Vol. 6 Ch. 84
Vol. 6 Ch. 84
အသန့်စင်ဆုံးစနစ် အခန်း(84)
ထိုအကြီးအကဲများအနက် ပိုင်ဖေးကျစ်ဟုသော အကြီးအကဲသည်
"နောက်ဆုံးတော့ နဂါးစစ်သည်တော်ထွက်ရှိလာပြီ ၊ ငါတို့နဂါးစစ်သည်တော်ဘက်ကနေ ရပ်တည်ရမယ်" ဟု ပြောလိုက်သည်။
ဂျီဝူးသည် သိုင်ယွင်၏ မီးတောက်ကို မထိန်းနိုင်ပြီဖြစ်၍ "အကြီးအကဲရှဲ့ချမ်း.......ခင်ဗျား အဲ့မှာ ဘာရပ်လုပ်နေတာလဲ" ဟု အော်ဟစ်လိုက်သည်။ထိုအခါ အကြီးအကဲရှဲ့ချမ်းသည် သူ့နောက်မှ အကြီးအကဲသုံးယောက်နှင့် ဂျီဝူးကို ကူညီဖို့ လုပ်လိုက်သည်။
သို့သော်များလဲ ချောင်ဖုန်းနှင့်အကြီးအကဲပိုင်ဖေးကျစ်တို့သည် ရှဲ့ချမ်းတို့အဖွဲ့ကို တားလိုက်သည်။ရှဲ့ချမ်းသည် သူ့ ရတနာလက်နက်မှော်ပုလင်းတစ်ခုကို ထုတ်ကာ ချောင်ဖုန်းကို တိုက်ခိုက်လိုက်သည်။
ထိုအချိန်မှာ ပိုင်ဖေးကျစ်သည် ချောင်ဖုန်းရှိကို ရောက်ရှိလာတဲ့ ဖန်ပုလင်းအား ကြားမှ ဝင်တိုက်လိုက်ပြီး "ဂိုဏ်းချုပ်.....ဒီကိစ္စကျွန်တော်တို့ တာဝန်ထားလိုက်ပါ " ဟု ပြောလိုက်သည်။ပိုင်ဖေးကျစ်တို့သည် နဂါးစစ်သည်တော်အမိန့်ပြားကို အသုံးပြုနိုင်သော သူသည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်သာ အသုံးပြုနိုင်မှန်းသိရှိထားသောကြောင့် ချောင်ဖုန်းကို ဂိုဏ်းချုပ် ဟု ခေါ်လိုက်ခြင်းဖြစ်သည်။
ချောင်ဖုန်းရဲ့ စိတ်ဝိညဥ်စွမ်းအင်သည် ဂျီဝူး၏ နောက်တွင် အချိန်ကြာမြှင့်စွာ ရှိနေပြီးနောက်တွင် ဂျီဝူးအရှေ့ကို တိုက်ခိုက်နေချိန်မှာ စိတ်ဝိညဥ်စွမ်းအင်ဖြင့် ရုတ်တရက် ဂျီဝူး၏ စိတ်ဝိညဥ်ကို တိုက်ခိုက်လိုက်လေသည်။
ထိုအခါ ဂျီဝူးသည် ချောင်ဖုန်း၏ စိတ်ဝိညဥ်စွမ်းအင် တိုက်ခိုက်မှုကြောင့် မူးဝေသွားပြီး အရိုးခေါင်းကြီးအား မထိန်းချုပ်နိုင်တော့ပေ။ထိုချိန်မှာပဲ ချောင်ဖုန်းသည် စိတ်ဝိညဥ်နှင့်ခန္ဓာကိုယ်ပေါင်းစည်းကာ ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ဖြင့် ဂျီဝူးအားတိုက်ခိုက်လိုက်သည်။
ထိုအခါ ချောင်ဖုန်း၏ ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်နှင့် သိုင်ယွင်၏ မီးတောက်အောက်မှာ ဂျီဝူး၏ ခန္ဓာကိုယ်မှာ အမှုန့်ပါမကျန် ပျောက်ကွယ်သွားခဲ့ပြီး အဝါရောင်ဝိညဥ်စွမ်းအင်တစ်ခုသည် ထွက်ပေါ်လာလေသည်။
နတ်နယ်ပယ်အဆင့်ကို ရောက်ရှိသောသူသည် သေဆုံးခဲ့ရင်တောင် ပြန်လည်ရှင်သန်နိုင်သည့် စုန့်ဝိညဥ်စွမ်းအင်ကို ရရှိကြသည်။စုန့်ဝိညဥ်စွမ်းအင် ရှိသူသည် သေဆုံးခဲ့ရင်တောငိ နောက်တစ်ခေါက်ပြန်လည် ရှင်သန်နိုင်အောင်ကြိုးစားလို့ရသည်။
