Chapter(86)
Vol. 6 Ch. 86
အသန့်စင်ဆုံးစနစ် အခန်း (86)
ကျိုးတိုင်းပြည် ၊ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ အခန်းတစ်ခုထဲတွင် လောင်ချုန်းသည် တစ်ယောက်ထဲတွေးတောနေခဲ့သည်။ထိုချိန်မှာ အကြီးအကဲချူးသည် ရောက်ရှိလာခဲ့ပြီး လောင်ချုန်းအား ငရဲစိမ်းကျောက်သားပြင်တွင် အမည်မသိဝိညဥ်စွမ်းအားတစ်ခုသည် အတွင်းစည်းနံပါတ်တစ် ဂိုဏ်းသား၏ အမှတ်ထက်ကျော်လွန်နေကြောင်း ပြောပြလိုက်သည်။
ထိုအခါ လောင်ချုန်းသည် မယုံကြည်နိုင်ဖြင့် သွားကြည့်တဲ့အခါ အမည်မသတ်မှတ်ရသေးသည့် ဝိညဥ်စွမ်းအင်ပိုင်ရှင်သည် ယခင်နံပါတ်တစ်ဂိုဏ်းသားထက် အမှတ်ပေါင်းများစွာ ကျော်လွန်သွားတာကြောင့် အံ့အားသင့်သွားခဲ့သည်။
ထိုအခါ လောင်ချုန်းသည် ချက်ချင်းပင်အနက်ရောင်တံဆိပ်ပြားတာဝန်ကို ထမ်းဆောင်တဲ့လူတွေရဲ့ အကြောင်းကို စစ်ဆေးပါတော့သည်။
တခြားတစ်ဖက်မဟာအင်ပါယာတိုင်းပြည်ရှိ နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းတစ်ခုလုံးရှိ စုဆောင်းထားသော ဆေးအမယ်အစုံကို သူ့ရှိလာပို့ခိုင်းလိုက်သည်။
ထိုအခါ ဖုန်းတုယီသည် ခြေတုန်လက်တုန်ဖြင့် ချောင်ဖုန်းအခန်းသို့ ရောက်ရှိလာပြီး "ဂိုဏ်းချုပ်...... ဒီဆေးအမယ်တွေအားလုံးက အရင်ဂိုဏ်းချုပ်စုစည်းထားတာတွေပါ ၊ နောက်ပြီး ဒီကျောက်စိမ်းပလ္လင်ဘူးထဲက ဆေးလုံးက ဂိုဏ်းချုပ်ဖော်စပ်ထားတဲ့ အဆင့်ခြောက်ဆေးလုံးဖြစ်တဲ့ တုနိူင်းမဲ့ရွှမ်းဆေးလုံးပါ " ဟု ပြောပြီး ချောင်ဖုန်းအားပေးလိုက်သည်။
ချောင်ဖုန်းသည် သူရဲ့ ဆေးဖော်စပ်နည်းတစ်ခုကို ချရေးလိုက်ပြီး "အကြီးအကဲတုယီ.....ဒါကကျွန်တော်ရဲ့လက်ဆောင်ပဲ " ဟု ပြောကာ ဖုန်းတုယီကို ပေးလိုက်သည်။ဖုန်းတုယီသည် ချောင်ဖုန်းရှိမှ စာရွက်ကို လက်ခံလိုက်ပြီး ဖတ်ကြည့်လိုက်တဲ့"ဂိုဏ်းချုပ်.....ဒါက ဒဏ္ဍာရီထဲမှာပဲရှိတဲ့ ငရဲတန်ခိုးရှင်ဖော်စပ်နည်မလား" ဟု အံ့အားသင့်သွားကာ မေးလိုက်လေသည်။
ချောင်ဖုန်းသည် "အကြီးအကဲတုယီ......ခင်ဗျားကျွန်တော်ရဲ့စကားကို နားထောင်မယ်ဆို ဒီထက်ကောင်းတဲ့ဆေးဖော်စပ်နည်းတွေအပြင် ဘယ်မှာမှ ရှာမတွေ့နိုင်တဲ့ အကောင်းစားဆေးလုံးဖော်စပ်နည်းတွေကို ကျွန်တော်သင်ပေးနိုင်တယ်" ဟု ပြောလိုက်သည်။
