Chapter(63)
Vol. 6 Ch. 83
အသန့်စင်ဆုံးစနစ် အခန်း(83)
ဂျီဝူးသည် ပျောက်ကွယ်သွားပြီးတာနဲ့ ချောင်ဖုန်းရဲ့အနောက်တွင်ချက်ချင်းပေါ်လာခဲ့ပြီး "ကောင်စုတ်လေးသေပေတော့ ......."
ဟု ပြောပြီး ချောင်ဖုန်းအားထိုးချမည့်ချိန်မှာ ရုတ်တရက် မှောင်မဲသွားခဲ့ပြီး လေဟာနယ်ကို ထိုးမိသွားခဲ့သည်။
ဂျီဝူးသည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေသောကြောင့် အစီအရင်မှန်း သိရှိသွားလေသည်။ဂျီဝူးသည် သူ့ရဲ့ကိုယ်ပိုင်လက်သီးစွမ်းအင်ကို စုစည်းလိုက်ပြီး ချောင်ဖုန်းရဲ့ ပုံရိပ်ယောင်ဝင်္ကပါ အစီအရင်အားတစ်ချက်တိုက်ခိုက်လိုက်သည်။
ထိုအခါ နဂါးမင်းတံဆိပ်ဂိုဏ်း၏ အကြီးအကဲများသည် တိုက်ခိုက်နေသည် သိရှိသွားပြီ ဂျီဝူးရှိသို့ လျင်မြန်စွာ ပြေးလာကြလေသည်။
ချောင်ဖုန်းသည် အက်ကွဲကြောင်းထင်သွားသော အစီအရင်ကို ကြည့်ပြီး ကိုယ်ပွားငါးကိုယ်ပွားလိုက်ကာ အချိန်ဆွဲထားဖို့ ပြင်လိုက်သည်။
ချောင်ဖုန်းသည် "ရီချုံ.......နောက်ထပ်လာမယ့် လူတွေကို မင်းအတက်နိုင်ဆုံးတားထားပါ " ဟု ပြောလိုက်တဲ့အခါ ရီချုံသည် မြေအောက်ခန်းထဲမှ အပေါ်သို့ ပြန်တက်သွားကာ သူစွမ်းအားအရှိန်အဝါအားလုံးကို ထုတ်လိုက်ပြီး စူးရှသောအသံဖြင့် အော်ဟစ်လိုက်လေသည်။
ဂျီဝူးသည် ချောင်ဖုန်းရဲ့အစီအရင်ကို ဖျက်စီးပြီးနောက် အပြင်သို့ ပြန်လည်ထွက်ရှိလာပြီး "မင်းမှာ ရှိတဲ့စွမ်းအားတွေ အကုန်ထုတ်လို့ပြီးပြီးလား " ပြောနေချိန်မှာ လေးဖက်လေးရံမှ အလွန်စွမ်းအားပြင်းသော ချီစွမ်းအင်လှိုင်းသည် သူ့ရှိရောက်ရှိလာတာကို သိရှိလိုက်ရသည်။
ဂျီဝူးသည် ချောင်ဖုန်းကိုယ်ပွားများတိုက်ခိုက်သော ခံစားချက်မဲ့သေခြင်းတရားအစီအရင်ကို အလွယ်တကူပင် ရှောင်လိုက်ပြီး" အဆုံးမဲ့လောင်မြိုက်ခြင်း " ဟု ရွတ်လိုက်ပြီး သူရဲ့လက်ထဲမှ မီးတောက်နေသောဓားမြှောင်တစ်ချောင်းဖြင့် ချောင်ဖုန်းကိုယ်ပွားများကို သတ်ပစ်လိုက်လေသည်။
ဂျီဝူးသည် ကိုယ်ပွားများမရှိတော့တဲ့အခါ "ကြည့်ရတာမင်းမှာ လို့ဝှက်ချက်တွေမရှိတော့ဘူး ထင်တယ် " ဟု ပြောလိုက်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် ထိုးချလိုက်လေသည်။ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် လျင်မြန်စွာ ရှောင်လိုက်သော်လည်း သူ့အနားကို ရောက်ရှိလာသောကြောင့် ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ပြန်ထိုးချလိုက်သည်။
