အင်မော်တယ် အုပ်စိုးသူအဆင့်နှင့် တိုက်ခိုက်ခြင်း
Vol. 55 Ch. 755
မသာမယာဖြစ်နေသည့် နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျီချီက မိုဝူကျိနှင့် လော့စီတို့ ဆိုင်မှ ထွက်လာရဲပြီး မြို့အပြင်သို့ လျှောက်လှမ်းသွားသည်ကို မြင်သောအခါ ချက်ချင်းဆိုသလို စိတ်အေးသွားလေ၏။ သူက ယခု အမျိုးသားရော၊ အမျိုးသမီးပါ အလိုရှိနေသည်။ သူတို့က သူ့အား လာရှုပ်ရဲသည်ကို စဉ်းစားမိကြည့်လိုက်လျှင် ဤအမျိုးသားနှင့် အမျိုးသမီးအား သူ ကျီချီက မည်သို့လူစားမျိုး ဖြစ်ကြောင်း နားလည်အောင် ပြရမည်။
“ အစ်ကိုကြီးမို ကျမတို့ ထွက်မသွားခင် ခဏစောင့်သင့်လား။ ဟိုလူက အခုထိ ကျမတို့ကို စောင့်ကြည့်နေတုန်းပဲ …” မိုဝူကျိက ကျီချီကို မကြောက်သော်လည်း လော့စီက ထိုနှစ်ဖက်ချွန် လူအား ထိတ်လန့်မိနေဆဲ ဖြစ်သည်။
မိုဝူကျိက ရယ်မောကာ “ သူ လိုက်မလာမှာကို ပိုစိုးရိမ်မိတာ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက မြို့ပြင်သို့ ထွက်သွားလေရာ လော့စီလည်း ရွေးချယ်စရာ မရှိတော့ဘဲ မိုဝူကျိနောက် အနီးကပ် လိုက်သွားလိုက်ရသည်။
“ ဒါနဲ့ လော့စီ … မင်းကို တစ်ခု မေးချင်တာ တစ်ခုရှိသေးတယ်။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ရဲ့ ကျတ်တီးနယ်မြေကြီးက ကျယ်ဝန်းရက်ရဲ့သားနဲ့ ဘာလို့ ဘယ်သူမှ မနေကြတာလဲ ” မိုဝူကျိက အချိန်အတော်ကြာ သိချင်နေသည့် မေးခွန်းအား မေးလိုက်တော့သည်။
လော့စီက ခေါင်းခါကာ ရှင်းပြလိုက်လေ၏
“ ကျမလည်း အကြောင်းအရင်းအတိအကျကိုတော့ မသိဘူး။ ဒါပေမဲ့ အဲမှာ ပုန်းအောင်နေဖို့ ကြိုးစားတဲ့သူတိုင်း သူတို့တွေ ဘယ်လောက် အားကောင်းကောင်း ဆယ်ရက်ထက် မခံနိုင်ဘူး။ ဆယ်ရက်ကြာရင် သူတို့တွေက အစအနမရှိ ပျောက်ကွယ်သွားကြတာပဲ ….