သိုင်ယွင်သည် ဂျီဝူးရဲ့ ခန္ဓာကိုယ်အား အမှုန့်ပါမကျန် သတ်ပစ်လိုက်ပင်မယ့် ဂျီဝူး၏ စုန့်ဝိညဥ်စွမ်းအင်သည် ပေါ်ထွက်လာကာ ထိုနေရာမှ ထွက်ပြေးသွားပါတော့သည်။ဂျီဝူးသေဆုံးသွားတဲ့အခါ ရှဲ့ချမ်းတို့သည် သေဆုံးရမှာကို ကြောက်ရွံသောကြောင့် ဒူးထောက်ကာ အညံခံလိုက်ကြလေသည်။
သိုင်ယွင်သည် ဂျီဝူးသေဆုံးသွားသည့် အခါ အမိန့်ပြားနှင့်အတူ ချောင်ဖုန်း၏ လက်ဖဝါးအတွင်းသို့ ပြန်ဝင်၍ သွားခဲ့သည်။ပိုင်ဖေးကျစ်တို့သည် ချောင်ဖုန်းကို ဒူးထောက်လိုက်ကြပြီး "ဂိုဏ်းချုပ်.....ဒီသစ္စာဖောက်ကောင်တွေကို သတ်ပစ်လိုက်ရမလား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ထိုလူတွေကို လောလောဆယ် ထွက်မပြေးနိုင်အောင် ဖမ်းထားပြီး အချုပ်ချထားဖို့ ပြောလိုက်သည်။ထို့နောက်ချောင်ဖုန်းသည် မြေပြင်ပေါ်တွင် ကျနေသော ဂျီဝူး၏ သိုလှောင်ကွင်းလက်စွပ်ကို သိမ်းထားလိုက်သည်။
ချောင်ဖုန်းနှင့်ပိုင်ဖေးကျစ်တို့အဖွဲ့သည် မြေအောက်ခန်းထဲမှ အပေါ်သို့ ပြန်လည်၍ တက်လာခဲ့လေသည်။ထိုချိန်မှာပဲ မော့ပုဖေးတို့အဖွဲ့သည်လည်း ချောင်ဖုန်းရှိရာကို ဒဏ်ရာများစွာရောက်ရှိလာကြလေသည်။
ချောင်ဖုန်းသည် မော့ပုဖေးတို့ကို တွေ့လိုက်ရတဲ့အခါ ဆေးပုလင်းတစ်လုံးကို ထုတ်၍ တိုက်လိုက်သည်။ထိုအခါ မော့ပုဖေးသည် "ဂိုဏ်းသခင်ရဲ့ ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
မော့ပုဖေးတို့နောက်တွင် နဂါမင်းတံဆိပ်ဂိုဏ်းမှ ဧကရာဇ်နယ်ပယ်အဆင့်အကြီးအကဲတွေကလဲ လိုက်လာခဲ့ပြီး ပိုင်ဖေးကျစ်တို့သည် ရှဲ့ချမ်းတို့ကို ဖမ်းချုပ်ထားတာကို မြင်တဲ့အခါ ရပ်တန့်သွားကြသည်။ပိုင်ဖေးကျစ်သည် မော့ပုဖေးတို့ကို တိုက်ခိုက်ဖို့ လိုက်လာသည့် အကြီးအကဲလုံယဲ့အား ပြစ်တင်ကြိမ်မောင်းလိုက်သည်။
ပိုင်ဖေးကျစ်သည် ဒေါသအသံဖြင့်"လုံယဲ့.......အရင်ဂိုဏ်းချုပ်ရဲ့ကျေးဇူးတွေကို မင်းခုလိုကျေးဇူးပြန်ဆပ်လိုက်တာလား " ဟု မေးလိုက်သည်။ထိုအခါ လုံယဲ့ဆိုသောလူသည် ခေါင်းငုံကာ " အကြီးအကဲပိုင်.......သခင်မပုဖေးရဲ့ ဒဏ်ရာတွေက ကျွန်တော်တို့အဖွဲ့ ရဲ့ လက်ချက်မဟုတ်ဘူး" ဟု ပြန်ဖြေလိုက်သည်။
ထိုအခါမှသာ မော့ပုဖေးသည် "ဟုတ်ပါတယ်အကြီးအကဲပိုင်..... ဒီဒဏ်ရာတွေက လုံယဲ့တို့နဲ့မသက်ဆိုင်ပါဘူး " ဟု ပြန်ဖြေလိုက်သည်။မော့ပုဖေးသည် သူတို့ကို တိုက်ခိုက်ခဲ့သော အဖွဲ့ကို ရှင်းလင်းပြီးမှ ချောင်ဖုန်းအား ကူညီရန်ရောက်ရှိလာခြင်းဖြစ်ပြီး လုံယဲ့တို့အဖွဲ့ကတော့ တားခဲ့ဖို့သာ ရောက်လာခြင်းဖြစ်သည်။
