← Chapters

Chapter(88)

Vol. 7 Ch. 88

Chapter(88)

Vol. 7 Ch. 88

အသန့်စင်ဆုံးစနစ် အခန်း(88)

လွန်ခဲ့သော နှစ်ပေါင်းအနည်းငယ်က ဝတ်ရုံနီဂိုဏ်းမှ လူတစ်ချို့သည် နဂါမင်းတံဆိပ်ဂိုဏ်းသို့ အကြိမ်ကြိမ်လာရောက်ခဲ့သည်ကို ရှဲ့ချမ်းတို့ကို စုံစမ်းသိရှိခဲ့ရသည်။ထိုအချိန်မှာပဲ ဝတ်ရုံနီဂိုဏ်းမှ မန်ဟုန်ကျီကို လက်ဆောင်တချို့ ပေးပို့လာခဲ့သည်။

ထိုကိစ္စကြောင့်ပဲ ရှဲ့ချမ်းတို့သည် မန်ဟုန်ကျီအား သတ်ပစ်ခဲ့ပြီး မန်ဟုန်ကျီ၏ ဆရာတူညီအကိုဖြစ်သော ဂျီဝူးကို ဂိုဏ်းချုပ်တင်မြှောက်ခဲ့ကြောင်းရှင်းပြလိုက်သည်။ထို့နောက် ရှဲ့ချမ်းသည် ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ချောင်ဖုန်းကို ပြောပြခဲ့သည်။

ရှဲ့ချမ်းတို့သည် မန်ဟုန်ကျီကို သတ်ဖြတ်ပြီးနောက်မှာ စုန့်ဝိညဥ်စွမ်းအင်ကို ထွက်ပြေးမရအောင် ချိတ်ပိတ်ထားခဲ့ပင်မယ့် သူတို့မရှိခင်မှာ တစ်စုံတစ်ယောက်သည် မန်ဟုန်ကျီရဲ့ စုန့်ဝိညဥ်စွမ်းအင်ကို ဝင်ဖျက်စီးသွားခဲ့သည်။

ချောင်ဖုန်းသည် ထိုကိစ္စအားလုံးရဲ့ တရားခံသည် ပိုင်ဖေးကျစ်ဖြစ်မည်ဟု ယူဆလိုက်သည်။တစ်နာရီကြာတဲ့ နောက်မှာတော့ ချောင်ဖုန်းတို့သည် ပါးရှန်းဂိုဏ်းသို့ ရောက်ရှိလာကြပါသည်။ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်းသို့ ရောက်တဲ့အခါ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့် တိုက်ခိုက်ရေးသမားများသည် ထိုင်ခုံများတွင် ကိုယ်စီထိုင်နေကြသည်။

သူတို့သည် လီထောင်ရောက်လာတာမြင်တဲ့အခါ မတ်တပ်ရပ်ကာ "စီနီယာလီထောင်လဲ.....ရောက်လာပြီလား " ဟု ပြောကာ နှုတ်ဆက်ကြလိုက်သည်။ထိုဧကရာဇ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် ပါးရှန်းဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းများရဲ့ ဂိုဏ်းချုပ်များပင် ဖြစ်သည်။

ပါရှန်းဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများတွင် ကျိူးကျယ်ဂိုဏ်း၊ဖန့်အိုက်ဂိုဏ်း ၊ မော့ရှယ်ဂိုဏ်း စသည့် ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များသာ နတ်နယ်ပယ်အစပျိုးခြင်းအဆင့်ကို ရောက်ရှိနေပြီး ကျန်သော ဂိုဏ်းများ၏ ဂိုဏ်းချုပ်များကတော့ ဧကရာဇ်နယ်ပယ်အဆင့်များ၌ သာရှိကြသည်။

ချောင်ဖုန်းသည် လီထောင်တို့နဲ့ အတူထိုင်နေသည့်အတွက် အများစုသည် ချောင်ဖုန်းက ဘယ်သူမို့လို့လဲ ဆိုတာ သိချင်နေကြသည်။

ခဏအကြာမှာတော့ ပါးရှန်းဂိုဏ်း၏ တာဝန်ရှိသူ အကြီးအကဲတစ်ယောက်ဖြစ်သော ကော်ယွဲ့သည် စာအုပ်တစ်အုပ်ကို ကိုင်ထား၍"အကြီးအကဲတွေ အားလုံးရောက်ရှိလာပြီဆိုရင်တော့ ငါတို့အစီအစဥ်လေး စလိုက်ကြရအောင် " လို့ပြောလိုက်သည်။

ပါးရှန်းဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းများ၏ ဂိုဏ်းချုပ်အားလုံးကို

