chapter(82)
Vol. 6 Ch. 82
အသန့်စင်ဆုံးစနစ် အခန်း(82)
ကျန်းယန်သည် သူရဲ့ရတနာပစ္စည်းထဲသို့ ချောင်ဖုန်းရဲ့ ဆေးလုံးအားထည့်လိုက်သည်။ရတနာပစ္စည်းသည် ဆေးလုံးရဲ့အရည်အသွေးအားအချက်သုံးလက်ဖြင့်ဖော်ပြပေးသည်။
အဖြူရောင်-ညံဖျင်းသောဆေးလုံး ၊ အနက်ရောင်-အလယ်အလတ်ဆေးလုံး ၊ အဖြူရောင်-ပြိုင်စံရှားထိပ်တန်းဆေးလုံး ၊ ရွှေဝါရောင်-နတ်ဘုရားအဆင့်ဆေးလုံး ဆိုပြီး သတ်မှတ်ပေးသည်။
ဂျီဝူးသည် ဆေးဖော်စပ်တာကို အာရုံမရဘဲ ကျန်းယန်ရဲ့ ရတနာပစ္စည်းကို ကြည့်ကာ စိတ်ဝင်စားနေခဲ့သည်။ကျန်းယန်သည် အဆင့်ငါးနတ်သမီးဆေးလုံးအား ထည့်ပြီးစစ်ဆေးကြည့်မှာသော ရတနာပစ္စည်းသည် ရွှေဝါရောင်အလင်းတန်း ထွက်လာပြီး အားလုံးရဲ့မျက်လုံးများကို စူးသွားစေလေသည်။
ကျန်းယန်သည် အံ့အားသင့်သွားကာ ချောင်ဖုန်းအားကြည့်လိုက်ပြီး "ငါ့ရဲ့ဆရာတောင် မင်းရဲ့အဂ္ဂိရတ်ပညာနှင့်ယှဥ်ရင် သုံးစားရတော့မယ်မထင်ဘူး " ဟု ပြောလိုက်သည်။ကျန်းယန်သည် ချောင်ဖုန်း၏ နတ်ဘုရားအဆင့်ဆေးလုံးကို သူ့ဘဝတွင် ဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်ကတော့ ကျန်းယန်၏ ဆရာသည် နတ်ဘုရားအဆင့်ဆေးလုံးရရှိဖို့ ဆေးမီဖိုထဲမှာ အကြိမ်ပေါင်းများစွာ ကြိုချက်သန့်စင်၍ မှသာ ရရှိလာခြင်းဖြစ်သည်။ဂျီဝူးသည် "ဆရာကြီးကျန်းယန်......ဒီဆေးလုံးရဲ့အစွမ်းက တခြားဆေးလုံးတွေနဲ့ ဘာကွာခြားလို့လဲ " ဟု မေးလိုက်သည်။
ကျန်းယန်သည် ချောင်ဖုန်းဖော်စပ်လိုက်သော ဆေးလုံးရဲ့ စွမ်းအားပါဝင်မှုသည် ကိုးဆယ်ရာခိုင်နှုန်းအထက် ရှိနိုင်သည်ဟု ခန့်မှန်းပြောပြလိုက်သည်။ထို့နောက် နောက်တစ်ယောက်သည် အဆင့်ငါးနတ်သမီးဆေးလုံးကို အောင်မြင်၍ သွားခဲ့သည်။ထိုလူကတော့ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သောကျူးရှို့ရုံ ပင်ဖြစ်သည်။
ကျူးရှို့ရုံ ဖော်စပ်အောင်မြင်ပြီးတဲ့နောက်မှာတော့ ရှောက်ဝေ့နှင့်အခြားသော အဂ္ဂိရတ်ပညာများကလဲ တစ်ဦးပြီးတစ်ဦး ဖော်စပ်အောင်မြင်လာခဲ့လေသည်။
အားလုံးရဲ့ဆေးလုံးများကို စစ်ဆေးပြီးနောက်မှာတော့ ကျူးရှို့ပင်၏ နတ်သမီးဆေးလုံးသည်အလယ်အလတ်အဆင့်ဆေးလုံးဖြစ်ပြီး ကျန်ရှိသောအဂ္ဂိရတ်ပညာရှင်များ၏ ဆေးလုံးများကတော့ အရည်အသွေးအညံဖျင်းဆုံး ဆေးလုံးများကိုသာ ဖော်စပ်နိုင်ကြသည်။
အကြီးအကဲရှိမ်သည် ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရပ်မှာ သူထင်ထားတာထက် အဆပေါင်းများစွာ သာနေလိမ့်နေမယ်လို့ မထင်ထားခဲ့ချေ။ဂျီဝူးသည် ချောင်ဖုန်းကို သဘောကျသွားပြီး ရတနာများနှင့် ရာထူးများ မက်လုံးပေးကာ ဆွဲဆောင်မယ်ဟု တွေးထားလိုက်သည်။