ချောင်ဖုန်းသည် ဂျီဝူးရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအားကြောင့် လွှင့်ထွက်သွားပြီး သွေးကြောအများစုသည် ပျက်စီးသွားလေသည်။တစ်ဖက်မှာလဲ ရီချုံသည် ဒဏ်ရာများစွာရနေသော်လည်း အရှုံးမပေးဘဲ ဘယ်သူမှ ဝင်လို့မရအောင် ခုခံနေတုန်းပင်ဖြစ်သည်။
ထိုအခါ ဂျီဝူးသည် ချောင်ဖုန်းကို တစ်ခါထဲသတ်ဖို့ လုပ်ပင်မယ့် နဂါးစစ်သည်တော် အမိန့်ပြား ချိတ်ဆက်မှုကို အရင်ဖျက်စီးဖို့ ဆုံးဖြတ်လိုက်သည်။
ချောင်ဖုန်းသည် ဒဏ်ရာများစွာရရှိ၍ မြေပြင်ပေါ်တွင် လဲကျနေရင်း အားတင်းစွာဖြင့် "ငါရဲ့ခန္ဓာကိုယ်ကို ပြန်လည်သန့်စင်မယ် " လို့ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းရဲ့ သွေးကြောများသည် ပြန်လည်၍ဆက်သွားပြီး အပြင်ပိုင်း ဒဏ်ရာများသည်လည်း ချက်ချင်းအသားပြန်ပြည့်သွားလေသည်။
ဂျီဝူးသည် သူရဲ့စွမ်းအားဖြင့် နဂါးစစ်သည်တော်အမိန့်ပြား ချိတ်ဆက်နေမှုကို ဖျက်စီးနေခဲ့သည်။ထိုချိန်မှာ ချောင်ဖုန်းသည် အသွင်ကိုးမျိုးမရဏဓားကို ကျားသစ်ဝိညဥ်စွမ်းအင် အသက်သွင်းကာ နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ဖြင့် ဂျီဝူးအား အောက်ကပင်တိုက်ခိုက်လိုက်လေသည်။
ဂျီဝူးသည် သူရှိ လျင်မြန်စွာရောက်လာသော ဧရာမဓားဝိညဥ်စွမ်းအင်ကြီးကို ချက်ချင်းခံစားလိုက်ရပြီး နောက်သို့ ဆုတ်လိုက်ရသည်။ဂျီဝူးသည် ဒေါသပေါက်ကွဲထွက်သွားပြီး "ငါရဲ့ နတ်နယ်ပယ်
အထွဋ်အထိပ်ကိုယ်ပိုင်လက်သီးစွမ်းအင်နဲ့..... တိုက်ခိုက်တာတောင် မင်းက စက္ကန့်ပိုင်းအတွင်းမှာ ဒဏ်ရာတွေ ပျောက်သွားတဲ့အပြင် ငါ့ကို ပြန်ပြီးတိုက်ခိုက်နိုင်တာပဲ" ဟု ပြောလိုက်သည်။
ထိုချိန်မှာ နဂါးစစ်သည်တော်အမိန့်ပြားသည် လုံးဝချိတ်ဆက်သွားပြီ ဖြစ်ကြောင်း ချောင်ဖုန်းသည် သိရှိလိုက်ရသည်။ချောင်ဖုန်းသည် နဂါးစစ်သည်တော်အမိန့်ပြားပိုင်ရှင်ဖြစ်သောကြောင့် နဂါးစစ်သည်တော်များသည် စတင်အသက်ဝင်လာလေသည်။