ထိုအခါ ပိုင်ဖေးကျစ်သည် "လုံယဲ့......ဂိုဏ်းရဲ့အကြီးအကဲတွေအားလုံးနဲ့ ဂိုဏ်းသားအားလုံးကို စုစည်းထားလိုက်ပါ" ဟု ပြောလိုက်သည်။လုံယဲ့သည် အကြီးအကဲပိုင်အား အရိုအသေပြုပြီး
ချောင်ဖုန်းတစ်ချက်ကြည့်လိုက်ပြီး ထွက်သွားလေသည်။
မော့ပုဖေးသည် "ဂိုဏ်းသခင်လေး.......ရှင်တကယ်လုပ်နိုင်ခဲ့တာပဲ " ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အကြီးအကဲပိုင်သာ ရောက်မလာခဲ့ရင် ကျွန်တော် ခုလိုအောင်မြင်မှာ မဟုတ်ဘူး " ဟု ဖြေလိုက်သည်။
ထိုအခါ ပိုင်ဖေးကျစ်သည် "ဂိုဏ်းချုပ်က ရယ်စရာတွေပြောနေတာပဲ" ဟု ချောင်ဖုန်းအားပြောလိုက်သည်။ခဏအကြာမှာပဲ လုံယဲ့သည် ပြန်လည်ရောက်ရှိလာပြီး ဒူးထောက်လိုက်ပြီး "အကြီးအကဲပိုင်.....အကြီးအကဲခိုင်းတဲ့အတိုင်း ကျွန်တော်အားလုံးစီစဥ်ပြီးပါပြီ " ဟု ပြောလိုက်သည်။
ပိုင်ဖေးကျစ်သည် ရှဲ့ချမ်းတို့ကိုလဲ နဂါးမင်းတံဆိပ်ဂိုဏ်း၏ အချုပ်ခန်းထဲသို့ အရင် ထည့်ခိုင်းလိုက်ပြီး နဂိုကလို မဟုတ်ဘဲ တက်တက်ကြွကြွ ပြန်ဖြစ်လာခဲ့သည်။
ထို့နောက် ပိုင်ဖေးကျစ်သည် သူရဲ့သိုလှောင်ကွင်းထဲမှ အနက်ရောင်ဝတ်စုံတစ်စုံကို ချောင်ဖုန်းအား ထုတ်ပေးလိုက်ပြီး "ဂိုဏ်းချုပ်.....ဒီဝတ်စုံကို အရင်လဲဝတ်လိုက်ပြီးရင် ကျွန်တော်တို့ ဂိုဏ်းချုပ်အသစ်ဆက်ခံဖို့ သွားလိုက်ကြရအောင် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် လက်နောက်ပစ်လိုက်ပြီး"သခင်မပုဖေး ၊ အကြီးအကဲပိုင်.....နဂါးမင်းတံဆိပ်ဂိုဏ်းမှာ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံနိုင်ဖို့ အရည်အချင်းရှိတဲ့လူမရှိဘူးလား " ဟု မေးလိုက်သည်။
ထိုအခါ မော့ပုဖေးနှင့်ကျန်ရှိသောလူအားလုံးသည် လူတိုင်းလိုချင်တပ်မက်နေသော ဂိုဏ်းချုပ်ရာထူးကို ချောင်ဖုန်းက ငြင်းဆန်နေသောကြောင့် အံ့အားသင့်သွားခဲ့သည်။
ထိုအခါ မော့ပုဖေးသည် "ဂိုဏ်းသခင်လေး.....ရှင်ကတကယ်လို့ ဂိုဏ်းချုပ်ရာထူးကို စိတ်မဝင်စားဘူးဆိုရင် ငါတို့ အရည်အချင်းရှိတဲ့လူကို ရှာဖွေထားပါ့မယ် ၊ လောလောဆယ်တော့ နဂါးမင်းတံဆိပ်ဂိုဏ်းမှာ ဂိုဏ်းချုပ်မရှိသေးတဲ့အတွက် ဂိုဏ်းသခင်လေးပဲ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပေးပါ " ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံဖို့သဘောတူလိုက်သည်။ချောင်ဖုန်းသည် အခန်းတစ်ခန်းထဲသို့ ဝင်ကာ အနက်ရောင် ဝတ်စုံတစ်စုံကို ဝတ်လိုက်ပြီး မော့ပုဖေးတို့ ရှေ့ကို ပြန်ထွက်လာခဲ့သည်။