ပြောရရင် တိုက်ပွဲဖြစ်တုန်းလောက်ပဲ လူတွေက ဆက်တိုက် နေကြတာ။ အရိုးဆုံးပြောရရင် အစ်ကိုကြီးမိုလည်း ဘယ်လိုလုပ် အဲနေရာကို ရောက်နေတာလဲဆိုပြီး တွေးနေမိတာ ”
မိုဝူကျိအနေနှင့် လင်းဂူနှင့် ချိန်စုယင်တို့ ကျတ်တီးနယ်မြေဆီ ပို့ဆောင်ခံရနိုင်ခြေကို တွေးကြည့်မိကာ စိတ်ထဲ လေးလံသွားလေ၏။
“ အစ်ကိုကြီးမို ဆက်လျှောက်လိုက်ရင် ကျတ်တီးနယ်မြေ အဝင်ဝဆီ ရောက်လာလိမ့်မယ်။ ကျမတို့တွေ အဲနေရာကို သွားမှာလား ” လော့စီက မိုဝူကျိ၏ အတွေးယာဉ်ကြောကို နှောင့်ယှက်လိုက်သည်။
“ ဟုတ်တယ် သွားကြစို့ …” မိုဝူကျိက ခေါင်းညိတ်ပြကာ သူ့ အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းမည့် မိုးကြိုးစမ်းသပ်ချက်မှာ အလွန်ကြောက်စရာ ကောင်းလွန်းလှ၍ ကျတ်တီးမြေ၌သာ အဆင်ပြေမည်မှန်း သိထားသည်။
မိုဝူကျိနျင့် လော့စီတို့က မြို့အပြင်သို့ ထွက်လာပြီး နှစ်နာရီလောက်အကြာတွင် ကျီချီက သူတို့အား တားဆီးလိုက်သည်
“ မင်းရဲ့ သတ္တိကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ အခုမှ မင်းက အင်မော်တယ်ဘုရင်အဆင့်ပဲ ရှိသေးတာမလား။ မင်းက ငါ့လူကို လုယူပြီးတော့ ငါကို ကျတ်တီးမြေဆီ မျှားခေါ်လာတယ်ပေါ့လေ ”
ကျီချီက လက်ကို နောက်ပစ်ထားရင်း မိုဝူကျိ တစ်ယောက် သတ္တိကောင်းနေသည့် အကြောင်းအရင်းကို တွေးကာ စိုက်ကြည့်နေမိသည်။ သူ့ခန့်မှန်းချက်အရ မိုဝူကျိသည် အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသေးမည် ဖြစ်သည်။ အကြောင်းမှာ သူက မိုဝူကျိ၏ အသက်အရွယ်အရ လုံးဝ အသက်မကြီးသေးကြောင်း အာရုံခံမိပေသည်။
ကျီချီက အင်မောတ်ယ် ဧကရာဇ်များပင် ပိုင်ဆိုင်လိမ့်မည် မဟုတ်သော စွမ်းရည် တမျိုး ရှိပေသည်။ ထိုအရာမှာ တစ်ဖက်လူ၏ အသက်ကို ခန့်မှန်းကောက်ချက်ချခြင်း ဖြစ်၏။ သူ့အမြင်အရ မိုဝူကျိသည် နှစ်တစ်ရာအောက် ဖြစ်နေသောကြောင့် ကျင့်ကြံရေးလောကတွင် လူသစ်လေးအဆင့်မျှသာ ရှိသေးပေသည်။ မိုဝူကျိကို အင်မော်တယ်ဘုရင်အဖြစ် တွေးထားသည်မှာ ကျီချီအနေနှင့် မိုဝူကျိအား အချိန်တိုလေးအတွင်း တိုးတက်နိုင်စွမ်း ရှိသည့် ပါရမီရှင်များကြားမှ ပါရမီအဖြစ် ယူဆထားသောကြောင့် ဖြစ်၏။
မိုဝူကျိက လက်ကို မြှောက်ကာ လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်လိုက်သည် “ ကျုပ်လည်း ခင်ဗျားကို လေးစားပါတယ် … တကယ်ကြီး ကျုပ်နောက်ကို လိုက်လာရဲတာမလို့လေ ….”
