← Chapters

Chapter(85)

Vol. 6 Ch. 85

Chapter(85)

Vol. 6 Ch. 85

အသန့်စင်ဆုံးစနစ် အခန်း(85)

ချောင်ဖုန်းသည် တစ်ယောက်ထဲရှိနေချိန်တွင် နဂါစစ်သည်တော်အမိန့်ပြားကို ထုတ်လိုက်ပြီး သိုင်ယွင်ကို ထွက်လာဖို့ အမိန့်ပေးလိုက်သည်။ထိုအခါ သိုင်ယွင်သည် ချောင်ဖုန်းရှေ့ဒူးတစ်ဖက်ထောက်ကာ

"သခင်......ကျွန်တော်မျိုးကို ခိုင်းစရာရှိလို့လား " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် သူအခန်းနားကို ဘယ်သူမှမလာနိုင်အောင် ကာကွယ်ထားဖို့ သိုင်ယွင်အားပြောလိုက်သည်။ထိုအခါ သိုင်ယွင်သည် ပျောက်ကွယ်သွားပြီး ဝိညဥ်စွမ်းအင်ပုံစံအဖြစ်ဖြင့် တည်ရှိနေလေသည်။

ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအင်ခန္ဓာကိုယ်ဖြင့် ဖမ်းဆီးထားသော ရှဲ့ချမ်းသို့ အဖွဲ့စီကို ခဏလေးအတွင်းရောက်ရှိသွားလေသည်။ထို့နောက် ချောင်ဖုန်းသည် အပြာရောင်စွမ်းအင်လှိုင်းတစ်ခုအတွင်း ရှိနေသော ရှဲ့ချမ်းတို့ လေးယောက်ကို တွေ့သွားတဲ့အခါ "ရှဲ့ချမ်း.....မင်းဒီကနေ ထွက်ချင်လား " ဟု စိတ်ဝိညဥ်စွမ်းအင်လှိုင်းနဲ့ပင် ပြောလိုက်သည်။

ထိုအခါ ရှဲ့ချမ်းသည် ဘေးပတ်ပတ်လည်ကို လျှောက်ကြည့်လိုက်တဲ့အခါ လူမတွေ့တဲ့အခါ စိတ်ဝိညဥ်စွမ်းအား ဖြင့် သူ့ကို လာပြောတာကို သိလိုက်ရသည်။ ရှဲ့ချမ်းသည် မျက်လုံးမှိတ်ထားရင်း "မင်းဘယ်သူလဲ...." လို့ အသံတိုးတိုးလေးပဲ ပြောလိုက်သည်။

ချောင်ဖုန်းသည် "ငါဘယ်သူလဲ အရေးမကြီးပါဘူး ၊ မင်းဒီကနေ ထွက်ခွာချင်ရင်တော့ ခုချိန်ကစပြီး မင်းငါ့စကားကို နားထောင်ရမယ် " ဟု ပြောလိုက်သည်။ထိုအခါ ရှဲ့ချမ်းသည် ခဏတာတွေဝေသွားခဲ့ပြီး ထိုနောက် မှာတော့ အချုပ်ခန်းထဲတွင် တစ်သက်လုံး ဖမ်းဆီးခံရပြီး သေဆုံးရမယ့်အချိန်ကို စောင့်နေရမယ့်အတူ ထိုလူရဲ့အမိန့်ကို နာခံဖို့ ဆုံးဖြတ်လိုက်သည်။

ရှဲ့ချမ်းသည် "ကျွန်တော်ရှဲ့ချမ်း ခုချိန်ကစပြီး သခင်ရဲ့အမိန့်ကို နာခံပါ့မယ် " ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် "ဟားဟား ကောင်းပြီ" ဟု ပြောကာရယ်လိုက်ပြီး သူသိချင်သောအကြောင်းအရာတချို့ကို ရှဲ့ချမ်းကို မေးမြန်းလိုက်ပြီးနောက် ဂိုဏ်းထဲတွင် ရှဲ့ချမ်းရဲ့အဖွဲ့ဝင်များဖြစ်ကြတဲ့ ဧကရာဇ်နယ်ပယ်အဆင့် အကြီးအကဲတချို့ ကျန်ရှိနေတာကို သိရှိလိုက်ရသည်။

