← Chapters

Chapter(90)

Vol. 7 Ch. 90

Chapter(90)

Vol. 7 Ch. 90

အသန့်စင်ဆုံးစနစ် အခန်း(90)

ချောင်ဖုန်းသည် သာမာန်ဒဏ်ရာမဟုတ်ဘူးလို့ ပြောလိုက်တဲ့အခါ အားလုံးသည် ကြောက်လန့်သွားခဲ့သည်။ရှယုသည် "သခင်လေး....

ရှင်ကျွန်မတို့ နားလည်အောင် ပြောပြပေးလို့ရမလား " ဟု မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေး ရှယု........ မင်းရဲ့ရင်ဘတ်နားမှာရော အနီကွက် ဖြစ်ပေါ်နေပြီလား " ဟု မေးလိုက်သည်။ထိုအခါ ရှယုသည် ​​သူ့ရင်ဘတ်တွင် အနီကွက်ဒဏ်ရာတစ်ခု အမှန်တကယ်နောက်ထပ်ဖြစ်ပေါ်နေသောကြောင့် ရှက်ရှက်နဲ့ခေါင်းငြိမ့်လိုက်သည်။

ချောင်ထန့်နဲ့ဟောင်ထင်ကပင် ထိုအနီကွက်ဒဏ်ရာဖြစ်​ပေါ်နေကြောင်းကို မသိရှိသေးပေ။ချောင်ဖုန်းသည် "မိန်းကလေးရှယု......မင်းဒဏ်ရာကို အမြန်ဆုံးကုသသင့်တယ် ၊ မဟုတ်လို့အချိန်တန်ရင် ခန္ဓာကိုယ်ပေါက်ကွဲထွက်ပြီး မင်းအသက်ဆုံးရှုံးရလိမ့်မယ်" ဟုပြောလိုက်သည်။

ရှယုသည် ဒဏ်ရာများမှ အမြဲနာကျင်ခံစားနေရပြီး အနှေးနဲ့အမြန် သေဆုံးရမည်ကို သိရှိနေတဲ့အတွက် အလွန်စိတ်ညစ်သွားပင်မယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အားတင်းနေခဲ့သည်။ချောင်တန့်သည် စိတ်ပျက်နေသည့်ပုံဖြင့် ရှယုရဲ့ဒဏ်ရာနှင့် ပက်သက်သော အကြောင်းအရာများကို မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်များသာ ဖြစ်ပေါ်သည့် အချက်အလက်များကို ပြောပြလိုက်သည်။ယင်ယန်ခန္ဓာကိုယ်ပိုင်ရှင်တွေသည် ငယ်စဥ်ကပင် စွမ်းအားအရင်းအမြစ်တွေနဲ့ မကုသနိုင်ခဲ့ရင် အချိန်တန်တဲ့အချိန်ကြရင် ဒဏ်ရာအမှတ်အသား တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး ခြောက်ခုပြည့်သည့်အခါ ခန္ဓာကိုယ်ပေါက်ကွဲထွက်ပြီး သေဆုံးရမည်ဖြစ်သည်။

ချောင်ဖုန်းပြောပြသွားမှသာ ရှယုတို့သည် အကြောင်းစုံကို သိရှိသွားလေသည်။ရှယုသည် ငယ်စဥ်ကပင် မကုသနိုင်ခဲ့သည်အတွက် နည်းလမ်းမရှိတော့ဘူးဟု ထင်ကာ စိတ်ဓာတ်ကျကာ ခွေကျသွားလေသည်။

