← Chapters

အပြင်းအထန် ကျင့်ကြံခြင်း

Vol. 54 Ch. 752

အပြင်းအထန် ကျင့်ကြံခြင်း

Vol. 54 Ch. 752

ဤနေရာမှာ ကျင့်ကြံရေး အရင်းအမြစ်များ အလျှံပယ် ဖြစ်သောကြောင့် အင်မော်တယ် အုပ်စိုးသူအဆင့်မှာ မရှားပါးလှပေ။ မိုဝူကျိက သူလည်း အချိန်တစ်ခုမျှ တံခါးပိတ် ကျင့်ကြံလိုက်ပါက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်နိုင်လိမ့်မည်မှန်း ယုံကြည်သည်။

ထိုပုံရိပ်နှစ်ခုမှာ အရမ်းကို မြန်ဆန်ပေ၏။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုပုံရိပ်နှစ်ခုကို အာရုံခံမိလိုက်သည့်အခါ မိုဝူကျိ၏ ဆိုင်ရှေ့ ရောက်နေပြီ ဖြစ်၏။ အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက မိုဝူကျိအား ဝေ့ကြည့်ကာ အေးစက်စွာ သရော်ပြောလိုက်၏  “ စည်းမျည်းတွေကို အာခံရဲတာ ဘယ်သူလဲ ”

ထိုပိန်ပါးပါး အမျိုးသားက ဦးညွှတ်ကာ

“  စည်းကမ်းကြီးကြပ်ရေးမှူးတို့ ….  ဒီဆိုင်ကို ကျုပ်က မောင်းဟူဆီ ရောင်းထားတာပါ။ ပြီးတော့ တကယ်လို့ မောင်းဟူသာ သေဆုံသွားခဲ့ရင်  ဒီဆိုင်ကို ကျုပ်ဆီ ပြန်ပေးမယ်ဆိုပြီး သဘောတူညီချက် ထားခဲ့ကြတာပါ ”

မိုဝူကျိ၏ စိတ်ထဲ လေးလံသွားမိသည်။

ထိုသို့ သဘောတူညီချက်မျိုး ရှိခဲ့တာလား ….

“ ကျုပ်က မောင်းဟူ သေဆုံးတာ ကြားကြားချင်း ကျုပ် ပိုင်တဲ့ဆိုင်ကို ပြန်လာယူတာပါ။ တစ်ယောက်ယောက် အရင်ဦးထားလိမ့်မယ်လို့ မထင်ထားမိဘူး ” ပိန်ပါးပါး အမျိုးသားက ပြောနေရင်း ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။

မိုဝူကျိက စိတ်စွမ်းအားကို ကျောက်စိမ်းပေလွှာဆီ ပို့လိုက်သောအခါ မောင်းဟူနှင့် သဘောတူညီချက် ဖြစ်ကြောင်း အမှန်ပင် ဖြစ်နေလေ၏။ သူက သဘောတူညီချက်ပေါ်မှ စိတ်စွမ်းအား အငွေ့အသက်ကို ခံစားမိသောအခါ မိုဝူကျိက  ကျောက်စိမ်းပေလွှာမှာ အတု မဟုတ်ကြောင်း သိလိုက်သည်။

အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက ကျောက်စိမ်းပေလွှာကို လက်ခံကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မိုဝူကျိအား စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏

“ မင်းက ဆိုင်ပိုင်ရှင် သေသွားတာနဲ့ ပထမဆုံး ရောက်လာသူက ဆိုင်ကို ယူနိုင်တယ်ဆိုပြီး ကြားထားတာ မလား။ ကောင်းပြီ မင်းကို တစ်ခု ပြောပြမယ်။ အဲလို စည်းမျည်းမျိုး ရှိရင်တောင် မင်းက အရည်အချင်း မပြည့်မှီဘူး။ အနည်းဆုံး ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးမှာ ငါးနှစ်လောက် နေတဲ့သူမှ အဲဒီစည်းမျည်းကို သုံးလို့ရတယ်။ တကယ်လို့  ငါသာ မမှားရင် မင်းကို ဒီရောက်တာ တစ်လတောင် ပြည့်သေးမှာ မဟုတ်ဘူး ”

