Chapter(89)
Vol. 7 Ch. 89
အသန့်စင်ဆုံးစနစ် အခန်း (89)
ဓားဘုရင်ဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်ပြောလိုက်သော စကားကြောင့် ရှယုသည် စိတ်ပျက်သွား လေမှုတ်၍ခေါင်းခါလိုက်ပြီး "အကြီးအကဲ......ရှင့်က လျှောက်ပြောနေတာပဲ " ဟု ပြောလိုက်ပြီး စာရွက်တစ်ရွက်ထုတ်ပေးလိုက်သည်။
ထိုစာရွက်ကတော့ ပါးရှန်းဂိုဏ်းအလိုရှိသော အဆင့်သုံးဆေးလုံးတစ်လုံးကို ဖော်စပ်ခိုင်းခြင်းပင်ဖြစ်သည်။ထိုလူထွက်ခွာသွားပြီးနောက် တစ်ယောက်ပြီးတစ်ယောက်စစ်ဆေးပင်မယ့် ဘယ်သူမှ မအောင်မြင်ခဲ့ပဲ တာဝန်တွေသာ ထမ်းဆောင်လိုက်ရသည်။
ထိုအချိန်မှာ ချောင်ဖုန်းသည် ထိုင်နေရာမှ ထလိုက်တဲ့အတွက် ချောင်ဖုန်းတို့ဘေး၏ အခန်းမှ ဖန့်အိုက်ဂိုဏ်းချုပ်ဖြစ်သော ကောကျစ်ဆိုသည့် လူသည် "ဒီကောင်လေးက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ နာမည်ကြီးဂိုဏ်းက အဂ္ဂိရတ်ပညာရှင်တွေတောင် အိမ်ပြန်ပြီး ဆေးဖော်စပ်ဖို့ ပြင်နေကြပြီ " ဟု သူ့လူတွေနဲ့အတူ လှောင်ကာ ပြောလိုက်သည်။
ချောင်ဖုန်းသည် ရှယု ရှိသော အစီအရင်အတွင်းသို့ ဝင်သွားခဲ့တဲ့အခါ ရှယုသည် အနီကွက်အား ပြရန် အင်္ကျီဖော်တော့မည်ချိန်မှာ "မိန်းကလေးရှယု......မင်းအင်္ကျီကို ဖော်ပြဖို့ မလိုပါဘူး " ဟု ပြောလိုက်သည်။ရှယုသည် ကြောင်သွားပြီး " သခင်လေး.....ရှင်ဘာကို ဆိုလိုတာလဲ" လို့ ပြန်ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးရှယု......မင်းရဲ့ဒဏ်ရာက ယင်ယန်ခန္ဓာကိုယ်ရဲ့စွမ်းအားက တွန်းကန်လို့ ထွက်လာတဲ့ဒဏ်ရာမလား " ဟု မေးလိုက်သည်။ချောင်ဖုန်းရဲ့ စကားကြောင့် ရှယုသည် အံ့အားသင့်သွားကာ ဆွံအ၍ သွားလေသည်။
ရှယုစိတ်ထဲမှာတော့ "ဂိုဏ်းရဲ့ ကာကွယ်သူ ငွေဘုရင်အကြီးအကဲနဲ့ရွှေဘုရင် အကြီးအကဲက လွဲရင် ငါက ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်ဆိုတာ ဘယ်သူမှ မသိပါဘူး ၊ သူက ဘယ်လိုလုပ်ပြီး သိနေရတာလဲ " ဟု တွေးနေစဥ်မှာ ချောင်ဖုန်းသည် ရှယုရဲ့ ဘယ်ဘက်ပုခုံးကို ပုတ်လိုက်ပြီး "မိန်းကလေးရှယု......ငါပြောတာမှန်တယ်မလား ၊ ငါပါးရှန်းဂိုဏ်းရဲ့ အကြိုက်ဆုံး ရတနာတစ်ခုခုကို ဘယ်ချိန်ရွေးချယ်ရမှာလဲ " ဟု မေးလိုက်သည်။
ထိုအခါ ရှယုသည် ပြန်လည် သတိဝင်သွားပြီး "သခင်လေး......နင်ပြောတာ မှန်ပါတယ် ၊ ခဏနေ လေလံဆွဲထားတဲ့ ရတနာတွေ လဲလှယ်လို့ ပြီးသွားရင် ပါးရှန်း ဂိုဏ်းရဲ့ ရတနာပစ္စည်းခန်းမကို ရှယု ကိုယ်တိုင် သခင်လေးကို လိုက်ပို့ပါမယ် " ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းလဲ ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအစီအရင်ထဲမှ ထွက်ခွာသွားပြီး သူထိုင်သော နေရာမှာ ပြန်ထိုင်လိုက်သည်။လူအများစုသည် ချောင်ဖုန်းလဲ တာဝန်ကို လုပ်ဆောင်ရမည် ထင်နေခဲ့သည်။