ထိုအခါ ဖုန်းတုယီသည် ဒူးထောက်လိုက်ပြီး "ဂိုဏ်းချုပ်ရဲ့စကားမှန်သမျှကို ခုကစပြီး ကျွန်တော်တသွေမသိမ်းလိုက်နာဆောင်ရွက်ပါ့မည် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ဖုန်းတုယီထွက်ခွာသွားပြီးနောက် ခဏအကြာမှာတော့ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများအတွက် သိုင်းအဆင့်လွယ်ကူစွာ တက်နိုင်ဖို့ အဆင့်ငါးဆေးလုံးဖြစ်သည့် နတ်သမီးသုံးဖော်ဆေးလုံးများကို စတင်ဖော်စပ်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် ဆေးမီးဖိုထဲမှ အဆင့်ငါးဆေးလုံးဖြစ်သော နတ်သမီးသုံးဖော်ဆေးလုံး အလုံးနှစ်ဆယ်ကျော်သည် တစ်ပြိုင်နက်ထွက်ပေါ်လာလေသည်။ချောင်ဖုန်းသည် ထိုဆေးလုံးကို သိမ်းလိုက်ရင်း ပြုံးလိုက်သည်။
ထိုချိန်မှာ ပိုင်ဖေးကျစ်နဲ့ အကြီးအကဲတစ်ယောက်သည် ချောင်ဖုန်းရှိသို့ ရောက်ရှိလာပြီး ရေးကြီးသုတ်ပြာဖြင့် ရှဲ့ချမ်းတို့အဖွဲ့သည် အချုပ်ခန်းထဲမှ ထွက်ပြေးသွားကြောင်း တင်ပြလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် မတ်တပ်ရပ်လိုက်ပြီး စိတ်ပျက်သွားသည့်ပုံဖြင့် မဟာအင်ပါယာတစ်တိုင်းပြည်လုံးကို ချက်ချင်းပင်စုံစမ်းခိုင်းလိုက်သည်။
ထိုအခါ ပိုင်ဖေးကျစ်သည်လည်း ချောင်ဖုန်းကို အရိုအသေပြုပြီး နှုတ်ဆက်၍ ထွက်ခွားသွားပြီး သူ့လက်အောက်ရှိ တပည့်တွေကို ရှဲ့ချမ်းတို့ ရှိနိုင်မည့် နေရာများကို စတင်စုံစမ်းဖို့ စေလွှတ်လိုက်လေသည်။
ထို့နောက် ချောင်ဖုန်းသည် အပေါ်ထပ်ဝတ်ရုံနက်ကို ခြုံလိုက်ပြီး ဟန်လင်းတို့အဖွဲ့ရှိကို ရောက်သွားခဲ့သည်။ချောင်ဖုန်းသည် မျက်နှာ ဖုံးကွယ်ထားသောကြောင့် ဟန်လင်းတို့သည် ဘယ်သူဘယ်ဝါမှန်း
သိချင်နေခဲ့သည်။
ချောင်ဖုန်းသည် အကြီးအကဲများထိုင်နေသောစားပွဲ၏ ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်လိုက်ပြီး သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးပုလင်းများကို ထုတ်လိုက်ပြီး "ဒါက မင်းတို့အတွက် ငါဆုချတာပဲ....." ဟု ပြောလိုက်သည်။
ထိုအခါ အကြီးအကဲတွေသည် ချောင်ဖုန်းပေးလိုက်သော ပုလင်းထဲမှ ဆေးလုံးကို ကြည့်လိုက်ပြီး ထိုထဲမှ ချီသွေ့ဟုသောအကြီးအကဲသည် "နတ်သမီးသုံးဖော်ဆေးလုံး.....ဒါနတ်သမီးသုံးဖော်ဆေးလုံးပဲ" ဟု အသံကျယ်စွာဖြင့် ထွက်သွားသောကြောင့် ဘေးမှ အကြီးအကဲတွေသည် သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။