မိုဝူကျိက တုန်လှုပ်သွားကာ လော့စီကိုသာ ကျိန်ဆဲမိလိုက်သည်။ သူမက သူ့အား အရေးကြီးသည့်အခြေအနေအား  ပြောပြဖို့ရာ လျစ်လျူရှုထားလေရာ သူမက သူ့ကို ပျက်စီးစေဖို့ ကြိုးစားနေတာလား။

“ မင်းရဲ့ ဝိညာဉ်စွမ်းအား ဗဟိုချက်ကို ဖျက်စီးပြီးတော့ မင်း ပိုင်သမျှ  ပေးစမ်း …. ပြီးရင် ငါတို့နောက် လိုက်ခဲ့ ” အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ လေသံ၌ အထင်သေးမှုများ ပါဝင်နေသေည်။ ဤကလေးက ကောင်းကင်ဘုံ အလွန် မြို့ငယ်လေး၏ စည်းမျည်းများကို မသိဘဲ တခြားသူများဆီက သင်ယူကာ ဆိုင်ကို လုဖို့ ကြံစည်နေလေ၏။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်  “ အဲဆို ကျုပ်က ဆိုင်ကို ဝယ်လို့ မရဘူး ပြောချင်တာလား။ ကျုပ်က ဆိုင်ကို ဝယ်ပိုင်ခွင့် မရှိဘူးပေါ့ ”

လက်တွေ့၌ မိုဝူကျိ  စိတ်ပူနေသည့် မေးခွန်း ဖြစ်ပေသည်။ အကယ်၍ ဤနေရာ၌ နှစ်အတော်ကြာနေသည့်သူပဲ ဆိုင်ဝယ်ယူခွင့် ရှိသည်ဆိုလျှင် သူက ဤနေရာမှ ထွက်ပြေးရမည် ဖြစ်၏။

“ လူတိုင်းက ဆိုင်ကို ဝယ်နိုင်ပါတယ်။ မင်းသာ မောင်းဟူဆီက ရထားတဲ့ ပိုင်ဆိုင်မှု စာချုပ်ကို ပြနိုင်တာနဲ့ ဒီဆိုင်က မင်းအပိုင်ပဲ ….” ဤတစ်ကြိမ် ပြောလိုက်သူမှာ အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်၏။

လက်တွေ့၌ မိုဝူကျိမှ လွဲလျှင် အားလုံးက မိုဝူကျိတွင် စာချုပ် ရှိလိမ့်မည် မဟုတ်ကြောင်း သေချာနေကြ၏။ ထူးခြားသော အခြေအနေများအောက်၌သာ မဟုတ်လျှင် ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးမှ ဆိုင်ကို မည်သူကများ  ရောင်းပေးချင်မည်နည်း။ မောင်းဟူက စကြဝဠာနံရံကြီးဆီ မသွားခင် သေချာပေါက် ရောင်းခဲ့မည် မဟုတ်ပေ။ အကြောင်းမှာ စကြဝဠာနံရံကြီး ပွင့်လာသည်နှင့် ဆိုင်တိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတတ်၏။

မိုဝူကျိက သက်ပြင်းသာချလိုက်တော့သည်။ သူက မောင်းဟူ၏ အပြုအမူနောက်မှ အဓိပ္ပါယ်ကို နားမလည်သော်လည်း ပိုင်ဆိုင်မှုစာချုပ်မှာ သူ့အပိုင် ဖြစ်နေသည်မှာ သေချာ၏။

မိုဝူကျိက ပိုင်ဆိုင်မှုစာချုပ်ကို ထုတ်ကာ စားပွဲပေါ်၌ တင်လိုက်သည်  “ ဒီက ကျုပ်ဆိုင်ရဲ့ ပိုင်ဆိုင်မှု စာချုပ်ပဲ ”

မိုဝူကျိအပြင် တခြားသော သုံးယောက်လုံးက စိတ်စွမ်းအားများ ပို့လွှတ်လိုက်ကြ၏။ သုံးရက်ရှိသွားပြီ ဖြစ်သောကြောင့် ပိုင်ဆိုင်မှု စာချုပ်ပေါ်ရှိ စိတ်ဝိညာဉ် အမှတ်အသားမှာ မိုဝူကျိ အပိုင် အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