ထို့နောက် နောက်ထပ့် အဆင့်ငါးဆေးလုံးများ ဖော်စပ်နောက်ပြီးမှာ အများစုသည် ဆေးမီးဖို ပေါက်ကွဲမှုများဖြစ်ကာ ပွဲကြည့်ပရိတ်သတ်အခြေအနေသို့ ပြောင်းလဲသွားကြသည်။ချောင်ဖုန်းသည် အသာအယာလေးပဲ အဆင့်ငါးဆေးလုံးများကို ဖော်စပ်နိုင်သည့်အတွက် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် ဖြစ်နိုင်မယ်လို့ တီတိုးပြောဆို နေကြပြန်သည်။
နောက်ဆုံးတော့ အဆင့်ခြောက်ဆေးလုံးဖြစ်သော တုနိူင်းမဲ့ရွှမ်ဆေးလုံး ကိုဖော်စပ်မည့်အချိန်ရောက်လာပြီဖြစ်သည်။ထိုအခါ ကျူးရှို့ရုံမှ လွဲရင် အားလုံးသည် ပွဲကြည့်ပရိတ်သတ်အဖြစ်သို့ ပြောင်းလဲ သွားကြကုန်သည်။
ကျူးရှို့ရုံသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်တာ နှစ်အနည်းငယ်သာ ရှိသေးသောကြောင့် အဆင့်ခြောက်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ကင်းမဲ့နေခဲ့သည်။သို့သော်လည်း ကျူးရှို့ရုံသည် တုနိူင်းမဲ့ရွှမ်ဆေးလုံးကို ဖော်စပ်ဖို့ ဆုံးဖြတ်ချက်ချထားသည်။
ချောင်ဖုန်းသည် "ရီချုံ......ခဏနေရင် တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားပါ" ဟု စိတ်ထဲကပင် ပြောလိုက်သည်။ရီချုံသည် "အကိုကြီး.....ရီချုံက အဆင်သင့်ပဲ" ဟု ချောင်ဖုန်းအားပြန်ပြောလိုက်သည်။ ထို့နောက် ချောင်ဖုန်းနှင့်ကျူးရှို့ပင်သည် အဆင့်ခြောက်ဆေးလုံးဖြစ်သော တူနိူင်းမဲ့ရွှမ်ဆေးလုံး ကို စတင်ဖော်စပ်ပါတော့သည်။
ချောင်ဖုန်းသည် အဆင့်ခြောက်ဆေးလုံးကိုတော့ ဂရုတစိုက် သေသေချာချာ သန့်စင်ဖော်စပ်ခိုက်သည်။ထိုခန်းမအတွင်း ရှိနေသော လူများအားလုံးကတော့ စိတ်ဝင်တစားဖြင့် ကြည့်ရှု့နေကြလေသည်။
အဆင့်ခြောက်ဆေးလုံးဖော်စပ်ခြင်းကို ဆရာကြီးကျန်းယန်မှလွဲရင် ဘယ်သူမှမမြင်ဖူးကြသေးပေ။ချောင်ဖုန်းရဲ့လုပ်ဆောင်ချက်တွေသည် အလွန်လျင်မြန်နေသောကြောင့် ဘယ်သူမှသေချာမမြင်နိုင်ပေ။
ငါးနာရီကြာပြီးတဲ့နောက်မှာ ကျူးရှို့ပင်ရဲ့ ဆေးမီးဖိုသည် ပေါက်ကွဲသွားလေသည်။အဆင့်ခြောက်ဆေးလုံးဖော်စပ်ရန် အမှန်တကယ် လေးရက်အနည်းဆုံး လိုအပ်သည်ကို သိရှိထားကြသည်။ကျူးရှို့ပင်သည် ဆေးအမယ် နှစ်စုံစာ ကျန်သေးပင်မယ့် အရှုံးပေးကာ ထွက်ခွာသွားခဲ့သည်။