ဟန်လင်းသည် "ချီသွေ့......မင်းငါတို့အားလုံးကို သေစေချင်နေတာလား "ဟု မေးလိုက်သည်။ချီသွေ့သည် သူ့အကြောင်းသူသိသွားပြီး တိတ်ဆိတ်သွားသည်။ထို့နောက် ချီသွေ့သည် ချောင်ဖုန်းကို ရိုရိုသေသေဖြင့် "သခင်လေး.....ဒီဆေးလုံးက နတ်သမီးသုံးဖော် ဆေးလုံးမလား" ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး နောက်ထပ်ပုလင်းအနည်းငယ်ထုတ်ပေးလိုက်ပြီး "ငါခိုင်းတာတွေ မင်းတို့အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ဆေးလုံးတွေ ငါဆုချမယ်"လို့ ပြောလိုက်သည်။ထိုအခါ ဟန်လန်းသည် "သခင်လေး.....စိတ်ချပါ ၊ ဒီကိစ္စကို ငါတို့အလေးထားဆောင်ရွက်ပါ့မယ် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းထွက်ခွာသွားပြီးနောက် ဆေးလုံးကို ပြုံးပျော်စွာ ဂရုတစိုက် ကြည့်နေသော ချီသွေ့ကို မြင်နေရတဲ့အခါ လျောင်ယွင်ရူသည် "ချီသွေ့........မင်းအဲ့ဆေးလုံးကို သိလို့လား..... "ဟု ပြောလိုက်သည်။
ထိုအခါ ချီသွေ့သည် သူ့သိုလှောင်ကွင်းထဲမှ ဆေးလုံးတွေ သိမ်းဆည်းလေ့ရှိသော ကျောက်စိမ်းသေတ္တာဘူးအသေးလေးအား ဖွင့်ပြလိုက်သည်။ထိုသေတ္တာထဲက ဆေးလုံးသည်လည်း နတ်သမီးသုံးဆေးလုံးပင်ဖြစ်နေလေသည်။
ထို့နောက် ချီသွေ့သည် "ယွင်ရူ.......ငါဒီဆေးလုံးရဖို့ လအတော်ကြာစောင့်ခဲ့ရပြီး ရွှေဒင်္ဂါးသောင်းကျော်အထိပေးခဲ့ရတယ်"လို့ ပြောတဲ့အခါ ကျန်တဲ့လူအားလုံးသည် သူတို့ ဆေးလုံးရဲ့တန်ဖိုးဂရုတစိုက်တန်ဖိုးထားကြသွားလေသည်။
ချောင်ဖုန်း အခန်းထဲ ရှိနေစဥ်မှာ မော့ပုဖေးသည် ရောက်ရှိလာပြီး "ဂိုဏ်းသခင်လေး.....ရှင်ကြည့်ရတာ တစ်ခုခုကို စိတ်ညစ်နေသလိုပဲ" ဟု ပြောလိုက်သည်။ထို့နောက် မော့ပုဖေးသည် မပြောရဲပြောရဲ ဖြစ်နေသဖြင့် ချောင်ဖုန်းသည် အသံလုံသော အစီအရင်စာရွက် တစ်ခုကို အသက်သွင်းလိုက်ပြီး "သခင်မပုဖေး.......ကျွန်တော်ကို ဘာပြောမလို့လဲ " ဟု မေးလိုက်သည်။
ထိုအခါ မော့ပုဖေးသည် သူစိတ်ထင်နေတာကို ပြောပြလိုက်သည်။
ထိုအကြောင်းအရာကတော့ အကြီးအကဲပိုင်ဖေးကျစ်အကြောင်းပင် ဖြစ်သည်။ပိုင်ဖေးကျစ်သည် ဟိုးအရင်ကတည်းက သူဘာလုပ်လုပ် သိုဝှက်စွာ လုပ်ဆောင်ခြင်းကြောင့်ပင်ဖြစ်သည်။