ရှယုလည်း အစီအရင်ကို ပြန်ဖျောက်လိုက်ပြီး ရိုရိုသေသေဖြင့် "လေလံဆွဲထားတဲ့ရတနာတွေ လဲလှယ်ဖို့ ၊ အကြီးအကဲ ကော်ယွဲ့ရဲ့ နောက်ကို လိုက်သွားလို့ ရပါပြီ " ဟု အားလုံးကို ပြောလိုက်သည်။
ထိုအခါ ကော်ယွဲ့သည် သေးငယ်သော အခန်းလေးတစ်ခန်းကို ခေါ်သွားခဲ့ပြီး ရတနာပစ္စည်းအချင်းချင်းလဲလှယ်နေခဲ့သည်။ချောင်ဖုန်းလဲ သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးပုလင်းလုံးများကို ထုတ်ကာ လေလံဆွဲထားသော ရတနာများကို ရယူဖို့ ရှဲ့ချမ်းအားခိုင်းလိုက်သည်။
ပါးရှန်းဂိုဏ်းလက်အောက် ရှစ်ဂိုဏ်းအပြင် ကျန်ရှိသော ဂိုဏ်းများစွာကလူများသည် ရှဲ့ချမ်းက ရတနာပစ္စည်းအများအပြားကို လေလံဆွဲယူခဲ့သည့်အတွက် မကျေမနပ်ဖြစ်နေခဲ့ကြသည်။
ရတနာပစ္စည်းလဲလှယ်သော အခန်းတွင် ကြယ်တာယာနန်းတော်ဂိုဏ်းမှ အကြီးအကဲချင်နင်သည် ရှဲ့ချမ်းကို သိနေတဲ့အတွက် " ရှဲ့ချမ်း......မင်းက ရတနာပစ္စည်းမှန်သမျှ အပိုင်စီးခဲ့တာပဲ ၊ လေလံဆွဲတဲ့ရတနာတွေနဲ့လဲလှယ်ဖို့ ဆေးလုံးတွေသာ မလုံလောက်ရင် မင်းဘယ်လိုဖြေရှင်းမလဲ ငါသိချင်သေးတယ် " ဟု ပြောကာ လောင်ပြောင်လိုက်သည်။
ထို့နောက်ချင်နင်သည် ရှဲ့ချမ်းရဲ့ ရှေ့ကနေ အရင် သူဆွဲထားသော ရတနာပစ္စည်းများကို အရင်လဲလှယ်လိုက်ပြီး တန်းထွက်မသွားပဲ ရှဲ့ချမ်းကို စောင့်နေလိုက်သည်။ရှဲ့ချမ်းအလှည့်ရောက်သောအခါ
ကော်ယွဲ့ လေလံဆွဲထားသော ရတနာပစ္စည်းများနှင့် လဲလှယ်ရမည့် ဆေးလုံးများကို တွက်ချက်ပြလိုက်သည်။
ထိုအခါ ရှဲ့ချမ်းသည် ချောင်ဖုန်းပေးလိုက်သော များစွာသော ဆေးပုလင်းများကို ထုတ်ပေးလိုက်တဲ့အခါ ရှိနေသောလူများ အားလုံးသည် ထိုဆေးလုံးများကို ရှဲ့ချမ်းသည် ဓားပြတိုက်ထားသလား ဟု ထင်သွားကြလေသည်။
ကော်ယွဲ့သည် ဆေးလုံးများအားလုံးကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်ပြီး သိုလှောင်ကွင်းတစ်ခုထုတ်လိုက်ပြီး "ဒီသိုလှောင်ကွင်းထဲမှာ လေလံဆွဲထားတဲ့ ရတနာပစ္စည်းတွေ အကုန်ထည့်ထားတယ် "ဟု ပြောပြီး ရှဲ့ချမ်းကို ပေးလိုက်သည်။
ထို့နောက်ရှဲ့ချမ်းသည် ရတနာပစ္စည်းများနဲ့ လဲလှယ်ပြီးတဲ့နောက် ချင်နင်အား လှောင်ပြုံးလေး ပြုံးကာ ထွက်ခွာသွားလေသည်။ချင်နင်ကတော့ ရှဲ့ချမ်းထွက်သွားတာကို ကြည့်ပြီး ဒေါသများထွက်ကာ ကျန်ရစ်ခဲ့လေသည်။
