကျိ ပထမဆုံး လုပ်သည့်အရာမှာ ဆိုင်ကို ကာထားသည့် ကာကွယ်ရေး အစီအရင်များကို ဖယ်ရှားပေးလိုက်ပြီး အသစ်အစားထိုးလိုက်ခြင်း ဖြစ်၏။ သူက သူ့အစီအရင်ပြီးဆုံးတော့မည့်ဆဲဆဲတွင် သူက ဆူညံသံများကို ကြားလိုက်ရသည်။ မိုဝူကျိက စကြဝဠာနံရံကြီးဆီ သွားသော လူများ ပြန်ရောက်လာကြောင်း သိလိုက်မိသည်။

မိုဝူကျိက ကာကွယ်ရေး အစီအရင် အသက်မသွင်းနိုင်လိုက်ခင် တံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။

“ မင်းက ဘယ်သူလဲ ” တံခါးဝမှ လူက ပိန်ပါးပါး အမျိုးသား တစ်ယောက် ဖြစ်ပြီး မိုဝူကျိအား မျက်မှောင်ကျုတ်ကာ ကြည့်လိုက်သည်။

“ ဒီဆိုင်က ပိုင်ရှင် ပြောင်းသွားပြီ။ ကျုပ်က ဆိုင်ပိုင်ရှင်ပဲ ” မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်။ ထိုပိန်ပါးပါး အမျိုးသားက အင်မော်တယ်ဘုရင် အစောပိုင်းအဆင့်မျှသာ ရှိသေးပြီး ယခင်ဆိုင်ပိုင်ရှင်ထက် အားနည်းပေသည်။ မိုဝူကျိက ထိုလူအား မျက်လုံးထဲပင် မထည့်ပေ။

ပိန်ပါးပါး အမျိုးသားက မိုဝူကျိအား စိုက်ကြည့်ပြီးနောက် ရုတ်ချည်း ထရယ်မောကာ  “ မင်းက မောင်းဟူ သေတာကို အသုံးချပြီး ဆိုင်ကို အပိုင်စီးဖို့ ကြံနေတာမလား ”

မိုဝူကျိက စိတ်ထဲမှ တွေးလိုက်မိသည်။

အဲဒါက ငါ့ရည်ရွယ်ချက်ပဲလေ ….

“ မင်းကို အကြံတချို့ ပေးလိုက်မယ်။ အခု ထွက်သွား မဟုတ်ရင် မင်းအသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး ” သူ့စကားများမှာ ကွက်တိ ဖြစ်နေသည်ကို ခံစားမိပြီး ထိုလူက မိုဝူကျိအား ပြန်ဖြေဖို့ရာ အခွင့်အရေးပင် မပေးဘဲ အေးစက်စွာ ဆက်ပြောလိုက်သည်။

မိုဝူကျိက ဤနေရာရှိ စည်းမျည်းများကို နားမလည်သော်လည်း သူ နေနေသည့် နေရာကို ပေးမည် မဟုတ်ပေ။ ကျတ်တီးနယ်မြေ၌ တိုက်ခိုက်ပြီးနောက် မိုဝူကျိက တိုက်ပွဲမြေသည် ထူးဆန်းသည့်နေရာ ဖြစ်ကြောင်း ခံစားမိလိုက်၏။ ထိုနေရာသို့ တစ်ယောက်တည်း သွားပါက အန္တရာယ်များပေလိမ့်မည်။

“ မင်းကို ငါ့ဆိုင်ထဲကနေ ထွက်သွားဖို့ အသက်သုံးရှိုက်စာ ပေးမယ်။ မဟုတ်ရင်တော့ ငါ့ကို အပြစ်လာမတင်နဲ့ ” မိုဝူကျိ၏ လေသံမှာလည်း အေးစက်လာလေ၏။ ဤသည်မှာ အားကောင်းသူများ ကြီးစိုးသည့်နေရာ ဖြစ်ပေသည်။ အင်အားမရှိဘဲ ထိုလူက ကြမ်းပြင်ပေါ် ဒူးထောက်လျှင်ပင် အသုံးမဝင်ပေ။

ပိန်ပါးပါး အမျိုးသားက မိုဝူကျိအား မကျေမနပ်ကြည်လိုက်ပြီးနောက် ဆိုင်အဝင်ဝ၌ သူ့လက်ထဲမှ အဆောင်ကို တင်ထားလိုက်သည်။

မိုဝူကျိက လှိုင်းတွန့်လေးများကို ချက်ချင်း ခံစားမိလိုက်၏။ သူက အဖြစအပျက်ကို ချက်ချင်း နားလည်သွားလေ၏။ ထိုသည်မှာ တာဝန်ရှိသူများကို လှမ်းအကြောင်းကြားသည့် အဆောင်စာရွက် ဖြစ်ပေလိမ့်မည်။ သူက ယခင် သတိမပြုမိခဲ့ပေ။

သိပ်မကြာခင် ပုံရိပ်နှစ်ခု ရောက်ရှိလာလေ၏။ တစ်ယောက်မှာ အင်မော်တယ် အုပ်စိုးသူအစောပိုင်းအဆင့် ဖြစ်ပြီး နောက်တစ်ယောက်မှာ အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ဖြစ်ပေသည်။

***

All Chapters