သူက မိုဝူကျိသည် ဆိုင်ကို အမှန်တကယ် ဝယ်ယူခဲ့ကြောင်း မြင်လိုက်ရသောအခါ အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ မည်းနက်သွားလေ၏။ သူက လက်တစ်ချက်အဝှေ့ဖြင့် ပိန်ပါးပါး အမျိုးသားအား လွှင့်စင်သွားအောင် လုပ်ကာ ပြောလိုက်သည်  “ သူ့ကို ခေါ်သွားစမ်း ”

ပိန်ပါးပါး အမျိုးသားလည်း တအံ့တဩ ဖြစ်မိသွားသည်။ သူက မောင်းဟူသည် ဤဆိုင်ကို ရောင်းရဲလိမ့်မည်ဟု မထင်ထားပေ။ သို့သော်လည်း ပိုင်ဆိုင်မှုစာချုပ်ပေါ်မှ စိတ်ဝိညာဉ်အမှတ်အသားမှာ အတုအယောင် မဟုတ်သည့်အတွက် မောင်းဟူက တကယ်ရောင်းလိုက်ခြင်း ဖြစ်၏။

“ အခုက ကျုပ်တို့အမှားပါ။ မင်းက လူသစ်လေးဆိုတော့ ဆိုင်ရဲ့ မြေယာကြေးတော့ ပေးဖို့ လိုတယ် ” ထိုအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက လက်နှစ်ဖက် ယှက်ကာ မိုဝူကျိအား အားနာစွာ ပြောလိုက်၏။

“ တစ်နှစ်စာ ဘယ်လောက်လဲ ” မိုဝူကျိက မေးလိုက်သည်။

အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက အံ့အားသင့်မိသွားသည်။ ပုံမှန်အားဖြင့် လူများက တစ်လချင်းစီသာ ပေးကြလေ့ ရှိသည်။ ဤဆိုင်ပိုင်ရှင်မှာ လူသစ်လေးဖြစ်ကြောင်း သိသာလှ၏။ ဤအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက မိုဝူကျိသည် စာချုပ်ကို မည်သို့ ချုပ်လာကြောင်း တွေးနေမိသည်။ ထိုစာချုပ်၌ တစ်ခုခု ထူးခြားနေမှန်း သိသော်လည်း သူက မမေးပေ။ ဤသို့မျိုး ကိစ္စမှာ အသေးအဖွားမျှသာ ဖြစ်၏။

“ တစ်နှစ်ကို ပှံမှန် အစိမ်းရောင်ကျောက် နှစ်ထောင်ပါ ” အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက မိုဝူကျိ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“ အဲဆို နှစ်ဆက်တိုက်ဆိုရင်ရော …. ” မိုဝူကျိက ဆက်မေးလိုက်သည်။

“ နှစ်နှစ်အတွက် ပုံမှန် အစိမ်းရောင်ကျောက် ၃၈၀၀၊ သုံးနှစ်အတွက် ၅၃၀၀ ပါ …..”

“ အဲဆို ကျုပ် သုံးနှစ်စာ တစ်ခါတည်း ပေးလိုက်ပါ့မယ် ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ အစိမ်းရောင်အပုံလိုက်ကို ထုတ်လိုက်သည်။

သူက ပုံမှန် အစိမ်းရောင်ကျောက်ကို သိပေသည်။ အကြောင်းမှာ စကြဝဠာနံရံကြီးမှ ကျလာသော အစိမ်းရောင်ကျောက်များမှာ အရွယ်အစားအားဖြင့် မတူညီကြပေ။ မြို့လေး၌ အလွယ်တကူ ရောင်းဝယ်နိုင်ရန်အတွက် ပုံမှန်အရွယ်အစား သတ်မှတ်ထား၏။ သူက အစိမ်းရောင်ကျောက်အပုံလိုက်ကို ထုတ်လိုက်သည့်အခါ သူက အလွန်သေးနေသည့်အရာများကို ဖယ်ထုတ်ပြီး  အလွန်ကြီးနေသည့်အရာများကို ထုခွဲပြီးသား ဖြစ်ပေသည်။

ဤအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက အတော်လေး ပျော်ရွင်မိနေသည်။ ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးအတွင်း ရွှန်းလဲ့တောက်ပနေသော ဆိုင်များကိုသာ မကြည့်လေနှင့်။ သူက ဤနေရာ၌ တစ်ခါတည်းဖြင့် အစိမ်းရောင်ကျောက် ငါးထောင်မှ ခြောက်ထောင်ကြား ထုတ်ပေးနိုင်သည့်သူမှာ အလွန်နည်းပါးကြောင်း သေချာသိပေသည်။

ထိုသို့လုပ်နိုင်သည့် ဆိုင်ပိုင်ရှင်များကလည်း ဤသို့ မလုပ်ကြပေ။ သူတို့က အစိမ်းရောင်ကျောက်များကို ကျင့်ကြံဖို့ရာ အသုံးပြုကြလေ၏။ ပြောရမည်ဆိုလျှင် ကျင့်ကြံဆင့် မြင့်ဖို့က အဓိက မဟုတ်ပါလော။ ဤဆိုင်ပိုင်ရှင်အသစ်လေးက ကောင်းကင်ဘုံအလွန် မြို့ငယ်လေးကို ရောက်သည်မှာ မကြာမြင့်သေးသော်လည်း ဤသို့အစိမ်းရောင်ကျောက် အများကြီးကို တစ်ခါတည်း ထုတ်ပေးနေပေရာ ဤလူသစ်လေးတွင် သေချာပေါက် နောက်ခံကောင်းကောင်း ရှိပေလိမ့်မည်။

မိုဝူကျိက ဆိုင်ကို တရားဝင် ပိုင်ဆိုင်သွားပြီ ဖြစ်ရာ အစိမ်းရောင်ကျောက်များကို မည်သူကမှ စုံစမ်းမနေပေ။

ဤအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက မိုဝူကျိ၏ အစိမ်းရောင်ကျောက်များကို သိမ်းဆည်းလိုက်ပြီးနောက် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ သုံးနှစ်စာ ပေးချေပြီးသွားကြောင်း ရေးပေးလိုက်၏။ ထို့နောက် သူက မိုဝူကျိအား ပေးကာ ပြောလိုက်သည်

“ ဒါက ပေးချေခဲ့တဲ့ သက်သေပဲ။ ကျန်တဲ့ ဟိုဟိုဒီဒီ ကြေးတွေ ရှိသေးပေမဲ့ နောင်သုံးနှစ်နေမှ ပေးလို့ ရပါတယ်။ စောစောလေးက ကိစ္စကိုတော့ ကျုပ်တို့ တကယ် နှောင့်ယှက်မိသွားပါတယ် …. ”

ထိုသို့ပြောပြီးနောက် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက ပိန်ပါးပါး အမျိုးသားကို ခေါ်ကာ မိုဝူကျိဆိုင်မှ ထွက်သွားကြတော့သည်။

မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်တော့သည်။ သူက သုံးနှစ်စာ တစ်ခါတည်း ပေးလိုက်သည့် အကြောင်းအရင်းမှာ သူက တံခါးပိတ် ကျင့်ကြံလို၍ ဖြစ်သည်။ သူက ကိစ္စများမှာ ရိုးရှင်းလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ သူသာ  ပိုင်ဆိုင်မှုစာချုပ်က အားကြီးမှန်း သိခဲ့လျှင် သူက စကားပြောမနေဘဲ ထုတ်ပြလိမ့်မည် ဖြစ်၏။

သို့သော်လည်း မိုဝူကျိက တည်ငြိမ်သွားတော့သည်။ နောက်ဆုံးတော့ သူက အနားယူဖို့ရာ နေရာရှာတွေ့သွားပြီ ဖြစ်၏။ သူ ပထမဆုံးလုပ်မည့်အရာမှာ ပစ္စည်းရောင်းချဖို့ရာ မဟုတ်ချေ။ ထို့အစား သူက ဆိုင်ကို ပိတ်၍ တံခါးပိတ် လေ့ကျင့်ရန် ဖြစ်သည်။