အပြင်သို့ ပြန်ထွက်လာပြီးနောက် ရှဲ့ချမ်းသည် ရိုရိုသေသေပင်"သခင်လေး......ဒီသိုလှောင်ကွင်းထဲမှာ သခင်လေးလိုချင်တဲ့ ရတနာပစ္စည်း အားလုံး ရှိပါတယ် " ဟု ပြောကာ ချောင်ဖုန်းကိုပေးလိုက်သည်။
ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်း၍ ထားလိုက်သည်။ရှဲ့ချမ်းသည် ပြန်ဖို့ ပြောမည့် ချိန်မှာ ရှယုသည် ချောင်ဖုန်းရှိကို ရောက်ရှိလာပြီး "သခင်လေး......ရှယုတို့ သွားကြရအောင်" လို့ ပြောလိုက်တဲ့အခါ ကြားလိုက်တဲ့လူတွေသည် အံ့အားသင့်သွားကြသည်။
လီထောင်သည် လက်နှစ်ဖက်ဆုပ်ကာ ရှယုအား "မိန်းကလေးရှယု ......မဟုတ်မှလွဲရော သခင်လေးက မိန်းကလေးရှယုရဲ့ ဒဏ်ရာကို ဖြေဆိုနိုင်သွားတာလား" ဟု မေးလိုက်သည်။ထိုအခါ ရှယုသည် "ဂိုဏ်းချုပ်လီထောင်......ရှယုက တခြားကိစ္စနဲ့ လာခေါ်တယ်လို့ ရှင်က ထင်နေတာလား " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် သူ့ကို မစောင့်ပဲ ပြန်ဖို့ ရှဲ့ချမ်းကို ပြောလိုက်သည်။ချောင်ဖုန်းနှင့်အတူထွက်သွားတာကို မြင်တဲ့အခါ ရှိသမျှ လူများအားလုံးသည် အဂ္ဂိရတ်ဆရာကြီးတွေတောင် မဖြေနိုင်တဲ့အရာကို ချောင်ဖုန်းက ဖြေဆိုနိုင်သွားသည့်အတွက် မယုံကြည်နိုင်ဖြစ်သွားကြပြီး မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်နေကြလေသည်။
ရှယုသည် ချောင်ဖုန်းကို ပါးရှန်းဂိုဏ်းရဲ့ ရတနာပစ္စည်းတွေထားတဲ့ ခန်းမတစ်ခုစီသို့ ခေါ်လာခဲ့သည်။ပါးရှန်းဂိုဏ်းအတွင်းမှာ စောင့်ကြပ်နေတဲ့လူအားလုံးသည် ရှယုကို ဒူးထောက်ပင် အရိုအသေပြုကာ နှုတ်ဆက်နေတဲ့အတွက် ချောင်ဖုန်းသည် ရှယုက တော်ရုံအဆင့်အတန်းမဟုတ်နိုင်တာကို သိရှိသွားခဲ့သည်။
ထို့နောက် ရှယုသည် ရတနာပစ္စည်းများရှိတဲ့ အခန်းသို့ ရောက်တဲ့ အခါ အစောင့်နှစ်ယောက်ကို တံခါးဖွင့်ခိုင်းလိုက်ပြီး "သခင်လေး.....ဒီအခန်းက ပါးရှန်းဂိုဏ်းရဲ့ ရတနာပစ္စည်းများထားရှိတဲ့အခန်းပဲ ၊ ရှယု မှာကိစ္စရှိလို့ သခင်လေးစိတ်ကြိုက်ရွေးယူထားနှင့်ပါ
ရှယု ခဏနေ ပြန်လာခဲ့ပါမယ်" ဟု ပြောကာ တံခါးဝကနေ ထွက်ခွာသွားလေသည်။
ချောင်ဖုန်းသည် တစ်ယောက်ထဲ အခန်းထဲသို့ ရောက်တဲ့ တောက်ပလွန်းလှတဲ့ ရတနာပစ္စည်းများအစုံကို တွေ့ရှိလိုက်ရသည်။
ချောင်ဖုန်းသည် ရတနာပစ္စည်းများကို ကြည့်လိုက်ရင်း "ဒီပါးရှန်းဂိုဏ်းက နဂါးမင်းတံဆိပ်ဂိုဏ်းထက် ရတနာပစ္စည်းတွေ ပိုစုနိုင်တာပဲ " ဟု ပြောလိုက်သည်။