မိုဝူကျိက ကျီချီကို အမှန်ပင် လေးစားမိပေသည်။ အကြောင်းမှာ သူက အကြောက်အလန့်မရှိ ကျတ်တီးနယ်မြေထဲ ဝင်သွားသည်ကို မြင်လျှင် ပုံမှန်လူများက လိုက်ဝင်သင့်၊ မဝင်သင့် စဉ်းစားကြမည် ဖြစ်သော်လည်း ဤလူက အမှန်တကယ် လိုက်လာရဲပေသည်။ ထို့ကြောင့် မိုဝူကျိက သူ့သတ္တိကို လေးစားမိနေခြင်း ဖြစ်ပေသည်။
ဘေးတွင် ရပ်နေသော လော့စီက မှော်ရတနာကို ဆွဲထုတ်ကာ ကျီချီအား စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။
“ ဘာလို့ ဘာမှမဖြစ်သေးတာလဲ ” မိုဝူကျိက မှော်ရတနာကို ဆွဲကိုင်ကာ ရပ်နေဆဲ ဖြစ်သည်ကို တွေ့သောအခါ ကျီချီက အံ့အားသင့်သွား၏။
“ ဘာ ” အကယ်၍ မိုဝူကျိက အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူအား အပြီးသတ်နိုင်လား ဟု မစမ်းသပ် ကြည့်ချင်မိလျှင် သူက အင်မော်တယ် အုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်ကို ခံယူနေလောက်လေပြီ။
“ ဒီနေရာမှာ ခင်းကျင်းထားတဲ့ ထောင်ချောက် အစီအရင်ကို သုံးချင်လို့ ငါ့ကို ဒီအထိ မျှားခေါ်လာတာ မဟုတ်ဘူးလား။ မင်းက အင်မော်တယ် အုပ်စိုးသူအဆင့်တော့ မဟုတ်ဘူးမလား ” ကျီချီက မေးလိုက်သည်။
မိုဝူကျိ၏ ဆိုင်ကာကွယ်ရေး အစီအရင်ကို ကြည့်ကာ ကျီချီက မိုဝူကျိသည် အစီအရင်ဆရာ တစ်ယောက် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် မိုဝူကျိက ထောင်ချောက်အစီအရင်ကို အသုံးပြုရန် သူ့အား ဤနေရာအထိ မျှားခေါ်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
သူ ကျီချီလည်း အစီအရင်ဆရာ တစ်ယောက် ဖြစ်ပေရာ မိုဝူကျိ၏ ထောင်ချောက်အစီအရင်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။
ကျီချီက ထိုသို့ယူဆလိုက်ခြင်းမှာ မိုဝူကျိသာ ထောင်ချောက်အစီအရင် မပြုလုပ်ထားလျှင် သူ့ကို အနိုင်ယူဖို့ရာ အခွင့်အရေး မရှိကြောင်း ယုံကြည်ထားလေ၏။ သူက မိုဝူကျိ၏ ကျင့်ကြံဆင့်ကို မှားယွင်းစွာ ကောက်ချက်ချမိလျှင်ပင် မိုဝူကျိက အင်မော်တယ် ဧကရာဇ်တစ်ယောက်တော့ မဖြစ်နိုင်သေးကြောင်း အလွန်သေချာနေသည်။ အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူကို မြို့ထဲ၌ ဆိုင်ပိုင်ဆိုင်ခွင့် မပြုထားပေ။ အင်မော်တယ် ဧကရာဇ်ဆိုလျှင် သူ့အား မျှားခေါ်နေစရာ မလိုအပ်ပေ။ ထို့ကြောင့် မိုဝူကျိက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေနိင်ကြောင်း စိတ်ထဲ လုံးဝ မပေါ်လာခြင်း ဖြစ်သည်။