ထို့နောက် ချောင်ဖုန်းသည် မကြာခင်လာကယ်မယ်ဟု ​ရှဲ့ချမ်းတို့ကို ပြောသွားကာ အသံသည် လုံးဝပျောက်ကွယ်သွားလေသည်။

ရှဲ့ချမ်းတို့သည် အပြာရောင်စွမ်းအင်အတွင်း ချိတ်ပိတ်စွမ်းအားအစီအရင်ဖြင့် ချုပ်နှောင်ဖမ်းဆီးခြင်းကို ခံထားရသည်။ချောင်ဖုန်းသည် တစ်ဖက်မှာတော့ ကြယ်တာယာနန်းတော်ဂိုဏ်းနှင့် ပက်သက်သော အကြောင်းအရာများကိုစုံစမ်းခိုင်းထားသည်။

ချောင်ဖုန်းသည် သူနေသောအခန်းထဲတွင် ဂျီဝူး၏ သိုလှောင်ကွင်းလက်စွပ်အတွင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ ရတနာများစွာအပြင် နဂါးမင်းတံဆိပ်ဂိုဏ်း၏ကျင့်စဥ်များစွာကို တွေ့လိုက်ရတဲ့အတွက် "ဒီလူက ရတနာပစ္စည်းမှန်သမျှကို စုစည်းထားတာပဲ " ဟု ပြောလိုက်သည်။

နဂါးမင်းတံဆိပ်ဂိုဏ်း၏ အကြီးအကဲတစ်ချို့သည် ငြိမ်သက်သောအခန်းတစ်ခုထဲတွင် စုဝေးနေကြလေသည်။ ထိုအဖွဲ့ကတော့ ရှဲ့ချမ်း၏ နောက်လိုက်အဖွဲ့ဝင်များပင်ဖြစ်ကြလေသည်။

ထိုချိန်မှည လျောင်ယွင်ရူဆိုသည့်အကြီးအကဲသည် စိတ်ညစ်နေသည့်ပုံစံဖြင့် "အကြီးအကဲဟန်.....ငါတို့ဘာဆက်လုပ်ကြမလဲ ၊ မကြာခင် ငါတို့ရဲ့အကြောင်းတွေ ပေါ်ထွက်လာရင် ငါတို့အသက်ရှင်နိုင်မှာမဟုတ်ဘူး "လို့ပြောလိုက်သည်။

ထိုချိန်မှာပဲ "မင်းတို့အားလုံးက ရှဲ့ချမ်းရဲ့ အဖွဲ့ဝင်တွေမလား....." ဟု အေးစက်းစွာ အသံသည် အားလုံးနားထဲရောက်လာလေသည်။ ထိုအခါ အကြီးအကဲများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြောက်လန့်သွားကြပြီး ဟန်လင်းဆိုသောအကြီးအကဲသည် "မင်းက ဘယ်သူလဲ......သတ္တိရှိရင်ကိုယ်ထင်ပြစမ်း " ဟု ပြောလိုက်သည်။

ချောင်ဖုန်း စိတ်ဝိညဥ်စွမ်းအင်အသံဖြင့် "မင်းတို့က ရှဲ့ချမ်းရဲ့ပါတနာအဖွဲ့ဝင်တွေဖြစ်ကြောင်း ငါဂိုဏ်းချုပ်သစ်ကို သွားပြောရင်ကောင်းမယ် " ဟု ပြောလိုက်သည်။ထိုအခါ အကြီးအကဲဟန်လင်းသည် ချက်ချင်းပင် လေသံပြောင်းသွားကာ ချောင်ဖုန်းအား" သခင်လေး.....မင်းဘာလိုချင်တာလဲ ၊ ငါတို့ဆောင်ရွက်ပေးပါ့မယ် "ဟု တောင်းပန်၍ ပြောလိုက်သည်။

ချောင်ဖုန်းသည် အားလုံးကို တိတ်ဆိတ်ခိုင်းလိုက်ပြီး "မင်းတို့ငါ့အမိန့်ကို နာခံမယ်ဆိုရင် တော့ ဒီကိစ္စငါမသိချင်ယောင်ဆောင်ပေးမယ့်အပြင် အဆင့်ငါးဆေးလုံးတစ်ချို့ ငါလက်ဆောင်ပေးမယ် " ဟု ပြောလိုက်သည်။