ရှကုသည် ပါးရှန်းဂိုဏ်း၏ အခန်းတစ်ခန်းထဲသို့ ဝင်သွားခဲ့ပြီး အခန်းထဲတွင် ရှိနေသော လူနှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး ချောင်ဖုန်းရဲ့အကြောင်းကို ပြောပြလိုက်သည်။ထိုလူနှစ်ယောက်က
ငွေဘုရင်ချောင်ထန့်နှင့်ရွှေဘုရင်ဟောင်ထင်ဟု ခေါ်သော ပါရှန်းဂိုဏ်း၏ ကာကွယ်သူအကြီးအကဲနှစ်ယောက်ပင်ဖြစ်သည်။
ငွေဘုရင်ချောင်ထန့်သည် "သခင်မလေး......ငါတို့နှစ်ယောက်ကို သူ့ရှိခေါ်သွားပေးပါ " လို့ပြောလိုက်သည်။ချောင်ဖုန်းကတော့ ရတနာပစ္စည်းများ အားလုံးသည် တန်ဖိုးရှိသော အရာများဖြစ်နေသဖြင့် ရွေးချယ်ရခက်နေလေသည်။
ထိုချိန်မှာ ရှယုသည် အဖိုးကြီးနှစ်ယောက်နှင့်အတူ သူရှိရောက်လာတဲ့အခါ အံ့အားသင့်သွားခဲ့သည်။ငွေဘုရင် ချောင်ထန့်နဲ့ ရွှေဘုရင် ဟောင်ထင်သည် ချောင်ဖုန်းသည် ငယ်ရွယ်သောလူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ချောင်ထန့်သည် ချောင်ဖုန်းအနားပင်သွားကာ ရယ်ရယ်မောမောဖြင့် "ငါနာမည်....... ချောင်ထန့်ပါ ၊ ဒီက သခင်လေးက........ သခင်မလေးရှယုကို ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ကြောင်း ပြောပြခဲ့တာ တကယ်ပဲလား " ဟု မေးလိုက်သည်။
ထိုအဖိုးကြီးနှစ်ယောက်သည် ပါးရှန်းဂိုဏ်း၏အကြီးအကဲနှစ်ယောက်ဖြစ်နိုင်သောကြောင့် ချောင်ဖုန်းသည် ရိုရိုသေသေပင် ပြန်၍ နှုတ်ဆက်လိုက်သည်။ထို့နောက် ဟောင်ထင်သည် ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်နဲ့ပက်သက်ပြီး သိထားတာတွေ ရှိလားဟု မေးလိုက်သည်။
ချောင်ဖုန်းသည် အဂ္ဂိတ်ရတ်ပညာရပ်ထဲတွင် ဖော်ပြထားသော ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်အကြောင်းကိုလဲ အကြောင်းစုံသိရှိထားသည်။ထိုခန္ဓာကိုယ်ပိုင်ရှင်တွေသည် စွမ်းအားလဲ ကြီးသလို ပေးဆပ်ခံစားရတာတွေလဲ များပြားလွန်းလှသည်။
ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "အကြီးအကဲဟောင်ထင်.....ကျွန်တော်ယင်ယန် ခန္ဓာကိုယ်နဲ့ပက်သက်ပြီး စာအုပ်ထဲမှာ အနည်းငယ်ဖတ်ဖူးပါတယ် " ဟု ပြောလိုက်သည်။
ချောင်ထန့်သည် "သခင်လေး......မင်းသခင်မလေးရဲ့ ဒဏ်ရာနဲ့ပက်သက်ပြီး ကုသနိုင်မယ့် နည်းလမ်းရှိလား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် "အကြီးအကဲ.....ဒါက သာမာန်ဒဏ်ရာလေးတစ်ခုမဟုတ်ဘူး" လို့ ပြောလိုက်သည်။ရှယုသည် အသက်ကြီးလာတာနဲ့အမျှ ထိုဒဏ်ရာကနေ နာကျင်ရမှုဒဏ်ကို အမြဲခံစားနေရသည်။
ချီအဂ္ဂိရတ်ပညာရပ်ဂိုဏ်းမှ ဆရာကြီးကျန်းယန်နဲ့ ကုသသော်လည်း ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်းတောင် မသိရှိတော့ကြောင့် ရှယုတို့သည် လက်လျော့လိုက်ရသည်။