ဤလူ၏ လေ့လာနိုင်စွမ်းနှင့် ကောက်ချက်ချနိုင်စွမ်း အရည်အချင်းတို့မှာ အတော်လေး ကောင်းနေ၍ မိုဝူကျိသည် အစီအရင်တာအိုမှာ ကျွမ်းကျင်သူ ဖြစ်ကြောင်း ပြောနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဤလူက မိုဝူကျိအနေနှင့် သူ့ကို တိုက်ခိုက်ရန် ထောင်ချောက် အစီအရင် လိုအပ်နေလိမ့်မည်ဟု တွေးနေခြင်းမှာ ကိုယ့်ဘာသာ အထင်ကြီးလွန်းနေခြင်း ဖြစ်၏။
မိုဝူကျိက အချိန်ဆက်မဖြုန်းတော့ဘဲ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်ပြီး လက်ထဲရှိ လခြမ်းကွေး ပုဆိန်လှံရှည်မှာလည်း သဲအရိပ်များ ထွက်ပေါ်လာသည်။
မိုဝူကျိ တိုက်ခိုက်လိုက်သည်နှင့် ကျီချီ၏ မျက်နှာအမူအယာမှာ လေးနက်သွားလေသည်။ အကြောင်းမှာ သူက မိုဝူကျိသည် အလွန်အားကောင်းကြောင်း ပြောနိုင်ပေသည်။ ဤသို့မျိုး ဝဲကတော့ စွမ်းအားစက်ကွင်းနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သော်လည်း လခြမ်းကွေးပုဆိန်လှံရှည်၏ တိုက်ကွက်မှာလည်း သာမာန် လျို့ဝှက်ပညာရပ် မဟုတ်ပေ။
သူက နောက်ဆုံး၌ မိုဝူကျိသည် တစ်ယောက်ချင်း ရင်ဆိုင်ရန် ဤနေရာအထိ မျှားခေါ်ခဲ့ကြောင်း သဘောပေါက်သွားတော့သည်။ ကျီချီက လူများစွာကို မြင်ဖူးသော်လည်း မိုဝူကျိလိုမျိုး ရူးသွပ်နေသည့်လူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သို့သော်လည်း ကျီချီသည် ဤသို့မျိုး ရူးသွပ်သည့် တိုက်ပွဲမျိုးကို သဘောကျနှစ်သက်ပေသည်။ တကယ့် ပညာရှင်နှင့် မတိုက်ခိုက်ရသည်မှာ ကြာမြင့်လှလေပြီ။
သူက ဤအမျိုးသားနှင့် အမျိုးသမီးကို လိုချင်ပေသည်။ သူ ကျီချီက အားအကောင်းဆုံး အမျိုးသားဖြစ်သလို အမျိုးသမီးလည်း ဖြစ်ပေသည်။
ကျီချီ ဆွဲထုတ်လိုက်သော စက်ဝိုင်းသဏ္ဍာန် မှော်ရတနာမှာ ကောင်းကင်တခွင် အင်မော်တယ်စွမ်းအားများကို ဝှေ့ခါပစ်လိုက်သည်။ လက်ရှိ ကျီချီ၏ စွမ်းအားစက်ကွင်းက မိုဝူကျိ၏ စွမ်းအားစက်ကွင်းထံ လှိုင်းလုံးကြီးများအလား ဝင်ရောက်လာသည်။ သူက မိုဝူကျိ၏ စွမ်းအားစက်ကွင်းအား အတင်းကျပ် အားသုံး၍ ချေဖျက်လိုခြင်း ဖြစ်သည်။