ထိုအခါ အားလုံးသည် ရွေးချယ်စရာမရှိသောကြောင့် "သခင်လေး......မင်းကြိုက်တာခိုင်းပါ ငါတို့ ဆောင်ရွက်ပါ့မယ်" ဟု ပြိုင်တူပြောလိုက်ကြသည်။ထိုအခါ ချောင်ဖုန်းသည် သူ့အစီအစဥ်အားလုံးကို ပြောလိုက်တဲ့အခါ မယုံကြည်နိုင်ဖြစ်သွားကြသည်။

ချောင်ဖုန်းသည် အစီအစဥ်များ ဆွဲပြီးပြီဖြစ်၍ နဂါမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်များသာ ကျင့်ကြံခွင့်ရှိသည့် ရေခဲနဂါးတံဆိပ်ကျင့်စဥ် ကို လေ့ကျင့်လိုက်သည်။ချောင်ဖုန်းသည် သူကျင့်ကြံနေသည့်ကာလအတွင်းမှာ အခန်းထဲကို ဘယ်သူမှ ပေးမဝင်ခဲ့ပေ။

ရေခဲနဂါးတံဆိပ်ကျင့်စဥ်သည် အရှင်လျူဖုန်းရဲ့ ခံစားချက်မဲ့သေခြင်းတရား ကျင့်စဥ်အတိုင်း အစွမ်းအလွန်ကြီးမားနေတဲ့အတွက် ချောင်ဖုန်းသည် အချိန်ယူလေ့ကျင့်ခဲ့ရသည်။ချောင်ဖုန်းသည် တစ်ပတ်ကြာပြီးနောက်မှာ ရေခဲနဂါးတံဆိပ်ကျင့်စဥ်ကို တက်မြောက်သွားခဲ့သည်။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "ရေခဲနဂါးတံဆိပ်ကျင့်စဥ်ကို သန့်စင်မယ်" ဟု ပြောလိုက်သည်။ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ်......စနစ်ရှင်သည် ရေခဲနဂါးတံဆိပ်ကျင့်စဥ်ကို ကျွမ်းကျင့်မှုအဆင့်ရောက်ရှိသွားပါပြီ" ဟု ပြန်ဖြေဆိုလိုက်သည်။ထို့နောက်ချောင်ဖုန်းသည် ရေခဲနဂါးတံဆိပ်ကျင့်စဥ်ကို အနိူင်းမဲ့အဆင့်ထိ သန့်စင်လိုက်လေသည်။

ချောင်ဖုန်းသည် သိုင်ယွင်ကို အမိန့်ပြားအတွင်းမှာပဲ ပြန်၍ နေခိုင်းလိုက်ပြီး ခေါင်းစွပ်ပါသော ရွှေရောင်အစင်းကြောင်းများ ပါရှိသော အနက်ရောင်အပေါ်ထပ်ဝတ်ရုံတစ်ခုကို ဝတ်လိုက်ပြီး ဟန်လင်းတို့ အဖွဲ့ရှိကို ရောက်ရှိသွားခဲ့သည်။ဟန်လင်းတို့သည် သူတို့နေသောအခန်းကို ချောင်ဖုန်းရောက်ရှိလာခဲ့တဲ့အခါ ချောင်ဖုန်းရှိမှ ဘာအရှိန်အဝါမှ မခံစားရတာကြောင့် အံ့အားသင့်နေခဲ့သည်။

သို့သော်များလဲ ချောင်ဖုန်းရဲ့ အမိန့်ကို နာခံလိုက်ကြသည်။

ထို့နောက် ဟန်လင်းတို့အဖွဲ့သည်လည်း ချောင်ဖုံးလို အပေါ်ထပ်ဝတ်ရုံများဝတ်ဆင်လိုက်ပြီး မျက်နှာများကို ဖုံးကွယ်ကာ ဖမ်းဆီးချုပ်နှောင်ထားသော ​ အခန်းကို လျင်မြန်သောနှုန်းဖြင့် ​ပြေးသွားကြလေသည်။