မည်သူကမှ သူ့ဆိုင်ကို လုယူတော့မည် မဟုတ်ကြောင်း သိပြီးနောက် မိုဝူကျိက ပိုအားကောင်းသော သတ်ဖြတ်ရေး အစီအရင်နှင့် ပိုအားကောင်းသော ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ဆိုင်အဝင်ဝ၌ အကြောင်းကြားရေး အဆောင်စာရွက်ကိုလည်း ချိတ်ပိတ်ထားလိုက်သည်။ သူက စည်းကမ်းကြီးကြပ်ရေးမှူးဆီ ဘာမှတင်ပြစရာ မရှိပေ။ သူက ကျင့်ကြံဖို့ရာသာ လိုအပ်ပေ၏။

ဤအချိန်လေး၌ ကောင်းကင်ဘုံ အလွန် မြိုငယ်လေးကား  စည်ကားနေပေသည်။ စကြဝဠာနံရံကြီးကလည်း ပွင့်သွားပြီ ဖြစ်ရာ အင်မော်တယ်တော်တော်များများက သူတို့ဆုလာဘ်များ ယူကာ မြို့ငယ်လေးဆီ အလဲအလှယ် လုပ်ဖို့ ရောက်လာကြသည်။

ကောင်းကင်ဘုံ အလွန် မြို့ငယ်လေး တစ်ခုလုံး၌ စီးပွားရေး မလုပ်သည့် ဆိုင်တစ်ဆိုင်မျှသာ ရှိပေသည်။ ထိုအရာမှာ မိုဝူကျိ၏ မှော်ရတနာ ဆိုင် ဖြစ်သည်။

…………….…

ရက်များစွာကြာမြင့်ပြီးနောက် မိုဝူကျိက ကာကွယ်ရေး အစီအရင်အမျိုးမျိုးကို ခင်းကျင်းပြီးသွားလေပြီ။ သူက အခန်းကို ပြန်လာလိုက်ပြီး သူ့ဆုလာဘ်များကို စတင် စုဆောင်းလိုက်သည်။

ဤအချိန်လေးအတွင်း မိုဝူကျိ၏ အကြီးမားဆုံး ရရှိလာမှုမှာ လော့ကျမ်းစာရွက် ခြောက်ရွက် ဖြစ်၏။ သူက လော့ကျမ်းစာရွက် ခြောက်ရွက်လုံးကို တတ်နိုင်သမျှ မြန်မြန် သန့်စင်ရန် လိုအပ်နေသည်။ မိုဝူကျိက သူ့ကျင့်ကြံဆင့် မြင့်လေလေ လော့ကျမ်းစာရွက်ကို မြန်မြန် သန့်စင်နိုင်လေလေမှန်း သိ၏။ ထို့ကြောင့် သူက ကျင့်ကြံပြီးသည်နှင့် လော့ကျမ်းစာရွက်ကို စတင် သန့်စင်ရမည်။

လော့ကျမ်းစာရွက် ခြောက်ရွက်အပြင် ခွန်းဝူဓားလည်း ရှိ၏။ မိုဝူကျိက ကျင့်ကြံရေး  ပြီးဆုံးသွားသည်နှင့်  ခွန်းဝူဓားကိုလည်း မွန်းမံရန် ကြံရွယ်ထားလေသည်။

ဤနေရာကား ပါရမီရှင်များ အလွယ်တကူ ထွက်ပေါ်လာသည့်နေရာ ဖြစ်နေရာ သူ့ကျင့်ကြံဆင့်မှာ အမှိုက်သာသာမျှ ဖြစ်နေသည်။