သို့သော်လည်း ကျီချီအနေနှင့် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ဖြစ်သော်လည်း သူ့စွမ်းအားစက်ကွင်းမှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းအား ထိုးဖောက်နိုင်စွမ်းပင် မရှိပေ။
တစ်ဖက်တွင် မိုဝူကျိက ကျီချီ ဆွဲထုတ်လိုက်သော မှော်ရတနာကို တန်းမှတ်မိလိုက်သည်။ ထိုအရာမှာ မှန်တင်ခုံ ဖြစ်နေပေ၏။
ကျင့်ကြံလာသည့်နှစ်များစွာ တစ်လျှောက်လုံး မိုဝူကျိက မှန်တင်ခုံကို သုံး၍ တိုက်ခိုက်သည်ကို ပထမဆုံး မြင်တွေ့ဖူခြင်း ဖြစ်ပေသည်။
မှန်တင်ခုံမှာ ရောင်စုံ ဖန်သားနံရံကဲ့သို့ မိုဝူကျိ၏ ငွေရောင်မြစ်ကို တားဆီးပေးထား၏။ ကောင်းကင်တခွင် ပုဆိန်လှံရှည်အလင်းချက်များနှင့် ပြည့်နှက်နေသော်လည်း ထိုမှန်တင်ခုံအား မထိုးဖောက်နိုင်ပေ။
ဘေးတွင် ရပ်နေသော လော့စီက မကူညီနိုင်ကြောင်း သတိပြုမိသွားတော့သည်။ မိုဝူကျိ ဖြစ်ဖြစ်၊ ကျီချီ ဖြစ်စေ အင်အား ခြားနားချက်မှာ အရမ်းကွာခြားလွန်းလှ၏။
“ ဘုန်း ” ကျန်ရှိနေသော ကန္တာရက ပေါက်ကွဲထွက်သွားပြီး အင်မော်တယ် စွမ်းအားများက ထွက်ပေါ်လာသောကြောင့် မိုဝူကျိက နောက်သို့ လွှင့်စင်သွားလေသည်။ သူက လေထဲကနေ လော့စီအား အော်ပြောလိုက်သည် “ လော့စီ မြန်မြန် နောက်ဆုတ်”
လော့စီ မျက်ဝန်းထဲ ဝမ်းနည်းမှုအရိပ်အယောင် တချို့ ပေါ်လာလေသည်။ အကြောင်းမှာ သူမနှင့် မိုဝူကျိမှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်သော်လည်း သူမက မိုဝူကျိအား လုံးဝ မကူညီမပေးနိုင်ပေ။ ထို့အပြင် သူမက မိုဝူကျိ တိုက်ခိုက်ရာ၌ ဝန်မပိစေရန် ဝေးဝေးရပ်နေရန် လိုအပ်နေသေး၏။
“ တကယ်လို့ မင်းက ဒီလောက် အားကောင်းနေရင် ညဘက် အိပ်ယာပေါ် လာပြီး အဖော်ပြုပေးသင့်တယ် ”ကျီချီ၏ စူးစူးဝါးဝါး ရယ်မောသံကို ကြားလိုက်ရသည်။ သူ့မှန်တင်ခုံက ကမ္ဘာတစ်ခုအလား ပြောင်းလဲသွားပြီး ထိုကမ္ဘာလေးမှာ မိုဝူကျိအား ဝါးမျိုပစ်မည့် ပါးစပ်ကြီးအလား ဖြစ်၏။
မိုဝူကျိက အော်လိုက်သည့်အခါ သူ့ပုဆိန်လှံရှည်ကား ကောင်းကင်ယံမှ ကျလာသည်။ လေဟုန်ဆန်မြစ် ရိုက်ချက်မှာ သူ့အစစ်အမှန် တိုက်ကွက် ဖြစ်၏။ ယခင် လွှမ်းခြုံသွားသော သဲများမှာ သူ့မဟာသဲကန္တာရ၏ ရှင်းရှင်းလင်းလင်း ပုံစံတစ်ခုမျှသာ ဖြစ်၏။ သူ့အဓိက ရည်ရွယ်ချက်မှာ သူနှင့် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူကြား မည်မျှ ကွာခြားမှု ရှိကြောင်း သိချင်၍ ဖြစ်သည်။