ဟန်လင်းတို့သည် အချုပ်ခန်းတစ်လျှောက်မှာ စောင့်နေသော အစောင့်များကို တိုက်ခိုက်လိုက်ခဲ့သည်။ဟန်လင်းသည် အချုပ်ခန်းအဝသို့ ရောက်တဲ့အခါ "သခင်လေးငါတို့မှာအချိန်အနည်းငယ်ပဲရှိတယ်နော် " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး "အကြီးအကဲဟန်လင်း ၊ အကြီးအကဲလျောင်ယွင်ရူ.......မင်းတို့နှစ်ယောက် ဒီနေရာကိုစောင့်ထားပါ" ဟု ပြောပြီး အချုပ်ခန်းအတွင်းသို့ ဝင်သွားလေသည်။

အချုပ်ခန်းအတွင်း ရောက်သော်အခါ ရှဲ့ချမ်းသည် "သခင်.......မင်းရောက်လာပြီလား" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် "စကားမများနဲ့.....ငါ့အစီအရင်ဖယ်ရှားပြီးတာနဲ့ မင်းတို့ ဒီနဂါးမင်းတံဆိပ်ဂိုဏ်းကနေ အမြန်ထွက်သွားကြတော့ " ဟု ပြောလိုက်သည်။ရှဲ့ချမ်းနဲ့ အကြီးအကဲသုံးယောက်သည် ဒူးထောက်လိုက်ပြီး " သခင်စိတ်ချပါ.......သခင်ရဲ့အစီအစဥ်မှန်သမျှကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပါ့မယ့်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ယန်အစီအရင်ရတနာကို ထုတ်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အချုပ်ခန်းတွင် ထားရှိသော စွမ်းအင်ချိတ်ပိတ်ခြင်းအစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။ထို့နောက် ရှဲ့ချမ်းတို့သည် အစီအရင်မရှိတော့တဲ့အခါ စွမ်းအင်များပြန်သုံးလို့ရသွားခဲ့ပြီး ထိုအချုပ်ခန်းထဲမှ ချက်ချင်းထွက်ခွာ၍ အပြင်ဘက်မှ ဟန်လင်းတို့နှင့်အတူ နဂါးမင်းတံဆိပ်ဂိုဏ်းမှ လို့ဝှက်လမ်းကြောင်းအတိုင်း ထွက်ခွာသွားပါတော့သည်။

ထိုနောက် ချောင်ဖုန်းလဲ ထိုအချုပ်ခန်းထဲမှ ပျောက်ကွယ်သွားပါတော့သည်။ချောင်ဖုန်းသည် သူပိုင်သော အခန်းရှိ ကုတင်ပေါ်တွင် တစ်ယောက် အေးဆေးနှပ်နေလေသည်။ထိုချိန်မှာ လုံယဲ့ရောက်ရှိလာပြီး "ဂိုဏ်းချုပ်စုံစမ်းခိုင်းတာတွေအကုန်လုံး ကျွန်တော်တို့စုံစမ်းပြီးပါပြီ" ဟု ပြောလိုက်သည်။

လုံယဲ့သည် ကြယ်တာယာနန်းတော်ဂိုဏ်းသည် အခုတလောတွင် သူတို့ရဲ့လုပ်ဆောင်ချက်များအားလုံးကို သိုဝှက်စွာလုပ်ဆောင်နေခဲ့ပြီး အစောင့်အကြပ်များကလဲ နဂိုကထက်ပေါ်များလာခဲ့ကြောင်း ချောင်ဖုန်းအား ရှင်းပြလိုက်သည်။

ထို့အပြင် တခြားဂိုဏ်းတွေရဲ့ ပြောဆိုချက်အရ ကြယ်တာယာနန်းတော်ဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းသားများသည် ဝတ်ရုံနီဂိုဏ်းမှ လူများဖြစ်သည်ဟု ဝေဖန်နေကြကြောင်း ​ချောင်ဖုန်းအားပြောပြလိုက်သည်။

ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းရဲ့ရည်ရွယ်ချက်ကို သိချင်နေပင်မယ့် လက်ရှိသူ့အရည်အချင်းသည် ဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်၌သာ ရှိနေ​သောကြောင့် တဇွတ်ထိုးမလုပ်ဆောင်ရဲသေးပေ။

All Chapters