ထိုအခါ အားလုံးရဲ့မျက်လုံးသည် ချောင်ဖုန်းရှိသို့ ရောက်ရှိလာပါတော့သည်။အားလုံးသည် တစ်ရက်ကြာပြီးသည့် တိုင်အောင် ချောင်ဖုန်းရဲ့ဆေးမီးဖိုသည် ပေါက်ကွဲမှုမရှိတဲ့အတွက် ချောင်ဖုန်းသည် အဆင့်ခြောက်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ဖို့ ယုံကြည်နေကြသည်။
ဒီလိုနဲ့ တစ်ရက်နဲ့ နေ့တစ်ဝက်ရောက်သွားသော်အခါ ကောင်းကင်ယံသည် နေ့ခင်းဘက်ကြီူ မှောင်မဲသွားသောအခါ ဆရာကြီးကျန်းယန်သည် "အဲ့တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တစ်ရက်ခွဲထဲနဲ့ သူက အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်သွားနိုင်တာလား " ဟု ထိုင်ခုံမှ ထလိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။
ထိုအခါ ဂျီဝူးနှင့်အကြီးအကဲ အားလုံးသည် ဆရာကြီးကျန်းယန်ရဲ့စကားကြောင့် ချောင်ဖုန်းသည် အဆင့်ခြောက်ဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်မည် သိသော်အခါ ဝမ်းသာအားရနဲ့ဂရုတစိုက်ကြည့်လိုက်ကြသည်။
ထိုအခါ ချောင်ဖုန်းရဲ့ ဆေးမီးဖိုထဲမှ ရွှေဝါရောင်အလင်းတန်းကြီး ထွက်ပေါ်လာပြီး ကောင်းကင်ဘုံသို့ ထိုးဖောက်သွားလေသည်။
ထိုရွှေဝါရောင်အလင်းတန်းကြီးကြောင့် နာမည်ကြီးဂိုဏ်းများနှင့်မဟာ အင်ပါယာတိုင်းပြည်အနီးနှင့် နီးကပ်သော တိုင်းပြည်များရှိ လူအားလုံးကပင် ရွှေဝါရောင်အလင်းတန်းကြီးအား ကြည့်ကာ အဆင့်ခြောက်ဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်တာကို သိရှိလိုက်ကြသည်။
ချောင်ဖုန်းသည် အားလုံးသည် ရွှေဝါရောင်အလင်းတန်းကြီးအား အာရုံစိုက်နေချိန်မှာ "ဒီအချိန်ပဲ..... " ဟုပြောကာ ကိုယ်ပွားလိုက်ပြီး နတ်ဘုရားခြေလှမ်းဖြင့် ထိုခန်းမထဲမှ အားလုံးရဲ့အလစ်မှာ ထွက်ခွာသွားပါတော့သည်။
ထိုအခါ ဆေးဖော်စပ်ယှဥ်ပြိုင်သော ခန်းမအတွင်းတွင် အားလုံးသည် ချောင်ဖုန်းကိုယ်ပွားကို လက်ခုပ်တီးကြကာ ချီးကျူးနေကြလေသည်။ချောင်ဖုန်းကိုယ်ပွားသည် သူ၏ အဆင့်ခြောက်ဆေးလုံးအား နဂါးမင်းတံဆိပ်ဂိုဏ်းမှ လာပေးသည် ကျောက်စိမ်းရတနာဘူး
ထဲသို့ ထည့်ပေးလိုက်သည်။
ချောင်ဖုန်းအစစ်ကတော့ ထိုနေရာမှ ထွက်ခွာပြီး မော့ပုဖေးပေးထားသော မြေပုံကြောင့် ဂျီဝူးနေသော အခန်းကို လျင်မြန်စွာ ရောက်သွားခဲ့သည်။ဂျီဝူးရဲ့ အခန်းရှေ့တွင် ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမား ရှိနေသောကြောင့် ချောင်ဖုန်းသည် "ရီချုံ......အမြန်လုပ် အသံမထွက်စေနဲ့ "ဟု ပြောလိုက်သည်။