နဂါးစစ်သည်တော်များသည် နဂါးမင်းတံဆိပ်ဂိုဏ်းကို တည်ထောင်သူဘိုးဘေးကိုယ်တိုင်ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။ ဂိုဏ်း၏ ကပ်ဘေးအန္တရာယ် ကျရောက်သောချိန်တွင် နဂါးမင်းတံဆိပ်ဂိုဏ်းချုပ်၏ အမိန့်ကို နာခံပြီး နဂါးမင်းတံဆိပ်ဂိုဏ်းအား ကာကွယ်ဖို့ နတ်နယ်ပယ်အဆင့်ရှိသော နဂါးစစ်သည်တော်များပင်ဖြစ်သည်။
ဂျီဝူးသည် ထိုအရာများကို မသိရှိပဲ "သေဆုံးခြင်းမှ ပြန်လည်ဝင်စားခြင်းကျင့်စဥ် " လို့ပြောလိုက်တဲ့အခါ မီးခိုးငွေ့အစိမ်းရောင်တငွေ့ငွေ့ရှိသော အရိုးခေါင်းအကြီးကြီးသည် ချောင်ဖုန်းရှိသို့ ဦးတည်သွားလေသည်။
ချောင်ဖုန်းသည် အသွင်ကိုးမျိူးမရဏဓားအား ဖီးနစ်ဌက်အသွင်ပြောင်းကာ လေပွေဓားသိုင်းဖြင့် သူ့ရှိပြေးဝင်လာသော အရိုးခေါင်းကြီးကို တိုက်ခိုက်လိုက်သည်။သို့သော်လည်း ထိုအရိုးခေါင်းကြီးသည် အနည်းငယ်သာ နောက်ဆုတ်သွားပြီး ရှေ့သို့ ဆက်တိုးလာလေသည်။
ထိုချိန်မှာပဲ နဂါးစစ်သည်တော်တစ်ယောက်ဖြစ်သည့် သိုင်းယွင်သည် ချောင်ဖုန်းရှေ့မှာ လျှပ်တစ်ပြက်အတွင်း ထွက်ရှိလာပြီး သူ့ဘယ်ဘက်လက်ဖဝါးဖြန့်၍ လျှပ်စီးကြောင်းဖြင့် အရိုးခေါင်းကြီးအား တိုက်ခိုက်လိုက်တဲ့အခါ ဂျီဝူးရဲ့ အရိုးခေါင်းကြီးသည် အစအနလုံးဝပျောက်သွားလေသည်။
သိုင်းယွင်ရဲ့ပုံစံသည် နဖူးတွင် ရွှေရောင်နဂါးပုံစံ သရဖူတစ်ခုကို ဆောင်းထားပြီး ရွှေရောင်သံချပ်ကာသည် ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ ဝတ်ဆင်ထားခဲ့သည်။
ထို့နောက်သိုင်ယွင်သည် ဒူးထောက်လိုက်ပြီး သူသည် နဂါးစစ်သည်တော်တစ်ယောက်ဖြစ်ပြီး နဂါမင်းတံဆိပ်ဂိုဏ်းအား ကာကွယ်ဖို့ အမိန့်ပြားထဲမှ လူလောကထဲသို့ ထွက်ရှိလာပြီဖြစ်ကြောင်း ချောင်ဖုန်းကို ပြောလိုက်သည်။
ဂျီဝူးသည် သိုင်ယွင်ကို မြင်တဲ့အခါ ဒဏ္ဍာရီထဲတွင် ရှိခဲ့သော နဂါးမင်းတံဆိပ်ဂိုဏ်းကို ကာကွယ်ဖို့ဘိုးဘေးမှထားခဲ့သော နဂါးစစ်သည်တော်ကို အပြင်မှာတွေ့ရှိလိုက်ရပြီး သူကြားဖူးတာထက် ပိုအစွမ်းထက်နေလိမ့်မယ်လို့ မထင်ထားခဲ့ကြချေ။
နဂါးစစ်သည်တော်တွေကို အဆင့်တစ် ၊ နှစ် ၊ သုံး ဟု ခွဲခြားထားပြီး သိုင်ယွင်သည် အဆင့်သုံးနဂါးစစ်သည်တော်ဖြစ်နေတာတောင် သူနဲ့အတူ နတ်နယ်ပယ်အထွဋ်အထိပ်အဆင့် ရောက်ရှိနေပြီး စွမ်းအင်ပိုင်းမှာလဲ သူ့ထက်သာလွန်နေတဲ့အတွက် ဂျီဝူးသည် ကြောက်လန့်သွားခဲ့သည်။