ထိုအခါ ချောင်ထန့်တို့သည် "သခင်လေး မင်းမှာကုသဖို့ နည်းလမ်းတစ်ခုခုများမရှိဘူးလား" ဟု မေးလိုက်သည်။ ထိုအခါ ချောင်ဖုန်းသည် ကုသဖို့ စွမ်းအင်မလုံလောက်သေးသည့်အတွက် "အကြီးအကဲချောင်ထန့်.......ကျွန်တော်မှာ အချိန်အတော်ကြာ ထိန်းထားနိုင်မယ့် နည်းလမ်းတော့ရှိပါတယ် ၊ ဒါပေမယ့် အဲ့နည်းလမ်းက အောင်မြင်ဖို့ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိမယ် " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် နည်းလမ်းရှိသည်ဟု ပြောလိုက်သည့်အခါ အားလုံးသည် မျှော်လင့်ချက်ပြန်ရှိလာခဲ့ကာ အနည်းငယ်စိတ်သက်သာရာ ရသွားကြသည်။ ဟောင်ထင်သည် "သခင်လေး......မင်းသာကုသနိုင်မယ်ဆိုရင် မင်းကို ပါရှန်းဂိုဏ်းရဲ့ အထူးပုဂ္ဂိုလ်အဖြစ် ခံအပ်ပေးမယ့်အပြင် မင်းအလိုရှိတာမှန်သမျှကို ငါတို့ကို တောင်းဆိုနိုင်တယ် " ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်းနဲ့ပက်သက်သော အချက်အလက်များအပြင် သူလိုချင်သော ရတနာများကို ရရှိနိုင်မည်ဖြစ်သောကြောင့် ရှယုကို ကုသပေးဖို့ ဆုံးဖြတ်၍ သဘောလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် သူလိုအပ်သည့် ဆေးအမယ်များအားလုံးနှင့် ချီစွမ်းအင်အကောင်းဆုံးအခန်းတစ်ခန်းလိုအပ်တာကို ပြောလိုက်သည်။ထိုဆေးအမယ်များအားလုံးသည် အလွန်ရှားပါးလွန်းသည့်အတွက် ပါးရှန်းဂိုဏ်းမှာတောင် အနည်းငယ်ပဲ ရှိသည်။

ချောင်ထန့်သည် ထွက်ခွာသွားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ပြန်ရောက်လာပြီး အားလုံးစီစဥ်ထားပြီးပြီ ဖြစ်ကြောင်း ပြောပြလိုက်ပြီး ရှယုနှင့်ချောင်ဖုန်းကို အခန်းတစ်ခန်းသို့ ပို့ဆောင်ပေးခဲ့သည်။

ချောင်ဖုန်းတို့ အထဲဝင်သွားပြီးနောက်မှာ ဟောင်ထင်သည် "ချောင်ထန့်..... ဒီအခန်းက ဂိုဏ်းချုပ်ဟောင်းလေ့ကျင့်နေကြ အခန်းမဟုတ်ဘူးလား ၊ မင်းဘာလို့ ဒီအခန်းကို စီစဥ်ပေးလိုက်ရတာလဲ" ဟု မေးလိုက်သည်။ထိုအခါ ချောင်ထန့်သည် ရှယုရဲ့ ဒဏ်ရာပျောက်ဖို့က အ​ရေးကြီးတဲ့အတွက် ထိုအခန်းကို စီစဥ်ပေးလိုက်ကြောင်း ပြောလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်းတွင် ချောင်ဖုန်းနှင့်ရှယုနှစ်ယောက်ထဲသာ ရှိနေခဲ့သည်။ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်းမှာ

တိတ်ဆိတ်ငြိမ်သက်ပြီး လုံခြုံသော အခန်းတစ်ခန်းသည်ရှိနေတဲ့အတွက် ကျင့်ကြံချင်စိတ်တောင်ပေါက်သွားသည်။

သို့သော် ရှယုရဲ့ ဒဏ်ရာကို ကုသပေးရအုံးမည်ဖြစ်သောကြောင့် နောက်မှ တောင်းဆိုဖို့ စိတ်ကူးလိုက်သည်။ ချောင်ဖုန်းသည် ရှယုရဲ့ အပေါ်ထပ်အင်္ကျီများကို ချွတ်ခိုင်းလိုက်သည်။ထိုအခါ ရှယုသည် ပါးလေးများမှာ နီရဲတက်လာပြီး "သခင်လေး......ရှင်ဒဏ်ရာကိုပဲ အာရုံစိုက်နော် " ဟု ပြောကာ ဟိုဘက်ခဏ လှည့်ကာ သူ့အပေါ်ထပ်ဝတ်စုံများကို ချွတ်ချလိုက်သည်။

ရှယုသည် သူမရဲ့ဖွံ့ဖြိုးနေသော ရင်နှစ်မွှာအား လက်များဖြင့် မလုံတလုံ အုပ်ထားပြီး ရှက်ရှက်ဖြင့် မျက်လုံးမှိတ်ထား လိုက်သည်။ချောင်ဖုန်းသည် ရှယုရဲ့ အုပ်ထားသော ရင်နှစ်မွှာကို မြင်လိုက်ရတဲ့အတွက် တံတွေးပင်မျိုချမိသွားသည်။

ရှယုသည် "သခင်လေး......ရှင်ဘာလုပ်နေတာလဲ " ဟု ပြန်ပြောလိုက်တဲ့ အခါမှသာ ချောင်ဖုန်းသည် သူ့စိတ်ကို လျော့ကာ ကုသဖို့သာ အာရုံစိုက်လိုက်ရသည်။