သို့သော် ချောင်ဖုန်းသည် မျက်နှာပြောင်းလဲပေးသော သားရေမျက်နှာဖုံးကို တပ်ဆင်လိုက်သည်။မော့ပုဖေးသည် "ဂိုဏ်းသခင်လေး......ရှင်ဘာလို့" ဟု ပြောနေတုန်းမှာ ချောင်ဖုန်းသည် "သခင်မပုဖေး.....ကျွန်တော်ကယာယီဂိုဏ်းချုပ်တစ်ယောက်ပဲလေ " ဟု ပြန်ပြောလိုက်တဲ့အခါ ဘယ်သူမှ အသံမထွက်ကြတော့ပေ။
ချောင်ဖုန်းသည် ဂိုဏ်းချုပ်မဖြစ်ချင်ပေမယ့် သူ့လက်အောက်ကို
ရောက်လာအောင် ဆောက်ရွက်မည်ဆိုတာ ဘယ်သူမှ မသိချေ။
ချောင်ဖုန်းသည် သူကို ဂိုဏ်းချုပ်အဖြစ်ခံအပ်ပြီး နောက်ကွယ်မှ သူ့အား ကြိုးဆွဲရာကရမည့် အဖြစ်ကို ကြိုသိနေခဲ့သည်။
ထို့နောက် ချောင်ဖုန်းတို့သည် အဖွဲ့လိုက် ဂိုဏ်းသားများစုစည်းရာ ခန်းမကြီးတစ်ခုထဲသို့ ရောက်ရှိလာလေသည်။လုံယဲ့သည် ချောင်ဖုန်းကို ဂိုဏ်းချုပ်အသစ်ခံအပ်မည်အကြောင်း အကြီးအကဲများစွာကို အသိပေးပြီးပြီ ဖြစ်သည်။
ထိုခန်းမအတွင်း ထိုင်နေသောအကြီးအကဲများတွင် အများစုရဲ့မျက်နှာများမှာ စုတ်ပြတ်သတ်နေကြပြီး ခန္ဓာကိုယ်မှာလဲ ဒဏ်ရာများရနေကြ၍ အသံတောင်မထွက်နိုင်ကြပေ။တချို့ဆိုရင် အခန်းအောင်းကာ ထွက်မလာနိုင်ပဲ ဒဏ်ရာများကို ကုသနေတုန်းပင်ဖြစ်သည်။
ထိုအကြီးအကဲတွေကတော့ ရီချုံနဲ့ တိုက်ခိုက်ခဲ့သော အကြီးအကဲများပင်ဖြစ်သည်။ခဏအကြာမှာတော့ ချောင်ဖုန်းတို့အဖွဲ့သည် ထိုခန်းမထဲသို့ ရောက်ရှိလာလေသည်။ထိုအခါ အားလုံးသည် ဒူးများထောက်လိုက်ကြပြီး အကြီးအကဲပိုင်ကို အရိုအသေပေးလိုက်ကြသည်။
ချောင်ဖုန်းသည် လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး ပုခုံးနှစ်ဖက်ပေါ်မှာ နဂါးခေါင်းတံဆိပ်တပ်ဆင်ထားသော နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းသားများကို တွေ့လိုက်ရသည်။ထိုနောက်အကြီးအကဲပိုင်သည် ချောင်ဖုန်းသည် ဂိုဏ်းချုပ်အသစ်ဖြစ်ကြောင်း ကြေညာလိုက်ပြီး သူ့ကိုယ်တိုင် ဒူးထောက်လိုက်ပြီး ဂါဝါရပြုလိုက်သည်။
ဂိုဏ်းသားများသည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်သစ်မှာ သူတို့နဲ့အသက်မကွာသောလူငယ်လေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတဲ့အတွက် အံ့အားသင့်နေခဲ့ကြသည်။ထို့နောက် ချောင်ဖုန်းသည် အားလုံးကို ပြန်ထခိုင်းလိုက်သည်။
ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းသည် ဝတ်ရုံနီဂိုဏ်းနှင့်ပက်သက်မှု ရှိမရှိ စစ်ဆေးဖို့ ထပ်မံဆောင်ရွက်ရမည်ဖြစ်သည်။
ထို့နောက် မော့ပုဖေးတို့သည် ချောင်ဖုန်းနေရန်အတွက် အကောင်းဆုံးအခန်းကို ပြင်ဆင်ပေးခဲ့သည်။ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းကို ရင်ဆိုင်ဖို့အတွက် နဂါးမင်းတံဆိပ်ဂိုဏ်းကတော့ သူ့လက်အောက်ရောက်ရှိလာပြီဖြစ်သည်။