ယခင်ဂိုဏ်းချုပ်ကို သတ်ဖြတ်ပြီး ဂိုဏ်းချုပ်နေရာကို လုယူထားသော ဂျီဝူးကို သတ်ဖြတ်ဖို့ သိုင်ယွင်အား အမိန့်ပေးလိုက်သည်။ထိုအခါ သိုင်ယွင်သည် ချက်ချင်းပဲ ဂျီဝူးရဲ့ဘေးကို ရောက်ရှိသွားပြီး ညာဖက်လက်ဖဝါးထဲမှ အနီရောင်မီးတောက်ကြီးဖြင့် ဂျီဝူးအား တိုက်ခိုက်လိုက်သည်။
ဂျီဝူးသည် သူရဲ့ အရိုးခေါင်းကြီးအား ပုံဖော်လိုက်ပြီး သူ့ရှိလာနေသော မီးတောက်ကြီးကို ပြန်ခုခံလိုက်သည်။ချောင်ဖုန်းသည် သိုင်းအဆင့်နဲ့ ဂျီဝူးကို မယှဥ်နိုင်ပင်မယ့် စိတ်ဝိညဥ်စွမ်းအင်ဖြင့် ဂျီဝူးရဲ့ နောက်ကို ရောက်ရှိသွားပြီး အချိန်ကောင်းတစ်ခုကို စောင့်နေလေသည်။
ဂျီဝူးသည် သူရဲ့စွမ်းအင်အားလုံးကို အရိုးခေါင်းကြီးထဲသို့ပို့လိုက်ပြီး သိုင်ယွင်၏ အနီးရောင်မီးတောက်ကို ခုခံနေလေသည်။ထိုချိန်မှာ နတ်နယ်ပယ်အဆင့်အကြီးအကဲများသည် ဂျီဝူးအား ကာကွယ်ရန်မြေအောက်ခန်းသို့ ရောက်ရှိလာကြသည်။
ရီချုံသည် ဒဏ်ရာအတော်ရသွားကာ ချောင်ဖုန်းရဲ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။
ထိုအကြီးအကဲများသည် မြေအောက်ခန်းထဲကို ရောက်ရှိလာတဲ့အခါ ဂျီဝူးနဲ့တိုက်ခိုက်နေသာ သိုင်ယွင်ကို မြင်သွားတဲ့အခါဟုန်မန်ကျီမတိုင်ခင် အုပ်ချုပ်ခဲ့သည့် ဂိုဏ်းချုပ်ဟောင်းတစ်ယောက်ပြောခဲ့သော နဂါးစစ်သည်တော်တစ်ယောက်ရဲ့ ပုံစံကို မြင်သွားတဲ့အခါ တုန်လှုပ်ကာ ကြောက်လန့်သွားကြလေသည်။
ထိုထဲမှ ဂျီဝူးကို ဂိုဏ်းချုပ်ဖြစ်အောင် အဓိက ထောက်ခံပေးသည့် အကြီးအကဲရှဲ့ချမ်းသည် "အဲ့တာ ငါတို့ နဂါးမင်းတံဆိပ်ဂိုဏ်းရဲ့နဂါးစစ်သည်တော်အစစ်လား ၊ နဂါးစစ်သည်တော်အမိန့်ပြားက ဂိုဏ်းချုပ်အဆက်ဆက်မှာတကယ်ပဲ ရှိနေခဲ့တာလား " ဟု စိတ်ပျက်သွားကာ ပြောလိုက်သည်။
ဂိုဏ်းချုပ်ဟောင်းတစ်ယောက်မှ သူသဘောကျသောတစ်ယောက်အား နဂါးစစ်သည်တော်အမိန့်ပြားအားဆက်ခံစေပြီး ဂိုဏ်းချုပ်ရာထူးအား လွဲပြောင်းလေ့ရှိသည်။ထိုကိစ္စကို ဂိုဏ်းချုပ်အဆက်ဆက်သိုဝှက်စွာ ဆောင်ရွက်ခဲ့သောကြောင့် ဂိုဏ်း၏ အကြီးအကဲများတောင် ဒဏ္ဍာရီရာဇဝင်တစ်ခုလိုပင် ထင်နေခဲ့ကြသည်။
ထိုအခါ အကြီးအကဲများသည် အဖွဲ့နှစ်ဖွဲ့ ချက်ချင်းပင်ကွဲသွားလေသည်။တချို့အကြီးအကဲများသည် ဟုန်မန်ကျီသေဆုံးမှု၏ တရားခံများကို သိသော်လည်း သူတို့ရဲ့အရည်အချင်းဖြင့် အာဏာကို မလွန်ရဲကြပေ။