ချောင်ဖုန်းရောက်ရှိလာတာကို ခံစားလိုက်ရသော ဧကရာဇ်နယ်ပယ်အဆင့်နှစ်ယောက်သည် စကားပြောနေရင်း ရပ်တန့်သွားကာ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်လေသည်။သို့သော် သူတို့နှစ်ယောက်သည် ချောင်ဖုန်းနှင့်ရီချုံ၏ တိုက်ခိုက်မှုအောက်မှာ အသက်ပျောက်သွားလေသည်။
ထို့နောက် ချောင်ဖုန်းသည် အခန်းအပြင်မှာ ရီချုံကို နေခိုင်းလိုက်ပြီး "ရီချုံ........အထဲကို ဘယ်သူမှမဝင်နိုင်အောင် မင်းအတက်ဆုံးထိန်းထားပါ" ဟု ပြောလိုက်သည်။
ထို့နောက်ချောင်ဖုန်းသည် အခန်းထဲသို့ ဝင်သွားပြီး မော့ပုဖေး ပြောသည့်အတိုင်း နံရံပေါ်ရှိ မီးလင်းနေသော နဂါးခေါင်းအား တစ်ပတ်ပြည့်အောင်လှည့်လိုက်သည့်အခါ မြေအောက်ခန်းတစ်ခုပေါ်လာလေသည်။
ချောင်ဖုန်းသည် ထိုအခန်းထဲသို့ ခုန်ချသွားလိုက်သည်။ထိုအချိန်မှာ ဂျီဝူးသည် သူ့စောင့်ခိုင်းထားသော အကြီးအကဲ နှစ်ယောက်ရဲ့ အငွေ့အသက်မရှိတော့တာကို ခံစားလိုက်ရသည့်အခါ ချက်ချင်းပင် သူထိုင်နေသော နေရာမှ ပျောက်ကွယ်သွားလေသည်။
ချောင်ဖုန်းသည် မြေအောက်ခန်းထဲသို့ ရောက်ရှိတဲ့အခါ ဧရာမကျောက်ရုပ်နဂါးကြီးတစ်ကောင်တွေ့လိုက်ရပြီး သူရဲ့ပါးစပ်ထဲတွင် အမိန့်ပြားတစ်ပြား ထည့်၍ ရသော ပုံစံခွက်လေးတစ်ခုရှိနေလေသည်။
ထိုအခါ ချောင်ဖုန်းသည် လေပေါ်သို့ ပျံတက်လိုက်ပြီး သူ့လက်ထဲမှ နဂါးစစ်သည်တော် အမိန့်ပြားအား ထည့်လိုက်လေသည်။ထိုအခါ ဧရာမကျောက်ရုပ်နဂါးကြီးသည် နဂါးစစ်သည်တော်အမိန့်ပြားနဲ့ စတင်ချိတ်ဆက်နေလေသည်။
ချောင်ဖုန်းသည် "ကြည့်ရတာ........အချိန်တစ်ခုထိစောင့်ရမယ်ထင်တယ် " ဟု ပြောကာ ယန်အစီအရင်ရတနာကို ထုတ်လိုက်ပြီး ပုံရိပ်ယောင်ဝင်္ကပါအစီအရင်ကို မြေအောက်ခန်းအတွင်း ပုံဖော်ထားလိုက်သည်။ခဏလေးအတွင်းမှာပဲ ရီချုံသည် ချောင်ဖုန်းရှိသော အခန်းထဲသို့ ပြုတ်ကျ၍ လာလေသည်။
ရီချုံသည် "အကိုကြီး.......အဲ့လူသားက အတော်စွမ်းအားကြီးတာပဲ"ဟု ပြောလိုက်သည်။ထိုချိန်မှာပဲ ဂျီဝူးသည် မြေအောက်ခန်းထဲသို့ ဆင်းလာလေသည်။ဂျီဝူးသည် ချောင်ဖုန်းအား မြင်လိုက်တဲ့အခါ "လတ်စသတ်တော့ မင်းပဲကို........ငါသာသတိမဲ့လိုက်မယ်ဆို နဓါးမင်းတံဆိပ်ဂိုဏ်းက မင်းတို့လက်ထဲပါသွားလောက်ပြီ" ဟု ပြောလိုက်သည်။
ဂျီဝူးသည် ကျောက်ရုပ်နဂါးဖြင့် ချိတ်ဆက်နေသော နဂါးစစ်သည်တော် အမိန့်ပြားကို ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ဂျီဝူးထိုးလိုက်သော ကိုယ်ပိုင်လက်သီးစွမ်းအားကို ကြားမှ ဖြတ်ထိုးလိုက်သည်။
ဂျီဝူးသည် ဒေါသထွက်သွားပြီး "မင်းက သေခြင်နေတာပဲ..... " ဟု ပြောကာ ပျောက်သွားလေသည်။