မိုဝူကျိက စကြဝဠာနံရံကြီးမှ ရရှိလာသော ပစ္စည်းများကို ထုတ်လိုက်သည်။ သူက စကြဝဠာနံရံကြီး၌ အမြင့်ဆုံးကို သွားခဲ့သောကြောင့် မိုဝူကျိက အကောင်းဆုံး ကျင့်ကြံရေး အရင်းအမြစ်များ ရလာပေ၏။ ထို့ကြောင့် သူ့တွင် အစိမ်းရောင်ကျောက် သိန်းဂဏန်းထက် မနည်းပေ။ သူ့တွင် အဆင့် ၇ မှ အဆင့် ၉ အထိ အင်မော်တယ်ဆေးပင်များလည်း ပေါပေါများများ ရှိပေသည်။ မျိုးတုံးပျောက်ကွယ်ခါနီးနေသော ဒါမှမဟုတ် အလွန်အမင်း အဖိုးတန်သော  ထာဝရ တော်ဝင်ဝါးနှင့် ဧကရာဇ်တာအိုအသီးမှ လွဲ၍ အင်မော်တယ်ဆေးပင်များ အစုံအလင် ရှိနေသည်။ မိုဝူကျိပင် မခွဲခြားနိုင်သော အင်မော်တယ်ဆေးပင်များ ပါရှိနေ၏။

ပန်းပဲသတ္တုများနှင့် ပစ္စည်းများမှာလည်း  နှံ့နှံ့စပ်စပ် ပါဝင်ပေသည်။ သူ့အင်မော်တယ် ဆေးပင်များကဲ့သို့ သူက ရှားပါးသော သတ္တုများသာ မပါရှိခြင်း ဖြစ်၏။ နောက်ဆုံးအနေနှင့် သူက မှော်ရတနာအချို့ပင် ရလာသေး၏။ သူ့အာ အပျော်ရွင်စေဆုံး မှော်ရတနာမှာ ပျံသန်းရေး သင်္ဘောပျံ ဖြစ်၏။

သူက သင်္ဘောပျံ၏ အဆင့်မှာ အဆင့် ၉ ထက်ပင် ကျော်လွန်နေကြောင်း ခံစားမိပေ၏။ ပန်းပဲစွမ်းရည်က ပြောရလောက်အောင် မဟုတ်သောကြောင့်သာ အဆင့် ၉ သို့ ရောက်ရုံမျှ ဖြစ်သည်။ သို့သော်လည်း  မိုဝူကျိက ဤသင်္ဘောပျံကို ရှုစုရန်ဆီ  ပေးလိုက်ပါက ဤသင်္ဘောပျံအား အင်မော်တယ်အဆင့်အထိ ရောက်အောင် ပြုလုပ်ဖန်တီးနိုင်လိမ့်မည်မှန်း ယုံကြည်သည်။

ထိုပစ္စည်းများကို စုစည်းပြီးနောက် မိုဝူကျိက ဆေးမီးဖိုကို ထုတ်ကာ ဆေးလုံးများကို  ဖော်စပ်လိုက်သည်။  သူ မကျင့်ကြံသေးခင် သူ့ကိုယ်သူ လုံလုံလောက်လောက် ပြင်ဆင်ဖို့ရာ လိုအပ်ပေ၏။

နောက်တစ်လ ကုန်ဆုံးသွားပြန်သည်။ မိုဝူကျိက စိတ်ဝိညာဉ် ဖုံးကွယ်ရေး အစီအရင်ကိုပါ ခင်းကျင်းထားလိုက်သည်။ ထို့နောက် အစိမ်းရောင်ကျောက်များနှင့် ဆေးပုလင်းများကို ထုတ်ယူလိုက်သည်။ သူက ဆက်တိုက် ကျင့်ကြံဖို့ရာ ပြင်ဆင်လိုက်သည်။ အကယ်၍ သူက ကျင့်ကြံဆင့် မမြင့်လျှင် ဘာကိုမှ လုပ်၍ မရပေ။

အကယ်၍ သူသာ အင်မော်တယ် ဧကရာဇ် ဖြစ်နေပါက အဘယ်ကြောင့်များ ကောင်းကင်ဘုံအလွန် မြို့ငယ်လေး၌ ဆက်နေနေရမည်နည်း။ သူက လူသားမျိုးနွယ်ဆီသာ တိုက်ရိုက် သွားရှာလိုက်မည် ဖြစ်၏။