ပါးရှန်းဂိုဏ်း၏ အကြီးအကဲများအဖြစ်သာ သတ်မှတ်ထားကြသည်။ကော်ယွဲ့သည် ဂိုဏ်းချုပ်များအားလုံးကို ပါးရှန်းဂိုဏ်း၏ လေလံပွဲတွင် ပါဝင်ဆင်နွဲစေလိုသောကြောင့် ခေါ်လိုက်ရခြင်းဖြစ်သည်ဟု ပြောလိုက်သည်။

ထိုလေလံပွဲတွင် ဂိုဏ်းပေါင်းစုံက တက်ရောက်မည် ဖြစ်သောကြောင့် အလွန်ကြီးကျယ်ခမ်းနားတော့ လေလံပွဲတစ်ခုပင်ဖြစ်သည်။ပါရှန်းဂိုဏ်းတစ်ခုထဲနဲ့တင် ဖြစ်ပေါ်လာသော အန္တရာယ်တစ်ချို့ကို မကာကွယ်နိုင်မည် စိုးရိမ်၍ လက်အောက်ခံဂိုဏ်းအားလုံးကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ထိုအခါ မော့ရှယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖျင်ချွီ သည် "အကြီးအကဲကော်ယွဲ့.....လေလံပွဲက ဘယ်ချိန်မှာ စမှာလဲ ဟု မေးလိုက်သည်။

ထိုအခါ ကော်ယွဲ့သည် ပြန်၍ ပြုံးကာ "လေလံပွဲက မကြာခင်စတော့မှာပါ " ဟု အားလုံးကို ပြောလိုက်သည်။

ထိုနောက် ကော်ယွဲ့သည် လေလံခန်းမပွဲ အတွင်းကို အားလုံးကို ခေါ်သွားခဲ့သည်။ပါးရှန်းဂိုဏ်း၏ လက်အောက်ခံဂိုဏ်းသည် ရှစ်ဂိုဏ်းရှိတဲ့အတွက် ကော်ယွဲ့သည် ဒုတိယအထပ်တွင် အခန်းရှစ်ခန်းစာကို ကြိုတင်ပြင်ဆင်ထားသည်။

ချောင်ဖုန်းသည် ထိုဂိုဏ်းရှစ်ဂိုဏ်းတွင် အသက်အငယ်ဆုံး လူငယ်လေးတစ်ယောက်ဖြစ်နေတာကြောင့် ဂိုဏ်းပေါင်းများစွာက လူတွေက သတိထားမိနေကြသည်။ခဏအကြာမှာတော့ လေလံပွဲစင်မှာ ကြေးစည်လေးတစ်ခုနှင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ချောင်ဖုန်းသည် ထိုမိန်းကလေးက သူနှင့်အသက်မကွာလှသောလည်း နတ်နယ်ပယ်အဆင့်မှ ဖိအားမျိုးကို ခံစားနေရသောကြောင့် အံ့အားသင့်နေခဲ့သည်။ထိုမိန်းကလေးသည် အသံစွမ်းအင်လှိုင်းဖြင့်

"ပါးရှန်းလေလံပွဲကို တက်ရောက်ပေးတဲ့ အတွက် ဂိုဏ်းအသီးသီးမှ အကြီးအကဲများအားလုံးကို ဂိုဏ်းကိုယ်စား ရှယုက ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

ထို့နောက် ရှယုသည် ဗန်းပြားလေး တစ်ခုပေါ်ကို သူရဲ့ သိုလှောင်ကွင်းထဲမှ ဆေးအမယ်တစ်ခုကို ထုတ်ပြလိုက်သည်။ချောင်ဖုန်းသည် ထိုဆေးအမယ်ကို မြင်တာနဲ့ တန်းလိုချင်သွားလေသည်။ထို ဆေးအမယ်ရဲ့အမည်ကိုတော့ စွေ့မိန်ပန်းချောက်ဟု ခေါ်ကြသည်။

စွေ့မိန်ပန်းချောက်သည် ဆေးဖော်စပ်ရာတွင် မကပဲ လက်နက်ပြုလုပ်သော နေရာမှာလဲ အသုံးဝင်နိုင်တဲ့အတွက် ဖြစ်သည်။ထိုစွေ့မိန်ပန်းချောက်သည် ကန္တာရ အတွင်းမှာ ထူးဆန်းစွာ ပေါက်သော အပင်မျိုး ဖြစ်သောကြောင့် အလွန်ရှားပါးလှသည်။