ချောင်ဖုန်းသည်"မိန်းကလေး ရှယု......ငါ့ရဲ့ဝိညဥ်စွမ်းအား ဝင်လာတဲ့အခါ မင်းရဲ့ဝိညဥ်စွမ်းအားကို တည်ငြိမ်အောင်ထားပါ " လို့ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် ဆေးအမယ်တစ်ခုကို အရင်ယူလိုက်ပြီး သူလက်ဖဝါးပေါ်မှာတင် သန့်စင်လိုက်တဲ့အခါ ရှယုသည် မျက်လုံးလေးကို အနည်းငယ်ဖွင့်ကြည့်၍ မြင်လိုက်ရတဲ့အတွက် ချောင်ဖုန်းအားအထင်ကြီးသွားလေသည်။ရှယုတို့သည် ချောင်ဖုန်းသည် ငယ်စဥ်ကတည်းကပင် သိုင်းပညာအစား အဂ္ဂိရိတ်ဆေးပညာကိုသာ လေလံလိုက်စားထားသည်ဟု ထင်နေကြသည်။

ချောင်ဖုန်းသည် သန့်စင်ထားသော ဆေးအရည်နှင့် သူ့၏ ဝိညဥ်စွမ်းအင်ကို ရှယု၏ ရင်နှစ်မွှာရဲ့အပေါ်ဘက်လေးရှိ အနီကွက် ဒဏ်ရာအတွင်းကို ထည့်လိုက်သည်။

ထိုအခါ ရှယုသည် သူ့ခန္ဓာကိုယ်ထဲသို့ အေးခဲလွန်းလှသောဆေးအရည်တစ်မျိူးနှင့်အနည်းငယ်ပူသော ဝိညဥ်စွမ်းအင်လှိုင်း တစ်ခုဝင်လာတာကို ခံစားလိုက်ရသည်။

ချောင်ဖုန်းသည် ပြောင်းလဲစ ဖြစ်နေသော သွေးကြောများကို စတင်ပြီး ဆေးရည်နှင့် ဝိညဥ်စွမ်းအင်ကို သုံးကာ စတင်ကုသပေးနေခဲ့သည်။တစ်နာရီကြာပြီး နောက်မှာ ရှယုသည် နာကျင်ခံစားမှုကို ကြိတ်ကာ ခံစားနေရလေသည်။

အနီရောင်ဒဏ်ရာထဲမှ ယင်ယန်စွမ်းအင်သည် စိမ့်ထွက်လာကာ ကြမ်းပြင်ပေါ်သို့ တစက်စက် ကျလာလေသည်။ ချောင်ဖုန်းသည် "မိန်းကလေးရှယု......ဒါအစလေးပဲ ရှိသေးတယ်နော် မင်းသည်းမခံနိုင်တော့ဘူးလား " ဟု မေးလိုက်သည်။

ရှယုသည် နာကျင်နေတဲ့ကြားထဲမှ "သခင်လေး.......ရှယုအဆုံးထိသည်းခံနိုင်ပါတယ်" ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် နောက်ထပ်ဆေးအမယ်တစ်ခုကို ယူကာ ဆေးရည်အဖြစ် သန့်စင်လိုက်ပြီး ဆက်ကုသနေခဲ့သည်။ထိုချိန်မှာ ရီချုံသည် "အကိုကြီး......ငါဒီနားမှာ အဆင့်တစ်ဆယ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အငွေ့အသက်ကို ခံစားနေရတယ် " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် အဆင့်ရှစ်နတ်ဆိုးသားရဲဟု ပြောတဲ့အခါ အနည်းငယ်ပင် တုန်လှုပ်သွားခဲ့ပြီး "ရီချုံ.......ခုချိန်မှာ ဝိညဥ်စွမ်းအားကို တခြားနေရာမှာ သုံးလိုက်ရင် ရှယုရဲ့အသက်ဆုံးရှုံးသွားနိုင်တယ် ၊ မင်းအခြေအနေကို စောင့်ကြည့်ပေးထားပါ " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် နဂါးစစ်သည်တော်အမိန့်ပြားကို အသုံးပြုလိုက်ရင်

ချောင်ထန့်နဲ့ဟောင်ထင်သည် ရိပ်မိသွားမည်ဖြစ်သောကြောင့် အသုံးမပြုခဲ့ခြင်းဖြစ်သည်။ချောင်ဖုန်းသည် "အဆင့်တစ်ဆယ်နတ်ဆိုးသားရဲတစ်ကောင်က ဘယ်လိုလုပ်ပြီး ပါးရှန်းဂိုဏ်းမှာ ထွက်ပေါ်လာရတာလဲ " တွေးကာ ဒေါသထွက်နေခဲ့သည်။