အမှန်တရားက မိုဝူကျိကို စိတ်မပျက်စေပေ။ သူ့အင်မော်တယ် စွမ်းအားများမှာ ကျီချီထက် အားနည်းခြင်း မရှိပေ။ သူ့အင်မော်တယ် စွမ်းအား သန့်စင်နှုန်းက တဖက်လူထက်ပင် ပိုအားကောင်းနေသေးပြီး သူ့အသိစိတ်ပင်လယ်မှာလည်း ကျီချီထက် ပိုကျယ်ပြောပေသည်။
တစ်ဖက်လူက အင်မော်တယ် အုပ်စိုးသူ တာအိုအငွေ့အသက်အရ ပိုအားကောင်းသော်လည်း မိုဝူကျိအတွက် ဘာမှ ထူးခြားမှု မရှိပေ။ အကြောင်းမှာ မိုဝူကျိက တာအိုပုံစံနှင့် ပတ်သတ်လာသည့်အခါ အားနည်းနေကြောင်း တစ်ခါမှ မခံစားဖူးပေ။
ကျီချီ၏ မှန်တင်ခုံက သူ့အလိုလို ကမ္ဘာတစ်ခု ဖြစ်နေပြီး ထိုကမ္ဘာလေးမှာ ကျီချီ၏ လျို့ဝှက်ပညာရပ် တာအိုအငွေ့အသက်မှ ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။ ထိုထဲ၌ တောင်တန်းများ၊ ရေများ၊ လေနှင့် မိုးလည်း ရှိပေသည်။ သူ့ကမ္ဘာအတွင်း ပိတ်မိသွားသူမှာ ကျီချီ၏ တာအိုအသိမြင်များအတွင်း ထာဝရ ပိတ်မိသွားမည် ဖြစ်၏။
နှမြောစရာကောင်းသည်က သူ့ပြိုင်ဖက်မှာ အင်မော်တယ် မော်တယ် တာအို၏ ရှေ့ပြေးဂုဏ်ဆောင် ဖန်တီးရှင် မိုဝူကျိ ဖြစ်နေသည်။
လေဟုန်ဆန်မြစ်က ငွေရောင်မြစ်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးနောက် မီးခိုးရောင် အာကာပြင်မှ ငွေရောင်မြစ်တစ်စင်း ကျဆင်းလာသည်။
ကျီချီ၏ မှန်တင်ခုံ ကမ္ဘာလေးက ပြီးပြည့်စုံဟန် ပေါ်သော်လည်း မိုဝူကျိ၏ ငွေရောင်မြစ်အောက်တွင် မှန်တင်ခုံ အလင်းတန်းပေါ်၌ အက်ကြောင်းပေါ်လာသည်။
ထိုအက်ကြောင်းမှ ကွာဟချက်လေးမှာ သေးငယ်သော်လည်း ကွာဟချက်အသေးစားလေးကြောင့် မှန်တင်ခုံ ကမ္ဘာလေး၏ စွမ်းအားမှာ ယို့စိမ့်လာသည်။ ကမ္ဘာမှာ စတင်၍ ပြောင်းလဲလာကာ တောင်တန်းများ၊ ရေ၊ လေ၊ မိုးတို့မှာလည်း စတင် ပျောက်ကွယ်လာလေသည်။
မှန်တင်ခုံက မှန်တင်ခုံအတိုင်း ကျန်ရှိနေစဉ် လေဟုန်ဆန်မြစ်မှာ ပို၍ အားကောင်းလာလေ၏။
ကျီချီ၏ မှန်တင်ခုံမှာ ပြီးပြည့်စုံဟန် ပေါ်သော်လည်း အပေါ်ယံ၌သာ ဖြစ်ပေသည်။ မိုဝူကျိ အမြင်၌ ကမ္ဘာသေးလေးမှာ ဟာကွက်အပြည့် ဖြစ်နေသည်။ ကျီချီသာ တခြားမှော်ရတနာ ထုတ်သုံးပါက မိုဝူကျိအား ထိန်းထားနိုင်သော်လည်း ဤသို့ရတနာ ထုတ်သုံးလိုက်သည့်အခါ ကိုယ့်သေတွင်းကို တူးသလို ဖြစ်နေပေသည်။
“ မင်းက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်လား ….”