ရှယုသည် ကြေးစည်ကို တစ်ချက်တီးလိုက်ပြီး "ဒီစွေ့မိန်ပန်းချောက်ကို ပါးရှန်းဂိုဏ်းရဲ့ အကြီးအကဲတွေကိုယ်တိုင် အသက်စွန့်ပြီး ယူခဲ့ရတာပါ ၊ ဒီစွေမိန့်ပန်းချောက်ကို အဆင့်လေး ဆေးလုံးအမျိူးအစားများနှင့် စတင်လေလံဆွဲလို့ ရပါပြီရှင့် " ဟု ပြောလိုက်သည်။

ပါးရှန်းဂိုဏ်းရဲ့ လေလံပွဲသည် တခြားသောလေလံပွဲများနှင့် မတူဘဲ ရတနာပစ္စည်းများနှင့်သာ လေလံပြန်ဆွဲရခြင်းဖြစ်သည်။ ရှယု ပြောပြီးတဲ့အခါ ဂိုဏ်းအသီးသီးမှ အဆင့်လေးဆေးလုံးအမျိူးမျိူးနှင့် စတင်လေလံဆွဲပါတော့သည်။

အများစုသည် အလယ်အလတ်အဆင့်ရှိသော အဆင့်လေးဆေးလုံးများကိုသာ ပေးကြသည်။ ထိုချိန်မှာ ကြယ်တာယာနန်းတော်ဂိုဏ်းရှိ အကြီးအကဲတစ်ယောက်သည် ပြိုင်စံရှားထိပ်တန်းအဆင့်ဆေးလုံးဖြင့် လေလံဆွဲလိုက်သည်။ထိုအခါ ရှယုသည် "ကြယ်တာယာနန်းတော်ဂိုဏ်းရဲ့အကြီးအကဲ ချင်နင် ရဲ့ ပြိုင်စံရှားထိပ်တန်းအဆင့်ရှိသော အဆင့်လေးဆေးလုံးထက်ပိုပေးမယ့်သူရှိသေးလားရှင့် " ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ရှဲ့ချမ်းအား အရိပ်အကဲပြလိုက်တဲ့အခါ ရှဲ့ချမ်းသည် အဆင့်ငါးဆေးလုံးဖြစ်သော နတ်သမီးသုံးဖော်ဆေးလုံးဖြင့် လေလံဆွဲလိုက်သည်။ချောင်ဖုန်းသည် စွေ့မိန်ပန်းချောက်က အဆင့်ငါးဆေးလုံးလောက် တန်ဖိုးမရှိပင်မယ့် ရှားပါသောကြောင့်

ယူလိုက်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရှဲ့ချမ်းသည် အဆင့်ငါးဆေးလုံးကိုတောင်ထုတ်ပေးလိုက်တဲ့အတွက်

အားလုံးသည် အဆင့်ငါးဆေးလုံးများပေါနေသလားဟု ထင်သွားကြပြီး ထိုထဲမှ မော့ရှယ်ဂိုဏ်းချုပ်အကြီးအကဲဖျင်ချွီသည် "အဲ့တာ နဂါးမင်းတံဆိပ်ဂိုဏ်းက အကြီးအကဲရှဲ့ချမ်းမလား သူက ဘယ်လိုလုပ်ပြီး လီထောင်နဲ့ အတူတူရှိနေတာလဲ " ဟု သူ့နဲ့ အတူလိုက်လာသော အကြီးအကဲ ဟဲဝမ်လင်း အားမေးလိုက်သည်။

ထိုအခါ ဟဲဝမ်လင်းသည် "ဂိုဏ်းချုပ်......အကြီးအကဲရှဲ့ချမ်းက အခုဆိုရင် နဂါးမင်းတံဆိပ်ဂိုဏ်းရဲ့ သစ္စာဖောက် တစ်ယောက်ဖြစိသွားတဲ့အတွက် လီထောင်က ပါးရှန်းဂိုဏ်းကို ခွင့်တောင်းပြီး ခေါ်ယူထားတာပါ " ဟု ပြောလိုက်သည်။

ထိုအခါ ဖျင်ချွီသည် ပါရှန်းဂိုဏ်း၏ လက်အောက်ခံဂိုဏ်းထဲတွင် ကျိုးကျယ်ဂိုဏ်းကို ယှဥ်နိုင်မယ့်သူ မရှိတော့တဲ့ မနာလိုဖြစ်သွားလေသည်။ရှဲ့ချမ်းသည် အဆင့်ငါးဆေးလုံးနဲ့ လေလံဆွဲပြီးတဲ့ နောက်မှာ ကြယ်တာယာနန်းတော်ရှိ အကြီးအကဲသည် မျက်နှာပျက်သွားလေသည်။