မိုဝူကျိက အစိမ်းရောင်ကျောက်ကို ယခင်က  ကိုင်တွယ်ဖူးလေသည်။ ထိုသည်မှာ တာ့ဟွမ်၏ သေဆုံးမှုကြောင့် ဖြစ်ပေသည်။ ဤတစ်ချိန်လုံး၌ သူက အစိမ်းရောင်ကျောက်ကို ကျင့်ကြံဖို့ရာ အသုံးပြုကြည့်ချင်သော်လည်း ထိုသို့ မလုပ်ရက်ပေ။ ယခု သူ့တွင် အစိမ်းရောင်ကျောက် တစ်သိန်း ရှိနေပြီ ဖြစ်ရာ စိတ်ကြိုက် ကျင့်ကြံနေလေပြီ။

သူ့ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ပြောင်းပြန်လှည့်ပတ်ခြင်းနှင့်အတူ အစိမ်းရောင်များ တောက်ပနေသော စွမ်းအားများပါ ထည့်တွက်လိုက်လျှင် သူ့ချီသွေးကြော ၁၀၈ ခုလုံးက အဓိကလှည့်ပတ်မှု ဖြစ်စေဖို့ရာ ခဏတာမျှသာ ကြာမြင့်လေ၏။ ထိုသို့ဖြစ်လာသည့်အခါ အစိမ်းရောင်ကျောက်အတွင်းမှ သိပ်သည်းလာသော စွမ်းအားများမှာ မိုဝူကျိ၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

မိုဝူကျိက ချက်ချင်းဆိုသလို ခြားနားမှုကို ခံစားမိလိုက်သည်။ သူ ခန့်မှန်းထားသည့်အတိုင်း အစိမ်းရောင်ကျောက် အတွင်း၌ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ  သန့်စင်မှု မြင့်မားရုံသာမက ပို၍ မြင့်မားသော ကောင်းကင် တာအိုစွမ်းအားများလည်း ပါဝင်နေသည်။

ဆယ်ရက်တာအတွင်း မိုဝူကျိက သူ့ကျင့်ကြံဆင့်မှာ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်ဆီ ရောက်တော့မည် ဖြစ်ကြောင်း ခံစားမိနေသည်။ ထိုမျှတင် မကသေးဘဲ သူ့လျို့ဝှက်ပညာရပ်များအပေါ် နားလည်နိုင်စွမ်းမှာလည်း နောက်တဆင့်သို့ ရောက်ရှိသွားလေပြီ။

“ ခွမ်း ” သူ တက်လှမ်းပြီးနောက် အစိမ်းရောင်ကျောက်များစွာက အမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။

မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ကာ   ဖင်းဖန်မှာ အင်မော်တယ် ဝိညာဉ်စွမ်းအား အလွန် ပေါကြွယ်ဝလွန်းလှသော်လည်း သူ့အနေနှင့် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်ကို ရက်ပိုင်း‌လေးအတွင်း ချိုးဖောက်တက်လှမ်းနိုင်မည် မဟုတ်ပေ။ သူက နှစ် သို့မဟုတ် ဆယ်စုနှစ်ပင် ကြာမြင့်ပေနိုင်သည်။ သို့သော် အစိမ်းရောင်ကျောက်များနှင့် ပထမဆုံးအကြိမ် ကျင့်ကြံခြင်းက ရက်ပိုင်းလေးအတွင်း သူ့အား အင်မော်တယ်ဘုရင်အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားလေပြီ။ ထို့အပြင်  သူက ဆေးတစ်လုံးမျှပင် မသုံးလိုက်ရသေးပေ။

အစိမ်းရောင်ကျောက်များ၏ ကောင်းကင်ဘုံ သွေဖယ်နေသည့် ခံစားချက်ကို ကြုံတွေ့ပြီးနောက် မိုဝူကျက နောက်ထပ် အစိမ်းရောင်ကျောက်အပုံလိုက်ကို ထုတ်လိုက်တော့သည်။ အစိမ်းရောင်ကျောက်များမှာ အလျှင်အမြန် အမှုန့်ဖြစ်သွားလေ၏။ အချိန်ကြာလာသည်နှင့် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာလည်း သိသိသာသာ မြင့်တက်လာသည်။

အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ထိပ်ဆုံးအဆင့် …. ပြီးပြည့်စုံခြင်းအဆင့် …..

အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့်သို့ တက်လှမ်းသွားလေပြီ။

***

All Chapters