ကျီချီက တအံ့တဩ မေးလိုက်သည်။ သူက မိုဝူကျိ၏ လျို့ဝှက်ပညာရပ်များနှင့် စွမ်းအားစက်ကွင်းကို ရင်ဆိုင်ပြီးနောက် မိုဝူကျိ၏ ကျင့်ကြံဆင့်အမှန်ကို မပြောနိုင်သေးပေ။ သို့သော်လည်း ဤငွေရောင်မြစ်ရိုက်ချက် လျို့ဝှက်ပညာရပ်မှာ သူ့ကမ္ဘာလေးကို ချိုးဖျက်သွားသောကြောင့် အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်နှင့် အင်မော်တယ် ဧကရာဇ်အဆင့်သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူက အင်မော်တယ် ဧကရာဇ်များကို ကောင်းကင်ဘုံအလွန်မြို၌ ဆိုင်ဖွင့်ခွင့် မပေးထားကြောင်း မသိခဲ့လျှင် မိုဝူကျိအား အင်မော်တယ် ဧကရာဇ်တစ်ယောက်ဟုသာ ထင်မှတ်မိပေလိမ့်မည်။
လေဟုန်ဆန်မြစ်၏ ဖျက်စီးနိုင်စွမ်းအောက်တွင် ကျီချီသည် မိုဝူကျိအား ဆက်လက်၍ အထင်မသေးရဲတော့ဘဲ သူ့စွမ်းအားစက်ကွင်းနှင့် မှန်တင်ခုံမှ စွမ်းအားများကို အပြင်းအထန် ထုတ်ဖော်လိုက်ရသည်။
မိုဝူကျိက အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လျှင်ပင် သူက ကျီချီအား မိုဝူကျိကဲ့သို့ တိုက်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ မိုဝူကျိသည် အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။
“ ဘုန်း ” လေဟုန်ဆန်မြစ်က ပေါက်ကွဲထွက်သွားပြီး လေထုထဲ မှန်တင်ခုံမှ တောက်ပြောင်လင်းလင်သော အလင်းတန်းများ ထွက်ပေါ်လာလေ၏။ အင်မော်တယ်စွမ်းအားများ ပေါက်ကွဲမှုကြောင့် သူတို့ကြားရှိ နေရာတစ်ခုလုံးမှာ ဧရာမချောက်နက်ကြီး ဖြစ်သွားစေ၏။
ကျီချီလည်း ပါးစပ်ထောင့်မှ သွေးများ စီးကျလာရင်း လွှင့်စင်သွားလေသည်။
မိုဝူကျိက ကျီချီ ကမ္ဘာလေးအား ထူးခြားလှသည်ဟု မသတ်မှတ်သော်လည်း ကျီချီ၏ များပြားလှသော အင်မော်တယ်စွမ်းအားများက ထွက်ပေါ်လာသောကြောင့် မိုဝူကျိလည်း တန်ပြန် သက်ရောက်မှုကို ခံစားလိုက်ရ၍ သူ့အသိစိတ်ပင်လယ်အတွင်း တုန်ခါသွားလေသည်။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက ရှေ့တက်လာပြီး ပုဆိန်လှံရှည်ကို ထောင်ပေါင်းများစွာ ပုဆိန်လှံရှည် အလင်းတန်းများအဖြစ် ပြောင်းလဲလိုက်ရင်း ကျီချီဆီ ချိန်ရွယ်လိုက်သည်။
သူက ကိုယ်ပိုင်အင်အားအကြောင်း ကောင်းကောင်း သိထားလေသည်။ သူက အင်မော်တယ် အုပ်စိုးသူအဆင့် မရောက်ရှိသေးလျှင်ပင် အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ကျင့်ကြံသူကိုလည်း မကြောက်ရွံ့ပေ။ တစ်ဖက်လူမှာ ကောင်းကင်ဘုံ သွေဖယ်နေသည့် ဟွမ်ရှား ဒါမှမဟုတ် လိန်ဟုန်ကျီလိုမျိုး မဟုတ်သရွေ့ ကြောက်နေစရာ မလိုပေ။
***