ရှယုသည် ထပ်မံမေးမြန်းကြည့်တဲ့အခါ ဘယ်သူမှ အသံမထွက်တော့တဲ့အတွက် "စွေ့မိန်ပန်းချောက်ကို ရရှိသွားတဲ့အတွက် ကျိူးကျယ်ဂိုဏ်းအား ဂုဏ်ယူပါတယ် " ဟု ပြောလိုက်သည်။ထို့နောက် ရှယုသည် နောက်ထပ်လေလံပစ္စည်းများစွာ တင်ခဲ့ပြီး ချောင်ဖုန်းသည် သူကြိုက်တဲ့အရာများကို သူ့မှာရှိသော ဆေးလုံးများနှင့်လေလံဆွဲလိုက်သည်။

နောက်ဆုံးမှတော့ ရှယုသည် ထူးခြားသော အရာတစ်ခုကို ပြောပြလိုက်သည်။ထိုအရာကတော့ သူ့ညာဘက်နောက်ကျောခါးနားတွင် ရှိနေသော အရာကို ကြည့်ပေးပြီး ဘာဒဏ်ရာလဲဆိုတာ ပြောပြပေးရမှာ ဖြစ်ပြီး မှန်ကန်မယ်ဆိုလျှင် ပါးရှန်းဂိုဏ်း၏ ရတနာပစ္စည်းတစ်ခုကို စိတ်ချရွေးချယ်နိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ ဂိုဏ်းအများစု၏ အဂ္ဂိရတ်ပညာရှင်များသည် အုံအုံကြွကြွ ဖြစ်ကုန်ကြလေသည်။ထိုချိန်မှာ ရှယုသည် "ဒါပေမယ့် ရှယုရဲ့ ဒဏ်ရာကို ကြည့်ပြီး မဖြစ်နိုင်တဲ့ရောဂါတွေ ပြောမယ်ဆိုရင်တော့

ဂိုဏ်းကတောင်းဆိုတဲ့အရာကို လုပ်ဆောင်ပေးရပါမယ် " ဟု ပြောလိုက်သည်။

ထိုအခါ အားလုံးသည် ပြန်၍ တွေဝေသွားကြကုန်လေသည်။ထိုထဲမှ လူတစ်ယောက်သည် "တကယ်လို့ အမှန်ကို မပြောနိုင်ခဲ့လို့ ငါတို့လုပ်ဆောင်ရမယ့်တာဝန်က ခက်ခဲနေမယ်ဆို ဘယ်လိုလုပ်မလဲ" ဟု ပြောလိုက်သည်။

ထိုအခါ ရှယုသည် "စိတ်ချပါ.....ပါးရှန်းဂိုဏ်းက တရားမျှတမှုကိုပဲ ဆောင်ရွှက်မှာပါ " ဟု ပြောလိုက်သည်။ထိုအချိန်မှာ ဓားဘုရင်ဂိုဏ်းမှ အဂ္ဂိရိတ်ပညာရှင်တစ်ယောက်သည် ရှယုအနားကို ခုန်ချလိုက်ပြီး "မိန်းကလေး.......မင်းရဲ့ဒဏ်ရာငါ့ကို ပြပါ " ဟု ပြောလိုက်သည်။

ထိုအခါ ရှယုသည် လက်ဖျောက်တစ်ချက်တီးလိုက်တဲ့အခါ ရှယုနှင့်ဓားဘုရင်ဂိုဏ်းမှ အဂ္ဂိရတ်ပညာရှင် အဖိုးအိုရှိသော နေရာသည် မြူမှုန်များကွယ်သွားပြီး ဘယ်သူမှ မမြင်ရတော့ပေ။သို့သော် ချောင်ဖုန်းသည် မျက်ဝန်းတစ္ဆေစွမ်းအားဖြင့် မြူမှုန်များအတွင်းကို လှမ်းကြည့်လိုက်သည်။

ရှယုသည် သူ့နောက်ကျော်ရှိ အနီရောင်ကွက် ဖြစ်ပေါ်နေသော နေရာအား ပြလိုက်သည်။ချောင်ဖုန်းသည် ရှယုရဲ့ ဒဏ်ရာကို တွေ့တဲ့အခါ "ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ပေါက်ကွဲစေနိုင်မယ့် အမှတ်အသားလား " ဟု ပြောကာ လန့်ဖြန့်သွားလေသည်။

ဓားဘုရင်ဂိုဏ်းမှ အဆင့်ငါးအဂ္ဂိရတ်ပညာရှင်သည် အနီရောင်ကွက်ကို ကြည့်ပြီး သူ့ကိုယ်သူ အရှက်ရမည်ကြောက်၍ ပေါက်ကရများသာ လျှောက်ပြောလိုက်လေသည်။

All Chapters