မန်ဟုန်ကျီသည် သူ့လက်အောက်ရှိလူများကို စုံစမ်းခဲ့တာတောင် မသိရှိခဲ့ရပေ။ ယခု နဂါးမင်းတံဆိပ်ဂိုဏ်းတွင် ချောင်ဖုန်းပြီးရင် အာဏာအရှိဆုံးက ပိုင်ဖေးကျစ်ပင်ဖြစ်သည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "သခင်မပုဖေး.......ကျွန်တော်မရှိတော့တာနဲ့ အကြီးအကဲပိုင်က အားလုံးကို အုပ်စိုးသွားမှာ ကြောက်နေတာလား " ဟု မေးလိုက်သည်။
ထိုအခါ မော့ပုဖေးသည် ချောင်ဖုန်းပြောတာကို ခေါင်းငြိမ့်ပြလိုက်သည်။ချောင်ဖုန်းသည် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာတဲ့အခါ "သခင်မပုဖေး......နဂါးမင်းတံဆိပ်ဂိုဏ်းက ဝတ်ရုံနီဂိုဏ်းနဲ့ပက်ခဲ့တာမျိုး ရှိဖူးလား " ဟု မေးလိုက်သည်။ထိုအခါ မော့ပုဖေးသည် ဆွံအသွားသလိုဖြစ်သွားပြီး ရပ်တန့်သွားလေသည်။
ချောင်ဖုန်းသည် "သခင်မပုဖေး...." ဟု နှစ်ခေါက်ခေါ်လိုက်တဲ့အခါမှသာ မော့ပုဖေးသည် အဖြစ်အပျက်တချို့ကို ပြောပြခဲ့သည်။
ထိုအကြောင်းအရာကတော့ ဟုန်မန်ကျီရဲ့သေဆုံးမှုရဲ့ တရားခံပင်ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မန်ဟုန်ကျီသည် ဝတ်ရုံနီဂိုဏ်းနှင့် ဆက်နွယ်သည့်သတင်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းတစ်ခုကို အုံအုံကြွကြွ ဖြစ်သွားခဲ့သည်။ထိုအခါ နဂါးမင်းတံဆိပ်ဂိုဏ်းထဲမှ အကြီးအကဲများသည် မန်ဟုန်ကျီကို ဝတ်ရုံနီဂိုဏ်းနှင့် မပက်သက်ဖို့ တိုက်တွန်းခဲ့ကြသည်။
ဟုန်မန်ကျီသည် သူတို့အားလုံးကို အကြောင်းပြချက်ပေးမနေဘဲ သူ့လုပ်စရာရှိတာများကိုသာ လုပ်ဆောင်ခဲ့သည်။သို့သော်အခြေအနေတစ်ခုရောက်သော်အခါ မန်ဟုန်ကျီသည် နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်အား သူ့သမီးကုရှောင်သို့ လွဲပြောင်းပေးခဲ့သည်။
ထိုနောက်ပိုင်းမှာပဲ ဂျီဝူးနှင့်ရှဲ့ချမ်းတို့သည် ဝတ်ရုံနီဂိုဏ်းနှင့်ပက်သက်သည်ဟု အမည်တပ်ကာ ဟုန်မန်ကျီအား လုပ်ကြံသတ်ဖြတ်ခဲ့သည်။ထိုအခါမှသာ ချောင်ဖုန်းသည် သူဘာဆက်လုပ်ရမလဲဆိုတာ သိရှိသွားလေသည်။
ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်ကာ "သခင်မပုဖေး......ဒီကိစ္စရဲ့အရင်းအမြစ်ကို ကျွန်တော်ကိုယ်တိုင်ရှာဖွေပြီး ဂိုဏ်းချုပ်မန်ဟုန်ကျီအတွက် တရားမျှတအောင် ဆောင်ရွှက်ပေးပါမယ် " ဟု ပြောလိုက်သည်။