ဒီလိုနဲ့အချိန်သည် သုံးရက်ကြာပြီးနောက်မှာ ချောင်ဖုန်းသည် ဝိညဥ်စွမ်းအင် အကုန်နီးပါးကုန်ခန်းနီးပါး ဖြစ်သွားလေသည်။ရှယုသည် သူရဲ့ရင်နှစ်မွှာကို ဖုံးကွယ်ထားရင်းပဲ သူရဲ့ဒဏ်ရာများမှ နာကျင်မှုသည် တဖြည်းဖြည်းသက်သာလာသည့် ဝမ်းသာနေခဲ့သည်။

ချောင်ဖုန်းသည် ဘုံငါးဆင့်သူတော်စင်ကျင့်စဥ် တက်မြောက်ထားတာတောင် ကုသဖို့အတွက် ဝိညဥ်စွမ်းအင်ကို အလွန်အကျွံ သုံးမိသွားတဲ့ ဆေးလုံးသောက်ကာ ရှယုအား ထပ်မံ ကုသပေးနေခဲ့သည်။

ရီချုံသည် ရုတ်တရက် ပြောင်းလဲမှုကို ခံစားလိုက်ရလေပြီး ချောင်ဖုန်းကို အသိပေးဖို့လုပ်ချိန်မှာ ချောင်ဖုန်းသည် အားမရှိသော အသံဖြင့် "မိန်းကလေးရှယု...... ဒီလောက်ဆို မင်းဒဏ်ရာကို ထိန်းထားလို့ ရသွားပြီ " ဟု ပြောကာ လဲကျသွားလေသည်။

ထိုအခါ ရှယုသည် သူ့အဝတ်စား အမြန်ပြန်ဝတ်လိုက်ပြီး ချောင်ဖုန်းအား ထူလိုက်သည်။ထိုချိန်မှာ အသက်ငယ်ငယ်အရွယ် အဖြူရောင်ဝတ်စုံဖြင့် ဟွမ်ရှို့လင်း ဟု ခေါ်သည့် မိန်းကလေးတစ်ယောက်သည် အခန်းထဲတွင် ပေါ်ထွက်လာကာ ရှယုကို ကြည့်လိုက်ပြီး "ဟားဟားဟား.......နောက်ဆုံးတော့ ငါအပြင်လောကကို ပြန်ထွက်လာနိုင်ပြီပဲ ၊ အဲ့ဒီအတွက် နင့်တို့ကို ကျေးဇူးတင်ရမယ် " ဟု ပြောလိုက်သည်။

ထိုအခါ ရှယုသည် "နင်က ဘယ်သူလဲ........ဘယ်လိုလုပ်ပြီး ဒီအခန်းထဲကို ရောက်လာတာလဲ " ဟု အံ့အားသင့်စွာ ဖြင့် မေးလိုက်သည်။ဟွမ်ရှို့လင်း ပြောမည့်ချိန်မှာ ရီချုံသည် ရုတ်တရက် ချောင်ဖုန်း ခန္ဓာကိုယ်ထဲမှ ထွက်ရှိလာကာ ကြောက်စရာကောင်းသော ဧရာမ ဌက်ကြီးအသွင်သို့ ပြောင်းလဲသွားပြီး ဟွမ်ရှို့လင်းအား တန်းတိုက်ခိုက်သည်။

ဟွမ်ရှို့လင်းသည် ရီချုံကို မြင်တာနဲ့ ကောင်းကင်နတ်ဆိုးသားရဲတစ်ကောင်က လူသားရဲ့ခန္ဓာကိုယ်ထဲက ထွက်ရှိလာတဲ့အတွက် အံ့အားသင့်သွားလေသည်။ထို့နောက် သူရဲ့လက်သည်းများအား အရှည်ကြီး ထုတ်လိုက်ပြီး ရီချုံကို ပြန်လည်၍ တိုက်ခိုက်လိုက်သည်။

ရှယုသည် ရီချုံနှင့် ဟွမ်ရှို့လင်းတိုက်ခိုက်ဖို့ နေချိန်မှာ ထွက်ပြေးဖို့ကြိုးစားမည့်အချိန်တွင် ဟွမ်ရှို့လင်းသည် ကြောက်စရာ​ကောင်းသော ဖိအားဖြင့် ရှာယုကို မလှုပ်ရှားနိုင်အောင်လုပ်လိုက်လေသည်။

All Chapters